← Chapters

အရွယ်ရောက်လာခြင်း

Vol. 4 Ch. 54

အရွယ်ရောက်လာခြင်း

Vol. 4 Ch. 54

အခန်း (၅၄) : အရွယ်ရောက်လာခြင်း

ထိုလူနှစ်ယောက် ထွက်ပေါ်လာသည်ကို ဝမ်ဝေ့ တွေ့လိုက်ရသည့်အခါ နောက်ထပ် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲရတော့မည်ဖြစ်ကြောင်း သူ သိလိုက်သည်။ ထို့ကြောင့် စိတ်ငြိမ်စေရန် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ စောနက တိုက်ခိုက်မှုကို ပြန်လည်အာရုံစိုက်လိုက်ပြီးနောက် သူ သင်ယူခဲ့ရသည့်အရာများကို တတ်နိုင်သလောက် မြန်မြန် စုစည်းလိုက်သည်။

“ကျိုးဖန်း ဘာဖြစ်သွားတာလဲ” မိန်းကလေးဖြစ်သူက မေးမြန်းလိုက်သည့်အတွက် ဝမ်ဝေ့ သူမကို စိုက်ကြည့်လိုက်သည်။ သူမကလည်း အလှပဂေးတစ်ယောက် ဖြစ်သည်။ သို့သော် သူမက နူးညံ့ခြင်း မရှိသလို အားနည်းခြင်းလည်း မရှိပေ။ သူမကို ကြည့်ရတာ အတော်လေး သတ္တိရှိပုံပေါ်၏။ သူမက တိုက်ခိုက်သည့်နေရာတွင် ယောက်ျားတစ်ယောက်ထက် နိမ့်ကျလိမ့်မည့်သူ မဟုတ်ကြောင်း ဝမ်ဝေ့ ပြောနိုင်သည်။

“ ဒါဆိုရင် ကျိုးဖန်းဆိုတာ သူ့နာမည်ပေါ့” ဝမ်ဝေ့က ပြန်လည်တုံ့ပြန်လိုက်သည်။

“ ငါ သူ့ကို မှတ်မိနေသင့်တယ်”

“ မင်း…” ကျန်ရှိနေသည့် အမျိုးသားက အံကြိတ်ကာ ပြောလိုက်သည်။ ထိုလူက ဝမ်ဝေ့၊  ကျိုးဖန်းတို့နှင့် နှိုင်းယှဉ်လိုက်လျှင် အတော်လေး အရပ်ပုသလို ပိုပြီးတော့လည်း ပိန်သည်။ သူ့ခြေလှမ်းများက တိတ်ဆိတ်ပြီး မြေပြင်ပေါ်တွင် ဘာအမှတ်အသားမှ မကျန်ရှိခဲ့ပေ။

သူ့စကားဆုံးသွားသည့်အခါ ဝမ်ဝေ့အပေါ် တွေဝေခြင်းမရှိ ခုန်အုပ်လိုက်သည်။ သူ့ဓားက မြန်ဆန်တိတ်ဆိတ်ပြီး သေစေနိုင်သည်။ ပထမဆုံး တိုက်ခိုက်မှုမှာပင် နှလုံးသားကို တည့်တည့်ချိန်ရွယ်ထားသည်။

ဝမ်ဝေ့က ဘယ်ဖက်ခြေထောက်အပေါ် အားပြုကာ ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ပြီး တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။ ထို့နောက် သူ့ပြိုင်ဘက်၏ ရင်ဘတ်ကို ဓားဖြင့် ထိုးရန် ညာဘက်လက်ကို လှုပ်ရှားလိုက်သည်။ သို့သော် သူ လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် သတ္တိရှိသော မိန်းကလေး၏ တိုက်ခိုက်မှုကို ခံလိုက်ရသည်။

ထို့ကြောင့် သူမ၏ တိုက်ခိုက်မှုကို ဟန့်တားရန် ဓားမြောင်ကို ဟန့်တားသည့် လှုပ်ရှားမှုအဖြစ် အသုံးပြုရမည်ဖြစ်သည်။ သူ့အာရုံကို သူမအပေါ် ထားလိုက်သည့်အခါ အရပ်ပုသည့်ကောင်က ထပ်မံတိုက်ခိုက်ပြန်သည်။ ယခုတစ်ခေါက် တိုက်ခိုက်မှုက ဝမ်ဝေ့၏ ခေါင်းကို ချိန်ရွယ်ထားသည်။

ထိုတိုက်ကွက်ကို ရှောင်ရှားရန် လည်ပင်းကို ရွေ့လျားလိုက်သည့်အခါ ထိုမိန်းကလေးက ဤအရာကို ကြိုတင်တွက်ချက်မိပြီးသားပုံစံဖြင့် လူပုကောင်၏ တိုက်ကွက်အတိုင်း သူ့နှလုံးသားကို ထိုးသွင်းဖို့ ကြိုးစားလိုက်သည်။

ဝမ်ဝေ့အနေဖြင့် ထိုဓားကို ရှောင်ရှားရန် နေရာနှင့် အချိန် အများကြီး မရှိလိုက်ပေ။ ထို့ကြောင့် သူက ဓားကို နံရိုးများ ကြားထဲသို့သာ ဝင်သွားစေပြီး အဓိကအင်္ဂါများကို မထိအောင်သာ ရှောင်ရှားလိုက်နိုင်သည်။ ထို့ကြောင့် ဝမ်ဝေ့ သေစေနိုင်လောက်သည့် တိုက်ခိုက်မှုကို ရှောင်ရှားနိုင်လိုက်သော်လည်း ဒဏ်ရာရနေဆဲ ဖြစ်သည်။

ထိုဓား သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ပြီးသွားသည်နှင့်တစ်ပြိုင်နက် ဝမ်ဝေ့က ထိုမိန်းကလေး၏ ရင်ညွှန့်ကို ကန်ကာ သူ့ဆီမှ အဝေးရောက်သွားအောင် လုပ်လိုက်သည်။ ဝမ်ဝေ့၏ ပန်းတိုင်က သူမကို လက်နက်တခြား လူတခြားဖြစ်သွားစေရန် ဖြစ်သည်။ သို့သော် သူမက အတော်လေး အတွေ့အကြုံရှိပုံရ၏။ သူမ မီတာအနည်းငယ်ထိ လွင့်ထွက်သွားသော်လည်း ဓားကို သေချာဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

ဝမ်ဝေ့ သွေးထွက်နေသော်လည်း ထိုနာကျင်မှုက သူ မျှော်နန်းဆောင်စစ်ဆေးမှုတွင် ကြုံတွေ့ခဲ့ရသည့် နာကျင်မှုများနှင့် ယှဉ်လိုက်လျှင် ဘာမှ မပြောပလောက်တော့ပေ။ ထို့ကြောင့် သွေးထွက်နေသော သူ့ရင်ဘတ်ကို ကြည့်ပြီးနောက် လျစ်လျူရှုထားလိုက်သည်။ သူ့ဒဏ်ရာကို သေချာကုသနေဖို့ အချိန်မရှိဘူးဆိုတာကို သူ ကောင်းကောင်း သိသည်။ ထို့အပြင် အရာထောင်ချီ တစ်သားတည်းကျမ်းကြောင့် သူ့ ခန္ဓာကိုယ်က အသက်ရှင်အောင် သူ့ဘာသာသူ ကြိုးစားရုန်းကန်နိုင်သည်။ တိုက်ခိုက်မှုက ပြီးဆုံးရန် အတော်လေး လိုသေးသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် မိန်းကလေးက မြေပြင်ပေါ်မှ ထလာသည်။ ကန်ချက်ကြောင့် သူမ၏ ရင်ညွှန့် ဒဏ်ရာရသွားသော်လည်း သူမ ကောင်းကောင်း တိုက်ခိုက်နိုင်သေးသည်။

ဝမ်ဝေ့၏ အခြေအနေက ပိုမိုဆိုးရွားလာပြီဖြစ်သည်။ သူက အားနည်းသည့် အခြေအနေတွင် အတွေ့အကြုံရှိသော လူနှစ်ယောက်ကို တိုက်ခိုက်နေရရုံသာမက ယခု ဒဏ်ရာပါ ရထားသေးသည်။

သတ္တိရှိသော မိန်းကလေးနှင့် ဂျပုကောင်က ဝမ်ဝေ့ကို တွေဝေခြင်းမရှိ ဆက်လက် တိုက်ခိုက်နေကြသည်။ ဂျပုကောင်က လည်ပင်းကို တိုက်ခိုက်နေစဉ် မိန်းကလေးက ဝမ်ဝေ့ မရှောင်ရှားနိုင်စေရန် ခြေထောက်ကို ဦးတည်တိုက်ခိုက်နေသည်။

ဝမ်ဝေ့က ကျိုးဖန်း၏ ရှောင်ရှားနည်းကို အပြည့်အဝ အသုံးချနေသည်။ လှုပ်ရှားဖို့အတွက် အနည်းငယ်သော လှုပ်ရှားမှုကိုသာ အသုံးပြုသည်။ ဦးခေါင်းပိုင်းကို တိုက်ခိုက်သည့်အခါ ခေါင်းကိုသာ အနည်းငယ် လှုပ်ရှားရှောင်တိမ်းလိုက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို တိုက်ခိုက်ပါက ခါးကို ယိမ်းကာ ရှောင်တိမ်းလိုက်ကာ လက်မောင်းကို တိုက်ခိုက်လာပါက ပုခုံးကို နှိမ့်လိုက်သည်။

အကြိမ်တိုင်းတွင် ဝမ်ဝေ့ စင်တီမီတာ အနည်းငယ်သာ ရွေ့လျားသည်။ ထိုလူနှစ်ယောက်၏ တိုက်ခိုက်မှုများကို ထပ်ခါထပ်ခါ ရှောင်ရှားရင်း သူ ရှောင်ရှားနည်းလမ်းတွင် ပိုမိုကျွမ်းကျင်လာသည်။ သို့သော် သူ ကျိုးဖန်းနှင့် တိုက်ခိုက်စဉ်ကလိုမျိုး အရာအားလုံး ချောမွေ့နေခြင်း မရှိပေ။

ဝမ်ဝေ့၏ မျက်နှာ၊ လက်မောင်း၊ ခါးနှင့် ခြေထောက်များတွင် ဒဏ်ရာများစွာ ရှိနေသည်။ အများစုက ဒဏ်ရာ သိပ်မနက်သော်လည်း သွေးထွက်နေဆဲဖြစ်သည်။

ဝမ်ဝေ့ သွေးထွက်များလာသည့်အတွက် ခံနိုင်ရည်လည်း အလျင်အမြန် လျော့ကျလာသည်။ ထို့ကြောင့် ရှောင်ရှားဖို့ ပိုမိုခက်ခဲလာပြီး ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ပိုမိုဖြစ်ပေါ်သွားသည်။ ထိုအရာက သူ၏ သေခြင်းတရားသို့ ဦးတည်နေသော စက်ဝန်းတစ်ခု ဖြစ်သည်။

သူ မသေဘူးဆိုတာကိုတော့ ဝမ်ဝေ့ သိသည်။ သူ အမှန်တကယ် အသက်အန္တရာယ်နှင့် ကြုံတွေ့ရသည့်အခါ သူ့အသက်ကို ကယ်တင်ပေးနိုင်သည့် လျှို့ဝှက်ကျင့်စဉ်များကို ဂိုဏ်းမှ သူ့ခန္ဓာကိုယ်ပေါ်တွင် စွဲမြဲအောင် လုပ်ထားပြီးပြီ ဖြစ်သည်။ သို့သော် ဝမ်ဝေ့က ထိုအရာများအပေါ် မမှီခိုချင်ပေ။

စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုထဲကို ဝင်တာ ရက်နည်းနည်းပဲရှိသေးတယ်။ ပြီးတော့ သူ သုံးခါပဲ တိုက်ခိုက်ရပြီး အပြင်ထုတ်ခံရတော့မလို့ ဖြစ်နေတယ်။ သူက ဘယ်လိုလုပ်ပြီးတော့ အဲလိုရှုံးနိမ့်မှုမျိုးကို လက်ခံနိုင်မှာလဲ

ဤတိုက်ခိုက်မှုက ကောင်းကင်အလိုဆန္ဒ တိုက်ပွဲနှင့် နှိုင်းယှဉ်လိုက်လျှင် ကလေးသာသာရှိသော်လည်း သူ ဆိုးရွားစွာ ရှုံးနိမ့်နေပြီဖြစ်သည်။ သူ ထိုဆိုးရွားလှသော ကျရှုံးမှုကို လက်ခံမည် မဟုတ်ပေ။

ဝမ်ဝေ့က သူ၏ နိုးကြားနေသော ခံစားချက်ကို ငြိမ်ကျသွားစေရန် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ တိုက်ခိုက်မှုနှင့် မသက်ဆိုင်သည့် အတွေးများအားလုံးကို ရှင်းထုတ်လိုက်သည်။

သူ အရမ်းတည်ငြိမ်ကာ အာရုံစိုက်သွားနိုင်သည့် ဆန်းကြယ်အခြေအနေသို့ ဝင်ရောက်သွားကြောင်း သတိထားလိုက်မိသည်။ သူ့ဆီမှာ တခြားအတွေးတွေ လုံးဝ မရှိတော့ပေ။ ထို့နောက် သူ့ဘေးပတ်လည်ရှိ အရာအားလုံးနှေးကွေးသွားကာ ပိုမိုရှင်းလင်းလာသည်။

ဝမ်ဝေ့ သူ့ပြိုင်ဘက်၏ လှုပ်ရှားမှုတိုင်းကို ကြိုတင်ခန့်မှန်းနိုင်လာသည်။ သူတို့၏ ကြွက်သားတုန်ခါမှုများကို ကြည့်ပြီး တိုက်ခိုက်ဖို့အတွက် သူတို့ ခန္ဓာကိုယ်၏ ဘယ်အစိတ်အပိုင်းကို အသုံးပြုမလဲဆိုတာ ခန့်မှန်းနိုင်သည်။ ကန်မှာလား၊ ထိုးမှာလား၊ ဓားဖြင့် ထိုးမှာလားဆိုတာကိုပါ ကြိုတင်ခန့်မှန်းလာနိုင်သည်။

သူတို့၏ မျက်နှာထားနှင့် သူတို့၏ မျက်လုံးအကြည့်များအရ သူတို့ ဘယ်နေရာကို တိုက်ခိုက်မလဲဆိုတာ ခန့်မှန်းနိုင်သည်။ သူ့မျက်လုံး၊ လည်ချောင်း၊ နှလုံး၊ အဆုတ် စသည့် နေရာများကိုပါ အတိအကျသိလာနိုင်သည်။ ဝမ်ဝေ့ သူတို့၏ သတ်ဖြတ်လိုစိတ်ကိုပါ ခံစားလာနိုင်သည်။

အသစ်ရရှိလာသော စွမ်းရည်ဖြင့် ဤတိုက်ပွဲ၏ နောက်ဆုံး အနိုင်ရသူက သူပဲ ဖြစ်လိမ့်မည်ဟု ဝမ်ဝေ့ သိနေသည်။ ထို့ကြောင့် သူက ဤတိုက်ခိုက်မှုကို တတ်နိုင်သမျှမြန်မြန် အဆုံးသတ်ရန် ချက်ချင်း တိုက်ခိုက်လိုက်သည်။

ဝမ်ဝေ့က ဂျပုကောင်ဆီသို့ အရင်ဆုံး ပြေးသွားလိုက်သည်။ ဂျပုကောင် သူ့ကို ဓားဖြင့် ထိုးတော့မည့်အချိန်တွင် သူ့ လုပ်ရပ်ကို အနှေးပြကွက်ဖြင့် သူ မြင်လိုက်ရသည်။ သူ့ဓားကို မြှောက်တင်လိုက်ပုံကို တွေ့ရပြီး သူ ဦးတည်သည်က ပုခုံးဖြစ်ကြောင်း သိလိုက်ရသည်။ အနောက်ဘက်မှ မိန်းကလေး၏ နောက်ကျောကို ဓားနှင့်ထိုးဖို့ လုပ်နေသော အကြောင်းကိုပါ ခံစားလိုက်မိသည်။

ဝမ်ဝေ့က တိုက်ခိုက်မှုကို ရှောင်ရှားလိုက်ပြီး လူပုကောင် ထိုးစိုက်ဖို့ ပြင်နေစဉ် သူက လူပုကောင်အနောက်သို့ ရောက်သွားကာ ခေါင်းကို ကိုင်ထားလိုက်သည်။

ဂျွတ်ဆိုသော အသံနှင့်အတူ ဝမ်ဝေ့က လူပုကောင်၏ လည်ပင်းကို လိမ်ချိုးလိုက်သည်။ ထို့နောက် သူ့ကို မိန်းကလေး လာရာဘက်သို့ ကန်ထုတ်လိုက်သည်။ သူမ၏ ရဲဘော် လွင့်ထွက်လာသည်ကို မြင်သည့်အခါ သူမ၏ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး သူ့ကို ဘေးသို့ တွန်းလိုက်သည်။

သို့သော် ဝမ်ဝေ့က ထိုအရာကို မျှော်လင့်ထားပြီးပြီဖြစ်သည်။ သူမက သေဆုံးသွားသော ရဲဘော်ကို ဘေးသို့ ထားလိုက်သည့်အချိန် သူက ဓားမြောင်ဖြင့် သူမ၏ လည်ပင်းဆီ ချိန်ရွယ်ကာ ပစ်လိုက်သည်။ သူမ ရှောင်ရှားဖို့ အချိန်မရှိလိုက်ပေ။

ထိုမိန်းကလေးက လည်ပင်းမှာ ဓားတန်းလန်းဖြင့် နောက်သို့ လဲကျသွားသည်။ မြေပြင်ပေါ်တွင် သွေးများပြန့်ကျဲသွားကာ သူမ၏ မျက်လုံးများကို ဖွင့်ထားဆဲ ဖြစ်သည်။ သူမ၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသော အကြည့်တို့ ရှိနေသည်။ သူမ ဘာလို့ ရုတ်တရက်ကြီး မြန်မြန်ဆန်ဆန် သေသွားရလဲဆိုတာကို မစဉ်းစားနိုင် ဖြစ်နေသည်။ အခြေအနေအားလုံးက သူတို့ဘက်မှာ အလေးသာနေခဲ့သည်။

ဤတိုက်ခိုက်မှုမှ ဘာသင်ယူခဲ့ရလဲဆိုတာကို စဉ်းစားဖို့ ဝမ်ဝေ့မှာ အချိန်မရှိတော့ပေ။ သူက ချက်ချင်း ဓားမြောင်ကို ယူကာ သူ့စခန်းဆီ ပြန်သွားလိုက်သည်။ သူ အပြင်းအထန် ဒဏ်ရာရထားပြီး သူရောက်ရှိနေသော အခြေအနေက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ကို သူ ခံစားမိသည်။

အရမ်းဒဏ်ရာရနေချိန်တွင် ထိုကဲ့သို့သော အခြေအနေကို ရောက်ရှိသွားသည့်အတွက် အဆင်မပြေဖြစ်တော့မည်ကို ဝမ်ဝေ့ သိသည့်အတွက် လုံခြုံသည့်နေရာတစ်ခု လိုအပ်သည်။

တောအုပ်ထဲရှိ သူ့စခန်းသို့ ပြန်လည်ရောက်ရှိသွားသည့်အခါ ပထမဆုံး သူ လုပ်သည့်အရာက ထောင်ချောက်အားလုံးကို အသက်သွင်းလိုက်ပြီး တောအုပ်ထဲမှရထားသည့် ဆေးဖက်ဝင်အပင်များဖြင့် လုပ်ထားသည့် ကုသဆေးကို လိမ်းထားလိုက်သည်။ ဝမ်ဝေ့က သူ ဒဏ်ရာရလျှင် ကုသရန်အတွက် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုအရာအားလုံးကို ပြုလုပ်ပြီးနောက် သူ မေ့လဲသွားသည်။

သူ မေ့မလဲခင် သူ နောက်ဆုံး သိလိုက်ရသည်က ခေါင်းအပြင်းအထန် ကိုက်နေခြင်းသာ ဖြစ်သည်။ သို့သော် သူ ဤစစ်ဆေးမှုကို အောင်မြင်ပြီး ထိုအရာကြောင့် ပိုပြီး စွမ်းအားကြီးလာသည်ကို ဝမ်ဝေ့သိသည်။

All Chapters