← Chapters

ကောင်းကင်လှုပ်ခတ်ဖွယ် တိုက်ပွဲ

Vol. 52 Ch. 717

ကောင်းကင်လှုပ်ခတ်ဖွယ် တိုက်ပွဲ

Vol. 52 Ch. 717

ဝမ်ဝေ့က လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်လာလိုက်သည်နှင့် သူ့စိတ်ထဲ ကြောက်မက်ဖွယ်တစ်ခု ရောက်ရှိလာကာ သူ့စိတ်နှင့် ဝိညာဉ်ကို သက်ရောက်မှုရှိဖို့ ကြိုးစားနေသည်ကို ခံစားမိလိုက်သည်။

“ဒီလိုသတ်ဖြတ်ရေးအငွေ့အသက်က ထာဝရအရှင်တွေအပေါ်တောင် သက်ရောက်မှုရှိလာနိုင်တယ်” သူက ရေရွတ်ပြီးသည့်နောက်တွင် ဘေးပတ်လည်ကို ကြည့်လိုက်၏။ ကောင်းကင်က နီရဲနေကာ မြေကြီးကပင် သွေးလွှမ်းနေ၏။ သူက ဘေးပတ်ဝန်းကျင်ကို အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်သော်လည်း မည်သည့်အလောင်းမှ မတွေ့ရပေ။

မြေပြင်ပေါ်တွင် ပျက်စီးနေသည့် လက်နက်များ မြောက်များစွာရှိနေပြီး သတ်ဖြတ်ရေးအငွေ့အသက်၏ ပင်မအရင်းအမြစ်လည်း ဖြစ်ပေသည်။ မြောက်ဖက်ပိုင်းတွင် ရွှေရောင်သွေးကန်တစ်ခု ရှိနေပြီး နှစ်သန်းများစွာ ကြာမြင့်ပြီးသည့်နောက်တွင် တောက်ပနေဆဲ ဖြစ်၏။

“ပင်ကိုရတနာပဲ…ပျက်စီးနေတဲ့ ဟွင်သွမ်းရတနာ။ ဒါက ပျက်စီးနေတဲ့ ဧကရာဇ်အသုံးအဆောင်ပစ္စည်းပဲ ဖြစ်ရမယ်” ဝမ်ဝေ့က မှတ်ချက်ပေးပြီးသည့်နောက်တွင် လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်သွားသည်။

“ရှေးဟောင်းခေတ်ကာလက တကယ့်ကို ပါရမီတွေ၊ အရင်းအမြစ်တွေ ပြည့်နှက်နေတဲ့ အံ့မခန်းအချိန်ကာလတစ်ခုပဲ” သူက မှတ်ချက်ပေးလိုက်ပြီးသည့်နောက်တွင် ဝေဟင်အထက် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ သူက လက်ကိုဝှေ့လိုက်၏။ မြေပြင်ပေါ်ရှိ ပစ္စည်းပျက်များအားလုံးက သူ့ဆီ ပျံသန်းလာသည်။ သူက တာအိုသက်သေပြပစ္စည်းကို ဆေးပြင်းမီးဖိုအဖြစ် ပြောင်းလဲပြီး ထိုရတနာအကျိုးအပျက်အားလုံးကို ထည့်ကာ သန့်စင်လိုက်၏။

ထိုဖြစ်စဉ်က ဝမ်ဝေ့ ထင်ထားသလိုမျိုး မလွယ်ကူခဲ့ပေ။ ထိုလက်နက်များ၏ သူတို့၏ သခင်ဆီမှ အကြွင်းအကျန် စိတ်ဆန္ဒများက သန့်စင်ခံပြီး တခြားလက်နက်ကို အားဖြည့်ဖို့ရာအတွက် ခုခံနေ၏။

ဒါက ငါ ထင်ထားတာထက်တော့ အချိန်နည်းနည်းပိုကြာနိုင်တယ်…

ဝမ်ဝေ့က တွေးလိုက်ပြီးသည့်နောက်တွင် အချိန်အစီအရင်ကို ခင်းကျင်းလိုက်၏။ ထိုအရာက လျှို့ဝှက်နယ်မြေအတွင်းရှိ အချိန်သည် ပြင်ပထက် ပိုမိုမြန်ဆန်လာလိမ့်မည်။

ထို့နောက် သူက အကြွင်းအကျန် စိတ်ဆန္ဒများကို ဖြေရှင်းဖို့ရာ အာရုံစိုက်ထားလိုက်သည်။ သူက ရတနာများကို တစ်ခုပြီးတစ်ခု သန့်စင်ခဲ့၏။ သူက ပျက်စီးနေသည့် ပင်ကိုနှင့် ဟွင်သွမ်းရတနာများကို နှစ်ရာချီပိုင်းမျှဖြင့် သန့်စင်နိုင်ခဲ့သည်။ ဤအကြွင်းအကျန်များဖြင့် ယှဉ်ပြိုင်ခြင်းမှ သူသည် စိတ်နှင့် စိတ်ဆန္ဒကို အနည်းငယ် လေ့ကျင့်ပေးနိုင်ခဲ့သည်။

ဝမ်ဝေ့က မျက်လုံးဖွင့်လိုက်ပြီးသည့်နောက်တွင် ဆေးပြင်းမီးဖိုကို ကြည့်လိုက်၏။ သူ့တာအိုသက်သေပြပစ္စည်းက ဟွင်သွမ်းနှင့် တူညီသည့် လျှို့ဝှက်ဆန်းကြယ် အငွေ့အသက်မျိုး ထုတ်လွှတ်နေသည်။ ထိုအရာ၏ စွမ်းအားက သိသိသာသာ တိုးမြှင့်သွားသော်လည်း ထိုအရာက အဓိကအချက် မဟုတ်သေးပေ။ ထိုအသုံးအဆောင်ပစ္စည်းသည် ထူးခြားအံ့ဖွယ် တစ်စုံတစ်ခုအဖြစ် ပြောင်းလဲဖို့ရာ ဓာတ်ကူး တစ်ခု စောင့်ဆိုင်းနေသည့် သန္ဓေသားလောင်းပုံစံ ဖြစ်ကြောင်း ခံစားမိလေသည်။

“မဟာတာအိုဆေးကြောခြင်း” ဝမ်ဝေ့က ရေရွတ်လိုက်၏။ သူသာ တာအိုကိုသက်သေပြပြီး ဆေးကြောခြင်းကို ခံယူလိုက်သည်နှင့် သူ့တာအိုသက်သေပြပစ္စည်းသည် တိုက်ပွဲစွမ်းအား ၅ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်သည့် စွမ်းအားကြီးလက်နက် ဖြစ်လာလိမ့်မည်။

“ကောင်းတယ်” ဝမ်ဝေ့က ရေရွတ်ပြီးသည့်နောက်တွင် မတ်တပ်ရပ်လိုက်၏။ သူက ဘေးပတ်လည်ကို ကြည့်ပြီးသည့်နောက်တွင် လက်နက်များစွာ ရရှိနေသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း ထိုအရာက ပျက်စီးနေသည့် ဧကရာဇ်အသုံးအဆောင်များ ဖြစ်သည့်အတွက် သူတို့ကို မသန့်စင်ရဲပေ။

သူက လက်ဝှေ့လိုက်ပြီးသည့်နောက် ထိုအရာအားလုံးကို သူသိုလှောင်လက်စွပ်အတွင်း ထည့်သိမ်းထားကာ ရွှေရောင်သွေးကန်ရှိသည့်ဆီ ပျံသန်းလာလိုက်သည် “ပင်ကိုနတ်ဆိုးနဲ့ ကမ္ဘာဦးနတ်ဘုရား သွေးတွေက ပြီးပြည့်စုံစွာ ပေါင်းစပ်ပြီးတော့ အကောင်းအတိုင်း ရှိနေသေးတာပဲ” သူက အကြည့်များ တောက်ပလာကာ ရေရွတ်လိုက်၏။

“မကောင်းဆိုးဝါး နတ်ဘုရား ပြောင်းလဲခြင်း၁၂မျိုးကို ကျင့်ကြံဖို့ အသင့်တော်ဆုံးပဲ”

သူက ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပြီးသည့်နောက်တွင် နဂါးအရိုးကို စုပ်ယူခဲ့သည်။ ထို့ကြောင့် သူက ဆင့်ကဲပြောင်းလဲခြင်း ၁၂မျိုးကို ကျင့်ကြံဖို့အတွက် အရိုးမှ သွေးကို ယူဖို့ ကြံစည်ထား၏။ ပြောရလျှင် သွေးမြေရှိ အိပ်စက်နေသည့် ကမ္ဘာဦးနတ်ဘုရားများကို အမဲလိုက်နိုင်သည်။ သို့သော်လည်း ထိုကိစ္စက ဤသွေးကန်ဖြင့် ပိုမိုလွယ်ကူသွားလိမ့်မည်။ ထို့ကြောင့် သူက လက်ဝှေ့ကာ သိမ်းဆည်းလိုက်၏။

ထို့နောက် ဝမ်ဝေ့က ဤလျှို့ဝှက်နယ်မြေအတွင်းရှိ သတ်ဖြတ်ရေးအငွေ့အသက်များကို စုစည်းလိုက်သည်။ ရှင်းလင်းရေးအပြီး ဒေါသနှင့် တွေ့ဆုံပြီးသည့်နောက်တွင် ဝမ်ဝေ့က လီကျွင်းအား ဒေါသနှင့် တူညီသည့် မိုးမြေရှိ သတ်ဖြတ်ရေး အငွေ့အသက်များကို စုစည်းထားသည့် လက်နက်ကို ဖန်တီးဖို့ အကြံပြုခဲ့သည်။ ဂိုဏ်းက သတ်ဖြတ်ရေး အငွေ့အသက်မြောက်များစွာ ရှိသော်လည်း အလားအလာကောင်းသည့် လက်နက်တစ်ခုဖြစ်ဖို့ မလုံလောက်သေးပေ။ ထို့ကြောင့် သူက အကြီးအကဲများနှင့် တပည့်များအား စေလွှတ်ကာ ရှာဖွေခိုင်းခဲ့၏။ သူက သူတို့အား အနောက်ပိုင်းကုန်းမြေကို အာရုံစိုက်ထားဖို့ ပြောခဲ့သည်။ ထိုနေရာတွင် မြောက်များစွာ ရှိနေနိုင်၏။

သတ်ဖြတ်ရေး အငွေ့အသက်များကို သိမ်းဆည်းပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့အချိန်စည်းမျဉ်းကို ရွေ့လျားကာ အသက်သွင်းကာ အချိန်မှတ်တမ်းဟူသော နည်းစနစ်ကို ထုတ်သုံးလိုက်သည်။ လျှို့ဝှက်နယ်မြေက ရုတ်ချည်းဆိုသလို တုန်ခါလာပြီး ဝေဟင်အထက် ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။

ခေါင်းဆောင် ဖြစ်ဟန်ပေါ်သည့် လူလေးယောက်က သူတို့နောက်တွင် လူများစွာ ခြံရံလျက် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်နေကြသည်။ ညာဖက်အခြမ်းတွင် အနီရောင်ကြေးခွံနှင့် ချီလင်၊ တောင်ပံလေးခုနှင့် ဦးချိုနှစ်ချောင်းရှိထားသည့် ဧရာမလူသား တစ်ဦး ရှိနေသည်။ ဘယ်ဖက်တွင်မူ ဓာတ်ငါးပါး မဟာတာအိုအရင်းအမြစ် စွမ်းအားရှိထားသည့် လူသားတစ်ဦးနှင့် ကျားနတ်ဆိုးမျိုးနွယ် ရှိကြ၏။ သူကလည်း မဟာတာအိုအရင်းအမြစ် စွမ်းအားကို ရှိထားပြီး ထူးထူးဆန်းဆန်း မီးတောက်နှင့် ဆက်နွယ်နေသည်။

ဝမ်ဝေ့က အာရုံခံကြည့်ပြီးသည့်နောက်တွင် ထိုမီးတောက်သည် ဝိညာဉ်၊ နာကျင်မှုနှင့် ဖျက်ဆီးခြင်းအနည်းငယ် ပါဝင်နေသည့် ပေါင်းစပ်မှုတစ်ခုဖြစ်ကြောင်း ကောက်ချက်ချလိုက်၏။

အပါယ်တာအိုလား…

သူက တိုက်ပွဲကို အာရုံမစိုက်ခင် တွေးလိုက်မိသည်။

“ငါက အပါယ်ကျားကို ဖြေရှင်းလိုက်မယ်” ချီလင်က အမုန်းတရားဖြင့် ပြောလိုက်သည်။ သူ့ပင်ကိုနတ်ဆိုးမျိုးနွယ်က သူတို့ကို ခစားပြီး ဤစစ်ပွဲတွင် အနိုင်ယူနိင်ရန် ကူညီပေးဖို့အတွက် နတ်ဆိုးမျိုးနွယ်ကို ဖန်တီးခဲ့သည်။ သို့သော် သူတို့က ပင်ကိုမျိုးနွယ်အား သစ္စာဖောက်ကာ ဟော်သဲ့ဘက်သို့ ဝင်ရောက်သွားခဲ့၏။ ထို့အပြင် သူက ကျားနှင့် ရန်ငြိုး ရှိနေသည်။

“ငါနဲ့ ရင်ဆိုင်ချင်တာလား။ မင်းက ထိုက်တန်လို့လား” အပါယ်ကျားက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

သူက လက်မြှောက်လိုက်ပြီးသည့်နောက်တွင် တောင်ပံပါ ကမ္ဘာဦးနတ်ဘုရားဆီ ရွှေရောင်ဓားကို ပုံဖော်၍ ပစ်လွှတ်လိုက်သည်။ ထိုသူက အလျင်အမြန် လှုပ်ရှားကာ လေဓာတ်ပင်ကိုစည်းမျဉ်းကို အသုံးပြုပြီး အနက်ရောင်လေပွေကို ဖန်တီးခဲ့သည်။ ဓားချက်က ထိုလေပွေကို ဖြတ်ကျော်သွားသော်လည်း စွမ်းအားက သိသိသာသာ လျော့ကျသွား၏။ ထို့ကြောင့် တောင်ပံပါ ကမ္ဘာဦးနတ်ဘုရားက ကျန်ရှိနေသည့် ဓားကို အစိတ်စိတ်အမြွာမြွာဖြစ်အောင် ထိုးချလိုက်သည်။

သူက အစောပိုင်းထက် နည်းနည်း အားနည်းသွားသောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤသည်က ထိုအဝါရောင် ပဝါဧကရာဇ်နှင့် တိုက်ခိုက်ခဲ့သည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ ထိုသူက တစ်ကြိမ်တိုင်းတွင် ပိုမိုအားကောင်းလာ၏။ သူတို့ ပထမဆုံးတွေ့ဆုံစဉ်အခါက သူက ထိုသူကို သတ်နိုင်လုနီးပါး ဖြစ်ခဲ့သည်။ သို့သော် ယခုတွင် သူက ရှုံးနိမ့်နေရ၏။

ဟော်သဲ့မျိုးနွယ်ရဲ့ ကြီးထွားနှုန်းက ငါတို့နဲ့ ယှဉ်လိုက်ရင် အတော်လေးကို မြန်ဆန်လွန်းတယ်။ သူတို့ကို သုတ်သင်ပစ်မှ ဖြစ်မယ်…

သူက တွေးလိုက်မိသည်။ မိုးမြေက တရားမျှတကာ မျှခြေကို ဦးစားပေး၏။ ပင်ကိုသက်ရှိများက အားကောင်းသည့် ခန္ဓာကိုယ် ပိုင်ဆိုင်ထားပြီး သက်တမ်းရှည်ကြာသော်လည်း သူတို့၏ နားလည်နိုင်စွမ်းက နိမ့်ကျနေသည်။ ထိုစဉ် လူသားများက အားနည်းစွာ မွေးဖွားလာကြသော်လည်း သူတို့၏ သဘာဝနားလည်နိုင်စွမ်းက ပင်ကိုသက်ရှိများထက် မြင့်မားနေသည်။

ပင်ကိုနှင့် ဟော်သဲ့သက်ရှိများ ပေါင်းစပ်ထားသည့် နတ်ဆိုးမျိုးနွယ်ကပင် ပင်ကိုသက်ရှိများထက် နားလည်နိုင်စွမ်း မြင့်မားနေသည်။ သို့သော် လူသားများလောက်တော့ မကောင်းပေ။

ချီလင်က ပါးစပ်ဟကာ အားကောင်းသည့် အဖြူရောင်မီးတောက်ကို ပစ်လွှတ်လိုက်သည်။ သို့သော်လည်း အပါယ်ကျားက အနက်ရောင်မီးတောက်ကို ပြန်လည်မှုတ်ထုတ်ရင်း တိုက်ကွက်ကို အလွယ်တကူ လွှမ်းမိုးလိုက်ပြီး ချီလင်၏ ကြေးခွံတချို့ကို ကျွတ်ကျသွားစေသည်။

“မင်း” ချီလင်က အော်ပြောလိုက်၏။

“ မင်းတို့ ပင်ကိုသက်ရှိတွေက အားပိုကောင်းလာဖို့ အိပ်ဖို့ပဲ လိုတာဆိုတော့ မင်းတို့ကို မင်းတို့ မိုးမြေရဲ့ အချစ်သက်ညှာလေးလို့ မှတ်ယူနေကြတယ်မလား။ ဒါပေမဲ့ အဲဒါက အမှန်ဟုတ်လို့လား” အပါယ်ကျားက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

သူက အဆင့်(၉)ကျင့်ကြံသူ ဖြစ်စဉ်အခါက လူသားမျိုးနွယ်ဘက်မှ စီနီယာတစ်ယောက်က သူ့ကို မကယ်တင်ခဲ့လျှင် ယနေ့ သူ ရှိလာမည် မဟုတ်ပေ။ သို့သော်လည်း ဤချီလင်က နှစ်သန်းချီကြာမြင့်ပြီးသည့်နောက်တွင်ပင် သူ့ပြိုင်ဖက် မဟုတ်သေးပေ။

ခေါင်းဆောင်များ စတင်တိုက်ခိုက်လာပြီဖြစ်၍ သူတို့ဘက်မှ လူများကလည်း ဝင်ရောက်လာသည်။ ထိုလူများတွင် အားအနည်းဆုံးလူက ပွင့်ချပ်တစ်လွှာ ထာဝရဦးသျှောင် ဖြစ်၏။

ဝမ်ဝေ့က ထိုကောင်းကင်လှုပ်ခတ်ဖွယ်တိုက်ပွဲကို ကြည့်နေရင်း မည်သို့ဖော်ပြရမှန်း မသိတော့ပေ။ ဤအခြေအနေကို ဖော်ပြနိုင်သည့် အကောင်းဆုံးနည်းလမ်းက ကြယ်တာရာများပင် မှေးမှိန်ပြီး ကမ္ဘာကြီးက တုန်ခါလာကာ စည်းမျဉ်းများက ဖရိုဖရဲဖြစ်လာပြီး တာအိုပင် ပျောက်ကွယ်သွားသည်ဟု ဆိုရမည်။

ဟော်သဲ့သက်ရှိများက နောက်ထပ် နွားသိုးနှင့်တူသည့် ပင်ကိုနတ်ဆိုး ပေါ်ထွက်မလာခင် အချိန်အထိ တိုက်ပွဲအတွင်း အရေးသာနေခဲ့သည်။ အဝါရောင်ပဝါဧကရာဇ်က ဓာတ်ငါးပါးအစီအရင်ကို စတေးကာ တောင်ပံပါ ကမ္ဘာဦးနတ်ဘုရားနှင့် နွားသိုးကို အကျဉ်းပိတ်လှောင်ခဲ့ပြီး အပါယ်ကျားအား တိုက်ခိုက်ဖို့ရာ အခွင့်အရေး ပေးခဲ့သည်။

အပါယ်ကျားက ချီလင်ကို သတ်ဖြတ်ခဲ့သော်လည်း ထိုသူက လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ မသေဆုံးခင် ပြန်လည်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် အပါယ်ကျားက ဒဏ်ရာအပြင်းအထန် ရရှိသွား၏။ ထိုစဉ်အဝါရောင်ပဝါက ကြာကြာမတောင့်ခံထားနိုင်တော့ပဲ အစီအရင်ကို ထိန်းချုပ်ရင်း ဒဏ်ရာရရှိသွားခဲ့သည်။ ထို့ကြောင့် သူတို့နှစ်ဦးက အသက်ရှင်နေသည့် အဖွဲ့သားများနှင့်အတူ နောက်ဆုတ်လိုက်ရ၏။

ဝမ်ဝေ့က နောက်ဆုံးတွင် မဟာဧကရာဇ်တစ်ယောက်၏ စွမ်းအားကို နားလည်လာပြီဖြစ်ကာ နည်းပါးလှသည့် တာအိုကို သက်သေပြမည့် အခွင့်အရေးနောက် လူများစွာ လိုက်နေရသည့် အကြောင်းအရင်းကို အမှန်တကယ် နားလည်သွားသည်။ ထိုအရာက သက်တမ်းရှည်လျားမှုကြောင့်သာ မဟုတ်ဘဲ စိတ်ကူးမကြည့်နိုင်လောက်သည့် စွမ်းအားကြောင့်လည်း ပါဝင်၏။

“နောက်ဆုံးတော့ ကောင်းကင်လမ်းစဉ်က မဟာဧကရာဇ်တွေနဲ့ ယှဉ်နိုင်တယ်ဆိုတာကို သက်သေရှိခဲ့ပြီ” သူက တွေးတောရင်း ရေရွတ်လိုက်သည်။

“အဲလိုဆိုတော့ အောင်းရှန်နဲ့ ဟို့ဖုန်းဟွမ်လိုမျိုး ပင်ကိုစည်းမျဉ်းရှိတဲ့သူတွေက အဆင့်တစ်ဆယ် စွမ်းအားကို ရယူနိုင်တာပေါ့”

သူက မျက်မှောင်ကြုတ်ကာ စဉ်းစားပြီးသည့်နောက်တွင် တောက်တောက်ပပ ပြုံးလိုက်သည် “အနာဂတ်ကတော့ အတော်လေးစိတ်ဝင်စားဖို့ ကောင်းတော့မှာပဲ။ ငါ့ခေတ်ကာလက ရှေးခေတ်အချိန်ထက် လျော့ကျမှာ မဟုတ်ဘူး”

ဝမ်ဝေ့က အဆောင်ကို ထုတ်ကာ ဤတိုက်ပွဲကို မှတ်တမ်းတင်ထားလိုက်သည်။ သူက နတ်ဆိုးမျိုးနွယ်နှင့် လူသားမျိုးနွယ်တို့၏ နောင်အနာဂတ်မျိုးဆက်များကို ဦးနှောက်ဆေးရန် အသုံးပြုဖို့ရာ စီစဉ်ထား၏။ သူတို့၏ ဘိုးဘေးများက တူညီသည့် ရည်မှန်းချက်အတွက် ယှဉ်တွဲတိုက်ခိုက်ခဲ့ကြသည် မဟုတ်ပါလော။

နောက်ဆုံးတွင် ဝမ်ဝေ့က ကျန်ရှိနေသည့် အငွေ့အသက်များကို သန့်စင်လိုက်ပြီးသည့်နောက်တွင် အရှေ့ပိုင်းကြာဂိုဏ်းမှ ထွက်လာလိုက်သည်။ နှစ်ပိုင်းအတွင်း ဤနေရာက ကျင့်ကြံဖို့ရာအတွက် မြင့်မြတ်နယ်မြေတစ်ခု ဖြစ်လာမည်ဖြစ်ကာ ထိုအရာကို ရှာဖွေတွေ့ရှိသွားသည်နှင့် သူတို့ဂိုဏ်းသည် အနာဂတ်တွင် မြင့်မားလာမည်ဖြစ်ကာ တစ်ရက်ကျ ဧကရာဇ်မျိုးနွယ် ဖြစ်လာနိုင်ချေ ရှိသည်။

ဝမ်ဝေ့က ဘယ်သူ့ကိုမှ အသိမပေးဘဲ လျှို့ဝှက်နယ်မြေမှ ထွက်လာလိုက်၏။ သူက အထဲမဝင်ခင်ကတည်းက သူ ထွက်သွားခဲ့ပြီဟူသော ပုံစံမျိုးကို လုပ်ထားခဲ့သည်။ သူက အချိန်ကို တွက်ချက်ကြည့်ပြီးသည့်နောက်တွင် အပြင်ဘက်၌ တစ်နှစ်မျှသာ ကုန်ဆုံးသေးကြောင်း တွေ့လိုက်ရသည်။

ထို့ကြောင့် သူက အာကာပြင်ကို ချိုးဖောက်ကာ ကူးသန်းလာလိုက်သည်။ သူ့ဦးတည်ချက်က အိမ် မဟုတ်ဘဲ ဖရိုဖရဲအချိန်နယ်မြေဆီ ဖြစ်၏။ သူက အချိန်အတော်ကြာ စဉ်းစားနေရသည့် တစ်စုံတစ်ခုကို အတည်ပြုလိုသည်။

***

All Chapters