← Chapters

ကုန်သွယ်ရေးဗဟိုချက်၏ အနာဂတ်

Vol. 51 Ch. 707

ကုန်သွယ်ရေးဗဟိုချက်၏ အနာဂတ်

Vol. 51 Ch. 707

ဝမ်ဝေ့ နောက်ဆုံးဖြေရှင်းရမည့်ကိစ္စက ကုန်သွယ်ရေးဗဟိုချက် ဖြစ်၏။ ကြယ်တာရာသခင်တောင်၏ အကူအညီဖြင့် တာအိုအခွင့်အလမ်းဂိုဏ်းသည် ထိုနေရာ၌ အခြေခံအုတ်မြစ်တချို့ တည်ဆောက်နိုင်ခဲ့ပြီး ကမ္ဘာ့အသိုက်အဝန်းရာချီနှင့် အရင်းအမြစ်များ ဖလှယ်နိုင်ခဲ့သည်။

သူတို့ကိုယ်သူတို့ စတင်တည်ထောင်လိုက်ကတည်းက သူတို့၏ စွမ်းအားနှင့် လွှမ်းမိုးမှုတို့က မယှဉ်နိုင်သေးသော်လည်း ဝမ်ဝေ့က ဖြည်းဖြည်းချင်း လုပ်ဆောင်ဖို့ ဆုံးဖြတ်ထား၏။ ထိုကုန်သွယ်ရေးဗဟိုချက်မှ ရရှိသည့် အကျိုးအမြတ်က ဂိုဏ်း၏ နှစ်စဉ် အမြတ် ၅ရာခိုင်နှုန်းအထိ တိုးမြင့်သွားစေခဲ့သည်။ ထိုပမာဏက သေးငယ်ဟန်ပေါ်သော်လည်း လစဉ်လတိုင်း တာအိုအခွင့်အလမ်းဂိုဏ်း အရင်းအမြစ်များက ထူးကဲသည်ဟု သတ်မှတ်လို့ရသည်။

ဥပမာ လတိုင်း ယွမ်တစ်သောင်း ရရှိသည့်သူက သူ့လစာ ၅ရာခိုင်နှုန်း တိုးမြင့်သွားခြင်းနှင့် ဘီလီယံနာတစ်ယောက်က ထိုသို့ဖြစ်ခဲ့မည်ဆိုလျှင် တစ်ဦးချင်းစီ၏ ရှာနိုင်မည့် ငွေပမာဏက အတော်လေး ကွဲပြားသွားလိမ့်မည်။

ကုန်သွယ်ရေးဗဟိုချက်က အလားအလာ အတော်ကောင်းတာပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။

ငါ့လက်ထဲသာ ရနိုင်မယ်ဆိုရင် ဒိုင်မေးရှင်းအနိမ့်က တခြားအသိုက်အဝန်းအကုန်လုံးကို ချဲ့ထွင်နိုင်လိမ့်မယ်။ ကောင်းကင်တာအိုက ခွင့်ပြုမယ်ဆိုရင် ဒိုင်မေးရှင်းအမြင့်အထိ ချဲ့ထွင်နိုင်လိမ့်မယ်…

အဆင့်(၁၀)နှင့် အထက် အရင်းအမြစ်များက အလဲအလှယ်လုပ်ဖို့ မဖြစ်နိုင်သော်လည်း အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာနှင့် အလဲအလှယ် လုပ်နိုင်ပါက ဒိုင်မေးရှင်းအနိမ့်အတွက် အကျိုးအမြတ်မြောက်များစွာ ရှိလာလိမ့်မည်။

အဆင့်(၁၀)အရင်းအမြစ် မပြောနဲ့ … ဒိုင်မေးရှင်းအမြင့်က သေမျိုးအရင်းအမြစ်ပမာဏအမြောက်အများရှိမှာ သေချာတယ်…

နမူနာကောင်းက ခန္ဓာကိုယ်လေ့ကျင့်မည့် အရင်းအမြစ်များ ဖြစ်၏။ ဒိုင်မေးရှင်းအနိမ့်က ပြောရမည်ဆိုလျှင် ထူးကဲသည့် ဝိညာဉ်ဆေးပင်တစ်သန်းခန့်ရှိလျှင် ဒိုင်မေးရှင်းအမြင့်ကမူ ထိုအရေအတွက်၏ အနည်းဆုံးအဆတစ်ထောင်လောက် ရှိလိမ့်မည်။

ခန္ဓာကိုယ်သန့်စင်သူများက သူတို့၏ ခန္ဓာကိုယ်သည် အရင်းအမြစ်များနှင့် ခံနိုင်ရည်စွမ်း ရှိလာမည့်ကိစ္စကို စိုးရိမ်စရာမလိုအပ်ဘဲ ခန္ဓာကိုယ်သန့်စင်ရေး လမ်းစဉ်က နောက်ပိုင်းအဆင့်များတွင် ပိုမိုစိန်ခေါ်မှု ဖြစ်လာစေသည်။ လူတချို့က တမူထူးရုပ်ခန္ဓာပိုင်ဆိုင်ထားပြီး တချို့ဆေးဝါးကသာ သူတို့ထက် ပိုမိုကောင်းမွန်လေသည်။ ဒိုင်မေးရှင်းအမြင့်၏ အရင်းအမြစ်များကို ရယူနိုင်သရွေ့ ထိုလူများသည် သူတို့နှင့် သင့်တော်သည့် အရင်းအမြစ်များကို သန့်စင်ကာ ကျင့်ကြံနိုင်လိမ့်မည်။

ထိုအကျိုးအမြတ်က ခန္ဓာကိုယ်သန့်စင်ခြင်းဖြင့်သာမက ဝိညာဉ်၊ စွမ်းအား၊ ကုသရေး၊ စည်းမျဉ်းနားလည်ခြင်း၊ ဆေးဝါးနှင့် တခြားသော ကျွမ်းကျင်အတတ်ပညာဆိုင်ရာများအထိ သက်ရောက်မှုရှိ၏။

အောင်မြင်နိုင်ချေနည်းတယ်ဆိုပေမဲ့ ငါတော့ ကြိုးစားကြည့်ရမယ်…

ဝမ်ဝေ့က သူ့အစီအစဉ် အလုပ်ဖြစ်လျှင်ပင် လမင်းခုနစ်စင်းတို့ကို စိုးရိမ်နေရဦးမည် ဖြစ်၏။

အဲဒါက အတွေးကောင်းတော့ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ရက်ကျရင် ငါ သူတို့ကို ရှင်းထုတ်ပြီးတဲ့နောက်မှာ အောင်မြင်နိုင်လိမ့်မယ်…

သူက မျက်မှောင်ကြုတ်ကာ တွေးလိုက်ပြီးသည့်နောက်တွင် ဖြစ်နိုင်ချေကို စဉ်းစားကြည့်လိုက်သည်။ သူက အစစ်အမှန်ကောင်းကင်တာအို၏ ထောက်ခံချက်ကို ရယူနိုင်လျှင်ပင် ထိုကပ်ပါးများကို ကျော်လွှားမည့်နည်းလမ်းကို ရှာဖွေရဦးမည်ဖြစ်၏။ သူတို့က ဒိုင်မေးရှင်းအမြင့်ကို အပြည့်အဝ ထိန်းချုပ်ထားကြသည်။

တော်လှန်ရေး…

သူတို့ကို ဆန့်ကျင်နေသည့် တော်လှန်ရေးအုပ်စု ရှိတာပဲ။ ငါ သူတို့နဲ့ အလဲအလှယ် လုပ်လို့ ရလောက်တယ်

ဝမ်ဝေ့က သူတို့သည် ဒိုင်မေးရှင်းအနိမ့်၏ အရင်းအမြစ်များကို စိတ်ဝင်စားပါ့မလား မသိပေ။ သို့သော် သူတို့က တစ်စုံတစ်ခုကို စိတ်ဝင်စားနိုင်ချေရှိ၏။

ပါရမီ…

ဒိုင်မေးရှင်းအနိမ့်က ပါရမီရှင်တွေကို ပို့ပေးရင်ရော ဖြစ်နိုင်မလား…

ပါရမီရှိသူများကို သူတို့နောက်ခံအဖြစ် ထားဖို့ အင်အားစုများက လုယက်ကာ တိုက်ခိုက်ကြလိမ့်မည်။ သေဆုံးမှု မြင့်မားနေသည့် တော်လှန်ရေးအုပ်စုနှင့် ပတ်သက်ပြီး ပြောဖို့ပင် မလိုတော့ပေ။

ပြဿနာကား မဟာဧကရာဇ်ကသာ တက်လှမ်းရာမှ ဒိုင်မေးရှင်းအနိမ့်မှလူများကို ခေါ်ဆောင်နိုင်လေသည်။ သို့သော် ထိုလူများကို ပို့ဆောင်ပေးသည်ဟု မကြားဖူးပေ။ ထို့ကြောင့် သူက ထိုအရာသည် ဖြစ်နိုင်ပါ့မလား မသိရသေးပေ။

ငါ့ရဲ့စွမ်းအားနဲ့ဆိုရင် လုပ်နိုင်လောက်ပါတယ်…

ဝမ်ဝေ့က တွေးလိုက်မိသည်။

ဒီအကြွင်းမဲ့ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလမှာ ကောင်းကင်အလိုဆန္ဒကို ရှုံးနိမ့်သွားတဲ့သူတွေက အတော်လေးကို ပါရမီရှိတဲ့သူတွေ ဖြစ်မှာပဲ။ တကယ်လို့ ဒိုင်မေးရှင်းအမြင့်ဆီ သွားပြီးတော့ ကောင်းကင်အလိုဆန္ဒကို ရယူနိုင်မယ်ဆိုရင် အများစုက အတုအယောင် ဒါမှမဟုတ် တကယ့်အစစ်အမှန် ထာဝရဧကရာဇ်တွေ ဖြစ်လာနိုင်တယ်။ တော်လှန်ရေးအုပ်စုက သူတို့ရဲ့နောက်မှာ ဒီလိုအင်အားစုမျိုး ရှိတာကိုသဘောကျမှာ အသေအချာပဲ…

ဝမ်ဝေ့က ထိုအတွေးကို တွေးမိလေလေ ပိုမိုသဘောကျလေလေ ဖြစ်၏။

ငါ မတက်လှမ်းခင်အထိ ဒီပါရမီရှင်တွေက ရှေ့ပြေးအဖွဲ့ ဖြစ်လာလိမ့်မယ်။ သူတို့က ငါ့အတွက် ကပ်ပါးတွေနဲ့ရင်ဆိုင်ဖို့ အုတ်မြစ်တစ်ခု ဖန်တီးထားနိုင်တာပေါ့။ ငါက အင်အားစုတစ်ခုကို ကြိုတင်ပြုစုပျိုးထောင်ထားနိုင်တယ်…

ဝမ်ဝေ့က သူသည် ဒိုင်မေးရှင်းအမြင့်၏ တာအိုအခွင့်အလမ်းဂိုဏ်းအပေါ် မှီခို၍ မရကြောင်း သိလေသည်။ သူတို့၏ လက်ရှိအခြေအနေက တည်ထောင်သူများ မရှိဘဲ ပိုမိုဆိုးရွားနေပြီဖြစ်ကာ သူ့တည်ရှိမှုက သူတို့အတွက် ပြဿနာများသာ ယူဆောင်လာလိမ့်မည်။ ထို့ကြောင့် တက်လှမ်းပြီးသည့်နောက်တွင် သူ့ဘာသာသူ အင်အားစုရှိထားခြင်းက သူ့အတွက် အကျိုးကျေးဇူး ရှိ၏။

ငါက ကိုယ့်ဘာသာကိုယ် ကြိုတင်စီစဉ်နေရတယ်။ ဒိုင်မေးရှင်းအမြင့်မှာ ကောင်းကင်အလိုဆန္ဒကို ဘယ်လိုရယူမလဲဆိုတာကို မသိသေးဘူး…

သူက ခန့်မှန်းချက်တချို့ရှိသော်လည်း အပြည့်အဝ မသေချာပေ။ ထို့ကြောင့် သူက အရှက်မဲ့စွာဖြင့် ဇနီးသည်ကို ဆက်သွယ်ကာ မေးလိုက်သည်။

ဝမ်ဝေ့က ဒိုင်မေးရှင်းအမြင့်အကြောင်းကို ကုရွှမ်းနှင့် အောင်းထျန်းတို့၏ မှတ်ဉာဏ်မှရရှိထားခြင်း ဖြစ်၏။ သို့သော်လည်း သူတို့နှစ်ဦးက မပြီးပြည့်စုံကာ ဘက်လိုက်ထားသည့် အခြေအနေများလည်း ပါရှိသည်။ သူ့အနေနှင့် အများစုကို မှတ်ဉာဏ်များမှတဆင့် ကောက်ချက်ချထားခြင်းသာ ဖြစ်၏။ ထို့ကြောင့် သူက သူ့ဇနီးဆီမှ ပိုမိုသိလိုသည်။

သူ လိုချင်တာ ရရှိပြီးသည့်နောက်တွင် သူမအား စကားမပြောတော့ဘူးဟု ထည့်ပြောကာ လုပ်လက်စအား ဆက်လက် တွေးတောကြံစည်ခဲ့သည်။

ကောင်းကင်အလိုဆန္ဒ တစ်သောင်းနှစ်ထောင် တော်လှန်းရေးအုပ်စုက တချို့ကိုတော့ ရယူနိုင်မှာ သေချာတယ်။ တကယ်လို့ မဟုတ်ဘူးဆိုရင် အဲဒီပါရမီရှင်တွေက ဧကရာဇ်လမ်းစဉ်စင်မြင့်မှာတော့ အဆင်ပြေလောက်မှာပါ…

အစစ်အမှန်ကောင်းကင်တာအိုက ဒီစင်မြင့်တွေကို လမင်းခုနစ်စင်းရဲ့ လက်အောက်ကနေ ကာကွယ်ထားနိုင်လောက်ပါရဲ့။

သို့သော်လည်း ဝမ်ဝေ့အနေဖြင့် အန္တိမသဟဇာတနှင့် ပတ်သက်ပြီး မသေချာပေ။ မေတ္တယျက သူ့ကို ထိန်းထားနိုင်ဖို့ မျှော်လင့်မိ၏။

ရှောင်ထျန်းတိနဲ့ တခြားပါရမီရှင်တွေအရတော့ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ လက်ရှိအနေအထားက ပျင်းရိတာ၊ အကြောက်တရားနဲ့ ရည်ရွယ်ချက် ပျောက်ဆုံးနေကြတာပဲ။ အဲဒါကြောင့် အားကောင်းတဲ့ အင်အားစုတွေက သူတို့ရဲ့ပါရမီရှင်တွေကို စင်မြင့် ၁၂ခုဆီ စေလွှတ်တာကို ရပ်တန့်ကြလိမ့်မယ်…

ထိုကပ်ပါးများက ကမ္ဘာကို အားနည်းပြီး ကြောက်မက်ဖွယ် ပါရမီရှင်များ ထွက်ပေါ်မလာအောင် ဘာမဆိုလုပ်ကြလိမ့်မည်။ ထို့ကြောင့် ဝမ်ဝေ့သာ ဒိုင်မေးရှင်းအနိမ့်မှ ပါရမီရှင်များကို ဧကရာဇ်လမ်းစဉ်စင်မြင့်ပေါ် ပို့ဆောင်ပေးနိုင်သရွေ့က သူတို့က တာအိုကို လွယ်လင့်တကူ သက်သေပြနိုင်လိမ့်မည်။

သူတို့နဲ့ ကံကြမ္မာဆေးကြောရေစင်နဲ့ သူတို့ရဲ့ ကံကြွေးနဲ့ ပတ်သက်ပြီး စိုးရိမ်နေစရာ မလိုဘူး…

ဝမ်ဝေ့က သူ့ကံလူဝင်စားအတွက် ကောင်းကင်ဘုံကိုသာ ကျေးဇူးတင်လိုက်သည်။ ပြောရလျှင် သူ့ကိုယ်သူသာ ကျေးဇူးတင်ရမည် ဖြစ်၏။ သူက ကံတာအိုကို ကျင့်ကြံခဲ့ပြီး လူဝင်စားများကို ဖန်တီးကာ တာဝန်အမျိုးမျိုးကို ပေးအပ်ခဲ့သည်။

မဟုတ်သေးဘူး။ သူတို့က ငါ့ကို ကံကြွေးတင်နေတယ်။ အဲဒါတော့ သေချာတယ်…

ဝမ်ဝေ့က ဆက်တွေးလိုက်သည်။

အကယ်၍ သူ့တွင် ထိုလူများကို ဖိနှိပ်ဖို့ တခြားနည်းလမ်း မရှိပါက သူတို့က သူ့အတွက် မည်သို့ အလွယ်တကူ အလုပ်လုပ်ပေးမည်နည်း။ ထို့ကြောင့် သူတို့က သူ့အား ကံကြွေးအမြောက်အများ တင်ရပေမည်။

အရင်ဆုံးတော်လှန်ရေးအုပ်စုကို ဆက်သွယ်ဖို့ နည်းလမ်းရှာရမယ်။ ကုရွှမ်းကနေဆိုရင် ဧကရာဇ်ခုံက တော်လှန်ဖို့ တိတ်တဆိတ်စုဆောင်းနေတယ်ဆိုတဲ့ ကောလဟာလတွေတော့ ရှိတယ်။ ဒါပေမဲ့ အဲဒီလူက အဆင်ပြေနေပြီးတော့ ကပ်ပါးတွေရဲ့ ရှင်းလင်းရေးကိုလည်း မခံရဘူးဆိုတော့ မရိုးရှင်းဘူး…

သူက ကျောင်းတော်မှတဆင့် ဧကရာဇ်ခုံကို ဆက်သွယ်ပြီး မဟာမိတ်ဖွဲ့ဖို့ စဉ်းစားကြည့်လိုက်သည်။

ပြီးရင် ရှုကျင်းယောင်ဆိုတဲ့ အမျိုးသမီးလည်း ရှိသေးတယ်။ ငါ့အလိုလိုသိစိတ်က သူမလည်း ဒီတော်လှန်ရေးအုပ်စုနဲ့ ပတ်သက်နေလိမ့်မယ်လို့ ပြောပြနေတယ်…

ဝမ်ဝေ့က သူ့အလိုလိုသိစိတ်အပေါ်မှီခိုထားသော်လည်း ထိုအရာကို အတည်ပြုနိုင်သည်။

ရှုကျင်းယောင်က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် အလှပဆုံး အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း မည်သည့်စံပြကမှ သူတို့အား သူတို့၏ မောင်းမဆောင်အတွင်း ထည့်သွင်းဖို့ မကြိုးစားကြသလို သူမ၏ အလှတရား ပျောက်ပျက်သွားအောင်လည်း မလုပ်ကြပေ။ တကယ်ဆိုလျှင် သူမ၏ ထာဝရကောင်းကင်ဘုံအဆင့်ဖြင့် သူတို့ကို တားဆီးနိုင်မည် မဟုတ်ပေ။ ဝမ်ဝေ့က ကပ်ပါးတစ်ယောက်မှ သူမအပေါ် တပ်မက်စိတ်မရှိဘူးဟု မယုံပေ။

ထို့အပြင် သူမ၏ တပည့် ရှောင်ထျန်းတိလည်း ရှိနေသေး၏။ ထိုလူ၏ ဆရာဖြစ်လာသည့်သူက ပါရမီရှင်များ၏ အန္တရာယ်ကို သိထားသူသာဖြစ်လိမ့်မည်။ ကပ်ပါးများက ရှောင်ထျန်းတိ၏ တည်ရှိမှု သို့မဟုတ် သူနှင့် ဆက်နွယ်နေသည့် အရာများကို လက်မခံနိုင်ပေ။

ထိုအရာကို သိလျက်နှင့် ရှုကျင်းယောင်က သူ့ကို ခေါ်ဆောင်ပြီး ကာကွယ်ပေးခဲ့သည်။ ယနေ့ သူအသက်ရှင်နေရသည့် အကြောင်းအရင်းကလည်း သူမကြောင့်သာ ဖြစ်နိုင်သည်။

ဖြစ်နိုင်ချေသုံးခုတော့ ရှိတယ်။ ရှုကျင်းယောင်က အဓိက နည်းဗျူဟာပညာရှင် တစ်ယောက်ဖြစ်နေပြီးတော့ သူမရဲ့ အလှတရားနဲ့ ကပ်ပါးတွေထဲက တစ်ယောက်ကို မြူဆွယ်ထားတာပဲ။ ဖြစ်နိုင်တာက တစ်ယောက်ထက် ပိုနေတာတောင် ဖြစ်နေနိုင်တယ်။ သူတို့အားလုံးက သူမကို လိုချင်ကြတော့ မျှခြေ ဖြစ်နေတယ်လို့တောင် ထင်တယ်…

သူတို့က အချင်းချင်းတို က်ခိုက်တာကို ရှောင်ရှားဖို့ သူမကို လွှတ်ထားပေးဖို့ သဘောတူထားတာလည်း ဖြစ်နေနိုင်တယ်…

သူမက သူတို့သတိထားရမဲ့ ဝှက်ဖဲတချို့ရှိနေတာလည်း ဖြစ်နေနိုင်တယ်။ ဒါမှမဟုတ် သူမမှာ နောက်ခံရှိနေတာလည်း ဖြစ်နေနိုင်တယ်။ ဥပမာ မေတ္တယျလိုမျိုးပေါ့…

သူ့စိတ်ထဲ အတွေးမျာစွာ ဖြတ်ပြေးသွားသည်။

ဒီသုံးခုလုံးလည်း ဖြစ်နေနိုင်တယ်…

ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ တွေးလိုက်မိ၏။

ငါနဲ့ချစ်ခြင်းမေတ္တာကံကြိုးမျှင်ရှိနေတဲ့သူ ဆိုတဲ့အတိုင်းပဲ မရိုးရှင်းဘူး…

သူက ထိုကောက်ချက်ချမှုများသည် မမှန်နိုင်ချေရှိကြောင်း သိထားပြီး သူမက ဤအတိုင်း မိန်းမလှတစ်ဦးသာ ဖြစ်နေနိုင်သည်။ သို့သော်လည်း သူက ပထမဖြစ်နိုင်ချေကို ပိုပြီး ယုံကြည်မိ၏။

ဝမ်ဝေ့က အနာဂတ်အကြောင်း စဉ်းစားကာ စီစဉ်ထားလိုက်သည်။

အကြီးအကဲများက ဂိုဏ်းချုပ်သည် ဂိုဏ်း၏ ကိစ္စများကို အဘယ်ကြောင့် အပြင်းအထန် စဉ်းစားနေတာလဲဟု တွေးနေကြသော်လည်း သူ့အား မနှောင့်ယှက်ရဲကြပေ။

သူက သာမန်သေမျိုး တစ်ယောက်လိုမျိုး မည်သည့်အရှိန်အဝါမှ ထုတ်လွှတ်မထားသော်လည်း သဘာဝအတိုင်း အာဏာရှိသည့် အငွေ့အသက်မျိုး ထုတ်လွှတ်နေသည်။

ငါ စိတ်ငြိမ်အောင် ထိန်းဖို့ လိုတယ်…

ဝမ်ဝေ့က တွေးလိုက်မိသည်။

ဒိုင်မေးရှင်းအနိမ့်နဲ့ ဒိုင်မေးရှင်းအမြင့်ကြားမှာ တိုက်ရိုက်ဆက်သွယ်နိုင်တာ မရှိခဲ့ဖူးဘူး။ ဒါပေမဲ့ ငါတို့တွေက အခုအန္တရာယ်အခြေအနေကြားမှာ ရှိနေတာ…

အစစ်အမှန်ကောင်းကင်တာအိုက ကမ္ဘာကြီးကို စည်ပင်ဝပြောစေချင်တယ်။ အဲဒါက အန္တိမသဟဇာတကို တိုက်ခိုက်ဖို့ နည်းလမ်းဖြစ်ပုံပဲ။ ကြည့်ရတာ အဲဒါက ခွင့်ပြုလောက်ပါတယ်..

ဝမ်ဝေ့က ထိုနည်းလမ်းကို စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ အကယ်၍ အလုပ်မဖြစ်လျှင်ပင် သူက တိတ်တဆိတ် ကြိုးစားကြည့်မည်။ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းက အစစ်အမှန် ကောင်းကင်တာအိုဆီမှ ပုန်းအောင်းနိုင်သည့်အတွက် ထိုနည်းလမ်းက အလုပ်ဖြစ်နိုင်သည်။

ငါ ဧကရာဇ်ခုံကို ဆက်သွယ်နိုင်တယ်။ တကယ်လို့ သူက အလုပ်မဖြစ်ဘူးဆိုရင် နောက်ထပ်ရွေးချယ်ထားတဲ့သူ နှစ်ယောက်ရှိသေးတယ်…

ဝမ်ဝေ့က တွေးလိုက်မိသည်။

ဒုတိယတစ်ယောက်က နည်းနည်းစွန့်စားရမယ်ဆိုပေမဲ့ အလုပ်ဖြစ်မယ်ဆိုရင်တော့…

သူက မျက်မှောင်ကြုတ်ကာ နောက်ဆုံးအစီအစဉ်ကို ချမှတ်လိုက်၏။ နောက်ဆုံးတွင် သူက အကြီးအကဲများကို မကြည့်ခင် စာရွက်စာတမ်းကိစ္စများအား အဆုံးသတ်လိုက်သည်။

“ကျင်းမုန့်ယောင်ကို လာတွေ့ခိုင်းလိုက်”

***

All Chapters