← Chapters

ဓားခန္ဓာကိုယ်ကို ထုဆစ်ခြင်း *

Vol. 52 Ch. 725

ဓားခန္ဓာကိုယ်ကို ထုဆစ်ခြင်း *

Vol. 52 Ch. 725

တိုက်ပွဲက အတော်လေး စိတ်ဝင်စားဖို့ကောင်းပြီး ဝမ်ဝေ့က များစွာ သင်ယူခဲ့ရသည်။ သူ့အဖေက ဓားတာအိုကို အဆုံးစွန်အထိ အသုံးပြုကာ သူ့ကံကြမ္မာ သို့မဟုတ် အယူအဆသဘောတရား တိုက်ကွက်များကိုပင် ပိုင်းဖြတ်ပစ်ခဲ့သည်။ ထို့ကြောင့် ဝမ်ဝေ့အနေဖြင့် နည်းဗျူဟာကို ပြောင်းလဲကာ သူ့ခန္ဓာကိုယ်၏ အရေးသာချက်ကို ပြောင်းလဲအသုံးပြုပြီး တစ်ဖက်သူကို ပင်ပန်းအောင်လုပ်ကာ အနိုင်ပိုင်းခဲ့ခြင်း ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ သူက ဓားသမားများသည် တိုက်ပွဲအတွင်း အားအကောင်းဆုံး တိုက်ခိုက်သူများ ဖြစ်နေရသည့် အကြောင်းအရင်းကို နားလည်သွားခဲ့သည်။ အားကောင်းသည့် ခန္ဓာကိုယ်ဖြင့် သူ့အဖေ၏ တိုက်ကွက်များက ပိုမိုအားကောင်းလာကာ ယခင်ထက် ပိုမိုကြောက်ဖို့ကောင်းလာသည်။

ထိုတိုက်ပွဲအတွင်း ကျင့်ကြံသူတစ်ယောက်အပေါ် ပတ်ဝန်းကျင်နှင့် ကံကောင်းမှုက မည်မျှသက်ရောက်မှုရှိကြောင်း သဘောပေါက်ခဲ့ရ၏။ သူ့အဖေ၏ ပါရမီက ဓားဧကရီထက် မဆိုးရွားပေ။ သို့သော်လည်း သူက မှားယွင်းသည့် မျိုးဆက်တွင် မွေးဖွားခဲ့သည့်အတွက် အတော်လေး ဒုက္ခခံစားခဲ့ရပြီး သူ့ကံကောင်းမှုကလည်း မလုံလောက်ခဲ့ပေ။

သူ့အဖေက အကူအညီ မလိုဘဲ ထာဝရဧကရာဇ်အဆင့် ဖြစ်လာနိုင်သည့် ပါရမီရှင်မျိုး ဖြစ်ကာ တုယီနယ်ပယ်အဆင့်ကိုပင် ဝင်ရောက်နိုင်စွမ်း ရှိ၏။ ထာဝရအထွတ်အထိပ်အတွက်မူ ကွဲပြားပေသည်။ ဤသို့သော အဆင့်က ကံကောင်းမှု၊ ပါရမီနှင့် အခွင့်အရေးကို လိုအပ်၏။ မဟုတ်ပါက လူတစ်ယောက်က မည်မျှပင် ပါရမီထူးချွန်စေကာမူ သူတို့က ထာဝရအထွတ်အထိပ် ဖြစ်မလာနိုင်ကြပေ။

“ရှင့်သီးသန့်ကျင့်ကြံရေးကရော ဘယ်လိုအခြေအနေရှိလဲ” ယုယန်က မေးလိုက်သည်။

“အတော်လေး အဆင်ပြေပါတယ်။ ကိုယ်အများကြီး အကျိုးအမြတ်ရခဲ့တယ်” ဝမ်ထျန်းက ပြုံးကာ ပြောလိုက်၏။ ဝမ်ထျန်းက သီးသန့်ကျင့်ကြံဆင့်အတွင်း သူ့အတွေ့အကြုံများနှင့် အကျိုးအမြတ်များကို ရှင်းပြနေသည်။

“အဖေ့ရဲ့ ခန္ဓာကိုယ်သန့်စင်ရေးကျမ်းကို ကြည့်ရအောင်” ဝမ်ဝေ့က ပြောလိုက်စဉ် ဝမ်ထျန်းက ဓားခန္ဓာကိုယ်ထုဆစ်ခြင်းဟု ရွေးချယ်သည့် ခေါင်းစဉ်ရှိသည့် ကျင့်စဉ်ကို ထုတ်ပေးလိုက်၏။ ထိုကျင့်စဉ်က ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းလိုမျိုး တူညီသည့် အဆင့်မျိုးရှိကာ အရေပြား၊ ကြွက်သား၊ အရိုးနှင့် အတွင်းအင်္ဂါများကို လေ့ကျင့်ခြင်းဟူ၍ ဖြစ်သည်။

သို့သော်လည်း ဤခန္ဓာကိုယ်လေ့ကျင့်ရေးနည်းစနစ်က ဝိညာဉ်ပစ္စည်းများစွာ မလိုအပ်ဘဲ ဝမ်ထျန်းက သူ့ကမ္ဘာဦးစိတ်ဝိညာဉ်ကို ပြန်လည်ဖွဲ့စည်းဖို့ အသုံးပြုထားသည့် ထူးကဲသည့် ဓားချီကိုသာ အသုံးပြုထားသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ထဲရှိ သွေးနှင့် ဆဲလ်အားလုံးက ထက်ရှသည့် ဓားချီပါဝင်နေသည်။ ဝမ်ထျန်းက သူ့ဆုံမှတ်များကို ဖွင့်လှစ်ပြီး အားပြင်းသည့် ဓားစွမ်းအားများကို သိလှောင်ထား၏။

“ဓားစွမ်းအားကို ဆုံမှတ်ထဲမှာ သိုလှောင်ထားတာ နှမြောစရာပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

“ပင်ကိုဓားဖြစ်တဲ့ တကယ့်ဓားတွေကို သိုလှောင်ထားသင့်တယ်”

“ငါလည်း အဲ့လိုတွေးကြည့်သေးတယ်” ဝမ်ထျန်းက ပြောလိုက်သည်။

“ဒါပေမဲ့ ပင်ကိုဓားတစ်သန်းကျော် သုံးရမှာက လက်တွေ့မဆန်ဘူးလေ”

တာအိုအခွင့်အလမ်းဂိုဏ်း၏ နက်နဲသောအုတ်မြစ်ဖြင့်ပင် ဤသို့သော ပင်ကိုအဆင့် လက်နက်အမြောက်အများကိုရနိုင်မည်မဟုတ်ပေ။

“ပင်ကိုဓားတွေကို အသုံးပြုဖို့မလိုဘူးလေ” ဝမ်ဝေ့က ပြန်လည်ပြောလိုက်သည်။

“အဖေ လုပ်ဖို့လိုတာက အတုအယောင် ပင်ကိုဓားလောင်းကို ဆုံမှတ်ထဲမှာ ဖန်တီးဖို့ အတုအယောင် ပင်ကိုဆေးလုံးနည်းလမ်းကို အသုံးပြုရမှာ။ နောက်ပိုင်းကျ ကျွန်တော် ပတ်ဝန်းကျင်ကို ပင်ကိုစွမ်းအားအဖြစ် ပြောင်းလဲတဲ့အချိန် အဖေက မိုးမြေကြားက ပင်ကိုချီကို စုပ်ယူပြီးတော့ အဲဒီဓားလောင်းတွေကို တကယ့်ပင်ကိုဓား‌အဖြစ် ပြောင်းလဲနိုင်လိမ့်မယ်”

“အဲဒါက အကြံကောင်းပဲ” ဝမ်ထျန်းက သူ အောင်မြင်သွားပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်က မည်မျှပင် အားကောင်းသွားမလဲဟု တွေးရင်း ပြောလိုက်သည်။ အပြန်အလှန်အားဖြင့် သူ့ဓားရေးသည်လည်း မြင့်မားသည့် အဆင့်တစ်ခုသို့ ရောက်ရှိသွားလိမ့်မည်။

“ရှင်က သင်ဖို့ အချိန်အများကြီး ရှိပါသေးတယ်” ယုယန်က ပြောလိုက်သည်။

“ပြီးတော့ ရှင့်အတွက် တခြားတစ်ယောက်ကို ဓားလောင်း သန့်စင်ခိုင်းလို့ ရတယ်။ ရှင်က ရှင့်သွေးနဲ့ ဝိညာဉ်ကို အသုံးပြုပေးရုံပဲ”

“အမေ ပြောတဲ့အတိုင်းပဲ။ အဲဒါကြောင့် အများကြီး စိုးရိမ်စရာ မလိုဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

ဝမ်ထျန်းက ခေါင်းညိတ်ကာ “အဲဒါဆိုလည်း ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ”

“နောက်ဆုံးတစ်ခုက အဖေက ဒီဓားခန္ဓာထုဆစ်ခြင်းကို အကြွင်းမဲ့ပိုင်းဖြတ်ခြင်းကျမ်းထဲမှာ ပေါင်းစပ်မှာလား ဒါမှမဟုတ် သီးခြားကျင့်စဉ်အနေနဲ့ ထားမှာလား”

“နှစ်ခုလုံးပဲ” သူက ပြန်ဖြေလိုက်သည်။

“ငါက ငါ့ကျင့်စဉ်ကို ကျင့်ကြံမဲ့ နောက်မျိုးဆက်တွေကျရင် ငါ့လိုမျိုး အမှားမလုပ်မိဘဲ သူတို့ခန္ဓာကိုယ်ကို ကျင့်ကြံစေချင်တယ်။ အဲဒါကြောင့် ဂိုဏ်းအတွက် ထူးကဲတဲ့ ခန္ဓာကိုယ်သန့်စင်ရေးနည်းစနစ်အဖြစ် အသုံးပြုနိုင်တယ်လို့ ထင်တယ်”

“အဲဒါက အကြံကောင်းပဲ။ ဒါပေမဲ့ ဒီကျင့်စဉ်ကို ကျင့်ကြံဖို့ ခက်ခဲနှုန်းကိုတော့ လျှော့ချသင့်တယ်”

“အဲဒါက ဘာကိုပြောတာလဲ” ဝမ်ထျန်းက မေးလိုက်သည်။

“လူတိုင်းက ရှင့်လိုမျိုး ထူးကဲတဲ့ ဓားချီကို ဖန်တီးနိုင်တာ မဟုတ်ဘူးလေ” ယုယန်က ပြောလိုက်စဉ် ဝမ်ထျန်းက သဘောပေါက်သွားခဲ့၏။ သူက ဓားသမား အများစု အသုံးပြုသည့် သူတို့၏ ချီ သို့မဟုတ် စွမ်းအားကို ဓား၏ထက်ရှမှုကို ဖြစ်စေဖို့ ပုံမှန်ဓားချီကို အသုံးမပြုပေ။ သူ့ဓားချီက ကွဲပြားသည့် ဓားရေးအမျိုးမျိုးကို လေ့ကျင့်ခြင်းမှ အစပြုလာခြင်းဖြစ်ကာ သူတို့၏ အနှစ်သာရများကို ယူဆောင်ပြီး ပြန်လည်ဖွဲ့စည်းကာ ဓားချီ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

သူ့နည်းလမ်းက အင်မတန် မြင့်မားသည့် ဓားရေး ပါရမီနှင့် အချိန်များစွာ လိုအပ်ပေသည်။ ဝမ်ထျန်းက မအောင်မြင်ခင် မျိုးဆက်နှစ်ခုကြာ အချိန်ယူခဲ့ရ၏။

“မင်းတို့ ပြောတာ မှန်တယ်။ ဒါပေမဲ့ ငါက သိပ်တော့ သဘောမကျဘူး။ တကယ်လို့ လူတစ်ယောက်က လုံလုံလောက်လောက် အားမကောင်းဘူးဆိုရင် သူတို့က ငါ့ကျင့်စဉ်ကို မကျင့်ကြံဘဲ နေသင့်တာပေါ့” ဝမ်ထျန်းက ပြောလိုက်သည်။

“ရှင်က ဂိုဏ်းကို ပိုပြီး စဉ်းစားပေးရမယ်လေ” ယုယန်ကပြောလိုက်သည်။

“ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းက ဂိုဏ်းရဲ့ အားကောင်းပြီးတော့ ထူးကဲတဲ့ ကျင့်စဉ်ထဲက တစ်ခုဆိုပေမဲ့ လူအနည်းငယ်ကပဲ ကျင့်ကြံနိုင်ကြတယ်။ ဖျက်ဆီးခြင်းဧကရာဇ်က အလွယ်တကူ ကျင့််ကြံလို့ရတဲ့ အဆင့်နိမ့်ပုံစံကို မချန်ထားခဲ့ရလို့ နောင်တရနေမှာ သေချာတယ်”

“အမေ့စကားကို သဘောတူတယ်” ဝမ်ဝေ့က သူ့သာလွန်ကံကြမ္မာကျမ်းကို ကျင့်ကြံဖို့အတွက် လူတချို့သာ တတ်နိုင်သည်ကို မြင်တွေ့ပြီးသည့်နောက်တွင် သူ့အဖေလိုမျိုး တူညီသည့်အခြေအနေကို ကျရောက်ခဲ့ရ၏။ ထို့ကြောင့် သူက ပြောင်းလွယ်ပြင်လွယ်သည့် ပုံစံကို ချန်ထားခဲ့သည်။ နမူနာအားဖြင့် ပိုမိုစွမ်းအားကောင်းသည့် အံ့ဖွယ်ခန္ဓာကိုယ်အဆင့်ကို ဝင်ရောက်ဖို့ ချက္ကရကို မည်သို့ဖွင့်ရမလဲဟူ၍ ဖြစ်သည်။

“နားပူမနေနဲ့တော့ ကိုယ် လုပ်လိုက်မယ်” ဝမ်ထျန်းက ပြောလိုက်ပြီးသည့်နောက်တွင် သူ့မျက်နှာက ချက်ချင်းဆိုသလို ဖြူဖျော့သွား၏။

“ရှင် ဘာပြောလိုက်တာလဲ” ယုယန်က မေးလိုက်၏။ သူမ၏ အကြည့်များက မဟာတာအိုထက်ပင် ပိုမိုကြောက်ဖို့ကောင်းနေသည်။

“ရှင်က စွမ်းအားနည်းနည်း ရလာပြီဆိုတော့ ရှင် လုပ်ချင်တာ လုပ်လို့ရပြီတော့ ထင်နေတဲ့ပုံပဲ”

“မဟုတ်ပါဘူး ရှင်မ … ကိုယ် အဲ့လိုပြောတာမဟုတ်ပါဘူး။ စကားချော်သွားတာပါ” ဝမ်ထျန်းက အလျင်အမြန် ရှင်းပြလိုက်၏။ ကံဆိုးစွာဖြင့် သူ့ကြိုးစားမှုက အသုံးမဝင်ခဲ့ပေ။ သူက သူ့သားကို အကူအညီတောင်းဟန်ဖြင့် ကြည့်လိုက်သည်။ နှမြောစရာကောင်းလှသည်က ထိုသူက သူ့အချက်ပြမှုကို မမြင်သည့်အလား ပြုမူနေသည်။

“ဒီနည်းစနစ်ကို လွယ်ကူအောင် လုပ်ဖို့ အစီအစဉ်များ ရှိတာလား” ဝမ်ထျန်းက စကားလမ်းကြောင်းလွှဲကာ မေးလိုက်၏။

ရှင်နဲ့ နောက်မှ တွေ့မယ်…

ယုယန်က အံ့ဖွယ်အသိစိတ်မှတဆင့် ပြောလိုက်သည့်အတွက် ဝမ်ထျန်းက နှလုံးခုန်မြန်လာလေသည်။

“အဖေက ကျင့်ကြံဖို့အတွက် သတ္တုချီကို သုံးလို့ရတယ်” ဝမ်ဝေ့က အကြံပြုလိုက်၏။

“ဓားတွေဆီက ထက်ရှတဲ့ သတ္တုချီက ဖြေရှင်းနိုင်လောက်တယ်”

သတ္တု သို့မဟုတ် ဝိညာဉ်သတ္တုများက ဓာတ်ငါးပါးမှ သတ္တု သို့မဟုတ် ရွှေချီကို ထုတ်လွှတ်နိုင်သည်။ ဓားကဲ့သို့ လက်နက်များမှ ထွက်ပေါ်လာသည့် အရာများက ဓားခန္ဓာကိုယ်ထုဆစ်ခြင်းကို ကျင့်ကြံဖို့အတွက် သင့်တော်ပြီး သေချာသည့် ဂုဏ်သတ္တိမျိုး ရှိလေသည်။

“ငါ အဆင့်နိမ့်ပုံစံကို ဖန်တီးလိုက်မယ်” ဝမ်ထျန်းက သူ့သားစကားကို သဘောတူလိုက်၏။ ထိုနည်းလမ်းက လိုအပ်ချက်ကို လျှော့ချပြီးသား ဖြစ်သွားလိမ့်မည်။ ဂိုဏ်းအနေဖြင့် အတိတ်ဓားသမားများဆီမှ ဓားများ ပြည့်နှက်နေသည့် လျှို့ဝှက်နယ်မြေတစ်ခု ရှိထားသည်။ တပည့်များက သူတို့၏ ဓားဆန္ဒကို နားလည်ဖို့အတွက် ဝင်ရောက်နိုင်ကြ၏။ နောင်အနာဂတ်တွင် သူတို့က သူ့ကျင့်စဉ်ဖြင့် သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ ဝင်ရောက်နိုင်လိမ့်မည်။

“ဒါနဲ့ အဖေက သူ့တဲထဲမှာ မရှိတော့ဘူး။ တစ်ခုခုများ ဖြစ်သွားလို့လား”

“လူအိုကြီးက သီးသန့်ကျင့်ကြံရာမှ ထွက်လာပြီး သူ့တာအိုနှလုံးသား ပြဿနာကလည်း တော်တော် ပျောက်ကင်းသွားပြီ” ဝမ်ဝေ့က ပြောလိုက်သည်။

“တကယ်လား။ ဒါဆို သတင်းကောင်းပဲ” ဝမ်ထျန်းက သူ့အဖေနှင့် မတွေ့ရသည်မှာ နှစ်များစွာ ကြာမြင့်နေပြီ ဖြစ်၏။ ထိုသူက သူ့မိခင် သေဆုံးပြီးသည့်နောက်တွင် ကိစ္စများက ပိုမိုဆိုးရွားလာပြီး ကြိုးမျှင်တစ်ခုနှင့်သာ ဆွဲခံထားရကြောင်း သိလေသည်။ သို့သော် ဝမ်ထျန်းက နောက်ပိုင်းကျမှသာ သတိထားမိခဲ့၏။

နှစ်များစွာ ကြာသည့်တိုင် သူက သူ့အဖေသည် သူ့မိခင်နောက်လိုက်ကာ သံသရာထဲ ဝင်ရောက်သွားတော့မည်ဟု ပြောလာမည်ကို စိုးထိတ်စွာ နေခဲ့ရသည်။

တာအိုကို သက်သေပြလိုသည့် တွန်းအားက သူ့အဖေ၏ တာအိုနှလုံးသားကို ကုစားနိုင်မည့်နည်းလမ်းကို ရှာဖွေဖို့ရာအတွက် ဖြစ်၏။ ကံဆိုးစွာဖြင့် ကံကြမ္မာက သူ့ဘက်တွင် ရှိမနေခဲ့ပေ။ သူ့မျိုးဆက်တွင် ကောင်းကင်အလိုဆန္ဒက ရှိမနေခဲ့သည့်အတွက် သူ့သားကိုသာ အရာအားလုံး ပုံအောထားရသည်။

ဝမ်ထျန်း၏ စိတ်အတွင်း အတွေးများစွာ ဖြတ်ပြေးသွား၏။ သူက သူ့အဖေ သူ့သားအတွက် ရွေးချယ်ပေးသည့်နာမည်ကို အငြင်းမပွားခဲ့သည်ကို သတိရသွားသည်။ သူ့နာမည်က ကောင်းကင်ဘုံဘုရင် ဟူ၍ ဖြစ်ရာ သူ့သားသည်လည်း ဤသို့ပုံမှန်ဆန်သည့် နာမည်မျိုး မရှိသင့်ပေ။

သို့သော်လည်း သူက အဘိုးက မြေးကို နာမည်ပေးသည့် ပျော်ရွှင်မှုစိတ်ခံစားချက်ကို မယူဆောင်သွားလိုပေ။ ထို့ကြောင့် သူနှင့် သူ့ဇနီးက သူ့အဖေအား နာမည်ရွေးချယ်ခွင့်ပေးဖို့ ဆုံးဖြတ်ထားကြခြင်း ဖြစ်၏။

“ဒီလောက် နှစ်တွေကြာပြီးတဲ့နောက်မှာ သူ အဆင်ပြေသွားတာ တော်သေးတယ်” ဝမ်ထျန်းက သက်ပြင်းချကာ ပြောလိုက်၏။ ယုယန်က သူ့ပုခုံးပေါ်မှီကာ နောက်ကျောမှ ပွေ့ဖက်ထားလိုက်သည်။

“အခု သူက ဘယ်မှာလဲ”

“သူ့ကို လျှို့ဝှက်နယ်မြေအတွင်း ပို့ထားတယ်”

“သူ့ရဲ့အင်အားနဲ့ အုတ်မြစ်ကို တိုးမြင့်လာနိုင်တယ်ဆိုရင်တော့ ကောင်းပါတယ်” ဝမ်ထျန်းက ဝမ်ချန်၏ လျှို့ဝှက်နယ်မြေကို ဖန်တီးရာတွင် ပါဝင်ထားသည့်အတွက် သိလေသည်။

“သူက နေမင်းကိုးစင်းဧကရာဇ်ကို အနိုင်ပိုင်းနိုင်ချေရှိတယ်”

“ဒါနဲ့ အဖေ့ အစီအစဉ်ကရော” ဝမ်ဝေ့က မေးလိုက်၏။ သူသာ ခေါင်းစဉ်လမ်းကြောင်းလွဲ မပြောလျှင် သူ့အဖေသည်လည်း အတိတ်တွင် လမ်းပျောက်နေသလို ခံစားနေရမည်ကို သိနေသည်။ သူက လူအိုကြီးလိုမျိုး အတိတ်အကြောင်း တွေးတောစေရင်း အမူးတိုက်ကာ ဝမ်းနည်းမစေလိုပေ။

“ကျိလန်ဖန်းနဲ့ တိုက်ပွဲ ရှိတယ်” ဝမ်ထျန်းက အကြည့်များ တောက်ပလာကာ ပြောလိုက်၏။

“သူက ရက်သတ္တပတ်အနည်းငယ်အတွင်း ရောက်လာလိမ့်မယ်”

“တကယ်လား ကောင်းလိုက်တာ”

“မင်းက ငါ့ထက်တောင် စိတ်လှုပ်ရှားနေတဲ့ပုံပဲ” ဝမ်ထျန်းက ပြောလိုက်၏။

“တိုက်ပွဲကောင်းကို ဘယ်သူက မကြိုက်ဘဲနေမှာလဲ။ တူညီပေမဲ့ ကွဲပြားတဲ့ လမ်းစဉ်ကို လျှောက်လှမ်းနေတဲ့ ပါရမီရှင် ဓားသမားနှစ်ယောက်အကြောင်း ထည့်မပြောရသေးဘူးလေ”

“အမှန်ပဲ။ ငါလည်း စိတ်လှုပ်ရှားနေတယ်”

“ဒါနဲ့ ဒီတိုက်ပွဲကို ပွဲတစ်ခု လုပ်စေချင်လား”

“မလိုဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့တွေ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး” ဝမ်ထျန်းက ပြောလိုက်၏။

“အဲဒါအမှန်ပဲ”

တစ်ပတ်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ထျန်းက အလယ်ပိုင်းကုန်းမြေရှိ လူသူကင်းမဲ့ရာ နယ်မြေတစ်ခုဆီ ထွက်လာလိုက်သည်။

***

All Chapters