← Chapters

ဖရိုဖရဲ အခြေအနေ အပိုင်း(၆)

Vol. 50 Ch. 697

ဖရိုဖရဲ အခြေအနေ အပိုင်း(၆)

Vol. 50 Ch. 697

ဖုန်းဟွမ်က သူ့ကို တိုက်ခိုက်သည့်လူများကို တည်တည်ငြိမ်ငြိမ်ကြည့်ရင်း အခြေအနေကို သုံးသပ်လိုက်၏။ သူ့ရှေ့တွင် အနက်ရောင်နှင့် အဖြူရောင်ဒိုင်းကာတစ်ခု အလိုလိုပေါ်ထွက်လာသည့်အတွက် သူ့ကို တိုက်ခိုက်သူများထဲ မည်သူကမှ သူ့ဒိုင်းကာကို မထိုးဖောက်နိုင်ကြပေ။

သူက ထိုအဖွဲ့၏ အားအနည်းဆုံးလူကို ရှာဖွေလိုက်ပြီး စိုက်ကြည့်လိုက်၏။ သူ့အကြည့်က ထိုသူ၏ ဝိညာဉ်ဆီ ထိုးဖောက်သွားကာ မှတ်ဉာဏ်များကို ဖတ်ရှုလိုက်သည်။

အလယ်ပိုင်း စိတ်ဝိညာဉ်ကမ္ဘာလား။ ကြည့်ရတာ တစ်ယောက်ယောက်က အသင်္ချေအင်ပါယာကမ္ဘာကို ပစ်မှတ်ထားနေတဲ့ပုံပဲ။

ဝမ်ဝေ့က အဲဒီစုဝေးပွဲ လုပ်ပြီးကတည်းက ငါ ဒီဖြစ်နိုင်ချေကို တွက်ဆထားပြီးသား။ ဒါပေမဲ့ ပြဿနာက ကာကွယ်ရေးအစီအရင်နဲ့ ဖြေရှင်းလို့ရမယ်လို့ ထင်ထားခဲ့တာ။ ဒီလူတွေ ဒီလောက်ထိ လုပ်လိမ့်မယ်လို့ ထင်မထားခဲ့မိဘူး…

ဖုန်းဟွမ်က မျက်မှောင်ကြုတ်ကာ အခြေအနေကို နက်နက်နဲနဲ သုံးသပ်ကြည့်လိုက်သည်။

ဒီလူတွေက ဒိုင်မေးရှင်းအမြင့်ကလူတွေလား။ ဒါမှမဟုတ် တခြားအလွှာကလူတွေလား

အဖြေက မည်သို့ပင်ဖြစ်စေကာမူ သူ့အစီအစဉ်အပေါ် အဆိုးဘက်မှ သက်ရောက်မှု ရှိလာစေနိုင်သည်။

ဗုဒ္ဓဘာသာ မြင့်တက်လာမှုက မလွယ်ကူပေ။ ဒိုင်မေးရှင်းအမြင့်မှ လူများသည် ဗုဒ္ဓဘာသာ တိုးတက်မှုကို နှောင့်နှေးခြင်း သို့မဟုတ် ဂုဏ်သတင်း ဆိုးရွားအောင် ပြုလုပ်ခြင်းတို့ကြောင့် ဗုဒ္ဓဘာသာသည် အဆုံးမဲ့လေဟာနယ်အတွင်း အခက်အခဲများ ကြုံတွေ့ခဲ့ရ၏။

ငါ ဝမ်ဝေ့အပေါ် ကျေးဇူးကြွေးတင်နေတာပဲ…

ဤနှစ်ထောင်ချီအတွင်း သူက ဗုဒ္ဓဘာသာ ကံကောင်းမှု အလျင်အမြန် ကြီးထွားလာမှုကို ခံစားမိလိုက်သည့်အတွက် စကားဖြင့် ဖော်ပြလို့မရနိုင်လောက်အောင်ပင် ပျော်ရွှင်နေမိသည်။ အချိန်အတော်ကြာ ဒုက္ခခံစားပြီး ညများစွာ အအိပ်ပျက်ကာ ခေတ်ကာလသုံးခု ကြံစည်ခဲ့ပြီးသည့်နောက် သူ၏ အားထုတ်မှုအသီးအပွင့်ကို ခံစားလာရပြီ ဖြစ်သည်။

ဖုန်းဟွမ်က သူတာအိုကို သက်သေပြသည်အထိ စောင့်ဆိုင်းပြီး ဗုဒ္ဓဘာသာကို ဖြန့်ဝေမည်ဆိုလျှင် သူ တွေ့ကြုံရမည့် အတားအဆီးများက ဗုဒ္ဓဘာသာ ပြန်လည်အသက်သွင်းမှုအပေါ် သိသိသာသာ နှောင့်နှေးသွားနိုင်ကြောင်း သိထားသည်။ သို့သော်လည်း ဝမ်ဝေ့၏ လျှို့ဝှက်သည့် နည်းလမ်းဖြင့် သူ ဧကရာဇ်တစ်ယောက်၏ စွမ်းအား ရရှိပြီးသည့်နောက်တွင် သူ့အနေဖြင့် လှုပ်ရှားဖို့ အုတ်မြစ်တစ်ခု ရှိထားပြီးသား ဖြစ်သွားလိမ့်မည်။

ထိုအခါ သူ လုပ်ဖို့လိုအပ်သည်က အကြွင်းမဲ့စတင်ခြင်း မှော်စွမ်းအားကို ဖယ်ရှားပြီး သူ့တာအိုဘာသာနှင့် ဗုဒ္ဓဘာသာတို့၏ ကံကောင်းမှုကို ပေါင်းစပ်လိုက်ဖို့သာ ဖြစ်၏။ ထိုအခါ သူ့နောက်လိုက် ဘုန်းကြီးများကလည်း သီးသန့်နယ်မြေတွင် ပုန်းအောင်းနေစရာ မလိုဘဲ နေရာအနှံ့လျှောက်သွားကာ တခြားသော ဘာသာရေးများကဲ့သို့ ဟောပြောပို့ချနိုင်လိမ့်မည်။

အခြေအနေကို သုံးသပ်ပြီးသည့်နောက်တွင် ဖုန်းဟွမ်က သူ့ကိုယ်သူ ပဟေဠိတစ်ခုအတွင်း ကျရောက်နေသည်ကို တွေးလိုက်ရ၏။ ဤကုန်းမြေကို ရုတ်တရက် ရောက်ရှိလာသည့် လူအားလုံးက ဗုဒ္ဓဘာသာကို ဖြန့်ဝေဖို့ အရင်းအမြစ်များ ဖြစ်လာနိုင်သည်။ သူက အားနည်းသည့်သူများကို လွှမ်းမိုးနိုင်သရွေ့ သူတို့သည် ဗုဒ္ဓဘာသာ ကံကောင်းမှုကို စုစည်းဖို့ ကူညီပေးလိမ့်မည်။ သို့သော်လည်း ဝမ်ဝေ့ကလည်း သူ့လို အတွေးအတူတူ ရှိနေလိမ့်မည်ဟု သိနေခဲ့၏။

ပြဿနာက ထိုသူနှင့် ကံကောင်းမှု ယှဉ်ပြိုင်သည့်အခါတွင် ဖြစ်၏။ ပြောရလျှင် သူတို့သည် ပိုမိုကောင်းမွန်သည့် ရလဒ်ရရှိဖို့ အတူတကွ အလုပ်လုပ်သင့်၏။ သူက သူ့အပြုအမူနှင့် ပတ်သက်ပြီး ကောင်းကျိုးနှင့် ဆိုးကျိုးများကို အလျင်အမြန် ချင့်ချိန်လိုက်သည်။

ထားလိုက်ပါတော့။ တကယ်လို့ ငါ ဝင်ပါရင် ရှာဖွေတွေ့ရှိခံရနိုင်ချေရှိပြီးတော့ အရာအားလုံး ပျက်သုဉ်းသွားနိုင်ချေ ရှိတယ်…

ဝမ်ဝေ့၏ နည်းလမ်းက သက်ရောက်မှုရှိကြောင်း သက်သေပြခဲ့ပြီးသားဖြစ်၏။

သူ့အနေဖြင့် ဗုဒ္ဓဘာသာ ကံကောင်းမှုအများစုကို ဆုံးရှုံးနိုင်သော်လည်း ဤအရာက ချောချောမွေ့မွေ့ ပြန်လည်အသက်သွင်းနိုင်ဖို့အတွက် ပေးဆပ်ရမည့် တန်ကြေးတစ်ခုသာ ဖြစ်၏။ ထို့အပြင် ဝမ်ဝေ့က မည်မျှပင် လုပ်စေကာမူ ဗုဒ္ဓဘာသာဂိုဏ်းအသစ်၏ ဗုဒ္ဓအရှင်အနေနှင့် သူ့ကို ကျော်လွှားနိုင်မည် မဟုတ်ပေ။

ဖုန်းဟွမ်က ထိုအရာကို အကြောင်းအရင်းနှစ်ခုအတွက် ယုံကြည်ချက် ရှိနေ၏။ ဝမ်ဝေ့က သိက္ခာတော်ရ ဘုန်းကြီးတစ်ပါးဟုသာ မှတ်ယူနိုင်လေသည်။ သူက ဂိုဏ်းဖြင့် ပတ်သက်နေသည့် ကံအနှောင်အဖွဲ့များကြောင့် ဗုဒ္ဓဘာသာနှင့် ပါဝင်ပတ်သက်မှုကို ရှောင်ရှားလိုလိမ့်မည်။

ဖုန်းဟွမ်က ဝမ်ဝေ့ကို နက်နက်နဲနဲ သုံးသပ်ကြည့်ပြီးသည့်နောက်တွင် ထိုသူက ထိုအရှုပ်အထွေးထဲ မပါဝင်လိုသည်မှာ သူ၏ အခြေအနေကို မထိန်းချုပ်နိုင်သည့် အချက်နှင့် မေတ္တယျမာတာဗုဒ္ဓနှင့် မပတ်သက်လိုသည့် အချက်ကြောင့်ဖြစ်မှန်း သုံးသပ်မိလိုက်သည်။

ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ဖုန်းဟွမ်က အဖြူရောင် အလင်းတန်းအဖြစ် ပြောင်းလဲကာ အဝေးတစ်နေရာသို့ ပျောက်ကွယ်သွား၏။

……………………………………………

ရှောင်စုန့်ရှီက လက်နက်မျိုးနွယ်ဝင်နှင့် တိုက်ခိုက်နေသည်။ သူက ရှုံးနိမ့်သည့်ဘက်မှ ဖြစ်နေလေ၏။ ပြောရလျှင် လက်နက်မျိုးနွယ်ဝင်က စိတ်ဝိညာဉ်မျိုးနွယ်ခွဲ တစ်ခု ဖြစ်သော်လည်း အသင်္ချေလက်နက်ကမ္ဘာမှ လူများကမူ ထိုအချက်ကို အသိအမှတ်ပြုဖို့ ငြင်းဆန်ကြသည်။

နာမည်အတိုင်း လက်နက်သန့်စင်သူများ၏ မအောင်မြင်သည့် ထုတ်ကုန်များမှ အသိစိတ်ဝင်လာသူများဟု မှတ်ယူနိုင်သည်။ အသင်္ချေလက်နက်ကမ္ဘာတွင် ချို့ယွင်းရတနာတောင်ဟု ခေါ်ဆိုသည့် နေရာတစ်ခု ရှိ၏။ လက်နက်သန့်စင်သူအများစုက သူတို့၏ မအောင်မြင်သည့် အသုံးအဆောင်ပစ္စည်းများကို ထိုနေရာတွင် သွားရောက်စွန့်ပစ်လေ့ရှိပြီး ထိုလက်နက်များက အသိစိတ်ဝင်လာကာ ဝိညာဉ်မျိုးနွယ်တစ်ခု ဖြစ်လာခဲ့သည်။ တစ်ရက်ကျ ထိုသူများထဲမှ တစ်ယောက်က တာအိုကို သက်သေပြကာ ထိုတောင်ဝန်းကျင်တွင် ဂိုဏ်းကို တည်ထောင်ထားခဲ့သည်။

ဧကရာဇ်က ချို့ယွင်းရတနာတောင်ကို လက်နက်သန့်စင်သူများအတွက် အဖိုးတန်အရင်းအမြစ် မြောက်များစွာ ထုတ်ပေးနိုင်သည့် နယ်မြေအဖြစ် သန့်စင်ခဲ့သည်။ ထို့ကြောင့် ဂိုဏ်းက တခြားဂိုဏ်းများဖြင့် ထိုအရင်းအမြစ်များကို သူတို့၏ မအောင်မြင်သည့် လက်နက်များဖြင့် အလဲအလှယ် လုပ်စေပြီး သူတို့မျိုးနွယ်ကို ဆက်လက်၍ ကြီးထွားစေခဲ့သည်။

အဲဒီလူကို မြင်ပြီးကတည်းက ဘယ်အရာမှကို အဆင်မပြေနေဘူးပဲ…

ရှောင်စုန့်ရှီက သူ့ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများစွာကို ကြည့်ရင်း တွေးလိုက်မိသည်။ ဝမ်ဝေ့နှင့် ထာဝရအိပ်မက်ဂိုဏ်းတွင် တွေ့ဆုံပြီးကတည်းက သူ့အနေနှင့် အတော်လေး ကံဆိုးသွားသည်ကို ခံစားမိလိုက်သည်။

သူက ပိုင်ရှယ်မျိုးနွယ်သို့ ပြန်လာကာ တာအိုသက်သေပြမည့် အခွင့်အရေးကို တိုးမြှင့်ဖို့ သူတို့၏ အရင်းအမြစ်များကို အသုံးပြုလိုပြီး လူမဆန်သည့် သူ့အဖေအား သူတို့ကို စွန့်ပစ်သည့်အတွက် သူ့အမေထံ တောင်းပန်စေလိုသည်။ ထိုသူအား သူ့ကလေးဘဝက အဖမဲ့သားဟု ခေါ်ဆိုခံခဲ့ရပြီး သူ့အမေကိုပင် အပျက်မဟု ခေါ်ဆိုခံရသည့် အရှက်ကွဲမှုများကိုပင် ပြန်လည်ပေးဆပ်စေလိုသည်။

ပထမဦးစွာ သူက မျိုးနွယ်ဆီ ရောက်ရှိလာကတည်းက အခက်အခဲ အမြောက်အများကို ရင်ဆိုင်ခဲ့ရ၏။ သို့သော်လည်း သူ့ပါရမီကို ပြသပြီးသည့်နောက်တွင် အကြီးအကဲများက လက်ခံရုံမျှသာ ဖြစ်၏။ သူက လှေကားတစ်ထစ်ချင်းစီ ဖြည်းဖြည်းချင်း မြင့်တက်လာကာ သူ့ကိုယ်သူ နာမည်တစ်ခုရအောင် လုပ်ဆောင်နိုင်ခဲ့သည်။

သို့သော်လည်း သိပ်မကြာခင် စက်ဆုပ်ဖွယ်ကောင်းသော လူသားက ရောက်လာကာ သူ့မိဘ၏ အသက်များဖြင့် ခြိမ်းခြောက်ခဲ့ပြီး ကြယ်တာရာဝိဇ္ဇာ သွေးမျိုးဆက်ဆီမှ သတင်းအချက်အလက်ကို ရယူဖို့ အတင်းအကြပ် စေခိုင်းခဲ့သည်။ သူက နည်းလမ်းအားလုံးကို အသုံးပြုခဲ့၏။ သေချာသည့် တန်ကြေးတစ်ခုကို ပေးဆပ်ပြီးသည့်နောက်တွင် သူ့တာဝန်၌ အောင်မြင်ခဲ့သည်။

ထိုဖြစ်ရပ်အပြီးတွင် ရှောင်စုန့်ရှီက ရည်မှန်းချက်တစ်ခု ရှိလာသည်။ သူက သူ့မိသားစုကို ကူညီနိုင်ဖို့ တတ်နိုင်သမျှ အားကောင်းလာစေရန် ဖြစ်၏။ သူက မိုးမြေကြားရှိ အရာများက သူ့မိသားစုကို ထိခိုက်မှု မဖြစ်အောင် ကာကွယ်လိုသည်။ ထို့ကြောင့် သူက သူ့စွမ်းအားကို တိုးမြှင့်ဖို့ နေ့နေ့ညည ကြိုးစားခဲ့၏။

သူက သွေးစည်းမျဉ်းကို လေ့ကျင့်ပြီး ပိုင်ရှယ်မျိုးနွယ်၏ ဝါးမျိုရေးစွမ်းအားကို အသုံးပြုကာ သူ့သွေးမျိုးဆက်ကို သန့်စင်ခဲ့သည့်အတွက် မျိုးနွယ်ဝင်များပင် အံ့အားလောက်သည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။ သူက ပိုင်ရှယ်မျိုးနွယ်တွင် မျိုးဆက်တစ်ရာတွင် တစ်ခါပေါ်ထွက်လာသည့် ပါရမီရှင်ဟုပင် မှတ်ယူရ၏။

သူ့ပါရမီဖြင့် သူသည် သူ့အဖေတူအမေကွဲ ညီအစ်ကိုဖြစ်သည့် ပိုင်ရှယ်မျိုးနွယ်၏ အမွေဆက်ခံသူကို ဖိနှိပ်ထားနိုင်ခဲ့သည်။ သူက လူသားသွေးမျိုးဆက်ကြောင့် ဖိနှိပ်မှုများကို ကျော်လွှားကာ သူ့ဘက်တွင် အကြီးအကဲမြောက်များစွာကို စုစည်းခဲ့ပြီး မျိုးနွယ်စုဝင် အာဏာကို ထိန်းချုပ်နိုင်ခဲ့သည်။

ရှောင်စုန့်ရှီက သူ့အဖေဆီမှ အာဏာကို လုယူဖို့ ဆုံးဖြတ်ခဲ့သည်။ ထိုသူက ခုခံဖို့ ကြိုးစားသော်လည်း အကြီးအကဲအများစုက သူ့ဘက်တွင်ရှိကြောင်း ပြသခဲ့သည်။ သူ့အဖေက အားသုံးပြိုင်ဆိုင်ဖို့ ကြိုးစားသည့်အခါ သူက လက်ဝါးတစ်ချက်တည်းဖြင့် ဖိနှိပ်ထားခဲ့၏။

ရှောင်စုန့်ရှီက ထိုနေ့ရက်ကို ဘယ်သောအခါမှ မမေ့နိုင်ပေ။ ထိုလူ သူ့လက်ဝါးအောက် ကျရောက်နေပြီး သူ့အဖေ မျက်ဝန်းရှိ ဒေါသ၊ အမုန်းတရား၊ အငြိုးတရားနှင့် နောင်တတရားတို့ကို မြင်လိုက်သည့်အခါ သူ့ဝိညာဉ်ထဲတွင် ကျေနပ်မှုမျိုး ဖြစ်ပေါ်လာသည်။ ထိုနေ့ရက်တွင် သူ့စိတ်အခြေနေက ပိုမိုသိမ်မွေ့သွားပြီး သူ့ပုခုံးပေါ်မှ ဝန်ထုပ်ကြီး ပေါ့သွားသလို ခံစားလိုက်ရ၏။ တစ်ခုတည်းသော နှမြောစရာကောင်းသည်က ထိုသူသည် သူနှင့် သူ့အမေထံ တောင်းပန်ဖို့ ငြင်းဆန်နေခဲ့သည်။

သို့သော်လည်း ရှောင်စုန့်ရှီက စိတ်ထဲမထားပေ။ သူက စိတ်ရှည်ရှည်ဖြင့် သူ့အဖေကို ပိတ်လှောင်ထားခဲ့၏။ သူ ဧကရာဇ် ဖြစ်လာပြီး ပြန်လည်တွေ့ဆုံသည်အထိ စောင့်ဆိုင်းစေဖို့ ပြင်ဆင်ထားသည်။ သူက ထိုသူ၏ အကြည့်များမှ နောင်တတရားများကို မြင်တွေ့လိုပြီး သူတို့ကို စွန့်ပစ်ခဲ့သည့်အတွက် မှားယွင်းစွာ ရွေးချယ်မိခဲ့ကြောင်း အသိအမှတ်ပြုအောင် လုပ်ချင်သည်။

နှမြောစရာကောင်းလှသည်က သူ့ပျော်ရွှင်မှုသည် သိပ်ကြာရှည်မခံခဲ့ပေ။ ပိုင်ရှယ်မျိုးနွယ်က ကြယ်တာရာငါးလုံးဝိဇ္ဇာကို အသုံးမပြုခင် စမ်းသပ်မှုအမြောက်အများ ကျော်ဖြတ်ဖို့ လိုအပ်ပေသည်။ ထိုအရာက သူ လုပ်ဖူးသမျှထဲ အခက်ခဲဆုံးဖြစ်သော်လည်း အောင်မြင်ခဲ့၏။

ရှောင်စုန့်ရှီက စိတ်လှုပ်ရှားမှုဖြင့် ကြယ်တာရာဝိဇ္ဇာအား သူ ထာဝရဧကရာဇ် မည်သို့ဖြစ်လာနိုင်ကြောင်း မေးခဲ့သည်။ သူမ၏ အဖြေက သူ့ကိုယ်သူ စည်းပိတ်ပြီး နောက်မျိုးဆက်တွင် ပြန်လည်နိုးထဖို့ဟုသာ ပြောခဲ့၏။ သူက ထိုအဖြေကို အဘယ်ကြောင့် ရရှိမှန်း နားမလည်သလို အကြီးအကဲများကလည်း နားမလည်ကြပေ။ ထို့ကြောင့် ရှောင်စုန့်ရှီက ဤမျိုးဆက်တွင် တာအိုကို သက်သေပြဖို့ရာသာ လိုလားနေခဲ့သည်။

ကြယ်တာရာဝိဇ္ဇာက သူ့လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး အိပ်မက်ဆိုးတစ်ခု ပေးလာခဲ့၏။ ဤမျိုးဆက်က အကြွင်းမဲ့ ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလဖြစ်ပြီး သေမျိုးနှင့် မသေမျိုးကြားက အတားအဆီးများကို ချိုးဖောက်ထားသည့် ပါရမီရှင်မြောက်များစွာ ရှိလေသည်။ ထို့အပြင် လူနှစ်ဦးက နဝမအဆုံးစွန်အုတ်မြစ်ကို ရရှိထားသည့်အတွက် သူ့အောင်မြင်နိုင်ချေကို သုညနီးပါးအထိ လျှော့ချလိုက်သလို ဖြစ်သွားသည်။

ရှောင်စုန့်ရှီက လက်မလျှော့ပေ။ သူက ဤရလဒ်ကို လက်ခံဖို့အတွက် အများကြီး တွေ့ကြုံခံစားခဲ့ရ၏။ ထို့ကြောင့် သူက နဝမအဆုံးစွန်အုတ်မြစ်ကို မည်သို့ရရှိနိုင်ကြောင်း မေးမြန်းခဲ့သည်။ အဖြေက သူ့ကို ပိုမိုစိတ်ပျက်သွားစေ၏။

သူက အချိန်မရှိသည့်အတွက် သမာသမတ်ကျသည့် လမ်းစဉ်ကို မလိုက်နိုင်တော့ပေ။ ထို့ကြောင့် သမာသမတ်မကျသည့် လမ်းစဉ်ကို စမ်းကြည့်လိုသည်။ ထို့ကြောင့် သူက တည်ရှိမှုကို မည်သို့နားလည်နိုင်ကြောင်း မေးမြန်းခဲ့စဉ် အဖြေသုံးခု ရရှိခဲ့သည်။

ပထမတစ်ခုက ထာဝရဧကရာဇ်တစ်ယောက်ကို သူ့ဆီ ဟောပြောပို့ချစေခြင်း ဖြစ်သည်။ ဒုတိယတစ်ခုကမူ ကံကောင်းမှုအရ အလိုလိုနားလည်သွားခြင်းဖြစ်ကာ နောက်ဆုံးအနေဖြင့် ထာဝရအထွတ်အထိပ် ကျမ်းကို အသုံးပြုခြင်း ဖြစ်၏။

ရှောင်စုန့်ရှီက ထိုသတင်းကြောင့် ပြိုလဲလုနီးပါး ဖြစ်သွားခဲ့သည်။ ပထမရွေးချယ်မှုက သိသာသည့် အကြောင်းအရင်းများကြောင့် မဖြစ်နိုင်ပေ။ ထို့အပြင် မိုးမြေစည်းမျဉ်းများက ဒိုင်းမေးရှင်းအနိမ့်တွင် ထာဝရဧကရာဇ်ကို သူတို့၏ တည်ရှိမှုအကြောင်း ဟောပြောပို့ချချက်များကို မှတ်တမ်းတင်ထားဖို့ ခွင့်ပြုမည် မဟုတ်ပေ။

ဒုတိယရွေးချယ်မှုအတွက်မူ ရှောင်စုန့်ရှီက သူ့ကံသည် ထိုမျှကောင်းသည်ဟု မထင်မိပေ။ သူ့အနေနှင့် တစ်ခုတည်းသော ရွေးချယ်မှုက ထာဝရအထွတ်အထိပ်ကျမ်း ဖြစ်၏။ သို့သော်လည်း ဝိဇ္ဇာက ထိုကျမ်းများသည် ရှေးဟောင်းမျိုးနွယ်၊ တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ထိုက်ယီနက်နဲမုခ်တွင်သာ ရှိကြောင်း ပြောပြခဲ့၏။

သူ့အနေနှင့် တစ်ခုတည်းသော လုပ်ဆောင်နိုင်သည့်အရာက ဧကရီဝူနှင့် လူသားဧကရာဇ်ဆီမှသာ ဖြစ်သည်။ ဧကရီဝူက ဒိုင်မေးရှင်းအမြင့်သို့ တက်လှမ်းမသွားခင် အဆုံးမဲ့လေဟာနယ်အတွင်း၌ အမွေအနှစ်ကို ချန်ထားခဲ့သည်။ လူသားဧကရာဇ်ကမူ သူ့အမွေအနှစ်ကို ချင်ရတနာသိုက်၌ ချန်ထားနိုင်ခဲ့ချေ ရှိ၏။

ထို့အပြင် ထာဝရအထွတ်အထိပ်ကျမ်းမှ တည်ရှိမှုကို နားလည်ဖို့ရာက မဖြစ်နိုင်လောက်သည့် နည်းပါးလွန်းသည့် ဖြစ်နိုင်ချေမျှသာ ရှိလေသည်။

ရှောင်စုန့်ရှီက လက်မလျှော့ပေ။ သူ့နောက်ဆုံးကြိုးစားမှုက သူ့ပါရမီနှင့် ကံကောင်းမှုကို အသုံးပြုကာ တည်ရှိမှုကို နားလည်ဖို့ ကြိုးစားခြင်း ဖြစ်၏။ ထို့ကြောင့် သူက ကြယ်တာရာဝိဇ္ဇာအား အောင်မြင်ရန် မည်သို့ လုပ်ဆောင်နိုင်ကြောင်း မေးမြန်းခဲ့သည်။ ထို့နောက် သူမက သူ့ကို အထိနာသွားစေသည့် အဖြေမျိုးပေးကာ သူ့ပါရမီက သေမျိုးတစ်ယောက်အနေဖြင့် တည်ရှိမှုသဘောတရားကို နားလည်ဖို့ မလုံလောက်ကြောင်း ပြောခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူမက သူ့ပါရမီကို ထိုအဆင့်ထိ တိုးမြှင့်နိုင်ဖို့ ရွေးချယ်စရာ အများကြီး ပေးခဲ့၏။ သူမက သူ့တွင် ပါရမီသာ လိုအပ်ခြင်း မဟုတ်ဘဲ အခွင့်ကောင်းနှင့် ကံကောင်းမှုတို့လည်း လိုအပ်ကြောင်း ရှင်းပြခဲ့သည်။ ဝိဇ္ဇာက ဉာဏ်အလင်းပွင့်မှုရရှိဖို့ရာ တိကျသည့် အခွင့်အရေးအကြောင်းကိုပင် ပြောပြခဲ့သည်။

နောက်ဆုံးတွင် ရှောင်စုန့်ရှီက လက်လျှော့လိုက်၏။ ထိုနည်းလမ်းအများစုက မဖြစ်နိုင်လောက်သည့် အရင်းအမြစ်များ လိုအပ်နေပြီး အန္တရာယ်နှင့် အောင်မြင်နိုင်ချေ နည်းပါးမှုတို့ကြောင့် မဖြစ်နိုင်ပေ။ တည်ရှိမှုသဘောတရားကို နားလည်ဖို့ အခွင့်အရေးအတွက်မူ ယုတ္တိမဆန်ဘဲ စတေးဖို့ရာ မထိုက်တန်ကြောင်း ပြောပြခဲ့သည်။

အဆုံးသတ်တွင် ထိုနဝမအဆုံးစွန်အုတ်မြစ်ကို မရရှိဘဲ တာအိုကို သက်သေပြနိုင်မည့် နည်းလမ်းရှိလားဟု မေးမြန်းခဲ့ရာ သူမက အောင်မြင်နိုင်ချေ ၁ ရာခိုင်နှုန်းအောက်သာ ရှိကြောင်း ပြောပြခဲ့သည်။

ဝှစ်

ရှောင်စုန့်ရှီအား အဖြူရောင်အလင်းတန်း လွှမ်းခြုံသွားကာ သေခြင်းတရားမှ ကယ်တင်သွား၏။

***

All Chapters