← Chapters

ဖရိုဖရဲ အခြေအနေ အပိုင်း(၁)

Vol. 50 Ch. 692

ဖရိုဖရဲ အခြေအနေ အပိုင်း(၁)

Vol. 50 Ch. 692

ကျန်းပိယုက သူမဘေးနားမှ လူများကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လိုက်သည်။ သူမ၏ ဝန်းကျင်တွင် တာအိုစည်းချက်များ ထွက်ပေါ်နေပြီး မိုးမြေနှင့် သဟဇာတ ဖြစ်နေဟန်ပေါ်၏။ ထိုအရာက နည်းစနစ်တချို့ မဟုတ်သလို သူမ၏ ကြိုးစားမှုကြောင့်လည်း မဟုတ်ဘဲ သူမ၏ တာအိုနှလုံးသားနှင့် ကြည်လင်သည့် စိတ်အနေအထားက တာအိုကို နားလည်စေသည့် ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိစေသောကြောင့် ဖြစ်သည်။

သူမက သူမရှေ့မှ လူလေးယောက်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်ကာ သုံးသပ်လိုက်၏။ ထိုလေးယောက်ထဲမှ သုံးယောက်သည် တူညီသည့်အရာတစ်ခု ရှိနေသည်ကို အလျင်အမြန် သတိပြုမိသွားသည်။ သူတို့က အသားအရည် ဖြူဖျော့နေခြင်း ဖြစ်၏။

ယင်ဓာတ်များလွန်းတာက ဒီလိုဖြစ်လာစေတာပဲ…

သူတို့ရဲ့ ကျင့်ကြံရေးနည်းစနစ်က ခန္ဓာကိုယ်ကို လျစ်လျူရှုထားပြီးတော့ ဝိညာဉ်ကို အလေးပေးတယ်။ ပြောရမယ်ဆိုရင် သူတို့က ခန္ဓာကိုယ်ကို လုံးဝပစ်ပယ်ထားတဲ့ပုံပဲ…

သူမက သုံးသပ်လိုက်သည်။ ထိုစဉ် အနည်းငယ် အသားအရည် သွေးနီရောင် ရှိသေးသည့် နောက်ဆုံးလူတစ်ယောက်က ကြွက်သားပြိုင်းပြိုင်းရှိပြီး နှစ်မီတာ မြင့်မားလေသည်။

ကျန်းပိယုက သူ့သွေးကြောအတွင်း စီးဆင်းနေသည့် သွေးများကိုပင် ကြားနေရသည်။

အားကောင်းတဲ့ရုပ်ခန္ဓာပဲ။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်မှုကတော့ နိမ့်ကျတယ်…

အစစ်အမှန် ခန္ဓာကိုယ်သန့်စင်သူ ပညာရှင်များက သူတို့၏ ခန္ဓာကိုယ်အတွင်း သွေးစွမ်းအားကို ပိတ်ဆို့ထားသည့်အတွက် သာမန်လူနှင့် မကွဲပြားပေ။ သူတို့တွင် အားကောင်းသည့် ခန္ဓာကိုယ်ရှိကြောင်း မည်သူ့ကိုမှ မသိလိုပါက မည်သူကမှ သတိထားမိမည် မဟုတ်ပေ။

“ရှင်က ဘယ်သူလဲ”

“ငါ့ကို တစ္ဆေသခင်လို့ ခေါ်လို့ရတယ်။” ထိုလေးယောက်အဖွဲ့၏ ခေါင်းဆောင်က ပြောလိုက်သည်။ ထိုအရာက သူ့နာမည်လည်း မဟုတ်သလို ဂုဏ်ပုဒ်လည်း မဟုတ်ဘဲ ယခုလေးမှ အသုံးပြုဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

“ရှင်က ဒီက မဟုတ်ဘူးမလား”

“မဟုတ်ဘူး။ ငါတို့က တစ္ဆေမသေမျိုးကမ္ဘာကပဲ”

“ကျွန်မ သိပြီ။ ဘာလို့ ကျွန်မကို သတ်ချင်တာလဲ”

“ဘာရယ်ကြောင့်ရယ် မဟုတ်ပါဘူး။ ငါတို့က စစ်ဆေးမှုကို အောင်မြင်ပြီး ထာဝရအထွတ်အထိပ် အမွေအနှစ်ကို ရဖို့လိုနေရုံပဲ”

“အမွေအနှစ်တဲ့လား။ ရှင်တို့တွေက အမွေအနှစ်တစ်ခုအတွက် အသင်္ချေအင်ပါယာကမ္ဘာကလူတွေကို ဘာလို့ ပစ်မှတ်ထားနေရတာလဲ”

“ဟမ်” တစ္ဆေသခင်က ထိုအကြောင်းကို မတွေးမိပေ။ ထို့ကြောင့် သူမ ထုတ်ပြောလိုက်သည့်အခါ သူ့အနေနှင့် ထိုအမွေအနှစ်ကိစ္စတစ်ခုလုံးသည် သံသယဖြစ်ဖွယ် ကောင်းလာသည်ဟု ခံစားမိလာသည်။ အထူးသဖြင့် ကိစ္စများက ရုတ်ချည်း ဖြစ်ပေါ်လာသည့်အခါတွင် ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူက ထိုအရာကို အပိုင်ယူဖို့ ကြိုးစားကြည့်ချင်မိသေးသည်။

သူ့အင်အားစုက ထာဝရဧကရာဇ် မပျိုးထောင်နိုင်သည့်အတွက် ထာဝရအထွတ်အထိပ်ကို ဆိုထားဖို့ပင် မရှိတော့ပေ။ ထိုကျမ်းကို သူ့လက်အတွင်း ရရှိခြင်းက သူသည် ထိုအရာမှ သင်ယူကာ သူ့အုတ်မြစ်ကို ပြန်လည်ဖွဲ့စည်းပြီး တာအိုသက်သေပြနိုင်ချေကို တိုးမြင့်နိုင်လိမ့်မည်။

“အဲဒီဧကရာဇ်က မင်းတို့ကမ္ဘာနဲ့ ရန်ကြွေးရှိတာ ဖြစ်မှာပေါ့။ ဘာဖြစ်ဖြစ် ငါက အမွေအနှစ်ကိုပဲ ဂရုစိုက်တယ်”

ကျန်းပိယုက သက်ပြင်းချလိုက်သည်။ သူမက စွမ်းအားကဲ့သို့ အရာများအတွက် တခြားသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရသည်ကို သဘောမကျပေ။ အကယ်၍ သူမတွင် ရွေးချယ်စရာ ရှိပါက မဟာဧကရာဇ်အဆင့် ရောက်သည်အထိ ဖြည်းဖြည်းချင်း ကျင့်ကြံပြီး ကျင့်ကြံရေးလမ်းစဉ်၏ ပထမအဆင့်ဖြစ်သည့် မသေမျိုးလမ်းစဉ်ကို ရယူလိမ့်မည်။

ကံဆိုးစွာဖြင့် ကမ္ဘာကြီးက သူမဝန်းကျင်တွင် လှည့်ပတ်နေခြင်း မဟုတ်ပေ။ သူမက ကံအနှောင်အဖွဲ့များမှ လွတ်မြောက်စွာ မနေနိုင်ပေ။

သေမျိုးလောကကြီးက စိတ်ဆန္ဒ၊ စိတ်ခံစားချက်နဲ့ ရည်မှန်းချက်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုပဲ။ ကံနှောင်ကြိုးတွေနဲ့လည်း ရစ်ပတ်နေတယ်။ ကံဆိုးတာက ကျင့်ကြံသူကတောင် အဲဒီအခြေအနေက မလွတ်မြောက်နိုင်ဘူး…

ကျန်းပိယုက သူမ၏ လိုအင်ဆန္ဒသည် အစကတည်းက ဟာကွက်ရှိကြောင်း သိထားသည်။ မည်သည့်ကျင့်ကြံသူကမှ ကံသက်ရောက်မှုမရှိဘဲ ကျင့်ကြံနိုင်မည် မဟုတ်ပေ။ ထို့အပြင် သူတို့က အတွေ့အကြုံ၊ စွန့်စားမှုနှင့် ကပ်ဘေးမြောက်များစွာကို ဖြတ်ကျော်ပြီး တာအိုနှလုံးသားနှင့် စိတ်အခြေအနေကို လေ့ကျင့်နိုင်ကြသည်။ ထိုသဘောတရားက ခါးသီးမှု ဒုက္ခပင်လယ် စစ်ဆေးမှုဟုပင် ခေါ်ဆိုကြ၏။

နှမြောစရာကောင်းလှသည်က လောကီရေးရာကိစ္စများနှင့် လိုအင်ဆန္ဒများမှ လွတ်မြောက်လိုသည့် သူမ၏ စိတ်ဆန္ဒက မဖြစ်နိုင်ပေ။ သူမက ဓာတ်ငါးပါးနန်းဆောင်၏ အမွေဆက်ခံသူ ဖြစ်၏။ ထိုသို့သော ကံကြွေးက သူမ၏ အေးချမ်းမှုလမ်းစဉ်ကို နှောင့်ယှက်နေသည်။

သူမ၏ နောက်တွင် ဓမ္မခန္ဓာကိုယ်တစ်ခု ပေါ်ထွက်လာပြီး တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်သည်။

တစ္ဆေသခင်က သူမ၏ အရှိန်အဝါကို အာရုံခံမိပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။ သူက သူ့ကိုယ်သူ ယုံကြည်ချက်ရှိနေဆဲ ဖြစ်၏။

မြေကမ္ဘာ ဖိနှိပ်ခြင်း

ကျန်းပိယု၏ ဓမ္မခန္ဓာကိုယ်က လက်ကို ဝှေ့လိုက်ပြီး ဧရာမတောင်ကြီးကို ဖန်တီးလိုက်သည်။ ကြောက်မက်ဖွယ် ဖိအားတစ်ခုက တစ္ဆေသခင်ကို လွှမ်းခြုံသွားသည့်အတွက် သူ့ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်လာကာ သွေးအိုင်အတွင်း ချေမွခံရလုနီးပါး ဖြစ်လာသည်။

ကံကောင်းစွာဖြင့် သူက သူ့ကိုယ်သူ အားကောင်းသည့် ဝိညာဉ်စွမ်းအားဖြင့် လွှမ်းခြုံပြီး ဖိအားကို ပိတ်ဆို့ထားလိုက်သည်။ သူက လက်ကို မြှောက်ကာ လက်ဝါးအထက် တောင်ငယ်တစ်ခုကို ဖန်တီးပြီး ဖိအားကို ပြန်လည်ရင်ဆိုင်လိုက်၏။

မြေကမ္ဘာ စည်းမျဉ်း

ကျန်းပိယုက သူမ၏ ခန္ဓာကိုယ်မှ ထူးထူးဆန်းဆန်း အရှိန်အဝါကို မထုတ်လွှင့်ခင် တွေးလိုက်မိသည်။

တစ္ဆေသခင်သည် သူ့မြေကမ္ဘာ စည်းမျဉ်းထိန်းချုပ်ဖို့ ခက်ခဲနေကြောင်း တွေ့သည့်အခါ အမူအရာ ပြောင်းလဲသွား၏။ ထိုအရာက သူသည် မြေကမ္ဘာစည်းမျဉ်းပိုင်ရှင်နှင့် တွေ့ဆုံရသလိုမျိုး ဖြစ်ကာ သူကသာ ငှားယူသည့်သူမျိုး ဖြစ်နေသည်။

ဒီလိုမျိုး ဓာတ်ငါးပါးစည်းမျဉ်းကို ကြောက်မက်ဖွယ် ထိန်းချုပ်မှုမျိုး ရှိနေတာပဲ…

တစ္ဆေသခင်က သူ့ဝိညာဉ်စွမ်းအားကို တိုးမြှင့်လိုက်သည့်အတွက် မြေကမ္ဘာစည်းမျဉ်းကို ထိန်းချုပ်နိုင်စွမ်း အနည်းငယ် မြင့်တက်လာသည်။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက် တောင်ကို လောင်ကျွမ်းပစ်သည့် မီးတောက်ကို ဖန်တီးလိုက်၏။

ကျန်းပိယုကလည်း လက်ဝှေ့လိုက်သည်။ သူမ၏ တောင်က မီးတောက်ကို စုပ်ယူကာ မီးတောင်အဖြစ် ပြောင်းလဲသွားပြီး အာကာပြင်ကိုပင် ပျော်ကျသွားစေနိုင်သည့် ချော်ရည်ပူများ ပန်းထွက်လာသည်။

တစ္ဆေသခင်က သူ၏ မီးတောက်စည်းမျဉ်းကို အသုံးပြုကာ အလျင်အမြန် လှုပ်ရှားလိုက်သည်။ သူက မီးတောက်နှင့် မြေကမ္ဘာစည်းမျဉ်းနှစ်ခု ကိုင်ဆောင်သူဖြစ်ပြီး မြေကမ္ဘာမီးတောက် တာအိုလမ်းစဉ်ကို လျှောက်လှမ်းနေသူ ဖြစ်ပေသည်။

သူက ထိုစည်းမျဉ်းနှစ်ခုကို ပေါင်းစပ်ကာ သူနှင့် သူ့အပေါင်းအပါများကို ကာကွယ်ဖို့ ချောရည်ပူ ဒိုင်းကာကို ဖန်တီးလိုက်၏။

ကျစ် သူမက အားကောင်းနေတာပဲ။

သူက တွေးလိုက်မိသည်။

ဖူး

တစ္ဆေသခင်က သူ့ခန္ဓာကိုယ်ထဲ တစ်စုံတစ်ခု ထိုးဖောက်သွားသည့်အတွက် သွေးအန်လိုက်ရသည်။ သူက ငုံ့ကြည့်လိုက်သည့်အခါ ထိုတရားခံက သစ်ကိုင်းတစ်ခု ဖြစ်နေ၏။ သူ့အနီးနားရှိ ချောရည်ပူထဲမှ ကျန်းပိယုသည် ထိုအရာကို သစ်သားဓာတ်အဖြစ် ပြောင်းလဲကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

“ငါ ထင်ထားတဲ့အတိုင်း ငါတစ်ယောက်တည်း မင်းကို မနိုင်ဘူးပဲ”

သူ့နဖူးအထက် ရွှေရောင်တစ်ခု ထွက်ပေါ်လာကာ သူ့ပုံစံအဖြစ် ပြောင်းလဲသွားသည်။ တစ္ဆေသခင်၏ ဝိညာဉ်က သူ့ဖြူဖျော့နေသည့် ခန္ဓာကိုယ်ကို ကြည့်ကာ ခန္ဓာကိုယ် ပျက်သုဉ်းသွားမှုကို ဂရုစိုက်ဟန်မပေါ်ပေ။။

ငါက ငါ့ကိုယ်ငါ လေ့ကျင့်ဖို့ ကျန်ရှိတဲ့ ယန်စွမ်းအားကို ဆက်ပြီးအသုံးပြုချင်တာ။ ဒါပေမဲ့ မဖြစ်နိုင်တော့ဘူး ထင်တယ်…

သူ့ခန္ဓာကိုယ်က အားနည်းလွန်းလှသည့်အတွက် ကုသဖို့ အရင်းအမြစ်မြောက်များစွာ မရှိသရွေ့ အကောင်းအတိုင်း အသက်မရှင်နိုင်ကြောင်း သိလိုက်သည်။ သို့သော် ထိုအရာက မထိုက်တန်ပေ။

“သူမကို အတူတူတိုက်ကြစို့” သူက သွေးအစေခံဖြစ်သည့် ခန္ဓာကိုယ်ကျင့်ကြံသူထံ အမိန့်ပေးလိုက်သည်။ တစ္ဆေမသေမျိုးကမ္ဘာတွင် ကျင့်ကြံသူများက ခန္ဓာကိုယ်အသက်ရှည်မှု လမ်းစဉ်အတွင်း အတားအဆီးအဖြစ်သာ မြင်ကြသည့်အတွက် ၉၉ရာခိုင်နှုန်းလောက်က ပစ်ပယ်ကြသည်။

ကျန်ရှိနေသည့် ရာခိုင်နှုန်းအတွက်မူ သူတို့က ခန္ဓာကိုယ်နှင့် ဝိညာဉ်လေ့ကျင့်ခြင်းကို ယုံကြည်ထားကြသည်။ ကံဆိုးစွာဖြင့် မိုးမြေစည်းမျဉ်းနှင့် ကျင့်ကြံရေးနည်းစနစ်က ထိုလုပ်ငန်းစဉ်ကို ပိုမိုခက်ခဲစေ၏။

အဆင့်တစ်ခုအထိ ရောက်ရှိအောင် ခန္ဓာကိုယ်ကို လေ့ကျင့်ထားသည့် ကောင်းကင်ရွေးချယ်ခံများက သူတို့၏ ဝိညာဉ်သည် အားဖြည့်ဖို့ရာအတွက် ခန္ဓာကိုယ်၏ သွေးနှင့် ယန်စွမ်းအားများကို အလိုလို စုပ်ယူသည့်ဖြစ်စဉ်ကို ကျော်ဖြတ်ကြရသည်။ ထိုကြောင့် ခန္ဓာကိုယ်ကို အားနည်းကာ ဒဏ်ရာရသွားစေနိုင်သည်။ နှစ်ခုလုံး သန့်စင်နိုင်သည့် လမ်းစဉ်ကို လျှောက်လှမ်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းက ယင်ယန်စည်းမျဉ်းကို နားလည်ပြီး မျှခြေကို ရယူဖို့ ဖြစ်၏။

ကံဆိုးစွာဖြင့် တစ္ဆေမသေမျိုးကမ္ဘာတွင် ကောင်းကင်တာအိုက ယင်ယန်စည်းမျဉ်းကို နားလည်ဖို့ ပိုမိုခက်ခဲအောင် ပြုလုပ်ထားသည်။ ထိုအရာက အထွတ်အထိပ် တားမြစ်ခံစည်းမျဉ်းများကို နားလည်ခြင်းထက်ပင် ပိုမိုခက်ခဲနေ၏။

ထိုသို့ခက်ခဲသော်လည်း တချို့ပါရမီရှင်များက အောင်မြင်ခဲ့ကြသည်။ ထို့ကြောင့် ကျန်ရှိနေသည့် ကမ္ဘာကြီးက ထိုလူများနှင့် တိုက်ခိုက်ဖို့ နေသားကျခဲ့ကြသည်။ သူတို့က ခန္ဓာကိုယ်ကိုသာ လေ့ကျင့်ထားသည့်လူများကို သွေးအစေခံအဖြစ် ထိန်းချုပ်ကာ လေ့ကျင့်ပေးခဲ့၏။

ခန္ဓာကိုယ်သန့်စင်ရေး အရင်းအမြစ်များက တစ္ဆေသခင်၏ ကမ္ဘာတွင် ရှားပါးလှသည်။ ထို့ကြောင့် သူတို့၏ ဧကရာဇ်မျိုးနွယ်မှ အပြည့်အဝ ထောက်ခံမှုရရှိထားသည့် ကောင်းကင်ရွေးချယ်ခံများကသာ သွေးအစေခံကို ရှိနိုင်ကြသည်။ ထို့အပြင် ကောင်းကင်အလိုဆန္ဒတိုက်ပွဲမတိုင်ခင်နှင့် တိုက်ပွဲအတွင်း သူ့ဝိညာဉ်ကို အားဖြည့်ဖို့ ထိုသူအား ဝါးမျိုနိုင်လေသည်။

သွေးအစေခံက ကျန်းပိယုဆီ ပြေးဝင်လိုက်၏။

ဘန်း

သူက ကျန်းပိယုကို ကာကွယ်ထားသည့် ဒိုင်းကာကို ထိမိကာ သူ့လက်သာ ဒဏ်ရာရရှိသွားသည်။ သူက ရွှေဓာတ်စည်းမျဉ်းနှင့် မြေကမ္ဘာစည်းမျဉ်းကို အသုံးပြုကာ အလွန်သိပ်သည်းသည့် သတ္တုကို ဖန်တီးပြီး ဒိုင်းကာအဖြစ် အသုံးပြုခဲ့သည်။

တစ္ဆေသခင်၏ ထိန်းချုပ်မှုအောက်တွင် သွေးအစေခံက ထပ်မံ တိုက်ခိုက်လာသည်။ ရလဒ်အနေဖြင့် သူက မီတာဒါဇင်ချီလွင့်စင်သွားကာ သွေးအန်လိုက်ရ၏။

ကျန်းပိယုက သတ္တု၏ ဂုဏ်သတ္တိများကို ပြောင်းလဲကာ ပြန်ကန်ထွက်သည့် ဂုဏ်သတ္တိမျိုးကို ပေးစွမ်းခဲ့သည်။ ထို့ကြောင့် သတ္တုက အစေခံ၏ တိုက်ခိုက်စွမ်းအားကို ပြန်လည်ထုတ်ဖော်လိုက်ခြင်း ဖြစ်၏။

ထိုစဉ် တစ္ဆေသခင်နှင့် ပါလာသည့် တခြားနှစ်ဦးကလည်း စတင်တိုက်ခိုက်လာကြသည်။ သူတို့၏ နဖူးနှင့် ခေါင်းမှ သံကြိုးများ ထွက်ပေါ်လာပြီး ကျန်းပိယုကို ချိန်ရွယ်လိုက်ကြ၏။

သူမက သူမ၏ ဓာတ်ငါးပါးစည်းမျဉ်းကို အသုံးပြုကာ မိုးကြိုးနှင့် လျှပ်စီးကို ထုတ်ဖော်လိုက်သည်။ သူမက မီးဓာတ်စည်းမျဉ်းနှင့် မရောစပ်ခင် တိမ်တိုက်များကို ဖန်တီးဖို့ ရေဓာတ်စည်းမျဉ်းကိုပင် ထိန်းချုပ်လိုက်၏။

မိုးကြိုးနှင့် လျှပ်စီးများက ယင်သဘာဝများအတွက် သဘာဝရန်သူ ဖြစ်ပေသည်။

ကံဆိုးစွာဖြင့် သူမက ထိုလူများ၏ ဝိညာဉ်အရည်အသွေးကို မှားယွင်းတွက်ချက်မိခဲ့သည့်အတွက် သံကြိုးများက သူမ၏ မိုးကြိုးကို ဖြတ်ကျော်သွားကာ သူမ၏ အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်သွားကြသည်။ ကျန်းပိယု၏ ဝိညာဉ်ကာကွယ်ရေးရတနာက အသက်ဝင်လာကာ သူမ၏ ကမ္ဘာဦးစိတ်ဝိညာဉ် ဝန်းကျင်တွင် ငါးရောင်သွယ်အကာအရံ တစ်ခုပေါ်ထွက်လာပြီး ထိုသံကြိုးများကို တားဆီးပေးထားသည်။

တစ္ဆေသခင်က ထိုအခွင့်အရေးကို ရယူကာ တန်ပြန်တိုက်ခိုက်လိုက်သည်။ သူ့ရှေ့တွင် မီးတောက်လှံ တစ်ခုထွက်ပေါ်လာပြီး ကျန်းပိယုဆီ ပစ်လွှတ်လိုက်၏။

ကံကောင်းစွာဖြင့် သူမသည် တိုက်ပွဲအတွေ့အကြုံတချို့ ရှိထားသည့်အတွက် သူမ၏ ခန္ဓာကိုယ်က အလိုလိုလှုပ်ရှားကာ သတ္တုအဖြစ် ပြောင်းလဲလိုက်သည်။

ကျန်းပိယုက သူမ၏ ခါးမှ ဒဏ်ရာကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။ သူက ရေဓာတ်စည်းမျဉ်းနှင့် သစ်သားစည်းမျဉ်းကို အသက်သွင်းကာ ဒဏ်ရာကို ကုစားလိုက်သည်။

ငါ ဆက်ပြီး တိုက်ရမလား ဒါမှမဟုတ် ထွက်ပြေးလိုက်ရမလား…

သူမက အစကတည်းက အကျိုးကျေးဇူး မရရှိသည့် အသုံးမဝင်ဖွယ် တိုက်ပွဲမျိုးအား တိုက်ခိုက်ရသည်ကို သဘောမကျပေ။

ဒီတိုက်ပွဲကို လေ့ကျင့်မှုတစ်ခုအနေနဲ့ပဲ မှတ်ယူလိုက်ရမလား…

သူမက ရွေးချယ်ဖို့ စဉ်းစားနေရင်း တုံ့ဆိုင်းနေမိသည်။

ထိုစဉ် သူမ၏ စရိုက်ခွဲက အသိစိတ်ပင်လယ်အတွင်းမှ အားလုံးကို လေ့လာစောင့်ကြည့်နေ၏။ တိုက်ပွဲကို မြင်တွေ့ပြီးသည့်နောက်တွင် သူမက ခေါင်းအသာယမ်းလိုက်ပြီး သူမ၏ တိုက်ပွဲအတွေ့အကြုံသည် မည်မျှဆိုးရွားနေကြောင်းသာ ညည်းတွားလိုက်သည်။

ဓာတ်ငါးပါးစည်းမျဉ်း၏ ပညာရှင် တစ်ယောက်အနေဖြင့် သူမ၏ တခြားကိုယ်က မီးတောက်သည် သတ္တုကို ကျော်လွှားနိုင်ကြောင်း သိသင့်ပေသည်။ ထို့ကြောင့် ထိုတိုက်ကွက်များကို ခုခံဖို့ အဘယ်ကြောင့် သတ္တုကို အသုံးပြုခဲ့သနည်း။

ရေက ပြီးပြည့်စုံသည့် တန်ပြန်တိုက်ကွက် ဖြစ်၏။

သို့သော်လည်း ထိုရလဒ်အတွက် သူမကပါ တာဝန်ရှိသူဖြစ်သည့်အတွက် စိတ်ထဲ မထားတော့ပေ။ သူမ၏ တိုက်ပွဲအတွေ့အကြုံများကို လျော့ကျစေဖို့အတွက် တမင်တကာ လွှမ်းမိုးထားခဲ့မိသည် မဟုတ်ပါလော။

ဓာတ်ငါးပါးနန်းဆောင်က သူမကို စည်းပိတ်ခွင့်ပြုကာ နောက်မျိုးဆက်မှ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုဖို့ရာ မျှော်လင့်နေခဲ့မိ၏။

သူမအနေဖြင့် ဝမ်ဝေ့ တာအိုကို သက်သေပြပြီး အပေးအယူကို အဆုံးသတ်သည်အထိ စောင့်ဆိုင်းချင်မိသည်။ နှမြောစရာကောင်းလှသည်က ကိစ္စများက သူမ လိုချင်သည့်အတိုင်း ဖြစ်မလာခဲ့ပေ။

***

All Chapters