← Chapters

အပိုင်း(၅၄၂)

Vol. 37 Ch. 542

အပိုင်း(၅၄၂)

Vol. 37 Ch. 542

ရွှေရောင်လက်သီးအားရင်ဆိုင်၍

ရှစ်ဖုန့်က ဝိညာဉ်တိုက်ခိုက်မှုတစ်ခုကိုထုတ်

ဖော်လိုက်သည်။ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်က ချူးကျူးထံသို့ပျံသန်းသွား၏။

“အား”

ရှစ်ဖုန့်ထံသို့ဦးတည်နေသော ချူးကျူးမှာ ရှစ်ဖုန့်၏  ဝိညာဉ်တိုက်ခိုက်မှုအောက်၌  ပြင်းထန်စွာတုန်ယင်သွားသည်။ သူသ၏နာကျင်မှုကြောင့်ရှုံ့မဲ့နေရင်း စိတ်မချမ်းမြေ့ဖွယ်အော်ဟစ်နေ၏။

ဤအချိန်အတောအတွင်း  ရှစ်ဖုန့်က နတ်ဆိုးသားရဲတောင်တန်း၌ကြမ်း

ကြုတ်စွာတိုက်ခိုက်ခဲ့ပြီ မရေတွက်နိုင်သောနတ်ဆိုးသားရဲများ၏ ဝိညာဉ်တို့ကိုဝါးမျိုထားသည်ဖြစ်သည်။ သူ၏ဝိညာဉ်စွမ်းအားမှာ မူလကတည်းက အဆင့်ခုနှစ် အထွတ်အထိပ်အဆင့်သို့ရောက်ရှိနေသည်ဖြစ်သည်။ ဤအချိန်ကာလအတောအတွင်းတွင် သူ၏ဝိညာဉ်စွမ်းအား အဆင့်ရှစ်မဟာသူတော်စင်နယ်

ပယ်သို့တက်လှမ်းနိုင်ခဲ့၏။

အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ်ဖြစ်သော ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်အောက်တွင်  ချူးကျူး၏ဝိညာဉ်မှာ များစွာထိခိုက်သွားခဲ့သည်။

သိုင်းပညာအရာတွင် ရှစ်ဖုန့်က အဆင့်ကိုးသူတော်စင်နယ်ပယ်ဖြစ်သော

ချူးကျူးအားစမ်းသပ်ခဲ့ပြီးဖြစ်သည်။ ယခုသူက ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်

အဆင့်ဖြစ်သောကြောင့်  လပြည့်ဓားကိုအသုံးပြု၍သာ ချူးကျူးကိုတိုက်ခိုက်နိုင်သည်။သိုသော် သိုင်းပညာအရာ၌သူ့အနေဖြင့် ချူးကျူးအား အလွယ်တကူသတ်နိုင်လိမ့်မည်မဟုတ်ပေ။

“ဝေါ့”

ခဏကြာပြီးနောက် ရှစ်ဖုန့်၏ ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်မှ ချူးကျူးအသိပြန်ဝင်လာသည်။ သူ၏ဝိညာဉ်ကများစွာထိခိုက်ခဲ့ပြီး ပါးစပ်အပြည့်သွေးတစ်ပွက်ကိုအန်

ထုတ်လိုက်ရသည်။ ဤအချိန်တွင် ချူးကျူး၏မျက်နှာကသေလု

အောင်ဖြူဖျော့နေပြီး ဆယ်နှစ်စာမျှအိုစာသွားသကဲ့သို့ဖြစ်နေသည်။

“အား”

ရှစ်ဖုန့်၏ဝိညာဉ်တိုက်ခိုက်မှုထိမှန်ရာမှ ချူးကျူး အသိပြန်ဝင်လာပြီးနောက် သူ၏ ပြိုင်ဘက်ဖြစ်သူက အလွယ်တကူ ကိုင်တွယ်၍မရသည်ကိုသူသဘောပေါက်လိုက်သည်။ သူ၏မျက်နှာထက်၌ တုန်လှုပ်အံ့အားသင့်မှုတို့ဖြင့်ပြည့်နှက်နေသည်။ကြောက်ရွံ့မှုတို့ပင်ပါရှိနေ၏။

ရှစ်ဖုန့်မှာမူ ချူးကျူးအားကြည့်နေပြီး အေးစက်သောအပြုံးတစ်ခုက တစ္ဆေမျက်နှာဖုံးအောက်ရှိသူ၏မျက်နှာတွင်ပေါ်လာသည်။

“မင်းကဘယ်သူလဲ.. ဘယ်လိုဖြစ်ပြီးတော့မင်းရဲ့ဝိညာဉ်စွမ်းအားက အရမ်းစွမ်းအားကြီးနိုင်ရတာလဲ”

ချူးကျူးက ရှစ်ဖုန့်အားအော်ပြောလိုက်သည်။

ချူးကျူး၏မေးခွန်းအားတုန့်ပြန်သည့်အနေဖြင့် ရှစ်ဖုန့်က သရော်ပြုံးပြုံးကာပြောလိုက်သည်။

“ဒီသခင်လေးကဘယ်သူလဲဆိုတာ ခင်ဗျား နဲ့ဘာမှမဆိုင်ဘူး. ဒီည ဒီသခင်လေးရဲ့ကိစ္စကို ခင်ဗျားကြားဝင်ရှုပ်ပြီးတော့ ဒီသခင်လေးရဲ့အသက်ကိုယူဖို့ကြိုးစားခဲ့တယ်… ဒါကြောင့်.. ခင်ဗျား အသက်ဆက်ရှင်စရာမလိုတော့ဘူး”

“မောက်မာလိုက်တာ.. ဘယ်လိုတောင်မောက်မာတာလဲ”

ရှစ်ဖုန့်၏ စကားအားချူးကျူးကြားသောအခါတွင် သူကမိုးချုန်းသံကဲ့သို့  ဟိန်းဟောက်လိုက်သည်။

“ငါက ချူးမိသားစုရဲ့ခေါင်းဆောင် ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်တစ်ယောက်ပဲ. မင်းလိုကောင်စုတ်ရဲ့လက်ထဲမှာ ငါကဘယ်လိုဖြစ်ပြီးတော့သေမှာလဲ. မင်းသေငါ့အတွက်သေလိုက်စမ်း”

ချူးကျူးအော်လိုက်သကဲ့သို့ သူ၏ကိုယ်ကရုတ်တရက်နောက်သို့

ပျံသွားသည်။ ထို့နောက်ချူးကျူးက အော်ပြောလိုက်၏။

“ချူးကလန်ကလူတွေ တိုက်ကြ”

“တိုက်ကြ”  ဟူသောစကားလံးက ညကောင်းကင်ယံထဲ၌ပဲ့တင်ထပ်သွား၏။ ချူးကျူး၏အမိန့်အားကြား

လိုက်ရသောအခါတွင်    ချူးမိသားစု၏ ကျင့်ကြံသူဆယ့်လေးယောက်တို့မှာ  မနာခံဘဲနေရဲခြင်းမရှိချေ။  သူတို့က ရုတ်ခြည်း တောက်ပသောအလင်းတန်းဆယ့်လေးခုအဖြစ်သို့ပြောင်းလဲပြီး  ရှစ်ဖုန့်ထံပျံသန်းလိုက်သည်။

နောက်သို့ပျံသန်းနေသော ချူးကျူးမှာ  ရှစ်ဖုန့်၏အဝေးသို့ဖယ်ခွာရောက်ရှိပြီးနောက် ရုတ်တရက်လေထဲ၌ဆောင့်

ကြောင့်ထိုင်လိုက်သည်။ သူ၏လက်တို့အားအတူတကွပူးကပ်လိုက်ပြီး လက်သင်္ကတတစ်ခုအားပုံဖော်လိုက်၏။

ထို့နောက် လိုက်ပါ၍  ချူးကျူး၏လက်တို့က လေထဲ၌ အဆက်မပြတ်လှုပ်ရှားနေသည်။ သူ့လက်တို့၏ ရွှေရောင်ပုံရိပ်များက တစ်ခုပြီးတစ်ခုပေါ်လာ၏။ ဖားလောင်းများကဲ့သို့သောရွှေရောင်အင်းစာလုံးများက ချူးကျူး၏လက်တို့ထံမှ လွင့်မျောထွက်ပေါ်လာပြီး သူ့အားစက်ဝိုင်းသဏ္ဍန်လှည့်ပတ်နေသည်။

ချူးကလန်၏ကျင့်ကြံသူဆယ့်လေး

ယောက်တို့ရှစ်ဖုန့်နားသို့ရောက်ကာနီးတွင်  သူတို့၏သိုင်းပညာရပ်များအား

ရှစ်ဖုန့်၏အပေါ်၌ ချက်ချင်းအသုံးပြုလိုက်ကြသည်။ ဆေဘာအလင်းများ၊ ဓားအရိပ်များ လက်သီးရိပ်များ၊ လေပြင်းများနှင့်ဧရာမလှိုင်းများက မုန်တိုင်းတစ်ခုကဲ့သို့ဖြစ်ပေါ်လာသည်။ သူတော်စင်နယ်ပယ်ကျင့်ကြံသူဆယ့်

လေးယောက်တို့က  ၎င်းတို့၏  သိုင်းပညာရပ်များအားထုတ်ဖော်

လိုက်ကြသည်။  ပြင်းထန်သောစွမ်းအားများနှင့် တလက်လက်ထနေသောမျက်စိကျိန်းလောက်စရာအလင်းများကြောင့်  ညကောင်းကင်ယံအား ပြင်းထန်လာစေပြီး ၎င်းတို့က ရှစ်ဖုန့်ထံသို့ တရစပ်ဦးတည်လာကြသည်။

ချူးကလန်မှ ကျင့်ကြံသူဆယ့်လေးယောက်တို့၏ တိုက်ခိုက်မှုများအားရင်ဆိုင်ရင်း ရှစ်ဖုန့်က ၎င်းတို့အားမမြင်သကဲ့သို့ ပြုမူနေသည်။ သူ၏အကြည့်က ဒေါသမာန်ဟုန်ပေါက်ကွဲနေသကဲ့သို့သော စွမ်းအားများနှင့် ချူးကလန်မှကျင့်ကြံသူဆယ့်လေးယောက်တို့အား ဖြတ်သန်း၍ ၎င်း၏လက်တို့ဖြင့် ဆီးလ်သင်္ကေတများအား ပုံဖောက်ကာ သူ့ထံသို့ နောက်ထပ်တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်ရန်ပြင်ဆင်နေသော ချူးကျူးကိုကြည့်လိုက်သည်။

အတွေးတစ်ချက်ဖြင့် ပြင်းထန်သောသွေးနီရောင်မီးတောက်တစ်ခုက ရှစ်ဖုန့်၏ကိုယ်ပေါ်မှ ရုတ်ခြည်း ဟုန်းခနဲပေါက်ကွဲထွက်ပေါ်လာသည်။

သွေးနီရောင်မီးတောက်တို့ပေါ်လာ

လာခြင်းရုတ်ခြည်း ရှစ်ဖုန့်၏ကိုယ်ပေါ်မှ  အဝေးသို့သိမ်းကျုံးထွက်သွားကာ သူထံသို့ တရစပ်ဦးတည်လာနေသော  ပြင်းထန်သည့်စွမ်းအားများထံသို့ သိမ်းကျုံးဦးတည်သွားသည်။

တစ်ချိန်တည်းမှာပင် ဝိညာဉ်တိုက်ခိုက်မှုတစ်ခုဖြစ်သော ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်အား  သက်ကြားအိုကြီးထံသို့ ထပ်မံထုတ်ဖော်တိုက်ခိုက်လိုက်သည်။

“အား”

ဝိညာဉ်တိုက်ခိုက်မှုမှာ မမြင်နိုင်ပဲခြေရာလက်ရာလည်းကင်းမဲ့သည်ဖြစ်သည်။ မူလက လက်သင်္ကေတများပုံဖော်ကာ တိုက်ခိုက်မှုတစ်ခုအား ထုတ်ဖော်ရန်တွင် သူ၏ ချူးကလန်မှကျင့်ကြံသူများအား အချိန်ဆွဲပေးထားနိုင်ရန် မြေစာပင်အဖြစ်  ချူးကျူးအသုံးပြုခဲ့သည်။သို့သော် သူ၏လက်သင်္ကေတများ မပြီးဆုံးခင်  ရှစ်ဖုန့်၏ ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်က  နောက်တစ်ကြိမ်ထပ်ရောက်လာပြီးချူးကျူး၏ ဝိညာဉ်အား နောက်တစ်ကြိမ်ပြင်းထန်စွာ ထိုးနှက်တိုက်ခိုက်လိုက်သည်။

“အား”

ချူးကျူး၏ ဝိညာဉ်မှာ ထပ်မံများစွာထိခိုက်သွားပြန်သည်။ သူကကောင်းကင်သို့မော့၍ အသက်ခံရမည့်ဝက်တစ်ကောင်ကဲ့သို့  အော်ဟစ်နေသည်။  သူ၏ကိုယ်၌ဝန်းရံနေသော ရွှေရောင်ဖားလောင်းကဲ့သို့ အင်းစာလုံးလေးများမှာလည်း ရုတ်ခြည်းမှေးမှိန်ပျောက်ကွယ်သွားသည်။

အခြားတစ်ဖက်တွင် သွေးနီရောင်မီးတောက်များက  ညကောင်းကင်ယံထဲ၌သွေးနီရောင်မီး

တောက်ပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ချူးကလန်မှကျင့်ကြံသူဆယ့်လေးယောက်တို့ဖော်ထုတ်ခဲ့သောတိုက်ခိုက်မှုများက  သွေးနီရောင်မီးတောက်တို့၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ ၎င်းတို့အားလုံးသွေးနီရောင်မီးပင်လယ်၏  အစအနမကျန်လောင်ကျွမ်းခြင်းကို ခံလိုက်ရသည်။

ထို့နောက် သွေးနီရောင်မီးတောက်တို့က ၎င်းတို့၏တိုက်ခိုက်မှုများအားလောင်ကျွမ်းပြီးသောအခါတွင်  ချူးကလန်၏ ကျင့်ကြံသူများထံသို့ ဆက်လက်၍ ဦးတည်သွားသည်။

“အား”

သွေးနီရောင်မီးတောက်ပင်လယ်က   သူတို့၏တိုက်ခိုက်မှုများအား လောင်ကျွမ်းပစ်ပြီး ယခုအခါ၌ သူတို့ထံသို့ဦးတည်လောင်ကျွမ်းလာ

နေသောအခါတွင် ချူးကလန်မှကျင့်ကြံသူများမှာ  သွေးနီရောင်မီးတောက်ပင်လယ်မှ အားကောင်းသောစွမ်းအား ခံစားမိပြီး ၎င်းတို့၏ မျက်နှာများကပြောင်းလဲသွားကြသည်။  ၎င်းတို့ရှေ့သို့ ဦးတည်နေခြင်းအားရပ်တန့်လိုက်ရုံသာမက နောက်သို့ လှည့်ပျံသန်းပြီး အလျှင်အမြန်စတင်ထွက်ပြေးကြသည်။

“ဟမ့်”

ကြောင်ကိုမြင်လိုက်သောကြွက်တစ်ကောင်ကဲ့သို့အဝေးသို့ထွက်ပြေးနေကြသည့် ချူးမိသားစုမှ ကျင့်ကြံသူများအားကြည့်ရင်း  ရှစ်ဖုန့် အေးစက်စွာနှာမှုတ်လိုက်သည်။ ထို့နောက်ရုတ်ခြည်း   အဝေးသို့ ထွက်ပြေးနေသည့် ကြယ်ခြောက်ပွင့်သူတော်စင်နယ်ပယ်

တစ်ယောက်ထံသို့ ရှစ်ဖုန့်ကဝိညာဉ်တိုက်ခိုက်မှုတစ်ခုအား ရုတ်ခြည်း ထုတ်လွှတ်လိုက်သည်။

“အား”

ညကောင်းကင်ယံထဲ၌  နောက်ထပ် အော်ဟစ်သံတို့ ထပ်မံထွက်ပေါ်လာပြန်သည်။

“ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်.လှုပ်ခတ်ခြင်း”

“လှုပ်ခတ်ခြင်း”

“လှုပ်ခတ်ခြင်း”

“လှုပ်ခတ်ခြင်း”

“လှုပ်ခတ်ခြင်း”

ဤအချိန်တွင် ရှစ်ဖုန့်၏  ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်က ချူးမိသားစု ကျင့်ကြံသူများအား စတင်တိုက်ခိုက်လိုက်သည်။

ညကောင်းကင်ယံထဲတွင် စိတ်မချမ်းမြေ့ဖွယ်နာကျင်မှုအပြည့်ဖြင့်  အော်ဟစ်သောအသံများက တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။

တစ်ခုပြီးတစ်ခုထွက်ပေါ်လာသော စိတ်မချမ်းမြေ့ဖွယ်ငိုကြွေးအော်ဟစ်သံများက ချူးမိသားစု၏ ကျင့်ကြံသူဆယ့်လေးယောက်တို့ပါးစပ်မှထွက်လာခြင်းဖြစ်သည်။

ဝိညာဉ်များအားများစွာထိခိုက်သွားကြသော ချူးမိသားစုကျင့်ကြံသူဆယ့်လေးယောက်တို့မှာ ၎င်းတို့ပြန်လည်အသိမဝင်ခင်  ညကောင်းကင်ယံထဲရှိသွေးနီ

ရောင်မီးတောက်တို့က  ကျင့်ကြံသူဆယ့်လေးယောက်တို့၏ကိုယ်အား ကြမ်းကြုတ်သောသားရဲများကဲ့သို့  ဝါးမျိုသွားသည်။

ချူးမိသားစု၏ခေါင်းဆောင်ဖြစ်သူချူးကျူးမှာ သူ၏ဝိညာဉ်အားပြင်းထန်စွာတိုက်ခိုက်မှုမှ အသိပြန်ဝင်လာသောအခါတွင် သူခေါ်လာခဲ့သော ချူးမိသားစု၏ကျင့်ကြံသူဆယ့်လေးယောက်လုံး ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသည်။ သူ့ရှေ့ရှိညကောင်းကင်ယံထဲတွင် ဧရိယာတစ်ခုလုံးအား အနီရောင်တို့စွန်းထင်းစေပြီး ပြင်းထန်စွာလောင်ကျွမ်းနေသော သွေးနီရောင်မီးပင်လယ်တစ်ခုကို သာ သူမြင်တွေ့လိုက်ရသည်။

“မဟုတ်ဖူး. ငါ့ရဲ့ချူးမိသားစုကျင့်ကြံသူတွေ… ငါ့ချူးမိသားစု က ကျင့်ကြံသူဆယ့်လေးယောက်တို့”

သွေးနီရောင်မီးပင်လယ်အားကြည့်၍ ချူးကျူးတစ်ယောက်ရူးသွပ်သွားပုံပေါ်ပြီး စတင် ဟစ်ကြွေးမြည်တမ်းလိုက်သည်။

ချူးမိသားစု၏ထိုကျင့်ကြံသူဆယ့်လေး

ယောက်တို့မှာ ချူးမိသားစု၏အစွမ်းအထက်ဆုံးသောသူများဖြစ်သည်။ချူးမိသားစု၏ခေါင်းဆောင်

တစ်ဦးအနေဖြင့် ချူးကျူး၏နှလုံးသားအားဓား

ဖြင့်လှီးဖြတ်နေသကဲ့သို့ခံစားရ၏။

သို့သော် ရူးသွပ်သွားသောချူးကျူးက သူ၏အသိစိတ်လုံးဝလွတ်သွားခြင်းမျိုးတော့မဟုတ်ပေ။ဤတစ်ကြိမ်တွင်သူတွေ့လိုက်ရသောသူအားသူသဘောပေါက်လိုက်ပြီးဖြစ်သည်။ဤလူကငယ်ရွယ်သော်လည်း  သူစော်ကားခြင်းငှာအားထုတ်နိုင်ခြင်းမရှိသောလူမျိုးဖြစ်၏။

ချူးမိသားစုက ကျင့်ကြံသူဆယ့်လေးဦးတို့သေဆုံးသွားခဲ့သော်လည်းချူးကျူးကတော့ မသေချင်သေးပေ။  သူဆက်ပြီးအသက်ရှင်ချင်သေးသည်။ ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ဦးအနေဖြင့်သူအသက်ရှင်ရန်နှစ်ပေါင်းများစွာကျန်ရှိနေသေးသည်ဖြစ်သည်။

ဆက်ရန်……

ဘာသာပြန်သူ-ARISE

All Chapters