← Chapters

ပင်ကိုနည်းစနစ်

Vol. 52 Ch. 715

ပင်ကိုနည်းစနစ်

Vol. 52 Ch. 715

“သူမက အဆင်ပြေတယ်။ မဟုတ်သေးဘူး သူမက အဆင်ပြေတာထက်ပိုတယ်” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။ သူက အပိုပြောနေခြင်း မဟုတ်ပေ။ သုံ့လီဖန်း၏ အောင်မြင်မှုများက သူ့ကိုပင် အံ့အားသင့်စေကာ ဒဏ္ဌာရီအဖြစ် မှတ်ယူလို့ ရပေသည်။ အကယ်၍ သူမသာ အသင်္ချေအင်ပါယာကမ္ဘာသို့ ရောက်လာပါက သူနှင့် တိထျန်းမှလွဲ၍ လက်ရှိမျိုးဆက်မှ ပါရမီရှင်အားလုံးကို ဖိနှိပ်ထားနိုင်လိမ့်မည်။

ဝမ်ဝေ့က တိထျန်းမှလွဲ၍ သူမအား ထိုက်တန်သည့်ပြိုင်ဘက်အဖြစ်ပင် မှတ်ယူရလိမ့်မည်။

“ဒါပေမဲ့ သူမက အနည်းငယ် ခေါင်းမာပြီးတော့ မဆင်မခြင်ပြုမူတတ်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။ သူက လိမ်ညာနေခြင်း မဟုတ်ပေ။ သုံ့လီဖန်း၏ လတ်တလောအပြုအမူများက သေလုနီးပါးဖြစ်စေခဲ့ပြီး လမ်းစဉ်ကို ဖျက်ဆီးလုနီးပါး ဖြစ်စေခဲ့သည်။ ကံကောင်းစွာဖြင့် သူက ဂိုဏ်းကို စောင့်ကြည့်ခိုင်းထားသည့်အတွက် ဆန့်ကျင်ကျင့်ကြံသူတစ်ယောက်ကို စေလွှတ်ကာ ကယ်တင်ခိုင်းခဲ့သည်။

“သူမ အဆင်ပြေရဲ့လား” ယူစစ်ယွီက အလျင်အမြန်မေးလိုက်သည်။

“ဒဏ်ရာရသွားရုံပါ။ အဆင်ပြေပါတယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်၏ “ဒါပေမဲ့ သူမကို တွေ့ချင်တယ်ဆိုရင်တော့ လမ်းပြပေးဖို့ တစ်ယောက်ယောက်ကို လွှတ်ပေးလို့ရတယ်။”

သူမက ခေတ္တမျှတုံ့ဆိုင်းသွားကာ “အဲဒါက အဆင်ပြေပါ့မလား”

သူမ တပည့်ကို အချိန်ကြာမြင့်စွာ မတွေ့ရပြီးသည့်နောက်တွင် သူတို့ကြားရှိ ရင်းနှီးဆက်နွယ်မှု မရှိတော့မည်ကို စိုးရိမ်မိ၏။ သူတို့ ဆရာတပည့်ဆက်ဆံရေးက မိဘနှင့် ကလေးလိုမျိုး အားကောင်းသော်လည်း ထိုအချက်က တသတ်မှတ်တည်း မဟုတ်ပေ။ အထူးသဖြင့် သုံ့လီဖန်းက သူမ၏ လမ်းညွှန်မှုနှင့် အကူအညီ မရှိဘဲ ဤမျှအောင်မြင်မှုကို ရရှိပြီးသည့်နောက်တွင် ဖြစ်သည်။

“မင်းရဲ့တပည့်က ဒီလိုစွမ်းအားတွေရပြီးတဲ့နောက်မှာ စိတ်နှလုံးသား ပြောင်းလဲသွားလား၊ မပြောင်းလဲသွားလားဆိုတာကိုတော့ ဘာမှမပြောနိုင်ဘူး။ ဒါပေမဲ့ မင်း သူမနဲ့ မတွေ့မချင်း သိမှာမဟုတ်ဘူးလေ”

“အမှန်ပါပဲ။ တချို့ကိစ္စတွေက တဲ့တိုးပဲ ရင်ဆိုင်ရမယ်” ယူစစ်ယွီက ပြောလိုက်သည်။

ဝမ်ဝေ့ကလည်း သဘောတူ၏။ ထို့ကြောင့် သူက မိနစ်ပိုင်းကြာ စကားပြောပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်အား သူမကို နောက်ထပ်ကမ္ဘာ့အသိုက်အဝန်းဆီ သွားရောက်နိုင်ဖို့ စေခိုင်းခဲ့သည်။ သူက သူမ ထွက်ခွာသွားသည်ကို ကြည့်နေရင်း တွေးလိုက်သည်။

သုံ့လီဖန်းရဲ့ အောင်မြင်မှုတွေက ငါ ထင်ထားတာထက်တောင် ကျော်လွန်နေတယ်။ တကယ်လို့ သူမကို ဂိုဏ်းထဲဆွဲခေါ်နိုင်မယ်ဆိုရင် ငါတို့တွေ နောက်ထပ်မျိုးဆက်အနည်းငယ်မှာ ထာဝရဧကရာဇ်တစ်ယောက်ရှိလာနိုင်တယ်…

ထို့နောက် သူက မျက်မှောင်ကြုတ်လိုက်၏။ ထိုအတွေးအခေါ်က အပေါ်ယံတွင် ကောင်းသော်လည်း ရရှိဖို့ရာ မလွယ်ကူပေ။ သူလေ့လာထားသလောက် သုံ့လီဖန်းသည် ရည်မှန်းချက်မြင့်မားကာ အင်အားစုတစ်ခုကို အလွယ်တကူ ဝင်မည် မဟုတ်သည့်အတွက် အဆင်ပြေမည် မဟုတ်ပေ။

ဂိုဏ်းကို ဝင်ခိုင်းဖို့ကို ထားလိုက်ပါတော့။ သူမက ငါ့အကူအညီကိုတောင် လက်ခံချင်မှ လက်ခံမှာ…

ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ တွေးလိုက်မိ၏။

သူမကို အတင်းအကြပ်လုပ်တာက အသုံးမဝင်ဘူး။ သူမ ငါ့အပေါ် တင်နေတဲ့ ကံကြွေးကိုပဲ လိုလိုလားလား ပေးဆပ်ပါစေလို့ပဲ မျှော်လင့်ရမှာပဲ…

သူက ခေါင်းအသာယမ်းပြီးသည့်နောက်တွင် လီကျွင်းနှင့် သွားရောက်တွေ့ဆုံလိုက်၏။ ထိုသူက စစ်ပွဲအဆောင်ကို ရှာဖွေဖို့ ထွက်သွားပြီးမှာ ကြာမြင့်လှပြီဖြစ်၏။ ထို့ကြောင့် ဝမ်ဝေ့က ဂိုဏ်းမှ ထွက်ခွာကာ အရှေ့ပိုင်းကုန်းမြေဆီ ဦးတည်လိုက်သည်။

အတိအကျပြောရလျှင် သူက ကုန်းမြေ၏ တောင်ဘက်အစွန်းရှိ တိမ်ဖြူနယ်မြေဆီ ပျံသန်းလာခြင်းဖြစ်၏။ ထိုနယ်မြေကို ဧကရာဇ်မျိုးနွယ် သို့မဟုတ် အထွတ်အထိပ်မျိုးနွယ်များက ထိန်းချုပ်ထားခြင်းမဟုတ်ဘဲ တော်ဝင်ကုန်းမြေငါးခုက အင်အားမျှကာ ထိန်းချုပ်ထားခြင်းဖြစ်၏။

သူ့ဦးတည်ချက်သို့ ရောက်လာပြီးသည့်နောက်တွင် ဝမ်ဝေ့က သတင်းအချက်အလက်ကို ရှာဖွေကြည့်လိုက်သည်။ ကံဆိုးစွာဖြင့် ထိုနေရာသည် သူ့ကံကြမ္မာတပ်ဖွဲ့ဝင်များ ရောက်ရှိဖို့ရာ အလှမ်းဝေးကွာနေလေ၏။ ထို့အပြင် သူက ဤနေရာရှိမည်သူကမှ သူ့ကို ခြိမ်းခြောက်နိုင်လိမ့်မည်မဟုတ်ကြောင်း သေချာနေသော်လည်း သူက သတိလက်လွတ် မနေပေ။

သူက ဂမ္ဘီရအနည်းငယ် တွက်ချက်ကြည့်ပြီးသည့်နောက်တွင် သူ လိုချင်သည့် သတင်းအချက်အလက်ကို ရရှိလိုက်၏။ သို့သော်လည်း သူ လာရောက်ရသည့်အကြောင်းအရင်းက ကောင်းကင်တာအိုနှင့် ပတ်သက်နေလေသည်။ သူတို့က ဆက်ဆံရေးကောင်း ရှိနေသော်လည်း သတိထားဖို့ရာ လိုအပ်နေဆဲ ဖြစ်၏။ သူက ရုပ်ဖျက်ပြီးသည့်နောက်တွင် ဤနေရာ၏ အစည်ကားဆုံးနေရာဆီ သွားကာ သူ လိုအပ်နေသည့် သတင်းအချက်အလက်ကို နားထောင်လိုက်သည်။

ထို့နောက် သူက တည်းခိုဆောင်တစ်ခုသို့ ရောက်ရှိလာကာ လေထဲတွင် အဆောင်တစ်ခုရေးသားလိုက်ပြီး အဝေးတစ်နေရာသို့ ပို့ဆောင်လိုက်၏။

ထို့နောက် ရုတ်ချည်းဆိုသလို သူ့ဘေးရှိ အာကာပြင်က မငြိမ်မသက်ဖြစ်လာကာ ဓားက သူ့နှလုံးသားဆီ ထိုးဖောက်သွား၏။ အနည်းဆုံးတော့ ထိုသို့ကြံစည်ခဲ့လေသည်။ ကံဆိုးစွာဖြင့် ဓားနှင့် ထိုလူက မလှုပ်ရှားနိုင်ဘဲ လေထဲတွင် အချိန်ရပ်တန့်သွားသလိုမျိုး တုံ့ဆိုင်းသွားသည်။

ဝမ်ဝေ့က ရောက်လာသည့်သူကို ကြည့်လိုက်၏။ သူက တစ်ယောက်ယောက် ရောက်လာမည်ကို ထင်ထားပြီးသားအလား တည်ငြိမ်နေလေသည်။ ကျင့်ကြံသူတစ်ယောက်က အထွတ်အထိပ်နယ်ပယ်အဆင့် ရောက်ရှိပြီးသည့်နောက်တွင် ပိုင်နက်၏ စွမ်းအားကို အပြည့်အဝဆုံးရှုံးသွားခြင်း မဟုတ်ပေ။ ထိုအစား ပိုင်နက်က အသက်သွင်းရမည့်အစား အလိုလိုအသက်ဝင်နေသည့် စွမ်းရည်တစ်ခုအဖြစ် ပြောင်းလဲလာသည်။ ထို့ကြောင့် ပတ်ဝန်းကျင်ထရီလီယံ ကီလိုမီတာဝန်းကျင်ရှိ အရာအားလုံးကို အာရုံခံနိုင်လေသည်။

“အရိပ်သတ်ဖြတ်ရေး ကျောင်းဆောင်ကလား” ဤသည်မှာ ထိုအဖွဲ့အစည်းက သူ့ကိုသတ်ဖြတ်ဖို့ ကြိုးစားသည်မှာ ဒုတိယအကြိမ် ဖြစ်၏။ ပထမတစ်ကြိမ်အပြီးတွင် အလယ်ပိုင်းကုန်းမြေရှိ သူတို့အဖွဲ့ခွဲအများစုကို သုတ်သင်ပစ်ခဲ့ပြီး တခြားအဖွဲ့ခွဲများဆီလည်း သူ့လူများအား ဝင်ရောက်ကျူးကျော်စေခဲ့သည်။ ထို့ကြောင့် သူ့ခေါင်းကို လိုလားသည့် တန်ကြေးကြီးကြီးမားမား ပေးထားသည်ကိုလည်း သိလေသည်။ နောက်ဆုံးတိုက်ပွဲက နီးကပ်လာပြီဖြစ်၍ တန်ကြေးက အဆမတန် မြင့်မားလှ၏။

သူ့တစ်ယောက်ထဲသာ မဟုတ်ပေ။ ဂုဏ်သတင်းကျော်ကြားသည့် ကောင်းကင်ရွေးချယ်ခံတိုင်းက အရိပ်သတ်ဖြတ်ရေး ကျောင်းဆောင်၊ မရဏအမိန့် နန်းဆောင်နှင့် တခြားသော လုပ်ကြံသတ်ဖြတ်ရေးဆိုင်ရာ အဖွဲ့အစည်းများ၌ ဆုကြေးထားခံရသည်။ သို့သော် သူက တစ်စုံတစ်ယောက်သည် တုံးအကာ သူ့ကို လုပ်ကြံဖို့ ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ ထို့အပြင် ရောက်လာသည့်သူက ဧကရာဇ်တစ်ပိုင်းအဆင့်မျှသာ ရှိနေသေး၏။

အကယ်၍ ထာဝရဦးသျှောင် သို့မဟုတ် တာအိုဘိုးဘေးကဲ့သို့လူများက စည်းမျဉ်းကို ချိုးဖောက်ကာ သူ့ကို သတ်ဖို့ ကြိုးစားမည်ဆိုလျှင်ပင် ဝမ်ဝေ့က နားလည်နိုင်သေးသည်။

ဝမ်ဝေ့က ထိုလုပ်ကြံသတ်ဖြတ်သူကို ကြည့်ကာ ဝိညာဉ်ကို ရှာဖွေပြီး ကံကြမ္မာကြိုးမျှင်ကို ဖတ်ရှုကာ သူနှင့် သက်ဆိုင်သည့် ကံဆက်ဆံရေး အားလုံးကိုလည်း ရှာဖွေကြည့်လိုက်သည်။ ထိုသူက သူ့ကို သုတ်သင်ဖို့ လာရမည့် အကြောင်းအရာ တစ်စုံတစ်ခု ရှိနေလေ၏။

“ပင်ကိုနည်းစနစ်ပဲ”

ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ထိုသူက မိုးမြေဆီမှ မွေးဖွားလာသည့် ရှားပါးသည့် ပင်ကိုနည်းစနစ် ဖြစ်သည့် လောကအလွန် နည်းစနစ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုနည်းစနစ်၏ ပထမအဆင့်က ကျင့်ကြံသူအား သူတို့၏ အရှိန်အဝါနှင့် အငွေ့အသက်ကို ပြီးပြည့်စုံစွာ ဖုံးကွယ်နိုင်ခြင်း ဖြစ်၏။ ထို့နောက် သူတို့က မိုးမြေနှင့် တစ်သားတည်းဖြစ်သွားကာ ပုန်းအောင်းနိုင်လိမ့်မည်။ နောက်ဆုံးအဆင့်တွင်မူ ကျင့်ကြံသူ၏ ခန္ဓာကိုယ်က ထူးကဲသည့် ဒိုင်မေးရှင်းအတွင်း ဝင်ရောက်သွားကာ မိုးမြေဆီမှ ခွဲခြားပြီး ပုန်းအောင်းရာတွင် အကြွင်းမဲ့အနေအထားအထိ ရောက်ရှိသွားလိမ့်မည်။ ထိုခွဲခြားထားသည့် သီးသန့်ဒိုင်မေးရှင်းအတွင်း သူတို့က အငွေ့အသက်၊ ဝိညာဉ်၊ ကံကောင်းမှု၊ ကံနှင့် ကံကြမ္မာကိုပင် ဖုံးကွယ်နိုင်လိမ့်မည်။

ကံဆိုးစွာဖြင့် ထိုလုပ်ကြံသတ်ဖြတ်သူက ဤနည်းစနစ်ကို ထိုအဆင့်ထိ မကျင့်ကြံထားသေးပေ။ ထိုအရာက ကာလံဒေသံစည်းမျဉ်းကို နားလည်ဖို့လိုအပ်နေ၍ ဖြစ်သည်။ သူက နောက်ဆုံးအဆင့်ကို ကာလံဒေသံအရင်းအမြစ်များကို အလဲအလှယ်လုပ်ခြင်းအားဖြင့် အတင်းအကြပ် ရရှိအောင် လုပ်ထားခြင်းမျှသာ ဖြစ်၏။

သူက ဝမ်ဝေ့ကို သုတ်သင်ချင်သည့် အကြောင်းအရင်းအတွက်မူ သူ့ညီမလေးကြောင့် ဖြစ်၏။ ထိုသူက သူတို့မိဘ သေဆုံးသွားပြီးသည့်နောက်တွင် သူ့ညီမလေးကို လွန်စွာချစ်မြတ်နိုး၏။ ပင်ကိုနည်းစနစ်ကို ရရှိပြီးသည့်နောက်တွင် သူက သူမ ဘဝကောင်းကောင်းမွန်မွန် နေထိုင်နိုင်ဖို့အတွက် လုပ်ကြံသတ်ဖြတ်သူ ဖြစ်လာခြင်း ဖြစ်သည်။

ကံဆိုးစွာဖြင့် သူမအပေါ် သူ့ကာကွယ်လိုစိတ်က မတင်းတိမ်နိုင်သေးပေ။ လုပ်ကြံသူက ပိုမိုအားကောင်းလာကာ အရိပ်သတ်ဖြတ်သူကျောင်းဆောင်၏ လှေကားကို ဖြည်းဖြည်းချင်းတက်ခဲ့ပြီး သူ့ညီမအတွက် များစွာ လိုချင်လာသည်။ သူက ဝမ်ဝေ့၏ ဆုကြေးကို မြင်လိုက်သည့်အခါ သူ အောင်မြင်ပါက သူ့ညီမလေးသည် မဟာဧကရာဇ် သုံးလေးယောက်ရှိသည့် ဧကရာဇ်မျိုးနွယ်မှ ကောင်းကင်ရွေးချယ်ခံတစ်ယောက်လိုမျိုး အရင်းအမြစ်ရရှိမည်မှန်း နားလည်လိုက်သည်။

ထို့ကြောင့် သူက စွန့်စားခြင်း ဖြစ်၏။

ဝမ်ဝေ့က ထိုအကြောင်းကို သိပြီးသည့်နောက်တွင် ဆွံ့အမိသွားသည်။ ထိုလူ၏ နည်းစနစ်က ပြီးပြည့်စုံအောင် မကျင့်ကြံထားရသေးသည့်အပြင် သူက စွန့်စားနေသေး၏။

အကယ်၍ ပြီးပြည့်စုံအောင် လေ့ကျင့်ထားနိုင်ခဲ့လျှင် ထိုလူက သူ့အာရုံအောက်မှ ပုန်းအောင်းနိုင်မည်ဆိုလျှင်ပင် သူ့တိုက်ကွက်က သူ့အရေပြားကို ချိုးဖောက်နိုင်မည် မဟုတ်ပေ။

“ဘာဖြစ်ဖြစ် ပင်ကိုနည်းစနစ် ရှာတွေ့တာ ကောင်းတာပဲ” သူက ရေရွတ်လိုက်သည်။ ဗလာခေတ်ကာလပြီးကတည်းက ပင်ကိုနည်းစနစ်များသည် ပိုမိုရှားပါးလာခဲ့ပြီး ယခုခေတ်ကာလ ကျင့်ကြံသူအများစုက တည်ရှိသည်ဟုပင် မယုံကြည်နိုင်လောက်သည့် အနေအထားသို့ ကျရောက်သွားခဲ့သည်။

“ဒီလိုနည်းစနစ်မျိုးဆိုရင် တစ်ခု နှစ်ခုတော့ သင်ယူနိုင်မှာပဲ။ ပြီးတော့ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်တွေအတွက် ပြီးပြည့်စုံတယ်”

သူက လုပ်ကြံသတ်ဖြတ်သူကို ကြည့်ကာ ဘာလုပ်ရမလဲဟု စဉ်းစားလိုက်သည်။

“ငါ့အတွက် အလုပ်လုပ်ပေးချင်လား” ဝမ်ဝေ့က မေးလိုက်၏။

“ငါ့ကို ခေါင်းဆောင်အဖြစ်ထားရင် မင်းညီမအတွက် အရင်းအမြစ်တွေကို စိတ်ပူစရာ လိုတော့မှာ မဟုတ်သလို သူမအတွက် အားကောင်းတဲ့ ဆရာတွေရှာဖို့လည်း စိုးရိမ်စရာ မလိုတော့ဘူး”

ထိုသူ၏ ပါရမီက မဆိုးရွားလှပေ။ သူ့ကံကလည်း ကောင်းလှ၏။ ထို့ကြောင့် သူ့လက်အောက်ငယ်သားဖြစ်လာဖို့ ထိုက်တန်ပေသည်။ ထို့အပြင် အရိပ်သတ်ဖြတ်ရေးအဖွဲ့တွင် နယ်ရုပ်တစ်ရုပ်ထားရှိခြင်းက မဆိုးလှပေ။

လုပ်ကြံသတ်ဖြတ်သူက သူ့ကိုယ်သူ လှုပ်ရှားနိုင်သည်ဟု ထင်မိစဉ် သူ့စိတ်ထဲ အကြောက်တရားတစ်ခု လွှမ်းခြုံသွားသည်။ ထိုအခါမှ သူသည် မည်မျှတုံးအသည့် ဆုံးဖြတ်ချက်ကို ချမိခဲ့ကြောင်း နားလည်သွား၏။ သူက ခေတ္တမျှ အချိန်ယူစဉ်းစားပြီးသည့်နောက်တွင် ဝမ်ဝေ့၏ စကားများကို စဉ်းစားကြည့်လိုက်သည်။

“ကျုပ် ငြင်းဆန်တယ်ဆိုရင် ဘာဖြစ်မှာလဲ”

“မင်း သေလိမ့်မယ်” ဝမ်ဝေ့က အပြုံးလေးဖြင့် ပြောလိုက်၏။

လုပ်ကြံသတ်ဖြတ်သူ၏ ခန္ဓာကိုယ်က တုန်တုန်ယင်ယင်ဖြစ်သွားကာ “ကျန့်ကျင်းက သခင့်ကို ခစားပါတယ်”

သူက အလျင်အမြန် သဘောတူလိုက်၏။ ယခု သူ သေသွားခဲ့လျှင် သူ့ညီမလေး မည်သို့ဖြစ်သွားမည်ကို တွေးမကြည့်နိုင်ပေ။ တာအိုအခွင့်အလမ်းဂိုဏ်းလိုမျိုး နောက်ခံရှိထားသည်က ပို၍ ကောင်းပေသည်။

“ရွေးချယ်မှုကောင်းပဲ” ဝမ်ဝေ့က ပြောပြီးသည့်နောက်တွင် ထိုလုပ်ကြံသတ်ဖြတ်သူအား ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်ဆီ စေလွှတ်ကာ ဝမ်ကျူအား သူနှင့် သူ့နည်းစနစ်များကို အဖွဲ့အတွင်း ပူးပေါင်းဖို့ ညွှန်ကြားခဲ့သည်။

“နှမြောစရာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်၏။ သူက ထိုသူသည် ဇာတ်လိုက်တစ်ယောက်မျိုး ဖြစ်ကာ သူ့ညီမသည် အထွတ်အထိပ်ပါရမီရှင် တစ်ယောက်ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့မိသည်။ အကယ်၍ ထိုသို့ဖြစ်နေလျှင် တာတိုအခွင့်အလမ်းဂိုဏ်းက နောက်ထပ်ပါရမီရှင် တစ်ယောက်ရှိလာလိမ့်မည် ဖြစ်၏။ ကံဆိုးစွာဖြင့် သူ ထင်ထားသည်နှင့် ကွဲလွဲစွာ သူ့ညီမ၏ ပါရမီက သာမန်မျှသာ ဖြစ်နေလေသည်။

ထို့နောက် ဝမ်ဝေ့က အရိပ်သတ်ဖြတ်ရေးအဖွဲ့ခွဲတစ်ခုကို လှမ်းကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။

ဝူဟုန်က သူမသည် တာအိုသင်္ချိုင်းမြေတွင် လျှို့ဝှက်မှတ်သားထားပြီးပြီဖြစ်ကြောင်း ပြောခဲ့သည်။ သူ တာအိုကိုသက်သေပြပြီးသည့်နောက်တွင် ထိုကြွက်များကို ရှာဖွေကာ ထွက်ပြေးကာ ပုန်းအောင်းနေလျှင်ပင် သတ်ဖြတ်နိုင်လိမ့်မည်။

ထို့နောက် ဝမ်ဝေ့က အနားယူဖို့ရာအတွက် တည်းခိုဆောင်ရှာဖို့ရာ ထွက်လာခဲ့လိုက်သည်။ ဤတစ်လျှောက်လုံးတွင် လမ်းပေါ်ရှိမည်သူကမှ သူနှင့် လုပ်ကြံသတ်ဖြတ်သူကို သတိမထားမိကြပေ။ သူတို့က အစကတည်းက ဤနေရာတွင် မရှိခဲ့သလိုမျိုးဖြစ်၏။

နောက်တစ်ရက်တွင် ဝမ်ဝေ့က တော်ဝင်ကုန်းမြေငါးခုထဲမှ တစ်ခုဖြစ်သည့် အရှေ့ပိုင်းကြာဂိုဏ်းဆီ ဦးတည်လိုက်၏။

***

All Chapters