အကြွင်းမဲ့ဓားသမားများ၏ အသေအကြေ တိုက်ပွဲ အပိုင်း(၃) *
Vol. 52 Ch. 728
အရှေ့ပိုင်းနဂါးပြာကုန်းမြေ၊ ဓားရေးစံအိမ်
စံအိမ်သခင် ကျန့်ယီက အစီအရင်ရှေ့ ရပ်နေရင်း ဝမ်ထျန်းနှင့် ကျိလန်ဖန်းတို့၏ ဓားသမားသက်သက် ပြိုင်ပွဲကို ကြည့်နေလေသည်။ သူက ပထမဆုံး ဓားကို ကိုင်ခဲ့သည့်အချိန်နှင့် ဓား၏ အခြေခံလှုပ်ရှားမှုများကို သင်ယူခဲ့စဉ်အချိန်ကို ပြန်လည်အမှတ်ရလာမိ၏။
အဲဒါကြောင့် သူက ငါ့ထက် တော်နေတာလား…
သူက သူ့ဘာသာသူ မေးခွန်းထုတ်လိုက်၏။ ဤနှစ်များစွာကြာသည့်တိုင် သူက အခြေခံဓားရေးကို ကျင့်ကြံခဲ့ပြီး အဆင့်မြင့်ကို ရောက်ရှိဖို့ အခြေခံကို ပြန်လည် လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း သူ ရှိသင့်သလောက် မဖြစ်ခဲ့ပေ။
ထိုအစား သူက ဝမ်ထျန်းကို ကျော်လွှားနိုင်ရန် နည်းလမ်းကို ရှာဖွေမည့် ရည်ရွယ်ချက်ဖြင့် ပိုမိုအားကောင်းသည့် ဓားရေးနည်းစနစ်များကို လေ့ကျင့်မှုအပေါ် အာရုံစိုက်ထားခဲ့သည်။
ကျန့်ယီက ထိုနှစ်ကို ဘယ်သောအခါမှ မမေ့ခဲ့ပေ။ ဝမ်ထျန်းက သူတော်စင်အဆင့် ဝင်ရောက်လာကာ နောက်ဆုံးတိုက်ပွဲမတိုင်ခင် သူ့ကိုယ်သူ အရှိန်အဟုန်တစ်ခု ဆောက်တည်လိုခဲ့၏။ ထို့ကြောင့် သူက တာအိုအခွင့်အလမ်းဂိုဏ်းမှ ထွက်ခွာကာ ဂုဏ်သတင်းရှိသည့် ဓားသမားအားလုံးကို လိုက်လံစိန်ခေါ်ခဲ့သည်။
ကြီးကျယ်ခမ်းနားသည့် ဓားရေးလေ့ကျင့်မှုအပေါ် အလေးထားသည့် ဧကရာဇ်မျိုးနွယ်များက အကြီးမားဆုံး အရှက်ကွဲမှုမျိုးကို ကြုံတွေ့ခံစားခဲ့ရသည်။ ဝမ်ထျန်းက လူငယ်မျိုးဆက်နှင့် ယခင်မျိုးဆက်ဟောင်းကိုပါ ဖိနှိပ်ခဲ့၏။ ထိုစဉ် ဓားသမားအများစုက သူတို့ဓားကို ချိုးကာ ဘယ်သောအခါမှ ဓားကို ထပ်ထိမည် မဟုတ်ကြောင်း ကျိန်ဆိုခဲ့သည်။ သူတို့က ဝမ်ထျန်း၏ ဓားရေးသည် မည်မျှမြင့်မားကြောင်း မြင်တွေ့ပြီးသည့်နောက်တွင် ဓားလမ်းစဉ်ကို ဖြတ်တောက်ခဲ့ကြသည်။
အရင်တုန်းက သူက ဒီလောက်နက်နဲတဲ့ အခြေခံအုတ်မြစ် မရှိသေးပေမဲ့ ဓားသမားအားလုံးကို ဖိနှိပ်ထားနိုင်ခဲ့တယ်။ အခု သူက ဘယ်လောက်တောင်မြင့်မားသွားမလဲဆိုတာကို မှန်းဆကြည့်လို့ မရတော့ဘူး…
ကျန့်ယီက စိတ်ပျက်လက်ပျက်ဖြင့် တွေးလိုက်မိသည်။
သူက သူ့ဓားကို မထုတ်ယူခင် စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်၏။ သူက ထိုအရာက ဝမ်ထျန်းလိုမျိုး အပြာရောင်ဖြစ်သော်လည်း တိမ်တိုက်ပုံစံများ ရေးထွင်းထားသည်။ ထိုဓားက သူ ပထမဆုံး ထုဆစ်ဖန်တီးခဲ့သည့် ဓားဖြစ်ပြီး သူ့တာအိုသက်သေပြပစ္စည်းအဖြစ် အသုံးပြုခဲ့သည်။
ထိုစဉ် သူက ငယ်ရွယ်ကာ အတွေ့အကြုံ မရှိသည့်အတွက် ဓားကို ရိုးရှင်းကာ တဲ့တိုးဆန်သည့် တိမ်ပြာဟူသော နာမည်ကိုသာ ပေးခဲ့သည်။
သူက ဘာမှမပြောတော့ဘဲ ကျန့်ယီက ထိုသူနှစ်ဦး၏ တိုက်ပွဲကို ကြည့်နေရင်း အခြေခံဓားရေးကို ပြန်လည်လေ့ကျင့်လိုက်၏။ နာရီပိုင်းအတွင်း သူ့ဓားအဆင့်က သိသိသာသာတိုးမြင့်လာပြီး သူ့အင်အားကို တိုးမြင့်လာစေသည်။
ကျန့်ယီက နောက်ဆုံးတွင် ရှေ့ဆက်ရမည့်လမ်းစဉ်ကို ရှာတွေ့သွားပြီဖြစ်ကာ သက်ပြင်းချလိုက်၏။ အဖြေက ရိုးရှင်းလှသည်။ အခြေခံကို ပြန်လည်လေ့ကျင့်ဖို့ ဖြစ်၏။ သူက နေရခက်သည့်အပြုံးဖြင့် ခေါင်းအသာယမ်းလိုက်ပြီးသည့်နောက်တွင် ပြောလိုက်သည်။
“တစ်ယောက်ယောက်လာခဲ့ဦး”
“စံအိမ်သခင်” တပည့်တစ်ယောက်က အခန်းအတွင်း ဝင်ရောက်လာပြီးသည့်နောက်တွင် ဦးညွှတ်လိုက်၏။ ကျန့်ယီက ထိုစကားများကို ကြားပြီးသည့်နောက်တွင် ဝမ်းနည်းဖွယ် အငွေ့အသက်တို့ လွှမ်းခြုံသွားလေသည်။ သူတို့၏ ဓားရေးစံအိမ်က ဓားရေးစံအိမ်သခင်အသစ်တစ်ယောက် ရွေးချယ်ပြီးသား ဖြစ်သင့်ပေသည်။ ကံဆိုးစွာဖြင့် လက်ရှိမျိုးဆက်အတွင်း မည်သူကမှ ထိုနေရာကို ယူနိုင်လောက်အောင် ပါရမီ မရှိကြပေ။
“ရွှမ်းအာကို သွားခေါ်ခဲ့” သူက တည်တည်ငြိမ်ငြိမ်ဖြင့် အမိန့်ပေးလိုက်သည်။ ထိုတပည့်က ခေတ္တမျှအံ့အားသင့်သွားသော်လည်း ဘာမှမပြောပေ။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက ဘီးတပ်ကုလားထိုင်ပေါ် ထိုင်နေသည့် လူငယ်လေးတစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။ ကျန့်ဝူရွှမ်းက အမူအရာမရှိ ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ တစ်စုံတစ်ယောက်က သူ့ကို အထဲတွန်းခေါ်လာကာ သူ့ဆရာနှင့် တွေ့ဆုံနေရသော်လည်း သူက ကြောင်အမ်းအမ်း အမူအရာသာရှိနေပြီး တုံ့ပြန်မှု မရှိပေ။
ကျန့်ယီ၏ မျက်ဝန်းအထက် ဉာဏ်များသည့် အလင်းတစ်ချက် ဖြတ်ပြေးသွားကာ ကျန့်ဝမ်ရွှီ၏ ဘီးတပ်ကုလားထိုင်ကို အစီအရင်ရှေ့တွန်းကာ ထိပ်သီးဓားရေးပြိုင်ပွဲကို ကြည့်ခိုင်းလိုက်သည်။
ထိုစဉ် ဝမ်ထျန်းနှင့် ကျိလန်ဖန်းတို့၏ တိုက်ပွဲက အလယ်ပိုင်းချီလင်ကုန်းမြေတွင် ဆက်လက်တိုက်ခိုက်နေ၏။
ဓား၈၁ချက် အပြီးတွင် နှစ်ဦးသားက သူတို့၏ သရုပ်ပြမှုများကို ဆက်လက်မဖော်ဆောင်ခင် စကားစမြည် ပြောလိုက်ကြသည်။ သူတို့က ဓားများကို ဝှေ့ယမ်းရင်း ဓားအလက် ၉၀ ကို ဖန်တီးလိုက်သည်။ ဤတစ်ကြိမ် သူတို့၏ ခန္ဓာကိုယ်မှ စည်းမျဉ်းစွမ်းအား ပဲ့တင်ထွက်နေလေ၏။
စည်းမျဉ်းစွမ်းအား ထွက်ပေါ်နေသော်လည်း တိုက်ပွဲက နည်းစနစ်သက်သက် ပြပွဲတစ်ခုသာ ဖြစ်နေဆဲ ဖြစ်၏။ သဘောတရားအရ ပြောရလျှင် သေမျိုးဓားသမားများက သူတို့၏ ဓားရေးအဆင့်ကို စည်းမျဉ်း ထိန်းချုပ်သည့်အဆင့်အထိ ကျင့်ကြံနိုင်ကြသည်။
သို့သော်လည်း ထိုသို့သော အပြုအမူက တိုက်ကွက်တစ်ခုအပြီးတွင် သူတို့ကို သေဆုံးသွားစေနိုင်သည်။ အကြောင်းအရင်းက လုံလောက်သည့် ကျင့်ကြံဆင့် မရှိဘဲ သူတို့၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်က ထိုသို့စွမ်းအားကို တောင့်ခံနိုင်မည် မဟုတ်ပေ။
သေမျိုးတစ်ယောက်အတွက် ဤသို့ ရရှိနိုင်ရန် သူတို့က ဓားဧကရီ၊ ဝမ်ထျန်းနှင့် ကျိလန်ဖန်းလိုမျိုး မြင့်မားသည့် ပါရမီမျိုး ရှိရမည်။ သူတို့က ကံကောင်းမှုနှင့် အခွင့်အရေးတချို့လည်း လိုအပ်နေသေး၏။
ဓားအချက် ကိုးဆယ် ထိပ်တိုက်တွေ့ဆုံပြီးသည့်နောက်တွင် ကျိလန်ဖန်း၏ အကြွင်းမဲ့ အလျင်စည်းမျဉ်းနှင့် ဝမ်ထျန်း၏ အကြွင်းမဲ့ပိုင်းဖြတ်ခြင်း စည်းမျဉ်းတို့က ထိပ်တိုက်တွေ့ဆုံသွားကြပြီး မည်သူ၏ ဓားစည်းမျဉ်းက ပိုမိုနက်နဲကြောင်း ဆုံးဖြတ်ဖို့ ကြိုးစားနေဟန်ပေါ်သည်။
ဓားထိပ်တိုက်တွေ့ဆုံသံများက မိုးမြေအတွင်း ပဲ့တင်ထပ်သွားကာ စွမ်းအားပြင်း ဓားစွမ်းအင်များက ကောင်းကင်အထက် တောက်ပလာပြီး လမ်းကြောင်းတွင် ရှိသမျှအရာအားလုံးကို ဖြတ်တောက်နေသည်။ နယ်မြေရှိ စည်းမျဉ်းအားလုံးက ကြေမွသွားပြီး ဓားစည်းမျဉ်းသာ ကျန်ရှိတော့၏။
“သရေပဲ” ဝမ်ထျန်းက အကြည့်များ တောက်ပလာကာ ပြောလိုက်၏။
“အမှန်ပဲ” ကျိလန်ဖန်းက အနည်းငယ် အံ့အားသင့်နေမိသည်။ သူက သူ့မိတ်ဆွေ၏ အဆင့်သည် ခန္ဓာကိုယ် လေ့ကျင့်ပြီးသည့်နောက်တွင် သန့်စင်မှု ဆုံးရှုံးသွားလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ဤသို့ဖြစ်လာသည့် အရိပ်အယောင်မျိုး မရှိပေ။
“အဲဒါဆို ဆက်လိုက်ကြရအောင်”
“သဘောပဲ” ကျိလန်ဖန်းက ဓား ၉၉ လက်ကို ဖွဲ့စည်းလိုက်၏။ သူတို့ပေါ်ထွက်လာသည်နှင့် မိုးမြေက ပြောင်းလဲသွားသည်။ ကျိလန်ဖန်းက ပတ်ဝန်းကျင်၏ စည်းမျဉ်းများကို အပြည့်အဝ ထိန်းချုပ်လိုက်သည်။ ထိုစဉ် သူက ကောင်းကင်တာအိုဖြစ်ကာ မိုးမြေ၏ ဓားစည်းမျဉ်းများ မည်သို့လုပ်ဆောင်မည်ကို ဆုံးဖြတ်ပေးလေသည်။
ဝမ်ထျန်းကလည်း နောက်ကျမကျန်ခဲ့ပေ။ သူက ဓား ၉၉ လက်ရှိသည့် ဓားပိုင်နက်တစ်ခု ဖန်တီးလိုက်သည်။
ထိုနေရာက ရုတ်ချည်းဆိုသလို နှစ်ပိုင်းကွဲထွက်သွား၏။ အကယ်၍ ဓားသမားတစ်ယောက်က ကျိလန်ဖန်း၏ ဘေးတွင် ရပ်နေလျှင် သူတို့က အမြန်ဆန်ဆုံး ဓားများကိုသာ အသုံးပြုနိုင်သည်ကိုသာ တွေ့ရလိမ့်မည်။ သူတို့က နှေးကွေးသည့် ဓားရေးနည်းစနစ်၊ ကြော့ရှင်းသည့် ဓားရေးနည်းစနစ်နှင့် တခြားသော ဓားရေးနည်းစနစ်များကို အသုံးပြုနိုင်မည် မဟုတ်ပေ။
အကယ်၍ သူတို့သာ ဝမ်ထျန်းဘက်တွင် ရပ်လိုက်ပါက သူတို့သည် ထိုးစိုက်နိုင်မည် မဟုတ်သလို ရှောင်လွှဲနိုင်မည် မဟုတ်ဘဲ ပိုင်းဖြတ်ခြင်းသာ လုပ်ဆောင်နိုင်မည်ကို တွေးရလိမ့်မည်။
နှစ်ဦးသားက စည်းမျဉ်းများကို ပတ်ဝန်းကျင်နှင့် အတင်းအကြပ် ရောစပ်ကာ ကမ္ဘာပေါ်ရှိ သူတို့၏ ဓားစည်းမျဉ်းကို ဖိအားပေးလိုက်ပြီး မိုးမြေကိုလည်း သူတို့၏ ဓားတာအိုကို စကြဝဠာ၏ မှန်ကန်သည့် စည်းမျဉ်းအဖြစ် အသိအမှတ်ပြုဖို့ရာ ဖိအားပေးလိုက်သည်။
ဘန်း
ဓား၉၉လက်က ထိပ်တိုက်တွေ့ဆုံသွားပြီး အဖျက်စွမ်းအား ထွက်ပေါ်လာသည်။ သူတို့ ထိပ်တိုက်တွေ့ဆုံမှုမှ ထွက်ပေါ်လာသည့် စွမ်းအင်များက ပွင့်ချပ်တစ်လွှာ သို့မဟုတ် နှစ်လွှာ ထာဝရအရှင်များကိုပင် သတ်ဖြတ်နိုင်လောက်သည်။
လူများစွာက ထိုတိုက်ပွဲကို မြင်တွေ့ပြီးသည့်နောက်တွင် ထိတ်လန့်လာကြ၏။ အထူးသဖြင့် ယခင်မျိုးဆက်မှလူများ ဖြစ်သည်။ သူတို့က ဝမ်ထျန်းသည် ဤသို့အဆင့်အနေအထားသို့ ရောက်ရှိသွားလိမ့်မည်ဟု မထင်ထားမိပေ။ သေမျိုးနှင့် မသေမျိုးကြားရှိ အကာအရံကို ချိုးဖောက်နိုင်ခဲ့သူ မရှိသည့်အတွက် ယခင်မျိုးဆက်အပေါ် အထင်သေးကြသည့် ယခုမျိုးဆက်ကလည်း လေးစားမှုတချို့ ပြသလာကြသည်။
အသင်္ချေအင်ပါယာကမ္ဘာ တစ်လျှောက်ရှိ ဓားသမားများက စိတ်ရှုပ်ထွေးသည့် ခံစားချက်မျိုး ရှိနေကြသည်။ သူတို့က ဝမ်ထျန်းသည် ကမ္ဘာကြီးထံ ဓားသမားများက အကြီးမားဆုံးတိုက်ခိုက်ရည်ရှိသည့် ကျင့်ကြံသူအမျိုးစားဟု အဘယ်ကြောင့် မှတ်ယူနိုင်ကြောင်း ပြသခဲ့သည့်အတွက် ဂုဏ်ယူနေကြသည်။
ထို့နောက် ချက်ချင်းဆိုသလို သူတို့က သူတို့နှင့် ဓားရေးအထွတ်အထိပ်ကြားရှိ ကွာဟချက်ကို သဘောပေါက်သွား၍ စိတ်ပျက်သွားကြ၏။ အများစုက အထွတ်အထိပ်ကို မြင်တွေ့ပြီးသည့်နောက်တွင် လက်လျှော့လိုက်ကြပြီး လူတချို့ကမူ စိတ်လှုံ့ဆော်ခံလိုက်ရပြီး သေသည်အထိ ဝမ်ထျန်း၏ လမ်းစဉ်ကိုလိုက်ဖို့ရာ ဆုံးဖြတ်လိုက်ကြသည်။
ဝမ်ထျန်းက သူတို့၏ ထိပ်တိုက်တွေ့ဆုံမှုအပြီးတွင် သက်ပြင်းချလိုက်၏။ သူက ထိပ်တိုက်တွေ့ဆုံမှုတွင် အနည်းငယ် ကပ်သီးလေး ရှုံးနိမ့်သွားခဲ့သည်။ ကျိလန်ဖန်းက ဓားအနှစ်သာရ ထိပ်တိုက်တွေ့ဆုံမှုအတွင်း ရှုံးနိမ့်ခဲ့သလိုမျိုး ဖြစ်၏။
“ထပ်ပြီးတော့ သရေပဲ” ကျိလန်ဖန်းက ပြောလိုက်သည်။
“အမှန်ပဲ”
“အဲဒါဆိုရင် တကယ့်တိုက်ပွဲနဲ့ပဲ နောက်ဆုံးအနိုင်ရရှိတဲ့သူကို ဆုံးဖြတ်ရတော့မဲ့ပုံပဲ” သူက ပြောလိုက်သည်။ ယခင်က သူတို့၏ အဆင့်ကို စမ်းသပ်ခဲ့ရုံမျှသာ ဖြစ်၏။ သို့သော် အမှန်တကယ် တိုက်ပွဲတွင် သူတို့၏ ဝိညာဉ်၊ ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်ပမာဏ၊ စည်းမျဉ်းထိန်းချုပ်နိုင်စွမ်း၊ တိုက်ပွဲအတွေ့အကြုံနှင့် နည်းဗျူဟာများ ပါဝင်လာလိမ့်မည်။
“မဟုတ်ဘူး။ မင်း ရှုံးနိမ့်ပြီးသွားပြီ” ဝမ်ထျန်းက ရဲတင်းစွာ ကြေညာလိုက်သည်။
“ဘာကိုပြောချင်တာလဲ”
“ဓားပိုင်နက်က ဓားရေးရဲ့ အမြင့်ဆုံးအဆင့် မဟုတ်သေးဘူး။ တကယ်တမ်း အဆင့်က ၁၁ဆင့် မဟုတ်ဘဲ ၁၂ဆင့် ရှိတာ”
ယခင်တိုက်ပွဲအတွင်း နှစ်ဦးသားက ဓားရေး၏ အဆင့်အားလုံးကို ပြသခဲ့သည်။ အားလုံးက ပထမအဆင့် ဓားချက်မတိုင်ခင် အခြေခံဓားရေးကို လေ့ကျင့်ပြီး ကျွမ်းကျင်ရမည်။ ဓားချက်တွင် အဆင့်လေးဆင့် ရှိပြီး တစ်ဆင့်ချင်းစီက အရည်အချင်းများ ပိုမိုလိုအပ်လာသည်။
၅ ဆင့်မြောက်ကမူ ဓားနှလုံးသားဖြစ်ပြီး ဓားသမားများက သူတို့လက်ထဲရှိ ဓားကြောင့် ကန့်သတ်ထားခြင်း မခံရတော့ပေ။ ထိုအဆင့်တွင် သစ်သားအပိုင်းအစ တစ်ခု၊ ဆံပင် သို့မဟုတ် မြက်ပင်တစ်ပင်ကပင် ဓား ဖြစ်လာနိုင်သည်။
ထို့နောက် ဝိညာဉ်ဓား သို့မဟုတ် စိတ်ဓား ဖြစ်၏။ ထိုအဆင့်တွင် ဓားသမားတစ်ယောက်၏ တိုက်ကွက်က ရုပ်ပိုင်းဆိုင်ရာကဏ္ဍတွင် ကန့်သတ်မခံထားရတော့ပဲ ဝိညာဉ်ကဲ့သို့ အမှန်တကယ် မတည်ရှိသည့် သဘောတရားများကိုပင် ထိတွေ့လာနိုင်သည်။
၇ ဆင့်မြောက်ကမူ ဓားသမားများက မိုးမြေရှိစွမ်းအားများကို စတင်ထိန်းချုပ်နိုင်ခြင်း ဖြစ်၏။ တချို့သော ကျင့်ကြံရေးနည်းစနစ်များတွင် ဓားသမားများက မိုးမြေ၏ စွမ်းအားကို ထိန်းချုပ်သည့်အဆင့်သို့ ဖြည်းဖြည်းချင်း မရောက်ရှိခင် ဓားအသိကို နားလည်ဖို့ လိုအပ်သည်။ တခြားနည်းစနစ်များတွင် သူတို့က တိုက်ရိုက်တည်ရှိကြ၏။
၈ဆင့်မြောက်တွင်မူ ဓားအနှစ်သာရဖြစ်ပြီး ဓားသမားတစ်ယောက်က ဓားကျင့်စဉ်အသီးသီး မြောက်များစွာဆီမှ အနှစ်သာရကို စုစည်းပြီး သူတို့ကိုယ်ပိုင်အဖြစ် ပေါင်းစပ်ကာ သူတို့၏ အခြေခံအုတ်မြစ်ကို အားကောင်းစေခြင်း ဖြစ်သည်။
၉ ဆင့်မြောက်တွင် ထိုဓားအနှစ်သာရအားလုံးကို စုဝေးပြီး ဓားသမားလမ်းစဉ်ဖြစ်သည့် ဓားဆန္ဒကို ထုတ်ဖော်ခြင်း ဖြစ်၏။
၁၀ ဆင့်မြောက်ကမူ စည်းမျဉ်းကို ထိန်းချုပ်ခြင်းဖြစ်ပြီး ၁၁ ဆင့်မြောက်က ဓားပိုင်နက် ဖြစ်ပေသည်။ ထိုအဆင့်က ဓားသမားများသည် သူတို့၏ ကိုယ်ပိုင်ဓားတာအိုကို ကမ္ဘာကြီးထံ ထုတ်ပြပြီး စည်းမျဉ်းအပေါ် အကြွင်းမဲ့ထိန်းချုပ်မှုရှိလာခြင်း ဖြစ်သည်။
ထိုအဆင့်အားလုံးက ဓားရေးအဆင့် အားလုံး မဟုတ်သေးပေ။ ကျင့်ကြံရေးနည်းစနစ်အပေါ် မူတည်၍ တချို့ဓားသမားများသည် တသတ်မှတ်တည်း မလိုက်နာကြပေ။ နမူနာအားဖြင့် လူတချို့သည် သူတို့၏ ဓားအနှစ်သာရကို မဖြည့်စည်းခင် ဓားဆန္ဒကို အရင်ဦးစွာ ဖွဲ့စည်းကြသည်။
ဓားသမားအများစုက ဓားချက် အဆင့် ၄ ခုကို ကျော်ခဲ့ခြင်း သို့မဟုတ် မြင့်မားသည့် အဆင့်အနေအထားသို့ ရောက်ရှိပြီးမှ ပြန်လည်ကျင့်ကြံကြခြင်းတို့ လုပ်ဆောင်တတ်ကြသည်။
“ဒီအဆင့်ကို ဓားနဲ့ဓား သဟဇာတဖြစ်ခြင်းလို့ ခေါ်တယ်” ဝမ်ထျန်းက အပြုံးလေးဖြင့် ပြောလိုက်သည်။
***