← Chapters

အတည်ပြုခြင်း

Vol. 52 Ch. 718

အတည်ပြုခြင်း

Vol. 52 Ch. 718

ဝမ်ဝေ့က ဖရိုဖရဲအချိန်နယ်မြေ၏ အဝင်အဝဆီ ရောက်ရှိလာသည်။ သူက ပင်ကိုအချိန်ရတနာကို ထုတ်ကာ သူ့အချိန်စည်းမျဉ်းကို အသုံးပြုပြီး သူ့ဘာသာ ကာကွယ်ထားလိုက်သည်။ ပြင်ဆင်မှုအားလုံး လုပ်ပြီးသည့်နောက်တွင် သူက အထဲ ဝင်ရောက်လိုက်၏။

ပတ်ဝန်းကျင်က ယခင်တစ်ခေါက်လာခဲ့သည်နှင့် အတူတူသာ ဖြစ်ပြီး ဖရိုဖရဲအချိန်စွမ်းအင်များ ပြည့်နှက်နေသည်။ ယခင် သူ လုပ်ခဲ့သလိုမျိုး ဝမ်ဝေ့က နယ်မြေ၏ အတွင်းထဲသို့ မဝင်ဘဲ အစွန်အဖျား၌သာ နေခဲ့သည်။ သူက တင်ပျဉ်ခွေ ထိုင်ကာ ကာကွယ်ရေးအစီအရင် ချမှတ်ပြီး ကျင့်ကြံလိုက်၏။

သူက ဖရိုဖရဲအချိန်စွမ်းအားကို စတင်သန့်စင်လိုက်သည့်အတွက် သူ့နောက်တွင် ပုံရိပ်ယောင် ၃၆၀ ခု ပေါ်ထွက်လာသည်။ အားလုံးက ညင်သာကာ ရွှေရောင်ဗုဒ္ဓအလင်းများ ပေါ်ထွက်နေပြီး မြင့်မြတ်ကာ တော်ဝင်ဆန်နေသည်။

အချိန်ကုန်ဆုံးသွားပြီးသည့်နောက်တွင် ၃၆၁ ခုမြောက် ထွက်ပေါ်လာ၏။ ဝမ်ဝေ့က ပြင်ပကို လျစ်လျူရှုထားကာ ဖရိုဖရဲအချိန်စွမ်းအင်ကို သန့်စင်ဖို့ရာသာ အာရုံစိုက်ထားလေသည်။

အမည်မသိအချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် သူက မျက်လုံးပြန်ဖွင့်လိုက်ပြီး အသက်ပြင်းပြင်းရှူထုတ်လိုက်၏။

“ထင်ထားတဲ့အတိုင်းပဲ”

သူက ရေရွတ်လိုက်သည်။ သူက အနောက်ကို ကြည့်လိုက်သည့်အခါ အနာဂတ်ဗုဒ္ဓကိုယ် ၃၆၅ခု ရှိနေလေပြီ။ ထို့အပြင် သူက အချိန်စွမ်းအင်မည်မျှကို အသုံးပြုစေကာမူ ထပ်မံ မတိုးမြှင့်နိုင်တော့ပေ။

ငါ့ရဲ့ အနာဂတ်ဗုဒ္ဓကိုယ် လုပ်ဆောင်ပုံက အစီအစဉ်မကျ ဖြစ်လွန်းတယ်။ အစစ်အမှန်ကောင်းကင်တာအို ဒါမှမဟုတ် မဟာတာအိုက ဒီအရာရဲ့ သက်ရောက်မှု လျော့သွားစေတာ ပုံမှန်ပါပဲ…

သူက ထိုရလဒ်က မျှော်လင့်ထားပြီးသားဖြစ်သည့်အတွက် တွေးလိုက်မိသည်။ သူ့ တခြားသော လူဝင်စားများက အနာဂတ်ဗုဒ္ဓကိုယ်ကို မဖွဲ့စည်းနိုင်ဘဲ သူ ဖွဲ့စည်းထားသည့်အရာများကိုသာ အသုံးပြုနိုင်လေသည်။

ထို့အပြင် လူတစ်ယောက်က တစ်ကြိမ်သာ အသုံးပြုနိုင်၏။ ဆိုလိုသည်မှာ ကံကောင်းမှု လူဝင်စားက အသုံးပြုနေလျှင် ကံလူဝင်စားက အသုံးချနိုင်မည် မဟုတ်ပေ။ နောက်ဆုံးတွင် တခြားသောလူဝင်စားများက နောက်ဆုံးသော အနာဂတ်ဗုဒ္ဓကိုယ် ၅ ခုကိုပင် မဖွဲ့စည်းနိုင်ခဲ့ပေ။ မဟုတ်ပါက ကာလံဒေသံ လူဝင်စားသည် အချိန်စွမ်းအင်များကို စုစည်းကာ အောင်မြင်ပြီးလောက်ပြီ ဖြစ်၏။

“ဘာလို့ ၃၆၅ ခုလဲ” ဝမ်ဝေ့က စဉ်းစားလိုက်သည်။ ထိုအရေအတွက်က သိသာနေ၏။ နမူနာအားဖြင့် တစ်နှစ်လျှင် ၃၆၅ ရက် ရှိ၏။ ကမ္ဘာမြေပေါ်တွင် ကမ္ဘာမြေဂြိုလ်သည် နေကို လှည့်ပတ်ဖို့ရာအတွက် အချိန်က တစ်နှစ်(၃၆၅ ရက်) ကြာမြင့်လေသည်။ အသင်္ချေအင်ပါယာကမ္ဘာတွင်လည်း တစ်နှစ်လျှင် ၃၆၅ ရက် ရှိ၏။

ဝမ်ဝေ့ သိထားသလောက် ကောင်းကင်အလိုဆန္ဒကမ္ဘာအများစုက အတူတူသာ ဖြစ်သည်။ ထို့ကြောင့် သူက ၃၆၅ရက်သည် တစ်နှစ်နှင့် တူညီသည့် သဘောတရားမှာ စကြဝဠာတစ်ခုလုံး၏ အခြေခံကျသည့် အမှန်တရား တစ်ခုဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။ တချို့သော ထူးဆန်းသည့် ကမ္ဘာများက ဤစည်းမျဉ်းမှ သွေဖယ်ကောင်း သွေဖယ်နေနိုင်သော်လည်း အများစုကမူ လိုက်နာကျင့်သုံးကြသည်။

ထို့အပြင် အရေအတွက် ၃၆၅ ခုက ကြယ်တာရာနှင့် နက္ခတ်ဗေဒအရ တခြားသော အဓိပ္ပာယ်များလည်း ရှိနေပြီး အသစ်တဖန် ပြန်လည်ဖြစ်ပေါ်ခြင်း၊ အပြောင်းအလဲနှင့် အသွင်ပြောင်းခြင်းတို့ကို ဖော်ဆောင်နေသည်။

“စကြဝဠာက တကယ်ကို အံ့ဩဖို့ ကောင်းတဲ့အရာပဲ။ ဘာပဲဖြစ်ဖြစ် လူအားလုံးအတွက် တစ်နှစ်က ငါ့အတွက် ၃၆၅ နှစ်နဲ့ ညီမျှတယ်။ အဲဒါဆိုတော့ လုံလောက်ပါပြီလေ”

ဝမ်ဝေ့က သူ့လောဘကြောင့် မပျော်ရွှင်သေးသော်လည်း သူ့ကိုယ်သူ စိတ်အေးအောင် ဖျောင်းဖျလိုက်သည်။ သူက လူအားလုံးထက် ၃၆၅ ဆ ပိုနေသည် မဟုတ်ပါလော။

တာအိုကို သက်သေပြပြီးသည့်နောက်တွင် ကျင့်ကြံရေးက ယုံကြည်မှုစွမ်းအားကဲသို့ တခြားသောနည်းလမ်းများ အသုံးမပြုသရွေ့ သက်ရောက်မှု ရှိလာစေဖို့ ယွမ်ခေတ်ကာလများစွာ ကြာမြင့်နိုင်သည်။ သို့သော်လည်း ဝမ်ဝေ့က တစ်ယွမ်ခေတ်ကာလအစား ၃၆၅ ယွမ်ခေတ်ကာလကို ကျင့်ကြံနိုင်သည်။ ဤသည်က ကြောက်မက်ဖို့ကောင်းပြီး သူ့အား အရေးသာချက်များစွာ ပေးအပ်ထား၏။

ငါ့ရဲ့အစီအစဉ်နဲ့ဆိုရင် တတ်နိုင်သမျှ အချိန်တိုအတွင်းမှာ ကောင်းကင်ဘုံအဆင့်အထိ ကျင့်ကြံနိုင်လိမ့်မယ်…

အနာဂတ်ဗုဒ္ဓကိုယ်နဲ့ဆိုရင် စံပြအဆင့်အတွက်လည်း အတူတူ ဖြစ်နေနိုင်တယ်…

ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ တွေးလိုက်မိ၏။

ငါ အခု စိုးရိမ်ရမဲ့ တစ်ခုတည်းသော အရာက ဒီနည်းစနစ်က တာအိုကို သက်သေပြပြီးတဲ့နောက်မှာ အသုံးမဝင်ဖြစ်လာမလားဆိုတာကိုပဲ…

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဗုဒ္ဓကျမ်းက ဧကရာဇ်ကျမ်း တစ်ခုဖြစ်သည့်အတွက် ထိုသို့ဖြစ်နိုင်ချေ ရှိသည်။ သို့သော်လည်း ရှုပ်ထွေးမှုများ ရှိနေလျှင်ပင် ဝမ်ဝေ့က တူညီသည့် သက်ရောက်မှုမျိုးရှိအောင် အဆင့်မြှင့်တင်နိုင်သေး၏။

ဝမ်ဝေ့က မတ်တပ်ရပ်ကာ ခန္ဓာကိုယ်ကို အညောင်းအညာဆန့်လိုက်သည်။ သူက တားမြစ်နယ်မြေ၏ ဗဟိုချက်ဖြစ်သည့် အဝေးတစ်နေရာဆီ လှမ်းကြည့်လိုက်သည်။

နောက်တစ်ခါ ငါ ရောက်လာရင် ဒီနေရာရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ရှာဖွေရမယ်…

သူက ဖရိုဖရဲအချိန်နယ်မြေ၏ လျှို့ဝှက်ချက်များကို ဖြေရှင်းပြီးသည်နှင့် အချိန်လျှို့ဝှက်နယ်မြေအဖြစ် သန့်စင်ပစ်မည် ဖြစ်သည်။

ဝမ်ဝေ့က အချိန်မဖြုန်းတော့ဘဲ ထိုနေရာမှ ထွက်ခွာလာသည်။ သူက သီးသန့်ကျင့်ကြံရေး ဝင်ရောက်ပြီး သူ့အင်အားကို မတိုးမြှင့်ခင် နောက်ဆုံးသော လုပ်ဆောင်ချက်တစ်ခု ရှိနေသည်။

ဝမ်ဝေ့က ဝင်ပေါက်တစ်ခု ဖွင့်ဟကာ အနောက်ပိုင်းကုန်းမြေဆီ ချက်ချင်း ရောက်ရှိလာသည်။ သူက တောင်ပေါ် ပေါ်ထွက်လာသော်လည်း မည်သည့်နေရာမှန်း အတိအကျမသိရပေ။ သို့သော် ထိုအရာက ကိစ္စမရှိပေ။ သူက လေဟာနယ်ထဲ ဆက်သွယ်ရေးအဆောင်ကို စေလွှတ်လိုက်ပြီး စောင့်ဆိုင်းနေ၏။

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် မထူးမခြားနား အမူအရာဖြင့် အနက်ရောင်နှင့် အဖြူရောင်ဆံပင်ရှိသည့် လူငယ်လေးတစ်ဦး ပေါ်ထွက်လာသည်။

“မင်းက တကယ်ကို စိတ်ပျက်ဖို့ကောင်းတယ်ဆိုတာ သိတယ်မလား” တိထျန်းက ပြောလိုက်သည်။

“မင်းကလည်း လူမှုဆက်ဆံရေး မကောင်းဘူးပဲ” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ သူ့ရှေ့မှ လူက ကိုယ်ပွားတစ်ယောက်သာ ဖြစ်ကြောင်း ပြောနိုင်လေသည်။

“မင်းရဲ့ အဓိပ္ပာယ် မရှိတာတွေအတွက် အချိန်မရှိဘူး။ ဘာလိုချင်တာလဲ”

“မင်းနဲ့ ပေးအယူလုပ်ဖို့ ရောက်နေတာ”

“အရင်ဟာပဲလား” သူက မကျေမနပ်ဖြင့်ပြောလိုက်သည်။

“မဟုတ်ဘူး။ အရင်တစ်ခေါက်ကလို မဟုတ်ဘူး။ ငါ့အတွက် လူနှစ်ယောက်ကို သတ်ပေးစေချင်တယ်။ မင်းက တန်ကြေးကိုပြော”

တိထျန်းက ထိုတောင်းဆိုချက်ကို ငြင်းပယ်ကာ ချက်ချင်း ထွက်သွားချင်သော်လည်း ရုတ်ချည်းဆိုသလို အတွေးတစ်ခုရလာကာ သူ့ကိုယ်သူ ချုပ်ထိန်းထားလိုက်သည်။

“မင်းမသတ်နိုင်တဲ့ တစ်ယောက်ယောက်များ ရှိသေးလို့လား”

“ဒါက အင်အားအရ မဟုတ်ဘူး။ ငါ့ရဲ့ ခေတ်ကာလသားတော် ဂုဏ်ပုဒ်က ကန့်သတ်ထားတာပဲ”

“မင်း ပြောနေတာက ဒိုင်မေးရှင်းအမြင့်က သစ္စာဖောက်တွေလား”

ဝမ်ဝေ့က တိထျန်းသည် ထိုလူများကို သိနေ၍ မအံ့ဩမိပေ။ လူများက ကောင်းမွန်သည့် အသိဉာဏ်နှင့် မှန်ကန်သည့် သတင်းအချက်အလက်များ ရရှိထားလျှင် ခန့်မှန်းနိုင်သည့်အရာ ဖြစ်၏။

“ဟုတ်တယ်”

“ငါ့ကို ပြ”

ဝမ်ဝေ့က လူနှစ်ယောက်၏ ပုံရိပ်ကို ပြသလိုက်၏။

“သူတို့က သစ္စာဖောက်ဆိုတာ သက်သေရှိလား”

“မရှိဘူး။ ဒါပေမဲ့ သူတို့ထဲက တစ်ယောက်ကတော့ သစ္စာဖောက်ဆိုတာ သေချာတယ်”

တိထျန်းက မျက်မှောင်ကြုတ်လိုက်၏။ ဤမျိုးဆက်၏ ကောင်းကင်ရွေးချယ်ခံများကို သတ်ဖြတ်ခြင်းက ကောင်းကင်တာအို၏ မလိုလားသည့်ဘက်အခြမ်းသို့ ရောက်ရှိသွားနိုင်ချေရှိကြောင်း သိထားသည်။ သို့သော်လည်း လူနှစ်ယောက်ကို သတ်ဖြတ်ခြင်းက ပြဿနာ မဟုတ်ပေ။ ပို၍အရေးကြီးသည် သူသည် ဤအပေးအယူသည် သူ့အတွက် စွန့်စားဖို့ ထိုက်တန်နေ၏။

“ကောင်းပြီ။ သဘောတူတယ်” တိထျန်းက ပြောလိုက်သည်။

“အပြန်အလှန်အနေနဲ့ ငါ့ဇနီးကို ဘယ်လိုအသက်သွင်းရမလဲဆိုတာကို မင်းရဲ့ အတွေးတချို့ သိချင်တယ်”

ဝမ်ဝေ့က ထိုတောင်းဆိုချက်နှင့် ပတ်သက်ပြီး မအံ့ဩမိပေ။ ထိုအရာက တိထျန်းအပေါ် သုံးသပ်ထားမှုအရ ဖြစ်နိုင်ချေအရှိဆုံး တောင်းဆိုချက် ဖြစ်၏။ ထိုသူသာ ထုတ်မပြောပါက ထိုအရာကို ညှိနှိုင်းဖို့ အသုံးပြုရလိမ့်မည်။

“မင်းရဲ့ ဇနီးကို အသက်ပြန်သွင်းချင်တာလား ဒါမှမဟုတ် ပြီးပြည့်စုံတဲ့ ပုံစံကိုလား”

ဝုန်း

ပတ်ဝန်းကျင်ရှိ ကောင်းကင်က ရုတ်ချည်းဆိုသလို နီရဲလာကာ တိထျန်း၏ ကိုယ်ပွားမှ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့များ ထွက်ပေါ်လာသည်။ အထွတ်အထိပ်နယ်ပယ်အဆင့်နှင့် အောက်ရှိ မိစ္ဆာကျင့်ကြံသူသန်းရာချီက သူတို့ကို ဖိနှိပ်ထားသည့် ကြောက်မက်ဖွယ် ဖိအားကို ခံစားမိလိုက်သည်။ တချို့သူများကသာ သက်ရောက်မှု မရှိဘဲ တည်ရှိနိုင်လေ၏။

“အသုံးမဝင်တဲ့ စိတ်ကစားပွဲမျိုးကို ကစားမနေနဲ့။ ငါ ပြောချင်တာကို မင်း သိပါတယ်”

“ကောင်းပြီ။ စိတ်အေးအေးထားပါ” ဝမ်ဝေ့က စာချုပ်တစ်ခုကို ထုတ်ကာ စည်းတံဆိပ်ထားပြီး ပြောလိုက်သည်။

တိထျန်းက ထိုအရာကို ဖတ်ရှုပြီးသည့်နောက်တွင် အကြောင်းအရာတချို့ ထပ်ထည့်လိုက်၏။

ဝမ်ဝေ့က လက်မခံခင် ပြန်လည်သုံးသပ်လိုက်သည်။

“အခု ပြောလို့ ရပြီလား”

သူက အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း ဝမ်ဝေ့ကမူ သူ ဖုံးကွယ်ထားသည့် စိတ်ခံစားချက် အတက်အကျများကို ခံစားမိလေသည်။

“မင်းရဲ့ ဇနီးကို အသက်ပြန်သွင်းနိုင်ဖို့ တွေးထားတာတချို့ရှိတယ်။ အတိအကျပြောရရင် သူမကို အသက်ပြန်သွင်းတာက အဓိက ပြဿနာ မဟုတ်ဘူး။ မဟာတာအိုနဲ့ အဓိကဖြေရှင်းဖို့က အဓိကပြဿနာပဲ”

တိထျန်းက ထိုစကားကို သဘောတူလေသည်။ ပြီးပြည့်စုံမှု တားမြစ်ချက်နှင့် ပတ်သက်ပြီး မဟာတာအို၏ တင်းကြပ်သည့် စည်းမျဉ်း မရှိလျှင် သူက သူ့ဇနီးကို အလွယ်တကူ အသက်ပြန်သွင်းနိုင်သည်။

“ပထမတစ်ခုက မဟာတာအိုဆီကနေ ဖုံးကွယ်ဖို့ ဝိရောဓိကို အသုံးပြုဖို့ပဲ”

“မင်းက ဘာတွေအဓိပ္ပာယ်မရှိတာ ပြောနေတာလဲ” တိထျန်းက ဝမ်ဝေ့သည် ဤအပေးအယူကို အလေးအနက် သဘောမထားကြောင်း ခံစားမိ၍ မျက်မှောင်ကြုတ်လိုက်သည်။

“လျှောက်ပြောနေတာ မဟုတ်ဘူး။ တိုက်ပွဲဝင်စိတ်ဝိညာဉ်ကမ္ဘာက စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းမှာ ဒီလိုမျိုး တူညီတဲ့နည်းလမ်းရှိပြီးတော့ အစစ်အမှန် ကောင်းကင်တာအိုဆီကနေတောင် အောင်အောင်မြင်မြင် ဖုံးကွယ်ထားနိုင်တယ်။ ကျင့်ကြံဆင့် မြင့်မားလာရင် ဒီနည်းစနစ်ကို မဟာတာအိုအထိတောင် ဖုံးကွယ်ထားနိုင်လိမ့်မယ်”

တိထျန်းက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။ သူက ဝမ်ဝေ့သည် စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းကို ရင်ဆိုင်ဖို့အတွက် သူ့ကို လှံတစ်ချောင်းသဖွယ် အသုံးပြုလိုကြောင်း သဘောပေါက်သွားသည်။ သူက သူတို့ကြားမှ ပဋိပက္ခများကို မသိကာ ဂရုမစိုက်သော်လည်း ထိုအရာက သူ့ကို ကူညီပေးနိုင်မည်ဆိုလျှင် သွားရောက်လည်ပတ်ဖို့ စိတ်ထဲမထားပေ။ သူက အရင်ဦးဆုံး ကြိုတင် လေ့လာစုံစမ်းရဦးမည်။

“ဒီအရာနဲ့ မလုံလောက်သေးဘူး။ ဒီဟာက အချိန်ကြာနိုင်တယ်”

“မြန်ဆန်လွယ်ကူတဲ့ ဖြေရှင်းနည်းမျိုးကိုတော့ မမျှော်လင့်ထားတာ ကောင်းလိမ့်မယ်” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“မင်းက အနန္တတန်ခိုးရှင်လောက်ရှိတဲ့ အရာနဲ့ ရင်ဆိုင်နေရတာ”

“မင်းပြောတာမှန်တယ်။ ဒါပေမဲ့ ငါ မင်းဆီမှာ နောက်ထပ် တွေးထားတာရှိတယ်ဆိုတာ သိတယ်”

“ကောင်းပြီ။ ဒုတိယတစ်ခုက လှည့်ဖျားရေးတာအိုကို အသုံးပြုပြီးတော့ မဟာတာအိုကို လှည့်ဖျားဖို့ပဲ။ ဒါပေမဲ့ အရင်နည်းလမ်းလိုမျိုး အောင်မြင်ဖို့အတွက် မင်းက မြင့်မားတဲ့ အဆင့်ကို ရောက်ရှိဖို့လိုတယ်”

ဝမ်ဝေ့က သူ့ကို စကားပြောခွင့် မပေးဘဲ ဆက်ပြောလိုက်သည်။

“တတိယတစ်ခုက မဟာတာအိုရဲ့ စွမ်းအား မရောက်ရှိနိုင်တဲ့နေရာကို ရှာပြီးတော့ သူမကို အသက်ပြန်သွင်းဖို့ပဲ”

“စကြဝဠာကြီးက ကျယ်ပြန့်တော့ ဘာမဆိုဖြစ်လာနိုင်တယ်။ မဟာတာအိုက အနန္တတန်ခိုးရှင်လောက်နီးပါးပဲ ရှိသေးတယ်”

တိထျန်းက ခေတ္တမျှစဉ်းစားပြီးသည့်နောက်တွင် ခေါင်းအသာယမ်းလိုက်၏။ ထိုနည်းလမ်းက သင့်တော်သော်လည်း ခြွင်းချက်ကမူ သူ့အနေဖြင့် မဟာတာအိုမရှိဇုန်မှ ထွက်မသွားနိုင်သည့် ကန့်သတ်ချက် ဖြစ်နေသည်။

“ငါက ရက်ရောပါတယ်။ ငါ့ရဲ့ အကောင်းဆုံး အစီအစဉ်ကို ပြောပြပြီးသွားပြီ။ ကုသိုလ်ပဲ။ မင်းသာ ကုသိုလ်လုံလုံလောက်လောက် စုဆောင်းနိုင်သရွေ့ မဟာတာအိုဆီ မင်းရဲ့ ပြီးပြည့်စုံတဲ့ ဇနီးကို မိုးမြေကြားမှာ ပြန်လည်တည်ရှိဖို့ တောင်းဆိုနိုင်တယ်”

တိထျန်း၏ အကြည့်များက လင်းလက်လာ၏။ ဤသည်က အကောင်းဆုံး အစီအစဉ် ဖြစ်ပေသည်။ သူက ထိုအရာကို မတွေးမိသည့်အတွက် သူ့ တုံးအမှုကိုသာ အပြစ်တင်မိ၏။ သူက လိုအပ်သည့် ကုသိုလ်များသည် တုန်လှုပ်ဖွယ် ပမာဏဖြစ်မည်ကို ခန့်မှန်းမိသော်လည်း အကန့်အသတ်ချိုးဖောက်ရေး ကိရိယာကဲ့သို့ ရှားပါးရတနာမျိုးကို ရှာဖွေဖို့ မျှော်လင့်နေသည်ထက်စာလျှင် ပို၍ကောင်းပေသည်။

သူ့ကိုယ်သူ တီထွင်ဖန်တီးဉာဏ်ပေါကြွယ်သည့် လူ မဟုတ်ကြောင်း သိသော်လည်း ထိုသို့ပါရမီရှင်မျိုးကို ရှာဖွေနိုင်သည်။ ပို၍ကောင်းသည်က သူသည် လူများကို ခစားပြီး ကုသိုလ်စုဆောင်းနိုင်မည့် အဖွဲ့အစည်းတစ်ခုကို ဖန်တီးနိုင်လေ၏။ အကယ်၍ ပျက်သုဉ်းသွားလျှင်ပင် သူက ဗုဒ္ဓဘုန်းကြီးများကို အတုခိုးကာ လူလုပ်ကပ်ဘေးကို ဖန်တီးပြီး လူများကို ကယ်တင်ကာ ကုသိုလ်ကို စုဆောင်းနိုင်သည်။

မဟုတ်သေးဘူး။ ငါ့ရှေ့မှာ အသိဉာဏ်ကြွယ်ဝပြီးတော့ ဉာဏ်များမှုအပြည့်ရှိတဲ့ ပါရမီရှင် ရှိနေတယ် မဟုတ်ဘူးလား။ သူ့ကိုသာ ထိန်းချုပ်ထားနိုင်ရင် ကုသိုလ် စုစည်းမဲ့ နည်းလမ်းအများကြီး ရှိမှာပဲ…

သူက အသက်ပြင်းပြင်းရှူကာ စိတ်ခံစားချက်ကို တည်ငြိမ်အောင်ထိန်းလိုက်သည်။

“ငါ့ကို တစ်လအချိန်ပေး” တိထျန်းက ပျောက်ကွယ်သွား၏။

ထိုစဉ် ဝမ်ဝေ့က ဉာဏ်များသည့် အပြုံးမျိုး ရှိနေသည်။

ပြီးသွားပြီ…

သူက တွေးလိုက်မိသည်။ သူက ကျောက်တုံးတစ်တုံးဖြင့် ငှက်များစွာကို ထိအောင်ပစ်နိုင်ခဲ့သည်။ ထိုငှက်များထဲမှ တစ်ခုက ချောင်နဉ်အပေါ် တည်ရှိနေသည့် ကံကြွေးကို လျှော့ချနိုင်ခဲ့သည်။

ဒုတိယတစ်ခုကမူ ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို ရှုံးနိမ့်သွားခဲ့လျှင် သူ့အသက်ရှင်နိုင်ချေကို အာမခံနိုင်ဖို့ ဖြစ်၏။ တိထျန်းက သူ အသုံးဝင်သည်ဟု ထင်နေသရွေ့ သူ့ကို သတ်မည် မဟုတ်ပေ။

ဝမ်ဝေ့က ထိုသူသည် သူ့ကို ဖမ်းဆီးဖို့ရာ ကြံစည်နေကြောင်း သိလေသည်။ သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်က တိထျန်း၏ တုံ့ဆိုင်းမှုနှင့် လိုအင်ဆန္ဒကို အသုံးပြုကာ ထွက်ပြေးဖို့ ဖြစ်သည်။ ထို့နောက် သူက ဂိုဏ်းကို အသင်္ချေအင်ပါယာကမ္ဘာမှ ထွက်ခွာစေပြီး ပုန်းအောင်းစေလိုက်မည်။

ငါ့ဘာသာ ယုံကြည်ချက်ရှိပေမဲ့ ယုံကြည်ချက် ပြည့်ဝနေတာက အရူးတွေအတွက်ပဲ…

ဝမ်ဝေ့က တောင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ကာ နောက်ထပ်ငှက်တစ်ကောင် ထိမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်၏။

***

All Chapters