← Chapters

သတ်ဖြတ်ရေးနှလုံးသား *

Vol. 52 Ch. 720

သတ်ဖြတ်ရေးနှလုံးသား *

Vol. 52 Ch. 720

“ဘယ်ဟုတ်ပါ့မလဲ” ပထမကလေးက ပြောလိုက်သည်။ သူက ကျူးကျော်သူ၏ အပြုအမူကို လေ့လာပြီး ထိုသူ၏ သရုပ်ဆောင်မှုက သူ့လိုမျိုး မကောင်းဆိုးဝါးအိုကြီးအတွက် သေးနုတ်နေ၏။ ထို့အပြင် ထိုသူက သူ့အား အရှင်ဟု ခေါ်ဝေါ်နေသော်လည်း ပထမကလေးသည် ထိုကပ်ပါးဆီမှ ဖုံးကွယ်ထားသော မနှစ်မြို့မှုနှင့် မာနကို ခံစားမိလေသည်။

“ဘာလို့လဲ” တတိယကလေးက မေးလိုက်၏။ သူက ဒိုင်မေးရှင်းအမြင့်ရှိ အားကောင်းသည့် နောက်ခံတချို့ ရှိလာခြင်းမှာ ဆိုးဝါးသည်ဟု မထင်ပေ။

“ငါတို့ရဲ့ အပြုအမူတွေက ဒိုင်မေးရှင်းအမြင့်က လူတော်တော်များများကို ဒေါသထွက်စေပြီးပြီ။ အဲဒါကြောင့် ငါ ပေါ်လာတာကို စောင့်ဆိုင်းပြီး သတ်ဖို့ လူဘယ်လောက်ရှိနေမယ်ဆိုတာကို တွေးကြည့်လို့ မရဘူး” ပထမကလေးက ပြောလိုက်၏။

သူက သူ့အခြေအနေကို ကောင်းကောင်း နားလည်ထားသည်။ ထို့ကြောင့် သူက သူ့အစီအစဉ်ကို ပြီးမြောက်သွားသည်နှင့် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှ ထွက်ခွာကာ ကမ္ဘာဦးဟွင်သွမ်းအတွင်း ဝင်ရောက်ခဲ့သည်။

“ဒီလူတွေရဲ့ အခြေအနေတွေက ငါတို့နဲ့ သိပ်ပြီးတော့ မကွဲပြားဘူး။ သူတို့ရဲ့ အုပ်စိုးမှု အဆုံးသတ်သွားပြီးတော့ တခြားစံပြအကုန်လုံး ပြန်ရောက်လာတာနဲ့ သူတို့ရဲ့ ကံကြမ္မာကလည်း ဆိုးဆိုးရွားရွား ဖြစ်သွားလိမ့်မယ်”

ပထမကလေးက ထိုစံပြများသည် အဘယ်ကြောင့် ပျောက်ကွယ်သွားမှန်းမသိပေ။ သို့သော်လည်း ထိုအရာက သူ့သုံးသပ်မှုကို မပြောင်းလဲနိုင်ပေ။

“အဲဒါဆိုတော့ ဒီလူတွေက မြုပ်နေတဲ့ လှေတစ်စင်းလိုပေါ့” ဒုတိယကလေးက ပြောလိုက်သည် “သူတို့နဲ့သာ ပတ်သက်နေရင် သေခြင်းတရားက ခပ်စောစော ရောက်လာလိမ့်မယ်”

“အတိအကျပဲ”

“အဲဒါဆိုတော့ သူတို့ကို ဘာလို့ တိုက်ရိုက်မငြင်းလိုက်တာလဲ”

“သူက ဘယ်လိုနည်းလမ်းမျိုး အသုံးပြုနိုင်တယ်ဆိုတာကို မသိသေးဘူး။ အဲဒါကြောင့် ငါတို့ထွက်ပြေးလို့ ရအောင် အချိန်ဆွဲထားလိုက်တာ”

သုံးရက်ကြာမြင့်ပြီးသည့်နောက် ကပ်ပါးက ထိုနေရာသို့ ပြန်ရောက်လာသည့်အချိန် တာအိုသင်္ချိုင်းမြေကို ရှာသည့်အခါ ဧကရာဇ်ဒိဋ္ဌိသည် သူ့ကို ကစားသွားကြောင်း ချက်ချင်းသိလိုက်သည်။ သူ့အကြည့်များက ဒေါသဖြင့် တောက်လောင်လာသော်လည်း မြိုသိပ်လိုက်ရသည်။

ဒိဋ္ဌိ ငကြောက် … မင်းကို တစ်ရက်ကျရင် ပြန်လည်ပေးဆပ်ခိုင်းမယ်…

ကပ်ပါးက နောက်ထပ်တစ်နေရာဖြစ်သည့် ငရဲကမ္ဘာဆီ ဦးတည်လိုက်၏။ သူက စံပြ ချန်ထားခဲ့သည့် သီးသန့်အဆောင်တစ်ခုကို သုံးကာ ထိုတားမြစ်နယ်မြေ၏ ဗဟိုချက်အတွင်း ဝင်ရောက်လိုက်သည်။

သူက ယခင်ဧကရာဇ်ဒိဋ္ဌိနှင့် တွေ့ဆုံစဉ်အခါကထက်ပင် ရိုကျိုးစွာ ဦးညွှတ်လိုက်၏။ သူက ကောင်းကင်ဘုံအဆင့်နှင့် တွေ့ဆုံနေသည် မဟုတ်ပါလော။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၌ပင် ကောင်းကင်ဘုံအဆင့်များက ဘာမှစိတ်ပူစရာမလိုဘဲ ဂုဏ်ယူဝံ့ကြွားစွာ လျှောက်လှမ်းနိုင်သည့် ထိပ်တန်းကျင့်ကြံသူများ ဖြစ်ကြသည်။

“အရှင်ငရဲ ကျွန်တော်…”

ဝုန်း

လက်ဝါးချက်က ကပ်ပါးကို စကားပြောဆိုခွင့် မပေးဘဲ ချေမွပစ်လိုက်၏။

“ဒီအမှိုက်တွေက ဘာလို့လာပြီးတော့ နှောင့်ယှက်နေတာလဲ” ထိုအသံက ရှေးကျကာ ကမ္ဘာ၏ အတက်အကျများစွာကို မြင်တွေ့ဖူးဟန်ပေါ်သည်။

“အောင်မြင်မှု မရှိဘဲနဲ့ ကြိုးစားနေတာ ကြာလှပြီ။ ဒါပေမဲ့ လတ်တလော ငါ့ရဲ့ အခွင့်အရေးက ဖြည်းဖြည်းချင်း နီးကပ်လာပြီဆိုတာကို ခံစားမိတယ်။ ဒီအလိုလိုသိစိတ်က ဘယ်ကနေ ရောက်လာတယ်ဆိုတာကို ကြည့်ရအောင်”

……….

မြေအောက်တစ်နေရာအနက် အစီအရင်မြောက်များစွာ ကာရံထား၏။

ကပ်ပါးက မျက်လုံးဖွင့်ကာ သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ သူ့အသားအရည်က အဖြူရောင်အမှုန့်ထက်ပင် ပိုမို ဖြူဖျော့လာ၏။

“ဒီလူတွေအကုန်လုံးက ဘာလို့ အကျိုးအကြောင်း မသင့်ရတာလဲ” သူက အံကြိတ်ကာ ရေရွတ်လိုက်ပြီး ဆေးလုံးမြောက်များစွာ သောက်သုံးလိုက်သည်။ သူက သတိကြီးကြီးထားကာ သူ့ခန္ဓာကိုယ်အစစ်နှင့် ထိုသက်ရှိများကို မတွေ့ဆုံခဲ့ပေ။ သို့သော် ပုံရိပ်ယောင်ကို ဖျက်ဆီးလိုက်ခြင်းက သူ့ပင်မခန္ဓာကိုယ်အထိ သက်ရောက်မှုရှိလာစေသည်။

သဘောတရားအရ ပုံရိပ်ယောင်တစ်ခု ဆုံးရှုံးရ၍ ဘာမှ ဆုံးရှုံးစရာ မရှိပေ။ ကံဆိုးစွာဖြင့် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူက လှုပ်ရှားခဲ့သည်။

“အဲဒီအရူးတွေက ငါ့နောက် လိုက်လာနိုင်ချေရှိတော့ ဆက်နေလို့ မဖြစ်ဘူး” ကပ်ပါးက ငရဲကမ္ဘာတွင် အလားအလာကောင်းသည့် စည်းတံဆိပ် ရှိကြောင်း သိထားသည်။ သို့သော်လည်း သူက ကောင်းကင်ဘုံအဆင့်၏ စွမ်းဆောင်ရည်ကို လျှော့မတွက်ပေ။

“ပြီးတော့ သွေးမြေဆီ သွားဖို့ နှောင့်နှေးထားရဦးမယ်”

ကပ်ပါးက သွေးမြေ၏ အကြောင်းကို စဉ်းစားပြီးသည့်နောက်တွင် အိပ်စက်နေသည့် ကြယ်ခြောက်ပွင့် ယွမ်ထီကို နိုးထဖို့ရာဖြစ်၏။ သို့သော်လည်း သွေးမြေက အောင်မြင်နိုင်ချေ အနည်းဆုံးဖြစ်မှန်း သိထားလေသည်။ အဓိကအကြောင်းအရင်းက ထိုယွမ်ထီသည် လူသားများ သို့မဟုတ် ဟော်သဲ့သက်ရှိများကို မုန်းတီး၏။ ထို့ကြောင့် ထိုသူ ပေါ်ထွက်လာပြီး နိုးကြားလာပါက သူ့အနေနှင့် ငရဲကမ္ဘာတုန်းကလိုမျိုး တူညီသည့် ကံကြမ္မာကိုသာ ရင်ဆိုင်ရနိုင်ချေရှိသည်။

“ငါ မကြိုးစားကြည့်ခင် ဒဏ်ရာ‌တွေ ကုသပြီးတဲ့အထိ စောင့်ရမယ်” ထို့နောက် သူက နောက်ထပ် နေရာတစ်ခုဆီ ထွက်ခွာသွားသည်။

………………………………………………….

အနောက်ပိုင်းကုန်းမြေ

တိထျန်းနှင့် စကားစမြည်ပြောပြီး တစ်ပတ်ကြာမြင့်ပြီးသည့်နောက်တွင် တာအိုသင်္ချိုင်းမြေ၏ ပျောက်ကွယ်သွားမှုအကြောင်း သတင်းစကား ရရှိလိုက်သည်။ သူ့ လက်အောက် ခေါ်ယူထားသည့် လုပ်ကြံသတ်ဖြတ်သူအသစ်က အရိပ်သတ်ဖြတ်ရေးကျောင်းဆောင်၏ ပင်မအဖွဲ့ဆီမှ အဖွဲ့ကို ဖြိုခွင်းပြီး လူမှုအသိုင်းအဝိုင်းကြား ဝင်ရောက်ဖို့ သတင်းကို လက်ခံရရှိခဲ့သည်။

“ဒီကြွက်တွေက ဘာလို့ မြန်မြန်ဆန်ဆန် ထွက်ပြေးသွားပါလိမ့်။ တစ်ခုခုများ ဖြစ်သွားလို့လား” သူက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။

သူက သတင်းအချက်အလက်များစွာ လိုအပ်နေသည် ဖြစ်ရာ ဖြစ်နိုင်ချေများစွာကို မစဉ်းစားနိုင်ပေ။

ထားလိုက်ပါတော့ ဘာဖြစ်ဖြစ် သူတို့က ထွက်ပြေးနိုင်တာပဲ…

သူက မျက်လုံးမှိတ်ကာ စောင့်ဆိုင်းလိုက်၏။ ငရဲကမ္ဘာအတွင်း ဖြစ်ပျက်ခဲ့သည့်အရာများကို မသိပေ။ သို့သော် ထိုအရာက လူနှစ်ယောက်ထဲသာ သိထားသည့်အတွက် ပုံမှန်သာ ဖြစ်၏။

နှစ်ပတ်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့ရှေ့မှောက် လေဟာနယ်က ဖွင့်ဟလာကာ တိထျန်းက ထွက်ပေါ်လာသည်။ သူ့အရှိန်အဝါက အတက်အကျဖြစ်နေသည့်အတွက် စိတ်အခြေအနေကောင်းနေခြင်း မဟုတ်ကြောင်း ညွှန်ပြနေ၏။

“ဘယ်လိုလဲ” သူက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“ကျရှုံးသွားတယ်” သူက မကျေမနပ်ဖြင့် ပြောလိုက်သည် “ငါ တစ်ယောက်ကိုတော့ သတ်လိုက်တယ်။ တခြားတစ်ယောက်က လွတ်မြောက်သွားတယ်”

“မင်း အကောင်းဆုံးရော ကြိုးစားရဲ့လား”

“အင်း ငါ အားကုန်သုံးပြီးတော့ အောင်မြင်ဖို့အတွက် ခိုးကြောင်ခိုးဝှက်တောင် တိုက်ခိုက်ခဲ့သေးတယ်။ ဒါပေမဲ့ သူ့ဆီမှာ ပိုးမွှားတွေအဖြစ် ပြောင်းလဲနိုင်တဲ့ အသက်ကယ် နည်းလမ်းတချို့ရှိထားတယ်။ ငါ တစ်ကောင်ချင်းစီ သတ်ဖြတ်ဖို့ ကြိုးစားကြည့်ပေမဲ့ တချို့ကတော့ လွတ်မြောက်သွားခဲ့တယ်”

ဝမ်ဝေ့က ထိုဖြစ်နိုင်ချေကို သိထားသော်လည်း စိတ်တိုနေဆဲ ဖြစ်၏။ ဒိုင်မေးရှင်းအမြင့် သစ္စာဖောက်များက ပိုးဟပ်ဗီလိန်များကဲ့သို့ဖြစ်ကာ သေဖို့ရာ ငြင်းဆန်နေသည့် ဗီလိန်တစ်ယောက်ထက် မုန်းတီးသည့်အရာ မရှိတော့ပေ။

“ဒါက မင်းအတွက်” တိထျန်းက အနီရောင်သတ္တုလုံးကို ထုတ်ကာ ပေးလိုက်၏။

“သတ်ဖြတ်ရေးနှလုံးသားပဲ” ဝမ်ဝေ့က အကြည့်များ တောက်ပလာ၏။ ထိုအရာက သတ်ဖြတ်ရေး အငွေ့အသက်များကို စုဆောင်းခြင်းမှ မွေးဖွားလာသည့် ရှားပါးအရင်းအမြစ်တစ်ခု ဖြစ်၏။ ထိုအရာကို မွေးဖွားဖို့ရာအတွက် ထူးခြားသည့် ပတ်ဝန်းကျင်အခြေအနေမျိုး လိုအပ်ပေသည်။

“ငါ့ရဲ့ အပေးအယူကို မဖြည့်စည်းနိုင်ဘူးဆိုတော့ ဒါကို လျော်ကြေး ပေးမယ်” တိထျန်းက ဝမ်ဝေ့အပေါ်တွင် ကံကြွေး မတင်လိုပေ။

နောက်ဆုံးတိုက်ပွဲတွင် သူ့အပေါ် အသုံးမပြုနိုင်စေရန် ဖြစ်၏။

သူက သံသရာတာအိုကို ကျင့်ကြံပြီး အတိတ်တွင် ဗုဒ္ဓဘုန်းကြီးအဖြစ် နေထိုင်ခဲ့သည့်အတွက် ကံတာအိုကို ကျွမ်းကျင်သော်လည်း ကံက သူ့တာအို၏ အဓိက အလေးထားမှု မဟုတ်ပေ။ ထို့ကြောင့် သူက ဝမ်ဝေ့ကဲ့သို့ ကျွမ်းကျင်သူနှင့် ရင်ဆိုင်ရသည့်အခါ ရှုံးနိမ့်နိုင်သေး၏။

ထို့ကြောင့် သူက ဝမ်ဝေ့ကို တိုက်ရိုက် မကူညီဘဲ ကံကြွေးကို ပြန်လည်ပေးဆပ်နိုင်မည့် အကောင်းဆုံးရွေးချယ်မှုကို ရှာဖွေခဲ့သည်။ တိထျန်းက ဝမ်ဝေ့သည် တပည့်များကို စေလွှတ်ကာ အနောက်ပိုင်းကုန်းမြေရှိ သတ်ဖြတ်ရေးအငွေ့အသက်များကို စုဆောင်းနေကြောင်း သိလိုက်ရသည်။ ထိုအရာက လီကျွင်းအတွက် ဖြစ်နေနိုင်သည်။ ထို့ကြောင့် သူက ထိုဆုလာဘ်ကို ကံကြွေးပြန်လည်ပေးဆပ်ဖို့ အသုံးပြုလိုက်ခြင်း ဖြစ်၏။

သူက ဝမ်ဝေ့ဆီ နှလုံးသားကို ပေးပြီးသည့်နောက်တွင် တိထျန်းက ပျောက်ကွယ်သွားသည်။ ထိုစဉ် ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။

သူ ထွက်ပေါ်လာတဲ့အချိန်တိုင်းမှာ ပင်မခန္ဓာကိုယ်ကို မထုတ်ဖော်ပြဘူး။ ကြည့်ရတာ သူ့လက်ရှိခန္ဓာကိုယ်ကို မမြင်စေချင်တဲ့ပုံပဲ…

ဝမ်ဝေ့က ထိုသူသည် သူ့အား ကြောက်နေသည်ဟု မထင်ပေ။ သူ့ကို မမြင်စေလိုသည့် အကြောင်းအရင်းတချို့သာ ရှိရမည်။

သူက ဒဿမအဆုံးစွန်အုတ်မြစ်ကို ရရှိဖို့ နည်းလမ်းရှာတွေ့သွားတာလား…

သူက သူ့စွမ်းအားကို ချူးလော့ မသင်ယူနိုင်ဖို့ရာအတွက် မည်သို့လုပ်ဆောင်ခဲ့သည်ကို အမှတ်ရသွား၏။ ထို့ကြောင့် တိထျန်းသည်လည်း အတူတူလုပ်ဆောင်နိုင်သည်ဟု ကောက်ချက်ချလိုက်သည်။

ငါ အရှိန်မြှင့်တင်မှ ဖြစ်တော့မယ်…

သူက တွေးလိုက်မိပြီးသည့်နောက်တွင် သိပ္ပံနည်းပညာကမ္ဘာကို စစ်ဆေးကြည့်လိုက်၏။ သူတို့၏ လေ့လာရှာဖွေမှုများက ဧကရာဇ်ခန္ဓာကိုယ်အထိ ရောက်ရှိနေပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူက သတ်ဖြတ်ရေးနှလုံးသားကို ကြည့်ကာ စွမ်းအင်ကို ခံစားမိလိုက်သည်။

“တကယ်ကို သန့်စင်နေတာပဲ” သူကမျက်မှောင်ကြုတ်ကာ မှတ်ချက်ပေးလိုက်၏။

“ဒီအရာက လီကျွင်းအတွက် စုပ်ယူဖို့ သင့်တော်တယ်။ ဒါပေမဲ့ လက်နက်အပေါ်တော့ မရဘူး”

လက်နက်က အရိုင်းဆန်သွားလိမ့်မည်။ ထို့ကြောင့် သန့်စင်သည့်သတ်ဖြတ်ရေး အငွေ့အသက်များက မသင့်တော်ပေ။

“ဒီလူက တကယ်ကို အချမ်းသာဆုံးဆိုတဲ့ ကျင့်ကြံသူဂုဏ်ပုဒ်နဲ့ ထိုက်တန်တာပဲ။ သူ့ဆီမှာ ဒီလိုပစ္စည်းမျိုးတောင် ရှိတယ်”

သူက ခေါင်းခါကာ တွေးလိုက်မိ၏။ နိမိတ်ကြေးမုံမှတဆင့် တိထျန်း၏ တာအိုသက်သေပြ ပစ္စည်းသည်လည်း လတ်တလောလေးမှ စီမံထားသည့် သူ့လက်နက်ထက် ပို၍ကောင်းမွန်ကြောင်း သိထားသည်။ သူက သိမ်းဆည်းဖို့ ပြင်နေစဉ် သူ့သိုလှောင်လက်စွပ်အတွင်းမှ အဆောင်ကို အာရုံခံမိလိုက်သည်။

ဂိုဏ်းရဲ့ အရေးပေါ်ဆက်သွယ်ရေးအဆောင်လား။ ဘာတွေဖြစ်နေတာလဲ…

ထို့နောက် သူက အလျင်အမြန် စစ်ဆေးကြည့်လိုက်၏။ ထို့နောက် ချက်ချင်းဆိုသလို သူ့မျက်ဝန်းအထက် ဒေါသ အရိပ်အယောင် ဖြတ်ပြေးသွားသည်။

ဒီလူတွေက တကယ်ကို သေချင်နေတာပဲ…

သူက ငြိမ်းငြိမ်းချမ်းချမ်း နေချင်ကာ မိသားစုနှင့်အတူ အချိန်ဖြုန်းချင်သော်လည်း လူတချို့က သူ့စိတ်ရှည်မှုကို လာရောက်စမ်းသပ်နေသည်။ ဝမ်ဝေ့က ကူးသန်းလာကာ အိမ်သို့ ပြန်လာခဲ့လိုက်၏။

………………………………………………………………….

စက်ယန္တရား ရုပ်သေးရုပ်ကမ္ဘာ

မူလလက်နက်တောင်၏ ဂိုဏ်းချုပ်ဖြစ်သည့် ချန်ချန်းက လူခုနစ်ယောက်ရှိသည့် အခန်းအတွင်း လျှောက်လှမ်းလာသည်။ လူ၆ယောက်က အခန်း၏ နေရာတိကျသည့် နေရာတချို့တွင် ရပ်နေကြ၏။ ကြမ်းပြင်ပေါ်တွင် အစီအရင်တစ်ခု ရေးထွင်းထားပြီး အလယ်တွင် ငွေရောင်ရုပ်သေးရုပ်တစ်ခု ရှိနေသည်။

ချန်ချန်းက ရုပ်သေးရုပ်ကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကြည့်လိုက်သည်။ သူက မြင့်တက်လာဖို့ အခွင့်အရေးရရှိလာပြီ ဖြစ်၏။

“အရှင် ဒါက အစီအစဉ်ကောင်းဆိုတာ သေချာရဲ့လား” ခုနစ်ယောက်မြောက်လူက မေးလိုက်၏။ သူက အစီအရင်ကို စီမံခန့်ခွဲဖို့ တာဝန်ယူထားသူ ဖြစ်သည်။

“ဒါပေါ့”

“ဒါပေမဲ့ အကြောင်းအရင်းတစ်ခုကြောင့် ဒါက တားမြစ်ထားတဲ့ လေ့ကျင့်မှုတစ်ခု ဖြစ်နေတယ်လေ”

“အရင်လူတွေ ကျရှုံးသွားတာက သူ့ရဲ့ ခန္ဓာကိုယ်က ကျိုးပဲ့လွယ်နေလို့ပဲ” ချန်ချန်းက ပြောလိုက်၏။

“ငါက ခန္ဓာကိုယ်သန့်စင်သူ မဟုတ်ပေမဲ့ ငါ့ခန္ဓာကိုယ်က မင်းတို့ရဲ့ ပုံမှန်ရုပ်သေးရုပ်ဆရာတွေထက် ပိုပြီးတော့ အားကောင်းတယ်”

“တခြားဘာမှပြောဖို့ မလိုတော့ဘူး”ချန်ချန်းက ဖြတ်ပြောလိုက်သည်။

“ငါ ဆုံးဖြတ်ပြီးတော့ ပြင်ဆင်ပြီးသွားပြီ”

နောက်ဆုံးတွင် သူက မြင့်တက်လာသည့် အခွင့်အရေးကို ရှာတွေ့ခဲ့ပြီဖြစ်ကာ သေမျိုးနှင့် မသေမျိုးကြားရှိ အကာအရံကို ချိုးဖောက်နိုင်မည့် ထိပ်တန်း ကောင်းကင်ရွေးချယ်ခံတစ်ယောက် ဖြစ်လာနိုင်မည် ဖြစ်၏။

ထုံရို့ပင်း ငါတို့တွေ့တဲ့အထိ စောင့်နေလိုက်။ မင်းကို အံ့အားသင့်သွားစေရမယ်…

ချန်ချန်းက ထုံရို့ပင်းနှင့် ပြိုင်ဘက်တစ်ယောက် ဖြစ်ခဲ့သော်လည်း သူမက ဥက္ကာပျံအလားမြင့်တက်သွားစဉ် သူက သာမန်မျှသာ ကျန်ရှိနေခဲ့သည်။ ယခင်က သူသည် ထိုကွာဟချက်ကို လိုက်မမှီနိုင်သည့်အတွက် ထိုအချက်ကို လက်ခံထားခဲ့သည်။ သို့သော် ယခုတွင် သူက အခွင့်အရေးတစ်ခု ရရှိခဲ့ပြီ ဖြစ်၏။

“စလိုက်ကြရအောင်”

အစီအရင်ဆရာက သက်ပြင်းချကာ သူ့ကို ဆက်လက်မဖျောင်းဖျတော့ပေ။ ချန်ချန်းက အစီအရင်ဗဟိုချက်ရှိ ငွေရောင်ရုပ်သေးရုပ်အနား ဝင်ရောက်လိုက်သည်။ အစီအရင် အသက်ဝင်လာသည့်အခါ အလင်းတန်းဖြတ်ပြေးသွားပြီး သူက ဆိုးဆိုးဝါးဝါး အော်ဟစ်လိုက်ရ၏။

အစီအရင်ဆရာက ခံစားချက် ဆိုးရွားလာသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။

သို့သော် ယခုအခါ တစ်ခုခုလုပ်ဆောင်ဖို့အတွက် နောက်ကျလွန်းသွားခဲ့လေပြီ။ သူက ရလဒ်ကို စောင့်ကြည့်ရုံမျှသာ တတ်နိုင်လေ၏။

***

All Chapters