← Chapters

အတိတ် အပိုင်း(၂)

Vol. 51 Ch. 712

အတိတ် အပိုင်း(၂)

Vol. 51 Ch. 712

ဝမ်ချန်က နှစ်မိနစ်ကြာသည်အထိ ဗော်ကာ သောက်သုံးခြင်းကို မရပ်တန့်နိုင်တော့ပေ။

“နောက်ထပ်” သူက စားပွဲပေါ်ကို ရိုက်ချကာ ပြောလိုက်သည်။

ဝမ်ဝေ့က ထပ်မံ ဖြည့်ပေးလိုက်ပြီး သိုလှောင်လက်စွပ်ထဲ မန္တန်တစ်ခု ချမှတ်ကာ ပစ္စည်းများအား သန့်စင်ပြီး သေရည်ခရားထဲ ဆက်တိုက် ပို့ဆောင်ပေးကာ ထိုလူအိုကြီးဆီ အရက်မကုန်ခမ်းသွားအောင် လုပ်ပေးခဲ့သည်။

“ပထမဆုံး တွေ့ဆုံပြီးကတည်းက အရာအားလုံးက အတော်လေးကို အဆင်ပြေချောမွေ့နေခဲ့တယ်” ဝမ်ချန်က ပြောလိုက်သည်။

“သိပ်မကြာခင် မင်းအဘွားက ငါက ကျင့်ကြံသူဆိုတာ သိသွားတယ်လေ။ ဒါပေမဲ့ အများကြီးတော့ ဂရုမစိုက်ပါဘူး။ ပြောရရင် သူမက ငါ့ကို လူနာတွေများများ ကယ်တင်မဲ့ နည်းလမ်းအဖြစ်ပဲ မြင်တာ။ အကြောင်းအရင်းတချို့ကြောင့် ငါက အဲဒီမှာ အလုပ်လုပ်တာကို မရပ်တန့်နိုင်ခဲ့ဘူး”

ဝမ်ချန်က အရက်သောက်ကာ သက်ပြင်းချလိုက်သည်။

“အဲဒီတုန်းက သူမအကြောင်း သိလာပြီးတော့ ချစ်ကျွမ်းဝင်သွားခဲ့တယ်။ မင်းရဲ့အဘွားက မွေးရာပါ ရောဂါရှိပြီးတော့ အသက်နှစ်ဆယ်ကျော်အောင် နေနိုင်မှာ မဟုတ်ဘူးလို့ သမားတော်တွေက ပြောခဲ့ကြတယ်။ ဒါပေမဲ့ သူမက ထူးချွန်ပြီးတော့ ကံကြမ္မာကို လက်ခံဖို့ ငြင်းဆန်ခဲ့တယ်။ ငါးနှစ်အရွယ်လေးနဲ့ သူမက ဆေးပညာကို စတင်လေ့လာခဲ့တယ်။ သူမကို တွေ့တဲ့အချိန်တုန်းက အသက်လေးဆယ်နား ရောက်နေပြီ။

နှမြောစရာကောင်းတာက သူမရဲ့ ဖျားနာမှုနဲ့ အတွေ့အကြုံကြောင့် သေခြင်းရှင်ခြင်းတွေကို ကျော်ဖြတ်လာတော့ ထူးကဲတဲ့ စိတ်သဘောထားမျိုးကို ပိုင်ဆိုင်ထားတယ်။ ကမ္ဘာကြီးနဲ့ မသက်ဆိုင်သလိုမျိုးပေါ့။ ဒီလိုစိတ်အခြေအနေမျိုးက သူမသာ တာအိုဘာသာကို ကျင့်ကြံမယ်ဆိုရင် ထူးချွန်ပြောင်မြောက်တဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်လာနိုင်တယ်။”

“အဲဒါဆိုတော့ ဘာဖြစ်သွားတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။ သူက သူ့အဘိုးသည် သူမကို ကျင့်ကြံခိုင်းဖို့ မကြိုးစားကြည့်ဘူးဟု မယုံပေ။ ကြည့်ရသည်မှာ သူမက အသတ်ခံလိုက်ရနိုင်ချေလည်း မရှိပေ။

“သူမက ကျင့်ကြံဖို့ ငြင်းဆန်ခဲ့တယ်။” ဝမ်ချန်က ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။

“သူမကို ဖျောင်းဖျဖို့ ကြိုးစားတဲ့အချိန်တိုင်း အဖြေက အမြဲတမ်းအတူတူပဲ။ သူမက ‌မွေးဖွားမှု၊ ရောဂါ၊ အသက်ကြီးရင့်လာမှုနဲ့ သေခြင်းတရားဆိုတာက ဘဝရဲ့ တစိတ်တပိုင်းတစ်ခုပဲဆိုပြီး ပြောခဲ့တယ်လေ။ သူမရဲ့ သက်တမ်းက တိုတောင်းပေမဲ့ ကျင့်ကြံသူတွေနဲ့ သူတို့အောင်မြင်မှုတွေ ရထားသလိုမျိုး ကြီးကျယ်ခမ်းနားတယ်တဲ့။

သူမရဲ့ စိတ်သဘောထားက လူတိုင်းမှာ အချိန်ဘယ်လောက်ပဲရှိရှိ အသက်ရှည်ခြင်းက သူမအတွက် အဓိပ္ပာယ်မရှိတဲ့အတွက် ဘဝဆိုတာ နေပျော်တယ်လို့ပဲ ခံယူထားတယ်။ ငါက သူမရဲ့ သက်တမ်းဆွဲဆန့်ပေးမဲ့ အကူအညီကိုတောင် လက်မခံခဲ့ဘူး” ဝမ်ချန်၏ မျက်လုံးများက အနည်းငယ် နီရဲလာ၏။

“သူမက မင်းအဖေကို မွေးပြီးတော့မှ စိတ်ပြောင်းသွားခဲ့တာ”

ဝမ်ချန်က ရုတ်တရက် ထရယ်လိုက်၏ “မင်းအဘွားက အတော်လေးကို အားကောင်းပြီးတော့ စိတ်ဓာတ်မာတဲ့ အမျိုးသမီးပဲ။ ငါ အဝေးရောက်နေတုန်း ဓားပြတွေက သူမကို ဓားနဲ့ထိုးသွားတယ်ဆိုတာကို တွေ့လိုက်ရတယ်။ အဲဒီနေ့ရက်ကို မှတ်မိနေတုန်းပဲ။ ငါ့ဒေါသကို တကယ် ထိန်းမရခဲ့ဘူး။ ကျင့်ကြံသူတစ်ယောက်အနေနဲ့ ငါ့ရဲ့ မူလအဆီအနှစ်နဲ့ ချက်ချင်း ကူညီပေးနိုင်တယ်။ ဒါပေမဲ့ ငါက ကြောက်စိတ်မွှန်နေခဲ့တယ်။ သူမက ဒဏ်ရာကို ဖြည်းဖြည်းချင်း ပြပြီးတော့ ငါ့ရဲ့တည်ငြိမ်မှု မပျောက်သွားအောင်ထိန်းပေးခဲ့တယ်။

ရှောင်ထျန်း မွေးတဲ့ရက်ကလွဲပြီးတော့ အဲဒီအမျိုးသမီး မျက်ရည်ကျတာ တစ်ခါမှမမြင်ခဲ့ဖူးဘူး။ မင်း သိလား … မင်းအဖေကို ဝမ်ဝေ့လို့ နာမည်ပေးချင်ခဲ့တာ။ ဒါပေမဲ့ သူမက သဘောမတူဘူးလေ။ ငါက အတင်းအကြပ် ပြောတော့မှ သူ့နာမည်က ဝမ်ထျန်းဆိုပြီး ဖြစ်သွားခဲ့တာ”

ဝမ်ချန်က သူ့သား နာမည်ပေးခြင်းက သူ့မိခင်သည်လည်း နာမည်ပေးခွင့် လိုချင်သည့်အတွက် အခက်အခဲတွေ့ခဲ့ရသည်ကို အမှတ်ရလိုက်သည်။ အဆုံးသတ်တွင် အားလုံးက ကောင်းကင်ဘုံ၏ ဘုရင်ဟူသော ဝမ်ထျန်းနာမည်ကိုသာ လက်ခံဖို့ ဆုံးဖြတ်လိုက်ကြ၏။

“အဲဒီနောက် သူမက သက်တမ်းဆွဲဆန့်ဖို့ သဘောတူခဲ့တယ်။ ဒါပေမဲ့ ကျင့်ကြံရေးလမ်းစဉ် လျှောက်လှမ်းဖို့တော့ ငြင်းဆန်နေတုန်းပဲ။ နှစ်၅သိန်း နေထိုင်ပြီးတဲ့နောက်မှာ သူမက ချစ်တဲ့သူတွေ ဝန်းရံပြီးတော့ အပြုံးလေးနဲ့ ကွယ်လွန်သွားခဲ့တယ်”

ဝမ်ချန်က ထိုနေ့ရက်သည် မနေ့ကလိုမျိုး မှတ်မိနေဆဲ ဖြစ်၏။

ဝမ်ထျန်းက သဘာဝလွန်အဆင့်တွင် ရောက်ရှိကာ ဂိုဏ်း၏ လွှမ်းမိုးမှုဖြင့် ကျောင်းတော်၏ ရွေးချယ်မှု စစ်ဆေးပွဲအတွင်း ထိပ်တန်းကောင်းကင်ရွေးချယ်ခံ အယောက် ၃၀ လုံးကို ဖိတ်ကြားခဲ့သည်။ သူက အားလုံးကို တစ်ပြိုင်နက် စိန်ခေါ်ခဲ့ပြီး သူတို့ကို ဖိနှိပ်ထားနိုင်သည့် လွှမ်းမိုးမှုကို ပြသခဲ့၏။

ထိုတိုက်ပွဲကသာ သူ့အနေဖြင့် ယုယန်အပေါ် သက်ညှာခြင်းမပြသည့် တစ်ခုတည်းသော အချိန် ဖြစ်သည်။ သူက ကြမ်းတမ်းခက်ထန်ကာ ရက်စက်ခဲ့၏။ ထို့နောက် ချက်ချင်းဆိုသလို သူက သူ့အောင်မြင်မှုကို ပြသဖို့ သေဆုံးခါနီး သူ့မိခင်ဆီ အပြေးအလွှား သွားကြည့်ခဲ့သည်။

သူက ‌သူမကို ကျင့်ကြံဖို့ နောက်ဆုံးတစ်ကြိမ် ဖျောင်းဖျဖို့ ကြိုးစားခဲ့၏။ အနည်းဆုံးတော့ သူတာအိုကို သက်သေပြသည်အထိ စောင့်ကြည့်ဖို့ရာ ပြောခဲ့သည်။

မြောင်ယွဲ့က သူ့သား၏ နဖူးကို နမ်းရှိုက်ပြီးသည့်နောက်တွင် တောင်းပန်စကားဆိုလိုက်၏။ သူမက သူ့ကို မည်မျှဂုဏ်ယူကြောင်း တစ်ရက်ကျလျှင် ဧကရာဇ် ဖြစ်လာမည်မှန်း သံသယမရှိကြောင်း ပြောဆိုခဲ့၏။ ထို့နောက် သူက ဝမ်ချန်ကို ကြည့်ကာ တောင်းပန်ခဲ့သည်။ သူမက သူတို့အား ဤကြမ်းတမ်းကာ အထီးကျန်လာသည့် ကျင့်ကြံရေးလောကအတွင်း တစ်ယောက်နှင့် တစ်ယောက် ဂရုစိုက်ဖို့ မှာကြားခဲ့သည်။

“ကျွန်မအတွက် ဝမ်းနည်းပူဆွေးနေဖို့ မလိုပါဘူး။ သေခြင်းတရားဆိုတာက ပုံမှန်ကိစ္စပဲ။ ဒါက ခရီးစဉ်အသစ်၊ စွန့်စားမှုအသစ် တစ်ခုလိုပဲလေ” မြောင်ယွဲ့က မျက်လုံးမမှိတ်ခင် အပြုံးလေးဖြင့် ပြောသွား၏။

ဝမ်ချန်က မျှော်လင့်ချက် ကုန်ဆုံးသွားကာ သူ့ကမ္ဘာကြီး ပြိုလဲသွားသလို ခံစားလိုက်ရသည်။ သူက မည်သို့ အသက်ရှင်ရမှန်းပင် မသိတော့ပေ။ သို့သော်လည်း သူ့သားအတွက် ဆက်လက် အားကောင်းရဦးမည် ဖြစ်၏။ သူက သူအဆင်ပြေဖို့ရာ သေချာအောင် လုပ်ဆောင်ပေးရမည်။

သူ့မိခင် သေဆုံးပြီးသည့်နောက်တွင် ဝမ်ထျန်းက နှစ်တစ်သောင်းကြာ သူမ၏ ဂူဗိမာန်ကို စောင့်ရှောက်ပြီး ဓားကို မထိတွေ့ဖို့ ကျိန်ဆိုခဲ့သည်။ သူက သူ့ကတိစကားကို ထိန်းသိမ်းခဲ့၏။ သူက သူမ၏ ဂူဗိမာန်တွင် ဓားကို ဘေးချလျက် နှစ်တစ်သောင်းကြာ မထိတွေ့ဘဲ ထိုင်နေခဲ့သည်။

မြောင်ယွဲ့၏ သေဆုံးမှုက ဝမ်ချန်သည် ဝမ်ထျန်းနှင့် ယုယန်တို့ကို လမ်းခွဲဖို့ အတင်းအကြပ် မငြင်းဆန်ရသည့် အကြောင်းအရင်းထဲမှတစ်ခု ဖြစ်၏။ သူက ချစ်ခြင်းမေတ္တာကို ရှာဖွေလိုသည့် စိတ်ဆန္ဒကို နားလည်ကာ ဂိုဏ်းအနေဖြင့် သေမျိုးတစ်ယောက်ကို လက်ထပ်ခြင်းနှင့် ပတ်သက်ပြီး ဖိအားများစွာ ပေးဖို့ ကြိုးစားခဲ့သည်ကိုလည်း သိထားသည်။ ဒုတိယအနေဖြင့် သူ့သားက သူ့မိခင် သေဆုံးပြီးသည့်နောက်တွင် နှုတ်နည်းလာ၏။ ယုယန်ကသာ သူ့နှလုံးသားကို ဖွင့်ဟပေးခဲ့သူ ဖြစ်သည်။

“ဟား…ဟား…ဟား…”ဝမ်ချန်က ရယ်မောလိုက်သည်။ သို့သော်လည်း ထိုအရာပျော်ရွှင်စွာ ရယ်မောခြင်း မဟုတ်ဘဲ ကိုယ့်ကိုယ်ကို အပြစ်တင်နေဟန်ပေါ်၏။

“သူမက ဒီလိုတစ်ကိုယ်ကောင်းဆန်တဲ့ ရွေးချယ်မှုကို ဘာလို့လုပ်သွားတာလဲဆိုပြီးတော့ ညများစွာ စဉ်းစားခဲ့တယ်။ သူမက မိသားစုကို ဘာလို့ မရွေးချယ်နိုင်ခဲ့တာရတာလဲ”

သူက သက်ပြင်းချလိုက်၏။

“အခုတော့ ငါကသာ တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာကို သိသွားတယ်။ သူမကလည်း သူမရဲ့ဘဝ၊ လိုအင်ဆန္ဒ၊ ရည်မှန်းချက်နဲ့ အတွေးအခေါ်တွေ ရှိမှာပဲလေ။ သူမ မလုပ်ချင်တာကို လုပ်ခိုင်းတာက တစ်ကိုယ်ကောင်းဆန်တာပဲ”

ဝမ်ချန်က ဆက်လက် သောက်သုံးလိုက်သည်။

“အဲဒါဆိုတော့ သူမကို ပြန်လည်အသက်သွင်းဖို့ မလိုဘူး။ သူမလည်း အဲ့လိုဖြစ်စေချင်မှာ မဟုတ်ဘူး”

နှစ်များစွာ ကြာပြီးသည့်နောက်တွင် သူက ဝမ်းနည်းနေသော်လည်း သူမ၏ သေဆုံးမှုကို လက်ခံလိုက်ပြီ ဖြစ်၏။ ထို့ကြောင့် သူမကို အသက်ပြန်သွင်းခြင်းက သူမအပေါ် စော်ကားမှုတစ်မျိုးသာ ဖြစ်နေလိမ့်မည်။

ဝမ်ဝေ့က သူ့မိခင်ဘက်မှ အဘွား သေဆုံးပြီးသည့်နောက်တွင် တူညီသည့် ခံစားချက်မျိုးကို ခံစားခဲ့ရသည့်အတွက် ထိုစကားများကို နားလည်လေသည်။ သို့သော် အချိန်အတော်ကြာ ကုန်ဆုံးသွားပြီးသည့်နောက်တွင် သူ့လိုအင်ဆန္ဒများက တစ်ကိုယ်ကောင်းဆန်ကာ သူ့အဘွား၏ ဆန္ဒအပေါ် လေးစားမှု မရှိကြောင်း နားလည်သွား၏။

အဘွားရော ပြန်လည်ဝင်စားပြီးတော့ ဘဝအသစ်မှာ ဘယ်လိုနေတုန်း။ အဘိုးနဲ့ အတူတူရှိနေပြီလား…

ဝမ်ဝေ့က ထပ်မံ သောက်သုံးလိုက်သည်။ သူက အရက်ပါဝင်နှုန်းကို တိုးမြှင့်ထားပြီး သက်ရောက်မှုကိုပါ ရှိစေလိုက်သည်။

“လာ ဒီညတော့ အမူးသောက်ကြစို့” ဝမ်ချန်က ပြောလိုက်၏။

ဝမ်ဝေ့ကလည်း သဘောတူသည်။ ထိုစဉ် ယုယန်က ထိုသူနှစ်ဦးကို စိုက်ကြည့်နေသည်။ ထိုဇာတ်ကြောင်းက သူမ၏ မိခင်ကို အမှတ်ရသွားစေသည့်အတွက် သူမအား ဝမ်းနည်းစေသည်။ သူမကလည်း သောက်ချင်သော်လည်း ထိုသူနှစ်ဦးကို တစ်စုံတစ်ယောက်က စောင့်ကြပ်ပေးရဦးမည် ဖြစ်၏။

ထို့ကြောင့် သူမက သူတို့မူးသွားသည်အထိ ငါးနာရီကြာစောင့်ပြီးမှ သက်ပြင်းသာချလိုက်သည်။ သူမက စားပွဲပေါ်မှ ထကာ သူတို့အား အနားယူဖို့ ပြင်ဆင်ခိုင်းစဉ် အခန်းအတွင်း တစ်စုံတစ်ယောက် ရောက်ရှိလာ၏။

နောက်တစ်ရက်တွင် ဝမ်ဝေ့က မျက်လုံးဖွင့်လာသည်။

“ဘယ်ရောက်နေတာလဲ” သူက ဘေးပတ်လည်ကို ကြည့်ကာ ပစ္စည်းတချို့ကို အမှတ်ရသွားသည်။ သို့သော် သူ့ခေါင်းက ချာချာလည်နေပြီး မြင်ကွင်းများက ဝေဝါးနေ၏။

“ရှင် နိုးလာပြီပဲ”

ဝမ်ဝေ့က သူ့သွေးစွမ်းအားနှင့် ဝိညာဉ်စွမ်းအားတို့ကို ရွေ့လျားကာ အမူးလွန်သည့် ခံစားချက်များအား ဖယ်ရှားလိုက်သည်။

“ကျစ် အဲဒီလူအိုကြီးက တကယ်ကို အရက်သောက်နိုင်စွမ်းမြင့်တာပဲ”

“ရှင်က သူ့ထက် ပိုသောက်တယ်”

“အဲလိုလား” သူက ထိုအရာသည် အမှန်ဖြစ်ကြောင်း သိလိုက်၏။ သူက ထရပ်ကာ ခန္ဓာကိုယ်အညောင်းအညာ ဆန့်လိုက်ပြီး “ဒါနဲ့ ကိုယ်က စကားမပြောဘူး မဟုတ်ဘူးလား”

“ဟုတ်တာပေါ့”

“အဲဒါဆိုတော့ ကိုယ့်ကို ဘာလို့ စကားလာပြောနေတာလဲ”

“ရှင်က ကျွန်မကို ပြောနေတာ မဟုတ်ဘူးလေ။” ဝူဟုန်က သူ ကျိုချက်ထားသည့် အဖန်ရည်ကို ပေးလာသည်။

“မင်း ပြောတာမှန်တယ်။ ဒါနဲ့ တစ်ခုခု မေးလို့ ရမလား” သူက ရေရွတ်လိုက်၏။

“ကျွန်မရဲ့ မိဘတွေကို ဘာလို့အသက်ပြန်မသွင်းတာလဲလို့ သိချင်တာလား”

“ဟုတ်တယ်” သူက သူ့အဘိုးလိုမျိုး စိတ်ခံစားချက် နှိုးဆွမိမည်ကို စိုးရိမ်စွာဖြင့် မေးလိုက်သည်။

“ကျွန်မရဲ့အမေက ကျွန်မကို မွေးဖွားရင်းနဲ့ သေဆုံးသွားခဲ့တာ။ ကျွန်မ သုံးနှစ်အရွယ်မှာ ကျွန်မအဖေက မိစ္ဆာမျိုးနွယ်အတွက် အစားအစာအဖြစ် ရွေးချယ်ခံလိုက်ရတယ်။ အဲဒီနောက်မှာ အိမ်နီးချင်းရွာသားတွေကပဲ လူသားဆွေကြီးမျိုးကြီးဘက်က ကျွန်မရဲ့ အလှမပကို မတပ်မက်ခင်အထိ ပြုစုပျိုးထောင်ခဲ့တာ။ သူတို့နဲ့ ပတ်သက်ပြီး မှတ်ဉာဏ်နည်းနည်းပဲ ရှိတယ်” ဝူဟုန်က ပြောလိုက်၏။

“သူတို့ဝိညာဉ်တွေကို ပြန်လည်ဝင်စားခြင်းထဲမှာ တစ်ခါက ဝင်ကြည့်ခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီအခါ သူတို့က ဘဝအသစ် ရှိနေကြပြီ”

ဝူဟုန်က ဘဝတွင် အများအပြား တွေ့ကြုံခံစားခဲ့ရသည့်အတွက် သူမမိသားစုအပေါ် စွဲလမ်းမှုက မပြင်းထန်ပေ။ သူတို့ကို ထပ်တွေ့သည့်အခါ နောက်ကျလွန်းသွားခဲ့ပြီ ဖြစ်၏။ သူမ လုပ်ပေးနိုင်သည်က သူတို့၏ ဘဝအား သေမျိုးအဖြစ် ချောမွေ့ကာ ကပ်ဘေးမရှိ နေထိုင်နိုင်စေရန် ကံကောင်းမှုအမြောက်အများ ချီးမြှင့်ပေးခြင်းသာ ဖြစ်သည်။

***

All Chapters