← Chapters

ငါးယောက် - တစ်ယောက် အပြိုင်

Vol. 50 Ch. 700

ငါးယောက် - တစ်ယောက် အပြိုင်

Vol. 50 Ch. 700

ဝမ်ဝေ့က ငါးယောက်မြောက် လူကို ကြည့်လိုက်၏။ သူ စကားပြောဆိုနေစဉ်အတွင်း ထိုအဖွဲ့ထဲတွင် တစ်ဦးတည်းသော အတည်ငြိမ်ဆုံးသူ ဖြစ်၏။ အစပိုင်းတွင် အနည်းငယ် အံ့အားသင့်သွားရာမှလွဲ၍ ထိုသူသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ဝမ်ဝေ့က သူ့ရှေ့တွင် ပေါ်လာကာ လက်သီးဖြင့် ထိုးချလိုက်သည်။ သူ့လက်သီးချက်မှ အဖျက်စွမ်းအား ထွက်ပေါ်လာပြီး လမ်းတွင်ရှိသမျှ အရာအားလုံးကို သုတ်သင်ပစ်ဖို့ ကြိုးစားနေသည်။

ဝုန်း

ကုန်းဖန်၏ တာအိုအသုံးအဆောင်ပစ္စည်းပေါ်တွင် အက်ကြောင်းများ ပေါ်ထွက်လာ၏။ ဤသေမျိုးအလွာကနေ သူ့ကို သုတ်သင်ဖို့ ကြိုးစားနေသည့် ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိလိုက်သည်။ သူ့အတွက် ကံကောင်းသွားသည်က လျူထုံသည် မြန်မြန်သွက်သွက်လက်လက် တုံ့ပြန်လာကာ သူ၏ အားကောင်းပြီးသား ဒိုင်းကာကို ပိုမိုအားဖြည့်ပေးဖို့ ကာကွယ်ရေးအဆောင်ကို အသုံးပြုခဲ့သည်။ ကုန်းဖန်က ကာကွယ်ရေးတာအိုကို ကျင့်ကြံသည့်အတွက် ထိုတိုက်ကွက်၌ အသက်ရှင်ခဲ့သည်။

နှမြောစရာကောင်းလှသည်က ဝမ်ဝေ့က ထိုရလဒ်ကို ခန့်မှန်းထားပြီးသားဖြစ်ကာ ကြမ္မာစွမ်းအင်ထဲမှ ရည်ရွယ်ချက် လှုံ့ဆော်ခြင်းကို အသက်သွင်းလိုက်သည်။ သူက ထိုကာကွယ်ရေးအဆောင်၏ ရည်ရွယ်ချက်ကို သူ့တိုက်ကွက် တိုးမြှင့်ပေးသည့် အရာအဖြစ် ပြောင်းလဲလိုက်သည်။ တခြားနည်းဖြင့်ဆိုရလျှင် သူက လျူထုံ၏ စွမ်းအားကို သူ့အတွက် ယူဆောင်လိုက်ခြင်း ဖြစ်၏။

ဘန်း

ကုန်းဖန်က ကောင်းကင်မှ လွင့်ထွက်သွားကာ ကုန်းမြေနှင့် ဝင်တိုက်သွားသည်။

အသက်ရှင်သေးတယ်လား…

ဝမ်ဝေ့က တစ်ဖက်လူဆီမှ အသက်ဓာတ်ကို ခံစားမိလိုက်၍ တွေးလိုက်မိသည်။ သူက အခြေအနေကို သုံးသပ်ကာ အကြောင်းအရင်းကို သိရှိသွား၏။

ဧကရာဇ်အသုံးအဆောင်ပစ္စည်း

သေမျိုးများက ဧကရာဇ်အသုံးအဆောင်ပစ္စည်းများ၏ စွမ်းအားအပြည့်အဝကို ထုတ်မသုံးနိုင်ပေ။ သူတို့လုပ်နိုင်သည့် အကောင်းဆုံးအရာက အစီအရင်နှင့် အင်အားစုတစ်ခု၏ ချီကံကောင်းမှုကဲ့သို့ အရာများကို အသုံးမပြုသရွေ့ ၂၀ရာခိုင်နှုန်းသာ ထုတ်သုံးနိုင်ကြသည်။ ထိုသို့ဆိုလျှင်ပင် မသေမျိုးများက အစီအရင်နှင့် ကံကောင်းမှုကို ထိန်းချုပ်ကာ လက်နက်ကို စွမ်းအင်အပြည့်အဝအထိ ထုတ်သုံးနိုင်ကြသည်။ ဤသည်က သေမျိုးနှင့် မသေမျိုးကြားမှ ကွာခြားချက်ဖြစ်၏။

တာအိုဘိုးဘေးက ဧကရာဇ်အသုံးအဆောင်ပစ္စည်း၏ ၂၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ အသက်သွင်းနိုင်သည်။ ထိုအရာက အသုံးပြုသူအပေါ် မူတည်၏။ လက်ရှိစွမ်းအားဖြင့် ဝမ်ဝေ့သည် ၆၀ ရာခိုင်နှုန်းမျှသာ ထုတ်သုံးနိုင်သည်။ သို့သော်လည်း ကန့်သတ်ချက်၂၀ ရာခိုင်နှုန်းထက် ကျော်လွန်၍ သုံးပါက သူ့သေမျိုးတစ်ယောက် ဖြစ်နေသေး၍ အသုံးအဆောင်ပစ္စည်းက သူ့သက်တမ်းကို စုပ်ယူသွားလိမ့်မည်။

ဒါပေမဲ့ ဒီလူတွေက တာအိုဘိုးဘေးဖြစ်ပြီးတော့ ဧကရာဇ်အသုံးအဆောင် ပစ္စည်းတွေ အသုံးပြုဖို့ ပြဿနာရှိမှာ မဟုတ်ဘူးပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူ့စိတ်ထဲ ကွမ်တန်ကွန်ပြူတာ တစ်လုံးထက်ပင် လျင်မြန်စွာ တွက်ချက်နေပြီး အခြေအနေကို သုံးသပ်နေ၏။

သူ့ခန္ဓာကိုယ်က အနည်းငယ် လှုပ်ရှားကာ မျောက်၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။

ဓားမော့ တာအိုကျင့်ကြံသူလား…

ဓားမော့က ဓားထက်ပင် အမြင့်မားဆုံး တိုက်ခိုက်ရေးစွမ်းရည် ရှိထားဟန်ပေါ်သည့် အရာတစ်ခု ဖြစ်၏။ ဓားမော့က သတ်ဖြတ်ရေးလက်နက် တစ်ခုဖြစ်ပြီး ဓားမော့ကိုင်ဆောင်သူ အားလုံးက ထိုအချက်ကို သိကာ ထိုသို့သာ အသုံးပြုကြသည်။ ထိုစဉ် ဓားသမားများကမူ ဓားအပေါ် စိတ်ညွတ်ကြ၏။ ဝမ်ထျန်းလိုမျိုး အားကောင်းသည့်ဓားသမားပင် ဤသို့သော စိတ်သဘောထားအပေါ် အပြစ်ရှိစိတ်ကို ခံစားမိတတ်ကြသည်။

ကံဆိုးစွာဖြင့် ဤအရာက ဓားတာအိုလောက် မဖွံ့ဖြိုးပေ။ ထိုအရာအတွက် အကြောင်းအရင်းများစွာလည်း ရှိ၏။ အဓိကအချက်က သန့်စင်သည့် ဓားမော့တာအိုလမ်းစဉ်ကို လျှောက်လှမ်းဖို့ သဘောတရားများ မရှိပေ။ ဓားမော့ ကိုင်ဆောင်သူအများအပြားက သူတို့၏ စွမ်းအားတိုးမြှင့်ပြီး ရန်သူကို သတ်နိုင်ဖို့ ဘာမဆို လုပ်နိုင်ကြ၏။ သို့သော်လည်း ဓားသမားလိုမျိုး သန့်စင်မှုလမ်းစဉ် နောက်လိုက်သည့်သူတချို့က ဆယ်ဆ ပိုမိုကြောက်ဖို့ကောင်းလေသည်။

“ငါ ပေးထားတဲ့အဆောင်ကို သုံးလိုက်” လျူထုံက အော်ပြောလိုက်စဉ် အဖွဲ့က သူ့အမိန့်အတိုင်း လိုက်နာကြသည်။ လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုက သူတို့အား လွှမ်းခြုံသွာပြီး သူတို့၏ ကံကြမ္မာကို ကာကွယ်ပေးထား၏။

“ခင်ဗျားတို့က တော်တော်ပြင်ဆင်လာသားပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ သို့သော် သူက ဂရုမစိုက်ပေ။ ကံကြမ္မာတာအိုကျွမ်းကျင်မှုက ထိုအဆောင်များအား ကာကွယ်မှုကို လျှော့ချပစ်နိုင်သည်။ အကောင်းဆုံးအနေဖြင့် သူတို့က သူ့တိုက်ကွက်ကို ရာခိုင်နှုန်း အနည်းငယ်မျှသာ လျှော့ချနိုင်လိမ့်မည်။

ဝှစ်

တစ်နေရာမှ မြားတစ်စင်း ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်က အလိုလိုရှောင်ရှားလိုက်၏။ သူက လှည့်ကြည့်လိုက်သည့်အခါ ယောင်ကိုင်းနေသည့် မျက်နှာဖြင့် လေးကြိုးဆွဲထားသည့် တင်းဟွားကို မြင်လိုက်ရသည်။

ကံကြမ္မာ လွတ်မြောက်ရေး

မည်သည့်နေရာတွင်ရှိစေကာမူ ဝမ်ဝေ့က တည်ရှိနိုင်သည်။ ထို့ကြောင့် သူက သူမရှေ့တွင် ချက်ချင်းပေါ်ထွက်လာ၏။ မည်သူကမှ မတုံ့ပြန်နိုင်ခင် သူမကို ထပ်မံ တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

ဘန်း

သူ့တိုက်ကွက်ကို တားဆီးသည့် ဒိုင်းကာတစ်ခု ပေါ်ထွက်လာသည်။ ဤတစ်ကြိမ် သူမက နောက်ပင် လွင့်ထွက်မသွားပေ။ ဝမ်ဝေ့က ကုန်းဖန်းကို ကြည့်ကာ ပြောလိုက်၏။

“ခင်ဗျားက စိတ်ပျက်ဖို့အကောင်းဆုံးဆိုတော့ အရင်ဆုံး သေလိုက်တော့”

သူ့နောက်တွင် ဧရာမသူ့ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက သူ့ဓမ္မခန္ဓာ ဖြစ်၏။

“သူ အရင်က အလေးအနက် မဟုတ်ခဲ့ဘူးပဲ” မျောက်ကရေရွတ်လိုက်၏။ တိုက်ပွဲက လွန်ခဲ့သည့် မိနစ်ပိုင်းကတည်းက စတင်ခဲ့ပြီဖြစ်သော်လည်း တစ်ဖက်လူက သူတို့အပေါ် ဖိအားများစွာ ပေးနိုင်ခဲ့သည်။ ထိုသို့ဆိုလျှင်ပင် သူက အကုန်ထုတ်သုံးထားခြင်း မဟုတ်သေးပေ။

“ဖွဲ့စည်းပုံစနစ် ၁၂ (ဃ)” လျူထုံက အော်ပြောလိုက်စဉ် အားလုံးက အလိုလိုလှုပ်ရှားလာကြသည်။ ကုန်းဖန်အပေါ်တွင် တောင်တစ်ခုပေါ်ထွက်လာပြီး အဆောင်များစွာနှင့်အတူ လေအကာအရံတို့က မဟာကမ္ဘာများကိုပင် ဖြိုဖျက်နိုင်စွမ်းရှိဟန်ပေါ်သည်။ ထိုစဉ်မျောက်က သူ့အလားအလာအကောင်းဆုံး ဓားမော့တိုက်ကွက်ကို အသုံးပြုကာ ရန်သူကို အချိန်ဆွဲထား၏။

“အသုံးမဝင်ဘူး” ဝမ်ဝေ့က ပြောလိုက်စဉ် သူ့ဓမ္မခန္ဓာကိုယ်က လက်သီးချက်ဖြင့် ထိုးခွင်းလိုက်သည်။ ထိုလက်သီးချက်က ဘာမှထူးဆန်းဟန် မပေါ်သော်လည်း ကုန်းဖန်၏ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပျက်သုဉ်းသွားလေ၏။ ထူးဆန်းသည့်အရာက သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်တွင် ဒဏ်ရာမရှိပေ။

“ဘာဖြစ်သွားတာလဲ” မျောက်က သူ့အကြည့်နှင့် အသံမှာ အကြောက်တရားကို မဖုံးကွယ်နိုင်ပေ။

“အချိန်စည်းမျဉ်းပဲ” လျူထုံက အံကြိတ်ကာ ပြောလိုက်၏။ သူက ဝမ်ဝေ့ကို ကြည့်နေရင်း မျက်ဝန်းအထက် စက်ဝန်းသင်္ကေတတစ်ခု ရှိနေသည်။

“သူက သူ့တိုက်ကွက်ကို လွန်ခဲ့တဲ့မိနစ်ပိုင်းခန့်က အတိတ်ကို ပို့ပြီးတော့ ကုန်းဖန်ကို တိုက်ပစ်လိုက်တာ။ အတိတ်က ကုန်းဖန် သေဆုံးသွားပြီဆိုတော့ လက်ရှိသူကလည်း သေဆုံးသွားမှာပဲ”

“သူက အဲ့လို လုပ်နိုင်တယ်လား”

“ခင်ဗျားက ကျုပ် နည်းစနစ်ကို မြင်နိုင်တယ်လား။ အတော်လေး ပါရမီ ထူးကဲသားပဲ။ ကျုပ်ရဲ့ တာအိုအခွင့်အလမ်းဂိုဏ်းကို မဝင်ချင်ဘူးလား။ ဘိုးဘေးအဆင့်အတန်း ပေးပြီးတော့ အရင်းအမြစ်တွေ အများကြီး ခံစားလို့ရတယ်လေ” ဝမ်ဝေ့က ပြောလိုက်သည်။

“မလိုဘူး ကျေးဇူးပါ”

“ကောင်းပြီလေ။ ခင်ဗျားက သိပ်ကြာကြာအသက်ရှင်မှာ မဟုတ်ပါဘူး” ဝမ်ဝေ့က သူ့ကို ပြောပြီးနောက် မျောက်နှင့်တူသည့်လူအား ကြည့်ကာ ပြောလိုက်၏။

“နောက်အလှည့်က ခင်ဗျား”

“လျူထုံ ငါ ဘယ်လိုလုပ်ရမလဲ” မျောက်က ဤတိုက်ကွက်တွင် အသက်ရှင်နိုင်လိမ့်မည်ဟု ထင်မထားပေ။

လျူထုံက စိတ်ထိန်းဖို့ လျှာဖျားကို ကိုက်လိုက်သည်။ သူ့အာရုံကို လွှမ်းမိုးထားသည့် အကြောက်တရားနှင့် အမုန်းတရားတို့ ရှိနေ၏။ သူက အခြေအနေကို သုံးသပ်ကာ တန်ပြန်နည်းလမ်းများကို စဉ်းစားလိုက်သည်။

“စိတ်ငြိမ်ငြိမ်ထား။ ပြီးတော့ သတိကြီးကြီးထား။ မင်းရဲ့အတိတ်ကိုက ဒီတိုက်ကွက်ကို တားဆီးနိုင်ရင် တားဆီးနိုင်လိမ့်မယ်”

ဤသည်က အမှန်တရားဖြစ်သော်လည်း အတိတ်မှ လူကို တစ်ယောက်ယောက်က တိုက်ခိုက်လာလိမ့်မည်ကို မည်သူက သိမည်နည်း။ ထို့အပြင် ဘယ်အတိတ် ဖြစ်မည်နည်း။ လွန်ခဲ့သည့် တစ်မနက်ခန့်ကလား၊ လွန်ခဲ့သည့် ငါးမိနစ်ခန့်ကလား ဒါမှမဟုတ် လွန်ခဲ့တဲ့ နှစ်များစွာခန့်ကလား…

“မင်းရဲ့ မဟာတာအိုအရင်းအမြစ်ကို သုံးပြီးတော့ ကာလံဒေသံကို နှောင့်ယှက်လိုက်” လျူထုံက ထပ်ဆင့်ပြောလိုက်သည်။

တကယ်ကို ထူးချွန်တာပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ ထိုနည်းဗျူဟာက သူ့အပေါ်တွင် သူ၏ အချိန်စည်းမျဉ်း ကျွမ်းကျင်မှုကြောင့် အလုပ်ဖြစ်မည် မဟုတ်သော်လည်း တခြားသော တာအိုအရှင် သို့မဟုတ် ဟွမ်ယွမ်လိုမျိုး ပင်ကိုရတနာအချိန် အသုံးပြုသူလိုဆိုလျှင် အလုပ်ဖြစ်နိုင်သည်။ တချို့သော တာအိုများက တားမြစ်ခံအဖြစ် သတ်မှတ်ထားရသည့် အကြောင်းအရင်းရှိနေသည် မဟုတ်ပါလော။

ဝမ်ဝေ့က သူ့တာအိုသက်သေပြ ပစ္စည်းကို ထုတ်ယူပြီး ဧရာမဓားအဖြစ် ပြောင်းလဲလိုက်သည်။ ဓမ္မခန္ဓာကိုယ်က ထိုအရာကို ကိုင်စွဲရင်း သူ့တာအိုနှလုံးသားက ဓားထံ အလုံးစုံ ပုံအောထားသည့် အထွတ်အထိပ် ဓားသမားတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။

ကံကြမ္မာ ဓားချက်

မျောက်က သူ့ရှေ့တွင် သူ့ဘဝအကြောင်း ပြန်လည်စဉ်းစားမိလာကာ ကြောက်ကြောက်လန့်လန့် ဖြစ်လာမိသည်။ ကံကောင်းစွာဖြင့် သူ၏ နှစ်သန်းများစွာ အတွေ့အကြုံများဖြင့် ဓားမော့မဟာတာအို အရင်းအမြစ်ကို ကာကွယ်ရေးနည်းစနစ်အဖြစ် အသုံးပြုခဲ့သည်။

တင်းဟွာက သူ့ထက် မြန်မြန်ဆန်ဆန် လှုပ်ရှားကာ သူ့အနား ချက်ချင်းရောက်လာလေသည်။ သူမ၏ ဘဝတွင် ဤသို့ မပျံသန်းခဲ့ဖူးပေ။

သူမက သူ့ကို လည်ပင်းမှ ကိုင်စွဲထားပြီး ရှောင်ရှားလိုက်၏။

“ဘယ်သက်ရှိကမှ ကံကြမ္မာကနေ မလွတ်မြောက်နိုင်ဘူး” ဓမ္မခန္ဓာကိုယ်က ပြောလိုက်သည်။ ထိုအရာက အမှန် ဖြစ်၏။ တိုက်ကွက်က မျောက်ကို ဦးတည်နေခြင်း မဟုတ်ဘဲ သူ့ ကံကြမ္မာကြိုးမျှင်ဆီ ဖြစ်၏။ ထို့ကြောင့် သူနှင့် ဆက်နွယ်ထားသည့် ခဲဖြူရောင် ကြိုးမျှင်တစ်ခု ရုတ်ချည်း ပေါ်ထွက်လာသည်။ ထိုကျမ်းက ကြိုးမျှင်ကို ဖြတ်တောက်ပစ်လိုက်သည့်အတွက် မျောက်က မျက်လုံးပိတ်လျက်သား ဖြစ်သွား၏။

“သူ သေသွားပြီလား” တင်းဟွာက နည်းလမ်းအမျိုးမျိုးဖြင့် ထိုသူ၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။

လျူထုံက တုန်တုန်ယင်ယင် ဖြစ်နေပြီး မည်သို့ပြန်လည်ဖြေရမှန်း မသိတော့ပေ။

ငါတို့တော့ သွားပြီ …

ထိုအရာက သူ့စိတ်ထဲတွင် တွေးမိသည့်တစ်ခုတည်းသော အရာဖြစ်၏။ သူက တိုက်ပွဲစတင်ကတည်းက ထိုရလဒ်ကို ခန့်မှန်းထားပြီးသား ဖြစ်၏။ တစ်ဖက်လူသည် စကားဖြင့် သူတို့၏ စိတ်ကို ရှုပ်ထွေးအောင် ပြုလုပ်နိုင်သည်။ ဤသို့သော စိတ်အခြေအနေတွင် သူတို့သည် သာမန်တုံ့ပြန်နိုင်မည် မဟုတ်သလို သူတို့၏ သက်မွေးမှု လုပ်ငန်းတွင် လေ့ကျင့်ထားသည့် အစီအရင် သို့မဟုတ် နည်းဗျူဟာများကိုလည်း အသုံးပြုနိုင်မည် မဟုတ်ပေ။ ထို့နောက် သူက သူ့တာအိုသာလွန်မှုကို အသုံးချကာ သူတို့ကို အနိုင်ကျင့်လိမ့်မည်။

ဝမ်ဝေ့က သူတို့ကို လျစ်လျူရှုထားပြီး မျောက်၏ ပျောက်ကွယ်သွားသော ကံကြမ္မာကြိုးမျှင်ကို ဖတ်ရှုဖို့ လက်ဝှေ့လိုက်သည်။

“အော် ဒီလိုကိုး” သူက ရေရွတ်လိုက်၏။ နောက်ဆုံးတွင် ထိုလူများက တခြားကမ္ဘာ၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ဝင်ရောက်စွက်ပြီး အကျိုးဆက် မရှိကြောင်း နားလည်သွားသည်။ သူတို့ကို အလုပ်ခန့်အပ်သူက ကောင်းကင်တာအိုမှ ပုန်းအောင်နိုင်သည့် ထူးဆန်းသည့် အဆောင်တချို့ ပေးခဲ့သည်။

ဒါပေမဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကောင်းကင်တာအိုက ပုန်းအောင်းတာကို နားလည်ပေမဲ့ အစစ်အမှန် ကောင်းကင်တာအိုဆီက ပုန်းအောင်းနိုင်မှာလား။ ဘာတွေဖြစ်နေတာလဲ…

သူ့အကြည့်က တင်းဟွာဆီ ကျရောက်လာသည့်အတွက် သူမက တုန်တုန်ယင်ယင် ဖြစ်သွားသည်။

“ရား” ထျဲ့ကျုံးက အော်လိုက်သည်။ သူ့တစ်ကိုယ်လုံးက မီးဖိုအလား အနီရောင်အဖြစ် ပြောင်းလဲသွားသည်။ သူက ဝမ်ဝေ့ဆီ ပြေးဝင်ကာ ပုဆိန်လှံရှည်ဖြင့် ခုတ်ချလိုက်၏။

ဘန်း

ဝမ်ဝေ့က မြေပြင်ပေါ် ရောက်ရှိသွားသည်။ အကယ်၍ သူသာ သက်ဆင်းရာတွင် စွမ်းအားကို မထိန်းချုပ်ပါက ကုန်းမြေတစ်ခုလုံးပင် ဖျက်ဆီးခံရနိုင်သည်။

ပြင်းလိုက်တဲ့ အား…

သူက တွေးလိုက်မိသည်။သူက လက်မောင်းထက် ခြစ်ရာများသာ ရှိလိုက်သည့်အတွက် ချက်ချင်းဆိုသလို ပြန်ကောင်းလာ၏။

“ခင်ဗျားရဲ့ တာအိုကို လောင်ကျွမ်းပစ်လိုက်တာလား”

သူက ထိုကတုံးသည် သူ့တာအိုကို လောင်ကျွမ်းပြီး စွမ်းအားကို တိုးမြှင့်နိုင်ကြောင်း ပြောနိုင်သည်။ ထိုနည်းစနစ်က နှစ်သန်းချီကြာ မဟာတာအိုအရင်းအမြစ်ကို အသုံးမပြုနိုင်လောက်အောင် တားထားမည့် ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်သည်။

ပို၍ဆိုးရွားပါက သူ့မူလဇစ်မြစ်ပင် သက်ရောက်မှုရှိပြီး သူ့ကျင့်ကြံရေးအဆင့်ပင် ကျဆင်းသွားလိမ့်မည်။ ထိုအခါ သူက ပွင့်ချပ်တစ်လွှာ စွမ်းအားမျှသာ ရှိလိမ့်မည်။

ဝမ်ဝေ့က ကောင်းကင်အထက် ပျံသန်းကာ ထျဲ့ကျုံးနှင့် တိုက်ရိုက် ရင်ဆိုင်လိုက်သည်။ သူက ကံကြမ္မာတာအိုနှင့် ထိုသူကို အနိုင်မကျင့်ဘဲ သူ့ရုပ်ပိုင်းဆိုင်ရာနှင့် ရာသီခွင်ကျင့်စဉ်နှင့်သာ ရင်ဆိုင်ခဲ့သည်။ ထို့ကြောင့် သူက တိုက်ပွဲအများစုတွင် ရှုံးနိမ့်သည့် ဘက်မှ ဖြစ်နေကာ ဒဏ်ရာအမြောက်အများ ရရှိလာသည်။

“ဟား…ဟား…ဟား…” ဝမ်ဝေ့က အားပါးတရ ရယ်မောလိုက်၏ “ဒီလိုမျိုး မတိုက်ခိုက်ရတာ တော်တော်လေးကို ကြာသွားပြီပဲ”

“ဘာလဲ” ထျဲ့ကျုံးက ကြောက်ကြောက်လန့်လန့်ဖြင့် မေးလိုက်သည်။ သူက တစ်ဖက်လူသည် သူ့ကို ချုပ်ထိန်းထားကာ တိုက်ပွဲကို လေ့ကျင့်ရေးနည်းလမ်းအဖြစ် အသုံးပြုနေသည်ကိုသာ ကြည့်နေရ၏။ ဤထိပ်တိုက်ရင်ဆိုင်မှုအတွင်း ထိုသူ၏ ကာကွယ်နိုင်စွမ်းနှင့် စွမ်းအားက သိသိသာသာ တိုးမြင့်လာကြောင်း သိလိုက်ရသည်။

ကမ္ဘာဦးနဂါး ၇၁ ကောင် ခွန်အား…

တစ်ကောင် တိုးလာတာပဲ…

ဤတိုတောင်းလှသည့် အချိန်အတွင်း ဒဏ်ရာများနှင့် ကုသခြင်းများ ဆက်တိုက်ပြုလုပ်ခြင်းဖြင့် သူ့ခန္ဓာကိုယ်သည် ကမ္ဘာဦးနဂါးတစ်ကောင်ခွန်အား တိုးမြှင့်လာခဲ့သည်။ ထိုအရာက အနည်းငယ်မျှသာ တိုးမြင့်မှုဟု ထင်ရသော်လည်း သူ့ခွန်အားအစစ်အမှန် တာအိုတွင် မည်သည့်တိုးတက်မှုမဆို လက်ခံလေသည်။

“လာပြီ” ဝမ်ဝေ့က သူ့အဝတ်အစားများ၏ ဆိုးဆိုးရွားရွား အခြေအနေကို ဂရုမစိုက်ပေ။

“ဘာလဲ”

“အစစ်အမှန် ကောင်းကင်တာအို”

ထိုသုံးဦး၏ မျက်နှာထားက ချက်ချင်းဆိုသလို ပြောင်းလဲသွားကြ၏။ သို့သော်လည်း သူတို့ တတ်နိုင်သည့်အရာ မရှိပေ။ ကောင်းကင်အထက် ဧရာမမျက်လုံးကြီးတစ်ခု ရုတ်ချည်း ပေါ်ထွက်လာကာ သူတို့ကို ကြည့်နေလေ၏။ ထိုအရာ၏ တည်ရှိမှုကြောင့် သူတို့အနားရှိ အရာအားလုံး ရပ်တန့်သွားဟန်ပေါ်သည်။

ဒါက အစစ်အမှန် ကောင်းကင်တာအိုလား။ ဒါက မဟာတာအိုလောက် မကြီးကျယ်ပေမဲ့ ကြောက်ဖို့တော့ ကောင်းနေတုန်းပဲ…

ဝမ်ဝေ့က သူ့ကမ္ဘာ၏ ကောင်းကင်တာအိုရှေ့တွင် မောက်မောက်မာမာ ပြုမူသော်လည်း ဤတစ်ခုနှင့် မဟာတာအိုရှေ့တွင် မောက်မောက်မာမာ မပြုမူရဲပေ။

အစစ်အမှန်ကောင်းကင်တာအိုက ထိုသုံးယောက်ကို ကြည့်ပြီးသည့်နောက်တွင် ကောင်းကင်မှ အနက်ရောင်မိုးကြိုးချက် သုံးခု ကျဆင်းလာစေပြီး သူတို့မတုံ့ပြန်နိုင်ခင် သုတ်သင်ပစ်လိုက်သည်။

ထို့နောက် ထိုအရာက တစ်ခါမှ မတည်ရှိဖူးသကဲ့သို့ ပျောက်ကွယ်သွား၏။

အဲဒါဆိုတော့ သူတို့က အပြည့်အဝ ပုန်းအောင်းတာ မဟုတ်ပဲနဲ့ ရောက်ရှိလာမှုကို နှောင့်နှေးထားနိုင်တယ်ဆိုတဲ့ သဘောပေါ့…

ဝမ်ဝေ့က တွေးလိုက်မိသည်။

အစစ်အမှန် ကောင်းကင်တာအိုက ပိတ်ဆို့ထားပေမဲ့ အသက်ဝင်နေသေးတော့ တော်သေးတာပေါ့…

ဤသတင်းအချက်အလက်က ဒိုင်မေးရှင်းအနိမ့်တွင် အစီအစဉ်ကျမှုတချို့ ရှိနေသေးကြောင်း သိရ၍ သူ့အတွက် လွန်စွာ အသုံးဝင်လေသည်။

***

All Chapters