← Chapters

အကြွင်းမဲ့ ဓားရေး

Vol. 52 Ch. 724

အကြွင်းမဲ့ ဓားရေး

Vol. 52 Ch. 724

သိုင်းပညာအုပ်စိုးသူကမ္ဘာ၊ သိုင်းပညာသားရဲဧကရာဇ်၏ လျှို့ဝှက်နယ်မြေ

အောင်းရှန်နှင့် ကျူးထောင်တို့က ရုပ်သေးရုပ်များကို အတူတကွ တိုက်ခိုက်ခဲ့ကြသည်။ ထိုအရာက အမြောက်အများရှိနေပြီး အင်အားလည်း ကြီးသည့်အတွက် သူတို့နှစ်ဦး၏ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများ ဖြစ်လာခဲ့၏။ အဆုံးသတ်တွင် အောင်းရှန်က သူ့တကယ့်ခန္ဓာကိုယ် အစစ်အမှန်ကို ပြောင်းလဲကာ တိုက်ခိုက်ခဲ့သည်။

ကျုးထောင်က သူ့သွင်ပြင်ကြောင့် အံ့အားသင့်သွားခြင်း မရှိပေ။ သူက အောင်းရှန်၏ တကယ့်အစစ်အမှန်ပုံစံကို မြင်တွေ့ဖူးသည့်အတွက် မဟုတ်ပေ။ အောင်းရှန်က သူ့တကယ့်ခန္ဓာကိုယ်အစစ်ကို ပင်ကိုသွေးမျိုးဆက် အနည်းငယ်ရှိထားသည့် ရေနဂါးနှင့် တူညီအောင် သွေးမျိုးဆက်လျှို့ဝှက်နည်းစနစ်ကို အသုံးပြုခဲ့၍ ဖြစ်သည်။

ကျူးထောင်က အသက်ရှည်လမ်းစဉ်ကမ္ဘာတွင် ရေနဂါးများကို မြင်တွေ့ခဲ့ဖူးပြီး သတ်ဖြတ်ခဲ့ဖူးသည်။ ထို့ကြောင့် သူက ထိုလူ၏ အသွင်ပြောင်းမှုနှင့် ပတ်သက်ပြီး မအံ့ဩပေ။ သူ ဂရုစိုက်သည်က အောင်းရှန် ပြသသည့် အင်အားသာ ဖြစ်၏။ ထိုအရာက ဤစစ်ဆေးမှုအား အောင်မြင်စေကာ နောက်ဆုံးသော အမွေအနှစ်ကို လက်ခံရရှိစေလိမ့်မည်။

နှစ်ဦးသားက နောက်ရက်အနည်းငယ်ကြာ အတူတကွ တွဲပြီး ရုပ်သေးရုပ်များကို တိုက်ခိုက်ခဲ့ကြသည်။ သူတို့က အမွေအနှစ်ကို ရရှိဖို့ လွယ်ကူမည်ဟု ထင်ထားခဲ့သော်လည်း လက်တွေ့ကမူ သူတို့ထင်ထားသည်ထက် ပိုမိုရက်စက်လှ၏။ သူတို့က မကြာခဏ သေလုနီးပါးအခြေအနေအထိ ရောက်ရှိသွားပြီး အသက်ရှင်သန်ဖို့ရာ ဝှက်ဖဲများစွာကို ထုတ်သုံးခဲ့ရသည်။ နောက်ဆုံးတွင် တစ်လကြာ ဆက်တိုက် လေ့လာပြီးသည့်နောက် စစ်ဆေးမှုကို အောင်မြင်သွားလေ၏။

သူတို့က အလယ်တွင် စာလိပ်တစ်ခု မြောလွင့်နေသည့် အခန်းအတွင်း ဝင်ရောက်လိုက်ကြသည်။ ထိုစာလိပ်ဆီမှ ထူးခြားဆန်းကြယ်သည့် တာအိုစည်းချက်များ ထွက်ပေါ်နေပြီး လူများ၏ စိတ်ကို သိမ်မွေ့သွားစေကာ ဤဧကရာဇ်ကျမ်းကို နားလည်ဖို့ ပိုမိုလွယ်ကူအောင် လုပ်ဆောင်ပေးနေသည်။

ဒါပဲလား…

အောင်းရှန်က သိုင်းပညာသားရဲဧကရာဇ်၏ အမွေအနှစ်သည် ဒီထက် ပိုလိမ့်မည်ဟု ယုံကြည်ထားသည့်အတွက် တွေးလိုက်မိသည်။ ထိုစဉ် ကျူးထောင်ကမူ သူ့ရည်မှန်းချက်ကို အောင်မြင်သွားပြီဖြစ်သည့်အတွက် စိတ်လှုပ်ရှားနေလေ၏။

“အတူတူ နားလည်အောင် လုပ်ရအောင်” သူက သူ့စိတ်လှုပ်ရှားမှုကို ထိန်းချုပ်မထားနိုင်ပေ။ အောင်းရှန်ကလည်း သဘောတူလိုက်၏။ သူတို့က စာလိပ်ရှေ့တွင် ထိုင်လိုက်ပြီးသည့်နောက် တာအိုစည်းချက်များဖြင့် သူတို့၏ စိတ်ကို အာဟာရဖြည့်တင်းစေလိုက်သည်။

“ငါ့နာမည်က သိုင်းပညာသားရဲဧကရာဇ်ပဲ” သူတို့၏ စိတ်ထဲ အသံတစ်သံ ထွက်ပေါ်လာ၏။

“ငါက ငါ့ရဲ့ ဝံပုလွေလေးနဲ့အတူ မျိုးဆက်ကို ဖိနှိပ်ခဲ့တယ်။ နောက်မျိုးဆက်က ငါ့ရဲ့ သားရဲပေါင်းစည်းခြင်းတာအိုကို အသိအမှတ်ပြုပြီးတော့ ငါ့အမွေအနှစ်ကို ဆက်လက်ဖြန့်ဝေနိုင်ဖို့ မျှော်လင့်တယ်”

တာအိုအသံများက အခန်းအတွင်း ပဲ့တင်ထွက်လာကာ အောင်းရှန်နှင့် ကျူးထောင်တို့က ထိုဧကရာဇ်ကျမ်း၏ လျှို့ဝှက်ဆန်းကြယ်မှုကို နားလည်ဖို့ ပိုမိုလွယ်ကူလာစေသည်။ အမည်မသိအချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် သူတို့က အမူအရာအသီးသီးဖြင့် နိုးထလာကြ၏။

အောင်းရှန်က အနည်းငယ် စိတ်ပျက်နေမိသည်။

ထိုကျမ်းက သူ့သွေးမျိုးဆက် စွမ်းအားကို သိုင်းပညာသားရဲ၏ ဝံပုလွေ လုပ်ဆောင်ခဲ့သလိုမျိုး ကန့်သတ်ချက်ရောက်ရှိဖို့ရာ အကြံဉာဏ်တချို့ ပေးခဲ့၏။ ထို့အပြင် ခန္ဓာကိုယ်ကို လေ့ကျင့်နိုင်သည့် ထူးကဲ ကျင့်စဉ်တချို့လည်း ပါဝင်နေသည်။

သို့သော်လည်း ထိုကျမ်း၏ ပင်မက လေ့ကျင့်ဖို့ရာအတွက် လူသားတစ်ယောက်နှင့် နတ်ဆိုးတစ်ယောက် လိုအပ်ခြင်းဖြစ်ကာ သူ့အတွက် များစွာ အသုံးမဝင်ပေ။ အထူးသဖြင့် သူက လူသားများအပေါ် စိတ်ခံစားချက်ကောင်း မရှိသည့်အခါတွင် ဖြစ်၏။

အောင်းရှန်က ထိုရလဒ်ကို မျှော်လင့်ထားပြီးသား ဖြစ်လေသည်။ သိုင်းပညာသားရဲဧကရာဇ်က သူ့အမွေဆက်ခံသူအတွက် ရှားပါးအရင်းအမြစ်တချို့ကို ထားရှိခဲ့လိမ့်မည်ဟု ထင်ထားခဲ့မိသည်။ ထို့ကြောင့်သာ ဤလျှို့ဝှက်နယ်မြေဆီ လာလိုခြင်း ဖြစ်၏။

ထိုစဉ် ကျူးထောင်က စိတ်လှုပ်ရှားနေကာ ချီကျင့်ကြံသူများအတွက် စည်းမျဉ်းပဲ့တင်ခြင်း လမ်းစဉ်ကို တွေ့လိုက်ရသည့်အတွက် အပြုံးပင် မထိန်းနိုင်တော့ပေ။ သူက ထိုချီပဲ့တင်သံ သို့မဟုတ် စွမ်းအင်ပဲ့တင်သံအကြောင်းကို ပြန်လည်တွေးတောလိုက်သည်။ ထိုအတွေးအခေါ်က ဓားသမား သို့မဟုတ် ကျွမ်းကျင်အတတ်ပညာဆိုင်ရာ တာအို၏ နည်းစနစ်များအတိုင်း လိုက်နာကာ သန့်စင်စွမ်းအား ကျင့်ကြံသူများအတွက် သူတို့၏ ချီ သို့မဟုတ် စွမ်းအားကို မိုးမြေ၏ စည်းမျဉ်းများနှင့် ပဲ့တင်ထပ်စေဖို့ အသုံးပြုဖို့ရာအတွက် ဖြစ်သည်။

နမူနာအားဖြင့် မီးတောက်ချီကို အသုံးပြုသည့်လူတစ်ယောက်က မီးတောက်စည်းမျဉ်းဖြင့် ပဲ့တင်ထပ်ကာ သူတို့၏ အဖျက်စွမ်းအားကို တိုးမြှင့်နိုင်လိမ့်မည်။

ငါက ဒီကျင့်စဉ်ရဲ့ ရှေ့ပြေးကို ဖန်တီးပြီးသွားပြီ…

ကျူးထောင်က တွေးလိုက်မိသည်။

ငါ လုပ်ဖို့လိုတာက ငါ ပြန်ရောက်ပြီးရင် အဆုံးသတ်လိုက်ဖို့ပဲ။ အဲဒီနောက် ငါ တာအိုကို သက်သေပြပြီးတဲ့အချိန် မွေးရပ်မြေက ကျင့်ကြံသူတွေကြားမှာ ဒီဟာကို ပုံမှန်ဖြစ်လာအောင် ဖြန့်ဝေရမယ်…

ကျူးထောင်က ဂိုဏ်း၏ အကြီးအကဲများသည် ဆန့်ကျင်ကျမ်းတစ်ခု ဖြစ်လာနိုင်သည့် ကျင့်စဉ်တစ်ခုကို ဖြန့်ဝေခြင်းမှ တားဆီးမည်ကို သိနေလေသည်။ သို့သော်လည်း သူက ဂရုမစိုက်ပေ။

သူက သူ့ရည်မှန်းချက်နှင့် အိပ်မက်များ ရှိသည်ဖြစ်ကာ မည်သူကမှ သူ့အား မတားဆီးနိုင်ပေ။ သူ ကလေးဘဝကတည်းက ပြုစုပျိုးထောင်ခဲ့သည့် တောင်တန်းနှင့် ပင်လယ်ဂိုဏ်းပင် အပါအဝင် ဖြစ်၏။

“ညီအစ်ကိုအောင်းရှန် ငါတို့လည်း ငါတို့လိုချင်တာ ရပြီးပြီဆိုတော့ သွားရအောင်”

“ကောင်းပြီ” နဂါးက နောက်ဆုံးတစ်ချက်ကြည့်ပြီးသည့်နောက်တွင် ပြန်ဖြေလိုက်သည်။

“မင်းနဲ့ အတူတူ အလုပ်တွဲလုပ်ရတာ တကယ်ကိုကောင်းတယ်” ကျူးထောင်က ပြောလိုက်ပြီးသည့်နောက်တွင် သူ့ဂိုဏ်း၏ ဘိုးဘေးနှင့် ပြန်လည်ဆုံစည်းလိုက်၏။ သူတို့နှင့် သဘောတူညီချက်အရ တစ်ယောက်ချင်းစီသည် ဘိုးဘေးတစ်ယောက်စီ ခေါ်ဆောင်လာနိုင်သည့်အတွက် အောင်းရှန်ဘက်တွင်လည်း ဘိုးဘေးတစ်ယောက် ရှိနေသည်။

“ကိစ္စမရှိပါဘူး”အောင်းရှန်က ကျူးထောင် ထွက်သွားသည်ကို တည်တည်ငြိမ်ငြိမ် ကြည့်နေရင်း ပြောလိုက်သည်။

“အရှင် ရလဒ်က ဘယ်လိုလဲ”

“စိတ်ပျက်ဖို့ ကောင်းတယ်” သူက ခေါင်းအသာယမ်းလိုက်၏။ အကျိုးအမြတ်က သူ စွန့်စားရသလောက်ပင် မထိုက်တန်ပေ။

“အဲလိုလား” အကြီးအကဲက စိတ်ပျက်မှုကို မဖုံးကွယ်ဘဲ ပြောလိုက်၏။

“အခြေအနေကို ပြောင်းလဲပစ်မဲ့ နည်းလမ်းတော့ ရှိမှာပါ” အောင်းရှန်က ရက်စက်သည့်အကြည့်ဖြင့် ပြောလိုက်သည်။ သူက ဤကျမ်း၏ အဓိကကို ပြောင်းလဲကာ နတ်ဆိုးမျိုးနွယ်က လူသားမျိုးနွယ်ကို ကျွန်ပြုကာ သူတို့၏ ကျင့်ကြံဆင့်အားလုံးကို စုပ်ယူပြီး နတ်ဆိုး၏ စွမ်းအားကို တိုးမြှင့်ဖို့အတွက် အသုံးပြုနိုင်ဖို့ရာ ပြောင်းလဲလိုက်မည် ဖြစ်သည်။

တကယ်လို့ ငါ ဒီလိုသာ လုပ်လိုက်မယ်ဆိုရင် လူသားတွေကနေ ရှာဖွေတွေ့ရှိမသွားအောင် ဂရုစိုက်နေရလိမ့်မယ်။ မဟုတ်သေးဘူး သူတို့က နောက်ပိုင်းတော့ ရှာဖွေတွေ့ရှိသွားမှာပဲဆိုတော့ မိစ္ဆာကျင့်ကြံသူတွေကိုသုံးတာ ပိုပြီးတော့ ကောင်းလိမ့်မယ်။ ရှာဖွေတွေ့ရှိသွားရင်တောင်မှပဲ သက်ရောက်မှု နည်းနည်းပဲ ရှိလိမ့်မယ်…

သူက တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ပူးပေါင်းထားသည့်အတွက် သတင်းပျံ့နှံ့သွားသည်လျှင်ပင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်သေးသည်။

ဒီဟာက စွန့်စားရတယ်ဆိုပေမဲ့ နတ်ဆိုးမျိုးနွယ်ရဲ့ အခြေခံအုတ်မြစ်ကို အချိန်တိုအတွင်း လုပ်ဆောင်နိုင်မဲ့ နည်းလမ်းကောင်းပဲ…

ဒီနည်းလမ်းနဲ့ဆိုရင် နတ်ဆိုးမျိုးနွယ်က ဧကရာဇ်တစ်ပိုင်းအဆင့်နဲ့ အားကောင်းတဲ့ တာအိုဘိုးဘေးနဲ့ ထာဝရဦးသျှောင်တွေတောင် မွေးထုတ်ပေးနိုင်လိမ့်မယ်…

ထို့အပြင် လေလွင့်တာအိုဘိုးဘေးများနှင့် ထာဝရဦးသျှောင်များလည်း ရှိသေးသည်။ ဤနည်းစနစ်အသစ်၌ သူတို့ကို အသုံးပြုနိုင်ပါက နတ်ဆိုးမျိုးနွယ်သည် သိသိသာသာ အကျိုးကျေးဇူး ရှိလာလိမ့်မည်။

“သွားကြစို့” အောင်းရှန်က အချိန်မဖြုန်းတော့ဘဲ ပြောလိုက်၏။ နတ်ဆိုးမျိုးနွယ် မြင့်တက်ခြင်း၊ နိမ့်ကျခြင်းက သူ့အပေါ် မှီခိုနေလေသည်။

ထိုသူနှစ်ဦး ထွက်သွားပြီးသည့်နောက်တွင် လျှို့ဝှက်နယ်မြေအတွင်း ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုသူက တိရစ္ဆာန်သားရေနှင့် ဖိနပ်ကို ဝတ်ဆင်ထားသည့် လူလတ်အရွယ် အမျိုးသားတစ်ဦး ဖြစ်၏။

ထိုစိတ်ဝိညာဉ်က အနည်းငယ် စိတ်ပျက်သွားဟန်ပေါ်သည်။ ထို့ကြောင့် သူက ထိုသူနှစ်ဦးအတွက် အမွေအနှစ်၏ အရင်းအမြစ်များကို မထားဘဲ ကျမ်းကိုသာ ထားရှိခဲ့ခြင်း ဖြစ်၏။

“သူတို့က နယ်ခြားတွေပဲ”

စိတ်ဝိညာဉ်က ပြောပြီးသည့်နောက်တွင် လက်ဝှေ့လိုက်ပြီးသည့်နောက် နောက်ထပ် အမှတ်အသားပြားများကို သိုင်းပညာအုပ်စိုးသူကမ္ဘာအနှံ့ ဖြန့်ဝေလိုက်ပြီး ကံကြမ္မာပါသူကို စောင့်ဆိုင်းနေလိုက်၏။ သူ့သခင်က တာဝန်ပေးခဲ့၍ မပြီးမြောက်မချင်း ထွက်မသွားနိုင်ပေ။

စိတ်ဝိညာဉ်က စိတ်ရှည်လက်ရှည်ရှိလှပြီး သူ့သခင်အတွက် သင့်တော်မည့် အမွေဆက်ခံသူကို ရှာမတွေ့မချင်း မည်မျှစောင့်ဆိုင်းရစေကာမူ စိတ်ထဲမထားပေ။

……………………………………………………………………………………………

အသင်္ချေအင်ပါယာကမ္ဘာ၊ တာအိုအခွင့်အလမ်းဂိုဏ်း

စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်း ကိစ္စနှင့် ပတ်သက်ပြီး ရက်အနည်းငယ် ကြာမြင့်သွားပြီ ဖြစ်၏။

သူက သူ့အဖေသည် သီးသန့်ကျင့်ကြံရာမှ ထွက်လာပြီဖြစ်ကြောင်း ဆက်သွယ်ရေးအဆောင်ကို ရရှိလိုက်သည့်အတွက် အိမ်သို့ ပြန်လာခဲ့သည်။

ဝမ်ဝေ့က သူ့အဖေကို မြင်လိုက်သည့်အခါ အကြည့်များ တောက်ပလာပြီး ထိုသူကို ထိုးချလိုက်သည်။ ထိုစဉ် ဝမ်ထျန်းက မျက်မှောင်ကြုတ်လိုက်၏။

ဘန်း

ဝမ်မျိုးနွယ်စံအိမ် တစ်ခုလုံးက တုန်ခါသွားကာ ဝမ်ထျန်းက သူ့သား၏ လက်သီးကို အလွယ်တကူ သွက်သွက်လက်လက် ဖမ်းဆုပ်လိုက်သည်။

“ကမ္ဘာဦးနဂါး ၇ ကောင် အင်အားပဲ။ မဆိုးဘူး” ဝမ်ဝေ့က သူ့လက်သီးမှ အဖြူရောင်အမှတ်အသားကို ကြည့်ကာ ပြောလိုက်၏။

“အဖေ့ရဲ့ ခန္ဓာကိုယ်က ဓားတစ်ချောင်းလိုပဲဆိုတော့ လူတွေ တိုက်ရိုက်တိုက်ခိုက်မယ်ဆိုရင် သူတို့ဘာသာ ထိခိုက်သွားနိုင်တယ်”

ဝမ်ဝေ့၏ ခန္ဓာကိုယ်က တိုက်ကွက်များကို ပြန်လည်ကန်ထွက်စေနိုင်သည့် သဘာဝဂုဏ်သတ္တိမျိုးရှိစဉ် သူ့အဖေ၏ ဂုဏ်သတ္တိကမူ ထိတွေ့လာသမျှအရာအားလုံးကို ဖြတ်တောက်ပစ်နိုင်ခြင်း ဖြစ်၏။

“ဘာပဲဖြစ်ဖြစ် အဖေတစ်ယောက်အနေနဲ့ အဆင့်အတန်းနဲ့ မာနကို ထိန်းသိမ်းရမယ်လေ” ဝမ်ထျန်းက ပြောလိုက်သည်။

“အခု ငါ့ဆီမှာ အခွင့်အရေး ရလာပြီဆိုတော့ မင်းရဲ့လူဝင်စားတွေရဲ့ စွမ်းအားကို မသုံးဘဲ ငါနဲ့ တိုက်ရဲလား”

“ဟား…ဟား…ဟား…အဖေက စွမ်းအားရလာပြီဆိုတော့ ရုတ်တရက် စိတ်ကြီးဝင်လာတာပဲ” ဝမ်ဝေ့က တိုက်ခိုက်လိုစိတ်ဖြင့် ပြောလိုက်သည်။

“အဖေကို နေရာသိအောင် လုပ်ပေးရမှာပေါ့။ ကျွန်တော်က အဖေလိုမျိုး ထိပ်သီးပွင့်ချပ် ခုနစ်လွှာအဆင့်ကို စည်းပိတ်လိုက်မယ်”

“ကောင်းပြီ”

ထို့နောက် နှစ်ဦးသားက ပျောက်ကွယ်သွားကာ သူတို့၏ တိုက်ပွဲအတွက် လျှို့ဝှက်နယ်မြေဆီ ဦးတည်လိုက်ကြသည်။

“ဒီနှစ်ယောက်ကတော့” ယုယန်က အော်လိုက်သော်လည်း နောက်ကျလွန်းသွားခဲ့ပြီဖြစ်ကာ သူတို့က ပျောက်ကွယ်သွားပြီ ဖြစ်၏။

“ပြန်လာမှ တွေ့ဦးမယ်”

ကံဆိုးစွာဖြင့် သူတို့က သုံးရက်ကြာပြီးသည့်နောက်မှ ပြန်ရောက်လာသည်။ ဝမ်ဝေ့က အခြေအနေကောင်းနေသော်လည်း ဝမ်ထျန်းကမူ အနည်းငယ် ဖြူဖျော့နေလေသည်။

သို့သော်လည်း ယုယန်၏ အမူအရာကို မြင်တွေ့ပြီးသည့်နောက်တွင် သူတို့နှစ်ဦး၏ အသားအရည်က တစ္ဆေတစ်ကောင်လိုမျိုး ဖြူဖျော့သွားလေ၏။

“ငါတို့ရဲ့ မိသားစုက နောက်ဆုံးတော့ ပြန်လည်ဆုံစည်းရပြီပဲ။ ဒါပေမဲ့ ဒီအခွင့်အရေးကို အသုံးချပြီး စကားစမြည် ပြောရမဲ့အစား ရှင်တို့နှစ်ယောက်က သုံးရက်တိုင်သွားပြီးတော့ တိုက်ခိုက်ခဲ့တယ်ပေါ့လေ။ ကြည့်ကြပါဦး။ ကောင်းကောင်းပြုစုပျိုးထောင်ထားတဲ့ သားနဲ့ တာဝန်ယူတတ်တဲ့ ယောက်ျားကို”

ထိုသူနှစ်ဦး၏ နောက်ကျောမှ ချွေးများ စီးကျလာသည်။

ဝမ်ဝေ့က အလျင်အမြန် တုံ့ပြန်လိုက်၏ “အဖေ့ကိုပဲ အပြစ်တင်လိုက်။ သူက ကျွန်တော်ကို စိန်ခေါ်ခဲ့တာ”

“မင်း”

“အဲဒါ အမှန် မဟုတ်ဘူးလား”

“ဒီတစ်ခါ ငါက မင်း လှည့်ကွက်ထဲကျမှာ မဟုတ်ဘူး။ မင်းက အရွယ်ရောက်လာပြီဆိုတော့ ပိုသိသာသင့်တယ်”

“အရွယ်ရောက်လာတာတဲ့လား။ မဟုတ်ဘူး မဟုတ်ဘူး ကျွန်တော်က ဘယ်လောက်ပဲ အသက်ကြီးကြီး ကလေးလေး ဖြစ်နေဦးမှာပဲ” ဝမ်ဝေ့က သူ့အမေကို ပွေ့ဖက်ရင်း ပြောလိုက်သည်။ ယုယန်က တောင့်မခံနိုင်တော့ဘဲ သူ့ကို ပြန်လည်ပွေ့ဖက်လိုက်၏။

“ရှင်နဲ့ မပြီးသေးဘူး” သူက သူ့ယောက်ျားဖြစ်သူကို ပြောလိုက်စဉ် ဝမ်ထျန်းက မလုံမလဲသာ ပြုံးလိုက်၏။

“ဒါနဲ့ ဘယ်သူနိုင်သွားလဲ” ယုယန်က မေးလိုက်သည်။

“ကျွန်တော်ပေါ့” ဝမ်ဝေ့က ပြောလိုက်၏။

“တိုက်ပွဲအတွေ့အကြုံ၊ နည်းဗျူဟာနဲ့ ပြန်လည်ကောင်းမွန်နိုင်စွမ်းကြောင့် မင်းခန္ဓာကိုယ်က အားကောင်းနေတာလေ”

“အနိုင်က အနိုင်ပဲလေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်နဲ့ အဆင့်တူမှာ ထိပ်တိုက်ရင်ဆိုင်နိုင်တယ်ဆိုတာကို အဖေ ဂုဏ်ယူသင့်တယ်” ဝမ်ဝေ့က ပြောလိုက်၏။

***

All Chapters