ကြွက်လေးကောင်
Vol. 52 Ch. 719
တာအိုသင်္ချိုင်းမြေ
လူလေးယောက်က တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ကာ မတ်တပ်ရပ်နေကြသည်။ သူတို့တစ်ယောက်ချင်းစီ၏ အနောက်တွင် သင်္ကေတမြောက်များစွာ ရေးထွင်းထားသည့် အနက်ရောင် ခေါင်းတလားတစ်ခုစီ ရှိနေ၏။ လူလေးယောက်က ထူးဆန်းသည့် အဖွဲ့တစ်ခုမျိုး ဖြစ်နေသည်။ ထိုလူများထဲတွင် မီးခိုးရောင်ဆံပင်နှင့် အရေးကြောင်းများပါရှိသည့် အသက်ကြီးကြီး လူကြီးတစ်ယောက်၊ မြွေမျက်ဆံနှင့် လူလတ်အရွယ် အမျိုးသားတစ်ယောက်၊ အနီရဲရဲ ကြမ်းတမ်းခက်ထန်သည့် မျက်ဝန်းရှိသည့် ကလေးတစ်ယောက်နှင့် ဆံပင်အစိမ်းရောင်ရှိသည့် အသက်နှစ်ဆယ်ဝန်းကျင် ရုပ်ချောချော အမျိုးသားတစ်ယောက်တို့ ပါဝင်သည်။
ထိုတွေ့ဆုံပွဲကို မြင်လိုက်ရသည့်သူတိုင်းက စကားဖြင့် ဖော်မပြနိုင်လောက်အောင် အံ့အားသင့်သွားကြလိမ့်မည်။ အကြောင်းအရင်းမှာ ထိုလေးယောက်လုံးတွင် ထာဝရဧကရာဇ်အငွေ့အသက်များ ရှိနေ၍ ဖြစ်သည်။ လူတချို့က တာအိုသင်္ချိုင်းမြေသည် ထာဝရဧကရာဇ် တစ်ပါးရှိသည်ဟု ကောက်ချက်ချခဲ့ကြသော်လည်း လူအနည်းငယ်ကသာ ထာဝရဧကရာဇ် လေးယောက်ရှိကြောင်း သိထားကြသည်။
ထိုလူများက သူတို့၏ လမ်းကြောင်းကို ဖုံးကွယ်ဖို့အတွက် ထူးချွန်ပြောင်မြောက်သည့် အလုပ်မျိုး လုပ်ဆောင်ခဲ့ကြသည်။ ပထမတန်းစားဧကရာဇ်များက ဤနေရာသို့ လာရောက်စဉ် သူတို့က သူတို့ကို သတ်မပစ်ဘဲ လွတ်မြောက်ခွင့်ပေးခဲ့ပြီး ကမ္ဘာကြီးအား ဤတားမြစ်နယ်မြေတွင် ထာဝရဧကရာဇ် ရှိနိုင်ချေရှိကြောင်း ပြသခဲ့သည်။ ထိုစဉ် လူတစ်ယောက်ကသာ ထာဝရဧကရာဇ်၏ စွမ်းအားကို ပြသပြီး ကျန်လူများကမူ အမြဲတမ်းတမ်းလိုလို ပုန်းကွယ်နေလေ့ရှိသည်။
“ပထမကလေး ငါတို့အတွက် အသား၊ သွေး၊ ဝိညာဉ်နဲ့ အဆိုးမြင်စိတ်ခံစားချက်များကို စုစည်းဖို့ အခွင့်ကောင်းလို့ ထင်တယ်” အသက်ကြီးကြီး လူက အစိမ်းရောင် ဆံပင်ရှိသည့် လူငယ်လေးအား ကြည့်ကာ ပြောလိုက်သည်။
“ဒုတိယကလေး ပြောတာကို သဘောတူတယ်” လူလတ်အရွယ် အမျိုးသားက ပြောလိုက်သည် “ကောင်းကင်တာအိုက ဒိုင်မေးရှင်းအနိမ့်ကို စည်းပိတ်ထားပြီးပြီဆိုတော့ ငါတို့တွေ အချုပ်အနှောင် အများကြီးရှိမှာ မဟုတ်တော့ဘူး”
“ငါတို့သာ အတူတူအလုပ်တွဲလုပ်မယ်ဆိုရင် လူသားတည်တံ့ရေး အစီအရင်ကို ချိုးဖောက်နိုင်လောက်တယ်”
“မင်း မှားနေပြီ” ပထမကလေးက မျက်လုံး ဖုံးနေသည့် အစိမ်းရောင် ဆံပင်တစ်မျှင်ကို ဖယ်ရင်း ပြောလိုက်သည်။
“တကယ်လို့ လူသားတည်တံ့ရေး အစီအရင်ပဲဆိုရင် ငါတို့တွေမှာ အခွင့်အရေး ရှိနိုင်တယ်။ ဒါပေမဲ့ အခု တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ ကောင်စုတ်လေးက မျိုးနွယ်စုအားလုံးရဲ့ အစီအရင်တွေအားလုံးကို သုံးပြီးတော့ ငါတို့ကို စည်းပိတ်ထားတာ။ သူတို့ဆီမှာ ထိန်းချုပ်နေတဲ့ ထာဝရအဆင့် ပုဂ္ဂိုလ်ရှိတာကို ထည့်မပြောရသေးဘူး”
“အဲဒါဆိုရင် ပြင်ပမှာရှိတဲ့ အရန်လူတွေကို သုံးရင် ဘယ်လိုလဲ။ သူတို့က တာအိုဘိုးဘေးအဆင့် စွမ်းအားရှိတယ်ဆိုပေမဲ့ လုံလောက်တာထက် ပိုပါတယ်” ဒုတိယကလေးက ပြောလိုက်သည်။
“အသုံးမဝင်ဘူး။ အဲဒီဧကရာဇ်မျိုးနွယ်တွေက အဲဒါတွေကို မြန်မြန်ဆန်ဆန် သတ်ပစ်မှာဆိုတော့ ငါတို့ရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားနိုင်တယ်။ အကောင်းဆုံးရလဒ်က အသွေးအသား ရူးသွပ်နေတဲ့ မိစ္ဆာကျင့်ကြံသူအဖြစ် အယောင်ဆောင်ဖို့ပဲ။ ဒါပေမဲ့ တိမျိုးနွယ်က သူတို့ကို ရှင်းထုတ်လိမ့်မယ်”
“ပထမကလေး မင်းက သတိကြီးပြီးတော့ ငါတို့တွေဒီလောက် ပုန်းအောင်းနိုင်တာ မင်းကြောင့်ဆိုတာ သိပါတယ်” စတုတ္ထ ကလေးငယ်က ပြောလိုက်သည် “ဒါပေမဲ့ ငါတို့တွေ အနီရောင်လှိုင်းကို မလုပ်တာကြာပြီ။ ငါ့အဆင့်က မတည်ငြိမ်တော့တဲ့ လက္ခဏာတွေ ပြသနေတယ်။ တကယ်လို့ မြန်မြန်ဆန်ဆန် မတုံ့ပြန်နိုင်ဘူးဆိုရင် ငါ့ရဲ့ ထာဝရအဆင့်အတန်းကို ဆုံးရှုံးသွားနိုင်တယ်။”
ပထမကလေးက မျက်မှောင်ကြုတ်လိုက်၏။
စတုတ္ထကလေးက အသစ်ဆိုတော့ တည်ငြိမ်ဖို့အတွက် စွမ်းအားတွေလိုနေတာအမှန်ပဲ။ ဒါပေမဲ့ ဒီမျိုးဆက်မှာ လှုပ်ရှားဖို့က ဉာဏ်မရှိရာကျတယ်…
ပထမကလေးက ကောင်းကင်တာအိုသည် ဤမျိုးဆက်၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲအပေါ် နက်နက်နဲနဲ ဂရုစိုက်ကြောင်း သိလေသည်။ သူ စုဆောင်းထားပြီး ကောက်ချက်ချထားသည့် သတင်းအချက်အလက်များမှ အစစ်အမှန် ကောင်းကင်တာအိုသည်လည်း ထိုသို့ဖြစ်နိုင်ချေ များ၏။
ဤသည်က သူ တုံ့ဆိုင်းနေရသည့် အဓိကအကြောင်းအရင်း မဟုတ်ပေ။ အဓိကက ထိုအမျိုးသမီးကြောင့် ဖြစ်၏။ လူများစွာက သူမကို ဧကရီဝူ၏ မျိုးဆက်ဟု ယုံကြည်ကြသော်လည်း ပထမကလေးက ထိုအရာသည် မရိုးရှင်းကြောင်း သိလေသည်။ သူမက ကိုယ်ပွား သို့မဟုတ် ပြန်လည်ဝင်စားမှုတစ်ခုပင် ဖြစ်နေနိုင်၏။
သူက သူမ ဖြစ်နိုင်ချေ ၀.၁ ရာခိုင်နှုန်းရှိနေလျှင်ပင် လှုပ်ရှားမည် မဟုတ်ပေ။ သူ့ သတိကြီးသည့် သဘာဝကြောင့်သာ ဗလာခေတ်အပြီး ဒိုင်မေးရှင်းအမြင့်တွင် သေဆုံးသွားကတည်းက သူ့အစီအစဉ်များသည် ချောမွေ့နေရသည့် အကြောင်းအရင်း ဖြစ်ပေသည်။
“ငါတို့တွေ ထွက်သွားလို့ မရဘူး။ စတုတ္ထကလေးငယ်ရဲ့ အခြေအနေကို တည်ငြိမ်အောင် လူတချို့ကိုပဲ စတေးလိုက်ရအောင်လား” ဒုတိယကလေးငယ်က တာအိုသင်္ချိုင်းမြေ၏ နောက်ထပ် တစ်နေရာကိုကြည့်ရင်း ပြောလိုက်သည်။ ခေါင်းတလား ရောင်စုံများစွာရှိနေပြီး အားကောင်းသည့် အငွေ့အသက်များ ထုတ်လွှတ်နေသည်။ အားအနည်းဆုံးက ထာဝရအရှင်အဆင့်ဖြစ်ပြီး ထိုအုပ်စုထဲတွင် အမျိုးအစား မျိုးစုံပါဝင်နေသည့် ဧကရာဇ်တချို့လည်း ရှိနေသည်။
“မဖြစ်ဘူး။ သူတို့ထဲက တချို့က တစ်ခုခုကို သံသယဖြစ်နေပြီးသား” ပထမကလေးငယ်က ပြန်လည်ချေပလိုက်သည် “တကယ်လို့ ငါတို့တွေ အခုလှုပ်ရှားမယ်ဆိုရင် သူတို့တွေ တစ်ခုခု ရှာတွေ့သွားနိုင်တယ်”
“အဲဒါဆိုရင် ဘာလုပ်ရမှာလဲ”
“စတုတ္ထကလေး မင်း ခဏတော့ ခံစားရဦးမယ်။ အဆင့်ပြုတ်ကျသွားတာကို ကာကွယ်ဖို့ စည်းပိတ်နေလိုက်တာ အကောင်းဆုံးပဲ။ ငါတို့တွေ လှုပ်ရှားဖို့ နောက်ထပ် မျိုးဆက်တချို့ကို စောင့်ဆိုင်းရမယ်”
“နောက်ထပ် မျိုးဆက်တချို့လား” တတိယကလေးက မေးလိုက်၏။
“အဲလိုလည်း ဖြစ်ချင်မှဖြစ်လိမ့်မယ်။ တကယ်လို့ တာအိုအခွင့်အလမ်းဂိုဏ်းက ကောင်စုတ်လေးက ဒီမျိုးဆက်မှာ အနိုင်ရရှိသွားတယ်ဆိုရင် နောက်မျိုးဆက်တချို့က စည်ပင်ကြွယ်ဝပြီးတော့ အပြောင်းအလဲအပြည့် ဖြစ်နေလိမ့်မယ်။ ငါတို့တွေ ထွက်လာလို့ မဖြစ်ဘူး။”
“ဒါပေမဲ့ တိမျိုးနွယ်ရဲ့ မျိုးဆက်ဆိုရင် ငါတို့တွေ စွန့်စားပြီးတော့ သူ ဒီကထွက်သွားတာနဲ့ အနီရောင်လှိုင်းကို ဖန်တီးလို့ရတယ်။ ငါတို့တွေ စတုတ္ထကလေးငယ် အခြေတည်ငြိမ်ဖို့ လုံလောက်တဲ့ အရင်းအမြစ်တွေကို မြန်မြန်သွက်သွက်လက်လက် စုဆောင်းနိုင်တယ်”
ပထမကလေးငယ်က အသင်္ချေအင်ပါယာကမ္ဘာ၏ စည်ပင်ကြွယ်ဝသည့် ခေတ်ကာလရောက်ရှိလာမှုသည် ဖြစ်ဖို့ရာ ကံကြမ္မာဖန်လာပြီဖြစ်ကြောင်း နားလည်သည်။ သို့သော်လည်း တိထျန်းသာ နောက်ဆုံးတိုက်ပွဲတွင် အနိုင်ရရှိပါက ကံကြမ္မာက ပြောင်းလဲသွားမည် ဖြစ်ကာ စည်ပင်ကြွယ်ဝသည့်ခေတ်ကာလက နှောင့်နှေးသွားနိုင်သည်။ ထိုအချိန်က သူတို့အတွက် လှုပ်ရှားဖို့ အချိန်ကောင်း ဖြစ်၏။
ပထမကလေးငယ်က ဝမ်ဝေ့ အနိုင်ရရှိမှုကို မလိုချင်ပေ။ သူက ထိုကောင်စုတ်လေး၏ မြင့်တက်လာမှုကို သိရကတည်းက သူ့အလိုလိုသိစိတ်က မကြာခင် တစ်စုံတစ်ခု ဆိုးဆိုးဝါးဝါး ဖြစ်ပျက်လာတော့မည်ဖြစ်ကြောင်း သတိပေးနေသည်။ ထို့ကြောင့် သူက ပိုမိုသတိထားလာခဲ့ပြီး နောက်ဆုံးတိုက်ပွဲ မစခင် ပုန်းအောင်းဖို့ရာသာ ဆုံးဖြတ်ထားခဲ့သည်။
“ဒါက အကောင်းဆုံးရွေးချယ်မှု ဖြစ်နေနိုင်တယ်” ဒုတိယကလေးက သက်ပြင်းချကာ ပြောလိုက်၏။ သူက တခြားသူများနည်းတူ ပထမကလေးကို အပြစ်မတင်ပေ။ သူတို့၏ အစီအစဉ်က ဤခေတ်ကာလများစွာ ချောမွေ့နေသည်မှာ ထိုလူ၏ သတိကြီးမှုကြောင့်သာ ဖြစ်၏။
ပြင်ပကမ္ဘာက သူ့ကို ငကြောက်နှင့် ကြွက်တစ်ကောင်ဟု ခေါ်ဆိုကြသော်လည်း သူတို့လေးယောက်ကသာ ပထမကလေး၏ အစစ်အမှန် လုပ်ဆောင်နိုင်စွမ်းကို သိထားကြသည်။
“ဒိုင်မေးရှင်းအမြင့်က လူတွေလား”
“အရှင်က ကျုပ်တို့ကို ကြားဖူးတယ်လား” ကပ်ပါးက ပြောလိုက်သည်။
“အဲလိုဆိုရင် စကားပြောရတာ ပိုလွယ်ကူသွားတာပေါ့”
သူ့လေသံက ယဉ်ကျေးကာ လေးစားမှု ရှိ၏။
“ဘယ်လိုလုပ်ဝင်လာတာလဲ” ပထမကလေးငယ်က မေးလိုက်သည်။ သူက သူ့ကိုယ်ပိုင်စည်းတံဆိပ် ချထားရုံသာမက မျိုးနွယ်တည်တံ့ရေးအစီအရင်က လူများအား ဝင်ထွက်နိုင်သည်ကို တားမြစ်ထားလေသည်။
“အရှင်က ကျုပ်ဇစ်မြစ်ကို သိနေမှတော့ ဒါက အရေးကြီးတဲ့ ကိစ္စ မဟုတ်ဘူးဆိုတာကို နားလည်မှာပါ”
စံပြပဲ…
ပထမကလေးငယ်က တွေးလိုက်မိသည်။ သူက တစ်ခါက တက်လှမ်းသွားပြီးသားဖြစ်ကာ စံပြများ၏ စွမ်းအားကို သိထားလေ၏။ သူတို့က ဒိုင်မေးရှင်းအနိမ့်တွင် ဝင်ရောက်စွက်ဖက်မှုကို တားဆီးကန့်သတ်ခံထားရသော်လည်း စည်းမျဉ်းကန့်သတ်ချက်အတွင်း သူတို့အသုံးပြုနိုင်သည့် နည်းလမ်းများက သာမန်လူများ တွေးကြည့်၍ မရပေ။
“ဘာလို့ ဒီရောက်လာတာလဲ”
“အရှင်ဒိဋ္ဌိနဲ့ အပေးအယူလုပ်ဖို့ ရောက်လာတာပါ”
ဒိဋ္ဌိတဲ့… ငါ မကြားရတာ ကြာတဲ့နာမည်ပဲ…
ပထမကလေးက မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။ သူ့နာမည်က သမိုင်းကြောင်းတစ်လျှောက် ပျောက်ဆုံးသွားပြီ ဖြစ်သော်လည်း ထိုလူများက တူးဖော်နိုင်သေး၏။
အဲဒီကောင်စုတ်လေးရှေ့မှာ သူတို့ထင်ရသလောက် အသုံးမဝင်တာတော့ မဟုတ်ဘူးပဲ…
ဝမ်ဝေ့အပေါ် အမုန်းတရားမျိုး ရှိနေသည့် ပထမကလေးငယ်က တွေးလိုက်မိသည်။
အကြောင်းအရင်းအတွက်လား…
ထိုကောင်စုတ်လေးက သူ့အား ပြဿနာဖြစ်စေမည်ဟု ခံစားရမည်ဖြစ်ကာ ထိုအရာက ကမ္ဘာပေါ်တွင် သူ အမုန်းတီးဆုံးအရာ ဖြစ်၏။
“အသေးစိတ်ပြောပါ” သူက ပြောလိုက်သည်။
“ အရှင်က လူအများကြား ထွက်ပေါ်မလာချင်ဘူးဆိုတာကို သိပါတယ်။ အဲဒါကြောင့် အသစ်တက်လှမ်းတဲ့ ဧကရာဇ်ကို တာအိုသက်သေပြပြီးတာနဲ့ ချက်ချင်းမောင်းထုတ်ပေးဖို့ တောင်းဆိုချင်နေတာပါ။ ဒါပေမဲ့ မြန်မြန်ဆန်ဆန် လုပ်ဆောင်တယ်ဆိုရင် ဖြစ်နိုင်ပါတယ်”
ဧကရာဇ်ဒိဋ္ဌိက ဘာမှမပြောဘဲ သူ့ကိုသာ ဆက်လက်ကြည့်နေ၍ ကပ်ပါးက မြန်မြန်ဆန်ဆန် ရှင်းပြလိုက်ရသည် “ကျုပ်တို့ရဲ့ အပြုအမူက ဝမ်ဝေ့ တာအိုကို သက်သေပြတဲ့အခါပဲ ဖြစ်မှာပါ။ ပြီးတော့ ကျုပ်တို့က ခင်ဗျားကို ကူညီပေးနိုင်တယ်”
သူက မပြီးဆုံးသေးသည့် အစီအရင် ပါဝင်သည့် မြေပုံတစ်ခုကို ထုတ်ပြလိုက်သည်။
“ဒီအစီအရင်က ခင်ဗျားတို့ရဲ့ စွမ်းအားကို ယာယီ မြှင့်တင်ပေးနိုင်တယ်။ တစ်ခုတည်းသော လိုအပ်ချက်က တခြားသော ဧကရာဇ် ဒါမှမဟုတ် အဆင့်တစ်ဆယ် မသေမျိုးတွေရဲ့ စတေးမှုပဲ လိုတယ်။ ဒီဟာရဲ့ အကူအညီနဲ့ဆိုရင် အလွယ်တကူ ပြီးမြောက်နိုင်ပါတယ်…”
ဒိဋ္ဌိက တိတ်ဆိတ်နေကာ ကပ်ပါးကိုသာ ဆက်လက်စိုက်ကြည့်နေသည်။ သူက မည်သည့်အရှိန်အဝါမှ ထုတ်လွှတ်မထားသော်လည်း ကပ်ပါးက ဖိအားအမြောက်အများ ခံစားနေရ၏။ ကံကောင်းစွာဖြင့် သူက ကောင်းကင်ဘုံနှင့် စံပြများ၏ အရှိန်အဝါများကို ရင်ဆိုင်နေကြ ဖြစ်ကာ ဤသို့သော အခြေအနေမျိုးတွင်ပင် တည်ငြိမ်နိုင်သည်။
“အောင်မြင်ပြီးသွားရင် အရှင်တို့က အသင်္ချေအင်ပါယာကမ္ဘာကနေ လိုအပ်တဲ့ အသွေးအသားကို ကြိုက်သလောက် စုပ်ယူနိုင်ပါတယ်”
“ဒါပဲလား။ ငါက မင်းအတွက် ညစ်ပတ်တဲ့ အလုပ်ကို လုပ်ပေးပြီးတော့ မင်းက ဒါပဲ ပေးနိုင်တယ်ပေါ့”
ကပ်ပါးက မျက်မှောင်ကြုတ်ကာ နက်နက်နဲနဲ စဉ်းစားကြည့်လိုက်သည်။ သူက ဝေခွဲမရ ဖြစ်နေမိ၏။ အနည်းဆုံးတော့ ထိုအရာက သူ့မျက်နှာအပေါ်တွင် ဖော်ပြထားသည့် အမူအရာ ဖြစ်နေသည်။ ထို့နောက် သူက အံကြိတ်ကာ ပြောလိုက်သည်။
“တခြားကမ္ဘာ့အသိုက်အဝန်းထဲမှာတော့ ကျုပ်တို့ အပေါင်းအပါတွေ ရှိပါသေးတယ်။ တကယ်လို့ အောင်မြင်တယ်ဆိုရင် အသွေးအသားကို စုဆောင်းဖို့ ကူညီပေးပါလိမ့်မယ်”
“မင်းတို့ရဲ့ ဆုလာဘ်တစ်ခုလုံးက မင်းတို့လူတွေ တခြားကမ္ဘာ့အသိုက်အဝန်းမှာ တာအိုကို သက်သေပြတဲ့အပေါ်မှာ ယူဆထားတာပဲ။ တကယ်လို့ သူတို့ မလုပ်ဆောင်နိုင်ခဲ့ရင် ဘယ်လိုလုပ်မှာလဲ”
“အဲဒါက မဖြစ်နိုင်ဘူး”
“ဘယ်သူကပြောလဲ။ မင်းကလား” ဒိဋ္ဌိက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
“အရှင် ကိစ္စတွေကို ခက်ခဲအောင် လုပ်စရာမလိုပါဘူး။ တကယ်လို့ မညှိနှိုင်းချင်ဘူးဆိုရင်လည်း ငြင်းလိုက်ပါ” ကပ်ပါးက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
“ကျုပ်တို့က ကျုပ်တို့ရဲ့ လေးနက်မှုကို ပြပြီးသွားပြီ။ တကယ်လို့ ဆုလာဘ် မရှိဘူးဆိုရင်တောင် ကျုပ်ပေးထားတဲ့ အစီအရင်က လုံလောက်နေပါပြီ”
“မင်းပြောတာ ဟုတ်တယ်” ဧကရာဇ်ဒိဋ္ဌိက ပြန်လည်ပြောလိုက်၏။
“အဲဒါဆိုတော့ သဘောတူတယ်လား” ကပ်ပါးက မေးလိုက်သည်။
“ဒါက နေရာမှာတင် ဆုံးဖြတ်လို့ရတဲ့အရာ မဟုတ်ဘူး။ ငါ့ကို သုံးရက် အချိန်ပေး။ မင်းကို အဖြေပြန်ပြောမယ်”
ကပ်ပါးက တိတ်တဆိတ် သက်ပြင်းချလိုက်၏။ ဧကရာဇ်ဒိဋ္ဌိက သူ့ကို ချက်ချင်းမငြင်းဆန်သရွေ့ မျှော်လင့်ချက် ရှိလေသည်။
“ဒီလိုဆိုရင် သုံးရက်ကြာပြီးတဲ့နောက်မှ ပြန်လာပါမယ်။ သတင်းကောင်း ကြားရဖို့ မျှော်လင့်နေပါမယ်” ကပ်ပါးက လက်နှစ်ဖက်ယှက်ပြီးသည့်နောက်တွင် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွား၏။
သိပ်မကြာခင် တခြားသုံးယောက်က ဧကရာဇ်ဒိဋ္ဌိအနားတွင် ပေါ်ထွက်လာသည်။
“ပထမကလေး ဘယ်လိုဆုံးဖြတ်မှာလဲ။ သူတို့နဲ့အတူတူ အလုပ်တွဲလုပ်မှာလား” ဒုတိယကလေးက မေးလိုက်သည်။
***