← Chapters

တာအိုကာကွယ်သူနှင့် တာအိုနှလုံးသား

Vol. 51 Ch. 710

တာအိုကာကွယ်သူနှင့် တာအိုနှလုံးသား

Vol. 51 Ch. 710

“ဂိုဏ်းချုပ် ရောက်လာပြီပဲ” ယန်းချန်က သူ့အိမ်ငယ်လေးမှ ထွက်လာကာ ပြောလိုက်သည် “အထဲဝင်ခဲ့ပါ”

ဒါက ရိုးရှင်းပြီး သာမန်ဆန်တဲ့ ပြယုဂ်ပဲ…

ဝမ်ဝေ့က တချို့သော ကျင့်ကြံသူများသည် သူတို့၏ စိတ်ကို လေ့ကျင့်ပေးဖို့အတွက် သက်တောင့်သက်သာရှိပြီး ဇိမ်ယူသည့် အခြေအနေကို စွန့်ပစ်သည့် လမ်းစဉ်ကို ကျင့်သုံးကြသည်။

“ဧည့်သည်လာမယ် ထင်မထားမိလို့လေ” ယန်းချန်က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူ့အိမ်ငယ်လေးထဲမှ အတွင်းပိုင်းနေရာကို ချဲ့ထွင်လိုက်၏။ ထို့အပြင် သူ့ရှေ့တွင် အဖန်ရည်အိုး ပါသည့် စားပွဲခုံတစ်ခုပေါ်ထွက်လာပြီး ဝမ်ဝေ့အတွက် ထိုင်ခင်းလည်း ပေါ်ထွက်လာသည်။

“ကိစ္စမရှိပါဘူး။ ဒါနဲ့ ဘယ်လိုနေသေးလဲ” ဝမ်ဝေ့က အဖန်ရည်တစ်ငုံသောက်ရင်း ပြန်မေးလိုက်သည်။

“အဆင်ပြေပါတယ်” ယန်းချန်ကာ ပြန်ဖြေကာ ဂိုဏ်းချုပ်အား စိတ်ရှုပ်ထွေးသည့် ခံစားချက်များဖြင့် ကြည့်လိုက်သည်။ သူက ဤသို့သော ကောင်းကင်ဘုံသွေဖယ်နေသည့် ပါရမီတစ်ယောက်၏ တာအိုကာကွယ်သူ ဖြစ်ခဲ့ဖူးသည်ကို ဂုဏ်ယူကာ ပျော်ရွှင်နေမိ၏။ သူက ထိုသူ တစ်ဆင့်ချင်းစီ တက်လှမ်းကာ သမိုင်းကြောင်းတစ်လျှောက် ထာဝရ မှတ်မိခံရမည့် ဒဏ္ဍာရီလာတစ်ခု ချန်ထားခဲ့မည်ကို ကြည့်နေရင်း အောင်မြင်မှုတချို့ကို ခံစားမိလိုက်သည်။

သူ့လို အသက်အရွယ်ရနေသူအနေဖြင့် လူငယ်မျိုးဆက်များ ယခင်မျိုးဆက်ကို ကျော်လွန်သွားသည်ကို ကြည့်နေသည့် ခံစားချက်ထက် ဘာမှပိုမကောင်းနိုင်ပေ။ သူက တစ်ရက်ကျ ဤလူငယ်လေး ဖန်တီးမည့် အနာဂတ်ကို သိနေသည့်အတွက် ပိုမို မျှော်လင့်ချက်ထားမိ၏။ နောက်ဆုံးတွင် သူ့ကဏ္ဍက တိုတောင်းလွန်းသည့်အတွက် နှမြောတသဖြစ်ဖွယ် ခံစားနေရသည်။

ဝမ်ဝေ့ အရွယ်ရောက်လာတာ မြန်ဆန်သည့်အတွက် တာအိုကာကွယ်သူအနေဖြင့် သူ့အနေအထားက အသုံးမဝင် ဖြစ်သွားခဲ့ရသည်။ ယန်းချန်၏ တစ်စိတ်တစ်ပိုင်းကမူ သူ့ကဏ္ဍအတွက် ချို့ယွင်းချက် ရှိနေကြောင်း တွေးထင်ခဲ့မိသည်။

ဝမ်ဝေ့က ယန်းချန်၏ စိတ်ခံစားချက်အားလုံးကို ခံစားမိ၏။ သူက မည်မျှပင် အရွယ်ရောက်လာပြီး ယန်းချန်၏ ကာကွယ်မှုကို မလိုလားလောက်အောင် ဖြစ်စေကာမူ ထိုသူက သူ့တာအိုကာကွယ်သူ ဖြစ်နေဆဲ ဖြစ်သည်။ ထိုသူက သူ့ကို ကာကွယ်ဖို့ သူ့အသက်နှင့်ပင် ကျိန်ဆိုခဲ့သူ ဖြစ်၏။

“ကံကြမ္မာ(၁)နေရာကို စိတ်ဝင်စားလာလို့ လာမေးတာပါ”

ယန်းချန်က အဖန်ရည်သောက်တာ ရပ်လိုက်ပြီးသည့်နောက်တွင် ထိုစကားကို စဉ်းစားလိုက်၏။ ထို့နောက် သူက ခေါင်းခါကာ “မလိုတော့ပါဘူး။ ထာဝရအရှင် ဖြစ်ရုံနဲ့တင် ကျေနပ်ပါတယ်”

သူက သူ့ကိုယ်ပိုင်တာအို မရှိသည့်အတွက် တာအိုဘိုးဘေး မဖြစ်လာနိုင်သလို ဓားဧကရီက သူမ၏ မဟာတာအိုအရင်းအမြစ်ကို ငှားယူခွင့် မပေးသရွေ့ မဟာတာအိုအရင်းအမြစ်ကို မရရှိနိုင်ကြောင်း သိထားသည်။ ထို့ကြောင့် သူက ထာဝရအရှင် ဖြစ်ရုံဖြင့် ကျေနပ်နေပြီ ဖြစ်သည်။

“အချိန်နဲ့ အရင်းအမြစ်တွေကို ကျုပ်အပေါ် ဖြုန်းတီးမပစ်ပါနဲ့” ယန်းချန်က ဆက်ပြောလိုက်သည်။

“ဂိုဏ်းချုပ်ကို သိထားသလောက် ရွေးချယ်ထားပြီးတဲ့သူ ရှိမှာပါ”

ကံကြမ္မာ(၁)နေရာကို လူတိုင်းက ရယူကြခြင်း မဟုတ်ပေ။ ပါရမီနှင့် စွမ်းအားက အရေးပါသော်လည်း သဘောထားနှင့် ခံယူချက်တို့ကလည်း အရေးကြီးလှသည်။ မဟာဧကရာဇ်များက သူတို့တစ်ဘဝလုံးကို ဂိုဏ်း၏ အုတ်မြစ်အပေါ် ကာကွယ်ဖို့ ကုန်ဆုံးသွားလိုသည့်လူများထဲမှ ရွေးချယ်သွားလေ့ ရှိသည်။

အကယ်၍ မှန်မှန်ကန်ကန် မရွေးချယ်မိပါက မဟာကျိုးတိုင်းပြည်လိုမျိုး အနေအထား ထပ်မံ ဖြစ်လာလိမ့်မည်။

“ကျုပ် နားလည်ပါပြီ။ ဒါပေမဲ့ ကျုပ်ရဲ့ တာအိုကာကွယ်သူအနေနဲ့ ခင်ဗျားက ဆန့်ကျင်ကျင့်ကြံသူဖြစ်ဖို့တော့ ကံကြမ္မာပါလာတယ်” ဝမ်ဝေ့က ပြောလိုက်၏။

“ဂိုဏ်းချုပ်…”

“ခင်ဗျားဘာမှပြောဖို့ မလိုဘူး။ ခင်ဗျားရဲ့ စိုးရိမ်မှုကို သိတယ်။ အဲဒါကြောင့် ကူညီပေးဖို့ ရောက်လာတာ။ မခုခံနဲ့” ဝမ်ဝေ့က ပြောလိုက်၏။

ဝမ်ဝေ့က ယန်းချန်၏ နဖူးကို လက်ညှိုးဖြင့် ထောက်ကာ သူ့အံ့ဖွယ်အသိစိတ်က ထိုလူ၏ အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်ခဲ့သည်။ ယန်းချန်က တုံ့ဆိုင်းမှုအပါအဝင် ခုခံခြင်း မရှိဘဲ ယုံကြည်မှုကို ပြသနေ၏။

ဝမ်ဝေ့က ယန်းချန်၏ ကမ္ဘာဦးစိတ်ဝိညာဉ်ကို ကြည့်ကာ အလုပ်စလိုက်သည်။ သူက ယန်းချန်၏ နားလည်နိုင်စွမ်းကို တိုးမြှင့်ပေးဖို့အတွက် သန့်စင်လိုက်၏။ ထိုဖြစ်စဉ်က နာကျင်လွန်းသော်လည်း တာအိုကာကွယ်သူဟောင်း တစ်ယောက်အနေဖြင့် ထိုနာကျင်မှုကို ခံနိုင်ရည်ရှိသည်။

သန့်စင်ပေးသူက ဝမ်ဝေ့ ဖြစ်နေ၍ အဓိကအောင်မြင်မှုဟု ဆိုရပေမည်။ သို့သော်ထိုအရာက အဆုံးသတ် မဟုတ်သေးပေ။ သူက သူ့ချီပန်းပွင့် စွမ်းရည်မှ ပင်ကိုချီ၏ ချီမျှင်ငါးခုကို ထုတ်ကာ ယန်းချန်၏ ဝိညာဉ်ကို အာဟာရ ဖြည့်ပေးခဲ့သည်။ သူက ဝိညာဉ်စည်းမျဉ်းဖြင့် ထိုသူ၏ ပင်ကိုဇစ်မြစ် သို့မဟုတ် သဘာဝအတိုင်း မွေးဖွားလာသည့် နားလည်နိုင်စွမ်းကိုပင်ပြောင်းလဲပေးခဲ့သည်။

ထိုဖြစ်စဉ်က နာရီပိုင်း ကြာမြင့်ခဲ့၏။

“နောက်ဆုံးအဆင့်ပဲ” ဝမ်ဝေ့က ပြောလိုက်ပြီးသည့်နောက်တွင် ယန်းချန်၏ စည်းမျဉ်းသစ်ပင်ဆီ ရောက်ရှိသွားပြီး သူက အသိစိတ်ပင်လယ်နှင့် ကမ္ဘာဦးစိတ်ဝိညာဉ်အပေါ် သက်ရောက်မှု မရှိစေဘဲ တာအိုသစ်သီးကို ညင်ညင်သာသာ ချေမွပစ်လိုက်၏။ သူက တန်ပြန်သက်ရောက်မှု မခံစားရစေဖို့ သေချာအောင် လုပ်ဆောင်ထားသည်။

ယန်းချန်၏ အရှိန်အဝါက ချက်ချင်းဆိုသလို လျော့ကျသွားကာ သူတော်စင်အဆင့်သို့ ပြန်လည်ရောက်ရှိသွားသည်။ သို့သော်လည်း သူက ပျော်ရွှင်နေမိ၏။ သူက ဒုတိယတန်းစား အစစ်အမှန်အုပ်ချုပ်သူအဆင့်တွင် ဖြစ်၏။ ထိုသူများက သူတို့၏ကိုယ်ပိုင်တာအို မရှိသော်လည်း ဘိုးဘေးများ၏ နည်းလမ်းအတိုင်း အပြည့်အဝ လိုက်နာကြခြင်း မဟုတ်ပေ။

သူ့အဆင့်က ဖန်တီးမှုမရှိဘဲ ဘိုးဘေးများနောက်လိုက်သည့်သူထက် ပိုမိုကောင်းသော်လည်း လမ်းစဉ်က မပြီးပြည့်စုံသည့်အတွက် လမ်းဆုံးတစ်ခုလို ဖြစ်နေသည်။ သူက ဧကရာဇ်တစ်ပိုင်းအဆင့် ဝင်ရောက်ပြီး ဓမ္မခန္ဓာကိုယ်နှင့် ပေါင်းစပ်နိုင်မည် မဟုတ်ပေ။

သို့သော် ယခုတွင် သူ၏ တိုးပွားလာ‌သော ပါရမီဖြင့် သူ့ကိုယ်ပိုင်တာအိုကို နားလည်နိုင်ပြီး ကျမ်းကို ဖန်တီးနိုင်လိမ့်မည်။ သူက ဧကရာဇ်တစ်ပိုင်းအဆင့်ကို ဝင်ရောက်ပြီး သူ့ကိုယ်သူ စည်းပိတ်ပြီးသည့်နောက်တွင် ကောင်းကင်အလိုဆန္ဒကိုပင် ခံယူနိုင်စွမ်း ရှိ၏။

ယန်းချန်က ဧကရာဇ်တစ်ယောက်၏ နှလုံးသားကို မရှိထားသည့်အတွက် မသေမျိုးအဖြစ် ရရှိဖို့ ဤမျိုးဆက်တွင် သူ့ဆီ ရောက်လာသည့်အခွင့်အရေးကို အသုံးပြုနိုင်သည်ကပင် ကျေနပ်နေပြီ ဖြစ်၏။

“ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်” ယန်းချန်က ပြောကာ သူ ပေးအပ်နိုင်မည့် အနက်ရှိုင်းဆုံး ကျေးဇူးတင်မှုကို ပေးဖို့ ပြင်လိုက်သည်။ သို့သော်လည်း ဝမ်ဝေ့၏ စွမ်းအားက သူ့ကို တားဆီးထား၏။

“ကျုပ်က ဂိုဏ်းချုပ် ဖြစ်လာပေမဲ့ ခင်ဗျားက ကျုပ်ရဲ့ အကြီးအကဲပါပဲ” ဝမ်ဝေ့က ယခင်မျိုးဆက်ဟောင်းမှ ဦးညွှတ်မှုကို ခံယူဖို့ ပြဿနာမရှိသော်လည်း လူအချို့ကမူ ကွဲပြားပေသည်။ ယန်းချန်က သူ့ကျင့်ကြံရေးခရီးစဉ် စတင်ကတည်းက အဖော်ပြုလာသည်ဖြစ်ကာ သူ့နှလုံးသားတွင် သီးသန့်အဓိပ္ပာယ်မျိုး ပိုင်ဆိုင်ထား၏။

“ခေတ်သစ်က ချဉ်းကပ်လာပြီ။ ခင်ဗျားလည်း အဆင်သင့်ပြင်ထားသင့်တယ်”

ထိုစကားများ ပြောပြီးသည့်နောက်တွင် သူက ယန်းချန်ကို ထားကာ ထွက်လာ၏။ သူ့အနေဖြင့် ထိုသူ ကျင့်ကြံဖို့ စိတ်လောနေသည်ကို ခံစားမိလိုက်သည်။ သူက သူ့အဘိုးရှိရာဆီ နောက်ထပ် တဲတစ်ခုဆီ ရောက်ရှိလာ၏။

“ထွက်မလာသေးဘူးလား ”ဝမ်ဝေ့က ရေရွတ်လိုက်ပြီးသည့်နောက်တွင် ထွက်သွားဖို့ ပြင်လိုက်သည်။ သို့သော် သူက သူ့အဘိုး၏အံ့ဖွယ်အသိစိတ်မှ သိပ်မကြာခင် ထွက်လာတော့မည် ဖြစ်ကြောင်း သတင်းစကား ရရှိလိုက်၏။ ထို့ကြောင့် သူက သုံးရက်တာ စောင့်ဆိုင်းနေခဲ့သည်။

“ဟား…ဟား…ဟား… ငါ့ရဲ့ ချစ်စဖွယ်မြေးလေး ဘယ်လိုလဲ” ဝမ်ချန်က တဲအိမ်လေးထဲမှ ထွက်လာလေ၏။ သူက ဝမ်ဝေ့ရှေ့မှ ပေါ်ထွက်လာကာ သူ့မျက်နှာနှင့် လက်မောင်းများကို စတင် ဖျစ်ညှစ်လိုက်သည်။

“အားကောင်းတဲ့ သွေးချီနဲ့ ယန်စွမ်းအားပဲ။ မင်းက ငါ မှတ်မိထားသလို ကျန်းမာနေတုန်းပဲ”

ဝမ်ဝေ့က မေးလိုက်၏ “အဘိုးရော အခု ဘယ်လိုနေသေးတုန်း”

သူက ထိုလူအိုကြီးကို လေ့လာပြီးသည့်နောက်တွင် ကွဲပြားနေသည်ကို ခံစားမိလိုက်၏။ ယခင် သူ ဝှက်ထားဖို့ ကြိုးစားခဲ့သည့် စိတ်ပျက်ဖွယ် အငွေ့အသက်များက ယခုအခါ မရှိတော့သလောက် ဖြစ်နေလေပြီ။ ထိုအစား သူက အရှင်သခင် တစ်ယောက်လိုမျိုး အားကြီးကာ လွှမ်းမိုးနိုင်စွမ်းကောင်းလာ၏။

“အပြည့်အဝ ပြန်ကောင်းသေးတာတော့ မဟုတ်ပေမဲ့ တော်တော်လေးတော့ ကောင်းလာပါပြီ” သူ သီးသန့်ကျင့်ကြံနေစဉ်အတွင်း သံသရာအစီအရင်ကို အသုံးပြုကာ ကောင်းကင် အလိုဆန္ဒတိုက်ပွဲကို ထပ်ခါထပ်ခါ ခံစားပြီး ချဉ်းကပ်မှုအမျိုးမျိုးနှင့် ရွေးချယ်မှုအမျိုးမျိုးကို ကြိုးစားကြည့်ခဲ့သည်။

နောက်ဆုံးတွင် ဝမ်ချန်က သူ တိုက်ပွဲတွင် ရှုံးနိမ့်သွားရသည်မှာ အင်အားလိုအပ်ချက်ကြောင့် မဟုတ်ဘဲ တစ်ဖက်လူက ပိုမိုအကွက်ကျကျ စီစဉ်ထား၍ ဖြစ်ကြောင်း သိသွားခဲ့သည်။ ထို့အပြင် သူက သတိလက်လွတ် ဖြစ်ခဲ့မိ၏။

ဉာဏ်အလင်းပွင့်လာပြီးသည့်နောက်တွင် သူက သူ့ကိုယ်သူ အပြစ်မတင်တော့ဘဲ တာအိုနှလုံးသား၏ အက်ကြောင်းအများစုကို ကုစားနိုင်ခဲ့သည်။ အပြည့်အဝ မကောင်းသေးသည့် အကြောင်းအရင်းကမူ သူ့တစ်စိတ်တစ်ပိုင်းက ထိုနေမင်းကိုးပါးဧကရာဇ်နှင့် ထိပ်တိုက်ရင်ဆိုင်လိုနေ၍ ဖြစ်သည်။

ဝမ်ချန်အနေဖြင့် ထိုတိုက်ပွဲ၏ ရလဒ်က မည်သို့ပင်ဖြစ်စေကာမူ သူ့တာအိုနှလုံးသားက အပြည့်အဝ ပြန်ကောင်းလာမည်ဖြစ်ကြောင်း သိလိုက်သည်။ အကယ်၍ သူ အနိုင်ရရှိပါက သူ့စိတ်နှလုံးသားထဲမှ နောင်တတရားအတွက် ဖြည့်စည်းနိုင်လိမ့်မည်။ အကယ်၍ သူ ဆုံးရှုံးသွားပါက တစ်ဖက်လူသည် နောက်ဆုံးအနိုင်ရရှိသူ ဖြစ်လာဖို့ ထိုက်တန်ကြောင်း လက်ခံနိုင်လိမ့်မည်။

“ အဲဒါဆိုတော့ အခြေအနေက ဘယ်လိုလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ယခင် ငါက အတုအယောင်ဧကရာဇ်ပဲ ဖြစ်နေနိုင်တယ်ဆိုရင် အခု ငါကတတိယတန်းစား စွမ်းအားကို အသုံးပြုနိုင်တယ်”

ဝမ်ဝေ့က သူ ဆိုလိုသည်ကို နားလည်လိုက်၏။ တာအိုနှလုံးသားက အဆင့် ၁၀ အတွက် အရေးပါလှသည်။ တာအိုနှလုံးသား ပျက်စီးနေသည့် လူတချို့က ကောင်းကင်အလိုဆန္ဒကို ခံယူနိုင်မည် မဟုတ်ဘဲ သူတို့ စုပ်ယူပါက သေဆုံးသွားကြလိမ့်မည်။ တာအိုနှလုံးသားအက်ကြောင်း ရှိသည့်လူများကမူ တာအိုဘိုးဘေးစွမ်းအားနှင့် ယှဉ်နိုင်သည့် အတုအယောင်ဧကရာဇ် ဖြစ်လာနိုင်သည်။

နောက်ဆုံးတွင် လူတစ်ယောက်က ပြစ်ချက်တချို့ရှိနေပါက သူတို့သည် သူတို့၏ ပါရမီအပေါ် မူတည်၍ ကွဲပြားသည့် ဧကရာဇ်အမျိုးမျိုး ဖြစ်လာနိုင်၏။ သို့သော်လည်း သူတို့က တတိယတန်းစား ဧကရာဇ်၏ စွမ်းအား ၅ ရာခိုင်နှုန်းကို အသုံးပြုနိုင်လေပြီ။

ထို့ကြောင့် လက်ရှိ ဝမ်ချန်က ပထမတန်းစား သို့မဟုတ် အတုအယောင် ထာဝရဧကရာဇ် ဖြစ်လာနိုင်သော်လည်း သူ၏ ပြစ်ချက်ရှိသည့် တာအိုနှလုံးသားဖြင့် တတိယတန်းစား စွမ်းအားကိုသာ ထုတ်သုံးနိုင်သည်။

ထိုအချက်က ဝမ်ဝေ့လိုမျိုး လူအတွက်ပင် သက်ရောက်မှုရှိ၏။ အကယ်၍ တစ်ရက်ကျ တာအိုနှလုံးသားတွင် အက်ကြောင်း သို့မဟုတ် ပြစ်ချက်များ ပေါ်ထွက်လာပါက သူသည် ထာဝရအထွတ်အထိပ် ဖြစ်နေစေကာမူ သူ့အင်အားက သိသိသာသာ လျော့ကျသွားလိမ့်မည်။

“တကယ်ကို သတင်းကောင်းပဲ” ဝမ်ဝေ့က သူ့အဘိုးအတွက် အစီအစဉ်သည် အလုပ်ဖြစ်မည် ဖြစ်ကြောင်း သိလိုက်၏။ ထိုလူအိုကြီးက နေမင်းကိုးပါးဧကရာဇ်နှင့် လက်ရည်တူ တိုက်ခိုက်နိုင်သည့် အခွင့်အရေးရှိသရွေ့ တာအိုနှလုံးသားသည် ပြင်ဆင်နိုင်မည်ဖြစ်ကာ ပြန်လည်ဝင်စားနိုင်လိမ့်မည်။

မဟုတ်သေးဘူး။ သူက ဒီလောက် အခက်အခဲတွေ ကြုံတွေ့နေဖို့ မလိုဘူး။ သူက ဒိုင်မေးရှင်းအမြင့်မှာ တာအိုကို သက်သေပြလို့ရတယ်…

သို့သော်လည်း သူက ထိုအတွေးအခေါ်နှင့် ပတ်သက်ပြီး စိတ်ရှုပ်ထွေးနေမိသည်။ သူက သူ ကပ်ပါးများကို မဖြေရှင်းခင်အထိ သူ့မိဘများကို မတက်လှမ်းစေလိုပေ။ သူ့အဘိုးကို ဒိုင်မေးရှင်းအမြင့်ဆီ ကြိုတင်လွှတ်လိုက်ခြင်းက စွန့်စားလွန်းရာကျနေပြီ ဖြစ်၏။

“ကောင်လေး မျက်မှောင်ဒီလောက်ကြုတ်ပြီး ဘာတွေစဉ်းစားနေတာတုန်း”

“ဘာမှမဟုတ်ပါဘူး”

“ကောင်းပြီ ဘာဖြစ်ဖြစ် မင်းက ဇနီးရှိပြီး တာဝန်တွေ သယ်ပိုးထားရတဲ့ အမျိုးသားတစ်ယောက်ဖြစ်နေပြီဆိုတော့ ငါ့ အကူအညီကို လိုမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းရဲ့ မိသားစုက မင်းရဲ့အကြီးမားဆုံး မဟာမိတ်ဆိုတာကို မှတ်ထား။ ငါတို့က မင်းကို ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် အမြဲထောက်ခံပေးနေမှာ။ မင်းရဲ့ ကျင့်ကြံရေးခရီးလမ်းက ဘယ်လောက်ပဲ ရှည်ရှည် ငါတို့က မင်းအတွက် အမြဲရှိတယ်”

“ဟုတ်ကဲ့ပါ”

“ကောင်းပြီ သွားကြစို့။ မင်းရဲ့ ဟင်းလျာနဲ့ ကမ်းခြေပွဲတုန်းက ဖန်တီးခဲ့တဲ့ သောက်စရာတွေကို လွမ်းနေပြီ”

***

All Chapters