← Chapters

စီမံကိန်းနှစ်ခု

Vol. 51 Ch. 709

စီမံကိန်းနှစ်ခု

Vol. 51 Ch. 709

တာအိုအခွင့်အလမ်းဂိုဏ်းရှိ ဂိုဏ်းစနစ်၏ လျှို့ဝှက်အန္တရာယ်တစ်ခုမှာ အင်အားစုသုံးခုနှင့် ဂိုဏ်းအမှူထမ်းဘက်ကြား အင်အားမမျှတမှု ဖြစ်၏။ ဤမျိုးဆက်အတွင်း မိသားစုသုံးခုက မဟာဧကရာဇ်များ ရှိလာမည်ဖြစ်သည့်အတွက် ဂိုဏ်းအမှုထမ်းဘက်ကမူ အရေအတွက် အတူတူဖြစ်နေမည်ဖြစ်ကာ မျှချေမညီမျှမှုက ပိုမိုသိသာသွားခဲ့သည်။

ဘိုးဘေး၏ တည်ရှိမှုဖြင့် ဂိုဏ်းအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိလာစေသည့် အနေအထား ရောက်လောက်အောင် မညီညွတ်သည့် အခွင့်အရေးက နည်းပါးသော်လည်း မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။ အကယ်၍ တစ်ရက်ကျ ဂိုဏ်းအမှုထမ်း ဘိုးဘေးက အာဏာမမျှတမှုကို စိတ်ပျက်သွားခဲ့လျှင် အခြေအနေက ပိုမိုဆိုးရွားသွားနိုင်သည်။

ဝမ်ဝေ့အနေဖြင့် ထိုသို့ဖြစ်နိုင်ချေက နည်းပါးကြောင်း သိထားလေ၏။ သို့သော်လည်း သူ့အနေနှင့် ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုများကို ထည့်သွင်းစဉ်းစားရမည်။ သူက တခြားအင်အားစုများကို ဝင်ရောက်စွက်ဖက်ကာ အထဲဘက်မှ နှိမ်နင်းဖူးသည့်အတွက် ဤသို့လုပ်ဆောင်နိုင်သည်မှာ သူတစ်ယောက်တည်းဟု ယုံကြည်လောက်အောင် စိတ်ကြီးမဝင်ပေ။

အထူးသဖြင့် တိထျန်း၏ အိပ်စက်သူများ ဂိုဏ်းဆီ ကျူးကျော်ခဲ့သည့် နမူနာအရ ဖြစ်၏။

ကံကောင်းစွာဖြင့် ကံကြမ္မာက သူ့ကို မျက်နှာသာပေးကာ ပါရမီရှင်နှစ်ယောက်ကို ခေါ်ဆောင်ပေးခဲ့သည်။ ချိုက်စု့န်နှင့် ကျင်းမုန့်ယောင်တို့ ဖြစ်၏။ အကယ်၍ ဂိုဏ်းကသာ သေချာပြုစုပျိုးထောင်နိုင်ပါက နောင်လာမည့် ဧကရာဇ်မျိုးဆက် လေးခုသည် သူတို့အပိုင်သာ ဖြစ်လိမ့်မည်။ ဂိုဏ်းအမှုထမ်းဘက်က နှစ်ယောက် ရရှိမည်ဖြစ်ကာ ဂိုဏ်း၏ မျှခြေကို ထိန်းထားပြီးသား ဖြစ်သွားလိမ့်မည်။ တစ်ခုတည်းသော ပြဿနာက ထာဝရဧကရာဇ်ကိစ္စ ဖြစ်သော်လည်း သူက များများစားစား စိုးရိမ်စရာ မလိုပေ။

“တခြားတစ်ခု ရှိသေးလား” ဝမ်ဝေ့က မေးလိုက်စဉ် အကြီးအကဲများက ခေါင်းအသာယမ်းလိုက်၏။ ထို့ကြောင့် သူက ထွက်လာလိုက်သည်။ ဝမ်ဝေ့က ဂိုဏ်း၏ ကျွမ်းကျင်အတတ်ပညာရှင်များရှိသည့် လျှို့ဝှက်နယ်မြေဆီ ကူးသန်းလာလိုက်သည်။

“ဂိုဏ်းချုပ်” အားလုံးက ဦးညွှတ်လိုက်ကြ၏။

“သက်တောင့်သက်သာနေကြပါ။ အခြေအနေရော ဘယ်လိုနေလဲ” သူက ပြောလိုက်၏။

“သိပ်မကောင်းမှာကို စိုးမိတယ်” လီကျီရှင်းက မျက်နှာပူစွာ ပြောလိုက်၏။ လတ်တလောလေးမှ သူက အစစ်အမှန်အုပ်ချုပ်သူ တစ်ယောက်ဖြစ်လာသော်လည်း ဤမျိုးဆက်အတွင်း ယခင်မျိုးဆက်ကို ကျော်လွှားသွားသည့် ပါရမီအရှိဆုံး လက်နက်သန့်စင်သူတစ်ယောက်ဟု မှတ်ယူ၍ ရပေသည်။

“မင်းရော ဘယ်လိုလဲ”

“အတူတူပါပဲ”လော့ယုံနျန်က ပြောလိုက်သည်။ သူကလည်း မျက်နှာပူနေမိ၏။ သူကလည်း လီကျီရှင်းလိုမျိုး တူညီသည့် အဆင့်အတန်းမျိုးရှိကာ ဤမျိုးဆက်အတွင်း ပါရမီအရှိဆုံး အစီအရင်ဆရာတစ်ယောက်အဖြစ် မှတ်ယူ၍ ရပေသည်။

“အကြီးအကဲလီလင်းနဲ့ ယှဉ်လိုက်ရင် ကျွန်တော်တို့က အများကြီး နောက်ကျကျန်နေခဲ့တယ်” ယခင်က သူနှင့် လီကျီရှင်းတို့သည် သူတို့၏ ဂုဏ်သတင်းကြီးမားမှုသည် ယန်းလီလင်းနှင့် မတူကြောင်း ကိုယ့်ဘာသာကိုယ် မေးခဲ့ကြ၏။ သို့သော် ဤစီမံကိန်းကို ဝင်ရောက်ပြီးသည့်နောက်တွင် နားလည်သွားကြသည်။

ဝမ်ဝေ့က သူတို့၏ တိုးတက်နှုန်းကို စစ်ဆေးကာ မျက်မှောင်ကြုတ်လိုက်၏။ ထိုသူနှစ်ဦးက ယန်းလီလင်း၏ အလိုအလျောက် ဆေးမီးဖိုစီမံကိန်းနှင့် တူညီသည့်အရာကို လုပ်ဆောင်နေကြသည်။

ဝမ်ဝေ့က ပစ္စည်းများကို ထည့်သွင်းဖို့သာ လိုအပ်ပြီး အသုံးအဆောင်ပစ္စည်းတစ်ခု ဖန်တီးနိုင်မည့် စက်ပစ္စည်းတစ်ခုကို လိုချင်မိသည်။

ထိုအရာက အစီအရင်အတွက်လည်း အတူတူ ဖြစ်၏။ သူက အံ့ဖွယ်သင်္ကေတအားလုံး ပါဝင်နေသည့် အစီအရင်စက်ဝန်းပြားများကို ဖန်တီးလိုသည်။ လူတစ်ယောက်က ချီစုစည်းရေး အစီအရင် သို့မဟုတ် ကြယ်တာရာကာကွယ်ရေး အစီအရင်ကဲ့သို့သော သီးသန့်အစီအရင်မျိုးကို ရွေးချယ်ဖို့သာ လိုအပ်၏။ ထိုအခါ စက်ဝန်းပြားက သင့်တော်သည့် သင်္ကေတများကို အသုံးပြုလိမ့်မည်။

သူ့အမြင်အရ အနာဂတ်တွင် လူတစ်ယောက်က သီးသန့်အစီအရင်တစ်ခုကို ထားဖို့ မလိုဘဲ ရည်ရွယ်ချက်တစ်ခုသာ ထားဖို့ လို၏။

ထိုလုပ်ဆောင်ချက်က ရှာဖွေရေး လုပ်ဆောင်ချက်နှင့် တူညီကာ ကျင့်ကြံသူတစ်ယောက်က ထိုစက်ဝန်းပြားအား “ငါက ခန္ဓာကိုယ်လေ့ကျင့်မဲ့ အစီအရင်ကို ဖန်တီးချင်တယ်” ဟု ပြောလိုက်လျှင် စက်ဝန်းပြားက သူ့အား မြေဆွဲအား လေ့ကျင့်ရေးအစီအရင်၊ အရိုးဖိနှိပ်ခြင်းအစီအရင်၊ သွေးဖွဲ့စည်းခြင်းအစီအရင် အစရှိသဖြင့် ပြသလာလိမ့်မည်။

ကျင့်ကြံသူက သူတို့နှင့် သင့်တော်သည့်အရာကို ရွေးချယ်လိုက်ရုံသာ ဖြစ်၏။ သူတို့က သက်ရောက်မှု ရှိစေရန်အတွက် သီးသန့်အခြေအနေတချို့နှင့် ကိုက်ညီစေဖို့ အစီအရင်များကို စုစည်းထားနိုင်သည်။

အဆောင်အတွက်လည်း စီမံကိန်းအတူတူ ဖြစ်ပြီး ဝမ်ဝေ့က လေ့လာဖို့အတွက် အဖွဲ့တစ်ဖွဲ့ ထားရှိသည်။ ထိုအဖွဲ့တစ်ခု ထားရှိသည့် အကြောင်းအရင်းနှစ်ခု ရှိသည်။ ပထမတစ်ခုက ယခင်မျိုးဆက်နှစ်ခုအတွင်း ပါရမီထူးကဲသည့် အဆောင်ပြုလုပ်သူဟူ၍ မရှိပေ။ ဒုတိယအနေဖြင့် အဆောင်က အစီအရင်နှင့် အတော်လေးကို ဆင်တူ၏။

အကယ်၍ အစီအရင်၏ အဓိကသဘောတရားက မိုးမြေ၏ စွမ်းအားကို ငှားယူဖို့ ဖြစ်နေခဲ့လျှင် အဆောင်က ထိုအရာကို အသုံးမပြုခင် သေးငယ်ကာ သယ်ဆောင်ရလွယ်သည့် အရာအတွင်း ထည့်သွင်းသိုလှောင်ထားခြင်းသာ ဖြစ်၏။

ထိုစီမံကိန်းများ၏ တိုးတက်နှုန်းကို စစ်ဆေးပြီးသည့်နောက်တွင် ယန်းလီလင်းက ပေါ်ထွက်လာသည်။ သူမက ထိုအရာကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။

“ကိစ္စတွေက အရင်ထင်ထားတာထက် ပိုပြီး ရှုပ်ထွေးနေနိုင်တယ်” သူမက ပြောလိုက်၏။

ဝမ်ဝေ့ကလည်း သဘောတူသည်။ ယန်းလီလင်း၏ အောင်မြင်မှု အဓိကအကြောင်းအရင်းက သူမ၏ ပင်ကိုပါရမီကြောင့် ဖြစ်၏။ အကောင်းဆုံးနည်းလမ်းဖြင့် ဖော်ပြရမည်ဆိုလျှင် သိုလှောင်အချက်အလက် ရှိထားပြီး ရှာဖွေခြင်းနှင့် လမ်းညွှန်ခြင်း လုပ်ဆောင်ချက်ကိုပါ ရှိထားသလိုမျိုး ဖြစ်၏။

ယန်းလီလင်း၏ ဗဟုသုတအသိပညာများက သိုလှောင်အချက်အလက်အဖြစ် လုပ်ကိုင်ပြီး သူမက ဆေးလုံးကို ဖန်တီးလိုသရွေ့ သူမ၏ ပင်ကိုပါရမီက ထိုအချက်အလက်များကို အသုံးပြုကာ သူမအတွက် ဆေးလုံးကို ချက်ချင်း ထုတ်ပေးလိမ့်မည်။

သို့သော်လည်း အကယ်၍ သူမက အချက်အလက်ထက် ကျော်လွန်နေသည့် ဆေးလုံးကို ဖန်တီးလိုပါက ရှာဖွေခြင်းနှင့် လမ်းညွှန်ခြင်း လုပ်ဆောင်ချက်က အလိုလိုသိစိတ် ပုံစံဖြင့် အသက်ဝင်လာမည်ဖြစ်ကာ သူမအား လိုအပ်မည့် အရည်အချင်း၊ ဗဟုသုတနှင့် အရင်းအမြစ်များကို လမ်းညွှန်ပေးလိမ့်မည်။ သူမ၏ ပင်ကိုပါရမီက ကန့်သတ်ချက်ရှိထားသည်ကို ယန်းလီလင်းက စမ်းသပ်ထားခဲ့သည်။ အကယ်၍ သူမက လွန်ကဲသည့်အရာများကို လုပ်လိုပါက အလုပ်ဖြစ်မည် မဟုတ်ပေ။

သူမ၏ ပါရမီကို ပုံကြမ်းအဖြစ် ထားရှိကာ ယန်းလီလင်းက ဆေးပြင်းမီးဖိုထဲ ထည့်သွင်းထားသည့် သိုလှောင်အချက်အလက်အဖြစ် ဖန်တီးခဲ့သည်။ လတ်တလောလေး သူမက သူမ၏ ပါရမီ၏ ရှာဖွေရေးနှင့် လမ်းညွှန်ရေး လုပ်ဆောင်ချက်များကို ဆေးပြင်းမီးဖိုအတွင်း ထည့်သွင်းနိုင်ရန် ပြန်လည်ဖန်တီးဖို့ ကြိုးစားနေသည်။

ထိုစဉ် အဖွဲ့က လက်နက်သန့်စင်ရေး စက်ယန္တရားနှင့် အစီအရင်စက်ဝန်းပြားနှင့် ပတ်သက်ပြီး သဲလွန်စမရှိ ဖြစ်နေကြသည်။ လက်နက်သန့်စင်ရေးက မီးတောက်နှင့် အံ့ဖွယ်သင်္ကေတများကို ထိုးထွင်းကာ အသုံးပြုကာ သတ္တုများကို သန့်စင်သည့်ကဏ္ဌတွင် ဆေးလုံးနှင့် အတော်လေး ဆင်တူသည်။ သူတို့က ဆေးလုံးနှင့် သတ္တုစပ်အတွက် တူညီသည့် ပုံသေနည်းများပင် ရှိသည်။

သတ္တုများက ဝိညာဉ်ဆေးပင် မဟုတ်သည့်အတွက် လက်နက်သန့်စင်ခြင်းက ဆေးလုံးသန့်စင်ခြင်းနှင့် အပြည့်အဝတော့ မတူညီပေ။ ထိုကွဲလွဲချက်၏ ပြီးပြည့်စုံသော နမူနာတစ်ခုက လက်နက်စိတ်ဝိညာဉ် ဖြစ်၏။ အသင်္ချေအင်ပါယာကမ္ဘာ၏ ယေဘုယျတွေးခေါ်မှုက သူတို့၏ လက်နက်များအား အနိမ့်ဆုံးအသိဉာဏ်အဆင့်မျှသာ ရောက်ရှိစေနိုင်သော်လည်း ကောင်းကင်အဆင့်နှင့်အထက် မူလအသုံးအဆောင် ပစ္စည်းများက စိတ်ဝိညာဉ် ရှိလာနိုင်သည်။

သို့သော်လည်း စိတ်ဝိညာဉ်မျိုးနွယ် ကျင့်ကြံသူများမှ ဖန်တီးကာ အသုံးပြုသည့် လက်နက်များကမူ အသိဉာဏ်ရှိသည့် ဝိညာဉ်ရှိတတ်သည်။ သူတို့က သေချာသည့် ကျင့်ကြံဆင့်တစ်ခုရောက်ပြီး သို့မဟုတ် သူတို့၏ သေဆုံးမှုအပြီးတွင် လက်နက်များက ပုံသဏ္ဌာန်ပြောင်းကာ လူသားခန္ဓာကိုယ်အဖြစ် ပြောင်းလဲပြီး စိတ်ဝိညာဉ်မျိုးနွယ်ဖြစ်လာဖို့ မျှော်လင့်ထားကြသည်။

သို့သော်လည်း အသင်္ချေအင်ပါယာကမ္ဘာ၏ ဆေးဝါးပညာက ဧကရာဇ်ဆေးလုံးများမှလွဲ၍ ဆေးလုံးဝိညာဉ်တည်ရှိမှုကို ခွင့်ပြုမထားပေ။ ဆေးလုံးဖော်စပ်သူပေါ် မူတည်၍ ခြွင်းချက်များ ရှိ၏။ အဓိကအချက်က ထိုကျွမ်းကျင်အတတ်ပညာဆိုင်ရာ နှစ်ခုကြား အနည်းငယ် ကွဲပြားမှုရှိနေသည့်အတွက် လက်နက်သန့်စင်ရေး စက်ယန္တရားကို ဖန်တီးဖို့ စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။

အစီအရင်စက်ဝန်းပြားအတွက်မူ ကိစ္စများက ပိုမိုရှုပ်ထွေးလေ၏။ သင်္ကေတများက အစီအရင်အတွက် တစ်ခုတည်းသော အခြေခံ မဟုတ်ဘဲ ပတ်ဝန်းကျင်ရှိ မိုးမြေစွမ်းအားများ၊ စည်းမျဉ်းပဲ့တင်သံနှင့် နောက်ထပ် နောက်ထပ် များစွာ ရှိနေသေးသည်။

“ငါက ဂိုဏ်းကို ဒီနည်းလမ်း ဖန်တီးပြီးတော့ ကုသိုလ်ရစေချင်တာ။ ဒါပေမဲ့ နောက်ထပ် နည်းလမ်းတစ်ခုတော့ အသုံးပြုလို့ရသေးတယ်။” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်၏။

“ဘာတွေတွေးနေတာလဲ။ ဘိုးဘေးတွေကို ဒီစီမံကိန်း လုပ်စေချင်တာလား။ သူတို့ကတော့ ပြီးမြောက်မှုကို အရှိန်မြှင့်တင်နိုင်လောက်တယ်။ ဒါပေမဲ့ သူတို့တွေ ပြီးနိုင်ပါ့မလားပဲ”

ယန်းလီလင်းက ထိုစီမံကိန်းနှစ်ခုသည် လူသားအရင်းအမြစ်မြောက်များစွာ လိုအပ်ပြီး သူမကဲ့သို့ တူညီသည့် ပါရမီရှိသည့်သူများကိုပင် လိုအပ်သည်။

“မဟုတ်ဘူး။ ငါက ဒီဟာကို ကမ္ဘာအနှံ့ စီမံကိန်းလုပ်ဖို့ စီစဉ်လိုက်တာ” ဝမ်ဝေ့က ပြောလိုက်သည်။

“အသင်္ချေအင်ပါယာကမ္ဘာရဲ့ အစီအရင်ဆရာတွေနဲ့ လက်နက်သန့်စင်သူတွေအားလုံးကို စုဝေးလိုက်မယ်။”

“ဂိုဏ်းချုပ် အဲ့လိုလုပ်ဖို့ မဖြစ်ဘူး” လီကျီရှင်းနှင့် လော့ယုံနျန်တို့က သဘောမတူကြပေ။

“ဒီစီမံကိန်းကို လုပ်တဲ့သူက ကုသိုလ်အမြောက်အများရမှာ အသေအချာပဲ။ တခြားသူတွေကို အကျိုးအမြတ်ရစေချင်တာ သေချာရဲ့လား” ယန်းလီလင်းက မေးလိုက်၏။ လျှို့ဝှက်နယ်မြေရှိ ကျွမ်းကျင်အတတ်ပညာရှင်များကလည်း သူမ စကားကို သဘောတူကြသည်။

“ဂိုဏ်းက ဒီလုပ်ငန်းတာဝန်ကို ပြီးမြောက်ဖို့ မျိုးဆက်အများကြီး ကြာမြင့်နိုင်ချေရှိတယ်။ မင်းလိုမျိုး တစ်ယောက်ယောက် ပေါ်ထွက်မလာသရွေ့ပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။

“ဒါပေမဲ့ တစ်ကမ္ဘာလုံးသာ အတူတကွ လုပ်မယ်ဆိုရင် မျိုးဆက်အတွင်းမှာပဲ ပြီးမြောက်နိုင်တယ်”

“နောက်ထပ် လုပ်ချင်တဲ့ တခြားအကြောင်းအရင်းရော ရှိသေးလား” ယန်းလီလင်းက ထိုအရာသည် မရိုးရှင်းကြောင်း ခံစားရ၍ မေးလိုက်သည်။

“စည်းလုံးမှုပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။

“ငါ့ဆီမှာ လူအားလုံးကို လွှမ်းမိုးနိုင်တဲ့ စွမ်းအား ရှိထားတယ်ဆိုရင်တောင် ငါ့ရဲ့လွှမ်းမိုးမှုကို လူတွေက အလွယ်တကူ လက်ခံကြမှာမဟုတ်ဘူး။ ဒါပေမဲ့ တစ်ကမ္ဘာလုံးက အကျိုးကျေးဇူးရရှိမဲ့ စီမံကိန်းတစ်ခုကို အတူတူလုပ်နေမယ်ဆိုရင် သူတို့ရဲ့ စည်းလုံးမှုကို မြှင့်တင်ပေးသလို ဖြစ်လိမ့်မယ်။ ဒီအခွင့်အရေးကို အသုံးချပြီးတော့ ငါ့ရဲ့လွှမ်းမိုးမှုအောက်မှာရှိနေတဲ့ အကျိုးအမြတ်ကို သူတို့ကို ပြသလို့ရတယ်”

“အစ်ကိုကြီးက ကျွန်မတို့ဂိုဏ်းရဲ့ ဧကရာဇ်ပဲ မဟုတ်ဘဲနဲ့ အသင်္ချေအင်ပါယာကမ္ဘာရဲ့ ဧကရာဇ်ဆိုတာကို ပြဖို့ နည်းလမ်းကောင်းပဲ” ယန်းလီလင်းက ပြောလိုက်သည်။

“ပြီးတော့ ဒီစီမံကိန်းတွေက အဆုံးမဲ့လေဟာနယ်တစ်ခုလုံးရဲ့ သမိုင်းကြောင်းမှာ ထာဝရကျန်ရှိနေမဲ့ အောင်မြင်မှုတွေပဲ။ ဂုဏ်သတင်းနဲ့ ကျော်စောမှုလမ်းကြောင်းကို လိုက်ဖို့ ကျင့်ကြံသူတွေအများစုကတော့ ဆွဲဆောင်ခံရမှာ သေချာတယ်”

ဝမ်ဝေ့က သူမစကားကို သဘောတူလေ၏။ သူက အနာဂတ် အကျိုးအမြတ်များကို မြင်နိုင်လေသည်။ သူက အခြားကမ္ဘာ့အသိုက်အဝန်းများဆီ သူ့လက်တံများကို ဖြန့်ကျက်စဉ်အခါက သူတို့ကမ္ဘာ၏ သတင်းအချက်အလက်များကို ရယူပြီး ယန်းလီလင်းနှင့် ထိုနှစ်ယောက်၏ စီမံကိန်းဆီ ထည့်ပေါင်းခဲ့သည်။

ထို့ကြောင့် သူတို့သာ ပြီးမြောက်သွားသည်နှင့် အသင်္ချေအင်ပါယာကမ္ဘာနှင့် တာအိုအခွင့်အလမ်းဂိုဏ်းထံ ကံကောင်းမှုအမြောက်အများ ယူဆောင်ပေးနိုင်သည့် အောင်မြင်မှုတစ်ခု ဖြစ်လာလိမ့်မည်။ ဂိုဏ်းကို ပို၍ပင် ကြွယ်ဝသွားစေနိုင်၏။

ဝမ်ဝေ့က တိုင်းပြည်ဆိုင်ရာ ယုံကြည်မှုကဲ့သို့ မမြင်ရသည့် အကျိုးအမြတ်မျိုးကို ကြိုတင်မြင်နိုင်သည်။ ကမ္ဘာမြေတွင် ပထမကမ္ဘာ့ဆင့် တိုင်းပြည်များက တတိယတန်းစားနှင့် ယှဉ်လိုက်လျှင် ယုံကြည်မှု ပိုမိုရှိ၏။ အကြောင်းအရင်းမှာ သူတို့တိုင်းပြည်၏ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၊ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးမှုကြောင့် ဖြစ်သည်။

ထိုစီမံကိန်းသုံးခုက ဒိုင်မေးရှင်းအနိမ့် တစ်လျှောက်လုံးကို ဖြန့်ကျက်သွားသည်နှင့် တူညီသည့် သက်ရောက်မှုမျိုး ရှိလာလိမ့်မည်။ အသင်္ချေအင်ပါယာကမ္ဘာသားက သူတို့၏ အလွှာတွင် ယုံကြည်မှုနှင့် ဂုဏ်ယူမှုတို့ ရှိလာသရွေ့ တခြားအလွှာများနှင့် ယှဉ်လိုက်လျှင် သူတို့ကျင့်ကြံရေးနှင့် ထိပ်တိုက်ရင်ဆိုင်မှုများဆီမှ အကျိုးကျေးဇူးမြောက်များစွာ ရရှိလာလိမ့်မည်။

“အဲဒါဆိုတော့ ဆုံးဖြတ်ပြီးသွားပြီ။” ဝမ်ဝေ့ အမူအရာ မှုန်မှိုင်းမှိုင်းဖြစ်နေသည့် ကျွမ်းကျင်အတတ်ပညာရှင်များအား ကြည့်ကာ ပြောလိုက်၏။

“မင်းတို့တွေ ဒီစီမံကိန်းကို လုပ်ဖို့ ကောင်းကင်အလိုဆန္ဒတိုက်ပွဲ မတိုင်ခင်အထိ အချိန်ရမယ်။ အဲဒါဆိုတော့ မင်းတို့တွေ အရေးသာချက်တော့ ရှိမှာပါ။ တကယ်လို့ ဒီအရေးသာချက်ကို အသုံးပြုနိုင်မယ်ဆိုရင် မင်းတို့တွေက ဒီနောက်ဆုံးစီမံကိန်းမှာ အဓိကခေါင်းဆောင်ထဲက တစ်ယောက်ဖြစ်လာပြီးတော့ အကျိုးကျေးဇူး အများကြီးရလိမ့်မယ်”

ထိုစကားများကို ပြောပြီးသည့်နောက်တွင် ဝမ်ဝေ့က ထွက်ခွာသွား၏။ ထိုသူများက ကမ္ဘာအနှံ့ရှိ တခြား‌သော ကျွမ်းကျင်အတတ်ပညာရှင်များထက် အရေးသာချက် ရှိနေလေသည်။ အကယ်၍ သူတို့က အကျိုးအမြတ်ရအောင် အသုံးမပြုနိုင်ပါက အစကတည်းက မထိုက်တန်ပေ။

ယန်းလီလင်းက ထိုလူအများကြီးအား ပြောလိုက်သည် “မင်းတို့တွေလည်း နားလည်သင့်တယ်။ ဂိုဏ်းချုပ်က ရှေ့ရေးကို မျှော်တွေးထားပြီးသား။ မင်းတို့တွေက မျက်စိရှေ့မှာရှိတဲ့ အကျိုးအမြတ်ကိုပဲ မြင်ကြတာ။ သူက နောက်မျိုးဆက်ရာချီအထိ အကျိုးအမြတ်ကို မြင်ပြီးတော့ စီစဉ်ထားပြီးသား”

ယန်းလီလင်းက ထိုစကားများကို ပြောပြီးသည့်နောက်တွင် ထွက်ခွာသွား၏။ သူမ၏ အမြင်က ထိုသူများထက် ပိုမိုကောင်းမွန်လေ၏။ ယခုထိုသို့လုပ်လိုက်ခြင်းက နောက်မျိုးဆက်ကြာလာလျှင် အကျိုးအမြတ်များကို ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း သိထားသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့မည်သို့ခံစားနေရကြောင်း နားလည်လေသည်။

တစ်ခါတစ်ရံတွင် သူမသည်လည်း အစ်ကိုကြီးက နောင်အနာဂတ်အတွက် ကြိုတင်စီစဉ်လွန်းသည်ဟု ခံစားမိ၏။ ကံကောင်းစွာဖြင့် သူမက သူ၏ အမြင်နှင့် စွမ်းဆောင်ရည်များကို ယုံကြည်လေသည်။

ထိုစဉ် ဝမ်ဝေ့က သူ့အဖိုးကို စစ်ဆေးကြည့်ရင်း သူ့ယခင် တာအိုကာကွယ်သူဟောင်းဖြစ်သည့် ယန်းချန်နှင့် တွေ့ဆုံဖို့ အထွတ်အထိပ်အကြီးအကဲတောင်ဆီ ရောက်ရှိလာသည်။

***

All Chapters