အနာဂတ်
Vol. 50 Ch. 687
ဂိုဏ်းက မှားယွင်းနေပြီ…
စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်း၏ သခင်လေးဟယ်ရှစ်ယီက တွေးလိုက်မိသည်။ သူ၏ ကိုယ်ပျောက်ဝတ်ရုံအောက်တွင် တိထျန်း ထွက်သွားသည်ကို မျက်မှောင်ကြုတ်လျက် ကြည့်နေမိသည်။
အသင်္ချေအင်ပါယာကမ္ဘာက ဒီလိုမကောင်းဆိုးဝါးမျိုး ရှိနေမှတော့ အစီအစဉ်က အစကတည်းက မှားယွင်းနေခဲ့တာပဲ…
သူက မလုံမလဲ အပြုံးဖြင့် ခေါင်းအသာယမ်းလိုက်သည်။ ထိပ်သီးပွင့်ချပ် ၆လွှာ ထာဝရအရှင်အဆင့်ဖြင့်ပင် သူက ထိုသူရှေ့တွင် ဘာမှမဟုတ်ကြောင်း သိလေသည်။ သူက ကျင့်ကြံဆင့်တွင် နောက်အဆင့် တက်လှမ်းပြီးသည့်နောက် ပွင့်ချပ်၇လွှာ ကန့်သတ်ချက်သို့ ရောက်ရှိလိမ့်မည်။
ဂိုဏ်းက သူ့အား အသင်္ချေအင်ပါယာကမ္ဘာမှ ပါရမီရှင်များကို အဆုံးသတ်ပစ်ဖို့ စေလွှတ်လိုက်သော်လည်း သူ၏ ဘေးကင်းမှုကို စိုးရိမ်ကာ ဤသို့အားကောင်းသည့် ပုန်းအောင်းရေး နည်းလမ်းကို ချီးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။
ဒါတွေက ဘာမှမဟုတ်သေးဘူး…
ဟယ်ရှစ်ယီက တွေးလိုက်မိသည်။ ဂိုဏ်းက လျှို့ဝှက်စွမ်းအားဖြင့် တခြားကမ္ဘာ့အသိုက်အဝန်းမှ ပါရမီရှင်အမြောက်အများကို မျှားခေါ်ပြီး ဤကုန်းမြေသို့ ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် သူတို့က ပျက်စီးနေသည့် ကောင်းကင်ဘုံအဆင့် အသုံးအဆောင်ပစ္စည်းကို အသုံးပြုကာ ဧကရီဝူ၏ စည်းတံဆိပ်ကို ကျော်လွှားခဲ့ပြီး ဤကုန်းမြေ၏ ကောင်းကင်တာအိုကို ဖျက်ဆီးပစ်ခဲ့သည်။
ဤသို့အားစိုက်ထုတ်မှုများနှင့် အဖိုးတန် အရင်းအမြစ်မြောက်များစွာ အသုံးပြုထားသော်လည်း ရလဒ်က အကျိုးမရှိပေ။
ဟယ်ရှစ်ယင်က ဤကုန်းမြေအထက်ရှိ မမြင်နိုင်ဖွယ် အစီအရင်နှင့် ကံကြမ္မာမြစ်ကြောင်းကို ခေါင်းမော့ကြည့်လိုက်၏။
နောက်ထပ် မကောင်းဆိုးဝါးတစ်ကောင်ရှိနေသေးတာပဲ…
ထိုသူနှစ်ဦး မည်မျှအားကောင်းသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် အခြေအနေက သူ့မာနထိခိုက်သလို ခံစားရလာသည်။ ထို့ကြောင့် သူက မလုံမလဲ ပြုံးလိုက်ပြီးသည့်နောက်တွင် လက်ရှိတာဝန်ကိုသာ အာရုံစိုက်ထားလိုက်၏။
ကံကောင်းတာက အဲဒီမကောင်းဆိုးဝါးက တာအိုအခွင့်အလမ်းဂိုဏ်းက မဟုတ်လို့ပဲ။ တကယ်လို့ တခြားတစ်ယောက်ကသာ တာအိုအခွင့်အလမ်းဂိုဏ်းက ဖြစ်နေခဲ့မယ်ဆိုရင် အခြေအနေတွေက ပိုပြီးတော့ ရှုပ်ထွေးသွားလိမ့်မယ်…
သူက နောက်အဆင့်ကို စဉ်းစားလိုက်သည်။ သူက ဤအစီအရင် ခင်းကျင်းထားသည့်လူ၏ ဇစ်မြစ်ကို အတည်ပြုဖို့ လိုအပ်နေ၏။ အကယ်၍ သူတို့လှည့်ဖျားရေးစစ်ဆေးမှုမှ သိထားခဲ့သည့် ဝမ်ဝေ့သာ ဖြစ်နေခဲ့လျှင် မည်သို့တုံ့ပြန်ရမည်ကို စဉ်းစားဖို့ လိုအပ်လာသည်။
တကယ်လို့ သူ ဖြစ်နေရင် တခြားသူတွေကို ဆက်သွယ်ပြီးတော့ မဟာမိတ်ဖွဲ့နိုင်လားဆိုတာကို ကြည့်ရမယ်။ အသင်္ချေအင်ပါယာကမ္ဘာက အားပြန်ပြည့်လာလို့ ရတယ်။ ဒါပေမဲ့ တာအိုအခွင့်အလမ်းဂိုဏ်းက ဦးဆောင်လို့ မရဘူး…
ဟယ်ရှစ်ယင်က အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ သူ့အနေဖြင့် ဂိုဏ်းတွင် သတင်းအချက်အလက်များစွာ ရှိထားပြီး အသင်္ချေအင်ပါယာကမ္ဘာ၌ လွှမ်းမိုးမှုရှိဖို့ရာ မျှော်လင့်နေမိသည်။ သို့သော်လည်း ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်နှင့်အခြေအနေအပြီးတွင် ဂိုဏ်းက ရှာဖွေတွေ့ရှိမခံရဖို့ရာ သိုသိုသိပ်သိပ်နေခဲ့၏။
ဤအပြုအမူ၏ အဓိကအကြောင်းအရင်းက ဒိုင်မေးရှင်းအမြင့်ကို ကြောက်ရွံ့သည့်အတွက် ဖြစ်သည်။
ဟယ်ရှစ်ယင်က ဆုံးဖြတ်ချက်မချခင် သေချာလေ့လာဖို့ ဆုံးဖြတ်ခဲ့လေသည်။
………………………………………………………………………..
တိထျန်းက သူ့အရိပ်နှင့်အတူ တောင်နယ်နိမိတ်ဝန်းကျင်တစ်ခုသို့ ကူးသန်းသွားလိုက်သည်။ သူက အမြင့်ဆုံးတောင်တစ်ခုအောက်ခြေတွင် စွမ်းအားကြီးအစီအရင်တစ်ခု မြှုပ်နှံထားသည်ကို မြင်လိုက်ရ၏။ သို့သော်လည်း ထိုအရာက ချွတ်ယွင်းနေဟန်ပေါ်သည်။ ထို့ကြောင့် သူက လက်ဝှေ့လိုက်ပြီး ထိုအစီအရင်ကို ဖယ်ရှားဖို့ ဧရာမလက်ဝါးချက်ကို ဖော်ထုတ်လိုက်သည်။
သိပ်မကြာခင် အနီရောင်မျက်ဝန်းနှင့် လူငယ်လေးက ထွက်ပေါ်လာပြီး တိထျန်းအား စိုက်ကြည့်နေသည်။
“နှလုံးသားနှစ်ခု မိစ္ဆာလား”
သူ့အကြည့်များက တောက်ပလာ၏။ ဤမျိုးနွယ်က အပိုအသက် နှစ်ခုရှိသည့် မျိုးနွယ်တစ်ခုဖြစ်ပြီး သူတို့သေဆုံးသွားပါက နှလုံးသားတစ်ခု ပျောက်ဆုံးသွားမည်ဖြစ်ကာ သူတို့ကို အပြီးတိုင် သတ်ဖို့ရာ သုံးကြိမ်တိုင်တိုင် သတ်ဖို့ လိုအပ်၏။ သို့သော်လည်း သူတို့အသက်ရှင်နေသရွေ့ လုံလောက်သည့် အရင်းအမြစ်များဖြင့် နှလုံးသားနှစ်ခုကို ထပ်မံဖွဲ့စည်းနိုင်သည်။
“မင်းက ဘယ်သူလဲ”
“အစားကြူးသူ”
“ငါ့နောက်လိုက်ဖို့ စိတ်ဝင်စားလား”
“လူသားတစ်ယောက်ရဲ့ ကျွန်ဖြစ်လာဖို့လား။ အဲဒီအစား အသေပဲ အသေခံလိုက်မယ်”
“အဲဒါဆိုရင်တော့ နှမြောစရာပဲ။ ဘာဖြစ်ဖြစ် မင်းရဲ့ စွမ်းဆောင်ရည်ကိုတော့ စမ်းသပ်ကြည့်ရအောင်” တိထျန်းက ပြောလိုက်သည်။
တိထျန်းက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် အလယ်အလတ်ကမ္ဘာထောင်ချီကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားကို ထုတ်ဖော်လိုက်သည်။ အစားကြူးသူက ပါးစပ်ကိုဟကာ ထိုစွမ်းအားကို ဝါးမျိုပစ်လိုက်၏။ ထို့နောက် သူ့အရှိန်အဝါက ရုတ်ချည်း တိုးမြင့်လာသည်။
“ဝါးမျိုရေးတာအိုလား။ အင်း အဲလိုလည်း ဟုတ်ပုံတော့ မပေါ်ဘူး”
ထိုတိုက်ကွက်ကို အလွယ်တကူ ကျော်လွှားနိုင်ဟန်ပေါ်သော်လည်း အစားကြူးသူက မပျော်ရွှင်ပေ။ သူတို့အားလုံးက မိုးမြေကြား ရုတ်ချည်းအပြောင်းအလဲ မဖြစ်လာခင်အထိ အရာအားလုံးက ချောမွေ့နေခဲ့သည်။ ဒေါသက အားလုံးကို သူတို့၏ စံအိမ်နှင့် အခြေစိုက်စခန်းများက မလုံခြုံတော့၍ ပုန်းအောင်းဖို့ရာ သတင်းစကားပို့ခဲ့သည်။
သို့သော်လည်း အစားကြူးသူက လျှို့ဝှက်ပုန်းအောင်းရေးနေရာများပင် ဘေးမကင်းတော့ကြောင်း တွေ့ရှိသွားသည်။ အကြောင်းမှာ ပုန်းအောင်းရေးအစီအရင်များက ချို့ယွင်းလာ၍ ဖြစ်သည်။ ယခုတွင် သူက ကံဆိုးသွားဟန်ပေါ်၏။ တစ်စုံတစ်ယောက်က သူ့အား ရှာဖွေတွေ့ရှိသွားလေသည်။
ဘန်း…ဘန်း…ဘန်း
တိထျန်းက လက်သီးချက်ဆက်တိုက် ထုတ်လွှင့်လိုက်ပြီး သူ့ တိုက်ကွက်တစ်ခုချင်းစီတွင် ပို၍ အားကောင်းလာသည်။ သို့သော်လည်း အစားကြူးသူက ထိုတိုက်ကွက်များကို ဝါးမျိုနေဆဲ ဖြစ်သည်။ သူ့အမူအရာ၊ အရှိန်အဝါ သို့မဟုတ် စည်းမျဉ်းအတက်အကျပင် ပြောင်းလဲခြင်း မရှိပေ။
ပထမလက်သီးချက် နောက်ဆုံးထွက်သက်
မရဏနှင့် ဖျက်ဆီးခြင်းစွမ်းအားတို့က ပါးစပ်သာဖွင့်ကာ လှုပ်ရှားနေသည့် အစားကြူးသူကို လွှမ်းခြုံသွား၏။
“မင်းက ဝါးမျိုနိုင်တာ။ မဟုတ်သေးဘူး မင်းက သဘောတရားအပါအဝင် စွမ်းအားနဲ့ အစွမ်းတွေ အကုန်လုံးကို စားသုံးတာပဲ” တိထျန်းက မှတ်ချက်ပေးလိုက်သည်။ ထိုမိစ္ဆာသည် ဝါးမျိုရေးတာအိုနှင့် တခြားအရာများ ပါဝင်သည့် တမူထူးစားသုံးရေးတာအိုကို ကျင့်ကြံထားကြောင်း ခန့်မှန်းမိလိုက်သည်။ ထို့အပြင် သူ့တိုက်ခိုက်မှုများအောက်တွင် ထိုသူက ပွင့်ချပ်နှစ်လွှာအဆင့်မှ ပွင့်ချပ်ငါးလွှာအဆင့် ယာယီတိုးတက်လာဟန်ပေါ်၏။
“မင်းဆီမှာ ကန့်သတ်ချက်ရှိလား ကြည့်ရအောင်” တိထျန်းက ထိုသို့ပြောပြီးသည့်နောက်တွင် ထပ်မံ တိုက်ခိုက်လိုက်သည်။
ထိုစဉ် အစားကြူးသူက ခံပြင်းကာ ဒေါသထွက်လာသည်။ သူ့အင်အားတိုးပွားလာမှုက အကျိုးမရှိကြောင်း သိထားလေ၏။
တစ်ဖက်လူက သူ့စွမ်းအားတိုးမြင့်လာဖို့ တမင်ဝါးမျိုခွင့်ပြုထားကြောင်း သိလေသည်။ ထိုအရာက သူ့စွမ်းရည်ကို မည်မျှနှိမ့်ချချင်ကြောင်း ပြသနေခြင်း ဖြစ်၏။ ကံဆိုးစွာဖြင့် သူက များများစားစား မတတ်နိုင်ပေ။
“မင်းရဲ့ စွမ်းအားကန့်သတ်ချက်က ပွင့်ချပ်ခုနစ်လွှာပဲ။ အဲ့စွမ်းအားက အမြဲတမ်းအတွက် မဟုတ်ဘူးဆိုရင်တောင်ပေါ့။ ဒါပေမဲ့ မင်းက ဝါးမျိုနိုင်တဲ့ အရာတွေအပေါ် ကန့်သတ်ချက် မရှိဘူး။ မင်းသာ ဆက်လက်စားသုံးမယ်ဆိုရင် အဆုံးမဲ့သက်လုံ ချီးမြှင့်ပေးနိုင်တဲ့ အစားအစာကို သိုလှောင်စွမ်းအင်အဖြစ် ပြောင်းလဲလို့ ရတယ်”
တိထျန်းက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်၏။ အစားကြူးသူက အင်အားကန့်သတ်ချက် ရှိသော်လည်း အဆုံးမဲ့သက်လုံက အင်အားချင်းယှဉ်နိုင်သည့် ပြိုင်ဘက်နှင့် တိုက်ပွဲအတွင်း အသုံးပြုနိုင်သည်။ သို့သော်လည်း တစ်ဖက်လူက သူတို့၏ တိုက်ကွက်များကို ဝါးမျိုခွင့်ပြုမည် မဟုတ်သည့်အတွက် သူ့အနေဖြင့် သေချာသည့် အဆင့်တစ်ခုရောက်ဖို့ စားသုံးဖို့ရာ လိုအပ်နေသည်။
တိထျန်းက လက်ကိုမြှောက်လိုက်ပြီးသည့်နောက်တွင် သူ့လက်ဝါးအထက် အဖြူရောင်နှင့် အနက်ရောင် စက်လုံးတစ်ခု ပေါ်ထွက်လာသည်။
စားသုံးခြင်း မရဏ
အစားကြူးသူက ထိုစက်လုံး သူ့ဆီပျံသန်းလာသည်ကို မြင်လိုက်သည့်အခါ အမူအရာ ပြောင်းလဲသွား၏။ သူ့အလိုလိုသိစိတ်က ထိုအရာကို မဝါးမျိုဖို့ရာ ပြောနေလေသည်။ ကံဆိုးစွာဖြင့် သူက ရှောင်ရှားဖို့ သို့မဟုတ် တုံ့ပြန်ဖို့ရာ နောက်ကျလွန်းသွားခဲ့လေသည်။
ဒုတိယအစာအိမ်
သူ့ရှေ့တွင် ပါးစပ်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ထိုတိုက်ကွက်ကို ဝါးမျိုပစ်လိုက်၏။ သို့သော်လည်း တိုက်ကွက်က သူ အားလုံးဝါးမျိုနိုင်ကာ စားနိုင်သည့် ပင်မအစာအိမ်ဆီ ရောက်ရှိသွားမည် မဟုတ်ပေ။ ပြောရလျှင် သူက ထိုတိုက်ကွက်ကို ရင်ဆိုင်ဖို့ ကမ္ဘာငယ် သို့မဟုတ် ဒုတိယဒိုင်မေးရှင်းကို ဖန်တီးလိုက်ခြင်း ဖြစ်၏။
ထင်ထားသည့်အတိုင်း ကမ္ဘာငယ်က ထိုအနက်ရောင် စက်လုံးကြောင့် ချက်ချင်း ပျက်သုဉ်းသွားသည်။
“အလိုလိုသိစိတ်ကောင်းပြီးတော့ တိုက်ပွဲအတွေ့အကြုံလည်း ရှိတယ်။ ပြီးတော့ ထူးကဲတဲ့တာအိုကို ပေါင်းထည့်လိုက်ရင် မင်းက ဒုတိယမြောက်လူပဲ” တိထျန်းက ပြောလိုက်သည်။
အစားကြူးသူက ထိုစကားများကို ကြားသည့်အခါ စတင် တိုက်ခိုက်လိုက်သည်။ သူက ပါးစပ်ဟကာ ဝါးစားသည့်ဟန်ပန်မျိုး လုပ်လိုက်၏။
ဂျွတ်
တိထျန်းအနောက်ဘက်ရှိ တောင်တန်းများက ပျောက်ကွယ်သွားလေသည်။ တချို့က တစ်စုံတစ်ယောက် သူတို့ကို ကိုက်စားထားသလိုမျိုး ဖြစ်နေသည်။ ထိုစဉ် တိထျန်းကမူ အဝတ်အစားပင် ခြစ်ရာမရှိဘဲ အကောင်းအတိုင်း ဖြစ်နေ၏။ သူက သူ့သားကောင်၏ အကျိုးမဲ့ ရုန်းကန်မှုများကို ဂရုစိုက်ဟန်မပေါ်ပေ။
အစားကြူသူက မလှုပ်ရှားနိုင်ခင် တိထျန်းက သူ့ရှေ့တွင် ရောက်ရှိနေပြီ ဖြစ်၏။
သူက လက်ကိုမြှောက်ကာ မိစ္ဆာကို လည်ပင်းမှ ဆွဲကိုင်ထားလိုက်သည်။ ထို့နောက် အစားကြူးသူ၏ နဖူးအထက် အနက်ရောင်နှင့် အဖြူရောင်သင်္ကေတတစ်ခု ထွက်ပေါ်လာပြီး သူ့အင်အားနှင့် စွမ်းအား အားလုံးကို စည်းပိတ်သွား၏။
ဝှစ်
ထိုစဉ် အဝေးတစ်နေရာမှ တောက်ပသည့် ဓားချက်တစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်ဘုံကိုပင် သုတ်သင်ပြနိုင်သည့် ထိုဓားချက်က မိုးမြေနှင့် ရင်ဆိုင်မည့် အဆုံးမဲ့ရန်ကြွေးရှိနေသည့်အလား အငွေ့အသက်မျိုး ပေးစွမ်းနေသည်။
နှမြောစရာကောင်းလှသည်က တိထျန်းကို မထိတွေ့နိုင်ခင် ထိုအရာက မတည်ရှိဖူးသကဲ့သို့ ပျောက်ကွယ်သွားသည်။ သူက တိုက်ကွက်၏ လားရာကို ကြည့်လိုက်သည့်အခါ ဓားကိုင်ဆောင်ထားသည့် ပန်းရောင်ဆံပင်နှင့် မိန်းမလှလေးတစ်ဦးကို မြင်လိုက်ရ၏။ သူမဘေးနားတွင် နောက်ထပ် မိစ္ဆာနှစ်ယောက်လည်း ရှိနေသည်။
“ဒေါသ၊ မာန၊ လောဘ … ငါ့ကို ကယ်ပါဦး”
တိထျန်းက အစားကြူးသူကို သိုလှောင်လက်စွပ်အတွင်း ထည့်သိမ်းလိုက်၏။
“ပါရမီရှင်တွေ ထပ်ရောက်လာပြီပဲ။ မင်းတို့က ပိုကောင်းတဲ့ စစ်သူကြီး ဖြစ်လာနိုင်တယ်” သူက ဒေါသကို အာရုံစိုက်ထားလိုက်သည်။
သူက ထိုစစ်သူကြီးများကို ဝမ်ဝေ့နှင့် ရင်ဆိုင်ဖို့အတွက်သာ စုဆောင်းနေခြင်း မဟုတ်ပေ။ သူ စည်းပိတ်ခံထားရာမှ လွတ်မြောက်လာကတည်းက သူ့အနာဂတ်အကြောင်း စတင်တွေးတောလာမိသည်။ အထူးသဖြင့် ချောင်နဉ်ကို အသက်ပြန်သွင်းပြီးသည့်နောက်တွင် ဘာဆက်လုပ်ရမလဲဟူ၍ ဖြစ်သည်။ သူ့ဘဝအများစုက နဉ်အာကို အသက်ပြန်သွင်းမည့်ကိစ္စထက် ကျော်လွန်၍ မစဉ်းစားခဲ့ဖူးပေ။
ထို့ကြောင့် သူက လက်ရှိကိစ္စကိုသာ စိတ်ပူဖို့ အာရုံစိုက်ထားခဲ့သည်။
သို့သော်လည်း တိုင်ကိုးလုံးနှင့် တွေ့ဆုံမှုက နင်းအာကို အသက်ပြန်သွင်းနိုင်သည့် မျှော်လင့်ချက်ကို ပြန်မြင်ယောင်လာစေသည်။ ထိုနဉ်အာက သူသိထားပြီး ချစ်မြတ်နိုးရသည့်သူဖြစ်၏။ ထို့ကြောင့် ယခု သူက အနာဂတ်အတွက် ကြိုတင်စီစဉ်ထားလိုသည်။ အကန့်အသတ် ချိုးဖောက်ရေး ကိရိယာကို ရှာတွေ့နိုင်ချေက နည်းပါးလွန်းသော်လည်း ရှာတွေ့နိုင်ခြေ အခွင့်အရေးကို မြှင့်တင်နိုင်မည့် တခြားနည်းလမ်းများ ရှိလေသည်။
သူက ကျင့်ကြံရေးအတွက် ပိုမိုမြှင့်မားသည့်အဆင့်သို့ (သူ့သားများ၏ အဆင့်လောက်) ရောက်ရှိပြီးသည့်နောက် သူ့တွင် ထိုအရာကို ရှာဖွေတွေ့ရှိနိုင်ချေ မြင့်မားလာလိမ့်မည်။ နောက်ထပ် နည်းလမ်းတစ်ခုက ထိုအရာကို ရှာဖွေဖို့ ကူညီပေးနိုင်မည့် အားကောင်းသော အင်အားစုရှိထားခြင်း ဖြစ်၏။
ထိုအစီအစဉ်များ ပြုလုပ်ပြီးသည့်နောက်တွင် အိပ်စက်သူများကို ဆုံးရှုံးလိုက်ရမှုက မည်မျှဆိုးဝါးကြောင်း သဘောပေါက်သွားခဲ့သည်။ သူက အကန့်အသတ်ချိုးဖောက်ရေး ကိရိယာကို ရှာဖွေဖို့ ဒိုင်မေးရှင်းအနိမ့်ဆီ စေလွှတ်နိုင်သည်။ တိထျန်းက ဤနေရာတွင် ရှာမတွေ့လျှင်ပင် ကြိုးစားကြည့်ဖို့ ထိုက်တန်ကြောင်း သိလေ၏။
ထို့အပြင် သူတို့သာ ထိုအနေအထားထိ ရောက်ရှိသွားပါက တာအိုကို သက်သေပြပြီးသည့်နောက်တွင် ဒိုင်မေးရှင်းအမြင့်တွင် အများစုကို တည်ထောင်ဖို့ အခြေခံအုတ်မြစ် ရှိလာလိမ့်မည်။ ထိုအရာများကို သဘောပေါက်လာပြီးသည့်နောက်တွင် ဝမ်ဝေ့အပေါ် အမုန်းတရားက ပိုမိုတိုးပွားလာခဲ့၏။
“အစားကြူးသူကို ပြန်ပေး” ဒေါသက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
“သူ့ကို လာယူလှည့်လေ” တိထျန်းက ထိုမိစ္ဆာများကို သူ့ထိန်းချုပ်မှုအောက် ခေါ်ဆောင်လိုက်ပါက သူ့အစီအစဉ်အတွက် မည်မျှအကျိုးရှိမည်ကို တွေးကြည့်နေမိသည်။ ဒေါသက တခြားသုံးယောက်ကို ကြည့်ပြီးသည့်နောက်တွင် တိုက်ပွဲအတွက် အသင့်ပြင်လိုက်ကြ၏။
သူတို့အပေါင်းအပါအပေါ် သစ္စာရှိမှုက နောက်လိုက်ကောင်း ဖြစ်စေတာပဲ…
တိထျန်းက သူတို့ကိုယ်သူတို့ စတေးလိုသည့် လူများကို လေးစားမိသည်။ မည်သို့ပင်ဆိုစေကာမူ သူက သက်ညှာမှုမပြဘဲ အလွယ်တကူ ထိန်းချုပ်နိုင်ဖို့ သူတို့၏ စိတ်ဝိညာဉ်များကို ချေမွပစ်မည်သာ ဖြစ်၏။
***