ငါးယောက် တစ်ယောက်အပြိုင်
Vol. 50 Ch. 699
“ငါတို့ကို စောင့်မျှော်နေတဲ့ပုံပဲ” ထိုငါးယောက်အဖွဲ့၏ ခေါင်းဆောင် ထျဲ့ကျုံးက ပြောလိုက်သည်။ သူက ဦးခေါင်းအထက်တွင် တက်တူးများရှိသည့် ကတုံးပြောင်ပြောင် လူတစ်ယောက် ဖြစ်၏။ သူ့သိုင်းဝတ်စုံက အင်္ကျီလက်လည်း မပါသည့်အတွက် လက်မောင်းကြွက်သားများနှင့် တက်တူးများကို ပြသနေလေ၏။ သူက ဘယ်ဖက်တွင် အနီရောင် ပုဆိန်လှံရှည်ကို ကိုင်ဆွဲထားပြီး ပုခုံးပေါ် ပုံမှန်အတိုင်း တင်ထားသည်။
ဝမ်ဝေ့က ထိုသူနှင့် တခြားလူလေးယောက်ဆီမှ ရက်စက်သည့် အငွေ့အသက်ကို ခံစားမိလိုက်၏။ ထိုသူများသည် သူတို့ဘဝတစ်လျှောက်လုံး တိုက်ပွဲများဖြင့် ဖြတ်ကျော်နေထိုင်ခဲ့သူများဖြစ်ကြောင်း သိလိုက်သည်။
“ကြေးစားတွေလား” သူက မေးလိုက်သည်။
“အဲ့လောက်တောင် သိသာနေတယ်လား”
“အင်း ခင်ဗျားတို့က တခြားသူတွေရဲ့ နယ်ရုပ် ဖြစ်လာချင်တဲ့သူတွေဆိုတော့ သိသာတာပေါ့”
ငါးယောက်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သုံးယောက်က ရယ်မောလိုက်ကြသည်။
“ခေါင်းဆောင် သတင်းအချက်အလက်က မှန်နေတာပဲ။ ဒီကောင်လေးက လျှာထက်တယ်” ပိန်ပါးပါးနှင့် တန်ဖိုးကြီးဝတ်စုံကို ဝတ်ဆင်ထားပြီး မျောက်နှင့် တူသည့်လူက ပြောလိုက်သည်။
“အဲ့လိုဖြစ်ပုံပဲ”
“သတိလက်လွတ် မဖြစ်စေနဲ့” တစ်ကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားသည့် သာမန်နှင့်တူသည့် လျူထုံက ပြောလိုက်သည်။
“သတင်းအချက်အလက်အရဆိုရင် ဒီကောင်လေးက မရိုးရှင်းဘူး”
“အဖွဲ့က ထိုအရာကို ကြားကာ အလေးအနက် ဖြစ်သွားကြသည်။ လျူထုံက သူတို့ကြေးစားအဖွဲ့၏ အကြံပေး ဖြစ်၏။ သူ၏ နည်းဗျူဟာကျကျ စိတ်ထားနှင့် သူတို့အဖွဲ့သည် အခက်အခဲများကို ကျော်ဖြတ်ကာ ကြေးစားစီးပွားရေးလောက၌ ကျင်လည်နိုင်ခဲ့ကြသည်။
ဝမ်ဝေ့က ထိုလူငယ်လေး စကားပြောပြီးသည့်နောက်တွင် ထိုသူများ၏ စိတ်အခြေအနေ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်၏။
“ခင်ဗျားက ခေါင်းဆောင်လား”
“ငါက နိမ့်ကျတဲ့ အကြံပေးလေးပါ”
ဝမ်ဝေ့က ထိုလေးယောက်ကြားမှ အနေအထားကို လေ့လာပြီး အဖွဲ့တွင် တစ်ဦးတည်းသော အမျိုးသမီးဖြစ်သူကို ကြည့်လိုက်၏။ သူမက ပုခုံးများနှင့် သူမ၏ ရင်ဘတ်အနည်းငယ်ကို ဖော်ပြထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမက စံနှုန်းတော်တော်များများဖြင့် လှပသည်ဟု ဆိုရပေမည်။ သို့သော် သူမ၏ ဘယ်ဖက်ပုခုံးအထက်တွင် တက်တူးရှိနေပြီး အရိုင်းဆန်သည့် ခံစားချက်မျိုး ပေးစွမ်းသည်။
“ကျုပ် သိပြီ။ ဒီကတုံးက ခေါင်းဆောင်ပဲ။ ဒါပေမဲ့ ခင်ဗျားရဲ့ ဉာဏ်ရည်နဲ့ ဆွဲဆောင်နိုင်စွမ်းကြောင့် ခြိမ်းခြောက်ခံနေရသလို ခံစားနေရတယ်။ ခင်ဗျားကို သတ်ပစ်ချင်ပေမဲ့ အဖွဲ့က ကြာကြာအသက်ရှင်မှာ မဟုတ်ဘူးဆိုတာရယ်၊ ဒီအမှန်တရားကို သိပြီးရင် ထွက်သွားကြမယ်ဆိုတာကို သိနေခဲ့တယ်။
ဒါပေမဲ့ အဲဒါက သတ်ချင်တဲ့ တစ်ခုတည်းသော အကြောင်းအရင်းတော့ မဟုတ်သေးဘူးပဲ။ ဒါက သူမကြောင့်ပဲ ဖြစ်ရမယ်။ သူက သူမကို ချစ်တယ် … ဒါပေမဲ့ အချစ်တော့လည်း မဟုတ်သေးဘူး။ သူမကို ပိုင်ဆိုင်မှုအဖြစ် မှတ်ယူထားတယ်။
ဒါပေမဲ့ သူမက ခင်ဗျားအတွက် ခံစားချက်တွေ ရှိနေတယ်။ ခင်ဗျားကလည်း အဲဒီအချက်ကို ကောင်းကောင်း သိထားတယ်။ အဲဒါကြောင့် သူ အာရုံထဲ မရောက်စေဖို့ တမင် သိုသိုဝှက်ဝှက် နေနေတာပဲ။
ခင်ဗျားကလည်း သူမကို ချစ်တယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ ခံစားချက်တွေကို မထုတ်ဖော်ခဲ့သလို မပြသရဲဘူးမလား”
ဘယ်သူကမှ ပြန်မဖြေကြပေ။ သူက ချက်ကောင်း ထိခဲ့မှန်း သိသာနေ၏။
အဖွဲ့ထဲရှိ အနှေးဆုံးသူ မျောက်ပင် အဖွဲ့၏ ထူးဆန်းမှုကို သတိထားမိလိုက်သည်။
“ခင်ဗျားက ဘာလို့ ဒီအဖွဲ့ထဲမှာ ရှိနေတာလဲလို့ စဉ်းစားနေတာ။ အဲဒီကတုံးကို သတ်ပြီးတော့ ပျော်ရွှင်မှုကို ဘာလို့ မလိုက်ရှာရတာလဲ။ ဒါမှမဟုတ် ထွက်ပြေးတာမျိုးပေါ့”
ဝမ်ဝေ့က ထိုမေးခွန်းကို မေးလိုက်သည့်အခါ နားမလည်နိုင်ဖြစ်နေမိ၏။ သူက ထိုသတင်းအချက်အလက်ကို ရှာဖွေဖို့ မည်သည့်စွမ်းရည်မှ အသုံးပြုမထားဘဲ ထိုသူများ၏ ခန္ဓာကိုယ်လှုပ်ရှားမှု၊ အမူအရာ၊ ကိုယ်ဟန်အနေအထားနှင့် အငွေ့အသက်များအပေါ် မူတည်၍ သုံးသပ်ထားခြင်းသာ ဖြစ်၏။ သူက ထိုလူငါးယောက်ကို ကြည့်နေရင်း အကြည့်များ တောက်ပလာသည်။
သူတို့၏ ကောင်းကင်ပုဆိန်လှံရှည် အဖွဲ့က ကုန်သွယ်ရေးဗဟိုချက်တွင် ကမ္ဘာ့အသိုက်အဝန်းရာချီတစ်လျှောက် တာဝန်ပြီးမြောက်နိုင်စွမ်းကြောင့် ကျော်ကြားလေသည်။ သို့သော်လည်း သူတို့က အကြည့်တစ်ချက်တည်းဖြင့် ဖိအားခံစားရသည်မှာ အကြိမ်တချို့မျှသာ ရှိခဲ့ပြီး ပထမဆုံးအကြိမ်အနေဖြင့် သေမျိုးတစ်ယောက်ဆီမှ ဤသို့ ခံစားရခြင်း ဖြစ်၏။
“အော် ကျုပ် သိပြီ။ သစ္စာရှိမှုကိုး … ဒီကတုံးက ခင်ဗျားရဲ့ အသက်ကို ကယ်တင်ခဲ့တယ်။ အဲဒါကြောင့် ခင်ဗျားက သူ့နောက်ကို လိုက်ဖို့ ကျိန်ဆိုခဲ့တာပဲ။ အဲဒါကြောင့် ခင်ဗျားက ပျော်ရွှင်မှုကို စွန့်ပစ်ပြီးတော့ နေ့စဉ်နေ့တိုင်း ကြောက်ကြောက်လန့်လန့်နဲ့ နေနေရတာပဲ”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီးနောက် “ဒါပေမဲ့ ခင်ဗျားရဲ့ တန်ပြန်သက်ရောက်မှုအရ ကျုပ် တစ်စိတ်တစ်ပိုင်းတော့ မှားယွင်းသွားတယ်။ ခင်ဗျားက သူ့အပေါ် သစ္စာဆိုထားပေမဲ့ သူက ခင်ဗျားအသက်ကို ကယ်တင်လိုက်လို့တော့ မဟုတ်ဘူး”
ထျဲ့ကျုံးနှင့် လျူထုံကသာ သူတို့၏ ဆက်ဆံရေးအကြောင်းကို သိထားကြသည်။ သူတို့သေမျိုးဖြစ်စဉ်အခါက လျူထုံ၏ ဆင်းရဲနွမ်းပါးသည့် မိခင်သည် နာမကျန်းဖြစ်ကာ ဆေးဝါးအတွက် ပိုက်ဆံအမြောက်အများ လိုအပ်ခဲ့၏။ သို့သော် သူ့တွင် ပိုက်ဆံ မရှိပေ။ ထျဲ့ကျုံးက သူ့အိမ်နီးချင်းဖြစ်သလို အကောင်းဆုံး ညီအစ်ကိုလည်း ဖြစ်ပေသည်။ တစ်ရက်တွင် ထိုသူက မြို့သခင်၏ စံအိမ်မှ ပိုက်ဆံများကို သွားရောက်ခိုးယူခဲ့ပြီး လက်တစ်ဖက် ဆုံးရှုံးသွားရသည်။
ထိုပိုက်ဆံများဖြင့် လျူထုံက သူ့အမေကို ကယ်တင်ခဲ့ပြီး သူ့တစ်ဘဝလုံး ဤကျေးဇူးကို မှတ်ထားပါမည်ဟု ကျိန်ဆိုခဲ့သည်။ နောက်ဆုံးတွင် သူတို့က ကျင့်ကြံရေးလမ်းကြောင်းအပေါ် ရောက်ရှိသည်အထိ ကံကောင်းခဲ့ကြသည်။ နောက်ပိုင်း ထျဲ့ကျုံး၏ လက်ကို ပြန်လည်ကောင်းမွန်လာစေမည့် နည်းလမ်းကိုပင် ရှာတွေ့ခဲ့ကြ၏။ ထိုသွေးသောက် ညီအစ်ကိုနှစ်ယောက်က တာအိုမျိုးစေ့ရှိသည့် လျှို့ဝှက်နယ်မြေကို ရှာတွေ့ဖို့ ကံကောင်းခဲ့ကြပြီး တာအိုဘိုးဘေးများ ဖြစ်လာကြသည်။
ကံဆိုးစွာဖြင့် ကောင်းကင်ပုဆိန်လှံရှည် ကြေးစားအဖွဲ့ကို ဖန်တီးလိုက်ခြင်းနှင့် တင်းဟွာ၏ ပေါ်ထွက်လာမှုတို့က ရှုပ်ထွေးသွားစေသည်။
“မင်းစကားတွေက တိုက်ပွဲမတိုင်ခင် ငါတို့စိတ်အခြေအနေကို သက်ရောက်မှုရှိမယ်လို့ ထင်နေရင် မှားသွားပြီ” လျူထုံက အတွေ့အကြုံ ကြွယ်ဝနေပြီဖြစ်၍ စိတ်ငြိမ်အောင် ထိန်းထားနိုင်သည်။
ဝမ်ဝေ့က ပုခုံးတွန့်ကာ စိတ်ထဲမထားဟန်ဖြင့် ပြောလိုက်သည် “တကယ်လို့ ခင်ဗျားတို့ အလုပ်ခန့်တဲ့သူကို ပြောပြရင် သူတို့ ပေးတာထက် ဆယ်ဆပေးမယ်”
“ရက်ရောလိုက်တာ” တင်းဟွာက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ မည်သည့်အမျိုးသမီးကမှ သူတို့၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များ ထုတ်ဖော်ခံရသည်ကို သဘောမကျပေ။
“အဲလိုတော့ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်းကျရင် ခင်ဗျားတို့ကို အမဲလိုက်မှာပဲလေ။ တကယ်လို့ ကျုပ်ဆီကနေ ထွက်ပြေးနိုင်တယ်ဆိုရင်တော့ ဆုလာဘ်က ခင်ဗျားတို့အပိုင်ပေါ့။ တကယ်လို့ မဟုတ်ဘူးဆိုရင်တော့ ကျုပ် ပိုက်ဆံကို ပြန်ယူရမယ်”
“တော်သင့်ပြီ။ ငါက မင်းလိုမျိုး ရွှေဇွန်းကိုက် မွေးဖွားလာပြီးတော့ ကိုယ်သိကိုယ်တတ် လုပ်နေတဲ့သူတွေကို အမုန်းဆုံးပဲ။ တကယ်လို့ မင်းရဲ့ မြင့်မားတဲ့ နောက်ခံကြောင့်သာ မဟုတ်ရင် မင်းက ဘာဖြစ်မှာလဲ။ လက်ရှိအနေအထားနဲ့ အဆင့်အတန်းကို ရမှာမလို့လား” ထျဲ့ကျုံးက လည်ချောင်းနှင့် နဖူးအထက် သွေးကြောများ ထင်းထွက်လာကာ ပြောလိုက်သည်။
“ဘဝကြီးက မမျှတဘူး။ ခင်ဗျားတို့ ကံကိုပဲ အပြစ်တင်လိုက်ပေါ့” ဝမ်ဝေ့က ပြန်လည်ချေပ၏။
ထျဲ့ကျုံးက ထိုကောင်လေးနှင့် ဆက်လက် စကားပြောလိုစိတ် မရှိတော့ပေ။ သူက ပုဆိန်လှံရှည်ကို လက်နှစ်ဖက်ဖြင့် ကိုင်စွဲကာ ဝှေ့ယမ်းလိုက်သည်။
ဝမ်ဝေ့၏ အေးဆေးနေသည့် အနေအထားက ချက်ချင်းဆိုသလို အလေးအနက် ဖြစ်လာသည်။ သူက ထိုသူများကို လျှော့မတွက်ပေ။ ထိုသူများ၏ အင်အားက သူနှင့် ဆင်တူကြောင်း သိထား၏။ အဆင့် ၅ တာအိုဘိုးဘေးအဆင့်က အဆင့် ခွဲ မဟုတ်ဘဲ အုတ်မြစ်သာ ဖြစ်၏။
ဂိမ်းသဘောတရားအရ ပြောရမည်ဆိုလျှင် အဆင့် ၂၀ ရှိသည့် ဂိမ်းဘော့စ် နှစ်ယောက်လိုမျိုး ဖြစ်ကာ တစ်ယောက်က သာမန်ဘော့စ် ဖြစ်ပြီး နောက်တစ်ယောက်က အဆင့်မြင့်ဘော့စ် ဖြစ်သည်။ ပုံမှန်ဘော့စ်က အဆင့် ၃ တာအိုဘိုးဘေးစွမ်းအားကို ကိုယ်စားပြုပြီး အဆင့်မြင့်ကမူ အဆင့် ၅ တာအိုဘိုးဘေးကို ကိုယ်စားပြုသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့က တူညီသည့် နယ်ပယ်အဆင့်တွင် ရှိနေကြဆဲ ဖြစ်၏။
ဘန်း
ဝမ်ဝေ့က သူ့လက်ကို မြှောက်ကာ ထျဲ့ကျုံး၏ တိုက်ကွက်ကို တားဆီးလိုက်သော်လည်း ထိုစွမ်းအားက သူ့ကို လေဟာနယ်ထဲ မီတာအနည်းငယ် နောက်ဆုတ်သွားစေပြီး လက်ဝါးတွင် အဖြူရောင်အမှတ်အသား ချန်ထားခဲ့၏။
အဆင့် ၃ တာအိုဘိုးဘေး၊ မဟာတာအိုအရင်းအမြစ်ရဲ့ ၁၆ရာခိုင်နှုန်း၊ အဆင့်တစ်ခုချင်းစီက တိုက်ပွဲစွမ်းအားကို ၅ရာခိုင်နှုန်းစီ တိုးမြင့်လာစေသည့်အတွက် သူ့စွမ်းအားက ငါ့ရဲ့အဆင့် ၅ တာအိုဘိုးဘေးနဲ့ ညီမျှနေတယ်…
(ပြောချင်တာက ဝမ်ဝေ့မှာ အဆင့် ၅ တာအိုဘိုးဘေး စွမ်းအား ရှိထားပေမဲ့ တကယ့်တာအိုဘိုးဘေးတွေကျ မဟာတာအိုအရင်းအမြစ် ဌားယူနိုင်စွမ်းတွေပါ ပါနေတော့ စွမ်းအားချင်း မတူတာပါ )
သဘောတရားအရ အားနည်းနေသော်လည်း သူက ထူးကဲသည့် ဇစ်မြစ်နှင့် တခြားသော နည်းဗျူဟာများဖြင့် ဟာကွက်ကို အမှီဖြည့်နိုင်သည်။
တခြားသောလူများကလည်း သူနှင့် ညီတူ သို့မဟုတ် သူ့ထက် အားနည်းသည့်သူများသာ ဖြစ်နေနိုင်သည်။
လေးလံခြင်း တောင်တန်း
ထျဲ့ကျုံးက ပုဆိန်လှံရှည်ကို ဝှေ့ယမ်းချလိုက်ပြီး မဟာတာအိုအရင်းအမြစ်၏ စွမ်းအားကို ငှားယူလိုက်၏။ ဝမ်ဝေ့က တိုက်ကွက်ဆီမှ မဟုတ်ဘဲ မဟာတာအိုအရင်းအမြစ်ဆီမှ ဖိအားကို ခံစားမိလိုက်သည်။ ထိုစွမ်းအားက မြင့်မြတ်ကာ စွမ်းအားပုံစံအားလုံး၏ ထိပ်တွင် လွှမ်းမိုးထားသကဲ့သို့ ဖြစ်၏။ ထို့ကြောင့် သူ သေမျိုးတစ်ယောက်အနေဖြင့် ရင်ဆိုင်သည့်အခါ သဘာဝအတိုင်း ဖိနှိပ်ခံရမည်သာ ဖြစ်၏။
ကံကောင်းစွာဖြင့် တာအိုဘိုးဘေးနှင့် ရင်ဆိုင်ရသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ဘဲ ဖိအားပြင်းပြင်းနှင့် ရင်ဆိုင်ရသည့်အခါတွင် တန်ပြန်တုံ့ပြန်နိုင်ဖို့ လေ့ကျင့်ထားခဲ့သည်။
ဝုန်း
ကျယ်လောင်သည့် အော်သံနှင့်အတူ အရိုးအက်သံများ ထွက်ပေါ်လာသည်။ သို့သော်လည်း ထိုအသံက ဝမ်ဝေ့ဆီမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ ထျဲ့ကျုံးဆီမှ ဖြစ်၏။ တိုက်ကွက်က သူ့ကို ထိတွေ့သည့်အခါ သူက ထျဲ့ကျုံးနှင့် ကံကြမ္မာ လဲလှယ်ပြီး ထိခိုက်မှုများကို တစ်ဖက်လူဆီကို ကူးပြောင်းပေးလိုက်ခြင်း ဖြစ်သည်။
ထိုရလဒ်ကို ထင်မထားမိသည့်အတွက် ဆိုးဆိုးရွားရွား ခံစားသွားရခြင်း ဖြစ်၏။
လျူထုံက သွက်သွက်လက်လက် လှုပ်ရှားလိုက်သည်။ သူက လက်ကိုဝှေ့ကာ ကုသရေးအဆောင်ကို ထုတ်ဖော်လိုက်ပြီး ခေါင်းဆောင်၏ ဒဏ်ရာများကို ကုသပေးလိုက်သည်။
“အလျင်မလိုနဲ့။ သတင်းအချက်အလက်အရတော့ သူက ကံကြမ္မာတာအိုကို ကျင့်ကြံထားတာတဲ့”
ထိုစဉ်ဝမ်ဝေ့က လျူထုံ၏ အဆောင်တာအိုကြောင့် အနည်းငယ် အံ့အားသင့်နေမိသည်။ ကျွမ်းကျင်အတတ်ပညာ တာအိုသည် အရင်းအမြစ်မြောက်များစွာ လိုအပ်ချက်ကြောင့် ကျင့်ကြံဖို့ ခက်ခဲလှသည်။ လေလွင့်ကျင့်ကြံသူများသည် ကျွမ်းကျင်အတတ်ပညာရှင် ဖြစ်လာနိုင်ချေက နည်းပါးလွန်းလှ၏။ ထို့ကြောင့် သူတို့၏ ပင်မ မဟာတာအိုအရင်းအမြစ်အနေနှင့် ကျင့်ကြံဖို့ဆိုရင် ဆိုထားဖွယ် မရှိတော့ပေ။
သူ့စိတ်ထဲ ထိုအတွေးများက စက္ကန့်ပိုင်းအတွင်း ဖြတ်ပြေးသွား၏။ ထို့နောက် သူက ထိုလူများဆီ ပြေးဝင်သွားကာ သူတို့ကိုယ်သူတို့ ငြိမ်အေးစွာ ကုသခွင့်မပေးနိုင်ပေ။
“မင်းကို ခွင့်မပြုဘူး” တင်းဟွာက ပြိုင်ဘက်ကင်း အလျင်ဖြင့် ပြေးဝင်လာသည်။ လေဓာတ်၏ မဟာတာအိုအရင်းအမြစ်က သူမခန္ဓာကိုယ်အတွင်း ဖြတ်ပြေးသွားကာ အရှိန်က အဆုံးမဲ့ကို ကျော်လွန်သွား၏။
သူမက လေပြင်းအဖြစ် ပြောင်းလဲသွားကာ သူမ၏ လက်သည်းချက်များက တိုက်ခိုက်ဖို့ ရောက်လာလိုက်သည်။ သူမ၏ တိုက်ကွက်က ဝမ်ဝေ့၏ အရေပြားကို မချိုးဖောက်နိုင်သော်လည်း သူ့တုံ့ပြန်နှုန်းက သူမထက် နှေးကွေးနေပြီး သူမကို ဖမ်းဆီးနိုင်စွမ်း သို့မဟုတ် တုံ့ပြန်နိုင်စွမ်း ရှိမည် မဟုတ်ပေ။
ထို့နောက် သူမက ရုတ်ချည်းဆိုသလို ရပ်တန့်လိုက်၏။ တင်းဟွာက အံ့အားသင့်သွားကာ ဘာဖြစ်ခဲ့သလဲဟု စဉ်းစားမိသွားသည်။ ဝမ်ဝေ့အနေဖြင့် သူသည် အစီအစဉ်ကျမှု တာအိုကို အသုံးပြုကာ သူ့ပတ်ဝန်းကျင်ရှိ ဓာတ်စွမ်းအားအသုံးပြုမှုများကို တားမြစ်လိုက်ကြောင်း ပြောမည် မဟုတ်ပေ။
ဘန်း
ဝမ်ဝေ့က သူမခေါင်းအထက် ပေါက်ကွဲသွားစေဖို့ ရည်ရွယ်ချက်ဖြင့် လက်သီးချက် ထိုးခွင်းလိုက်သည်။
ကံဆိုးစွာဖြင့် ထိုစွမ်းအားအများစုကို တားဆီးပေးသည့် အနက်ရောင် ဒိုင်းကာတစ်ခု ပေါ်ထွက်လာသည်။
တင်းဟွာက ကီလိုမီတာချီ လွင့်စင်သွားသည်။
ထို့နောက် ဝမ်ဝေ့က ဝင်ရောက်စွက်ဖက်သည့်သူအား ကြည့်လိုက်သည်။ ထိုသူက အဖွဲ့၏ ၅ယောက်မြောက် အဖွဲ့သား ဖြစ်၏။ သူက အနီရောင် ဒိုင်းကာကို ကိုင်ဆောင်ထားသည့် ကြွက်သားပြိုင်းပြိုင်းနှင့် အမျိုးသား ဖြစ်သည်။
***