← Chapters

ယင်ကန်း၏ လမ်းစဉ်

Vol. 50 Ch. 691

ယင်ကန်း၏ လမ်းစဉ်

Vol. 50 Ch. 691

ယင်ကန်းက သူ့ဘေးနားမှ လူများကို ကြည့်လိုက်၏။ သူက အရေအတွက် နည်းနေသော်လည်း စိတ်ထဲ မထားပေ။ သူ့အကြည့်များက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေ၏။ သူက မိစ္ဆာသွေးကို စုပ်ယူပြီးသည့်နောက် ကောင်းကင်ဖုတ်ကောင် ပညာရပ်တွင် တိုးတက်မှုတချို့ ဖြစ်လာခဲ့သည်။ သူ့အရေပြားက မီးခိုးရောင်မှ နဂိုအခြေအနေသို့ ပြန်ရောက်လုနီးပါး ဖြစ်နေလေပြီ။

“သူ့ကို သတ်ကြ” နောက်တွင်ရှိသည့် တပည့်တစ်ဦးက အမိန့်ပေးလိုက်သည်။ ထို့နောက် တပည့်များက သူတို့လက်ကို ဝှေ့ကာ နတ်ဆိုးသားရဲများစွာကို ဆင့်ခေါ်လိုက်ကြသည်။ အထူးသဖြင့် သူတို့၏ အရေအတွက်ကို သိသိသာသာ တိုးမြင့်သွားစေ၏။ နတ်ဆိုးသားရဲများက တိုက်ခိုက်လာကြသည်။ တချို့က ယင်ကန်းကို ဆွဲဖြဲပစ်ဖို့ တိုက်ရိုက်ခုန်ဝင်သွားကြပြီး တချို့က အဝေးတိုက်ကွက်များဖြင့် တိုက်ခိုက်နေကြသည်။ အထူးသဖြင့် ဓာတ်သဘာဝ တိုက်ကွက်များ ဖြစ်၏။

ဘန်း

တိုက်ကွက်က သူ့ဆီ ကျဆင်းလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဖျက်စီးသွားသည်။ သို့သော်လည်း သူက အကောင်းအတိုင်း ရှိနေသေး၏။

“အခု ငါ့အလှည့်ပဲ”

သူ့လက်က အနက်ရောင် ပြောင်းလဲသွားပြီးသည့်နောက် လက်သည်းများ ထွက်ပေါ်လာသည်။ ယင်ကန်းက အနီးဆုံးသားရဲဆီ ပြေးဝင်ကာ နှစ်ပိုင်း ပိုင်းပစ်လိုက်၏။ သူက နောက်ထပ် လက်တစ်ခုဖြင့် ဦးနှောက်ကို ထိုးဖောက်လိုက်သည်။

ယင်လက်သည်း

သူ့လက်မှ အပြာဖျော့ဖျော့ လက်သည်းတစ်စုံ ထွက်ပေါ်လာပြီး သူ့နားတွင် ရှိသမျှ အရာအားလုံးကို ချေမွပစ်ကာ သွေးစီးကြောင်းရာသာ ချန်ထားခဲ့သည်။

ဂျွတ်

အရိပ်သားရဲတစ်ကောင်က ယင်ကန်း၏ အနောက်ဖက်မှ ရုတ်တရက် ထွက်ပေါ်လာကာ သူ့ပုခုံးကို ကိုက်ခဲလိုက်၏။ အနည်းဆုံးတော့ ဤသည်က နဂိုရည်ရွယ်ချက် ဖြစ်၏။ သို့သော် ထိုအစီအစဉ်အစား သားရဲ၏ သွားများက ယင်ကန်း၏ ခန္ဓာကိုယ်ကြောင့် ပေါက်ကွဲထွက်သွားသည်။ ထို့နောက် သူက ပုခုံးကို အသာအယာခါလိုက်သည့်အခါ သားရဲက သွေးဘောလုံးအဖြစ် ပေါက်ကွဲထွက်သွားသည်။

“သားရဲပေါင်းစပ်မှုကို သုံးကြ” ထိုအဖွဲ့၏ ခေါင်းဆောင်များက အော်ပြောလိုက်သည်။ သူ့နောက်လိုက်များကလည်း တုံ့ပြန်ကာ လိုက်လုပ်လိုက်ကြ၏။ ထိုတပည့်များက လူသားနှင့် နတ်ဆိုးပေါင်းစပ်ထားသည့် နှစ်မျိုးစပ်အလား ပြောင်းလဲသွားသည်။

“စိတ်ဝင်စားစရာကောင်းတဲ့ ကျင့်စဉ်ပဲ” ယင်ကန်းက ပြောလိုက်၏။ သူတို့သည် သူ့မျိုးဆက်မှ အသင်္ချေသားရဲရုပ်ခန္ဓာရှိသည့်သူကို အမှတ်ရသွားစေ၏။

ယင်ကန်းက ပြုံးကာ သတ်ဖြတ်ဖို့ ပြင်ဆင်လိုက်သည်။ သို့သော်လည်း သူက ပတ်ဝန်းကျင်တွင် အန္တရာယ်ပေးနိုင်သည့် ခံစားချက်မျိုးကို ခံစားမိလိုက်၍ သတိကြီးကြီး ထားထားလိုက်၏။

သူ့ခန္ဓာကိုယ်မှ အေးစက်စက် စွမ်းအားတစ်ခု ထွက်ပေါ်လာကာ တိုက်ခိုက်သူများကို လွှမ်းခြုံသွားသည်။ ထိုအေးစက်မှုက ရေခဲစွမ်းအား မဟုတ်ပဲ မရဏကမ္ဘာ၏ အအေးဓာတ်ဖြစ်သည့် ယင်စွမ်းအား ဖြစ်သည်။

ထိုတိုက်ကွက်တစ်ခုတည်းဖြင့် ခေါင်းဆောင်ဖြစ်သည့် လူတစ်ယောက်သာ အသက်ရှင်ကျန်တော့သည်။

ဟမ် ပင်ကိုသွေးမျိုးဆက် ရှိတဲ့နတ်ဆိုးလား…

သူက ကွေ့မြွေနှင့် ပေါင်းစပ်ထားသည့် ခေါင်းဆောင်ဆီ ပြေးဝင်သွားလိုက်သည်။ ထို့နောက် ယင်ကန်းက အန္တရာယ်ရှိသည်ဟု ခံစားမိသည့်နေရာဆီ လှမ်းကြည့်လိုက်သည်။

သို့သော်လည်း မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ထိုလူက ထွက်သွားဟန်ပေါ်၏။ သို့သော် သူက သတိလက်လွတ်မနေပေ။

ရှင်းလင်းရေးက အတော်လေးတော့ အကျိုးကျေးဇူးရှိတာပဲ…

ယင်ကန်းက တွေးလိုက်မိသည်။ သူ့ခေတ်ကာလတုန်းက သူသည် ခန္ဓာကိုယ်သန့်စင်ခြင်းအတွက်ပင် ပါရမီနိမ့်ကျသည့် သေမျိုးတစ်ယောက်သာ ဖြစ်၏။ သူ့အရိုးနှင့် သွေးများက အားနည်းလှသည့်အတွက် မှန်မှန်ကန်ကန် အားမဖြည့်နိုင်ပေ။ သို့သော်လည်း ယင်ကန်းက ကျင့်ကြံရေးလမ်းစဉ်ကို လျှောက်လှမ်းလိုသည့်အတွက် သူ့လမ်းတွင် ပိတ်ဆို့သည့်အရာကို ခွင့်ပြုမည် မဟုတ်ပေ။

သေချာစီစဉ်ပြီးသည့်နောက်တွင် ယင်ကန်းက ခန္ဓာကိုယ်သန့်စင်ခြင်းက သူ့ပါရမီနှင့် ကံကြမ္မာကို ပြောင်းလဲပစ်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။ သို့သော်လည်း မည်သည့်ဂိုဏ်းကမှ သူ့ကို လက်မခံကြပေ။ သူ့ခန္ဓာကိုယ်က ယုံကြည်မှုစွမ်းအား စုပ်ယူဖို့ပင် မသင့်တော်သည့်အတွက် ဗုဒ္ဓဂိုဏ်းများကပင် လက်မခံပေ။

ယင်ကန်းက ခေါင်းကြောမာမာဖြင့် ခန္ဓာကိုယ်သန့်စင်ရေးဂိုဏ်းများကို ဝင်ရောက်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက အကောင်းဆုံးဟု လူသိများသည့် ခန္ဓာတာအိုချိုင့်ဝှမ်းဂိတ်တံခါးဝတွင် ဒူးထောက်ခဲ့၏။ သူ့အားနည်းသည့် သေမျိုးဖွဲ့စည်းပုံနှင့်ပင် သူက ငါးနှစ်တာ ဒူးထောက်ခဲ့သည်။ သေမျိုးတစ်ယောက်အတွက် အစားအစာနှင့် ရေ မရှိပဲ ဤမျှအသက်ရှင်သည်မှာ ဆန်းကြယ်မှုတစ်ခု ဖြစ်၏။ သို့သော် စိတ်ဆန္ဒတစ်ခုတည်းဖြင့် သူက ထိုဆန်းကြယ်မှုကို ဖန်တီးခဲ့သည်။

ထိုချိုင့်ဝှမ်းမှ အကြီးအကဲက သူ့လုံ့လကို သဘောကျကာ တပည့်အဖြစ် လက်ခံခဲ့သည်။ ယင်ကန်းက စိတ်မပျက်ပေ။ သူက သူတို့စာကြည့်တိုက်ရှိ ကျင့်စဉ်များကို မကျင့်ကြံနိုင်သော်လည်း သူ့ကိုယ်ပိုင်ကျမ်း ဖြစ်သည့် ရွှေရောင်ဖုတ်ကောင်ပညာရပ်ကို ဖန်တီးဖို့ အသိပညာများကို စုဆောင်းခဲ့သည်။

ယင်ချီကို စုပ်ယူပြီး သူ့ကိုယ်သူ လူသား မဟုတ်သည့် မူမမှန် အခြေအနေသို့ ပြောင်းလဲပစ်လိုက်၏။ သူ စုပ်ယူထားသည့် ယင်ချီများက လမင်းဆီမှ စုပ်ယူထားသည့် သန့်စင်သော အမျိုးအစား မဟုတ်ပေ။ ထိုအရာက မရဏချီ ပြည့်ဝနေသည့် သုဿာန်များတွင် တွေ့ရှိရသည့်အရာမျိုး ဖြစ်၏။ ထိုသို့သော ယင်ချီမျိုးက ပမာဏအမြောက်အများ စုပ်ယူသည့်အခါ ဝိညာဉ်ကို ထိခိုက်စေသည့်အတွက် ဖြစ်စဉ်က နာကျင်လွန်းလှသည်။ ထို့အပြင် သူက သတ်ဖြတ်ဖို့သာ သိတော့သည့် စိတ်လွတ်သွားနိုင်သော မကောင်းဆိုးဝါးအဖြစ်လည်း ပြောင်းလဲသွားနိုင်ချေ ရှိ၏။

ယင်ကန်းက သူ့ကျမ်းကို ငါးပိုင်း ခွဲခြားထားသည်။ သာမန်ဖုတ်ကောင်၊ သံမဏိဖုတ်ကောင်၊ ကြေးနီဖုတ်ကောင်၊ ငွေဖုတ်ကောင်၊ ရွှေဖုတ်ကောင်ဟူ၍ ဖြစ်သည်။ တစ်ခုချင်းစီတွင် သူက ယင်ချီကို ပိုမိုလိုအပ်လာ၏။ ငွေနှင့်ရွှေဖုတ်ကောင်အဆင့်တွင် သူက သေခြင်းရှင်ခြင်း အရင်းအမြစ်များကို လိုအပ်လာသည်။

သူ့ကျင့်ကြံရေး ပြီးမြောက်သွားပြီးသည့်နောက်တွင် ယင်ကန်းက နာမည်ကျော် ကောင်းကင်ရွေးချယ်ခံ တစ်ယောက်ဖြစ်လာခဲ့ပြီး သူ့ခေတ်ကာလက ကောင်းကင်ရွေးချယ်ခံများကို ဖိနှိပ်ထားနိုင်ခဲ့သည်။ ရလဒ်အနေဖြင့် သူသည် သူ မြင့်တက်လာသည်ကို မမြင်ချင်သည့် ဗုဒ္ဓအင်အားစုတချို့၏ အမဲလိုက်မှုမှ အသက်ရှင်ခဲ့၏။ သူက ခန္ဓာတာအိုချိုင့်ဝှမ်း၊ သူ့ကံကောင်းမှုနှင့် ဉာဏ်ရည်တို့ကြောင့် အမြဲလိုလို လွတ်မြောက်လေ့ရှိသည်။

ယင်ကန်းက တာအိုသက်သေပြနိုင်ချေ အရှိဆုံးလူ ဖြစ်လာခဲ့သည်။ အရိပ်အမြွက်အားလုံးက သူသည် ပြိုင်ဘက်မရှိလုနီးပါးဖြစ်ကြောင်း ပြသနေသည်။ နှမြောစရာကောင်းလှသည်က အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့၏။ ယခင်မျိုးဆက်မှ လူတစ်ယောက်က ရုတ်ချည်း ထွက်ပေါ်လာကာ ယင်ကန်း၏ အိပ်မက်ကို ပျက်စီးစေခဲ့သည်။ ထိုလူက ဝမ်ချုံး ဖြစ်၏။

ထိုအမျိုးသားက ယခင်မျိုးဆက်ကတည်းက ဒဏ္ဍာရီလာတစ်ယောက်ဖြစ်ပြီး မဟာဧကရာဇ်နှင့်ပင် လက်ရည်တူတိုက်ခိုက်ခဲ့သူ ဖြစ်သည်။ သို့သော်လည်း လူများက သူသည် သူ့ကံကြမ္မာကို ဆေးကြောဖို့ စည်းပိတ်ထားခဲ့သည်ဟု ထင်ခဲ့ကြ၏။

ယင်ကန်းအနေဖြင့် ကြာခုနစ်ပွင့်ဧကရာဇ်သည် ထိုအချက်ကို ဝန်ခံထားကြောင်း မှတ်ချက်များရှိနေလျှင်ပင် ထိုအဓိပ္ပာယ်မရှိသည့်အရာများကို မယုံကြည်ပေ။ နှမြောစရာကောင်းလှသည်က နောက်ဆုံးတိုက်ပွဲအတွင်း ဝမ်ချုံးက သူ့ကို ဖိနှိပ်ထားနိုင်ခဲ့သည်။ အဆိုးရွားဆုံးအပိုင်းက သူသည် သူဂုဏ်အယူရဆုံးနှင့် ယုံကြည်ချက်အရှိဆုံးဖြစ်သည့် သူ့ခွန်အားက ထိုသူ၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားထံ ရှုံးနိမ့်ခဲ့သည်။

ယင်ကန်းက ရှုံးနိမ့်ပြီးသည့်နောက်တွင် လက်မလျှော့ပေ။ သူက ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်၏ အထွတ်အထိပ်ကို ရောက်ဖို့ရာ အလေးထားပြီး တာအိုကို သက်သေပြခြင်းက သူ လျှောက်လှမ်းရမည့် လမ်းစဉ်ထဲမှတစ်ခုမျှသာ ဖြစ်၏။ ထို့ကြောင့် သူက သူ့ကိုယ်သူ စည်းပိတ်ရင်း ကျမ်းကို အဆင့်မြှင့်တင်ဖို့ ဆုံးဖြတ်ခဲ့သည်။ သူက သူ့စည်းပိတ်မည့် နေရာအဖြစ် ယင်စွမ်းအားအမျိုးမျိုးကို မွေးထုတ်ပေးသည့် နေရာတစ်ခုဖြစ်သည့် ယင်ကောင်းကင်ချိုင့်ဝှမ်းကိုပင် ရွေးချယ်ခဲ့သည်။ သူ့ကိုယ်သူ စည်းပိတ်ပြီး ကျင့်ကြံပြီး နာကျင်မှုများကို တောင့်ခံခဲ့သည်။ ထိုဖြစ်စဉ်က ပုံမှန်ထက် ရှည်ကြာလှ၏။ သို့သော်လည်း ယင်ကန်းက ဂရုမစိုက်ပေ။ လေ့ကျင့်ရေးတစ်ခုအဖြစ် မှတ်ယူထား၏။

သူက သူ့ကျမ်းတွင် နောက်ထပ် အဆင့် ဖန်တီးနိုင်ခဲ့သည့်အတွက် အောင်မြင်ခဲ့သည်။ မြေကမ္ဘာဖုတ်ကောင်နှင့် ကောင်းကင်ဖုတ်ကောင်ဟူ၍ ဖြစ်သည်။ မြေကမ္ဘာဖုတ်ကောင် ထိပ်သီးအဆင့်တွင် ယင်ကန်းက သေမျိုးနှင့် မသေမျိုးကြားမှ အကာအရံကို ချိုးဖောက်နိုင်ခဲ့၏။ ပို၍အရေးကြီးသည်က သူသည် ခွန်အားဂိတ်ပေါက်အကြောင်း သင်ယူခဲ့ရသည်။

ယင်ကန်းက သူ့ရှေ့တွင် အိပ်မက်ရှိလာသလို ခံစားလိုက်ရ၏။ သူက ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်၏ အဆုံးသတ်ကို ရောက်ရှိနိုင်မည့် ရည်မှန်းချက်အပေါ် မည်သို့ရောက်အောင် လုပ်ရမည်ကို သိရှိသွားသည်။ သူက ထိုဂိတ်ပေါက်ကို ဖွင့်ဖို့ လိုအပ်နေ၏။ ထိုဂိတ်ပေါက်ကို ဝမ်ချုံးအပါအဝင် မည်သူမှ မဖွင့်လှစ်ဖူးကြောင်း သိခဲ့စဉ်အခါက ပို၍ပင် ပျော်ရွှင်ခဲ့ရသည်။ ယင်ကန်းက တစ်ဖက်လူသည် မရှိတော့မှန်း သိထားသော်လည်း သူက သူ့ကို အနိုင်ယူမည့် နည်းလမ်း လိုချင်သေးသည်။

သူက ဝမ်ချုံး မလုပ်နိုင်သည့်အရာကို လုပ်နိုင်ချင်မိသည်။

ထာဝရကံကြမ္မာနှင့် ပြည့်နှက်နေသည့် ဤမျိုးဆက်အတွင်း နိုးထလာပြီးသည့်နောက် ယင်ကန်း ပထမဆုံးလုပ်သည့်အရာက ခန္ဓာကိုယ်စမ်းသပ်ချက်ကို ဖြတ်ကျော်ခြင်း ဖြစ်၏။ သူက သတင်းအချက်အလက် သိမထားသည့်အတွက် အစိတ်အပိုင်းနှစ်ခုကိုသာ တစ်ပြိုင်နက် ဖြတ်ကျော်ခဲ့သည်။

ယင်ကန်းက ခေတ်လေးခုကို နေထိုင်ခဲ့သည့်အတွက် သူစိတ်ဆန္ဒ၊ သူ့စွမ်းအားအပေါ် ယုံကြည်ချက်ရှိသည်။ သို့သော်လည်း သူက ကြောက်မက်ဖွယ် အတွေ့အကြုံကို မမေ့နိုင်သေးပေ။ သူက ဤရူးသွပ်မှုကို ထပ်ခါထပ်ခါ လုပ်ဖို့လည်း အစီအစဉ်တွေ ရှိနေသေးသည်။

ထို့နောက် ယင်ကန်းက နောက်ဆုံးတိုက်ပွဲအတွက် ဤမျိုးဆက်၏ ကောင်းကင်ရွေးချယ်ခံများအကြောင်းကို သင်ယူခဲ့ရသည်။ ဝမ်ချုံး၏ မျိုးဆက်က ဤမျိုးဆက်တွင် တာအိုသက်သေပြနိုင်ချေအရှိဆုံးဟု ကြားပြီးသည့်နောက်တွင် သူက စိတ်ဝင်စားလာမိ၏။

အထူးသဖြင့် ထိုသူသည် သူ့အားကောင်းသည့် ခန္ဓာကိုယ်ကြောင့် လူသိများလာပြီးသည့်နောက်တွင် ဖြစ်သည်။

ထို့ကြောင့် သူက ဝမ်ဝေ့ကို မြင်သည့်အခါ အကြောင်းပြချက်တချို့သုံးပြီး ချဉ်းကပ်ကာ ထိုမျိုးဆက်က သူ့ဘိုးဘေး၏ ဒဏ္ဍာရီအတိုင်း ဖြစ်ရဲ့လားဟု စမ်းသပ်ချင်မိသည်။

သိပ်မကြာခင် ယင်ကန်းက ဝမ်ဝေ့သည် ဝမ်ချုံးထက်ပင် ပိုမိုကြောက်ဖို့ကောင်းသည့် မကောင်းဆိုးဝါးဖြစ်ကြောင်း တွေ့ရှိသွားခဲ့၏။ သူ့တွက်ချက်မှုအရ ဝမ်ချုံး၏ စွမ်းအားသည် ပွင့်ချပ်လေးလွှာအဆင့်မျှသာဖြစ်ပြီး သူ့လက်ရှိအင်အားဖြင့် ထိုသူကို ချေမွပစ်နိုင်လိမ့်မည်။ သို့သော်လည်း ဝမ်ဝေ့ရှေ့တွင်မူ သူက ကူကယ်ရာမဲ့နေ၏။

ထိုတွေ့ဆုံမှုအပြီးတွင် ယင်ကန်းက သူ့ကောင်းကင်ဖုတ်ကောင်ပညာရပ်ကို တိုးတက်အောင် မည်သို့လုပ်နိုင်ကြောင်း စဉ်းစားခဲ့သည်။ မိစ္ဆာအမြောက်အများကို သုတ်သင်ပြီးသည့်နောက် သူက သူတို့၏ သွေးမျိုးဆက်ဆီမှ အပြစ်ကြွေးနှင့် မကောင်းဆိုးဝါး မိစ္ဆာအငွေ့အသက်များကို စုပ်ယူခဲ့၏။ ကံကောင်းစွာဖြင့် သူက အောင်မြင်ခဲ့သည်။

ဒီအလွှာအသစ်ကို ဘယ်လိုခေါ်ရမလဲ။ နတ်ဘုရားဖုတ်ကောင်လား။ ဒါမှမဟုတ် အင်မော်တယ် ဖုတ်ကောင်လား။ ဒါမှမဟုတ်ဘူးဆိုရင် ပြိုင်ဘက်ကင်း ဖုတ်ကောင်လား…

မဟုတ်သေးဘူး။ ဒါကို အင်မော်တယ် ဖုတ်ကောင်လို့ပဲ ခေါ်မယ်…

ယင်ကန်းက ထိုနာမည်ကို ရွေးချယ်လိုက်ခြင်းမှာ သူ အောင်မြင်သည်နှင့် သူ့သက်တမ်းက သိသိသာသာ တိုးမြင့်လာမည်ဖြစ်ကြောင်း ခံစားမိနေ၍ ဖြစ်သည်။ လက်ရှိ သူက နှစ်သန်းတစ်ရာကျော် နေထိုင်ပြီးပြီ ဖြစ်၏။ ထိုအရာက သူ့ကျမ်း၏ အရေးသာချက်တစ်ခုလည်း ဖြစ်သည်။ ထိုအရာက ကျင့်ကြံဖို့ရာ ပြစ်ချက်များနှင့် ခက်ခဲမှုများ ရှိသော်လည်း အဆင့်တစ်ခုချင်းစီတွင် အသက်ရှည်မှုအပေါ် အလေးထားသည့် အကောင်းဆုံး ကျင့်ကြံရေးနည်းစနစ်နှင့်ပင် ယှဉ်နိုင်သည့် သက်တမ်းမျိုး ပေးစွမ်းသည်။

ငါက နှစ်သန်းငါးရာအထက် နေနိုင်လိမ့်မယ်…

ယင်ကန်းက တွေးလိုက်မိသည်။ သူက စိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေ၏။ သူက ဤကောင်းကင်အလိုဆန္ဒတိုက်ပွဲ၏ ကျရှုံးနိုင်ချေကိုလည်း တွက်ဆထားသည်။ သို့သော်လည်း သူက အသက်ရှင်နိုင်ချေကိုသာ အလေးထား၏။

အကယ်၍ သူသာ အသက်ရှင်နိုင်ခဲ့လျှင် နောင်အနာဂတ်တွင် ကြိုးစားဖို့ သူ့ကိုယ်သူ ပြန်လည်စည်းပိတ်နိုင်သည်။

ယင်ကန်းက အစီအစဉ်များ ချမှတ်ပြီးသည့်နောက်တွင် ဤကမ္ဘာမှ ထွက်လမ်းကို ကြည့်လိုက်သည့်အခါ သူ မထွက်နိုင်တော့ကြောင်း သဘောပေါက်သွားခဲ့သည်။

ဒီဖရိုဖရဲကိစ္စတွေ အဆုံးသတ်တဲ့အထိ ပုန်းအောင်းနေကြတာပေါ့…

သူက တပ်ဖွဲ့ကို ခေါ်ကာ ပျောက်ကွယ်သွား၏။

***

All Chapters