← Chapters

ထောင်ချောက်

Vol. 4 Ch. 56

ထောင်ချောက်

Vol. 4 Ch. 56

အခန်း (၅၆) : ထောင်ချောက်

သူ့လက်မောင်းကို ပတ်တီးစီးပြီးနောက် ဝမ်ဝေ့က နောက်ထပ်လုပ်မည့် အစီအစဉ်အကြောင်း စတင်စဉ်းစားလိုက်သည်။ သူက ကျီစုန့်နှင့် တိုက်ခိုက်ရမည်ကို အရမ်းစိတ်မပူပေ။ ဤတိုက်ပွဲကို သူ နိုင်ဖို့ နည်းလမ်းအများကြီး ရှိသည်။

သူ လီကျွင်းနှင့် ပူးပေါင်းပြီး ကျီစုန့်ကို တိုက်ခိုက်နိုင်သည်။ ထောင်ချောက်ပေါင်းများစွာ ဆင်ပြီး သူ့ကို ထောင်ချောက်ထဲဝင်အောင် လှည့်စားနိုင်သည်။ သူ့ကို အားနည်းသွားစေရန် အဆိပ်လည်း အသုံးပြုနိုင်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဝမ်ဝေ့ ဘယ်အချိန်မှာ ရင်ဆိုင်တိုက်ခိုက်ပြီး အနိုင်ဖို့အတွက် ဘယ်အချိန်မှာ ဉာဏ်ပညာကို အသုံးချရမလဲဆိုတာကို သူ့အမေဆီမှ သင်ယူခဲ့သည်။

သူနှင့် တစ်ယောက်ချင်း ရင်ဆိုင်တိုက်ခိုက်ချင်သည့် အကြောင်းအရင်းက သူ့ လုပ်နိုင်စွမ်းကို သူ စိန်ခေါ်ချင်သောကြောင့် ဖြစ်သည်။ စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုထဲရှိ လူအများစု၏ ခွန်အားက သာမန်သေမျိုးများနှင့် အတူတူဖြစ်သည်။ ထို့ကြောင့် သူတို့၏ ကိုယ်ခံစွမ်းအား လျော့နည်းမှုအတွက် ထိပ်တန်းကျင့်စဉ်များကို အသုံးပြုဖို့ ဖိအားပေးခံခဲ့ရသည်။

ကျီစုန့်တစ်ယောက်တည်းကသာ ကွဲထွက်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ဝမ်ဝေ့က သူနှင့်တိုက်ခိုက်ပြီး စစ်ဆေးမှု အစကနေ ဘယ်လောက်အထိ တိုးတက်လာလဲဆိုတာကို သိချင်နေခြင်း ဖြစ်သည်။ ထို့အပြင် ဤတိုက်ပွဲကိုသာ သူအနိုင်ရရှိသွားပါက သူ့ဆီမှာ ထူးခြားသော တစ်စုံတစ်ခု ဖြစ်တည်လာမည်။ အရေးကြီးသော အရာတစ်ခု သူ့ကို ပေးအပ်လိမ့်မည်ဟူသော ခံစားချက်လည်း ရနေသည်။

ဤခံစားချက် ဘယ်က ရောက်လာလဲဆိုတာကို သူ မသိသော်လည်း ဤခံစားချက် မှန်သည်ကိုတော့ သူ သိသည်။ ထို့ကြောင့် ခံစားချက်အတိုင်း လုပ်ပြီး ရလဒ်ကို စောင့်ကြည့်မည်။

ဝမ်ဝေ့ သူ့လက်ချောင်းကို အာရုံစိုက်လိုက်သည့်အချိန်တွင် လက်သူကြွယ်၌ လက်စွပ်တစ်ကွင်း ထွက်ပေါ်လာသည်။ ထိုအရာက သိုလှောင်လက်စွပ် ဖြစ်၏။

သိုလှောင်လက်စွပ်က ဝိညာဉ်ဆက်နွယ်ရေး ရတနာဖြစ်သောကြောင့် နေရာတိုင်းကို သယ်ဆောင်သွားနိုင်သည်။ ထိုအရာက စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှု၏ ဟာကွက်များထဲမှ တစ်ခု ဖြစ်သည်။ သို့သော် ဤရတနာကို စစ်ဆေးမှု ပထမပိုင်းတွင် ထုတ်မသုံးရဘူးဆိုသော ကန့်သတ်ချက် ရှိသည်။

စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုက ကောင်းကင်တာအို၏ ဆုံးဖြတ်ချက်အောက်တွင် ရှိနေသည့်အတွက် ဘယ်သူမှ စည်းမျဉ်းကို မချိုးဖောက်ရဲသလို တာအိုအခွင့်အလမ်းဂိုဏ်းလည်း မချိုးဖောက်ရဲပေ။

ထို့ကြောင့် ဝမ်ဝေ့က အစားအစာနှင့် လက်နက်များ ပြည့်နှက်နေသော သိုလှောင်လက်စွပ်ကို ထားကာ ကျောက်တုံးဖြင့် ဓားမြောင်လုပ်ပြီး အသက်ရှင်ဖို့အတွက် လိုအပ်သည့်အရာကို ပတ်ဝန်းကျင်ရှိ အရာများမှ ရယူရသည်။

နောက်ထပ် သတ်မှတ်ချက်တစ်ခုက လျှို့ဝှက်ယူဆောင်လာသော လက်နက်များက စွမ်းအားမကြီးတော့ဘဲ မိသွားလျှင် ချက်ချင်း အသိမ်းခံရမည် ဖြစ်သည်။

ထိုကန့်သတ်ချက်က စစ်ဆေးမှုအတွင်း လျှို့ဝှက်နယ်မြေတွင် ရှာဖွေတွေ့ရှိသော ရတနာအပေါ်တွင်လည်း အကျိုးသက်ရောက်မှုရှိသည်။ ယှဉ်ပြိုင်သူအနေဖြင့် ကံကောင်းပြီး အထွတ်အထိပ် လက်နက်များကို ရရှိနိုင်ပါကလည်း အသုံးပြုလို့ မရသေးသည့် အခြေအနေ ဖြစ်သည်။

သို့သော် ဓား၊ ဓားမြောင်နှင့် လှံတံများက ထိုကဲ့သို့သော အခြေအနေမှာပင် အတော်လေး တန်ဖိုးရှိသည်။ ထိုလက်နက်များ၏ သဘာဝအရ ချွန်ထက်မှုနှင့် ဖျက်စီးနိုင်စွမ်းက တိုက်ခိုက်သည့်အခါ ကိုယ့်ဘက်တွင် အလေးသာစေသည်။

ဝမ်ဝေ့က သိုလှောင်လက်စွပ်ထဲကို ကြည့်ကာ အဆောင်သုံးရွက်ကို ထုတ်ယူလိုက်သည်။ ထိုအဆောင်များက နောက်ထပ် အကြံအစည်အတွက် အဓိကပစ္စည်းများဖြစ်သည့်အတွက် သေချာအလုပ်လုပ်သေးရဲ့လားဆိုတာကို သေချာအောင် ပြုလုပ်နေသည်။

သို့သော် အဆောင်ကို ထုတ်ယူပြီး ခဏအကြာတွင် ခေါင်းပေါ်တွင် မျက်လုံးတစ်လုံး ထွက်လာပြီး အဆောင်ကို စစ်ဆေးကာ ပျောက်ကွယ်သွားသည်ကို ဝမ်ဝေ့ သတိထားမိသွားသည်။ ထိုအရာက စည်းကမ်းလိုက်နာလားဆိုတာ စစ်ဆေးရန် ကောင်းကင်တာအို ထည့်သွင်းထားသည့် လုံခြုံရေးစနစ် ဖြစ်လိမ့်မည်မှန်း သူ သိသည်။

ဥပမာအားဖြင့် ထိုအဆောင်များက စွမ်းအားကြီးသော အရာများဖြစ်ပါက ချက်ချင်း ပိတ်ဆို့ခံရမည်ဖြစ်ပြီး ဝမ်ဝေ့ လုပ်နိုင်သည့်အရာ ဘာမှမရှိနိုင်ပေ။ ထိုအကြောင်းကို စဉ်းစားပြီး ဝမ်ဝေ့ သူ အင်အားမဲ့ခြင်းနှင့် ကောင်းကင်တာအို၏ အကြံဉာဏ်ကို ဘဝင်မကျဖြစ်မိသည်။

လွတ်လပ်ခြင်းကို နှစ်သက်သည့် သူ့လိုလူအတွက် တစ်စုံတစ်ယောက်က ခေါင်းပေါ်မှာနေပြီး ဘာလုပ်ပါ၊ ဘာမလုပ်နဲ့ ဟု ပြောဆိုနေခြင်းက စိတ်ကျေနပ်စရာ မကောင်းလှပေ။ သို့သော် ယခု သူ အဆင်ပြေနေသေးသည်။

အနည်းဆုံးတော့ အခုထိပေါ့…

အရာအားလုံး အစီအစဉ်တကျ ဖြစ်၊ မဖြစ် စစ်ဆေးပြီးနောက် ဝမ်ဝေ့ သူ့ ဘယ်ဖက်လက်မောင်းပေါ်မှာ မြားဒဏ်ရာကို ကုသရန် သေချာအနားယူတော့သည်။

တောင်ပိုင်းနယ်မြေတွင် ကျီစုန့်က တာအိုအခွင့်အလမ်းဂိုဏ်း၏ သခင်လေးနှင့် တွေ့ဆုံရန် အရှေ့မြောက်အရပ်သို့ ဦးတည်လာနေသည်။

လမ်းလျှောက်နေစဉ် သူ စတင်စဉ်းစားလိုက်သည်

“ အစ်ကိုကြီး ပြောတာအရတော့ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို ဖန်တီးခဲ့တဲ့ ရှေးဟောင်းခန္ဓာဧကရာဇ်က စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုရဲ့ လျှို့ဝှက်နယ်မြေထဲမှာ အရေးကြီးတဲ့ တစ်စုံတစ်ခုကို ချန်ကို ချန်သွားရမယ်။ အဲဒါကို ရဖို့ဆိုရင် တာအိုအခွင့်အလမ်းဂိုဏ်းက အဲဒီလျှို့ဝှက်နယ်မြေကို ဖွင့်ဖို့ အကြမ်းခံပုဆိန်ခန္ဓာပိုင်ရှင်ရဲ့ သွေးကို လိုအပ်တယ်။ အဲဒါကြောင့် ငါ့ကို မျှားခေါ်ဖို့ သတင်းလွှင့်လိုက်တာ။ ကြည့်ရတာ ငါ့ကို ထောင်ချောက်တစ်ခုက စောင့်ကြိုနေပြီ ထင်တယ်”

ထိုအရာကို စဉ်းစားပြီး ကျီစုန့် လှောင်ရယ်လိုက်မိသည်။ ဒုတိယမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်နှင့် ယှဉ်နိုင်သော ခွန်အားရှိနေသည့်အတွက် သူ ဘယ်သူ့ကိုမှ မကြောက်ရွံ့ပေ။

ရုတ်တရက် ကျီစုန့် တာအိုနှလုံးသား ပြုပြင်မွမ်းမံရေး မျှော်နန်းဆောင်တွင် ခံစားခဲ့ရသည့် လှောင်ပြောင်မှုကို စတင်စဉ်းစားလာမိသည်။ တာအိုအခွင့်အလမ်းဂိုဏ်း၏ သခင်လေးက ထိုမျှော်နန်းဆောင်တွင် သူ့စံချိန်ကို ချိုးသွားသည်။ သူ့ဘဝတွင် ထိုကဲ့သို့သော ရှုံးနိမ့်မှုမျိုးကို ဘယ်တုန်းကမှ မခံစားခဲ့ဖူးပေ။

ကျီစုန့်ကို ပိုပြီး စိတ်တိုသွားစေသည့်အကြောင်းအရင်းက သူ ပါဝင်ခဲ့သော လေးခုမြောက် စစ်ဆေးမှုတွင် သူ အများကြီး အကျိုးအမြတ် ရရှိခဲ့သည်။ စစ်ဆေးမှုတစ်ခုပြီးတိုင်း သူ့တာအိုနှလုံးသား သန့်စင်ခံထားရသည်။ သို့သော် သူက အဆင့်တိုင်း ပါဝင်ယှဉ်ပြိုင်ခွင့် မရှိခဲ့ပေ။

သူ့မိသားစုမှ စစ်ဆေးမှုတွင် ဆက်လက်ပါဝင်ခွင့်ပေးရန် တောင်းဆိုခဲ့သော်လည်း သူတို့က တွေဝေခြင်းမရှိ ငြင်းဆိုခဲ့သည်။ သူ ကျန်ရှိသည့် စစ်ဆေးမှုငါးခုကို ပါဝင်ခွင့် မရသည့်အတွက် သူ အမြဲတမ်း တစ်ခုခုလိုနေသလိုမျိုး ခံစားခဲ့ရသည်။

ကျီစုန့် ထိုအခြေအနေများကို ပြန်လည်တွေးတောပြီးနောက် ပိုပြီး ဒေါသထွက်လာသည်။ သူ ရုတ်တရက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ မြေပြင်ကို ထိုးနှက်လိုက်သည်။

မြေပြင်၏ ဘေးပတ်လည် စင်တီမီတာအနည်းငယ်အထိ ကွဲအက်သွားသည်။

ဒေါသကို လွှတ်ထုတ်ပြီးနောက် ကျီစုန့် ခရီးဆက်ခဲ့သည်။ သူ ဗဟိုနယ်မြေမှ အရှေ့မြောက်နယ်မြေသို့ ရောက်ရန် တစ်လကျော် ခရီးနှင်ခဲ့ရသည်။ လချီပြီးကြာသော ခရီးဖြစ်သည့်အတွက် လူအများစုက ကျီစုန့်ကို တိုက်ခိုက်ဖို့ကြိုးစားသော်လည်း သူတို့အားလုံး မြှုပ်နှံခံလိုက်ရသည်။

အရှေ့မြောက်ပိုင်း နယ်မြေသို့ ရောက်ရှိသွားသည့်အခါ သူ့အစ်ကိုကြီးက အမြဲတမ်း သတိထားဖို့ ပြောသည့်အတွက် ဝမ်ဝေ့ကို ရှာဖို့ တန်းမသွားခဲ့ပေ။

သူက ဝမ်ဝေ့အပေါ်တွင် ထားခဲ့သည့် ခြေရာခံအဆောင်ကို ကြည့်ကာ သူသွားခဲ့သည့် နေရာအားလုံးကို ကြည့်ရှုလိုက်သည်။ ဝမ်ဝေ့၏ အခြေစိုက်စခန်းက တစ်ချိန်လုံး တစ်နေရာထဲမှာသာ ရှိခဲ့ကြောင်း သိလိုက်ရသည်။ ရှေးဟောင်းခန္ဓာဧကရာဇ်၏ လျှို့ဝှက်နယ်မြေလည်း ထိုနေရာတစ်ဝိုက်တွင် ရှိလိမ့်မည်ဟု သူ ယူဆသည်။

ထို့နောက် ကျီစုန့်က သိုလှောင်လက်စွပ်ထဲမှ ပုန်းကွယ်နေသော အဆောင်ကို ထုတ်ယူလိုက်သည်။ စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှု ဒုတိယအပိုင်းတွင် ယှဉ်ပြိုင်သူတစ်ယောက်ချင်းစီ အချင်းချင်း သတ်မှတ်ထားသော အကွာအဝေးအထိ နီးကပ်လာပါက တည်နေရာကို အသိပေးလိုက်မည် ဖြစ်သည်။ ထိုအဆောင်က သူ့ကို ဒီလိုမျိုး အသိပေးခြင်းမှ ကာကွယ်ပေးသည်။

သူ အရာအားလုံးကို ပြင်ဆင်ပြီးနောက် ဝမ်ဝေ့ကို ခြေရာခံကာ စတင်လေ့လာလိုက်သည်။

ကျီစုန့် ထိုနေရာသို့ ရောက်သွားသည်နှင့် ဝမ်ဝေ့က သူ့တည်ရှိမှုကို သေချာပေါက် သတိပြုမိသည်။ မဟာအကြီးအကဲဝမ်ဖူမှ ခြေရာခံအဆောင်ကို ပြုပြင်မွမ်းမံပေးလိုက်သည့်အတွက် သူလည်း ကျီစုန့်၏ တည်နေရာကို သိနိုင်သည်။

သူ ရောက်လာသည့်အခါ အော်ခေါ်လိုက်သည်

“ အိမ်ရှေ့စံမင်းသား ကျီစုန့် ထွက်လာခဲ့ပါ။ ဒီနေရာမှာ ရှိနေတယ်ဆိုတာ ကျွန်တော် သိတယ်နော်”

ကျီစုန့်က ပုန်းကွယ်အဆောင်၏ အကျိုးသက်ရောက်မှုကို ဖယ်ရှားကာ ပြောလိုက်သည်

“ ငါ့အစ်ကို ပြောတာ မှန်တယ်။ မင်းတို့ တာအိုအခွင့်အလမ်းဂိုဏ်းက ငါ့ကို ထောင်ချောက်ဆင်ထားတာပဲ။ ဟုတ်တယ်မလား ဂိုဏ်းချုပ်ငယ်လေး ဝမ်ဝေ့”

“ အိမ်ရှေ့စံမင်းသားက ဒီမှာပဲ”

“ ကျန်တဲ့သူတွေရော ဘယ်မှာလဲ။ မင်း ငါ့ကို တစ်ယောက်တည်း အနိုင်ယူနိုင်မယ်လို့တော့ မထင်ဘူးနော်။ မင်းရဲ့ အဖော်လေးရော ဘယ်မှာလဲ။ သူ့ နာမည်က ဘာပါလိမ့်။ လီကျန်းများလား”

“ စိတ်ဝင်စားစရာပဲ” ဝမ်ဝေ့က အနည်းငယ် အံ့ဩစွာဖြင့် ပြောလိုက်သည်

“ ခင်ဗျားလိုလူက တစ်ဖက်လူကို ခံစားချက်ကို နှိုးဆွပေးတတ်တဲ့သူဆိုတာ ဘယ်သူက သိခဲ့မှာလဲ။ ကြည့်ရတာ ခင်ဗျားအစ်ကိုက ခင်ဗျားကို သင်ပေးဖို့ အချိန်တော်တော်ယူခဲ့ရပုံပဲ”

“ မင်း…”

“ လုံလောက်ပါတယ် အိမ်ရှေ့စံမင်းသား ကျီစုန့်။ ကျွန်တော်တို့လိုမျိုး ဂုဏ်သိက္ခာရှိရှိနဲ့ အထွတ်အထိပ်ပုလ္လင်ပေါ်မှာ ထိုင်ချင်ကြတာလေ။ ဒီမှာ ခင်ဗျားနဲ့ ကျုပ်ပဲ ရှိတယ်။ တိုက်ခိုက်လိုက်ရအောင်”

ကျီစုန့်က သူ့ကိုယ်သူ စိတ်ငြိမ်အောင် ကြိုးစားလိုက်သည်။ ဝမ်ဝေ့ ပြောသည့်အတိုင်း အရေးကြီးသည့် တစ်ခုတည်းသော အရာက သူတို့နှစ်ယောက်ကြားမှ တိုက်ပွဲ ဖြစ်သည်။ မဟာဧကရာဇ် ဖြစ်လာဖို့ ရည်မှန်းချက်ရှိသူများအနေဖြင့် အချိန်အများစုတွင် လက်သီးကိုသာ အသုံးပြုပြီး စကားပြော ညှိနှိုင်းနိုင်သည်။

ကျီစုန့်က ဝမ်ဝေ့ဆီ အမြန်ပြေးလာကာ စွမ်းအားအကုန်သုံးပြီး သူ့ကို ထိုးနှက်လိုက်သည်။ ဆန်းကြယ်အခြေအနေသို့ ဝင်ရောက်နေသည့် ဝမ်ဝေ့က ခေါင်းကို အသာလေး ရှောင်ရှားလိုက်သည်။ သို့သော် နား၏ ဘေးသို့ လေတိုက်သွားသံကို ကြားလိုက်ရသည်။

ထိုလက်သီးချက်က ဘယ်လောက်ထိ အားပြင်းလဲဆိုတာကို သူ ချက်ချင်း သိလိုက်သည်။ သူ ကျီစုန့်၏ လက်သီးဖြင့် တစ်ချက်လောက် အထိုးခံရလျှင်ပင် သူ ဤတိုက်ပွဲကို ရှုံးနိမ့်သွားနိုင်ကြောင်း ဝမ်ဝေ့ သိလိုက်ရသည်။ ထို့အပြင် ကျီစုန့်၏ အလျင်က ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူများနှင့် တူညီနေခြင်းမျိုး မဟုတ်သော်လည်း သူ့အရှိန်ကတော့ နှေးကွေးနေသေးသည်။

ဝမ်ဝေ့သာ ဆန်းကြယ်အခြေအနေသို့ မရောက်ရှိနေပါက သူ့အရှိန်နှင့် တုံ့ပြန်မှုက အိမ်ရှေ့စံမင်းသား ကျီစုန့်ကို မယှဉ်နိုင်ပေ။ လူအများက ထူးခြားခန္ဓာရှိသည့်သူများကို အားကျသည်မှာ အဆန်းမဟုတ်တော့ပေ။

ဤတိုက်ပွဲက သူ စိတ်ကူးယဉ်ထားသည်ထက် ပိုမိုခက်ခဲမည်ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် ဝမ်ဝေ့ သက်ပြင်းချလိုက်မိသည်။

All Chapters