← Chapters

အတိတ် အပိုင်း(၁)

Vol. 51 Ch. 711

အတိတ် အပိုင်း(၁)

Vol. 51 Ch. 711

“ယန်းချန်ရဲ့ တဲဆီကို သွားတာကို မြင်လိုက်တယ်။ ဘာဖြစ်လို့လဲ” ဝမ်ချန်က ဝမ်မျိုးနွယ် တောင်ထိပ်ဆီ ပျံသန်းနေရင်း မေးလိုက်သည်။

“အော် … ဒါလား” ဝမ်ဝေ့က ယန်းချန်နှင့် စကားဝိုင်းအကြောင်းကို အသေအချာရှင်းပြလိုက်၏။

“မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ အထူးသဖြင့် မင်းက သက်ရှိတွေအားလုံးရဲ့ ထိပ်ကို ရောက်ရှိသွားတဲ့အခါမှာ မင်း အားနည်းစဉ်က ကူညီဖူးတဲ့သူတွေကို မေ့မပစ်သင့်ဘူး”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူ့အနေဖြင့် တာအိုကို သက်သေပြပြီးသည့်နောက်တွင် အေးစက်စက်ဖြစ်လာသည့် မဟာဧကရာဇ်များအကြောင်းကို ဖတ်ရှုခဲ့ဖူးသည်။ သူတို့က တစ်ခါက သူတို့ကို ကူညီဖူးသည့်လူများအား နှိမ့်ချကြည့်ကာ သူတို့၏ အတိတ်ဆက်နွယ်မှုများကို ပစ်ပယ်ပြီး စိတ်ကြီးဝင်သွားတတ်ကြသည်။

ဝမ်ဝေ့က တချို့အပြောင်းအလဲများက ရှောင်လွှဲလို့ မရကြောင်း နားလည်လေသည်။ လူတစ်ယောက်က မဟာဧကရာဇ်လိုမျိုး စွမ်းအားကြီးကာ လွှမ်းမိုးမှုရှိလာခဲ့လျှင် မိတ်ဆွေဟောင်းများနှင့် အပေါင်းအပါများကို အရင်ကလိုမျိုး အတူတူဆက်ဆံနိုင်ဖို့အတွက် ခက်ခဲလိမ့်မည်။ သက်တမ်းကွာဟချက်ကြောင့် တချို့သော ဧကရာဇ်များက ထိုလူများအား မသေမျိုးဘဝကို ရယူဖို့ ကူညီပေးဖို့ရာ အစီအစဉ်မရှိသရွေ့ ထိုမိတ်ဆွေဆက်ဆံရေးမျိုးတွင် စိတ်နှစ်ထားမည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က ထိုဧကရာဇ်များထဲမှ တစ်ယောက်ဖြစ်လာမည် မဟုတ်ပေ။

အိမ်သို့ပြန်ရောက်ပြီးသည့်နောက်တွင် သူ့အမေက ညစာကို ပြင်ဆင်ပြီးသား ဖြစ်၏။ သို့သော်လည်း ဝူဟုန်က ပေါ်ထွက်မလာပေ။ ဝမ်ဝေ့က အကြောင်းအရင်းကို နားလည်၏။ မိသားစု စုဝေးပွဲများအတွင်း သူ့ဇနီးက မကြာခဏဆိုသလို နေရခက်လေ့ရှိသည်။

သဘောတရားအရပြောရလျှင် သူမက အဖွဲ့တွင် အသက်အကြီးဆုံး ဖြစ်၏။ သို့သော်လည်း ဝမ်ဝေ့၏ တာအိုလက်တွဲဖော်အနေဖြင့် သူမ၏ ဝါစဉ်က လူငယ်မျိုးဆက် ဖြစ်နေလေသည်။ အကယ်၍ သူမ၏ အဆင့်အတန်းနှင့် ဧကရာဇ် … မဟုတ်သေးဘူး စံပြတစ်ယောက်၏ အင်အားကိုပါ ထည့်ပေါင်းလိုက်လျှင် ကိစ္စတွေက ပိုမိုရှုပ်ထွေးသွားလိမ့်မည်။

သူ့မိသားစုဝင်များက ဉာဏ်ကောင်းသူများဖြစ်သည့်အတွက် သူမ၏ ဇစ်မြစ်အစစ်အမှန်ကို မှန်းဆပြီးသားဖြစ်၍ ပိုမိုနေရခက်လာစေသည်။ အထူးသဖြင့် သူ့အဘိုး ရှိနေသည့် အခါတွင် ဖြစ်၏။ ထိုလူအိုကြီးက သူ့အသက်အရွယ်ကြောင့် မိသားစုတွင် အဆင့်အတန်း အမြင့်မားဆုံး ဖြစ်သင့်သော်လည်း သူ့မြေးချွေးမ ရှေ့တွင် သူ့ကိုယ်သူ ချုပ်ထိန်းနေရသည်။

သူ့အကျင့်စရိုက်ဖြင့် ဝမ်ဝေ့က ထိုနေရခက်မှုကို ဂရုမစိုက်ဘဲ စိတ်ဝင်စားဖို့ ကောင်းမည်ဟု ထင်မိပြီး သူ့ဇနီးအား မကြာခဏ စလေ့ရှိ၏။ ထိုသို့လုပ်ပြီးသည့်နောက်တွင် မကြာခဏ ရိုက်နှက်ခံရလေ့ရှိ၏။ ဝမ်ဝေ့က ထိုမိသားစု စုဝေးပွဲများအတွင်း သူ့ဇနီးတစ်ယောက် ရှက်ကိုးရှက်ကန်း ဖြစ်နေသည်ကို မြင်တွေ့ရသည်မှာ ထိုက်တန်သည်ဟု ထင်မိ၏။

“ကျွန်မ အဆင်ပြေပါတယ်။ ဒါနဲ့ အဖေရော ဘယ်လိုနေသေးလဲ” ယုယန်က သူ့ယောက္ခမ၏ အရှိန်အဝါ အပြောင်းအလဲကို သတိပြုမိကာ မေးလိုက်သည်။

“ဒီလိုမျိုး ငြိမ်းချမ်းမှုကို မခံစားရတာ အတော်ကြာပြီ” ဝမ်ချန်က သက်ပြင်းချကာ ပြောလိုက်၏။ ထို့နောက် သူက ရယ်မောလိုက်ပြီး “ငါ့ရဲ့ ငတုံး သားလေးရော ဘယ်မှာလဲ”

“သူက သီးသန့်ကျင့်ကြံနေတာပါ”

“သီးသန့်ကျင့်ကြံနေတာလား။ အားလုံးအဆင်ပြေရဲ့လား”

သူ့တွက်ချက်ထားမှုအရ သူ့သားသည် ဧကရာဇ်တစ်ပိုင်းအဆင့်ဖြစ်သင့်သည်မှာ ကြာမြင့်လှပြီဖြစ်၏။ ထို့ကြောင့် သူက တစ်စုံတစ်ခု မမှားယွင်းသရွေ့ သီးသန့်ကျင့်ကြံရေး ဝင်ရောက်မည် မဟုတ်ပေ။

“ဟုတ်တယ်။ သူက အခုခန္ဓာကိုယ် လေ့ကျင့်နေပြီလေ”

ဝမ်ချန်က ထိုသတင်းကြောင့် ပိုမိုအံ့အားသင့်သွားမိ၏ “ဘာတွေဖြစ်သွားတာလဲ”

“သူ့သားနဲ့ တည်ထောင်သူက သူ့ကို ဉာဏ်အလင်းဖွင့်ပေးလိုက်တာ” ယုယန်က ဝမ်ထျန်း၏ သီးသန့်ကျင့်ကြံမှု၏ အကျိုးနှင့် အကြောင်းကို ရှင်းပြခဲ့သည်။

“ဟား…ဟား…ဟား…ဒါက ငါ့ရဲ့ ကျင့်ကြံရေး အောင်မြင်တာထက်တောင် ပိုကောင်းနေတဲ့ သတင်းပဲ။ ဒီနှစ်သန်းချီအောင် သူ့ခန္ဓာကိုယ် လေ့ကျင့်သင့်တယ်လို့ ဆက်တိုက်ပြောပြီးတော့ သူ့တာအိုနဲ့ မဆိုင်ပါဘူးလို့ ဖျောင်းဖျနေခဲ့ရတယ်”

ဝမ်ချန်က သူ့သား၏ ခေါင်းကြောမာမှုကို အမှတ်ရလာမိသည်။ ဤနှစ်များစွာတိုင် သူ့သားသည် စကားနားမထောင်သလို လက်မလျှော့ဘဲ သူနှင့် စကားများခဲ့သည့် တစ်ခုတည်းသော အချိန် ဖြစ်ပေသည်။ မဟုတ်သေးဘူး … သူက ယုယန်ကို လက်ထပ်လိုသည့် အချိန်ကလည်း ရှိခဲ့ဖူးသည်။

အကယ်၍ သူ့ မရမက တောင်းဆိုမှုကြောင့်သာ မဟုတ်လျှင် ဝမ်ထျန်းက အဆင့် ၅ အဆီအနှစ်ပန်းပွင့်ကို ဖွဲ့စည်းခဲ့မည် မဟုတ်ပေ။ ထိုသူက အဆင့် ၉ ကိုပင် ကျော်လွှားမည် မဟုတ်ပေ။

“သူက အခု အလင်းရောင် တွေ့သွားပြီဆိုတော့ တော်သေးတာပေါ့”

“ဟုတ်တယ်။ ဒီထက်ပိုကောင်းတာ မရှိနိုင်တော့ဘူး” ယုယန်က ရေရွတ်လိုက်၏။

ထိုစဉ် ဝမ်ဝေ့က တစ်စုံတစ်ခုကို တွေးမိသွားကာ မေးလိုက်သည် “အဘိုးရော အဘွားကို အသက်ပြန်သွင်းဖို့ စဉ်းစားဖူးလား”

ထိုစကားများကို ပြောပြီးသည့်နောက်တွင် ဝမ်ဝေ့က သူအမှားလုပ်လိုက်ကြောင်း သိလိုက်သည်။ ဝမ်ချန်၏ စိတ်အားတက်ကြွဖွယ် အငွေ့အသက်က ချက်ချင်းဆိုသလို တိတ်ဆိတ်သွားလေ၏။

ကျစ်

ဝမ်ဝေ့က တွေးလိုက်မိပြီး သူ့အမှားကို သတိပြုမိသွားသည်။ ပုံမှန်အားဖြင့် သူသည် လူမှုဆက်ဆံရေးတွင် အမြဲလိုလို လေ့လာမှုကောင်းသော်လည်း သူ့မိသားစုနားတွင် စိတ်အေးလက်အေး ဖြစ်လွန်းတတ်သည်။ ထို့အပြင် သူက ထိုလူအိုကြီးအား လက်ရှိအခြေအနေထက်ပို၍ ပျော်ရွှင်သွားစေမည့် နည်းလမ်းရှိလိမ့်မည်ဟု စဉ်းစားခဲ့မိ၍ ဖြစ်သည်။

ဝမ်ဝေ့က သူ့အမေ၏ အကြည့်ကို နားလည်စွာဖြင့် အလျင်အမြန် ရှင်းပြလိုက်သည် “ကျွန်တော်က…”

“ကိစ္စမရှိပါဘူး” ဝမ်ချန်က သူ့အား တားကာ ပြောလိုက်သည် “မလိုတော့ဘူး”

ဝမ်ဝေ့က သူ့သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်ဆေးပင်တချို့ကို ထုတ်ယူကာ ထိုဝိညာဉ်ဆေးပင်၏ ကံကြမ္မာကို သူအလိုရှိသည့် ဗော်ကာအဖြစ် ပြောင်းလဲလိုက်၏။ ဝမ်ဝေ့က တခြားအထွတ်အထိပ်တာအိုများကို ထိန်းချုပ်ဖို့ ကံကြမ္မာတာအိုကို မည်သို့အသုံးပြုနိုင်ကြောင်း စမ်းသပ်နေခဲ့၏။ ဤသည်က ဖန်ဆင်းခြင်းတာအိုနှင့် ပတ်သက်ပြီး သူ့အောင်မြင်မှုထဲမှ တစ်ခုဖြစ်သည်။

သူက ထိုလူအိုကြီးအား သောက်စရာ ထည့်ပေးလိုက်သည်။ ထိုအရာက ကမ်းခြေပွဲတွင် သူ့အကြိုက်ဆုံး ဖြစ်၏။

“အဘိုးက တစ်ခါမှ အဘွားအကြောင်းကို မပြောဖူးဘူး။ သူမက ဘယ်လိုလူမျိုးလဲ”

ဝမ်ဝေ့က သူ့အဘိုးနှင့် အဖေတို့က သိပ်မပြောပြသည့်အတွက် အဘွားအကြောင်း အနည်းငယ်သာ သိလေသည်။ သူ မေးလိုက်သည့်အချိန်တိုင်းတွင် သူမက အံ့ဩဖို့ကောင်းသည့် အမျိုးသမီးဟုသာ အဖြေရရှိတတ်၏။

“မင်းရဲ့အဘွားက ငါ တွေ့ဖူးသမျှထဲမှာ အံ့ဩဖို့အကောင်းဆုံး အမျိုးသမီးပဲ” ဝမ်ချန်က တစ်ငုံသောက်ကာ ပြောလိုက်သည်။

ထိုအရာက ဝမ်ထျန်း၏ မျိုးဆက်မစခင် ဖြစ်ပျက်ခဲ့သည့် ဇာတ်ကြောင်းတစ်ခု ဖြစ်သည်။

ဝမ်ချန်၏ မိခင်၊ ထိုမျိုးဆက်၏ ခေါင်းဆောင်ဖြစ်သူက ဝမ်ချန်အား ပင်မဝမ်မျိုးနွယ်၏ သွေးမျိုးဆက် ဆက်ရှိဖို့ ဝမ်ချန်အား တစ်စုံတစ်ယောက်နှင့် လက်ထပ်ဖို့ ဆက်တိုက် တိုက်တွန်းနေခဲ့သည်။

မျိုးဆက်အသစ်က ချဉ်းကပ်လာပြီဖြစ်ကာ လက်ထပ်ပြီး ကလေးယူဖို့အတွက် အချိန်ကောင်း ဖြစ်၏။ ပုံမှန်အားဖြင့် ကျင့်ကြံသူများက ကလေးရရှိဖို့ ခက်ခဲလှသည်။ အထူးသဖြင့် နှစ်ဦးလုံးက ကျင့်ကြံဆင့်မြင့်နေသည့်အခါတွင် ဖြစ်၏။ ထိုအရာက မဟာတာအို၏ မျှခြေသဘောတရားလည်း ဖြစ်ပေသည်။ သို့သော်လည်း အင်အားစုတချို့က သီးသန့်နည်းစနစ်ကို အသုံးပြုကာ ထိန်းချုပ်ပြီး သူတို့၏ ကျင့်ကြံဆင့်ကို စည်းပိတ်ကာ သေမျိုးကိုယ်ဝန်ဆောင်ကြသည်။

သို့သော်လည်း ထိုနည်းလမ်းနှင့် ပတ်သက်ပြီး ပြဿနာက သူတို့ကလေး၏ ပါရမီသည် ကြုံရာကျပန်း ဖြစ်လိမ့်မည်။ တခြားနည်းဖြင့်ဆိုရလျှင် သူတို့ကလေးက မိဘ၏ ကျင့်ကြံရေးပါရမီများကို အမွေဆက်ခံနိုင်မည် မဟုတ်ပေ။ ထိုနည်းစနစ်ကို အသုံးပြုကာ မွေးဖွားလာသည့် ကလေးက အလွန်အမင်း ပါရမီရှိခြင်း သို့မဟုတ် အလုံခန္ဓာကိုယ် မရှိသည့် သေမျိုးတစ်ယောက်မျှသာ ဖြစ်နေနိုင်သည်။

ထူးဆန်းသည်က မျိုးဆက်တစ်ခုပြီးဆုံးပြီး နောက်တစ်ခု စတင်စဉ် ကာလအတွင်း ကျင့်ကြံသူအားလုံး၏ မွေးဖွားနှုန်းက အလွန်အမင်း မြင့်မားလာကြသည်။ မိုးမြေ၏ စည်းမျဉ်းများက ပြောင်းလဲသွားကာ သူတို့အား ပါရမီရှိသည့် အမွေဆက်ခံသူမွေးဖွားဖို့ ခွင့်ပြုပေးထားလေ၏။ ထို့ကြောင့် ကောင်းကင်ရွေးချယ်ခံများသည် တူညီသည့် အချိန်ကာလတွင် မွေးဖွားလာသည့် အကြောင်းအရင်းတစ်ခုလည်းဖြ စ်ပေသည်။

ထိုစဉ် ဝမ်ချန်က ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို ရှုံးနိမ့်ပြီးသည့်နောက်တွင် စိတ်ပျက်ကာ လက်ထပ်ဖို့နှင့် ကလေးယူဖို့ရာ စိတ်မဝင်စားပေ။ သူက ဂိုဏ်းချုပ်အဖြစ် တာဝန်ထမ်းဆောင်ခြင်းကိုပင် စိတ်မဝင်စားတော့ပေ။

ထို့ကြောင့် တစ်ရက်ကျ သူ့အမေနှင့် စကားများပြီးသည့်နောက်တွင် ဂိုဏ်းမှ ထွက်လာပြီး စိတ်ထဲရှိရာ လျှောက်သွားခဲ့သည်။ သူ အသိပြန်ဝင်လာသည့်အခါ ဧရာမ သေမျိုးမြို့တစ်ခုဆီ ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။ ပထမဆုံး သတိပြုမိသည်က တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည့် ရှည်လျားလှသည့် လူအတန်းလိုက်ကြီး ဖြစ်သည်။

သူက ထိုလူများသည် ဘာကို စောင့်ဆိုင်းနေတာလဲဟု စစ်ဆေးကြည့်လိုက်စဉ် ပတ်ဝန်းကျင် တိုင်းပြည်ခုနစ်ခုလုံးတွင် ကျော်ကြားနေသည့် အမျိုးသမီးတစ်ဦးကို တွေ့ဖို့ရာ ဖြစ်နေလေ၏။

ဝမ်ချန်က အချိန်အတော်ကြာ နေခဲ့ဖူးသော်လည်း ယနေ့အထိ ပထမဆုံးတွေ့ဆုံမှုကို အမှတ်ရနေဆဲ ဖြစ်သည်။ သူက အသက်သုံးဆယ်အရွယ်ရှိ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမလှတစ်ဦးကို မြင်လိုက်ရသည်။ သူမ၏ အကြည့်များတွင် တစ်ကမ္ဘာလုံးဆီမှ ကင်းကွာနေသည့် ခံစားချက်မျိုး ပါဝင်နေသည်။

သူမက သူ့အား ကြည့်ကာ ပြောလိုက်သည် “အကြည့်တွေကလည်း တောက်ပတယ်။ အသားအရည်ကလည်း ကောင်းတယ်။ ခန္ဓာကိုယ်ကလည်း အသက်ဓာတ် ပြည့်ဝနေတယ်။ ရှင်က အပြည့်အဝကျန်းမာနေတာပဲ။ အဲဒါကြောင့် ကျွန်မရဲ့အချိန် မဖြုန်းဘဲ ထွက်သွားတော့”

ဝမ်ချန်က ခဏမျှအံ့အားသင့်သွားကာ မည်သို့တုံ့ပြန်ရမှန်းမသိတော့ပေ။ သို့သော် သူက အချိန်မရှိပေ။

“မဟုတ်သေးဘူး။ ရှင်က အသုံးဝင်နိုင်တယ်။ ဒီမှာ ဆေးတွေ သယ်ပေးဖို့ လူမလုံလောက်ဘူး။ ရှင်က လုပ်နိုင်စွမ်းရှိတယ်ဆိုတော့ ကူညီပေးနိုင်တယ်။ ဒါပေမဲ့ ရှင့်ရဲ့ တန်ဖိုးကြီး အဝတ်အစားတွေအပေါ် မူတည်ပြီး ရှင်က လုပ်ချင်ပါ့မလား”

“ရပါတယ်” ဝမ်ချန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ အရင်ဆုံး ဒီအဆင့်နိမ့် ဆေးစွပ်ပြုတ်တချို့ကို ရောပေး။ ပြီးရင် ရေးထားတဲ့ ဖော်စပ်နည်းအတိုင်း လုပ်ရုံပဲ။ ကျွန်မ လာစစ်လှည့်မယ်”

မြောင်ရွဲ့က လူနာများကို ကုသဖို့ ထွက်သွားစဉ် ဝမ်ချန်က ဆေးများကို သယ်ဆောင်ဖို့ ထွက်သွားလေသည်။ ပထမအသုတ်ပြီးသည့်နောက်မှ ရုတ်ချည်း အသိဝင်လာကာ သူ ဘာလုပ်သွားခဲ့လဲဟု သဘောပေါက်သွားခဲ့၏။

ကမ္ဘာပေါ်တွင် အားအကောင်းဆုံးဧကရာဇ် မျိုးဆက်၏ ဂိုဏ်းချုပ်တစ်ဖြစ်လည်း ဧကရာဇ်တစ်ပိုင်းအဆင့်ရှိသည့် ဝမ်ချန်က လူများကို ဆေးစပ်ပေးဖို့ ကူညီပေးနေသည်လား။

သူက အခြေအနေသည် မည်မျှယုတ္တိမရှိကြောင်း တွေးမိကာ ခေါင်းအသာယမ်းလိုက်ပြီး ထွက်သွားဖို့ ပြင်လိုက်သည်။ သို့သော်လည်း တံခါးဝဆီ ခြေလှမ်းအနည်းငယ် လှမ်းပြီးသည့်နောက်တွင် သူ့ကျောရိုးတစ်လျှောက် ကြက်သီးတဖျင်းဖျင်း ထသွားလေ၏။

သူက လှည့်ကြည့်လိုက်သည့်အခါ သမားတော်က သူ့အား နေမင်းကိုးပါးဧကရာဇ်ဆီမှ နောက်ဆုံးထိချက်ထက်ပင် ကြောက်ဖို့ကောင်းနေသည့် အကြည့်မျိုး ပေးလာသည်။

“ရှင် ဘာလုပ်နေတာလဲ။ ရှင် အချိန်ဖြုန်းနေရင် အသက်များများ မကယ်နိုင်တော့ဘူးဆိုတာ မသိဘူးလား” မြောင်ယွဲ့က ပြောလိုက်သည်။

“သမားတော် ကျုပ် တောင်းပန်ပါတယ်” ဝမ်ချန်က မလုံမလဲ ပြောလိုက်၏။ သူက ဆေးစပ်ဖို့နှင့် ဆေးသယ်ဖို့ တာဝန်ကို ပြန်လည်ထမ်းဆောင်လိုက်သည်။

ကံကြမ္မာပါသည့် နေ့ရက်တွင် အင်အားကြီး ကျင့်ကြံသူတစ်ဦးက ရိုးရှင်းသည့် သေမျိုးသမားတော် တစ်ယောက်၏ လွှမ်းမိုးမှုကို ခံလိုက်ရသည်။

***

All Chapters