← Chapters

မဟာသုတ်သင်ရေး

Vol. 51 Ch. 705

မဟာသုတ်သင်ရေး

Vol. 51 Ch. 705

ဝမ်ဝေ့က ထိုအကြီးအကဲများအား ဂိုဏ်းကို ပုန်ကန်နေချင်တာလားဟု အော်မေးချင်စိတ်ကို မနည်းထိန်းထားရသည်။ သူတို့က ဂိုဏ်းချုပ်ကို ဤသို့ဆက်ဆံရဲသည်လား။

သို့သော်လည်း သူ ထိုရာထူးကို ယူပြီးသည့်နောက်တွင် မည်မျှတာဝန်မကျေပွန်ခဲ့သည်ကို အမှတ်ရသွားသည့်အခါ တိတ်တိတ်သာ နေလိုက်၏။

တကယ်တမ်းတော့ ငါ့အမှားတော့ မဟုတ်ပါဘူး…

သူက ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက် ကျင့်ကြံကာ ပြင်ဆင်ရမည် ဖြစ်သည်။ ထို့ကြောင့် သူက သူ့အဖေလိုမျိုး ဂိုဏ်း၏ ဝေယျဝစ္စများအတွက် အချိန်မပေးနိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ သူက အားလုံးကို နေရာအမှန်ရောက်အောင် ထိန်းကျောင်းပဲ့ကိုင်ပြီး အဓိကဆုံးဖြတ်ချက်များကို ချနေသရွေ့ အရာအားလုံး အဆင်ပြေလေသည်။

ဝမ်ဝေ့က စာရွက်စာတမ်းများကို မကြည့်ရှုခင် သက်ပြင်းချလိုက်၏။ သူက ဒုမန်နေဂျာအဖြစ် နေခဲ့ရသည့် အတိတ်ဘဝကို ရုတ်ချည်း အမှတ်ရသွားသည်။ သူက နေ့စဉ်နေ့တိုင်း စာရွက်ပုံထဲ ခေါင်းငိုက်စိုက်နေခဲ့ရ၏။

တော်သေးတာပေါ့။ ငါက အခု ကျင့်ကြံသူ ဖြစ်နေပြီ…

သူက အံ့ဖွယ်အသိစိတ်ကို သုံးကာ အရာအားလုံးကို အလျင်အမြန် ဖတ်ရှုလိုက်သည်။ သူက ပြီးမြောက်ဖို့ လိုအပ်နေသည့် အရာအားလုံးကို အဆုံးသတ်ပစ်ချင်မိ၏။

ပထမပြဿနာက မြောက်ပိုင်းက နတ်ဆိုးမျိုးနွယ်ပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ မဟာမိတ်က အဆင်ချောမွေ့နေလေ၏။ ဂိုဏ်းက ချီစုစည်းရေးအစီအရင်ကို မျှဝေပေးခြင်းဖြင့် မြောက်ပိုင်းကို ပြန်လည်အသက်သွင်းဖို့ ကူညီပေးပြီး ကုန်းမြေအောက်ရှိ မူလအရင်းအမြစ်သွေးကြောများကို ပြုပြင်ပေးခဲ့သည်။ နှစ်တစ်သန်းမတိုင်ခင် မြောက်ပိုင်း၏ ဝိညာဉ်ချီက စံနှုန်းတစ်ခုသို့ ရောက်ရှိလာမည်ဖြစ်ကာ သူတို့၏ အရင်းအမြစ်များကလည်း သိသိသာသာ တိုးပွားလာလိမ့်မည်။

ထိုအရာက ကုန်းမြေငါးခုအနက် အနည်းဆုံး ဖြစ်နေမည်ဖြစ်သော်လည်း ကုန်းမြေကြားရှိ အဆင့်နိမ့် လေလွင့်ကျင့်ကြံသူများ ကျက်စားရာ ပင်လယ်ကျွန်းများထက်စာလျှင် ပို၍ ကောင်းပေသည်။ အတိတ်လိုမျိုး ကျက်တီးနယ်မြေ ဖြစ်နေတော့မည် မဟုတ်ပေ။ ဂိုဏ်းက နတ်ဆိုးမျိုးနွယ်ကို ဝိညာဉ်ဆေးပင်များ စိုက်ဖို့ ကူညီပေးခဲ့ပြီး တခြားသော အင်အားစုများဆီ ထိုအသစ်စိုက်ထားသည့် ဆေးဥယျာဉ်များအား လက်ဝါးကြီးအုပ်စိုးရေးမှ ကာကွယ်ပေးခဲ့သည်။

နောက်ဆုံးအနေဖြင့် တာအိုအခွင့်အလမ်းဂိုဏ်းက နတ်ဆိုးမျိုးနွယ်ကို သူတို့၏ လမ်းကြောင်းမှတဆင့် ကျွမ်းကျင်အတတ်ပညာဆိုင်ရာ စီးပွားရေးထဲ ဝင်ရောက်ဖို့ ခွင့်ပြုခဲ့သည်။ သို့သော်လည်း အဆင့်နိမ့်ဈေးကွက်မျှသာ ဖြစ်၏။

ဝမ်ဝေ့က ဂိုဏ်းအား အဆင့်နိမ့် နတ်ဆိုးသားရဲများမှတဆင့် ထိုအဆင့်ကို လုပ်ဆောင်နိုင်ကြောင်း အကြံပြုခဲ့သည်။ နတ်ဆိုးစာသင်ကျောင်း သဘောတရားကို ဖန်တီးပြီးသည့်နောက်တွင် အဆင့်နိမ့် နတ်ဆိုးသားရဲများ၏ အရေအတွက်က သိသိသာသာ တိုးပွားလာသည့်အတွက် ကျွမ်းကျင်အတတ်ပညာ၏ အဆင့်နိမ့် ဈေးကွက်ကား ရုတ်ချည်း တိုးပွားလာသည်။

အဆင့်နိမ့် အဆောင်ပြုလုပ်သူများက အဆောင်ကို ပြုလုပ်ဖို့ ဝိညာဉ်ကျောက်တုံးအစား စာရွက်များသာ အသုံးပြုဖို့ လိုအပ်ပေသည်။ သို့သော်လည်း ထူးကဲသည့် စာရွက်များကို အသုံးပြုရမည် ဖြစ်ကာ ဈေးကြီးလှ၏။ ကံကောင်းစွာဖြင့် ဈေးချိုကာ နောက်ထပ် နည်းလမ်းတစ်ခု ရှိနေသည်။

ထိုအရာက နတ်ဆိုးသားရဲများ၏ အရေခွံကို အသုံးပြုခြင်း ဖြစ်၏။ နတ်ဆိုးသားရဲများက ဝိညာဉ်ချီကို သူတို့၏ ခန္ဓာကိုယ်အတွင်း စုပ်ယူသည့်အတွက် သူတို့သေဆုံးသွားပြီးသည့်နောက်တွင်ပင် တချို့တလေ ကျန်ရှိနေသောကြောင့် အဆောင်ပြုလုပ်ဖို့အတွက် သင့်တော်လှသည်။ သူတို့၏ အရေခွံမျှသာမကဘဲ သူတို့၏ သွေးကလည်း အဆောင်များပေါ် သင်္ကေတ ရေးထွင်းရာတွင် ထူးကဲသည့် မင်အဖြစ် အသုံးဝင်လှသည်။

နတ်ဆိုးသားရဲများ၏ အရိုးနှင့် ကြွက်သားများက အဆင့်နိမ့် မူလအသုံးအဆောင်ပစ္စည်းများ ပြုလုပ်ဖို့ ပစ္စည်းကောင်းများ ဖြစ်၏။ အဆင့် ၄ မတိုင်ခင် အစစ်အမှန် နတ်ဆိုးမျိုးနွယ် ဖြစ်မလာခင် သူတို့၏ ခန္ဓာကိုယ်ထဲ သွေးမျိုးဆက် အမြုတေ ရှိထားကြပြီး သူတို့၏ သွေး၊ အရိုးနှင့် အသားကဲ့သို့ ဆေးလုံးအတွက် အဓိက ပါဝင်ပစ္စည်းအဖြစ် အသုံးပြုနိုင်သည်။

နောက်ဆုံးအဖြင့် သူတို့၏ သွေးမျိုးဆက် အမြုတေ၊ အရိုးနှင့် အတွင်းအင်္ဂါများက အဆင့်နိမ့် အစီအရင်စက်ဝန်းပြားအတွက်လည်း လိုအပ်သည့် ပစ္စည်းတစ်ခုဖြစ်ပြီး အစီအရင်ဆရာများက သူတို့၏ ကျင့်ကြံဆင့် အစောပိုင်းအချိန်တွင် တိုက်ခိုက်ရေးစွမ်းအား ရရှိအောင် အသုံးပြုလေ့ရှိသည်။

သားရဲယဉ်ပါးအောင် လုပ်ခြင်းကိုတော့ ထည့်ပြောစရာ မလိုတော့ပေ။ အစောပိုင်းသွားလာရေးအတွက် ယာဉ်များကို ဖန်တီးပြီးသည့်နောက်တွင် သားရဲယဉ်ပါးအောင် လုပ်သည့် လုပ်ငန်းတွင် သိသိသာသာ ထိနက်မှု ဖြစ်လာခဲ့သည်။ လူအများစုက ခရီးသွားလာဖို့အတွက် နတ်ဆိုးသားရဲများကို မလိုအပ်ကြတော့ပေ။ ထိုလုပ်ငန်းမှ အဓိကဝင်ငွေရရှိသည့် အင်အားစုအများစုက ထိခိုက်ခဲ့ရသည်။

သို့သော်လည်း အဆင့်နိမ့် နတ်ဆိုးသားရဲများ လိုအပ်မှုအသစ်ကြောင့် သူတို့က တဖန် ပြန်လည်ထကြွလာကြသည်။

ထိုအကျိုးအမြတ်များဖြင့် ကျွမ်းကျင်အတတ်ပညာဆိုင်ရာ လုပ်ငန်းများက ဖွံ့ဖြိုးတိုးတက်လာကြပြီး တာအိုအခွင့်အလမ်းဂိုဏ်းက နတ်ဆိုးစာသင်ကျောင်း သဘောတရားကို ဖန်တီးသူဖြစ်သည့်အတွက် အကျိုးအမြတ်မြောက်များစွာ ရရှိလိုက်သည်။ ယခု သူတို့က နတ်ဆိုးမျိုးနွယ်ကို ပါဝင်ဖို့ ဖိတ်ကြားထား၏။

ပထမဦးစွာ ဂိုဏ်းအနေနှင့် နတ်ဆိုးမျိုးနွယ်သည် နတ်ဆိုးသားရဲများကို ဤသို့အသုံးပြုမည့် အတွေးအခေါ်အား ဆန့်ကျင်လိမ့်မည်ဟု ထင်ခဲ့သည့်အတွက် တုံ့ဆိုင်းနေခဲ့ကြသည်။ သို့သော်လည်း အကျိုးအမြတ်များကို မြင်တွေ့ပြီးသည့်နောက်တွင် သူတို့က အလျင်အမြန် သဘောတူလာခဲ့သည်။ နတ်ဆိုးမျိုးနွယ်ဝင်များက နတ်ဆိုးသားရဲများကို သူတို့၏ မျိုးနွယ်တူဟု မသတ်မှတ်ကြပေ။

နတ်ဆိုးသားရဲများက အဆင့်လေးသို့ ရောက်ရှိပြီး လူသားအသွင် ပြောင်းလဲနိုင်မှသာ အဆင့်နိမ့် သွေးမျိုးဆက်ရှိသည့် နတ်ဆိုးမျိုးနွယ်ဟု သတ်မှတ်ခံရပြီး လက်ခံရုံမျှသာ ဖြစ်၏။ ထိုမတိုင်ခင် သူတို့က အသိဉာဏ်အနည်းငယ်ရှိသည့် တိရစ္ဆာန်မှလွဲ၍ ဘာမှမဟုတ်ပေ။

ဝမ်ဝေ့က မြောက်ပိုင်းမှ သတင်းအချက်အလက်များကို ပြန်လည် သုံးသပ်လိုက်သည်။ သူ့အနေဖြင့် နတ်ဆိုးမျိုးနွယ် မြင့်တက်မှုကို တိတ်တဆိတ် ကာကွယ်ဖို့ ကြိုးစားနေသည့် အင်အားစုတချို့ကို အာရုံစိုက်ဖို့မှလွဲ၍ များများစားစား မရှိပေ။ တချို့က မဟာမိတ် ဖွဲ့ထားခြင်းပင် ဖြစ်နေနိုင်သည်။

သူက ဂိုဏ်းကို ထိုလူများအား စောင့်ကြည့်ဖို့ အမိန့်ပေးထား၏။ အကယ်၍ သူတို့ လူတချို့ကို ဖမ်းမိလျှင် အကျိုးဆက်ကို လက်ခံဖို့ တန်ကြေးကြီးကြီးမားမား ပေးဆပ်ခိုင်းမည် ဖြစ်သည်။

ဝမ်ဝေ့က ထိုပြဿနာကို ဖြေရှင်းပြီး ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်၏။ ဂိုဏ်းက မြောက်ပိုင်းတွင် အကျိုးအမြတ် မရရှိသလောက် နည်းပါးသည်အထိ မြှုပ်နှံထားရသော်လည်း အနာဂတ် အကျိုးအမြတ်များကမူ တွက်ချက်ကြည့်၍ မရပေ။

နောက်ထပ် အဓိကပြဿနာတစ်ခုက အလွှာနိမ့်တွင် ဂိုဏ်းခွဲများ ဖန်တီးမှုနှင့် ပတ်သက်နေသည်။ သူတို့က ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်၏ ဂိုဏ်းခွဲရှိသည့် ကမ္ဘာတစ်ခုကို တွေ့ခဲ့ရသည်မှလွဲ၍ သတင်းအချက်အလက် ထူးထူးခြားခြား မရှိပေ။ ဂိုဏ်းက သူတို့ကဲ့သို့ တခြားသူများကလည်း အလွှာနိမ့်ထံ လက်တံများ ဖြန့်ကျက်လာမည်ကို စိုးရိမ်နေကြ၏။

ကျောင်းတော်ရဲ့ ချီက အဲဒီအဖြစ်အပျက်အပြီးမှာ ငါ ထင်ထားတာထက်တောင် ပိုပြီးတော့ မြန်မြန်ဆန်ဆန် တည်ငြိမ်သွားတာပဲ…

ဒါပေမဲ့ အကြောင်းအရင်းကို သိရပြီ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ ဂိုဏ်းက ကျောင်းတော် တည်ရှိနိုင်သည့် တခြားကမ္ဘာများကိုပါ ရှာဖွေခဲ့သည့်အတွက် ထိုရှာဖွေရေးတွင် လိုအပ်သည့် လူအင်အားကို တိုးမြှင့်ဖို့ရာမှလွဲ၍ များများစားစား လုပ်စရာမလိုပေ။

တစ်စုံတစ်ယောက်က ထိုအဖွဲ့ခွဲကို ဖျက်ဆီးပစ်ဖို့ အကြံပြုခဲ့သည်။ သို့သော် သူက ငြင်းပယ်ခဲ့၏။ အနှေးနှင့် အမြန် တခြားသော အင်အားစုများကလည်း ဂိုဏ်း၏ ခြေလှမ်းအတိုင်းလိုက်ကာ အလွှာနိမ့်တွင် ဖြန့်ကျက်ကြမည် ဖြစ်သည်။ သူတို့အတွက် လိုအပ်သည်က ကြိုတင်လက်ဦးမှု ရယူထားခြင်း ဖြစ်ပြီး အားလုံးထက်အရင် လွှမ်းမိုးမှုရှိသည့် အရေးသာချက်ကို ကိုင်ဆောင်ထားခြင်း ဖြစ်သည်။

တတိယ အဓိကပြဿနာက အနောက်ပိုင်းကုန်းမြေ၏ မိစ္ဆာကျင့်ကြံသူများနှင့် ပတ်သက်နေသည်။ အဆင့်နိမ့် မိစ္ဆာကျင့်ကြံသူများက နတ်ဆိုးသားရဲများကြောင့် ပိုမို ပြင်းထန်လာကြ၏။ သူတို့က ထိုသားရဲများကို စာသင်ကျောင်း နည်းစနစ်မှတဆင့် ပြုစုပျိုးထောင်ကာ သတ်ဖြတ်ပြီး သူတို့၏ အသွေးအသားနှင့် ဝိညာဉ်များကို စုပ်ယူကြသည်။

“ဘာပဲဖြစ်ဖြစ် လူသားတွေကို လိုက်သတ်တာထက်တော့ ပိုကောင်းပါတယ်” ဝမ်ဝေ့က တွေးလိုက်မိသည်။

ဒါပေမဲ့ အဲဒီမိစ္ဆာကျင့်ကြံသူတွေက ဘယ်အချိန် ရပ်ရမှန်း မသိတဲ့သူတွေ။ သူတို့က သူတို့အင်အား တိုးတက်လာဖို့ ဘာမဆိုလုပ်မဲ့သူတွေပဲ…

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။ သမိုင်းမှတ်တမ်းများအရ ထိုမိစ္ဆာကျင့်ကြံသူများသည် ရှင်းလင်းရေးအနီးတစ်ဝိုက်တွင် မိစ္ဆာမျိုးနွယ်ကြောင့် အမြဲလိုလို ဂနာမငြိမ် ဖြစ်လေ့ရှိသည်။ သူတို့အတွက် အချုပ်အတည်း၊ ကျင့်ဝတ် သို့မဟုတ် အကဲဖြတ်မှု မရှိဘဲ သတ်ဖြတ်နိုင်မည့် အခွင့်အရေးဖြစ်ကာ သူတို့၏ အင်အားကို တိုးမြှင့်နိုင်မည့် ပြီးပြည့်စုံသော အချိန်အခါလည်း ဖြစ်ပေသည်။

မဟာသုတ်သင်ရေး…

ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။ ကမ္ဘာကြီးက လူဦးရေ ထူထပ်လာသည့်အခါ ကောင်းကင်တာအိုက ကပ်ဘေးချီကို ကျဆင်းစေပြီး နေထိုင်သူများအား ရူးသွပ်ကာ ဖရိုဖရဲများဖြစ်စေပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ဖြစ်စေလိမ့်မည်။ ထိုဖြစ်စဉ်ကို မိုးမြေ၏ မဟာကပ်ဘေးဟု ခေါ်ဆိုပြီး အသင်္ချေအင်ပါယာကမ္ဘာတွင် ဗလာခေတ်ကာလနှင့် အလယ်ပိုင်းဧကရာဇ်ခေတ်ကာလတွင် နှစ်ကြိမ် ကြုံတွေ့ဖြစ်ပျက်ခဲ့ဖူး၏။

သို့သော်လည်း အလယ်ပိုင်းဧကရာဇ်ခေတ်ကာလကမူ ကွဲပြားပေသည်။ အတိအကျပြောရလျှင် သေချာထိန်းချုပ်ထားပြီး ကြုံရာကျပန်း မဟုတ်ပေ။ အနောက်ပိုင်းကုန်းမြေတွင် သွေး၊ အသား၊ ဝိညာဉ်နှင့် ကျင့်ကြံသူများ၏ ကျင့်ကြံဆင့်ကို အတင်းအကြပ်မြှ င့်တင်ပေးနိုင်သည့် တခြားသောအရင်းအမြစ်များ ရှိသည့် လျှို့ဝှက်နယ်မြေတစ်ခု ပေါ်ထွက်လာခဲ့သည်။

ထိုလျှို့ဝှက်နယ်မြေ ရုတ်ချည်း ပေါ်ထွက်လာပြီးသည့်နောက်တွင် မိစ္ဆာကျင့်ကြံသူများ၏ အင်အားက သိသိသာသာ တိုးပွားလာ၏။ သို့သော် သူတို့က အနည်းငယ် အားကောင်းလာသည့်အခါ ပူးပေါင်းလိုက်ပြီး တိမျိုးနွယ်အား သူတို့မိသားစုတောင်ထိပ်တွင် ခုခံသည့်အနေအထားဘက်မှ ပိတ်မိအောင် အတင်းအကြပ် ဖိအားပေးခဲ့သည်။

ထို့နောက် ကောင်းကင်တာအိုက ဝင်ရောက်စွက်ဖက်ခဲ့၏။ ထိုစဉ် ကမ္ဘာ၏ လူဦးရေက အမြောက်အများဖြစ်နေပြီဖြစ်ကာ ရှင်းလင်းသုတ်သင်ဖို့ လိုအပ်နေလေပြီ။ ကောင်းကင်တာအိုက ကပ်ဘေးချီကို ချမှတ်ပြီး မဟာသုတ်သင်ရေးကို ထိုမိစ္ဆာကျင့်ကြံသူများဆီ ဦးတည်စေခဲ့သည်။ ဂိုဏ်းများ၊ မျိုးနွယ်များ၊ ဘာသာရေးနှင့် တခြားသော အင်အားစုများက ထိုမိစ္ဆာကျင့်ကြံသူများကို သတ်ဖြတ်ကာ အနောက်ပိုင်းကုန်းမြေ၏ မြေကြီးအား သွေးနီရောင် ပြောင်းလဲစေခဲ့သည်။

မိစ္ဆာကျင့်ကြံသူများက လျှို့ဝှက်နယ်မြေအတွင်း တစ်ယောက်နှင့် တစ်ယောက် ပြိုင်ဆိုင်မှုများကြောင့် သတ်ဖြတ်ခဲ့ကြ၏။ ဂိုဏ်းအမြောက်အများ၏ ကျင့်ကြံသူများကလည်း ထိုအရှုပ်အထွေးတွင် သေဆုံးကာ လူဦးရေကို လျှော့ချပြီးသား ဖြစ်သွားသည်။

အခု မဟာသုတ်သင်ရေး ဖြစ်လာတော့မှာလား…

ငါ မှတ်မိသလောက်တော့ နတ်ဆိုးမျိုးနွယ်လည်း သိသိသာသာ ခံစားနေကြရတာပဲ…

လူသားမျိုးနွယ်က ကမ္ဘာ၏ ဇာတ်လိုက် ဖြစ်သည့်အတွက် ကောင်းကင်တာအိုက မျိုးနွယ်၏ ကင်ဆာဖြစ်သည့် မိစ္ဆာကျင့်ကြံသူများနှင့် သူတို့၏ အကြီးမားဆုံး ရန်သူဖြစ်သည့် နတ်ဆိုးမျိုးနွယ်ကို ဖယ်ရှားပစ်ရန် သုတ်သင်ရေးကို အသုံးပြုဖို့ ဆုံးဖြတ်ထားသည်။

မိစ္ဆာကျင့်ကြံသူများနှင့် နတ်ဆိုးမျိုးနွယ်က ပေါများလှ၏။ ထိုအရာများက နောက်ထပ် သုတ်သင်ရေးလက္ခဏာ ဖြစ်လာနိုင်သည်။

ဝမ်ဝေ့က တွေးလိုက်ပြီးသည့်နောက်တွင် ထိုအရာသာ ဖြစ်နေပါက နောက်ထပ် ဘာဆက်လုပ်ရမည်ကိုပါ တွေးလိုက်သည်။

“အဓိကပြဿနာက အရင်းအမြစ် လိုအပ်နေတာပဲ။ ဒါပေမဲ့ ငါက ပတ်ဝန်းကျင်ကို ပင်ကိုအချိန်ကာလကို ပြန်လည်ပြောင်းလဲနိုင်ရင် ဒီပြဿနာအများစုက ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ နောင်အနာဂတ်မှာ နောက်ထပ် လူဦးရေထူထပ်လွန်းတဲ့ ကိစ္စက သုတ်သင်ရေးကို ဖြစ်လာစေမှာပဲ”

အခြေအနေက ဖြေရှင်းဖို့ မလွယ်ကူလှပေ။ မိုးမြေ၏ စည်းမျဉ်းများက အမြဲတမ်း မျှခြေ ညီနေ၏။ ကျင့်ကြံသူများက သူတို့၏ အသက်ဓာတ်ကို တိုးမြှင့်ဖို့ ဝိညာဉ်ချီကို စုပ်ယူကြသည်။ သူတို့သေဆုံးသွားသည့်အခါ သူတို့၏ ခန္ဓာကိုယ်က ပြိုကွဲကာ မိုးမြေဆီ စွမ်းအားအဖြစ် ပြန်လည်ရောက်ရှိသွား၏။

သူက အသင်္ချေအင်ပါယာကမ္ဘာ၏ အရင်းအမြစ်များကို တိုးပွားအောင် လုပ်ပေးလျှင်ပင် ကန့်သတ်ချက် ရှိသေးသည်။ ထိုကန့်သတ်ချက် ရောက်ရှိသွားသည်နှင့် လူဦးရေထူထပ်မှုက ဖြစ်လာမည်ဖြစ်ကာ မဟာသုတ်သင်ရေးကသာ တစ်ခုတည်းသော အဖြေ ဖြစ်၏။

ထို့ကြောင့် ဝမ်ဝေ့အနေဖြင့် တတ်နိုင်သည့်အရာ များများစားစား မရှိပေ။

မဟုတ်သေးဘူး။ တစ်ခုခုတော့ ရှိနေတယ်…

သူက တွေးလိုက်မိသည်။ လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူနှင့်အထက် အလောင်းများက မြန်မြန်ဆန်ဆန် မပျက်စီးကြပေ။ သူတော်စင်အဆင့် အလောင်းကမူ နှစ်သန်းချီမျှ ကြာမြင့်ပြီး စည်းမျဉ်းဆေးကြောခံရမှုကြောင့် အကောင်းအတိုင်း ကျန်ရှိနိုင်ချေ ရှိသည်။ ရလဒ်အနေဖြင့် အားနည်းသည့် အင်အားစုများက ထိုအလောင်းများကို လက်နက် သို့မဟုတ် ရုပ်သေးရုပ်အဖြစ် ပြောင်းလဲကာ သူတို့ဂိုဏ်း၏ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုကြသည်။

ငါက ကမ္ဘာကြီးရဲ့ အစီအစဉ်ကျမှုကို ပြောင်းလဲပြီး သူတို့ ဒီစည်းမျဉ်းခန္ဓာတွေကို မြန်မြန်ဆန်ဆန် ပျက်စီးသွားအောင် လုပ်ပေးပြီးတော့ သူတို့ရဲ့စွမ်းအားတွေကို မိုးမြေဆီ ပြန်ရောက်သွားအောင် လုပ်ပေးနိုင်ရင်ရော…

ဝမ်ဝေ့က ပြုံးလိုက်၏။ ထိုအရာက သူ့အနေနှင့် ကုသိုလ်ရရှိဖို့ နောက်ထပ် နည်းလမ်းတစ်ခု ဖြစ်နေနိုင်သည်။ ထို့နောက် သူက ဂိုဏ်းကိစ္စများကို ဆက်လက် ကိုင်တွယ်လိုက်သည်။

မိစ္ဆာကျင့်ကြံသူများနှင့် ဖြစ်လာနိုင်ချေရှိသည့် သုတ်သင်ရေးအတွက်ကိုမူ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲ နီးကပ်နေပြီ ဖြစ်သည့်အတွက် ဖြစ်မလာသင့်ပေ။ ထို့ကြောင့် သူက သူတို့နှင့် သူတို့၏ အပြုအမူများကို ဆက်လက် စောင့်ကြည့်ဖို့သာ လိုအပ်ပေသည်။

အကယ်၍ ထိုသို့ဖြစ်လာခဲ့လျှင် သူက မိစ္ဆာမျိုးနွယ်နှင့် ပင်လယ်မျိုးနွယ်ဆီ လမ်းကြောင်းလွှဲပေးလိုက်မည်။ ထိုလူများက အမြဲတမ်းလိုလို အေးချမ်းနေကြပြီး ဒုက္ခ မခံစားခဲ့ရပေ။ သူတို့၏ လူဦးရေက လူသားများထက်ပင် ကျော်လွန်ကာ အများဆုံး ဖြစ်နေနိုင်၏။

***

All Chapters