← Chapters

ဖရိုဖရဲ အခြေအနေ အပိုင်း(၅)

Vol. 50 Ch. 696

ဖရိုဖရဲ အခြေအနေ အပိုင်း(၅)

Vol. 50 Ch. 696

အောင်းရှန်က အသက်ရှည်လမ်းစဉ်ကမ္ဘာမှ လူများနှင့် အပြင်းအထန် တိုက်ခိုက်နေသည်။ သူတို့တိုက်ပွဲက လက်ရည်တူနေလေ၏။ သူက နဂါးအသွင်ကို ထုတ်သုံးမထားဘဲ အင်အား ၈၀ ရာခိုင်နှုန်းမျှသာ ထုတ်သုံးထားသော်လည်း တစ်ဖက်လူကလည်း ဝှက်ဖဲများ ချန်ထားဟန်ပေါ်သည်။

ဒီလူက ပါရမီရှင်ပဲ…

သူက တွေးလိုက်မိ၏။ ထိုတွေးမိသည့် အကြောင်းအရင်းမှာ တစ်ဖက်လူသည် သန့်စင်ချီစွမ်းအင် နည်းစနစ်ကို အသုံးပြုပြီး သေမျိုးနှင့် မသေမျိုးကြားမှ အတားအဆီးကို ချိုးဖောက်နိုင်ခဲ့၍ ဖြစ်သည်။ ထိုသူတွင် စည်းမျဉ်းကို ကိုင်စွဲထားခြင်း သို့မဟုတ် အားကောင်းသည့် ခန္ဓာကိုယ်မျိုးလည်း မရှိပေ။ ထို့အပြင် ထိုအရာက ရှားပါးကာ အားကောင်းလှသည့် ဖျက်ဆီးရေးချီကဲ့သို့လည်း မဟုတ်ပေ။

တစ်ဖက်လူက သူ့အတွင်းအားကို အသုံးပြုကာ ဓာတ်ငါးပါးနှင့် ယင်ယန်ချီအဖြစ် ပြောင်းလဲလိုက်သော်လည်း ထာဝရအရှင် တိုက်ခိုက်စွမ်းရည်ကို ရယူထားနိုင်သည်။

အောင်းရှန်းက ရုတ်ချည်းဆိုသလို ရပ်တန့်ကာ ကျန်သူများကိုလည်း လက်ဟန်ပြလိုက်၏။

“တာအိုရောင်းရင်းတို့ ဒီတိုက်ပွဲက အကျိုးမရှိမှန်း သိသာနေတာပဲ။ ကျုပ်တို့ ရပ်လိုက်ကြရအောင်လား”

“ကျုပ် မလုပ်နိုင်ဘူး။ ကျုပ်က ထာဝရအထွတ်အထိပ် အမွေအနှစ်ကို လိုအပ်တယ်” အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားကာ အနက်ရောင်ဆံပင်ရှည် ရှိထားသည့် လူငယ်လေးက ပြောလိုက်၏။ ထိုသူ့ဝန်းကျင်တွင် မသေမျိုးလေထုမျိုး ရှိနေလေ၏။

“တာအိုရောင်းရင်းရဲ့ နာမည်က ဘယ်သူများပါလဲ”

“တောင်တန်းနဲ့ ပင်လယ်ဂိုဏ်းက ကျူးထောင်ပါ”

“ဒီအမွေအနှစ်က ထောင်ချောက်မှန်း သိတာကို တာအိုရောင်းရင်းအနေနဲ့ ဘာလို့ လိုချင်နေမှန်း မသိတော့ဘူး”

ကျူးထောင်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးသည့်နောက် ပြန်ဖြေလိုက်၏ “သန့်စင်ချီလမ်းစဉ်ရဲ့ အားနည်းမှုကြောင့် ကျုပ်တို့ကမ္ဘာက ထာဝရဧကရာဇ်နှစ်ပါးကိုပဲ မွေးထုတ်နိုင်ခဲ့တယ်။ ထာဝရအထွတ်အထိပ် တစ်ယောက်မှ မရှိဘူး။ ကျုပ်က တတိယမြောက် ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ထာဝရအထွတ်အထိပ် ဖြစ်လာဖို့ ယုံကြည်ချက် မရှိဘူး။”

“ခင်ဗျားရဲ့ အင်အားနဲ့ဆိုရင် ခန္ဓာကိုယ်ကို လေ့ကျင့်ပေးပြီး စည်းမျဉ်းကို နားလည်လာသရွေ့ အောင်မြင်နိုင်ချေ ရှိပါတယ်” အောင်းရှန်က မှတ်ချက်ပေးလိုက်၏။

သို့သော်လည်း ကျူးထောင်က ခေါင်းခါလိုက်သည်။

“ကျုပ် ရည်မှန်းချက်က သန့်စင်ချီ လေ့ကျင့်သူတွေဆီ ထာဝရအထွတ်အထိပ် ဖြစ်လာတာကို ပြပေးဖို့ပဲ။ ကျုပ်ကမ္ဘာရဲ့ ကျင့်ကြံသူတွေကို ပြောင်းလဲပစ်ချင်တယ်။ကျုပ်တို့လမ်းစဉ်က အားအနည်းဆုံး မဟုတ်ဘဲ အလားအလာရှိတယ်ဆိုတဲ့ အကြောင်းကို မျှော်လင့်ချက် ပေးချင်တယ်”

ကျူးထောင်က တာအိုကို သက်သေပြပြီးသည့်နောက်တွင် အစီအစဉ်များစွာ ရှိထား၏။ သူက သူ့ကမ္ဘာ၏ ကျင့်ကြံရေးနည်းစနစ်ကို သုံးသပ်ပြီး သန့်စင်ချီ ကျင့်ကြံသူများ၏ လမ်းစဉ်ကို ပြန်လည်အသက်သွင်းမည်။ သူက ကမ္ဘာ၏ စိတ်ဝိညာဉ်ကိုပင် ပြောင်းလဲပစ်ပြီး အသက်ရှည်မှုအပေါ် စွဲလမ်းနေသည့် ကျင့်ကြံသူများကို ရပ်တန့်စေကာ တခြားသောအရာများကိုပင် အာရုံစိုက်ခိုင်းဖို့ ကြံစည်ထားသည်။

ထို့ကြောင့် သူက သူ့ရည်မှန်းချက်များကို အောင်မြင်နိုင်ချေ မြင့်မားစေဖို့အတွက် ထူးကဲမှုကို သင်ယူဖို့ရာ ထာဝရအထွတ်အထိပ်ကျမ်းကို လိုအပ်နေသည်။

အောင်းရှန်က တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် အကြည့်များ တောက်ပလာသည်။

“ကျုပ် ကူညီနိုင်လောက်တယ်”

“ဘယ်လိုမျိုးလဲ”

“ကျုပ်က သိုင်းပညာအုပ်စိုးသူကမ္ဘာရဲ့ တစ်ဦးတည်းသော ထာဝရအထွတ်အထိပ်ရဲ့ အမွေအနှစ်နေရာကို သိထားတယ်။ တကယ်လို့ ကျုပ်တို့သာ အတူတကွ တွဲလုပ်မယ်ဆိုရင် အဲဒါကို ရယူနိုင်လိမ့်မယ်”

“အဲဒါဆို ခင်ဗျားက ကိုယ့်ဘာသာကိုယ် ဘာလို့ မယူရတာလဲ။” ကျူးထောင်က မေးလိုက်၏။ ထိုသူက ငယ်ရွယ်နေဟန်ပေါ်ရသော်လည်း နှစ်သန်းတစ်ရာမျှ နေထိုင်ခဲ့ပြီးသား ဖြစ်၏။

“အဲဒီအမွေအနှစ်က သိုင်းပညာသားရဲ ဧကရာဇ်ဆီကလေ” အောင်းရှန်က ရှင်းပြလိုက်သည်။

“သမိုင်းကြောင်းအရ သူ့မိသားစုက ငတ်ပြတ်မှုကြောင့် သုံးနှစ်သားအရွယ်မှာ သူ့ကို တောထဲမှာ စွန့်ပစ်ခဲ့တယ်။ ဒါပေမဲ့ သူက နတ်ဆိုးသားရဲတွေ အောက်မှာ သေဆုံးမသွားခဲ့ဘူး။ အဲဒီအစား ဝံပုလွေတစ်ကောင်က သူ့ကို ပြုစုပျိုးထောင်ခဲ့တယ်

။ သိုင်းပညာသားရဲ ဧကရာဇ် ကျင့်ကြံရေးလမ်းစဉ် လျှောက်လှမ်းလာတော့ သူက ဝံပုလွေနဲ့ စာချုပ် ချုပ်ဆိုခဲ့ပြီးတော့ သားရဲကို ထူးကဲတဲ့ သွေးမျိုးဆက်ရှိတဲ့ အဆင့် ၉ နတ်ဆိုးအဖြစ် လေ့ကျင့်ပေးခဲ့တယ်။ နောက်ဆုံးတိုက်ပွဲမှာ သူတို့နှစ်ဦးက ပူးပေါင်းပြီးတော့ အဲဒီမျိုးဆက်ရဲ့ ပါရမီရှင်အားလုံးကို သုတ်သင်ပစ်ခဲ့တယ်။ တာအိုကို သက်သေပြပြီးတဲ့နောက်မှာ သိုင်းပညာသားရဲဧကရာဇ်ရဲ့ ဝံပုလွေတို့က ဧကရာဇ်အဆင့် တက်လှမ်းသွားကြတယ်”

“အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“ကျုပ်လည်း အတိအကျတော့ မသိဘူး။ ဒါပေမဲ့ ကျုပ် ခန့်မှန်းထားရသလောက်တော့ သူ ကျင့်ကြံတဲ့ တာအိုနဲ့ ပတ်သက်လိမ့်မယ်လို့ ထင်တယ်” အောင်းရှန်က သူသည် အရူးအမူးစွဲလမ်းပန်းဖြင့် ကျင့်ကြံသည့် ယင်ယန်လက်တွဲဖော် ဧကရာဇ်အကြောင်း သိထားသည့်အတွက် သိပ်မအံ့ဩမိပေ။

“သိုင်းပညာသားရဲဧကရာဇ်ရဲ့ အမွေအနှစ်က လူသားတစ်ယောက်နဲ့ နတ်ဆိုးတစ်ယောက် လိုအပ်တယ်။ အရင်တုန်းက ကျုပ်ဆီမှာ ယုံကြည်ရမဲ့ လူသား မရှိခဲ့ဘူး”

“ကျုပ်ကို ယုံတယ်လား”

“ဘယ်ဟုတ်ပါ့မလဲ။ ဒါပေမဲ့ ကျုပ်ကမ္ဘာက လူသားတွေထက်တော့ ခင်ဗျားကို ပိုယုံတယ်။ ပြီးတော့ ကျုပ်တို့က ပဋိပက္ခဖြစ်စရာ အကြောင်းလည်း မရှိဘူးလေ။ အဲဒါကြောင့် ငြိမ်းငြိမ်ချမ်းချမ်း ပူးပေါင်းလို့ ရတယ်”

ကျူးထောင်က ခေတ္တမျှစဉ်းစားလိုက်၏။ သာမန်ထာဝရအထွတ်အထိပ်ကျမ်းကိုသာ လိုချင်သော်လည်း သိုင်းပညာသားရဲဧကရာဇ်ကဲ့သို့ ထူးကဲမှုက သူ့ကို ပိုမိုကူညီပေးနိုင်လောက်သည်။ ထို့အပြင် သူ့အနေဖြင့် ရွေးချယ်စရာ များများစားစား မရှိပေ။ ဤကုန်းမြေပေါ်တွင် ရောက်ရှိနေရသည့် အမွေအနှစ်က လှည့်ကွက်တစ်ခုမှလွဲ၍ ဘာမှမဟုတ်နိုင်ချေ ရှိ၏။

သူ့အနေနှင့် ထိုနတ်ဆိုးသည် အမွေအနှစ်ကြောင့် လုပ်ဆောင်နေကြောင်း မဟုတ်ကြောင်း သိလေ၏။ သူ့ရည်ရွယ်ချက်က ပိုမိုနီးကပ်ကာ မဟာမိတ်ဖွဲ့ဖို့ ဖြစ်နိုင်သည်။

ကျူးထောင်က နတ်ဆိုးမျိုးနွယ်နှင့် ပူးပေါင်းရဖို့ စိတ်ထဲမထားပေ။ သူက ရှေးရိုးစွဲစာအုပ်ကြီးသမား မဟုတ်သလို လူသားဘက် မျက်နှာလိုက်ခြင်းလည်း မရှိပေ။ လူသားနှင့် နတ်ဆိုးများကြား ပဋိပက္ခ ဖြစ်ပွားလေ့ရှိသော်လည်း ရံဖန်ရံခါတွင် အတူတကွ အလုပ်တွဲလုပ်လေ့ ရှိ၏။

ကျူးထောင်၏ သုံးသပ်မှုက မှန်ကန်နေခဲ့သည်။ အောင်းရှန်က နတ်ဆိုးမျိုးနွယ်သည် တစ်နေရာထဲကို ပုံအော်မထားဘဲ နယ်ခြားမဟာမိတ်များ ရှိဖို့ လိုချင်မိသည်။အကယ်၍ တာအိုအခွင့်အလမ်းဂိုဏ်းက စိတ်ပြောင်းလဲသွားကာ သူ့မျိုးနွယ်ကို ပိုမိုဆိုးရွားသည့် အခြေအနေတွင် ချန်ထားခဲ့မည်လား သေချာမသိရပေ။

သိုင်းပညာအုပ်စိုးသူကမ္ဘာတွင် မဟာမိတ်တချို့ရှိထားသော်လည်း မလုံလောက်သေးပေ။ သူက ထပ်မံ၍ လိုချင်သေး၏။ သူ့နဂိုအစီအစဉ်က သူ့တခြားအသိုက်အဝန်းများမှ နတ်ဆိုးမျိုးနွယ်များဖြင့် မဟာမိတ်ဖွဲ့ဖို့ ဖြစ်၏။ နတ်ဆိုးမျိုးနွယ်က နတ်ဆိုးအထွတ်အထိပ်ကမ္ဘာဟု ခေါ်ဆိုသည့် တခြားနေရာနှင့်ပင် ဆက်သွယ်ခဲ့သေးသည်။

သို့သော်လည်း လှည့်ဖျားရေးစစ်ဆေးမှုအပြီးတွင် ခေတ္တမျှ ဆက်နွယ်ပြီးသည့်နောက် ထိုလူများဆီမှ ဘာသတင်းမှ မကြားရတော့ပေ။ သူ့ရှေ့တွင် ရှိသည့်လူသားက ပြီးပြည့်စုံသည့် မဟာမိတ် ဖြစ်လာနိုင်သည်။

“ခင်ဗျားနဲ့အတူတွဲလုပ်ဖို့ သဘောတူတယ်” ကျုးထောင်က ပြောလိုက်၏ “ဒါနဲ့ ကျုပ်တို့တွေ ဘယ်နေရာ၊ ဘယ်အချိန်မှာ တွေ့ကြမလဲ”

ထို့နောက် နှစ်ဦးသားက သူတို့၏ ပူးပေါင်းမှုအကြောင်း အသေးစိတ်ဆွေးနွေးကာ အနာဂတ်၏ ဖြစ်လာနိုင်ချေ မဟာမိတ်အကြောင်း သေချာပြောဆိုခဲ့ကြသည်။

…………………………………………………….

ဟို့ဖုန်းဟွမ်၏ ခန္ဓာကိုယ်က ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သူမ၏ နံရိုးများပင် ထွက်ပေါ်နေသည်။ သူမ၏ ပုခုံးတစ်စိတ်တစ်ပိုင်းက ပျောက်ဆုံးနေ၏။ တစ်စုံတစ်ခုက ခုတ်ထားဟန်ပေါ်သည်။

သူမက ဆိုးဆိုးရွားရွား အခြေအနေကို လျစ်လျူရှုထားကာ ပြိုင်ဘက်ဖြစ်သည့် အမျိုးသားနှင့် အမျိုးသမီးကိုသာ အာရုံစိုက်ထား၏။ အမျိုးသားက ပြိုင်ဘက်ကင်း တိုက်ကွက်များဖြင့် ကြောက်မက်ဖွယ်ကောင်းသော ဓားသမားတစ်ဦး ဖြစ်သည်။ သူမ၏ ဒဏ်ရာအများစုက သူ့လက်ချက်ကြောင့် ဖြစ်၏။

အမျိုးသမီးအတွက်မူ ဟို့ဖုန်းဟွမ်က သူမကို ကျိန်ဆဲချင်မိသည်။

သူမက တိုက်ပွဲဝင်စိတ်ဝိညာဉ်ကမ္ဘာမှ ထာဝရအရှင် စွမ်းအားရှိထားသည့် ထိုလူနှစ်ဦးနှင့် တွေ့ဆုံခဲ့ရသည်မှာ ကံမကောင်းရှာပေ။ ပို၍ဆိုးရွားသည်က သူတို့နှစ်ဦးသည် တာအိုလက်တွဲဖော်များ ဖြစ်နေပြီး သူတို့သည် ပြီးပြည့်စုံစွာ မည်သို့တိုက်ခိုက်ရမည်၊ နည်းဗျူဟာ၊ နည်းစနစ်နှင့် အစီအရင်တို့မှတဆင့် သူတို့၏ စွမ်းအားကို မည်သို့ပေါင်းစပ်ရမည် ဆိုသည့်အကြောင်း ကောင်းကောင်းသိထားကြသည်။

တိုက်ပွဲစတင်ကတည်းက သူမ၏ စွမ်းအားအပြည့်အဝကို ထုတ်မသုံးခဲ့ဘဲ သူတို့၏ စွမ်းအားကို စမ်းသပ်ခဲ့သည်။ သို့သော်လည်း ထိုအမျိုးသမီးက သူမ၏ ပင်ကိုစည်းမျဉ်းငါးခုအနက် လေးခုကို ရုတ်ချည်း စည်းပိတ်လိုက်မည်ဟု မည်သူကများ ထင်ထားမည်နည်း။

သိပ်မကြာခင် အမျိုးသားက သူ့ပြိုင်ဘက်အတွက် နောက်ထပ် အခွင့်အရေးတစ်ခု ဖန်တီးလာခဲ့စဉ် သူမက ဟို့ဖုန်းဟွမ်၏ သိုလှောင်လက်စွပ်ကို ပိတ်လှောင်ပြီး လွတ်မြောက်ဖို့ တခြားနည်းလမ်းများ အသုံးပြုခြင်းမှ တားဆီးလိုက်သည်။

ကျစ် ဒီလူတွေက ဘယ်သူတွေလဲ။ ဘာလို့ ဒီလောက်တောင် တွဲဖက်ညီနေရတာလဲ…

သူမက ထိုသူနှစ်ဦးသည် ဟယ်ရှစ်ယင် ယူဆောင်လာသည့် ဖိအားကြောင့် ရောက်ရှိလာမှန်း မသိပေ။ တစ်ရက်ကျ သူတို့နှစ်ဦးသည် ချစ်ကျွမ်းဝင်သွားပြီး လက်တွဲဖော် မဖြစ်ခင် မဟာမိတ်ဖြစ်ဖို့ ဆုံးဖြတ်ခဲ့ကြ၏။

ဟို့ဖုန်းဟွမ်က ပျာယာခတ်နေမိသည်။ သို့သော်လည်း သူမ၏ တိုက်ပွဲအတွေ့အကြုံဖြင့် စိတ်ငြိမ်အောင် ထိန်းထားနိုင်၏။ သူမ၏ ဇာမဏီနှင့် လိပ်နက်စည်းမျဉ်းတို့က စည်းပိတ်ခံထားရသည့်အတွက် ပြန်လည်ခုခံနိုင်စွမ်းနှင့် ကုသနိုင်စွမ်းတို့က လျှော့ချခံထားရသည်။ ကံကောင်းစွာဖြင့် သူမသည် ကျားဖြူစည်းမျဉ်းကို ထုတ်သုံးနိုင်သေးသည့်အတွက် ပေါ့ပါးသွက်လက်စွာ လှုပ်ရှားနိုင်သေးသည်။

“လုပ်လိုက်ကြစို့” အမျိုးသားက ပြောလိုက်စဉ် အမျိုးသမီးက ခေါင်းညိတ်လိုက်သည်။ သူက ဓားကို မြှောက်လိုက်စဉ် သူမက အမှတ်အသား ထားရှိလိုက်ပြီး သူမ၏ စွမ်းအားအားလုံးကို ထိုဓားအတွင်း ထည့်ပေးလိုက်သည်။

ကဲ စိတ်မကောင်းပါဘူး။ ငါတို့ကလည်း အမွေအနှစ်ကို လိုနေတာမလို့ပါ…

ဝှစ်

လှပသည့် အပြာရောင် အလင်းတန်းတစ်ခုက ဟို့ဖုန်းဟွမ်ဆီ ကြောက်မက်ဖွယ် အဖျက်စွမ်းအားဖြင့် ရောက်ရှိလာသည်။ သူမက စွမ်းအားအပြည့်ဖြင့် ထိုတိုက်ကွက်ကို တားဆီးဖို့ ကြိုးစားလိုက်သော်လည်း အသုံးမဝင်ပေ။

ငါ ဒီနေရာမှာ သေရတော့မှာလား…

သူမက မလိုလားပေ။ သူမက သတိလက်လွတ် မဖြစ်ဘဲ သူမ၏ ပင်ကိုစည်းမျဉ်းငါးခုလုံး ရှိနေလျှင် ထိုသူများက သူမ၏ ပြိုင်ဘက် ဖြစ်မည် မဟုတ်ပေ။ အကယ်၍ သူတို့ယှဉ်နိုင်လျှင်ပင် သူမက လွတ်မြောက်အောင် ထွက်ပြေးနိုင်သေး၏။

တကယ် မတရားဘူး။ ငါ့မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်။ ရှေးဟောင်းမျိုးနွယ်ရဲ့ မြင့်တက်မှုကလည်း ငါ့အပေါ် မူတည်နေတာ။ အတိတ်ရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ယူဆောင်မပေးရသေးဘူး…

သူမက မည်သို့ပင်တွေးနေစေကာမူ ကိစ္စမရှိတော့ပေ။ အလင်းတန်းက တားဆီး၍ မရပေ။

ဝှစ်

အဖြူရောင် အလင်းတန်းက သူမကို လွှမ်းခြုံသွားပြီးသည့်နောက် ဟို့ဖုန်းဟွမ်က ရုတ်ချည်း ပျောက်ကွယ်သွားသည်။ ထို့ကြောင့် ထိုစုံတွဲက ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေ၏။ သူတို့နှစ်ဦးက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ခိုင်းလိုက်သော်လည်း တစ်ဖက်လူ အသုံးပြုသွားသည့် နည်းလမ်းကို အာရုံမခံမိပေ။

သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြောက်ကြောက်လန့်လန့် ကြည့်လိုက်ကြပြီးသည့်နောက်တွင် အဝေးတစ်နေရာသို့ ထွက်သွားကြ၏။

နောက်ထပ် ကမ္ဘာငယ်တစ်ခုအတွင်း ဟို့ဖုန်းဟွမ်က ရုတ်ချည်း ပေါ်ထွက်လာကာ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို နားမလည်နိုင်ဖြစ်နေမိ၏။ သို့သော်လည်း သူမက သူမနှင့် အတင်းအကြပ် ဆက်နွယ်နေသည့် ကံကြိုးမျှင်ကို မြင်လိုက်ရသည့်အခါ မည်သူက သူမကို ကယ်တင်လိုက်မှန်း သိလိုက်သည်။

ရှင့်အပေါ်ကို ကျေးဇူးကြွေး မတင်ချင်ဆုံးပဲ…

သူမက ထိုကျေးဇူးကြွေး ဖယ်ရှားပစ်နိုင်ချေကို စဉ်းစားပြီးသည့်နောက် သူမအတွက် အရေးမသာကြောင်း သိလိုက်သည်။

အရင်ဆုံး ကုသဖို့ပဲ အာရုံစိုက်ထားတာပေါ့။ ဒါက ပိုအရေးကြီးတယ်…

ဟို့ဖုန်းဟွမ်က မြေပြင်ပေါ်ထိုင်ကာ သိုလှောင်လက်စွပ်မှ စည်းတံဆိပ်ကို ဖယ်ရှားဖို့ ကြိုးစားလိုက်သည်။ သူမက ကုသရေးဆေးလုံးကို လိုချင်မိ၏။ ထို့နောက် သူမက သူမ၏ စည်းမျဉ်းအပေါ် ပိတ်ဆို့ထားမှုအား ဖယ်ရှားဖို့ အာရုံစိုက်လိုက်သည်။

ထို့နောက် သူမက အနည်းငယ် အာရုံထွေပြားနေပြီး ကောင်းကင်အလိုဆန္ဒတိုက်ပွဲ မတိုင်ခင် ကံကြွေးကို ပြန်လည်ပေးဆပ်နိုင်မည်လားဟု စဉ်းစားနေမိသည်။

***

All Chapters