မူလစည်းတံဆိပ်ကုန်းမြေ
Vol. 51 Ch. 703
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ
အရှေ့ဘက်၌ ဒိုင်မေးရှင်းအနိမ့် တစ်ခုလုံးထက် အဆရာချီ ကြီးမားသည့် ဧရာမကုန်းမြေကြီးတစ်ခု ရှိနေလေသည်။ ထိုအရာကို မူလစည်းတံဆိပ် ကုန်းမြေဟု သိကြ၏။ ထိုနေရာတွင် အသက်မြောက်များစွာ နေထိုင်ကြပြီး သေမျိုး၊ နတ်ဆိုးနှင့် ဧကရာဇ်များပင် အပါအဝင်ဖြစ်ကာ မျိုးနွယ်စုများစွာ ရှိလေသည်။
မူလစည်းတံဆိပ်ကုန်းမြေက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် နာမည်ကျော်ကြားခြင်းမှာ နေမင်းနှစ်စင်းနှင့် လမင်းခုနစ်စင်းတို့၏ ထိန်းချုပ်မှုမခံရသည့် နေရာတချို့ထဲမှ တစ်ခုဖြစ်နေ၍ ဖြစ်သည်။
ထို့အပြင် ဤကုန်းမြေ၏ အုပ်ချုပ်သူက သက်ရှိအားလုံးကို အကာအကွယ် ပေးထားသည့် ဧကရီဝူ ဖြစ်၏။ မူလစည်းတံဆိပ်ကုန်းမြေ၏ ထူးခြားသည့် သီးသန့်နေရာတစ်ခုအတွင်း ဝူဟုန်က အကြည့်များ စူးရှနေသော်လည်း အသားအရည် ဖြူဖျော့နေသည့် မိန်းမလှတစ်ဦးကို ကြည့်နေသည်။
“ဘယ်လိုနေသေးလဲ”
“ငါ အသက်ရှင်မှာပါ” ဓားဧကရီက အသက်ပြင်းပြင်းရှူကာ ပြောလိုက်၏။
“ကျွန်ကို စောစောစီးစီး လာတွေ့သင့်တယ်”
“ငါ ပုန်းအောင်းနေတဲ့ နေရာက အတော်လေး ပြည့်စုံတယ်။ အဲဒီခွေးကောင် ငါ့ကို ရှာတွေ့သွားလိမ့်မယ်လို့ ထင်မထားမိဘူး” ဓားဧကရီက အံကြိတ်ကာ ပြောလိုက်၏။ သူမက ထိုလူဆီမှ မည်မျှထွက်ပြေးခဲ့ရကြောင်း တွေးမိသည့်အခါ သူမ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့ ထွက်ပေါ်လာသည်။ ထိုအရာက ပြင်းထန်လွန်း၍ ပတ်ဝန်းကျင်ရှိ ကာလံဒေသံကိုပင် ရပ်တန့်သွားစေဟန်ပေါ်၏။
“သူ့ကို သတ်ပစ်ချင်တယ်”
“စိတ်အေးအေးထားပါ။ ဘာမှအလျင်စလိုမလုပ်နဲ့” ဝူဟုန်က ဖျောင်းဖျလိုက်၏။ သူမ၏ မိတ်ဆွေသာ အဆုံးစွန်နည်းလမ်းများကို အသုံးပြုပါက အချိန်စားသုံးသူကို အဆုံးသတ်ပစ်နိုင်ကြောင်း သိထားလေသည်။ သို့သော်လည်း ရလဒ်က သူမသည် သေဆုံးသွားတာ ဖြစ်နိုင်သလို မပြီးမပြတ် အခြေအနေသို့ ဝင်ရောက်သွားခြင်းလည်းဖြစ်နိုင်သည်။ ထိုသို့ဆိုလျှင်ပင် ပြန်လည်ရှင်သန်ခြင်းက အဆရာချီ ပိုမိုခက်ခဲလာလိမ့်မည်။
“သူနဲ့ ပတ်သက်ပြီး တစ်ခုခုတော့ မှားနေတယ်။ အရင်တုန်းက သူက စိတ်ပျက်ဖို့ ကောင်းပေမဲ့ သူ့စရိုက်က ဒီလောက် သူရဲဘောမကြောင်ဘူး” ဓားဧကရီက ပြောလိုက်၏။
“အမှန်ပဲ။ သူက အကြွင်းမဲ့တားမြစ်ချက်မှာ ဝင်ရောက်ဆင်နွှဲခဲ့သင့်တယ်” ဝူဟုန်က ပြောလိုက်၏။ အချိန်စားသုံးသူအကြောင်း သူတို့သိထားသလောက် သူသည် ဝင်ရောက်ဆင်နွှဲမည့် စွန့်စားမှုမျိုးကို လက်ခံယူလိမ့်မည်။ သူ့ကျင့်ကြံဆင့်က အထွတ်အထိပ်သို့ မရောက်ရှိသေးသော်လည်း သူ့အနေနှင့် အလောင်းအစား လုပ်ကြည့်ဖို့ ထိုက်တန်နေလေပြီ။
ထို့အစား သူက ကမ္ဘာကြီးကို တိတ်တဆိတ် ကြံစည်ကာ လက်ရှိအခြေအနေကို ဖြစ်ပေါ်အောင် လုပ်ခဲ့လေသည်။
“သူက အဆုံးမဲ့စကြဝဠာစုထဲ သွားရတာကို သဘောကျတယ် မဟုတ်ဘူးလား။ တခြားအချိန်စက်ဝန်းမှာ တစ်ခုခုများ တွေ့ခဲ့လို့လား။”
“အဲ့လိုလည်း ဖြစ်နိုင်ချေရှိတယ်။” ဓားဧကရီက ခေါင်းညိတ်လိုက်၏ “မင်းရဲ့ ဒဏ်ရာရော ဘယ်လိုနေသေးလဲ”
“တခြားပြဿနာတွေကိုတော့ ဖြေရှင်းပြီးသွားပြီ။ ဒါပေမဲ့ ပြဿနာအရင်းအမြစ်က အချိန်အနည်းငယ်တော့ လိုအပ်နေတုန်းပဲ။ ရှင်ရော”
“ငါ့အခြေအနေက ပိုဆိုးရွားတယ်” သူမက ခေါင်းခါလိုက်၏။ သူမက အရှိန်မြှင့်တင်ဖို့ရာ တာအိုအခွင့်အလမ်းဂိုဏ်း၏ ကံကောင်းမှုကိုလည်း မှီခိုထား၍ မရသလို အချိန်စားသုံးသူကြောင့် ဝူဟုန်ကဲ့သို့ ယုံကြည်မှု စွမ်းအားအားလုံးကို စုစည်းသည့် တူညီသည့် နည်းလမ်းကိုလည်း အသုံးမပြုနိုင်ပေ။ ထို့အပြင် သူမက တခြား ၈ ယောက်အတွက် ပြန်လည်ရှင်သန်ဖို့ရာ အရင်းအမြစ်တွေ စုဆောင်းပေးရဦးမည်။ ထို့ကြောင့် သူမ၏ အခြေအနေက အကောင်းဆုံး မဟုတ်ပေ။
သို့သော်လည်း လတ်တလောတွင် ဒိုင်မေးရှင်းအနိမ့်ရှိ ဂိုဏ်း၏ ကံကောင်းမှုက သိသိသာသာ တိုးမြင့်လာသည့်အတွက် သူမ၏ အခြေအနေက အနည်းငယ် ကောင်းမွန်လာခဲ့သည်။
“မေတ္တယျရဲ့ အခြေအနေကရော ဘယ်လိုလဲ” သူမ၏ မိတ်ဆွေဟောင်းက ယခင်နှစ်ပိုင်းအတွင်း မရှင်းမရှင်း ပြုမူခဲ့သော်လည်း ဓားဧကရီကမူ သူမကို အပြစ်မတင်ခဲ့ပေ။ သူမက အန္တိမ သဟဇာတဆီမှ မပြီးမပြတ်အခြေအနေတွင် ရှိနေသည့်လူများကို ကာကွယ်ပေးခဲ့သည် မဟုတ်ပါလော။
“သူမ ရရှိတဲ့ နည်းလမ်းက တားမြစ်ချက်တချို့ရှိနေတယ် ထင်တယ်” ဝူဟုန်က အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောလိုက်သည် “ကံကောင်းတာက သူမရဲ့ လတ်တလောအခြေအနေက တိုးတက်လာတယ်”
“အနည်းဆုံးတော့ သူမက အပြီးတိုင် ပျောက်ကွယ်သွားတာ မဟုတ်ဘူးဆိုတာကို သိရတာပေါ့။ လက်ရှိအခြေအနေအရ ငါတို့က စောင့်ပဲ စောင့်နေနိုင်တာ နှမြောစရာပဲ။” သူမက သက်ပြင်းချကာ ပြန်ဖြေလိုက်၏။
ကပ်ပါး ၈ ကောင်က ကမ္ဘာ့အရင်းအမြစ်၊ ကံကောင်းမှုနှင့် ကြမ္မာကို အပြည့်အဝ ထိန်းချုပ်ထားကြသည်။ အန္တိမ သဟဇာတ၏ အင်အားဖြင့် ယခင်ခေတ်ကာလမှ လူတွေအတွက် အခြေအနေက ပို၍ ဆိုးရွားသွားခဲ့သည်။ သူတို့က တခြားနေရာတွင် ပြန်လည်အားဖြည့်ဖို့ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှပင် မလွတ်မြောက်နိုင်ကြပေ။
“ဒီမှာပဲ နားပြီး အားပြန်ဖြည့်လို့ရတယ်” ဝူဟုန်က ပြောလိုက်သည်။
“သူက ဒီကိုလာရှာရဲမှာ မဟုတ်ဘူး”
သူမ မိတ်ဆွေနှင့် စကားစမြည်ပြောပြီးသည့်နောက်တွင် လျှို့ဝှက်နယ်မြေမှ ထွက်ကာ ပိုင်နက်အတွင်း ပြန်လာလိုက်သည်။
ဝူဟုန်က ကောင်းကင်အထက် မြောလွင့်နေရင်း ကုန်းမြေကို ကြည့်လိုက်၏။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရှိ အခြားနေရာများနှင့် ယှဉ်လိုက်လျှင် ဤနေရာက ကြွယ်ဝပြီး အသက်ဓာတ် ပြည့်ဝနေသည်။ သို့သော် သူမက မကြိုက်ပေ။
ကပ်ပါးကိုးကောင်က ဧကရာဇ်လမ်းစဉ်၏ အဆင့် ၁၂ များ ပေါ်ထွက်မလာစေဖို့ရာ ခွင့်မပြုသည့် စည်းမျဉ်းကို ပြုလုပ်ထားခဲ့သည်။ သူမက ထိုပိုးဟပ်များကို ဂရုမစိုက်သော်လည်း အန္တိမ သဟဇာတနှင့် ပတ်သက်ပြီး ဘာမှမလုပ်နိုင်ပေ။
ယခင်က ထိုသူသည် သူမ၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။ သို့သော် ယခုတွင် ဝူဟုန်အနေဖြင့် ထိုသူက သူမကို လက်တစ်ချောင်းဖြင့် ဖျက်ဆီးပစ်နိုင်ကြောင်း သိထား၏။ သူမက အနည်းငယ် စိတ်ပျက်မိသည်။
အစွဲကင်းမှု အစွဲကင်းမှု…
သူမက တစ်နေရာသို့ ကူးသန်းမသွားခင် တွေးလိုက်မိ၏။ သူမက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတစ်ဝိုက်တွင် လမ်းမလျှောက်ဖြစ်ပေ။ ထို့ကြောင့် သူမက ထိုအရာကို ပြောင်းလဲဖို့ ဆုံးဖြတ်ထား၏။
ဝူဟုန်က တောင်တန်း၊ မြစ်၊ တောအုပ်၊ မြို့ကြီးများနှင့် အားကောင်းသည့် တိုင်းပြည်များထံ လျှောက်လှမ်းနေစဉ် ကွဲပြားသည့် လူမှုအဖွဲ့စည်းများကို ကြုံတွေ့ခံစားခဲ့သည်။ တစ်ရက်တွင် သူမက အနီရောင်ကြိုးမျှင်မြစ်ဟု ခေါ်သည့် မြစ်နား လမ်းလျှောက်နေခဲ့၏။ ထိုနေရာနှင့် ပတ်သက်ပြီး ကံကြမ္မာဆက်သည့်လူများကို အတူတကွ ပေါင်းစည်းပေးနိုင်ကြောင်း ယုံတမ်းများ ရှိခဲ့ဖူးသည်။
ဝူဟုန်က မြစ်အနားလမ်းလျှောက်ကာ ဖိနပ်များကို ချွတ်ရင်း မြစ်ကမ်းပါးပေါ် လမ်းလျှောက်လိုက်သည်။ သူမက သူမ၏ ငယ်ရွယ်စဉ်အချိန်ကလိုမျိုး ခြေဗလာဖြင့် လမ်းလျှောက်ရသည်ကို သဘောကျနေမိ၏။ သူမက ထိုလိုအင်ဆန္ဒကြောင့် အနည်းငယ် ခေါင်းရှုပ်မိနေသည်။ မည်သို့ပင်ဆိုစေကာမူ သူမ၏ ရုတ်တရက် ဖြစ်လာသည့် လိုအင်ဆန္ဒက သိပ်အရေးမပါလှပေ။
မိနစ်ပိုင်းကြာ လျှောက်လှမ်းပြီးသည့်နောက်တွင် သူမက အပြင်ဘက်ထွက်ကာ ဖိနပ်များကို ပြန်လည်စီးလိုက်၏။ သူတို့က သူမ ရေထဲမှ ထွက်လာသည်နှင့် ချက်ချင်း တန်း၍ ခြောက်သွေ့သွားသည်။ ဝူဟုန်က အဝေးသို့ လျှောက်လှမ်းလာစဉ် မည်သူကမှ ဝူဟုန်၏ တည်ရှိမှုကို မခံစားမိကြပေ။ အချစ်ကို ရှာတွေ့ဖို့ မျှော်လင့်ချက်ဖြင့် မြစ်အတွင်း ရေချိုးနေကြသည့် လူထောင်ချီအတွင်း မည်သူကမှ သူမ၏ တည်ရှိမှုကို မခံစားမိကြပေ။
မိနစ်ပိုင်းကြာ လျှောက်လှမ်းလာပြီးသည့်နောက်တွင် သူမက မကြည်မသာ အမူအရာဖြင့် ရပ်တန့်လိုက်၏။
“ရှင်တို့ ဘာလိုချင်လို့လဲ” သူမက ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်၏။ ထိုစဉ် လူသုံးယောက်က သူမနှင့် မနီးမဝေးနေရာတွင် ရုတ်ချည်း ပေါ်ထွက်လာကြသည်။ သူမက အချိန်စားသုံးသူ၊ ဝူယွီဇာမဏီနှင့် မြေကမ္ဘာဧကရာဇ်တို့ ဖြစ်၏။
“ဧကရီ … ကမ္ဘာကြီးက မင်းရဲ့ အကူအညီကို လိုအပ်နေပြီ” မြေကမ္ဘာဧကရာဇ်က ပြောလိုက်၏။ ဝူဟုန်က သူ့အား တုံ့ပြန်မှုမရှိသည့် အကြည့်များဖြင့်သာ ကြည့်လိုက်သည်။ သူမက ထိုစကားဝိုင်းကို ဆက်ဖို့ စကားတစ်ခွန်းမှ မပြောပေ။
“အခုက အရေးပေါ်ဖြစ်နေပြီ။ မင်းရဲ့ အကူအညီကို လိုတယ်”
ဝူဟုန်က သူ့ကို ကြည့်ပြီးသည့်နောက်တွင် လျစ်လျူရှုထားလေ၏။ ထိုသူသည် လူသားဧကရာဇ်က အချိန်မည်မျှကြံစည်ထားမှန်း မသိရသည့် ကစားပွဲတွင် နယ်ရုပ်တစ်ခုမျှသာဖြစ်ကြောင်း ခန့်မှန်းထားပြီးသား ဖြစ်၏။ ထို့ကြောင့် ထိုသူက အဆုံးသတ်ကောင်းမည် မဟုတ်ပေ။
ထို့ကြောင့် သူမက အချိန်စားသုံးသူကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည် “ဘာလို့နှောင့်ယှက်နေတာလဲ။ ရှင်တို့တွေက ကျွန်မကို တစ်ယောက်ထဲ လွှတ်ပေးထားမယ်လို့ သဘောတူထားတယ် ထင်နေတာ”
“အခြေအနေက ပြောင်းသွားပြီ။ အလုံးစုံပကတိ အမြင်ဘုံကျောင်းက ကမ္ဘာဦးဟွင်သွမ်း တစ်လျှောက်မှာ ဖရိုဖရဲဖြစ်လာမဲ့ ကိစ္စကို နိမိတ် ထုတ်ထားတယ်။ လူတော်တော်များများက ငါတို့ကမ္ဘာကို ဆက်တိုက် တိုက်ခိုက်နေပြီးတော့ ငါတို့ရဲ့ အခြေခံအုတ်မြစ်ကို စမ်းသပ်နေကြတယ်”
“အဲဒါဆိုတော့ ကျွန်မနဲ့ ဘာဆိုင်လို့လဲ”
“မင်းသာ ငါတို့နဲ့အတူတူ ငြိမ်းချမ်းမှုအနေနဲ့ လက်မှတ်ရေးထိုးသရွေ့ ကမ္ဘာ့အရင်းအမြစ်ကို သုံးပြီးတော့ မင်းရဲ့ဒဏ်ရာကို ကုပေးမယ်။ မင်းရဲ့ စွမ်းအားနဲ့ဆိုရင် အဲဒီလူတွေကို ခြောက်လှန့်နိုင်ပြီး ငါတို့အတွက် အချိန်ဆွဲထားပေးနိုင်မှာပါ” အချိန်စားသုံးသူက ပြောလိုက်သည်။
“စိတ်မဝင်စားဘူး။ အခုချက်ချင်းထွက်သွား။ ရှင်တို့ရဲ့ တည်ရှိမှုက ကျွန်မရဲ့ နေ့ရက်ကောင်းတွေကို ဖျက်ဆီးပစ်လိုက်တာပဲ” ဝူဟုန်က ပြန်ပြောလိုက်၏။
“အမျိုးသမီး စကားကို ကြည့်ပြော။ နင် တစ်ချိန်က ဘယ်လောက်ပဲ ထူးချွန်ခဲ့ခဲ့ အခုက ကောင်းကင်ဘုံ အဆင့်လေးပဲ” ဝူယွီက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
ဝူဟုန်က ဝူယွီကို ကြည့်လိုက်ပြီးသည့်နောက်တွင် နှလုံးခုန်မြန်လာမိသည်။ ခဏကြာလာပြီးသည့်နောက်တွင် သူမက အချိန်အတော်ကြာ မခံစားခဲ့ရသည့် အကြောက်တရားကို ခံစားမိလိုက်၏။
ဝူဟုန်က အချိန်စားသုံးသူကို မကြည့်ခင် လေဟာနယ်ထဲကို ကြည့်လိုက်သည် “ရှင်တို့ ၈ယောက်လုံး ကျွန်မကို တိုက်ခိုက်ရင်တောင် ကျွန်မရဲ့ လက်ရှိအခြေအနေနဲ့ မသေခင်မှာ ရှင်တို့ထဲက တစ်ဝက်လောက်ကိုတော့ သတ်ဖြတ်နိုင်သေးတယ်။ ရှင့်ကိုတော့ လေးယောက်ထဲက တစ်ယောက်အဖြစ် အာမခံနိုင်တယ်။ စမ်းကြည့်ချင်လား”
အချိန်စားသုံးသူ၏ အကြည့်များက ရုတ်တရက် လင်းလက်သွားပြီးသည့်နောက် သူမက အမှန်ပြောနေကြောင်း သိလိုက်သည်။ သူ့ရှေ့ရှိ အမျိုးသမီးက အဆုံးစွန်မဲ့ ဖြစ်ရုံသာမက မငြှိမ်းသတ်နိုင်ဖွယ် တစ်ယောက်လည်း ဖြစ်၏။ သူမ၏ တည်ရှိမှုက ဒဏ်ရာအပြင်းအထန် ရရှိထားသောကြောင့် အင်အားလျော့ကျနေသော်လည်း သူမ၏ ခန္ဓာကိုယ်က မငြှိမ်းသတ်နိုင်ဖွယ် စံပြတစ်ယောက်၏ ကာကွယ်နိုင်စွမ်းနှင့် သက်လုံတို့ကို ပိုင်ဆိုင်ထားသေးသည်။
သူမ ပိုင်ဆိုင်ထားသည့် နည်းလမ်းက သူမ၏ အထွတ်အထိပ်အခြေအနေကို ခေတ္တမျှပြန်လည်ရောက်ရှိနိုင်မည်ဆိုလျှင်ပင် သူမ၏ လက်ထဲ သူအပါအဝင် မည်သူကမှ အသက်ရှင်သန်နိုင်မည် မဟုတ်ပေ။
ငါ့အစီအစဉ်က အောင်မြင်ဖို့ နီးကပ်လာပြီ။ ငါ ပြီးမြောက်တာနဲ့ ငါက ထိပ်သီးအဆုံးစွန်မဲ့ စံပြတစ်ယောက်ဖြစ်လာပြီးတော့ အဲဒီအဆင့်ထက် ကျော်တဲ့ဟာတောင် ဖြစ်လာနိုင်တယ်…
သူက လက်ရှိ ၉၇ ရာခိုင်နှုန်း အချိန်မဟာတာအိုအရင်းအမြစ်နှင့် ပုံမှန်စံပြတစ်ယောက်သာ ဖြစ်၏။ သို့သော် သူသာ သူ့အစီအစဉ် ပြီးမြောက်သွားသည်နှင့် အတိတ်တွင် အိပ်မက်သာဖြစ်ခဲ့သည့် အမြင့်အနေအထားသို့ ရောက်ရှိသွားလိမ့်မည်။
ငါ အချိန် ထပ်လိုနေပြီ…
အချိန်စားသုံးသူက အချိန်သည် သူ့ဘက်တွင် မရှိကြောင်း သိကာ ကံကြမ္မာကပင် သူ့ကို ဆန့်ကျင်နေလေ၏။ နေမင်းနှစ်စင်းနှင့် လမင်းခုနစ်စင်းတို့က ပြိုလဲမည့် အရိပ်အယောင်ကို ပြသလာလေပြီ။ သူက ဝူယွီနှင့် မြေကမ္ဘာဧကရာဇ်တို့ကို တိတ်တဆိတ် ကြည့်လိုက်ပြီးသည့်နောက်တွင် ကပ်ဘေးချီ အရိပ်အယောင်ကို မြင်တွေ့လိုက်ရသည်။
ထိုအရာက အလွယ်တကူ အာရုံခံ၍ မရသည့် ကြောက်မက်ဖွယ် အမျိုးအစားဖြစ်ကာ အဆုံးစွန်မဲ့ စံပြများပင် ဖယ်ရှားပစ်၍ မရပေ။
“နည်းနည်းလောက် စိတ်လျှော့ပေးလို့ မရဘူးလား။ ကမ္ဘာကြီးက အရေးကြီးနေပြီ”
“ရှင်တို့တွေကပဲ ကမ္ဘာကြီးကို ဒီလိုအခြေအနေဖြစ်အောင် လုပ်ခဲ့တာလေ။ ရှင်တို့အပြုအမူရဲ့ အကျိုးဆက်ကို ဖြေရှင်းလိုက်ပေါ့” ဝူဟုန်က ထိုလူများကို လျစ်လျူရှုကာ တစ်နေရာသို့ ကူးသန်းသွားလေသည်။ သူမက ခရီးဆက်သွားနေရင်း ကံကြမ္မာမြစ်ကြောင်းကို မြင်လိုက်ရ၏။
သူတို့ရဲ့ ခေတ်ကာလက အဆုံးသတ်နေပြီ။ မပြီးမပြတ်အခြေအနေမှာ ရှိတဲ့သူတွေ မကြာခင် ပြန်ရောက်လာလိမ့်မယ်။
သူတို့တွေက ဒီဖြစ်စဉ်ကို နှောင့်နှေးထားနိုင်ပေမဲ့ အဆုံးသတ်မှာတော့ ရှောင်ရှားလို့ မရဘူး။ ဒါပေမဲ့ ဒါက အခု အရေးကြီးဆုံး မဟုတ်သေးဘူး…
ဝူဟုန်က တွေးလိုက်မိသည်။
အစွဲကင်းမှုအတွက် နောက်ထပ်အခွင့်အရေး တစ်ခု ရောက်လာပြီလို့ ခံစားနေရတယ်။
သူမ၏ အကြည့်များက တောက်ပလာ၏။ ထိုအခွင့်အရေးက အကြွင်းမဲ့တားမြစ်ချက်ထက် ပိုမိုကောင်းမွန်ကာ ဘေးကင်းနိုင်ချေ ရှိ၏။
ငါ ကြိုတင်ပြင်ဆင်ထားဖို့ လိုနေပြီ…
***