ဖရိုဖရဲ အခြေအနေ အပိုင်း(၃)
Vol. 50 Ch. 694
“မင်းက ဘယ်သူလဲ” ဟွမ်ယွမ်က အေးစက်စက် အမူအရာရှိသည့်သူကို ကြည့်ရင်း မေးလိုက်၏။ ထိုအမျိုးသား၏ အကြည့်များက တောက်ပနေကာ သူ့အပေါ် ဖိအားဖြစ်စေကာ သားရဲတစ်ကောင်က ကြည့်နေသလိုမျိုး ခံစားရစေသည်။
“အသင်္ချေစည်းမျဉ်းကမ္ဘာက ဓားနတ်ဆိုး တုကူးကျင်း”
ဟွမ်ယွမ်က ထိုနေရာကို တစ်ခါမှမကြားဖူးပေ။ သို့သော်လည်း ဤအရာများကို ဂရုစိုက်နေရမည့် အချိန်မဟုတ်သေးပေ။ သူ့စိတ်က ဤအခြေအနေအပေါ် မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို စတင်စဉ်းစားနေ၏။
“မင်းက ထာဝရအထွတ်အထိပ် အမွေအနှစ်အတွက် ရောက်လာတာလား” သူက သူ့ကိုယ်သူ အချိန်ဆွဲဖို့ ကြိုးစားရင်း စကားပြောလိုက်သည်။
“ဘာအမွေအနှစ်မှ မလိုဘူး”
လူတချို့ကသာ ထာဝရဧကရာဇ်ဖြစ်လိမ့်မည်ဟု ပြောဆိုနိုင်သည်။ ထို့ကြောင့် ဟွမ်ယွမ်သည် ထိုလူ၏ ယုံကြည်ချက်ကို လေးစားရမည်လား သူ့စိတ်ကြီးဝင်မှုကိုပဲ နှာခေါင်းရှုံ့ရမည်လား မသိတော့ပေ။ သူက တစ်စုံတစ်ခုပြောချင်သောလည်း တုကူးကျင်းက စကားကို ဖြတ်ပြောလိုက်၏။
“အချိန်ဖြုန်းမနေနဲ့။ ငါက အင်အားကြီးလူတွေကို စိန်ခေါ်ရတာကိုပဲ ဂရုစိုက်တယ်။ မင်းက ထိုက်တန်တဲ့ ပြိုင်ဘက်ဆိုရင် မင်းအသက်ကို သက်ညှာပေးမယ်” သူက အေးစက်စက် ပြောလိုက်၏။
ဟွမ်ယွမ်က မျက်မှောင်ကြုတ်ကာ “မောက်မာတာပဲ။ ကောင်းပြီလေ”
သူ့ရှေ့တွင် စာအုပ်တစ်ခု ပေါ်ထွက်လာပြီး သေခြင်းရှင်ခြင်း စည်းမျဉ်းက တောက်ပလာသည်။ စာအုပ်၏ ပင်ကိုစည်းမျဉ်းများကို ထုတ်ပြနိုင်သည့် အချက်အရ ဟွမ်ယွမ်တွင် မည်မျှထိန်းချုပ်မှု ကောင်းကြောင်းနှင့် ဆက်နွယ်မှု အားကောင်းကြောင်း ပြသနေ၏။
ဓားနတ်ဆိုး တုကူးကျင်းက ဘာမှမပြောဘဲ ဓားကို ဝှေ့ယမ်းလိုက်ပြီး တစ်ဖက်လူဆီ ရွှေရောင်ဓားကို ပစ်လွှတ်လိုက်သည်။ ဟွမ်ယွမ်က ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်ပြီး တိုက်ကွက်ကို ရင်ဆိုင်လိုက်သည်။
ကံဆိုးစွာဖြင့် ထိုဓားချက်က သူ့တိုက်ကွက်ကို ပိုင်းဖြတ်သွားပြီး သူ့ခန္ဓာကိုယ်ဆီ ကျရောက်လာကာ သူ့ကိုယ်သူ အားအကောင်းဆုံး ဒိုင်းကာဖြင့် ကာကွယ်လိုက်ရသည်။ ထိုဓားချက်၏ ကြောက်မက်ဖွယ် စွမ်းအားက သူ့ကို မီတာဒါဇင်ချီ နောက်ဆုတ်သွားစေ၏။
“ရွှေဓာတ်စည်းမျဉ်း” သူက အမူအရာပျက်ယွင်းသွား၏။ သူသည် သန့်စင်သော ဓားသမားတစ်ယောက်နှင့် တွေ့ဆုံခဲ့သည်ဟု ထင်ခဲ့မိသည်။ သို့သော် သူ မှားယွင်းသွားခဲ့၏။ သူက ပိုမိုကြောက်ဖို့ကောင်းသည့် အရာနှင့် တွေ့ဆုံခဲ့ရသည်။ သူ့ရှေ့တွင် ရှိနေသည့်သူက သူတို့ဓားကို အသုံးပြုကာ စည်းမျဉ်းထိန်းချုပ်နိုင်သည့် ဓားသမား ဖြစ်၏။ ထိုသူက ရွှေဓာတ်စည်းမျဉ်းကို အသုံးပြုခဲ့သည်။ ထိုအရာက ဓားသမားများအသုံးပြုဖို့ သဘောကျကျသည့် ပင်ကိုစည်းမျဉ်းထဲမှ တစ်ခု ဖြစ်သည်။
သို့သော်လည်း တုကူးကျင်းက သာမန်မျှလွဲ၍ ဘာမှမဟုတ်ပေ။ ဓာတ်ငါးပါးတစ်ခုချင်းစီက သူတို့နှင့်သက်ဆိုင်သည့် ဓာတ်သဘာဝ ကိုယ်စီ ရှိကြသည်။ မီးဓာတ်က အရိုင်းဆန်ကာ ပေါက်ကွဲတတ်သည်။ ရေက ကျယ်ပြောကာ အားဖြည့်ပေးပြီး ကြောက်ဖို့ကောင်းနိုင်သည်။ မြေဓာတ်ကမူ ကြံ့ခိုင်မာကြော၏။ သစ်သားကမူ အသက်ဓာတ်ဖြင့် ပြည့်ဝနေသည်။ ထိုစဉ် သတ္တု၏ ပင်မဓာတ်သဘာဝတစ်ခုက ထက်ရှမှု ဖြစ်၏။
တုကူးကျင်းက သူ့ဓားကျင့်စဉ်ကို ထောက်ပံ့ဖို့ ထိုကဏ္ဍကို အလေးထားပြီး တခြားသော အကောင်းဆုံးသော ဓားသမားသက်သက်တချို့ဖြင့် ယှဉ်နိုင်သည့် အဆင့်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ဓားနတ်ဆိုးက တစ်ဖက်လူကို တည်တည်ငြိမ်ငြိမ် ကြည့်နေပြီး ဒုတိယအကြိမ် တိုက်ခိုက်လိုက်၏။
ဟွမ်ယွမ်က ထိုဓားချက်၏ ထက်ရှမှုကြောင့် သူ့မျက်လုံးနှင့် အရေပြားပင် နာကျင်လာသလို ခံစားလိုက်ရသည်။
အလောင်းကောင် တပ်ဖွဲ့
ဟွမ်ယွမ်က အလောင်းကောင် တပ်ဖွဲ့အား ဆင့်ခေါ်လိုက်သည်။ သေချာလေ့လာကြည့်ပါက ထိုလူများ၏ အရိုးစုများသည် အရောင်အမျိုးမျိုး ရှိနေပြီး အနက်ရောင်၊ ငွေရောင်၊ ရွှေရောင်နှင့် သန့်စင်ကျောက်စိမ်းကဲ့သို့ တလက်လက်ထနေသည်များပင် ပါဝင်သည်။ ကံဆိုးစွာဖြင့် ရွှေရောင်ဓားချက်က ထိုလူများ၏ ခန္ဓာကိုယ်ကို တို့ဖူးတုံးကို လှီးဖြတ်လိုက်သလိုမျိုး အလွယ်တကူ ပိုင်းဖြတ်သွား၏။
သံသရာဒိုင်းကာ
သူက သေခြင်းရှင်ခြင်း အကူးအပြောင်းကြားမှ ထုတ်လွှတ်သည့် စွမ်းအားကို အသုံးချကာ သံသရာစွမ်းအားကို ရယူလိုက်၏။
ဘန်း
သူ့ဒိုင်းကာက စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့ပြီးနောက် ပျက်စီးသွားသည်။ သူ့အတွက် ကံကောင်းသွားသည်က သူ့နည်းစနစ်သည် တိုက်ကွက်ကို တားဆီးပေးခဲ့ပြီး သူ့အသက်ကို ကယ်တင်ပေးခဲ့သည်။ ဟွမ်ယွမ်၏ မျက်နှာက ချက်ချင်းဆိုသလို ဖြူဖျော့သွား၏။
သေခြင်းရှင်ခြင်းစာအုပ်က အကောင်းအတိုင်းရှိနေဆဲ ဖြစ်သည်။ ထိုအရာက အထွတ်အထိပ် ပင်ကိုရတနာတစ်ခုဖြစ်ပြီး တချို့သော ဟွင်သွမ်းရတနာများဖြင့်ပင် ယှဉ်နိုင်လေသည်။ သို့သော်လည်း သူက ပြဿနာအရင်းအမြစ်ကမူ သူက စွမ်းအားအပြည့်အဝ ထုတ်မသုံးနိုင်ခြင်း ဖြစ်၏။ ဒိုင်းကာက ပျက်စီးသွားသည်မှာ စာအုပ်က အားနည်း၍ မဟုတ်ဘဲ သူက ထိုအရာကို အပြည့်အဝ ထုတ်မသုံးနိုင်၍ ဖြစ်သည်။
“မင်းက အရမ်းအားနည်းတာပဲ။ ဒါပေမဲ့ မင်းက ဒီလိုပြင်ပအကူအညီကို အများကြီး မှီခိုနေတာဆိုတော့ နားလည်လို့တော့ ရပါတယ်” တုကူးကျင်းက ပြောလိုက်သည်။
“ပြင်ပအကူအညီတဲ့လား” ဟွမ်ယွမ်က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
“မင်းက အားကောင်းတာလား ဒါမှမဟုတ် ဒီစာအုပ်က မင်းကို အားကောင်းအောင် လုပ်ပေးထားတာလား။ တကယ်လို့ မင်း ဒီလိုသိသာတဲ့အရာမျိုးတောင် မမြင်နိုင်ဘူးဆိုရင် မင်းက အားကြီးတဲ့သူ ဖြစ်လာဖို့ မျှော်လင့်ချက် မရှိဘူး”
“မင်းက သေမျိုးနဲ့ မသေမျိုးကြားက အတားအဆီးကို ချိုးဖောက်ထားတယ်မလား။ မင်းတို့ကမ္ဘာမှာ မင်းတစ်ယောက်ထဲလား”
“မဟုတ်ဘူး။ ကျန်တဲ့နှစ်ယောက်လည်း ရှိသေးတယ်။ ဒါပေမဲ့ သူတို့က ငါ့ပြိုင်ဘက် မဟုတ်ဘူး”
“အဲဒီမှာ သုံးယောက်ထဲရှိတာ မင်း ကံကောင်းတာပေါ့။ ငါ့ကမ္ဘာမှာ အနည်းဆုံးခုနစ်ယောက်လောက် ရှိတယ်။ ပြီးတော့ အဲဒီထဲက နှစ်ယောက်က တာအိုဘိုးဘေးနဲ့ တိုက်ခိုက်ပြီးတော့တောင် သတ်နိုင်ကြတယ်။ ကျန်တဲ့သူတွေကလည်း နောက်ဆုံးတိုက်ပွဲမှာ အပြောင်းအလဲဖြစ်လာနိုင်တယ်ဆိုတာကို ထည့်ပြောဖို့တောင် မလိုတော့ဘူး။ ဒီလိုအခြေအနေမျိုးမှာ ပြင်ပအကူအညီကို အသုံးပြုတာက ငါ့ရဲ့ တစ်ခုတည်းသော ရွေးချယ်မှုပဲ”
တုကူးကျင်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ တခြားပိုင်နက်တစ်ခုအတွင်း ခံစားခဲ့သည့် ကြောက်မက်ဖွယ် အငွေ့အသက်ကို ပြန်လည်အမှတ်ရသွားသည်။ ထိုအရာကို ခေတ္တမျှသာ ခံစားခဲ့ရသော်လည်း သူက အကြောက်တရားကို ခံစားမိလိုက်၏။
ငါ့ရဲ့ ရွယ်တူတစ်ယောက်က ဒီလိုစွမ်းအားမျိုးကို ပိုင်ဆိုင်ထားတာလား…
သူက တစ်စုံတစ်ယောက်သည် ထိုစွမ်းအားကို ရရှိဖို့ တာအိုအဆောင်ကို အသုံးပြုနေသည်ဟုသာ ထင်ခဲ့မိ၏။ သူက ထိုသူကို စိန်ခေါ်ချင်သည့်အတွက် အကြည့်များပင် တောက်ပလာသည်။ တုကူးကျင်းက သူသည် အနိုင်မရဘဲ သေဆုံးနိုင်ချေရှိကြောင်းပင် သိထား၏။ သို့သော်လည်း သူက ဂရုမစိုက်ပေ။
သူက အားကောင်းသည့် ပြိုင်ဘက်များဖြင့် တိုက်ခိုက်ကာ သူ့ကိုယ်သူနှင့် သူ့ဝိညာဉ်ကို တိုက်ပွဲမှတဆင့် လေ့ကျင့်ပေးလိုသည်။
“မင်းကို ပို့ပေးလိုက်မယ်” သူက ပုံမှန်အေးစက်စက်အတိုင်း ပြောလိုက်၏။ ထိုစကားများ ပြောလာသည်နှင့် ဟွမ်ယွမ်သည် လှုပ်ရှားကာ အကောင်းဆုံးလွတ်မြောက်ရေး နည်းစနစ်ကို အသုံးပြုလိုက်သည်။ သူက ပတ်ဝန်းကျင်ထံ မရဏအငွေ့အသက်ကို ယူဆောင်ပြီး လှုံ့ဆော်ကာ အမည်မသိ နေရာတစ်ခုသို့ ကူးပြောင်းလိုက်၏။
ဝှစ်
တုကူးကျင်း၏ ဓားချက်က အာကာပြင်ကို ပိုင်းဖြတ်ကာ သူ့ထွက်ပြေးမှုကို တားဆီးခဲ့သည်။ ထို့နောက် သူက ဓားကို ဒုတိယအကြိမ် ဝှေ့ယမ်းလိုက်၏။
ဟွမ်ယွမ်က ဓားချက်သူ့ဆီ ဝင်ရောက်လာသည်ကို ကြည့်နေရင်း အမူအရာ ပျက်ယွင်းသွားသည်။ သူက ခန္ဓာကိုယ်ပင် မလှုပ်ရှားနိုင်တော့ဘဲ နှေးကွေးသွားသလို ခံစားမိလိုက်ပြီး ရောက်ရှိလာတော့မည့် သေခြင်းတရား အကြောင်းကိုသာ ခံစားမိလိုက်သည်။
ထိုစဉ် သူက သူ့ရှေ့တွင် ဖန်ချင်းဟန်ကိုသာ ဆင့်ခေါ်နိုင်လေ၏။ အကယ်၍ သူသာ သေဆုံးမည်ဆိုလျှင် သူမကိုပါ အတူတူ ခေါ်ဆောင်သွားရမည်။ ထို့အပြင် တုကူးကျင်းက အမျိုးသမီးတစ်ယောက်ကို မသတ်လိုဘဲ တိုက်ခိုက်မှုကို ရပ်တန့်လိုက်နိုင်သည့် အခွင့်အရေး အနည်းငယ်လည်း ရှိနေသည်။ သူမကို ဒိုင်းကာအဖြစ် အသုံးပြုခြင်းက သူ့အတွက် အသက်ရှင်နိုင်ချေလည်း ရှိလာစေနိုင်၏။
ဝှစ်
သူတို့နှစ်ဦးကို အဖြူရောင်အလင်းတန်း လွှမ်းခြုံသွားပြီးသည့်နောက်တွင် မြင်ကွင်းမှ ပျောက်ကွယ်သွား၏။
တုကူးကျင်းက ချက်ချင်းဆိုသလို သတိကြီးကြီးဖြစ်လာကာ ရန်သူသည် သူ့အနား ချဉ်းကပ်လာသော်လည်း အာရုံမခံမိလိုက်ကြောင်း ခံစားမိလိုက်သည်။ သူက အံ့ဖွယ်အသိစိတ်ဖြင့် ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို စစ်ဆေးကြည့်သော်လည်း ဘာမှမတွေ့ရပေ။
အဲဒါများ ဖြစ်နေမလား…
ဟွမ်ယွမ်နှင့် ဖန်ချင်းဟန်တို့က ဝမ်ဝေ့၏ အစီအရင်မှ ဖန်ဆင်းထားသည့် ကမ္ဘာငယ်တစ်ခုအတွင်း ပေါ်ထွက်လာသည်။ သူက ဘေးပတ်လည်ကို ကြည့်လိုက်ပြီးသည့်နောက်တွင် ပတ်ဝန်းကျင်ကို သတိတကြားစောင့်ကြည့်လိုက်၏။
“ငါက ကယ်တင်ခံလိုက်ရတာလား။ ဘယ်သူ့လက်ချက်လဲ”
သူက စကားမဆုံးခင် သူ့ခေါင်းအထက် အနီရောင်ကြိုးမျှင် တစ်ခုထွက်ပေါ်လာပြီး သူနှင့် ဆက်နွယ်သွားသည်ကို မြင်လိုက်ရ၏။ သူက အလျင်အမြန် လှုပ်ရှားကာ သေခြင်းရှင်ခြင်းစာအုပ်ဖြင့် တားဆီးဖို့ ကြိုးစားလိုက်သည်။ သို့သော် အသုံးမဝင်ခဲ့ပေ။ ကံကြိုးမျှင်က သူနှင့် ဆက်နွယ်သွားပြီး ဤသည်က အသက်ကယ်သည့် ကျေးဇူးကြွေးဖြစ်ကြောင်း သိလိုက်သည်။
သူလား … ဒါပေမဲ့ သူက ငါ့ကို ဘာလို့ ကယ်ရတာလဲ။ ကံကြွေးလက်ခံရုံသက်သက်နဲ့တော့ လုပ်မှာမဟုတ်ဘူး…
အဲဒါကို မတွေးနဲ့။ အရင်ဆုံး ကုသလိုက်တာ အကောင်းဆုံးပဲ…
ထိုတိုက်ကွက်၏ ထက်ရှမှုက သူ့ဝိညာဉ်အထိ သက်ရောက်မှု ရှိလာစေခဲ့သည်။
……………………………………………………………………
နောက်ထပ် ပိုင်နက်တစ်ခုအတွင်း
မိုရှင်းယွင်၏ ခန္ဓာကိုယ်က လူအုပ်စု၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ဖြည်းဖြည်းချင်း ပြိုလဲနေပြီဖြစ်၏။
“ငါ အများကြီးပြောပြီးပြီ။ ငါက ရုပ်သေးရုပ်။ ငါ့ကို သတ်လို့ ဘာဆုလာဘ်မှ မရှိဘူး” သူမက သူတို့ကို ဖျောင်းဖျဖို့ ကြိုးစားနေ၏။
“အဲဒါက မဆုံးဖြတ်ရသေးပါဘူး။ ပြီးတော့ ဒီရုပ်သေးရုပ်ရဲ့ ဖွဲ့စည်းထားပုံက အတော်လေး ထူးကဲတယ်။ သင့်တော်တဲ့ ဝယ်ယူသူနဲ့ဆိုရင် ပိုက်ဆံအမြောက်အများတော့ ရမှာပဲ”
မိုရှင်းယွင်က မျက်မှောင်ကြုတ်ကာ ဆက်လက်တောင့်ခံနေသည်။
ကံကောင်းမှု တန်ပြန်သက်ရောက်မှုက ငါ ထင်ထားတာထက် ပိုဆိုးရွားနေတာပဲ…
ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်အနေနှင့် ကောင်းကင်တာအိုသည် သူ အသက်ပြန်ရှင်လာသည့် နည်းလမ်းကို သဘောတူကြောင်း သိထားသည်။ သူ့ကို တန်ပြန်ရင်ဆိုင်သည့် နည်းစနစ်ကမူ တွက်ချက်ထားမှုနှင့် ကံကောင်းမှု၏ တန်ပြန်သက်ရောက်မှုသာ ဖြစ်သည်။
သူက အခြေအနေကို ကြိုတင်မှန်းဆမိခဲ့ပြီး မိုရှင်းယွင်၏ ခန္ဓာကိုယ်ကို သူမ အဆင့်တစ်ခုသို့ ရောက်ရှိပြီးသည့်နောက်မှ ယူခဲ့သည့်အကြောင်းအရင်းလည်း ဖြစ်ပေသည်။
ကံဆိုးစွာဖြင့် ဤမျှ ဆိုးရွားလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။ သူက ဤကုန်းမြေသို့ ရောက်ရှိပြီးသည့်နောက်တွင် မိစ္ဆာအဘေးအကြောင်း သိထားသည့်အတွက် မိစ္ဆာခုနစ်ပါးဘုရင်များနှင့် ပတ်သက်ပြီး သံသယဖြစ်လာမိသည်။
အစားကြူးသူ၏ တပ်ဖွဲ့က သူ့လူများကို တိုက်ခိုက်ပြီး မိစ္ဆာများကို သတ်ဖြတ်ခြင်းမှ ကာကွယ်ခဲ့စဉ်အခါက အစားကြူးသူ၏ စစ်သူကြီးများသည် သူ့တာအို၏ စွမ်းအားတချို့ကို သုံးကြောင်း မြင်လိုက်ရ၏။
ထို့နောက် ချက်ချင်းဆိုသလို ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က အစားကြူးသူကို ဝါးမျိုပြီး မိစ္ဆာအဘေး၏ တာအိုကို သင်ယူဖို့ ကြံစည်လိုက်သည်။ သူက တခြားသော မိစ္ဆာများကိုပင် အမဲလိုက်ပြီး တာအိုကို ပေါင်းစည်းကာ ပြီးပြည့်စုံသော ဒုစရိုက်ခုနစ်ပါးတာအိုအဖြစ် ဖွဲ့စည်းဖို့အထိပင် ကြံစည်ထားခဲ့၏။ ထိုသို့ထူးကဲသည့်တာအိုဖြင့် သူသည် ထိုအရာမှ သင်ယူနိုင်သလို တာအိုခွဲအနေဖြင့်လည်း အကျိုးကျေးဇူးရရှိနိုင်သည်။ သူက ဝမ်ဝေ့၏ အမြင်အောက်မှာ ပုန်းအောင်းနိုင်ဖို့ စည်းမျဉ်းအကန့်အသတ်များနှင့် အပေးအယူ လုပ်ဖို့ လိုအပ်နေသည်။
ကောင်းကင်တာအို ကျရှုံးသွားပြီးသည့်နောက်တွင် သူက အခွင့်အရေး ရလာကြောင်း တွေးလိုက်မိသည်။ သို့သော်လည်း ထိုလူများက ပေါ်ထွက်လာကာ သူ့ကို ဤသို့ ဆိုးဆိုးရွားရွား အခြေအနေဖြစ်အောင် တိုက်ခိုက်ဖို့ သိပ်မကြာလိုက်ပေ။
သူက သူ့ရုပ်သေးရုပ် ပြိုလဲသွားသည်ကို ကြည့်နေရင်း အင်မတန် တည်ငြိမ်နေသည်။
ကောင်းပြီ။ ဒီတစ်ကြိမ်ကျရှုံးသွားကာ ကိစ္စမရှိဘူး။ ငါ အသက်ပြန်ရှင်ပြီးရင် ဒီထူးကဲတာအိုကို ရယူနိုင်တယ်။ အဲဒါမတိုင်ခင် မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာမှာ ပြင်ဆင်မှုတချို့ လုပ်ရအောင်…
မိုရှင်းယွင်က ထိုလူများကို ကြည့်လိုက်၏။
ဝုန်း
သူက သူ့ကိုယ်သူ ဖောက်ခွဲပစ်ပြီး လူအများကိုပါ သတ်ပစ်ခဲ့သည်။ သူက ထိုသူများအတွက် ဘာကိုမှ ချန်မထားခဲ့ပေ။
***