← Chapters

အပိုင်း(၅၄၃)

Vol. 37 Ch. 543

အပိုင်း(၅၄၃)

Vol. 37 Ch. 543

ရှင်းယောင်မြို့ရှိ ထိုက်မိသားစု၌ဖြစ်သည်။ ညကောင်းကင်ယံ၌ သာမကဘဲ  မြို့၏အနောက်ဘက်ထိုက်မိသားစုရှိ  အဆောက်အဦးများမှာလည်း သွေးနီရောင်မီးတောက်တို့လောင်

ကျွမ်းနေသည်။

သွေးနီရောင်မီးတောက်ပင်လယ်က ညကောင်းကင်ယံ၌သာလောင်

ကျွမ်းခြင်းမဟုတ်ပဲ ချူးမိသားစုဝင်ဆယ့်လေးယောက်

ကိုလည်းလောင်ကျွမ်းနေသည်။ ထိခိုက်ဒဏ်ရာရှိထားသော ထိုက်မိသားစုဝင် အယောက်သုံးဆယ်အပါအဝင် ထိုက်မိသားစုတစ်ခုလုံး မှာလည်း သွေးနီရောင်မီးတောက်တို့လောင်ကျွမ်းနေ၏။ ၎င်းတို့၏အသက်များက  သွေးနီရောင်မီးတောက်များအောက်၌  အဆက်မပြတ်ပျောက်ကွယ်နေသည်။

ရှင်းယောင်မြို့တစ်ခုလုံးအား သွေးနီရောင်အလင်းတို့ဖုံးလွှမ်းနေ၏။  သို့သော်သွေးနီရောင်မီးတောက်တို့က ပူသော အရှိန်အဝါအားထုတ်လွှတ်ခြင်းမရှိပေ။ ထိုအစား  အေးစက်သောအရှိန်အဝါကိုသာထုတ်လွှတ်၍  မြို့၏အနောက်ဘက်ခြမ်းအားလွှမ်း

ခြုံထားသည်။

“ထိုက်မိသားစု.. ထိုက်မိသားစု. ရှင်းယောင်မြို့ကထိုက်မိသားစု အဆုံးသတ်သွားပြီ.. ရှင်းယောင်မြို့မှာမီးလောင်နေတယ်.. မီးကထိုက်မိသားစုကိုလောင်ကျွမ်းနေတယ်..”

အဝေးမှတိုက်ပွဲအားစောင့်ကြည့်နေ

ကြသောကျင့်ကြံသူများမှာ  သွေးနီရောင်မီးတောက်ပင်လယ်အားမြင်လိုက်ရသောအခါတွင် လေအေးများအားရှိုက်သွင်းလိုက်ကြသည်။

“ထိုက်မိသားစုတင်မကဘဲ .. ချူးမိသားစုရဲ့ သူတော်စင်နယ်ပယ်ဆယ့်လေး

ယောက်ပါသေသွားပြီ…ချူးမိသားစုလည်းဆိုးဆိုးဝါးဝါးကိုဖျက်ဆီးခံရတာပဲ…ဒီလိုမျိုးမွန်းစတားက ဘယ်ကနေများပေါ်လာရတာလဲ”

“ချူးမိသားစုခေါင်းဆောင် . ရှင်းယောင်မြို့ရဲ့ပြိုင်ဘက်ကင်း သိုင်းပညာရှင် ချူးကျူက အဲ့နတ်ဆိုးလက်ကနေစပြီးထွက်ပြေးနေပြီ”

တိုက်ပွဲအားစောင့်ကြည့်နေသော ကျင့်ကြံသူတစ်ဦးက အံ့အားသင့်စွာပြောလိုက်သည်။ ပြိုင်ဘက်ကင်းသိုင်းပညာရှင် ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်ချူးကျူးက  ထိုနတ်ဆိုးနှင့်ဆန့်ကျင်ဘက်သို့ လျှင်မြန်စွာပျံသန်းထွက်ပြေးနေသည်ကို လူများစွာတွေ့လိုက်ရသည်။ ညကောင်းကင်ယံထဲတွင် ၎င်းကသေခြင်းတရားမှလွတ်မြောက်ရန်စတင်ထွက်ပြေးနေပြီဖြစ်သည်။

“ငါမသေနိုင်ဘူး. ငါဒီလိုမျိုးမသေနိုင်ဘူး. ငါရှင်သန်ရမယ်..ဒီနေ့အရှက်ခွဲခံရမှုအတွက် ..ချူးမိသားစုရဲ့ အမုန်းတရားအတွက်  ..ဒါကိုငါ့နှလုံးသားထဲမှမှတ်ထားမယ်”

ညကောင်းကင်ယံထဲ၌ထွက်ပြေး

နေရင်းချူးကျူးမှာ နှလုံးသားထဲမှရက်ရက်စက်စက်

တွေးတောနေသည်။ သို့သော် နောက်ထပ်အခိုက်အတန့်တွင် အဖြူရောင်အလင်းတစ်ခုလင်းလက်သွားပြီး  အနက်ရောင်ပုံရိပ်တစ်ခုက ချူးကျူး ၏ရှေ့၌ပေါ်လာကာ သူ၏လွတ်မြောက်ရာလမ်းကိုပိတ်ထားသည်။

“အား”

ဤအနက်ရောင်ပုံရိပ်နှင့် ငယ်ရွယ်သောမျက်နှာထက်ရှိလှောင်ပြုံးတို့အားချူးကျူးမြင်တွေ့လိုက်ရသောအခါတွင် ရုတ်ခြည်းရပ်တန့်သွား၏။ သူ၏တစ်ကိုယ်လုံးကတုန်ယင်နေပြီး အလန့်တကြားဖြစ်နေသည်။

ထိုလူအားကြည့်၍ သက်ဆင်းလာသောဘုရင်တစ်ပါးကဲ့သို့ ကမ္ဘာကြီးအား နှိမ့်ချကြည့်ခဲ့သောချူးကျူးမှာ ကြောင်ကိုမြင်သောကြွက်တစ်ကောင်ကဲ့သို့ဖြစ်နေသည်။ သူ၏မျက်နှာထက်၌ ကြောက်လန့်မှု၊စိတ်မသက်သာမှု ၊တုန်လှုပ်အံ့အားသင့်မှုတို့ဖြင့်ပြည့်နှက်နေ၏။

ထို့နောက်ချက်ချင်း ချူးကျူးလှည့်လိုက်ပြီး  ဆက်လက်ထွက်ပြေးလိုက်သည်။

သို့သော် ဤအခိုက်အတန့်တွင်  ရှစ်ဖုန့်အနေဖြင့် ဤသက်ကြားအိုကြီးအားမည်ကဲ့သို့ ဆက်လက်ထွက်ပြေးခွင့်ပြုနိုင်ပါမည်နည်း။ အလျှင်အမြန် နောက်ထပ်ဝိညာဉ်တိုက်ခိုက်မှု

တစ်ခုအားပို့လွှတ်လိုက်သည်။

“အား”

မူလကထွက်ပြေးချင်နေသောချူးကျူးမှာ ညကောင်းကင်ယံထဲ၌ ယိမ်းထိုးနေသည်။ ထို့နောက်အိုမင်းပြီးနာကျင်မှုအပြည့်ဖြင့်အော်ဟစ်သောအသံက ညကောင်းကင်ယံထဲ၌ ပဲ့တင်ရိုက်ခတ်ထွက်ပေါ်လာ၏။

“ဝေါ့”

ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်ဖြင့်သုံး

ကြိမ်တိုက်ခိုက်ခံခြင်းကြောင့် သူ၏ဝိညာဉ်များစွာထိခိုက်သွားခဲ့ရ

သောချူးကျူးမှာ  နောက်ထပ် ပါးစပ်အပြည့်သွေးတစ်ပွက်အန်ထုတ်

လိုက်ရသည်။ ဤအခိုက်အတန့်တွင်  ချူးကျူး၏  အသားအရောင်က အဆမတန်ဖြူဖျော့နေ၏။သူ၏တစ်ကိုယ်လုံးမှာလုံးဝပျော့ခွေပြီး စွမ်းအားမဲ့လာပုံရသည်။  ပြင်းထန်သောနာမကျန်းမှုကူးစက်ခံရသည့် အဘိုးအိုတစ်ဦးကဲ့သို့ဖြစ်နေသည်။

ဤအချိန်တွင် ရှစ်ဖုန့်က ချူးကျူး၏ရှေ့၌ထပ်မံပေါ်လာ၏။  သူကညာလက်ကိုဆန့်ထုတ်လိုက်ပြီး ချူးကျူး၏အိုမင်းသောမျက်နှာအား ဆုပ်ကိုင်လိုက်သည်။ သူကချူးကျူးကိုဆွဲမလိုက်ပြီး  အေးစက်စွာစိုက်ကြည့်လိုက်၏။

ရှစ်ဖုန့်ကချူးကျူးကိုအော်ပြောလိုက်သည်။

“ပြောစမ်း.. ခင်ဗျားရဲ့ချူးမိသားစုက မိန်းကလေး ချူးရှင်းနဲ့ချူးယွဲ့တို့ဘာတွေဖြစ်သွားကြလဲ.. ဘာလို့သူတို့ကိုချူးမိသားစုရဲ့သစ္စာဖောက်တွေလို့ခေါ်တာလဲ.. ခင်ဗျားသူတို့ကိုဘာလုပ်ခဲ့တာလဲ”

ရှစ်ဖုန့်၏မေးခွန်းအားရင်ဆိုင်ရင်း ချူးကျူးကပင့်သက်ရှိုက်ကာပြောလိုက်သည်။

“ မင်းငါ့ကိုသတ်ချင်ရင်သတ်လိုက်.. ဘာလို့မေးခွန်းတွေအများကြီးမေးနေတာလဲ..

မင်းလိုမွန်းစတားမျိုးရဲ့လက်ထဲရောက်ပြီးရင် ငါ့အတွက်လွတ်မြောက်ဖို့မဖြစ်နိုင်ဘူးဆိုတာငါသိပြီးသား”

“ဟမ့်..မပြောချင်ဘူးပေါ့လေ”

ရှစ်ဖုန့်က  သူ့လက်ထဲရှိအဘိုးကြီးအားကြည့်၍ အေးစက်စွာထပ်မံပြောလိုက်သည်။ ထိုနောက် သွေးနီရောင်မီးတောက်တစ်ခုကရှစ်ဖုန့်၏လက်မှ ဟုန်းခနဲထွက်ပေါ်လာ၏။ ချူးကျူး၏မျက်နှာအားသွေးနီရောင်မီးတောက်တို့ ရုတ်ခြည်းတောက်လောင်သွားသည်။ ထို့နောက်သွေးနီရောင်မီးတောက်တို့က  ချူးကျူး၏တစ်ကိုယ်လုံးအား

လျှင်မြန်စွာပျံ့နှံ့သွား၏။

ချူးကျူးသည်လည်း ထိုက်မိသားစုခေါင်းဆောင်ထိုက်စမ်ကဲ့သို့ပင်  သွေးနီရောင်မီးတောက်လူသားအဖြစ်ပြောင်းလဲသွားသည်။

“အား…..”

ချူးကျူး၏သွေးပျက်ခြောက်

ချားဖွယ်အော်သံက သွေးနီရာင်မီးတောက်လူသား

အတွင်းမှထွက်ပေါ်လာသည်။

“အား… .သူတောင်းစားလေး..ငါ့ကိုသတ်လိုက်.. ငါတစ္ဆေဖြစ်ရင်တောင် မင်းကို မလွှတ်ပေးဘူး..အား..”

သို့သော်မကြာခင်တွင် သွေးပျက်ဖွယ်အော်ဟစ်သံက ညကောင်းကင်ယံထဲ၌ရပ်တန့်သွားသည်။ လူသားအသွင် သွေးနီရောင်မီးတော်တို့က  ရှစ်ဖုန့်၏လက်ထံသို့ပြန်လည်လှိမ့်ဝင်လာသည်။ ကြည့်ရှုနေသူများမှာ ဤအရာအားမြင်တွေ့လိုက်ရသောအခါတွင် လေအေးတစ်ချက်ရှိုက်သွင်းလိုက်ကြသည်။

ရှင်းယောင်မြို့၏စွမ်းအားအကြီးဆုံးကလန်နှစ်ခုဖြစ်သော ချူးကလန်နှင့် ထိုက်ကလန်တို့မှချူးကျူးနှင့်ထိုက်စမ်တို့မှာ သွေးနီရောင်မီးတောက်အောက်၌

အစအနပင်ကျန်ရစ်နေခံခြင်းမရှိပေ။ ၎င်းတို့မှ အလောင်းကျန်ရစ်ခြင်းမရှိ ၎င်းတို့၏သဲလွန်စပင်ကျန်ရစ်ခြင်း

မရှိဘဲသေသွားကြသည်။

သို့သော် ရှင်းယောင်မြို့အတွင်း၌ ဝိညာဉ်ကျင့်ကြံသောသူများကင်း

မဲ့နေသည်တော့မဟုတ်ပေ။ သူတို့က လူငယ်၏လက်ထဲ၌ကိုင်ထားသောလက်သီးဆုပ်အရွယ်အကြည်ရောင် ဝိညာဉ်တစ်ခုကိုတွေ့ကြသည်ဖြစ်သည်။ ၎င်းကချူးကလန်ခေါင်းဆောင် ချူးကျူး၏ဝိညာဉ်ဖြစ်၏။

“ဟမ့်. ခင်ဗျားကဒီသခင်လေး ကိုသေရင်တောင်မလွှတ်ပေးဘူးပေါ့.. အခုခင်ဗျားကဝိညာဉ်သက်

သက်ပဲရှိတော့တယ်”

ရှစ်ဖုန့်ကသူ့လက်ထဲရှိ ချူးကျူး၏ဝိညာဉ်အားကြည့်၍ ရယ်မောလိုက်သည်။

“ဒီသခင်လေးကိုခင်ဗျားဘယ်လိုမလွှတ်ပေးမလဲဆိုတာကိုဒီသခင်လေးကြည့်အုံးမယ်”

ရှစ်ဖုန့်စကားပြောရင်း သွေးနီရောင်မီးတောက်ကသူ၏လက်အတွင်း၌ ထပ်မံတောက်လောင်လာပြန်သည်။ သူက ချူးကျူး၏ဝိညာဉ်အား စတင်မီးရှို့လိုက်သည်။အကန့်သတ်မဲ့ ဝိညာဉ်နှိပ်စက်ခံရမှုအောက်၌ အရမ်းခေါင်းမာနေရဲသောသူအား

ရှစ်ဖုန့်မတွေ့ဖူးပေ။

“အား..အား..”

ချူးကျူး၏ဝိညာဉ်မှာ ရှစ်ဖုန့်၏လက်အတွင်း၌ မီးလောက်တိုက်သွင်းခံနေရသည်။ချူးကျူး၏သွေးပျက်ဖွယ်အော်ဟစ်သံက ယခင်ကထက်ပင်ပို၍ ကျယ်လောင်လာ၏။

“အား..ငါ့ကိုသတ်ပါ..ငါ့ကိုသတ်လိုက်ပါ..အား..အား”

ချူးကျူး၏ သွေးပျက်ဖွယ် အော်သံကတစ်ခါပြီးတစ်ခါထွက်ပေါ်လာသည်။သူ၏အသံကမီးလောက်တိုက်အ

သွင်းခံရသောကြွက်တစ်ကောင်ကဲ့သို့ စူးရှပြီးဝမ်းနည်းဖွယ်ဖြစ်သည်။

“ပြောစမ်း”

သူ့လက်ထဲရှိသွေးနီရောင်မီးတောက်အားကြည့်နေရင်း သွေးပျက်ဖွယ်အော်သံအား

ကြားရသောအခါတွင် ရှစ်ဖုန့်စကားတစ်ခွန်းကိုသာအေးစက်စွာပြောလိုက်သည်။

“အား..ငါပြောပါ့မယ်..ငါပြောပါ့မယ်..ခဏလောက်ရပ်လိုက်ပါ.. ကျေးဇူးပြုပြီးရပ်လိုက်ပါ”

သွေးပျက်ဖွယ်အော်ဟစ်နေသောချူးကျူးမှာ မီးတောက်များအတွင်းလောင်ကျွမ်းခံနေရရာမှ အသနားခံလိုက်သည်။

“ဟုန်း” ဆိုသောအသံနှင့်အတူ  ရှစ်ဖုန့်၏လက်အတွင်း ဝိညာဉ်အားလောင်ကျွမ်းနေ

သောမီးတောက်မှာ ငြိမ်းသက်သွားသည်။ ရှစ်ဖုန့်ကထူးမခြားနားစွာပြောလိုက်သည်။

“ပြော”

ချူးကျူး၏ဝိညာဉ်မှာ မီးရှို့ခံခဲ့ရသည်။ သေသည်ထက်ပိုမိုဆိုးဝါးသောညှင်းပန်းနှိပ်စက်မှုအားကြုံတွေ့ရပြီးနောက် ချူးကျူးအနေဖြင့်ဆက်ပြီးခေါင်းမမာရဲပေ။ သူကရုတ်ခြည်းပြောလိုက်သည်။

“ချိတ်ပိတ်ကုန်းမြေ…ချူယွဲ့နဲ့အခြားသစ္စာဖောက်တွေက ချိတ်ပိတ်ကုန်းမြေထဲကို ထွက်ပြေးသွားကြတယ်”

“ချိတ်ပိတ်ကုန်းမြေဟုတ်လား.အဲ့တာကဘာလဲ”

ရှစ်ဖုန့်မေးလိုက်သည်။ သေခြင်းတားမြစ်နယ်မြေမှ

ထွက်လာခဲ့ပြီးနောက် နောက်ထပ်ချိတ်ပိတ်နယ်မြေအချို့အားသူတို့ဝင်သွားကြလိမ့်မည်ဟုရှစ်ဖုန့်မထင်ထားခဲ့ပေ။

ရှစ်ဖုန့်၏မေးခွန်းအားကကြားရသောအခါတွင် ချူးကျူးဂရုမစိုက်ပဲမနေရဲချေ။

သူကအလျှင်အမြန်ပြန်ဖြေလိုက်သည်။

“ဒဏ္ဍာရီအရတော့.. လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများ

စွာအကြာကငါတို့ချူးကလန်ဟာ စွမ်းအားကြီးပြီးဆိုးယုတ်တဲ့တည်

ရှိမှုတစ်ခုကို ချိတ်ပိတ်နယ်မြေထဲမှာဆီးလ်

ခတ်ထားခဲ့တယ်တဲ့. ငါတို့ချူးကလန်ရဲ့ဘိုးဘေးတွေက ချိတ်ပိတ်နယ်မြေကို မျိုးဆက်အဆက်ဆက်စောင့်ကြပ်

ဖို့သင်ပေးခဲ့တယ်”

“ဘယ်လိုမျိုးစွမ်းအားကြီးပြီး ဆိုးယုတ်တဲ့တည်ရှိမှုလဲဆိုတာကိုကတော့ ငါတို့မသိကြဘူး.ဘာလို့ဆို ငါတို့ရဲ့ ဘိုးဘေးတွေက အဲ့မှာ စွမ်းအားကြီးဆီးလ်တစ်ခုကို ထားထားလို့ပဲ. ငါတို့ဝင်လို့မရဘူး”

“ခင်ဗျားမဝင်နိုင်ဘူးဟုတ်လား. ဒါဆိုသူတို့ကဘယ်လိုဝင်ခဲ့တာလဲ”

ရှစ်ဖုန့်ကမေးလိုက်သည်။

ဆက်ရန်…….

ဘာသာပြန်သူ-ARISE

All Chapters