တိုက်ပွဲ နောက်ဆက်တွဲ
Vol. 51 Ch. 701
ဝမ်ဝေ့က အနက်ရောင်မိုးကြိုးချက်များ ထိုကြေးစားသုံးယောက်ကို သုတ်သင်ပစ်သွားသည်ကို မိန်းမောစွာ ကြည့်နေမိသည်။ သူက ထိုဖြစ်စဉ်ကို ထပ်ခါထပ်ခါ သုံးသပ်လိုက်ပြီး ဉာဏ်အလင်းပွင့်အခြေအနေသို့ ဝင်ရောက်သွားသည်။ ထာဝရရှည်ကြာသည်ဟု ခံစားရပြီးသည့်နောက်တွင် သူက ရေရွတ်လိုက်၏
“ဒါကဒီလိုကိုး”
သူက ကောင်းကင်တာအိုထိန်းချုပ်ရေးလမ်းစဉ်နှင့် ထိုအဆင့်ထက် သာလွန်သည့်အဆင့်ကိုပင် မြင်လိုက်ရသည်။
“ကံဆိုးတာက ငါက အဲဒီအဆင့်ရောက်ဖို့ ဧကရာဇ် ဖြစ်လာဖို့လိုတယ်”
သူက နဝမအဆုံးစွန်အုတ်မြစ် ကန့်သတ်ချက်ကို ချိုးဖောက်ကာ တတိယတန်းစားအင်အားကို ရယူနိုင်ခဲ့လျှင်ပင် မဟာတာအိုအရင်းအမြစ် လစ်ဟာမှုကြောင့် ထိုထိန်းချုပ်နိုင်စွမ်းကို ရရှိမည် မဟုတ်ပေ။ သို့သော်လည်း သူက ထိုအဆင့်သို့ ရောက်ရှိသွားသည်နှင့် ဖန်တီးဖို့ရာ အချိန်ဖြုန်းစရာ မလိုတော့ပေ။
“ဒါက ခေတ်ကာလသားတော် ဖြစ်ခြင်းရဲ့ဆုလာဘ်များလား” ကောင်းကင်တာအိုသည် စည်းမျဉ်းများကို ထိန်းချုပ်ရာ၌ မည်မျှကျွမ်းကျင်ကြောင်း ဝမ်ဝေ့အနေနှင့် တိုက်ရိုက်မြင်ဖို့ရာ လွယ်ကူလွန်းနေသည်ဟု ခံစားမိလိုက်သည်။ ထိုအရာက ဤအရာက သူ့မကောင်းဆိုးဝါးလိုမျိုး နားလည်နိုင်စွမ်းဖြင့်ပင် ဤမျှ မလွယ်ကူသင့်ပေ။ ထို့ကြောင့် ထိုအရာသည် အစစ်အမှန် ကောင်းကင်တာအိုမှ လက်ဆောင်ဆုလာဘ် ဖြစ်မည်ဟု ခန့်မှန်းမိလိုက်၏။
“ငါက တကယ်ကို ဇာတ်လိုက်ပဲ” သူက မလုံမလဲ ပြုံးကာ ပြောလိုက်သည်။
သူက အဝေးကို လှမ်းကြည့်ပြီး ခေါင်းအသာယမ်းလိုက်သည်။ သူက ဒေါသနှင့် တခြားမိစ္ဆာများသည် တိုက်ပွဲကို စောင့်ကြည့်နေကြောင်း မြင်လိုက်ရ၏။
သူက သူတို့ကို မဆက်သွယ်ဘဲ သူ့အဝတ်အစားပေါ်မှ အစီအရင်များကို အသက်သွင်းကာ နဂိုအခြေအနေအတိုင်း ပြန်လည်ကောင်းမွန်စေလိုက်သည်။ ထို့နောက် သူက ဤကုန်းမြေမှ ထွက်ကာ မိစ္ဆာကိုးပါးနတ်ဘုရားကမ္ဘာဆီ ဦးတည်လိုက်သည်။
“ဘာမှမဖြစ်တာ တော်သေးတာပေါ့” လီကျွင်းက ပြောလိုက်သည်။
“ဘာဖြစ်မှာမလို့လဲ”
“နောက်ထပ် သေခြင်းတရား ဒါမှမဟုတ် သေခြင်းတရားနဲ့ နီးတဲ့ အတွေ့အကြုံမျိုးပေါ့”
ဝမ်ဝေ့က ပြန်လည်ချေပစရာ မရှိ၍ ရှုံ့မဲ့သွားသည်။ ထို့ကြောင့် သူက စကားလမ်းစဉ်ကို ပြောင်းကာ ပြောလိုက်၏ “ဂိုဏ်းကို အကြောင်းကြားပြီးသွားပြီလား”
“အကြောင်းကြားပြီးသွားပြီ။ ဒါပေမဲ့ သူတို့တွေ အခုထိ ရောက်မလာသေးဘူး”
“ သူတို့က ဒီနေရာမှာ ရောက်လာလောက်ပြီ။ လူအများရှေ့ ထွက်ပေါ်မလာဖို့ ဆုံးဖြတ်ထားတာပဲ နေမယ်”
သူ ထိုစကားများပြောလိုက်စဉ် ဓားအရှင်က သူ့နောက်ရှိနေရာတွင် ယခင်ကတည်းက အမြဲရှိနေသကဲ့သို့ ပေါ်ထွက်လာသည်။
“ရောက်နေတာ ဘယ်လောက်ကြာသွားပြီလဲ”
“အကုန်လုံးသိနိုင်မဲ့ အချိန်လောက်ပေါ့။ အိမ်ပြန်ကြစို့” သူမက မျက်နှာဖုံးဝတ်ဆင်ထားလျက်ဖြင့် ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။ ဒါနဲ့ ကောင်းကင်ရွေးချယ်ခံ ကျရှုံးသွားတဲ့ အမြင်ရုပ်လွှာ ထွက်ပေါ်လာသေးလား” ဝမ်ဝေ့က တစ်စုံတစ်ခုကို အမှတ်ရကာ မေးလိုက်သည်။
“ဟင့်အင်း”
“မိစ္ဆာကုန်းမြေ အပြောင်းအလဲ မဖြစ်ခင်ကရော” သူက နယ်ခြားကျူးကျော်မှုအပြီး သေဆုံးသွားသည့် ပါရမီရှင်များကို တွေ့ကာ မေးလိုက်၏။
“အဲလိုမျိုး မရှိခဲ့ဘူး”
“အဲဒါဆိုတော့ တစ်ယောက်ယောက်က ဖန်းလီကျွမ်းကို သတ်ခဲ့တာပဲ” လီကျွင်းက ပြောလိုက်သည်။
“အံ့ဖွယ်တာအိုမျိုးနွယ်က ကောင်မလေးလား။ သူမက ဘာဖြစ်သွားတာလဲ” အဖွဲ့က ဓားအရှင်ထံ အခြေအနေတစ်ခုလုံးကို ရှင်းပြလိုက်စဉ် သူမက ပြန်ဖြေလိုက်၏။
“အံ့ဖွယ်တာအိုမျိုးနွယ်ကို ဖိနှိပ်ဖို့ ဒီအကြောင်းပြချက်မျိုးကို သုံးချင်လား”
“ထားလိုက်ပါတော့။ သူတို့က ဆင်းရဲလွန်းနေပြီ” ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်၏။ လက်ရှိ သူက နောက်ဆုံးတိုက်ပွဲ မတိုင်ခင်အထိ ငြိမ်းအေးမှုကိုသာ လိုချင်မိသည်။
“ဘိုးဘေးရဲ့ ထာဝရအင်အားကြောင့် သတိထားနေကြမှာဆိုတော့ ထပ်ပြီးတော့ အင်အား မပြတာပဲ ကောင်းပါတယ်”
“ဘယ်လိုလုပ် သိတာလဲ” သူမက မေးလိုက်၏။
“ဘိုးဘေး ပျောက်ကွယ်သွားပြီးတော့ အခု ပြန်ရောက်လာတယ်လေ။ မှန်းဖို့ သိပ်မခက်ပါဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
“ပြီးတော့ အရှိန်အဝါကလည်း ကွဲပြားပြီးတော့ အရင်ကထက်ပိုပြီးတော့ ယုံကြည်ချက် ရှိနေတယ်”
“မင်းက အမြဲတမ်း လေ့လာမှု အားကောင်းသားပဲ” သူမက ပြောလိုက်သည်။
“ကောင်းပြီ။ အိမ်ပြန်ကြစို့။ ဂိုဏ်းချုပ်အနေနဲ့ မင်းဆွေးနွေးပြီး ဆုံးဖြတ်ရမဲ့ အရာတွေရှိသေးတယ်”
ဓားအရှင်က ခြေတစ်လှမ်း လှမ်းလိုက်သည့်အချိန် တစ်ဖွဲ့လုံးက အသက်မဲ့ပိုင်နက်နှင့် ဆက်နွယ်ထားသည့် အဝင်ပေါက်ရှေ့မှောက် ရောက်ရှိလာကြသည်။ သူမ၏ စွမ်းဆောင်ရည်ဖြင့်ပင် ဝူဟုန်၏ စည်းတံဆိပ်ကြောင့် အသင်္ချေအင်ပါယာကမ္ဘာထံ တိုက်ရိုက် မကူးပြောင်းနိုင်ပေ။
ဂိတ်ပေါက်ကို ဖြတ်လာပြီးသည့်နောက် သူမက နောက်ထပ် ထပ်လှမ်းလိုက်၏။ ထိုစဉ် အာကာပြင်ကို သူမ၏ စိတ်အလိုအတိုင်း ပြောင်းလဲလိုက်ပြီး အဖွဲ့က တာအိုအခွင့်အလမ်းဂိုဏ်းအပြင်ဘက်သို့ ရောက်ရှိလာကြသည်။
ဓားအရှင်က တခြားလူများကို လီမျိုးနွယ်တောင်ထိပ်ဆီ ပို့ဆောင်လိုက်ပြီး ဝမ်ဝေ့ကိုမူ မူလအရှင်နှင့် တွေ့ဆုံဖို့ လျှို့ဝှက်နယ်မြေဆီ တိုက်ရိုက်ခေါ်ဆောင်သွားလေ၏။
ထို့နောက် နှစ်ဦးသားက ကမ္ဘာကြီးထံ လတ်တလော တိုက်ခိုက်မှုများနှင့် စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းအကြောင်း ရှာဖွေတွေ့ရှိမှုများအား ပြောပြခဲ့သည်။
“ဘယ်လိုထင်လဲ” မူလအရှင်က ပုံမှန် အေးအေးဆေးဆေး လေသံဖြင့် မေးလိုက်၏။
“တခြားကမ္ဘာရဲ့ ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ ဝင်ရောက်စွက်ဖက်ဖို့ အလွှာကြား စစ်ပွဲကို ဝင်ရောက်တိုက်ခိုက်ဖို့နေရာမှာ အတားအဆီးတွေ ရှိသေးလား”
“မိစ္ဆာမျိုးနွယ် လုပ်ခဲ့သလိုမျိုး ကျူးကျော်မှုမျိုးကို ပြောချင်တာလား”
“ဟုတ်တယ်”
“ရှိတာပေါ့။ ကောင်းကင်တာအိုက ကျူးကျော်မှုပုံစံတွေကို သိပ်တော့ဂရုမစိုက်ဘူး။ ဒါပေမဲ့ ကောင်းကင်အလိုဆန္ဒတိုက်ပွဲနဲ့ နီးကပ်နေတဲ့အခါမှာ ကျူးကျော်သူတွေက သူတို့ရဲ့ ကျူးကျော်မှုကို ကြေညာပြီးတော့ ပြင်ဆင်ဖို့ အချိန်ပေးရတယ်။ ဒါပေမဲ့ နောက်ဆုံးတိုက်ပွဲမတိုင်ခင် နှစ်ငါးရာအလိုမှာ တိုက်ပွဲအားလုံးကို ရပ်တန့်ရမယ်”
“တိုက်ပွဲက ပါရမီရှင်တွေကို လေ့ကျင့်ပေးဖို့ နည်းလမ်းကောင်းပဲ။ အဲဒါဆိုတော့ အဓိပ္ပာယ်တော့ ရှိပါတယ်။ မိစ္ဆာခေတ်ကာလတုန်းကတော့ အဲ့လိုမျိုးပဲလား” ဝမ်ဝေ့က ပြောလိုက်၏။
“အစောပိုင်း အနေအထားတုန်းကတော့ ဟုတ်တယ်။ ဒါပေမဲ့ အလယ်ပိုင်းနဲ့ နောက်ပိုင်းအခြေအနေကျတော့ မိစ္ဆာတွေက စည်းမျဉ်းအားလုံးကို ချိုးဖောက်ခဲ့တယ်။ အစစ်အမှန် ကောင်းကင်တာအိုက ဘာမှမလုပ်ခဲ့ဘူး”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီး ထိုအရာသည် မိစ္ဆာအဘေး၏ လက်ချက်ဖြစ်နိုင်ကြောင်း သိလိုက်၏။ ထို့ကြောင့် သူက စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းကိုသာ အာရုံစိုက်ထားပြီး ပြောလိုက်သည် “ဧကရာဇ်ကျားရဲ့ ဝိရောဓိဆိုတာက သူ့ဂိုဏ်းရဲ့ အပြုအမူတွေကို အစစ်အမှန်ကောင်းကင်တာအိုဆီကနေ ကာဆီးထားနိုင်တယ်လို့ ထင်တယ်”
“ဒီ ရှင်းပြချက်တစ်ခုကပဲ အဓိပ္ပာယ်ရှိမှာပဲ”
“အဲဒါဆို သူတို့ကို ရင်ဆိုင်ဖို့ ဘယ်လိုစီစဉ်ထားလဲ” ဓားအရှင်က ပြောလိုက်သည်။
“အခုလား။ အခုတော့ ဘာမှစီစဉ်မထားဘူး။ ကျွန်တော်က အေးအေးဆေးဆေးပဲ နေချင်တယ်။ ဒါပေမဲ့ သူတို့ကောင်းကင်အလိုဆန္ဒ ကမ္ဘာ့ အသိုက်အဝန်းရဲ့ အလွှာနိမ့်မှာ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်တွေကို လွှတ်ပြီးတော့ သတင်းစုစည်းခိုင်းထားတယ်”
“အနာဂတ်ကိုရော”
“အားအကောင်းဆုံးဂိုဏ်းဆိုတာက ဓားသွားနှစ်ဖက်လိုမျိုးပဲ။ အဲဒါက လူအများစုရဲ့ အားကျမှုကို ရယူနိုင်တယ်။ ဒါပေမဲ့ စုဆောင်းထားတဲ့ ကံကောင်းမှုက ဂိုဏ်းရဲ့ ကြွယ်ဝမှုနဲ့ ရှေးကျမှုကို အာမခံပေးဖို့ လုံလောက်တယ်။ အဲဒါကြောင့် အဲဒါက ကျွန်တော်တို့ အပိုင်ဖြစ်သင့်တယ်” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
“ပြီးတော့ တကယ်လို့ အစစ်အမှန် ကောင်းကင်တာအိုဆီက ပုန်းအောင်းနိုင်မဲ့ နည်းလမ်းရှိတယ်ဆိုရင် ကျွန်တော် အတော်လေး စိတ်ဝင်စားတယ်”
“မင်းရဲ့ လုပ်ပုံကိုင်ပုံကိုတော့ အမြဲတမ်း စိတ်ချပါတယ်” မူလအရှင်က ပြောလိုက်သည်။ သူက အားအကောင်းဆုံးဂိုဏ်း ဂုဏ်ပုဒ်ကို ဂရုမစိုက်ပေ။ သူ ဂရုစိုက်သည်က ဂိုဏ်းအနေဖြင့် ခေတ်ကာလများစွာ ရှင်ကျန်ပြီး အမွေအနှစ်ကို ဆက်လက် လက်ဆင့်ကမ်းပေးနိုင်ဖို့သာ ဖြစ်၏။ ထိုဂုဏ်ပုဒ်က ထိုအရာကို အာမခံပေးနိုင်သည့်အတွက် သူသည်လည်း ရယူချင်မိသည်။
“နောက်ဆုံးတိုက်ပွဲက ချဉ်းကပ်လာပြီ။ ပြင်ဆင်ဖို့ လိုအပ်တာတွေကို လုပ်ထား။ လိုအပ်လာရင် အရင်းအမြစ်တွေ ထုတ်သုံးလို့ရတယ်” ဓားအရှင်က ပြောလိုက်သည်။
“မင်းကိုယ်မင်း ဖိအားအများကြီးမပေးနဲ့” မူလအရှင်က ပြောလိုက်၏။
“သူ ပြောတာမှန်တယ်။ မင်းရဲ့ ပါရမီနဲ့ဆိုရင် အသက်ရှင်နေသရွေ့ နောက်မျိုးဆက်မှာလည်း တာအိုကို သက်သေပြနိုင်တယ်။ အဲဒါကြောင့် အသက်ရှင်ဖို့သာ ဦးစားပေး”
“ဟုတ်ကဲ့ပါ”
ဝမ်ဝေ့က ထိုနှစ်ဦးနှင့် စကားစမြည်ပြောပြီးသည့်နောက်တွင် လျှို့ဝှက်နယ်မြေမှ ထွက်လာလိုက်၏။ သူက လေထုအထက် မြောလွင့်ရင်း ခန္ဓာကိုယ်ကို အညောင်းအညာဆန့်ကာ ပြောလိုက်သည်။
“ငါ ဘယ်သူ့ကို အရင်သွားတွေ့ရမလဲ။ ငါ့မိဘတွေကိုလား ဒါမှမဟုတ် ငါ့ရဲ့ချစ်ဇနီးလေးကိုလား”
သူ့မျက်နှာအထက် စဉ်းစားရကြပ်သည့် အမူအရာမျိုး ပေါ်ထွက်လာသည်။
“ငါက ဘာလို့ စဉ်းစားနေသေးတာတုန်း။ အကုန်လုပ်လို့ ရနေတာပဲ” သူက နှာခေါင်းရှုံ့လိုက်ပြီးသည့်နောက်တွင် ကိုယ်ပွားတစ်ခုကို ချက်ချင်း ဖန်ဆင်းလိုက်သည်။ တစ်ယောက်က သူ့အမေဆီ သွားရောက်တွေ့ဆုံစဉ် တခြားတစ်ယောက်က သူ့ဇနီးနှင့် သွားရောက်တွေ့ဆုံခဲ့သည်။
“အမေ ကျွန်တော် ပြန်လာပြီ” သူက ဝမ်မျိုးနွယ်တောင်ထိပ်သို့ ရောက်ပြီးသည့်နောက်တွင် အော်ခေါ်လိုက်၏။
“အမေ့ကို အရင်လာတွေ့တယ်ဆိုတော့ ထူးထူးဆန်းဆန်းပါ့ရော။” ယုယန်က ပြောလိုက်၏။
“အမေ့ရဲ့ ချွေးမလေးကို အားကျမနေပါနဲ့” သူက သူမကို ဖက်ရင်းပြောလိုက်၏။
“အဖေကရော ဘယ်မှာလဲ။ သူက အခုထိ ဉာဏ်အလင်းပွင့်အခြေအနေမှာ ရှိနေတုန်းလား”
“မဟုတ်ဘူး။ သူက မင်း ထွက်သွားပြီးတဲ့နောက် သိပ်မကြာဘူး ပြီးသွားတယ်လေ”
“ရလဒ်ကရော”
“သူ့ခန္ဓာကိုယ်ကို လေ့ကျင့်မယ်တဲ့” သူမက အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။
“ကောင်းတာပေါ့။ ဒါပေမဲ့ သူက ဘာနည်းလမ်းကို သုံးမှာလဲ။ ဒါမှမဟုတ် ဘိုးဘေး ချန်ထားခဲ့တဲ့ နည်းလမ်းကို သုံးမှာလား”
“မဟုတ်ဘူး။ သူမက သူ့ကိုယ်ပိုင် နည်းစနစ်ကိုဖန်တီးဖို့ အကြံပြုခဲ့တယ်”
“အဲဒါက သူ့ဓားလမ်းစဉ်နဲ့ သင့်တော်နေမှာဆိုတော့ အကြံကောင်းပဲ” သူက ပြောလိုက်သည်။
“အမေကရော။ အမေ့ရဲ့ ကျင့်ကြံဆင့်က ဘယ်လိုဖြစ်နေပြီလဲ”
သူမက လက်မြှောက်လိုက်သည့်အချိန် အမှောင်ထုတစ်ခု ပေါ်ထွက်လာသည်။ သူမက ဝမ်ဝေ့ကို ဖြည်းဖြည်းချင်း ချိန်ရွယ်လိုက်သည့်အခါ သူက လက်မြှောက်ကာ တားဆီးလိုက်၏။
“ပွင့်ချပ်လေးလွှာ အမေက ကိုယ်ပွား ၈ခု အုတ်မြစ်ကို အောင်မြင်သွားပြီပဲ”
“ဘာလို့ အံ့ဩသွားနေရတာတုန်း”
ဝမ်ဝေ့က ရှက်ရွံ့စွာ ပြုံးလိုက်၏။ သူက သူ့အမေသည် ဉာဏ်ကောင်းကာ သဲလွန်စသာ ရရှိထားပါက တာအိုနယ်ရှင် စစ်ဆေးမှုကိုပင် အောင်မြင်နိုင်ချေရှိကြောင်း သိထားသည်။ သို့သော်လည်း သူမ၏ ကျင့်ကြံရေးပါရမီနှင့် ပတ်သက်လာသည့်အခါ ဟွင်သွမ်းချီဆေးကြောမှု မတိုင်ခင် လီကျွင်းထက် အနည်းငယ် ဆိုးရွားကြောင်း ကောက်ချက်ချခဲ့မိ၏။ သို့သော်လည်း ထိုအရာက မှားယွင်းနေဟန်ပေါ်သည်။
“ဘာဖြစ်ဖြစ် အစီအစဉ်အတွက် ပြင်ဆင်ထားမှုတွေရော ဘယ်လိုနေလဲ” သူက ခေါင်းစဉ်လွှဲကာ ပြောလိုက်၏။
ယုယန်က သူ့အား ကြည့်ကာ ဖြေလိုက်သည် “အခု အမေက ဝိဇ္ဇာအဆင့် ပညာရှင်လို့ သတ်မှတ်လို့ရတယ်။ အဲဒါကြောင့် ပြဿနာ မရှိဘူး”
ဝမ်ဝေ့က အနည်းငယ် တုံ့ဆိုင်းသွားပြီးသည့်နောက်တွင် တာအိုကို သက်သေပြဖို့ ဘေးပေါက်ကို အသုံးပြုတာနှင့် ပတ်သက်ပြီး စိုးရိမ်မှုများအကြောင်း ပြလိုက်သည်။
“အတုအယောင် ထာဝရဧကရာဇ် ဖြစ်လာတယ်ဆိုရင်တောင် အဆင်ပြေပါတယ်။ နေဝင်ဖြိုးဖြဧကရာဇ်ကလည်း ဧကရာဇ် ဖြစ်မလာဘဲနဲ့ အဆုံးစွန်မဲ့ စံပြတစ်ယောက် ဖြစ်လာတယ်လို့ မပြောဘူးလား။ သူ ဘယ်လိုလုပ်လဲဆိုတာ ရှာဖွေပြီးတော့ အမေလည်း အနာဂတ်မှာ ကြိုးစားကြည့်မယ်”
“တကယ်ကို အစီအစဉ်ကောင်းပဲ” ဝမ်ဝေ့က ပြောလိုက်၏။ သူက သူ့မိသားစုကို ထာဝရဧကရာဇ်များ ဖြစ်လာစေချင်သည်မှာ သူတို့၏ အင်အားကြောင့်သာ မဟုတ်ဘဲ အသက်ရှင်နိုင်ချေကြောင့်လည်း အပါအဝင် ဖြစ်၏။ ဤရက်စက်လှသည့် ကမ္ဘာအတွင်း သူတို့ကို အပိုအကာအကွယ် အလွှာတစ်ခု ထပ်မံ ရှိထားစေလိုသည်။
“နောက်ဆုံးတိုက်ပွဲက နီးကပ်လာပြီ။ မင်းရော စိတ်ထဲ ပြင်ဆင်ပြီးသွားပြီလား”
“ဟုတ်ကဲ့”
“မင်းကိုယ်မင်း ဖိအားတွေ အများကြီးမပေးနဲ့” ယုယန်က စိုးရိမ်စွာကြည့်ရင်း ပြောလိုက်သည်။ သူမ အမြဲတမ်း ခံစားနေမိသည့်အရာက သူမသည် မိခင်တစ်ယောက်အဖြစ် ရှုံးနိမ့်ခဲ့ပြီး သူ့သားကို ငယ်စဉ်ကတည်းက ဖိအားအများကြီး ပေးခဲ့သည်ဟု ခံစားခဲ့ရသည်။ ကံဆိုးစွာဖြင့် ဝမ်မျိုးနွယ်၏ မျိုးဆက်နှင့် တာအိုအခွင့်အလမ်းဂိုဏ်း၏ တစ်ခုတည်းသော မျှော်လင့်ချက်အနေဖြင့် ရှောင်ရှား၍ မရပေ။
“အသက်ရှင်ဖို့သာ သေချာအောင်လုပ်။ အသက်ရှင်တာက မင်းကို မျှော်လင့်ချက် ရှိလာစေလိမ့်မယ်”
“ဟုတ်ကဲ့ပါ”
“မင်းက အမြဲတမ်း ယုံကြည်ရပါတယ်။ နည်းနည်းယုံကြည်ရလွန်းနေတာ တစ်ခုပဲ” သူမက သူ့မျက်နှာကို ပွတ်သပ်ရင်း ပြောလိုက်သည်။
ဝမ်ဝေ့က ပြုံးရုံသာပြုံးလိုက်၏။
“မင်းအဘိုးက သူ သီးသန့်ကျင့်ကြံတာကနေ မကြာခင် ထွက်လာတော့မယ်လို့ သတင်းစကားပါးလာတယ်။ သူ့ရဲ့ အတွေ့အကြုံအကြောင်းကို ပြန်လည် ပြောပြလိမ့်မယ်”
“တကယ်ကို သတင်းကောင်းပဲ”
……………………………………………………………
ကံကြမ္မာသာလွန်တောင်ထိပ်
“ဇနီးလေး ကိုယ် ပြန်လာပြီ။ ကိုယ့်ကို လွမ်းနေရဲ့လား”
***