← Chapters

ဖရိုဖရဲအခြေအနေ နောက်ဆုံးအပိုင်း

Vol. 50 Ch. 698

ဖရိုဖရဲအခြေအနေ နောက်ဆုံးအပိုင်း

Vol. 50 Ch. 698

ကျင်းဝူဟွား၏ မီးတောက်က တစ်ဖက်လူကို လောင်ကျွမ်းပစ်သည့်အတွက် ဆိုးဆိုးဝါးဝါး အော်သံများ ပျံ့လွင့်လာသည်။ နောက်ဆုံးတွင် တစ်ယောက်က ထွက်ပြေးဖို့ရာ ဉာဏ်ကောင်းသွားလေ၏။ သူမက သူ့နောက်ကို လိုက်မဖမ်းပေ။

ထိုအစား သူမက တိုက်ခိုက်သူတချို့၏ ဝိညာဉ်ကို ရှာဖွေပြီး အခြေအနေကို သင်ယူခဲ့သည်။ ဤမျိုးဆက် ကောင်းကင်အလိုဆန္ဒ တိုက်ပွဲကို တစ်စုံတစ်ယောက် ကြံစည်နေကြောင်း သိရှိပြီးသည့်နောက်တွင် ကျင်းဝူဟွားက ဂရုမစိုက်ခဲ့ပေ။ ဤမျိုးဆက်တွင် စည်းပိတ်ထားရာမှ နိုးထလာပြီးသည့်နောက် သူမ၏ စိတ်က အမြဲလိုလို စိုးရိမ်ပူပန်မှုတွေ ပြည့်နှက်နေ၏။

အဖေ ဘယ်မှာလဲ။ တစ်ခုခုများ ဖြစ်သွားတာလား…

ကျင်းဝူဟွားက တွေးလိုက်မိသည်။ ယခင်နှစ်ထောင်ချီအတွင်း ထိုအတွေးများက ရပ်တန့်မသွားခဲ့ပေ။ ဤမျိုးဆက်အတွင်း နိုးထလာပြီးသည့်နောက်တွင် သူမအဖေက သူမ၏ အခြေခံအုတ်မြစ်ကို အားကောင်းဖို့ရာ ပြန်လည်ကျင့်ကြံဖို့ အသေးစိတ် ညွှန်ကြားမှုများကို ထားရစ်ခဲ့ကြောင်း သိရှိခဲ့ရသည်။

သူမ၏ အဖေက ဤမျိုးဆက်တွင် အောင်မြင်နိုင်ဖို့အတွက် လက်ဆောင်ပင် ချန်ထားခဲ့ကြောင်း ပြောခဲ့၏။ လှည့်ဖျားရေးစစ်ဆေးမှုအပြီးတွင် သူမက သူ ချန်ခဲ့သည့်ပစ္စည်း ဖြစ်သည့် သူ့အရိုးကို အသုံးပြုခဲ့သည်။ သူ့အဖေက သူမအား ဧကရာဇ်အရိုးကို စုပ်ယူစေဖို့ရာအတွက် သေသေချာချာ သိမ်းဆည်းပေးထားခဲ့သည်။

သူမ အောင်မြင်ပြီးသည့်နောက်တွင် သူမ၏ အုတ်မြစ်၊ ခန္ဓာကိုယ်၊ သွေးမျိုးဆက်၊ ဝိညာဉ်နှင့် စည်းမျဉ်းနားလည်နိုင်စွမ်းတို့က သိသိသာသာ တိုးမြင့်လာ၏။ မည်သို့ပင်ဆိုစေကာမူ အင်အားရုတ်တရက် တိုးပွားလာသော်လည်း ကျင်းဝူဟွားက မပျော်ရွှင်ပေ။

အကြောင်းအရင်းက သူမအဖေသည် သူမနှင့် တွေ့ဆုံဖို့ ထွက်ပေါ်မလာ၍ ဖြစ်သည်။ ကျင်းဝူဟွားက မဟာဧကရာဇ်များသည် တက်လှမ်းပြီးသည့်နောက်တွင် ဒိုင်မေးရှင်းအနိမ့်တွင် အလွယ်တကူ ဝင်ရောက်မစွက်ဖက်နိုင်ကြောင်း သိထားလေ၏။ သို့သော်လည်း သူမအဖေက သူမနှင့် ဆက်သွယ်ဖို့ နည်းလမ်းတချို့ ချန်ထားလိမ့်မည်မှန်း သိလေသည်။

ဤသည်က သူမ၏ စိုးရိမ်အပူပန်ရဆုံးသော ကိစ္စ မဟုတ်သေးပေ။ အဓိကအချက်က သူမအနေဖြင့် သူတို့ကြားမှ သွေးဆက်နွယ်မှု မခံစားမိတော့ခြင်း ဖြစ်၏။ ပထမဦးစွာ သူမက အားနည်းလွန်း၍ဟုသာ တွေးခဲ့မိပြီး အရိုးကို စုပ်ယူပြီးသည့်နောက်တွင် သူတို့ကြားရှိ ဆက်နွယ်မှုက ပိုမိုနက်ရှိုင်းသွားသင့်ပေသည်။ သို့သော်လည်း ယခုအခါတွင်ပင် သူ့အဖေ၏ တည်ရှိမှုကို မခံစားနိုင်သေးပေ။ ထို့ကြောင့် သူသည် ပုန်းအောင်းနေသည်လား ဒါမှမဟုတ် သေဆုံးသွားသည်လား မသိရပေ။

လှည့်ဖျားရေးတာအိုအတွင်း သူမက ဒိုင်မေးရှင်းအမြင့်၏ ဆိုးဆိုးရွားရွား အခြေအနေများကို သိခဲ့ရသည်။ ကျင်းဝူဟွားအနေဖြင့် သူမ၏ ဖခင်သည် တစ်စုံတစ်ယောက်ထံ ဦးညွှတ်မည့်သူ မဟုတ်ကြောင်း သိလေ၏။ ထိုလူများထဲ လမင်းခုနစ်စင်းနှင့် နေမင်းနှစ်စင်းပင် အပါအဝင် ဖြစ်သည်။

ထို့ကြောင့် သူမ၏ စိုးရိမ်မှုက ပိုမိုမြင့်တက်လာခဲ့သည်။

စိတ်ငြိမ်ငြိမ်ထား…

ကျင်းဝူဟွားက တွေးလိုက်မိသည်။

ငါ လုပ်ဖို့လိုတာက ဧကရာဇ်အရိုးကို စုပ်ယူပြီးတော့ အင်အားတိုးပွားအောင် လုပ်ဖို့ပဲ။ အဲဒီနောက်သင့်တော်တဲ့ အခွင့်အရေးရှာပြီးတော့ တာအိုကို သက်သေပြပြီး သူ့ကို သွားရှာဖို့ တက်လှမ်းနိုင်တယ်…

သူမက တည်နေရာမှ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် အမည်မသိ နေရာတချို့တွင် ပုန်းအောင်းလိုက်၏။

…………

နောက်ရက်သတ္တပတ် အနည်းငယ်အထိ ဝမ်ဝေ့က ကောင်းကင်တာအို၏ စံနှုန်းနှင့် ကိုက်ညီသည့်သူများကို တိတ်တဆိတ် ကယ်ဆယ်ရင်း ကံကြွေးများကို ဖန်တီးနေသည်။ ဤတစ်ကြိမ်တွင် သူ ထားရှိသည့် ကံကြွေးများကို အလွယ်တကူ ဖယ်ရှားနိုင်မည် မဟုတ်ပေ။ အကြောင်းမှာ သူက သူတို့၏ အသက်များကို ကယ်တင်ထားသည် မဟုတ်ပါလော။

ပါရမီရှင်အများစုကလည်း သေဆုံးသွားခဲ့ရသည်။ တခြားကမ္ဘာ့အသိုက်အဝန်းမှ ပါရမီရှင်များကလည်း သေဆုံးမှုအမြောက်အများ ဖြစ်ခဲ့ရ၏။

တောင်ထိပ်အပေါ်တွင် ဝမ်ဝေ့က မျက်လုံးပွင့်လာပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

“မြန်လိုက်တာ”

သူက ရေရွတ်လိုက်၏။ သူ သီးသန့်ကျင့်ကြံနေစဉ်အတွင်း အစွမ်းထိန်းချုပ်ရေးပညာ၏ ကောင်းကင်တာအို ထိန်းချုပ်ရေးအဆင့်ကို ရောက်ရှိဖို့ အခွင့်အရေးမရခင် တာအိုကို သက်သေပြဖို့လိုကြောင်း သိကာ ထိုအဆင့်ကို ရောက်ရှိဖို့ကား မြန်ဆန်လွန်းသည်ဟု ခံစားမိလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ကြိုတင်ကာ လေ့လာထားခြင်းဖြင့် နောင်အနာဂတ်တွင် အုတ်မြစ်ကို အောင်အောင်မြင်မြင် ဖန်တီးနိုင်လိမ့်မည်။

“ငါ အကျိုးအမြတ် အများကြီး ရလိုက်တာပဲ” သူက ရေရွတ်လိုက်၏။ ဖျက်ဆီးခံလိုက်ရသည့် ကောင်းကင်တာအို၏ အငွေ့အသက်မှတဆင့် သူသည် အစီအစဉ်ကျမှု၊ မကျမှုတာအိုအကြောင်း နက်နက်နဲနဲ နားလည်ပြီး သူ့ကံကြမ္မာတာအိုအတွက်ပင် အကျိုးကျေးဇူးရှိလာခဲ့သည်။

သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ကျန်းမာရေးကာကွယ်စောင့်ရှောက်မှု ပညာရပ်ဟူသည့် စာအုပ်ကို ထုတ်ယူလိုက်၏။ ကုရွှမ်၏ နောက်ဆုံးသော စစ်ဆေးမှုတွင် သူက ဧကရာဇ်သက်တမ်း၏ နည်းစနစ်တစ်ပိုင်းကို တိုးမြှင့်ပေးနိုင်သည့် နည်းစနစ်ကို အကြမ်းဖျင်း ပထမပိုင်းကို ဖန်တီးခဲ့သည်။ သူက ထိုနည်းစနစ်ကို သူ့ဂိုဏ်း၏ အုတ်မြစ်ကို တိုးတက်အောင် လုပ်ဖို့အတွက် အသုံးပြုချင်သည်။

ထိုစစ်ဆေးမှုအပြီးတွင် ဆက်တိုက် ကျင့်ကြံမှုများအတွင်း သူက ထိုနည်းစနစ်၏ အဆီအနှစ်နှင့် စိတ်ဝိညာဉ် သန့်စင်ရေးအပိုင်းကို အဆုံးသတ်ခဲ့သည်။ သို့သော်လည်း ဝမ်ဝေ့က ထိုနည်းစနစ်သည် သူ့လိုအပ်ချက်နှင့် မပြည့်မီသေးသည့်အတွက် စိတ်ပျက်သွားမိ၏။ ထိုအရာက လူများကို သေမျိုးကန့်သတ်ချက် နှစ်ပေါင်း ၁.၂၆၉ ထရီလီယံ နေဖို့ရာ ခွင့်ပြုမထားပေ။ သူ့တွက်ချက်မှုအရ အရှည်ကြာဆုံးနေထိုင်သည်မှာ နှစ်ပေါင်း သန်း၇၅၀သာ ဖြစ်၏။

ဤတိုတောင်းလှသည့် သီးသန့်ကျင့်ကြံမှုအပြီး သူက နှစ်သန်းထောင်ချီ နယ်နိမိတ်ကို ကျော်လွှားနိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။

“ငါ ရည်မှန်းချက်ကြီးကြီး ထားသင့်တယ်” သူက ပြောလိုက်၏။

“သေမျိုးတစ်ယောက်ရဲ့ ကန့်သတ်ချက်မှာ နေထိုင်မဲ့အစား ဘာဖြစ်လို့ မိုးမြေလောက် ကြာကြာ မနေနိုင်ရမှာလဲ”

ကမ္ဘာတစ်ခုက မည်မျှ အသက်ရှင်နိုင်သနည်း။

ဝမ်ဝေ့အနေဖြင့် အတိအကျ မသိသော်လည်း ကမ္ဘာသည် မသေမျိုး မဟုတ်ဘဲ ကန့်သတ်ထားသည့် သက်တမ်းရှိကြောင်း သိလေသည်။ တစ်ခုတည်းသော ခြွင်းချက်က ကောင်းကင်အလိုဆန္ဒကမ္ဘာသာ ဖြစ်၏။ ဧကရာဇ်၏ ကောင်းချီးပေးခံရမှု၊ သူတို့၏ ဟောပြောမှုနှင့် အပြုအမူများကြောင့် ကမ္ဘာ၏ သက်တမ်းကို ဆွဲဆန့်နိုင်သည်။

ထို့ကြောင့် မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာကဲ့သို့သော ကမ္ဘာနှင့် ပတ်သက်လာသည့်အခါ မဟာဧကရာဇ်၏ ကောင်းချီးပေးမှုကို ကြာရှည်စွာ မရရှိပြီးသည့်နောက်တွင် သက်တမ်းက ပြတ်လပ်သွားလိမ့်မည်။

မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာ၏ လက်ရှိအခြေအနေက မည်သို့ပင်ဖြစ်စေကာမူ ယွမ်ခေတ်ကာလ ရာချီအတွက်သာ ရှင်သန်နိုင်လိမ့်မည်။

အဲဒါဆိုတော့ တစ်စုံတစ်ယောက်က ကြာကြာအသက်ရှင်နိုင်ရင် အတုအယောင် မသေမျိုးလို့တောင် မှတ်ယူလို့ရတာပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ ကောင်းကင်တာအိုက ဤနည်းစနစ်ကို တည်ရှိဖို့ ခွင့်ပြုထားမည် မဟုတ်ပေ။

မဟာဧကရာဇ်များက တာအိုကို သက်သေပြပြီးသည့်အခါ သူတို့၏ စိတ်အခြေအနေအပါအဝင် အားလုံးက သိမ်မွေ့သွားလေသည်။ ထိုအရာက အချိန်သည် သူတို့အပေါ် သက်ရောက်မှု အနည်းငယ်သာရှိတော့သည့် အကြောင်းအရင်းတစ်ခု ဖြစ်၏။

သို့သော်လည်း သူတို့သည် ရှည်ကြာစွာ နေထိုင်ပြီးသည့်နောက်တွင် စိတ်အခြေအနေ ပြဿနာများကို ရင်ဆိုင်ရသည်။ အကယ်၍ ဧကရာဇ်တစ်ပိုင်းက ဤမျှကြာကြာ နေထိုင်နိုင်ပါက သူတို့၏ စိတ်သည် အချိန်တိုက်စားမှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

“ဒီလူတွေက ရူးသွပ်ပြီးတော့ သူတို့ရဲ့ ဆိုးဝါးလှတဲ့ ဘဝကို အဆုံးသတ်တာတွေ အထိတောင် လုပ်ပစ်နိုင်တယ်” ဝမ်ဝေ့က ရေရွတ်လိုက်ပြီး သူ့နည်းစနစ်၏ လှိုင်းဂယက်ကို တွက်ချက်ကြည့်လိုက်သည်။

“ဘာပဲဖြစ်ဖြစ် စမ်းသပ်ကြည့်ဖို့တော့ စိတ်ဝင်စားဖို့ကောင်းပါတယ်”

သူက ကောင်းကင်တာအို၏ စမ်းသပ်ချက်နှင့် နယ်နိမိတ်ကို စမ်းသပ်ကြည့်ချင်မိသည်။ ယခင်က ကောင်းကင်တာအိုသည် သူ့ကိုယ်ပွား၈ခု အုတ်မြစ်ကို အပြင်းအထန် တင်းကြပ်ထားလိမ့်မည်ဟု ယုံကြည်ထားခဲ့သော်လည်း လူများစွာ ကျင့်ကြံပြီးသည့်နောက်တွင်ပင် ဘာမှဖြစ်ပျက်မလာခဲ့ပေ။ ဝမ်ဝေ့က ကျင့်စဉ်ကို ကျင့်ကြံသည့်အခါ ခက်ခဲမှုသာ တိုးမြင့်လာကြောင်း ခန့်မှန်းမိလိုက်၏။

ထိုနည်းစနစ်အတွက် သူ့အတွေးအခေါ်များကို ချရေးကာ သိမ်းဆည်းလိုက်ပြီးသည့်နောက် လက်ဝှေ့ကာ အစီအရင်မှ တစ်စုံတစ်ခုကို ဖယ်ရှားလိုက်သည်။ သူ့ရှေ့တွင် ခရမ်းရောင်သတ္တုလုံးတစ်ခု ပေါ်ထွက်လာ၏။ သူက အံ့ဖွယ်အသိစိတ်ကို အသုံးပြုကာ အထဲကို ကြည့်ရှုလိုက်သည်။ ထိုအထဲတွင် အနီရောင်အရေပြားနှင့် တတိယမျက်လုံး ရှိထားသည့် ပိန်ပါးပါး ဧရာမကြီး ရှိနေသည်။

“အဲဒီမိန်းကလေးဒေါသက ကတိတည်သားပဲ” သူက ပြောလိုက်ပြီးသည့်နောက်တွင် လေဟာနယ်ကို ဖြိုခွင်းကာ သူ့ဘက်မှ အပေးအယူကို ပို့ဆောင်လိုက်သည်။

သူ့ရှေ့တွင် ပိတ်ကားချပ်တစ်ခု ပေါ်ထွက်လာ၍ စိုက်ကြည့်လိုက်၏။

ဝမ်ဝေ့က သူ ကယ်တင်ထားသည့် လူအားလုံးကို ကြည့်ကာ ကံကြွေးများကိုလည်း စစ်ဆေးကြည့်လိုက်သည်။ သူ့အကူအညီ မလိုအပ်သည့်သူများကိုပင် စစ်ဆေးကြည့်လိုက်၏။ အစီအရင်က လူများကို ကယ်တင်ဖို့ရာသာ ရောက်နေခြင်း မဟုတ်ဘဲ သတင်းအချက်အလက် စုဆောင်းဖို့ရာတွင်လည်း အပါအဝင် ဖြစ်၏။

သူက မျက်မှောင်ကြုတ်လိုက်သည်။ တစ်စုံတစ်ခုကို စီစဉ်နေမှန်း သိသာလှ၏။

သူက ကျင်းဝူဟွားအပေါ် အာရုံစိုက်ထားလိုက်သည်။

သူမက အသုံးဝင်လောက်တယ်။ တတ်နိုင်ရင် အသက်ရှင်အောင် ထားရမယ်…

နောက်ဆုံးသော တိုက်ပွဲက ဖြစ်နိုင်ချေမြောက်များစွာဖြင့် ပြည့်နှက်နေသည်။ ထို့ကြောင့် သူ့အနေဖြင့် ရန်သူကို ရင်ဆိုင်သည့်အခါ ထိန်းချုပ်မိမည် မဟုတ်ပေ။ သို့သော် ညှိနှိုင်းဖို့ အခွင့်အရေးရှိနေပါက သူတို့သာ ရှုံးနိမ့်မှုကို လက်ခံသရွေ့ လူတချို့ကို အသက်ရှင်လျက် ထားနိုင်သည်။

ဤအစီအရင်၏ တတိယစွမ်းရည်က ထိုနယ်ခြားပါရမီရှင်များ၏ ကမ္ဘာ့အသိုက်အဝန်းကို ဝင်ရောက်နိုင်ဖို့ ဝိညာဉ်အမှတ်အသားများ စုဆောင်းခြင်း ဖြစ်၏။

ဝမ်ဝေ့က မျက်လုံးမှိတ်ကာ ထိုလူများ၏ ကမ္ဘာ့အသိုက်အဝန်းကို ဝင်စစ်ဆေးကြည့်လိုက်သည်။ ပုံမှန်အတိုင်း သူက သူ့စကားဝိုင်းအတွင်း ဝင်ရောက်ဖို့ လူတချို့ကို ရွေးချယ်ခဲ့ပြီး ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များ၏ အဖွဲ့ခွဲများကို ဖန်တီးဖို့ အလုပ်ပေးကာ ဗုဒ္ဓဘာသာကိုလည်း တိတ်တဆိတ် ဖြန့်ချီခဲ့သည်။

“ဗုဒ္ဓဘာသာက ငါ ထင်ထားတာထက် ပိုကြီးတဲ့ အဆီတုံးကြီး ဖြစ်နေတာပဲ”

သူက ကြီးမားလှသည့် ကံကောင်းမှုသည် ဖြည်းဖြည်းချင်း စုဝေးလာကြောင်း ခံစားမိလိုက်သည်။

ဖုန်းဟွမ်သာ အကြွင်းမဲ့စတင်ခြင်းမှော် စွမ်းအားကို ချိုးဖောက်လိုက်သည်နှင့် သူသည် ထိုကံကောင်းမှုအားလုံးကို သူ့နားလည်နိုင်စွမ်းကို ကောင်းချီးပေးဖို့ အသုံးပြုနိုင်မည် ဖြစ်ကာ ကောင်းကင်ဘုံအဆင့်ကို ရောက်ရှိဖို့ ပိုမိုလွယ်ကူသွားလိမ့်မည်။

ထိုအရာများနှင့် ရင်ဆိုင်နေရင်း ဝမ်ဝေ့က တစ်စုတစ်ခုကို ခံစားမိ၍ သူ့ကံကြမ္မာကြိုးမျှင်ကို စစ်ဆေးကြည့်လိုက်သည်။

“သေခြင်းတရား အရိပ်အယောင်လား။ ဘာတွေဖြစ်နေတာလဲ” သူက အလျင်အမြန် စစ်ဆေးကြည့်လိုက်သည့်အခါ သူ့ကံကြမ္မာကြိုးမျှင်တွင် မှိန်ပျပျသေဆုံးမှု အရိပ်အယောင် ပြသနေသည်ကို မြင်လိုက်ရ၏။ ထိုအရာက သေးငယ်သော်လည်း ရှိနေဆဲ ဖြစ်၏။ သူ့မျက်ဝန်းအထက် အချိန်စွမ်းအားနှင့် ကံကြမ္မာစွမ်းအား ဖြတ်ပြေးသွားကာ အနာဂတ်ဖြစ်နိုင်ချေအားလုံးကို တွက်ချက်ကြည့်လိုက်သည်။

“ဒီလိုကိုး။ ဒီလူတွေက ဒီလောက်လုပ်မယ်လို့ ထင်မထားမိဘူး။” သူက ရေရွတ်ကာ မျက်မှောင်ကြုတ်လျက် နောက်အဆင့်ကို တွေးလိုက်သည်။

ငါ ထွက်ပြေးလိုက်ရမလား။ ဒါက တိုက်ပွဲကနေတဆင့် ငါ့ကိုယ်ငါ လေ့ကျင့်ပေးဖို့ ပြီးပြည့်စုံသော အခွင့်အရေးပဲ…

သူက ခေါင်းခါလျက် တွေးလိုက်သည်။ သူက အားကောင်းလွန်းခြင်း သို့မဟုတ် အားနည်းလွန်းသည့်သူများနှင့်သာ တိုက်ခိုက်ခဲ့ရသည်။ သူက တိုက်ပွဲမျှော်စင်တွင် သင့်တော်သည့် ပြိုင်ဘက်တစ်ယောက် တွေ့ခဲ့သော်လည်း ထိုတိုက်ပွဲများက သေခြင်းရှင်ခြင်းနှင့် မဆိုင်ပေ။

“ပြီးတော့ ငါက ဒီအခွင့်အရေးမှာ တစ်စုံတစ်ခုကို စမ်းသပ်နိုင်လိမ့်မယ်” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ သီးသန့်ကျင့်ကြံရာသို့ ဝင်ရောက်လိုက်သည်။ သူက တိုက်ခိုက်ဖို့ရာအတွက် အကောင်းဆုံးအနေအထား ရှိနေစေချင်သည်။

သုံးရက်ကြာမြင့်ပြီးသည့်နောက်တွင် ဒုတိယအကြိမ် ကောင်းကင်က အက်ကွဲသွားပြီး လူငါးယောက် ထွက်ပေါ်လာကာ တာအိုဘိုးဘေးအရှိန်အဝါများ ထုတ်လွှတ်နေသည်။

ဝမ်ဝေ့က ပေါ့ပါးသွက်လက်စွာ လှုပ်ရှားရင်း နယ်ခြားကျူးကျော်သူများ အပါအဝင် ကုန်းမြေရှိ လူများကို ဤနေရာအပြင်ဘက်သို့ ပို့ဆောင်လိုက်သည်။

သူက ကြင်နာမှုကြောင့် လုပ်လိုက်ခြင်း မဟုတ်ပေ။ သူက ထိုပါရမီရှင်များသည် အိမ်သို့ ပြန်ကာ သူတို့အင်အားစုများထံ ပြန်လည်တိုင်ကြားဖို့ရာသာ မျှော်လင့်နေမိ၏။ ထိုလူများက ဤဖြစ်ရပ်၏ နောက်ကွယ်မှ ကြိုးကိုင်သူကို ရှာဖွေကာ ဖိအားပေးဖို့ မျှော်လင့်ထားသည်။

ထို့နောက် သူက ထိုငါးယောက်ဆီ ပျံသန်းသွားလိုက်သည်။

***

All Chapters