← Chapters

ပျောက်ကွယ်သွားမှု

Vol. 51 Ch. 704

ပျောက်ကွယ်သွားမှု

Vol. 51 Ch. 704

ဝမ်ဝေ့က မျက်လုံးကို ဖွင့်ကာ သူ့ရင်ခွင်ထဲ ရှိနေသည့် ဇနီးသည်လေးအား ကြည့်လိုက်၏။ ယမန်နေ့ညက သူမသည် အားငယ်နေသည့်အတွက် အိပ်စက်သည့်အခါ အချင်းချင်း တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့ကြသည်။ သူတို့က စကားဖြင့် မပြောကြသော်လည်း တစ်ယောက်နှင့်တစ်ယောက် နွေးထွေးမှုကို ရှိရုံဖြင့် လုံလောက်နေကြပြီ ဖြစ်သည်။

“ဘယ်လိုနေသေးလဲ”

“ပိုကောင်းလာပါပြီ”

ဝူဟုန်က အပြုံးလေးဖြင့် ပြောလိုက်စဉ် ဝမ်ဝေ့က ငေးမောသွားလေ၏။ သူမ၏ ဖြူစွတ်နေသည့် ညအိပ်ဝတ်စုံနှင့် တောက်ပနေသည့် အပြုံးက ပိုမိုသန့်စင်သွားကာ တစ်ခါမှ မတွေ့ကြုံဖူးသည့် နူးနူးညံ့ညံ့ အငွေ့အသက်မျိုး ပေးစွမ်းနေသည်။

“မင်းက လှလိုက်တာ” သူက သူမ နဖူးကို အနမ်းပေးရင်းပြောလိုက်သည်။

“ကျွန်မက အမြဲတမ်း လှနေတာ မဟုတ်ဘူးလား”

“ဒါပေါ့။ ဒီနေ့မင်းက အလင်းတန်းတွေ ဖြာထွက်နေသလိုပဲ”

“ကျေးဇူးပါ။ ဒါပေမဲ့ ရှင်ကလည်း မဆိုးပါဘူး” ဝူဟုန်က သူ့မျက်နှာကို အသာထိတွေ့ရင်း ပြောလိုက်သည်။

“မဆိုးဘူးတဲ့လား။ ကိုယ်ဘယ်နေရာသွားသွား ထမင်းပျော့စားလို့ရတယ်ဆိုတာ သိတယ်မလား”

( ယောကျ်ားဖြစ်သူက ရုပ်ရည်ခန့်ညားချောမောလွန်းလို့ မိန်းမဖြစ်သူအပေါ် ငွေကြေးပိုင်း၊ တခြားအရာတွေအတွက် မှီခိုနိုင်တာမျိုးကို ပြောတာပါ)

“ကျွန်မကလည်း ရှူးဂါးဒယ်ဒီ လွယ်လွယ်လေး ရနိုင်တယ်ဆိုတာကို သိတယ်မလား” သူမက ပြန်ဖြေလိုက်၍ ဝမ်ဝေ့က ရှုံ့မဲ့သွားသည်။

“ကောင်းပြီ။ မင်း နိုင်တယ်”

“ကောင်းပြီ။ ရှင်က ကျွန်မရဲ့ ကစားစရာလေးဆိုတော့ ရှင့်အဆင့်အတန်းကို မမေ့ပစ်လိုက်နဲ့”

“ဟုတ်ကဲ့ပါ ကိုယ့်ဘုရင်မလေး”

“ရှင်က မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်တယ်ဆိုတော့ လက်ဆောင်ပေးမယ်” ဝူဟုန်က ပြောလိုက်၏။

“တကယ်လား”

ဝူဟုန်က ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် ခဲဖြူရောင် အစင်းတန်းများပါပြီး တီကောင်နှင့်တူသည့် အဖြူရောင်သတ္တဝါလေး တစ်ကောင်က သူမ လက်ဝါးအထက် ထွက်ပေါ်လာ၏။

“ဒါက ဘာလေးလဲ” ဝမ်ဝေ့က သူ့မှတ်ဉာဏ်ထဲ ရှာဖွေပြီးသည့်နောက် ဘာမှမတွေ့ရ၍ မေးလိုက်သည်။

“ကူတီကောင်ကမ္ဘာက ကံကြမ္မာ ကူကောင်လေ” ဝူဟုန်က ပြောလိုက်၏။

“ကျွန်မ ကံကြမ္မာမြစ်ကြောင်းကို အသုံးပြုပြီး သူတို့ရဲ့ နည်းစနစ်ကို သုံးပြီး ပြုစုပျိုးထောင်နိုင်ဖို့ ကိုယ်ပွားတစ်ယောက်ကို စေလွှတ်ထားခဲ့တာ”

ဝမ်ဝေ့က ထိုကူကောင်ဆီမှ ထွက်ပေါ်နေသည့် ကံကြမ္မာစွမ်းအားကို ခံစားမိကာ စွမ်းအားမည်မျှပါဝင်နေလဲဟု အံ့အားသင့်သွားမိ၏။

“ကုရွှမ်းရဲ့ စစ်ဆေးမှုတုန်းက ရှင် အဆင့်လေးပဲ ရှိပြီးတော့ အဆင့်ငါးထိ မတက်လှမ်းနိုင်ခဲ့ရင်ဆိုပြီး လိုလိုမယ်မယ်အနေနဲ့ ကြိုတင်ပြင်ဆင်ထားခဲ့တာ။ ပြီးတော့ ဒီကံကြမ္မာကူကောင်ကနေ ကံကြမ္မာဆေးကြောမှုအတွက် နည်းလမ်းတစ်ခုပေါ့။ ဒါပေမဲ့ အခုတော့ အဲ့လောက်ကြီး အသုံးမဝင်တော့ပါဘူး”

“အဲ့လိုမဟုတ်ပါဘူး” ဝမ်ဝေ့က ထိုကူကောင်ကို သန့်စင်ပြီးသည့်နောက်တွင် သူ့ကံကြမ္မာနန်းဆောင် ဆေးကြောမှုဖြင့် သူ့အင်အားသည် ၄.၉၉ ထိန်းချုပ်နိုင်သည့် တာအိုဘိုးဘေးတစ်ယောက်မှ ၄.၉၉၉ အထိ တိုးမြှင့်သွားနိုင်ကြောင်း သိထားသည်။ ထို ၀.၀၀၉ ရာခိုင်နှုန်းသည် ၅ရာခိုင်နှုန်း ရှိထားသည့် မဟာဧကရာဇ်အဆင့်နှင့် ကွာခြားချက် သိပ်မရှိပေ။ သို့သော် အဆင့် ၅ စွမ်းအားရှိထားသည့် လူတစ်ယောက်နှင့် ရင်ဆိုင်သည့်အခါ ကွာခြားချက်က မိုးမြေလို ဖြစ်လာလိမ့်မည်။

“ကျေးဇူးပါ” သူက သူ့မပါးပြင်ကို နမ်းရှိုက်လိုက်၏။ ထိုသေးငယ်နေသည့် ကူကောင်လေးက သူ့သေးငယ်သည့် ကံကောင်းမှုနှင့် ကံကြမ္မာပုံသဏ္ဌာန်ပြမှုသာ ဖြစ်သည်။ အကယ်၍ သူ့တွင် နဝမအဆုံးစွန်အုတ်မြစ်ကို ပြီးမြောက်စေဖို့ ကံကြမ္မာနန်းဆောင်ကို အသုံးပြုမည့် အတွေးမျိုး မရှိခဲ့လျှင် ကံကြမ္မာကူကောင်က သူ အောင်မြင်ဖို့ရာ လိုအပ်သည့် ပြီးပြည့်စုံသော နည်းလမ်း ဖြစ်လာလိမ့်မည်။

“ကျွန်မတို့က အခု လင်နဲ့မယား ဖြစ်နေပြီပဲ။ ကျေးဇူးတင်စကားပြောဖို့မလိုပါဘူး”

“တစ်ခါတစ်လေကျရင် ကိုယ်မင်းနဲ့ မထိုက်တန်သလို ခံစားမိတယ်” ဝမ်ဝေ့က သက်ပြင်းချကာ ပြောလိုက်၏။

“တစ်ခါတစ်လေ ကျွန်မလည်း ရှင့်လို ခံစားမိပါတယ်” သူမက ပြန်ဖြေလိုက်သည်။

“ကဲ စိတ်ခံစားချက် ပြင်းပြတာတွေ မပြောဘဲ နေရအောင်။ ရှင်က မနေ့က တစ်ခုခု မေးချင်နေတယ်လို့ ထင်တယ်”

“အော်ဟုတ်သားပဲ။ ကိုယ် မေ့တော့မလို့ … ဒါနဲ့ ဧကရာဇ်ကျားကို သိလား”

“ဘယ်သူလဲ”

“စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းက ဧကရာဇ်ကျားလေ” ဝမ်ဝေ့က စစ်ဆေးမှုအတွင်း မနေ့က ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို ပြန်လည်ရှင်းပြလိုက်သည်။ တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာမှ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းလည်း အပါအဝင် ဖြစ်၏။

ဝူဟုန်က ထိုစကားကို ကြားပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်ကာ “သူက ဒိုင်မေးရှင်းအနိမ့်ရဲ့ ကောင်းကင်တာအိုတိုင်းရဲ့ မှတ်တမ်းကို လွှမ်းမိုးနိုင်တယ်ဆိုတာကိုတော့ နားလည်ပါတယ်။ ဒါပေမဲ့ အစစ်အမှန်ကောင်းကင်တာအိုကို ဘယ်လိုသက်ရောက်မှု ရှိစေလိုက်တာလဲ။ ဒီဟာက နည်းနည်းလေးမှ မဖြစ်နိုင်ဘူးနော်”

“တကယ်လား”

“ကောင်းကင်အလိုဆန္ဒ ကမ္ဘာအများစုရဲ့ ကောင်းကင်တာအိုက တတိယတန်းစား ဒါမှမဟုတ် ဒုတိယတန်းစားဧကရာဇ်နဲ့ ညီမျှတယ်။ ဒါပေမဲ့ အစစ်အမှန် ကောင်းကင်တာအိုရဲ့ စွမ်းအားကတော့ အစွဲကင်းမှုတစ်ပိုင်းအဆင့်နဲ့ ညီမျှတယ်။ အဲဒါကြောင့် ဘယ်လိုလုပ် အလွယ်တကူ လွှမ်းမိုးခံရမှာလဲ”

ဝူဟုန်က စံပြများသည် ကမ္ဘာကို အုပ်စိုးကာ သူတို့စိတ်တိုင်းကျ လုပ်ဆောင်ခြင်းမှာ အစစ်အမှန် ကောင်းကင်တာအိုက ရက်စက်ပြီး ဂရုမစိုက်၍ ဖြစ်သည်။ စံပြက သံမဏိလက်သီးဖြင့် ကမ္ဘာကို အုပ်စိုးခြင်း သို့မဟုတ် သက်ရှိအားလုံးကို သတ်ဖြတ်နေလျှင်ပင် ဂရုစိုက်မည် မဟုတ်ပေ။ စည်းမျဉ်းတချို့ကို ထားရှိရုံမှအပ အရာအားလုံးက အရေးပါမည် မဟုတ်ပေ။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့်သူ မည်သူမှ မရှိသေးပေ။

ထိုအရာက လမင်းခုနစ်စင်းနှင့် နေမင်းနှစ်စင်းတို့၏ လက်ရှိအခြေအနေကိုလည်း ဂရုမစိုက်ပေ။ ဝမ်ဝေ့ကို ကူညီရသည့် တစ်ခုတည်းသော အကြောင်းအရင်းက အန္တိမသဟဇာတကြောင့်သာ ဖြစ်၏။ ဝမ်ဝေ့၏ အပြုအမူက ထိုသူ၏ ကျရှုံးမှုကို ဦးတည်နေသည့်အတွက် ကောင်းကင်တာအိုကို လွတ်မြောက်မှုရစေကာ သူ့အလုပ်ကို ဆက်လက်လုပ်ဆောင်ဖို့ စွမ်းအား ရရှိလာစေသည်။

အကယ်၍ ဝမ်ဝေ့သာ သေဆုံးဖို့ အန္တရာယ်ကျရောက်သွားပါက ထိုအရာက သူ့ကိုကယ်မည် မဟုတ်ပေ။ ထိုအရာက သူ့နေရာ အစားထိုးဝင်ရောက်ဖို့ နောက်ထပ်လူကိုသာ ရှာဖို့ ကြိုးစားလိမ့်မည်။

“တကယ်လို့ စံပြတစ်ယောက်က လုပ်ဆောင်တယ်လို့ ပြောတယ်ဆိုရင်တော့ သံသယ ဖြစ်မိလိမ့်မယ်။ မဟာဧကရာဇ်ဆိုရင်တော့ ထည့်ပြောဖို့ မလိုတော့ဘူး” ဝူဟုန်က ပြောလိုက်သည်။

“အဲဒီဧကရာဇ်ကျားကို မသိဘူးလား” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“ဟင့်အင်း။ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းက အဆုံးစွန်မဲ့စံပြကို တွေ့ခဲ့ဖူးတယ်။ သူက ထိပ်သီးအင်အား ရှိတယ်။ ဒါပေမဲ့ ကျွန်မနဲ့ ရှင့်ဘိုးဘေးထဲက တချို့လိုမျိုးတော့ ထိပ်တန်းအဆင့်မျိုး မဟုတ်ဘူး။ ဧကရာဇ်ကျားအတွက်တော့ တစ်ခါမှ မကြားဖူးဘူး”

“အဲဒီအတွက်ကလည်း ဖြစ်နိုင်ချေတချို့တော့ ရှိတယ်။ ဧကရာဇ်ကျားက တက်လှမ်းပြီးတဲ့နောက်မှာ ကမ္ဘာဦးဟွင်သွမ်းထဲ ဝင်ရောက်သွားတာမျိုးပေါ့။ တကယ်လို့ အဲဒီဖြစ်နိုင်ချေကို ထည့်စဉ်းစားမယ်ဆိုရင်တော့ သူက လူသားဧကရာဇ်လိုမျိုး ပြန်လည်ဝင်စားတဲ့ စံပြတစ်ယောက် ဖြစ်နေနိုင်တယ်။ ဒီရွေးချယ်မှုက အဓိပ္ပာယ်တော့ရှိသား” ဝမ်ဝေ့က ပြောလိုက်၏။

“နောက်ထပ် တစ်ခုက သူက ဒိုင်မေးရှင်းအနိမ့်မှာနေပြီးတော့ တစ်ခုခု ကြံစည်နေတာလည်း ဖြစ်နိုင်တယ်” ဝူဟုန်က ဆက်ပြောလိုက်သည် “ဘာပဲဖြစ်ဖြစ် ကိစ္စကြီးကြီးမားမား ဖြစ်လာလိမ့်မယ်”

ထိုသူ၏ ပျောက်ကွယ်သွားမှုကို ရှင်းပြနိုင်ချေ မြောက်များစွာ ရှိလေသည်။ ထူးထူးဆန်းဆန်း သေဆုံးသွားခြင်းနှင့် မပြီးမပြတ်အခြေအနေသို့ ဝင်ရောက်သွားခြင်း သို့မဟုတ် ဒိုင်မေးရှင်းအနိမ့် ဒါမှမဟုတ် ဒိုင်မေးရှင်းအမြင့်၏ အန္တရာယ်များသည် နေရာတချို့တွင် စည်းပိတ်ခံထားရခြင်းလည်း ဖြစ်နေနိုင်သည်။ သို့သော်လည်း ထိုဖြစ်နိုင်ချေများက လက်ရှိ သတင်းအချက်အလက်အပေါ် မူတည်ပြီး ကောက်ချက်ချထားခြင်းသာ ဖြစ်၏။

“ကြယ်တာရာ သခင်တောင်ရဲ့ သတင်းအချက်အလက်အရတော့ ဧကရာဇ်ကျားက မင်းရဲ့ခေတ်ကာလမတိုင်ခင် ယုံကြည်မှုခေတ်ကာလမှာ တာအိုကို သက်သေပြခဲ့တာတဲ့” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“ကြည့်ရတာ ဒုတိယမူလတိုက်ပွဲ ဒါမှမဟုတ် အကြွင်းမဲ့တိုက်ပွဲအချိန်လောက်မှာ စံပြဖြစ်သွားနိုင်ချေ ရှိတယ်။ ဒါပေမဲ့ မင်းက သူ့ကို မသိဘူးဆိုတော့”

“သူက ပုန်းအောင်းနေတာလား ဒါမှမဟုတ် ပါဝင်မဆင်နွှဲခဲ့တာလား ဒါမှမဟုတ် တိတ်တဆိတ် လှုပ်ရှားခဲ့တာလား” ဝူဟုန်က ပြောလိုက်သည်။

“ဘယ်အရာဖြစ်ဖြစ် သူက သံသယဖြစ်ဖို့ ကောင်းတယ်ဆိုတာကို ပြသနေတာပဲ”

“အမှန်ပဲ။ တကယ်လို့ သူက အဆုံးမဲ့လေဟာနယ်ထဲမှာ ဒီလောက်ကြာကြာ ပုန်းအောင်းနေတယ်ဆိုရင် သူက ဘယ်လောက် စွမ်းအားရှိနေမလဲဆိုတာ မသိနိုင်ဘူး”

“အချိန်ထိန်းချုပ်မှုနဲ့ဆိုရင် သူက တာအိုအရင်းအမြစ် ရာခိုင်နှုန်းက သိပ်မြင့်မားမှာတော့ မဟုတ်ဘူး”

မသေမျိုးအဆင့် ကျင့်ကြံရေးအချိန်နှင့် ပတ်သက်လာသည့်အခါ ယုံကြည်မှုခေတ်ကာလက သိပ်မကြာသေးပေ။

“ဒါပေမဲ့ သူ့ကို သာမန်အမြင်နဲ့ သတ်မှတ်လို့ မရဘူး။ အဲဒါကြောင့် သူ့ကို လျှော့မတွက်သင့်ဘူး”

ဝမ်ဝေ့က ခေါင်းညိတ်ကာ “တကယ်လို့ သူက ဒိုင်မေးရှင်းအနိမ့်မှာ ရှိနေသေးတယ်ဆိုရင် သူနဲ့ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းက အလောင်းရောင်းဝယ်ရေးဂိုဏ်းလိုမျိုး ခြိမ်းခြောက်မှု ဖြစ်လာနို်ငတယ်။ အဲ့ထက်တောင် ပိုပြီး ဆိုးရွားနိုင်တယ်”

သူက ပြန်လည်ဝင်စားလာသည့် စံပြများနှင့် ရင်ဆိုင်နိုင်ရချေပင် ရှိ၏။

“ကောင်းပြီလေ။ ကံကောင်းပါစေ” ဝူဟုန်က သူ့ကံဆိုးမှုကို သဘောကျနေသည့်အလား ပြုံးလိုက်၏။

“ကိုယ့်ကို လှောင်နေတာလား။ ဒီနေ့တော့ ဘယ်သူက ဘယ်နေရာမှာလဲဆိုတာ ပြရတော့မယ်”

သူက ကံကြမ္မာကူကောင်ကို သိမ်းဆည်းပြီးသည့်နောက်တွင် ပြင်းထန်သည့် ယင်ယန်တိုက်ပွဲကို ဆင်နွှဲခဲ့၏။ သူက ယုံကြည်ချက် ပြည့်ဝနေခဲ့သည်။

ဝမ်ဝေ့က သူ့စံအိမ်မှ ထွက်လာပြီး လက်တစ်ဖက်က ခါးကို ကိုင်ထားလေသည်။ သူက အစေခံမိန်းကလေးများ ကြည့်နေသည့် ထူးထူးဆန်းဆန်း အကြည့်များကို လျစ်လျူရှုကာ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။

ဒီမိန်းမက ငါ့ခါးကို ချိုးပစ်တော့မလိုပဲ…

သူ့ဘဝတစ်လျှောက်တွင် အားကောင်းသည့် ခန္ဓာကိုယ်နှင့် ပတ်သက်ပြီး အမြဲတမ်း ဂုဏ်ယူနေခဲ့၏။ ထိုအရာက လူတစ်ယောက်မှလွဲ၍ ဘယ်သူကမှ သူနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ သို့သော် ထိုလူ ဖြစ်နေလျှင်ပင် သူက တစ်ရက်တွင် ကျော်လွှားနိုင်သေးသည်။

သို့သော် ယနေ့ သူ့ဇနီးက သူ့ခါးကို ချိုးပစ်လုမတတ် ဖြစ်စေကာ သူ့မာနကို ကြေမွသွားစေခဲ့သည်။

သူ့ အားကောင်းသည့် ခန္ဓာကိုယ်က ထိုအမျိုးသမီး၏ ကြောက်စရာကောင်းမှုကို ကျော်လွှားရမည်။

ဘယ်လိုတောင် အငြိုးကြီးနေပါလိမ့်…

သူက သူ့ခါးတစ်ဝိုက်တွင် တုယီနယ်ပယ်အဆင့်ကို ခံစားမိပြီး သူ့ကုသမှုအား တားဆီးနေသည်ကို ညည်းတွားလိုက်၏။ သူက မည်မျှကြိုးစားစေကာမူ မဖယ်ရှားနိုင်ပေ။

ဒါက ငါ လေလုံးကြီးလို့ ဖြစ်လာတာ…

ဝမ်ဝေ့က ညည်းတွားလိုက်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်ကို ဖောက်ခွဲပစ်လိုက်ပြီး ပြန်လည်ကောင်းမွန်အောင် လုပ်လိုက်သည်။ သူ့အပြုအမူများတွင် တုံ့ဆိုင်းနေခြင်း မရှိပေ။

“အခု ပိုကောင်းသွားပြီ”

သူက ခါးကို ဖြောင့်ဖြောင့်မတ်လိုက်၏။ သူက ခန္ဓာကိုယ်က ပိုမိုပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ သို့သော်လည်း သူက နာကျင်မှုကို ခံစားရဆဲဖြစ်သည့်အခါ ကျိန်ဆဲလိုက်မိ၏။

ဒါက စိတ်ဒဏ်ရာများလား…

သူက ဆွံ့အနေမိ၏။ စံအိမ်မှ ထွက်လာပြီးသည့်နောက်တွင် ဝူဟုန်က သူ့အား စောင့်ဆိုင်းနေပြီ ဖြစ်၏။

“ဘယ်လိုနေသေးလဲ”

“မင်းနဲ့ စကား မပြောဘူး” ဝမ်ဝေ့က ပြောလိုက်သည် “နောက်တစ်နှစ်လုံးအထိ မင်းနဲ့ တိတ်တိတ်လေးပဲ နေမယ်”

“ရှင် သေခြင်းတရားကို လိုက်ရှာတာ ကျွန်မ အမှား မဟုတ်ဘူးလေ” သူမက တုံ့ပြန်လိုက်၏။

“ကိုယ့်မာနက ဘယ်လောက်ကြေမွလွယ်လဲဆိုတာ သိပါတယ်။ မင်း ကိုယ့်ကို အလျှော့ပေးသင့်တယ်။ ဘာပဲဖြစ်ဖြစ် မင်းနဲ့ စကားမပြောဘူး”

“အခု ယောက္ခမကြီးကို သွားတွေ့ရတော့မှာလေ” သူမက သတိပေးလိုက်သည်။

“ကောင်းပြီ။ သူမကို တွေ့ပြီးတဲ့နောက်မှာ စကားမပြောတော့ဘူး”

ဝူဟုန်က ရယ်မောလိုက်ပြီးသည့်နောက်တွင် ယုယန်နှင့် သွားရောက်တွေ့ဆုံလိုက်ကြသည်။ သူမက သူသည် ထိုမျှကြာရှည်ခံလိမ့်မည်ဟု မယုံပေ။

ဝမ်ဝေ့က မခံချိမခံသာ ဖြစ်နေမိ၏။ မည်မျှပင် ဆိုစေကာမူ သူက တစ်နှစ်တော့ ကြာရှည်ခံရမည်။

မဟုတ်သေးဘူး အနည်းဆုံးတော့ ၆လ ဒါမှမဟုတ် ၃လလောက်ပေါ့…

ကောင်းပြီ သုံးလပဲ…

သူက တွေးလိုက်မိသည်။

သူက သူ့မိခင်နှင့် အတူ မနက်စာစားပြီးသည့်နောက် နေ့လည်အထိ နေကာ ဂိုဏ်းကိစ္စများကို ဆွေးနွေးဖို့ ထျန်းဝေ့တောင်ထိပ်ဆီ ဦးတည်သွားလိုက်၏။ သူ ရောက်ရှိသည့်အခါ အကြီးအကဲများက သူ့အား စာရွက်များနှင့် အဆောင်အပုံလိုက် ပေးလာကာ ဆုံးဖြတ်ချက် ချခိုင်းခဲ့သည်။

သူက သူတို့၏ အကြည့်များကို မြင်လိုက်သည်နှင့် သူ ထိုကိစ္စများကို ဖြေရှင်းမပြီးသရွေ့ လွှတ်ပေးမည် မဟုတ်ကြောင်း ပြောနိုင်လေ၏။

***

All Chapters