ဖရိုဖရဲ အခြေအနေ အပိုင်း(၂)
Vol. 50 Ch. 693
ကျန်းပိယု၏ ပင်မစရိုက်က စရိုက်ခွဲသည် ထိုလူများနှင့် တိုက်ခိုက်နေသည်ကို ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်က ဒဏ်ရာအပြည့်ဖြစ်နေသော်လည်း ဆက်လက် တိုက်ခိုက်နေသေးသည်။
တစ္ဆေသခင်နှင့် သူ့လူများကလည်း အခြေအနေ မကောင်းလှပေ။ တစ်ယောက်က သေလုနီးပါးဖြစ်နေပြီး သူ့ကံကြမ္မာက မရေရာတော့ပေ။
စရိုက်ခွဲ၏ တိုက်ပွဲအတွေ့အကြုံ မြင့်တက်လာသော်လည်း သူမက မပျော်ရွှင်ပေ။ သူမက တိုက်ပွဲကို စွန့်ပစ်ကာ ထွက်ပြေးဖို့ လွှမ်းမိုးကြည့်လိုက်သည်။ သူမ၏ အပြုအမူက အောင်မြင်တော့မည့်ဆဲဆဲတွင် စရိုက်ခွဲက သူမ၏ လွှမ်းမိုးမှုကို လျစ်လျူရှုထားပြီး သူမဘာသာသူမ လေ့ကျင့်ဖို့သာ ရွေးချယ်ခဲ့သည်။
ထို့ကြောင့် သူမက တိုက်ပွဲသည် ဝိညာဉ်စွမ်းအား အမြောက်အများ သုံးစွဲပစ်ပြီး သူမ ပြန်လည်လွှမ်းမိုးလာနိုင်သည့်အချိန်အထိ စောင့်ဆိုင်းနေလိုက်၏။ ထိုကြိုးစားမှုက အောင်မြင်ခဲ့သည်။
ဓာတ်ငါးပါး လွတ်မြောက်ခြင်း
ကျန်းပိယု၏ ကိုယ်ပွားလေးခုက သူမနားတွင် ထွက်ပေါ်လာသည့်အတွက် စုစုပေါင်း ၅ယောက် ဖြစ်သွားလေသည်။ တစ်ယောက်ချင်းစီက သူမနှင့် တူညီသည့် ဒဏ်ရာ၊ အရှိန်အဝါနှင့် ဝိညာဉ်အတက်အကျနှုန်းပင် တူညီကြ၏။ ပထမတစ်ယောက်က မီးတောက်ဥက္ကာပျံအဖြစ် ပြောင်းလဲသွားပြီး မြောက်ဖက်သို့ ပျံသန်းထွက်သွားသည်။
ဒုတိယလူက တိမ်တိုက်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်မှ တခြားသော တိမ်တိုက်များဖြင့် ရောနှောသွား၏။ ထိုနည်းလမ်းဖြင့် သူမသည် တခြားသော သာမန်တိမ်တိုက်များနှင့် ခွဲခြားဖို့ မဖြစ်နိုင်ပေ။
တတိယလူက မြေကြီးဖြင့် ရောနှောကာ ပျောက်ကွယ်သွား၏။ စတုတ္ထမြောက်လူကမူ ဓားအဖြစ် ပြောင်းလဲပြီး တောင်ဖက်သို့ ပျံသန်းထွက်သွားသည်။
နောက်ဆုံးလူက ပေါက်ကွဲထွက်သွားပြီး လူများ၏ အံ့ဖွယ်အသိစိတ်ကို သက်ရောက်မှုရှိနိုင်သည့် ဝတ်မှုန်အမျိုးအစား တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
တစ္ဆေသခင်နှင့်သူ့အဖွဲ့က တုံ့ပြန်မှု နှေးကွေးနေကြ၏။ သူတို့က လှုပ်ရှားဖို့ ကြိုးစားလိုက်သည့်အခါ မည်သည့်အရာက ပင်မခန္ဓာကိုယ်မှန်း မခွဲခြားနိုင်တော့ပေ။
“ကျစ်” တစ္ဆေသခင်က အော်ဟစ်လိုက်၏။ သူ့ခန္ဓာကိုယ် ဆုံးရှုံးသွားပြီး သူ့သွေးအစေခံက ဒဏ်ရာအပြင်းအထန် ရရှိသွားသောကြောင့် ကုသဖို့ရာ အရင်းအမြစ်မြောက်များစွာ လိုအပ်နေသည်။ ထိုဆုံးရှုံးမှုများဖြစ်သော်လည်း သူက ဘာမှပြန်မရလိုက်ပေ။ သူက ပြိုလဲနေသည့် နောက်လိုက်များကို ကြည့်ရင်း ကုသဆေးလုံးတချို့ ပေးလိုက်၏။
“မြန်မြန်ကု။ ငါတို့တွေ တခြားတစ်ယောက်ကို ပစ်မှတ်ထားဖို့ လိုတယ်”
……….
တိုက်ပွဲနှင့် သိပ်အလှမ်းမဝေးသည့် တောင်တစ်ခုအတွင်း
ကျန်းပိယုက တင်ပျဉ်ခွေထိုင်လျက် သူမ၏ အကျိုးအမြတ်များကို ပြန်လည်သုံးသပ်နေသည်။ သူမက တိုက်ပွဲအုတ်မြစ်မြှင့်တင်ဖို့ တိုက်ပွဲကို အသုံးပြုခဲ့သောကြောင့် ထိုလူများ၏ မျှခြေမညီမှုအပေါ် အာရုံစိုက်ထားလိုက်သည်။ ထိုလူများ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကြား ယင်ယန် မမျှတမှု ရှိနေ၏။
ကျန့်အင်္ဂါငါးပါး …မီးဓာတ်…မျှချေ…ဆင့်ကဲမျိုးဆက်နဲ့ ကျော်လွှားမှု…
ယင်ယန်စက်ဝန်း…
သူမက သူမရှေ့တွင် ယင်ယန်စည်းမျဉ်း တချို့ပေါ်ထွက်လာပြီး ဉာဏ်အလင်းပွင့်အခြေအနေသို့ ဝင်ရောက်သွားသည်။ သို့သော်လည်း သူမက ဓာတ်ငါးပါးစည်းမျဉ်းအဖြစ် ပြောင်းလဲမသွားခင် အစိတ်အပိုင်း အနည်းငယ်မျှသာ နားလည်လိုက်သည်။
“ထင်ထားတဲ့အတိုင်းပဲ” ပင်မစရိုက်က ခိုကိုးရာမဲ့စွာဖြင့် ရေရွတ်လိုက်သည်။ စရိုက်ခွဲဖန်ဆင်းမှုက သူမအတွက် ကံကြမ္မာကောင်းမှု ပုံစံတစ်မျိုး ဖြစ်၏။
ထိုအရာက မိုးမြေကြားရှိ စည်းမျဉ်းများအပေါ် နားလည်နိုင်စွမ်းအတွက် သင့်တော်သည့် စိတ်အခြေအနေကို ဖြစ်လာစေသည်။ ဓာတ်ငါးပါးမျှခြေညီရုပ်ခန္ဓာဖြင့် သူမတွင် အားကောင်းသည့် ရုပ်ခန္ဓာနှစ်ခုကို ပိုင်ဆိုင်ထားသလိုမျိုး ဖြစ်၏။
“ဒီပါရမီနဲ့ဆိုရင် သူမက ဓာတ်ငါးပါးကို ယင်ယန်အဖြစ် ပြောင်းလဲနိုင်လိမ့်မယ်။ ယင်ယန်က ထိုက်ကျိအဖြစ် ပြောင်းလဲပြီး ထိုက်ကျီက မူလဘူတ ဖြစ်လာလိမ့်မယ်” သူမက ရေရွတ်လိုက်သည်။
“ငါ့ရဲ့ဗဟုသုတနဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် ထိုက်ကျိတာအိုအတွက် တားမြစ်ခံစစ်ဆေးမှု အောင်မြင်ဖို့ရာ ပြဿနာ မဟုတ်ဘူး။ မူလဘူတအတွက်လည်း မျှော်လင့်ချက်တချို့တော့ ရှိတယ်”
သူမက တောက်ပနေသည့် အနာဂတ်အကြောင်း မတွေးဘဲ မနေနိုင်တော့ပေ။ ဆင့်ကဲမှုတစ်ခုချင်းစီက သူမ၏ စွမ်းအားကို သိသိသာသာ တိုးမြင့်စေနိုင်သည့် စည်းမျဉ်းဆေးကြောမှုတစ်ခုကို ချီးမြှင့်ပေးလာသည့်အတွက် ထိုက်ကျီစည်းမျဉ်းကို တိုက်ရိုက်နားလည်ခြင်းထက် ပိုမိုကောင်းမွန်သည့် အခြေခံအုတ်မြစ် ဖွဲ့စည်းနိုင်လိမ့်မည်။
“နှမြောစရာကောင်းတာက အဲဒီအမျိုးသမီးက ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး”
အကယ်၍ ကိုယ်ပွားတစ်ယောက်ယောက်က ဓာတ်ငါးပါးတာအိုကို မကျင့်ကြံလျှင် သူမက အကျိုးကျေးဇူးရရှိမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့ကို ချုပ်နှောင်ထား၏။
ကောင်းပြီ။ ငါ လုပ်ဖို့လိုတာက စောင့်ဆိုင်းဖို့ပဲ။ ဝမ်ဝေ့ ငါ့ကို လွတ်မြောက်အောင် လုပ်ပြီးတာနဲ့ ငါ့အနာဂတ်က တောက်ပလာလိမ့်မယ်…
ကျန်းပိယုက လွတ်မြောက်မှုကို လိုချင်မိသည်။ ထို့နောက် သူမက ထိုလမ်းစဉ်ကို လျှောက်လှမ်းဖို့ စရိုက်ခွဲကို လွှမ်းမိုးလိုက်သည်။ သူမ အသုံးပြုမည့် ယင်ယန်စည်းမျဉ်းကို နားလည်သွားသည်နှင့် သူမက စရိုက်ခွဲနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်ဖို့ နည်းလမ်းတချို့ကို အသုံးပြုလိမ့်မည်။
ပုံမှန်အားဖြင့် ထိုအချိန်အတွင်း သူမကသာ ပင်မစရိုက် ဖြစ်လာလိမ့်မည်။ သို့သော်လည်း စရိုက်ခွဲကိုမူ ကျင့်ကြံရာနှင့် ပါရမီအသုံးပြုရာတွင် လွှတ်ထားပေးနိုင်သည်။
ပင်မစရိုက်က တည်ငြိမ်ဖို့ရာ အချိန်တစ်ခု ယူလိုက်ရ၏။ သူမက စရိုက်ခွဲ ကျင့်ကြံနေသည်ကို ကြည့်နေရင်း အနာဂတ်အတွက် အစီအစဉ်ကို စဉ်းစားမိလာသည်။
နှလုံးသားငါးခုက စတင်ပြီးလှုပ်ရှားလာပြီ။ သူမက ဒီမျိုးဆက်ရဲ့ မူမမှန်မှုကို သတိထားမိသွားမှာပဲ…
သူမက နှလုံးသားငါးခုကြောင့် စရိုက်ခွဲအပေါ် ထိန်းချုပ်မှု ပျောက်ဆုံးသွားနိုင်ကြောင်း သိထားသည်။ အနာဂတ်တွင် စရိုက်ခွဲက အပြောင်းအလဲများ ပိုမိုရှိလာလိမ့်မည်။
လက်ရှိထိုအရာက ပွင့်ချပ်တစ်လွှာ ထာဝရအရှင် စွမ်းအားပင် မရှိသေးပေ။ သို့သော် နှလုံးသားငါးခု၏ ဝင်ရောက်စွက်ဖက်မှုအပြီးတွင် သူမက ဓာတ်ငါးပါးတာအိုကို ဉာဏ်အလင်းပွင့်ကာ အင်အားသိသိသာသာ တိုးမြင့်လာလိမ့်မည်။
ထို့အပြင် ကောင်းကင်တာအို၏ အာရုံခံမှုကို ရှောင်ရှားဖို့အသုံးပြုထားသည့် အကြောင်းပြချက်က သူမအနေဖြင့် မှတ်ဉာဏ်တချို့ နိုးထလာခဲ့ပြီး အတိတ်ဘဝ၏ စွမ်းဆောင်ရည်များကို ရရှိလာခဲ့ခြင်း ဖြစ်၏။ ကျန်းပိယုက ထိုအမျိုးသမီး၏ ထိန်းချုပ်မှုကို တွေးမိသည့်အခါ နှလုံးသားထဲမှ ဒေါသမီး တောက်လောင်လာရသည်။
စိတ်ငြိမ်ငြိမ်ထား မကြာခင် ငါ လွတ်မြောက်တော့မှာ။ အဲဒီအခါကျရင် ကောင်းကင်အသင်္ချေကမ္ဘာအားလုံးမှာ ငါက တောက်ပတဲ့ အနာဂတ် ရှိလာလိမ့်မယ်။
…………………………………
ဒေါသပိုင်နက်
ဟွမ်ယွမ်က အလောင်းများအပေါ်တွင် ရပ်နေပြီး သူ့ရှေ့တွင် အဖြူရောင်နှင့် အနက်ရောင်စာအုပ်တစ်ခု ရှိနေသည်။ သူ့နောက်တွင်မူ အမျိုးသမီးတစ်ဦးက ဗလာကျင်းသည့် အကြည့်များဖြင့် မတ်တပ်ရပ်နေသည်။ သူက အသက်ရှင်သူတစ်ဦး၏ ဝိညာဉ်ကို ကိုင်စွဲကာ သေခြင်းရှင်ခြင်းစည်းမျဉ်းကို အသုံးပြုပြီး မှတ်ဉာဏ်များကို ရှာဖွေလိုက်၏။
“အသက်ရှည်လမ်းစဉ် ကမ္ဘာကလား”
သူက မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်သည်။
“အဲဒါဆိုတော့ ဒီလူတွေက တခြားတစ်ယောက် အသုံးပြုခံနေရတဲ့ နယ်ရုပ်တွေပေါ့။ ဒါပေမဲ့ ဘယ်သူကလဲ။ ဘယ်သူက အသင်္ချေအင်ပါယာကမ္ဘာကို ပစ်မှတ်ထားနေတာလဲ”
သူက သူ့ရွယ်တူများနှင့် ယှဉ်လိုက်လျှင် အချိန်ကြာစွာ နေထိုင်ခဲ့ပြီး အတွေ့အကြုံများစွာ ရှိခဲ့၏။ သူ့ဇနီး၏ သစ္စာဖောက်မှုအပြီးတွင် ပိုမိုဉာဏ်ကောင်းလာကာ အကွက်ကျကျ စီစဉ်တတ်လာသည်။ အထက်ကမ္ဘာ၏ ယှဉ်ပြိုင်မှုများကို တွေ့ကြုံပြီးသည့်နောက်တွင် ထိုအရည်အချင်းများအတွက် လိုအပ်မှုကို သဘောပေါက်ကာ လေ့ကျင့်ထားခဲ့၏။
ထို့ကြောင့် သူက တစ်နေရာရာမှ လျှို့ဝှက်နယ်မြေတစ်ခု ရုတ်ချည်းပေါ်ထွက်လာသည်ကို ထူးဆန်းသည်ဟု ထင်မိပြီး လူများကို မျှားခေါ်နိုင်သည့်အချက်ကို စဉ်းစားမိလျှင် ထိုနှစ်ခုကို ဆက်စပ်ကြည့်ဖို့ မခဲယဉ်းပေ။
ဒီကိစ္စတွေကို အာရုံမထားဘဲနဲ့ တကယ်လို့ ကောင်းကင်ပြုတ်ကျလာရင်တောင် အဲဒီမသေမျိုးတွေက တောင့်ခံထားလိမ့်မယ်။ ငါ လုပ်ဖို့လိုတာက လက်ရှိအခြေအနေကို အာရုံစိုက်ထားဖို့ပဲ…
သူက မြေပြင်မှ အလောင်းများအား ကြည့်လိုက်သည်။
ဒီလူတွေက တကယ်ကို သက်တမ်းရှည်လျားတာပဲ။ သူတို့ရဲ့ ကျင့်ကြံရေးနည်းစနစ်က သူတို့ရဲ့ ကမ္ဘာက ထူးကဲတဲ့ စွမ်းအင်လိုအပ်နေတာက နှမြောစရာပဲ…
ဟွမ်ယွမ်က မျက်မှောင်ကြုတ်က နက်နက်နဲနဲ စဉ်းစားလိုက်၏။
ငါက သေခြင်းရှင်ခြင်းစာအုပ်ကို အပြည့်အဝ သန့်စင်ပြီး တာအိုရဲ့ ကျောက်ဆူးအဖြစ် ပြောင်းလဲနိုင်ခဲ့တယ် …
ဤနည်းလမ်းဖြင့် သူက စာအုပ်၏ စွမ်းရည်အပြည့်အဝကို ထုတ်သုံးနိုင်ပြီး သေခြင်းရှင်ခြင်းအဖြစ် အားကောင်းသည့် စွမ်းအားတစ်ခုကို အပြည့်အဝ အသုံးချနိုင်လာသည်။ တစ်ခုတည်းသော ဆိုးကျိုးက စာအုပ်တွင် တစ်ခုခုဖြစ်ပြီးသွားပါက သူ့တာအိုအုတ်မြစ်သည်လည်း ဖျက်ဆီးခံရမည်ဖြစ်ကာ ကျင့်ကြံရေးလမ်းစဉ်လည်း ဖြတ်တောက်ခံရလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ဟွမ်ယွမ်က ထိုသို့လုပ်ဆောင်ဖို့ ရွေးချယ်ခဲ့ခြင်းမှာ ဝမ်ဝေ့ထံ ရှုံးနိမ့်ပြီးသည့်နောက်တွင် ထိုသူကို သတ်နိုင်မည့်တစ်ခုတည်းသော နည်းလမ်းအဖြစ် မြင်ခဲ့၍ ဖြစ်သည်။ သို့သော်လည်း ကံကြမ္မာဖိနှိပ်ရေး မဟာမိတ်ဆီ ဝင်ရောက်ပြီး ထိုသူ၏ အစစ်အမှန်စွမ်းအားကို သိရှိပြီးသည့်နောက် သူက အိပ်မက်မက်နေကြောင်း သိရှိသွားခဲ့၏။ ထိုသူ့အား သူ့စွမ်းအားသက်သက်ဖြင့် သတ်ဖို့ရာ မဖြစ်နိုင်ပေ။
ငါက စာအုပ်ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပေမဲ့ ကျင့်ကြံရေးအရ ကန့်သတ်ခံထားရပြီးတော့ အလားအလာအပြည့် ထုတ်မသုံးနိုင်ဘူး…
ပင်ကိုရတနာများက ဧကရာဇ်အသုံးအဆောင်ပစ္စည်းများနှင့် မတူဘဲ အသုံးပြုဖို့ရာအတွက် လိုအပ်ချက် နည်းပါးလေသည်။ သို့သော်လည်း သေမျိုးများက ထိုအရာ၏ စွမ်းအားအပြည့်အဝကို ထုတ်မသုံးနိုင်ကြပေ။
ဒါပေမဲ့ နည်းလမ်းတစ်ခုတော့ ရှိရမယ်။ ဒီလူတွေရဲ့ သက်တမ်းကို ဆွဲနှုတ်ပြီးတော့ စတေးမှုအဖြစ် အသုံးပြုရင်ရော…
သူက ထိုနည်းလမ်းဖြင့် စာအုပ်ဆီမှ စွမ်းအားမည်မျှအသုံးပြုနိုင်မည်ကို စဉ်းစားကြည့်လိုက်မိသည်။ သူက ထိုလူများ၏ အခြေအနေကို သွားရောက်စစ်ဆေးကြည့်ခဲ့၏။
“ငါ သူတို့ကို မသတ်လိုက်သင့်ဘူး။ ကံကောင်းတာက လူတချို့ အသက်ရှင်နေသေးတာပဲ”
သူတို့၏ သက်တမ်းကို ဆွဲယူလိုက်ခြင်းက အသက်ရှင်နေလျှင် ပို၍ အကျိုးကျေးဇူး ရှိလိမ့်မည်။ သူက စာအုပ်ကိုထိန်းချုပ်ကာ သေခြင်းရှင်ခြင်းစွမ်းအားကို အသုံးပြု၍ ထိုလူထဲမှတချို့ကို ကယ်တင်လိုက်ပြီး ပြန့်ကျဲနေသည့် ဝိညာဉ်များကို စုစည်းလိုက်သည်။
ဟွမ်ယွမ်က သူတို့ကို ကယ်ဆယ်ပြီးသည့်နောက်တွင် ပြုံးလိုက်၏။ သူက သူ့ဇနီးဟောင်း ဖန်ချင်းဟန်ကို လှည့်ကြည့်လိုက်၏။
“မင်း မြင်ပြီလား။ မင်းက သစ္စာဖောက်လိုက်ပေမဲ့ ငါက ဧကရာဇ်လမ်းစဉ်အပေါ် ဖြည်းဖြည်းချင်း နီးကပ်လာပြီ”
ဟွမ်ယွမ်က နှာခေါင်းရှုံ့လိုက်၏။ သူမအား အစေခံအဖြစ် သန့်စင်ပစ်ခဲ့သော်လည်း သူမ၏ ဒုက္ခများကို ခံစားနိုင်ဖို့ အသိစိတ်တချို့ကို တမင်ချန်ထားခဲ့သည်။ သူ တာအိုကို သက်သေပြသည်နှင့် သူမ၏ အသိစိတ်ကို လွှတ်ပေးကာ နောင်တတရားတို့ကို ကြည့်ချင်သေးသည်။
ငါ ဒီလိုမျိုး အမှိုက်ဆီမှာ အရင်းအမြစ်တွေ အများကြီး ဖြုန်းတီးပစ်လိုက်တာပဲ…
ဟွမ်ယွမ်က တွေးလိုက်မိပြီး သူမကို ကြည့်ပြီးသည့်နောက်တွင် ရွံရှာမိလာသည်။ သူ့ရှုံးနိမ့်မှုအပြီးတွင် လေလွင့်ကျင့်ကြံသူ မဟာမိတ်အဖွဲ့၏ လူများစွာက သူ့အား သံသယဖြစ်လာကာ သူ့အရင်းအမြစ်များကို လျှော့ချပြီး ကောင်းကင်ရွေးချယ်ခံအဖြစ် ဂုဏ်ပုဒ်ကိုပင် ပြန်လည်ရုတ်သိမ်းလိုကြသည်။
ဟွမ်ယွမ်က ထိုလေလွင့်ကျင့်ကြံသူများသည် မျိုးနွယ်စုကြီးများဖြင့် အဘယ်ကြောင့် မယှဉ်နိုင်ကြောင်း သဘောပေါက်သွားခဲ့၏။ သူတို့က စည်းလုံးညီညွှတ်မှု လိုအပ်နေသည်။ ပြဿနာတစ်ခုခု ရောက်ရှိလာပါက သူတို့၏ သီးခြားဆန်သည့် သဘာဝက ပေါ်ထွက်လာပြီး အချင်းချင်းပင် ပဋိပက္ခဖြစ်တတ်ကြသည်။
ကံကောင်းစွာဖြင့် သူသည် စာအုပ်ကို အပြည့်အဝ သန့်စင်ပြီးသည့်နောက် သူ့စွမ်းအားကို ပြန်လည်ပြသနိုင်ခဲ့၏။ သို့သော်လည်း သူ့ကို မဟာမိတ်သခင်နှင့် မဟာမိတ်၏ အထက်ပိုင်းလူများက မယုံကြတော့ပေ။
ထို့ကြောင့် သူက မဟာမိတ်ကို ထိန်းချုပ်ဖို့ အာဏာကို ဖြည်းဖြည်းချင်း ချုပ်ကိုင်နေရသည်။ သူ့ပါရမီနှင့် စွမ်းအားဖြင့် တခြားသူများကို အနိုင်ပိုင်းပြီး အကြီးအကဲများကို ဖျောင်းဖျဖို့ ပြဿနာ မရှိပေ။ မည်သို့ပင်ဆိုစေကာမူ သူက မဟာမိတ်မှ တခြားလူများသည် ကောင်းကင်ရွေးချယ်ခံတိုက်ပွဲအတွက် သူ့တပ်ဖွဲ့ကို ဦးဆောင်နိုင်လိမ့်မည်ဟု မယုံပေ။
ဟွမ်ယွမ်က ဖန်ချင်းဟန်ကို အသုံးပြုဖို့ ဆုံးဖြတ်ထား၏။ သူမကသာ သူ့ကို သစ္စာ မဖောက်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်ပေသည်။
“တပ်ဖွဲ့တွေကို သွားခေါ်ခဲ့။ ငါတို့တွေ သွားပုန်းရမယ်” သူက အမိန့်ပေးလိုက်ပြီးသည့်နောက်တွင် လက်ရှိ ရုန်းရင်းဆန်ခတ်ကိစ္စများဖြင့် မဖြေရှင်းလိုပေ။
ဟွမ်ယွမ်က လှည့်ကြည့်လိုက်သည့်အခါ ဓားကိုင်ဆောင်ထားသည့် အမျိုးသားက သူ့အား ကြည့်နေသည်ကို မြင်လိုက်ရ၏။ သူက ခြိမ်းခြောက်မှု ခံစားမိလိုက်၍ အလေးအနက် ဖြစ်လာသည်။
***