ကျက်သရေတော်ဓားပိုင်ရှင်
Vol. 18 Ch. 244
လူအိုကြီး၏မျက်နှာက တောင့်တင်းသွားသည်။ သူက ခဏလောက်တိတ်ဆိတ်သွားပြီး တီးတိုးပြောလိုက်သည်။
“ဒါက၊ မင်းနဲ့သူက ရန်ငြိုးတော့ မရှိဘူးမလား”
ဟန်မူယဲ့က ခေါင်းယမ်းလျှက် ပြောသည်။
“သူ့ကို တစ်ခါမှမမြင်ဖူးဘူး။ ဘယ်လိုလုပ်ပြီး ရန်ငြိုးရှိမှာလဲ”
လူအိုကြီးက ခေါင်းကုတ်လိုက်ပြီး ဟန်မူယဲ့နှင့် လျှိုဟုန်တို့ကို မြို့ထဲသို့ ခေါ်သွားသည်။
“ကျုပ်က လုကူးကမ်းပါးမှာ တာအိုရောင်းရင်းခုန်းကို ကယ်တင်ခဲ့တယ်”
“အဲဒီအချိန်တုန်းက သူဟာ ဒဏ်ရာအပြင်းအထန်ရထားပြီး အသက်မျော့မျော့ပဲ ကျန်တော့တယ်”
လူအိုကြီး၏ နာမည်မှာ ကျန်းစုံထူဖြစ်ပြီး လမ်းလျှောက်သွားနေစဉ်မှာ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
သူ့စကားများအရ သူကယ်ခဲ့သောလူက သူ့ကို ဓားပေးခဲ့ခြင်း ဖြစ်သည်။
ထိုလူသည် အပြင်းအထန်ဒဏ်ရာရထားပြီး ကျင့်ကြံခြင်း ပျက်ဆီးသွားသည်။ ထို့ကြောင့် သူက ဓားကို ထုတ်ရောင်းခြင်း ဖြစ်သည်။
သူတို့က ကျန်းစုံထူနောက်သို့ လိုက်ပြီး လမ်းကြားတချို့ကို ဖြတ်ကျော်၏။ ထို့နောက် ခြံဝိုင်းလေးတစ်ခုထဲသို့ ဝင်လာကြ၏။
ခြံဝိုင်းသည် သိပ်ကျယ်ဝန်းခြင်း မရှိသော်လည်း တိတ်ဆိတ်နေသည်။
ခရမ်းရောင်၊ အဖြူရောင်ပွင့်သော နွယ်ပင်များနှင့် ပြည့်နေသည့် ခြံဝိုင်းထဲတွင် အသက်လေးဆယ်အရွယ်ခန့်ရှိသော အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်သည် အနက်ရောင်ဝှီးချဲတစ်လုံးပေါ်မှာ ထိုင်နေပြီး နေပူစာလှုံနေသည်။
ဟန်မူယဲ့တို့က ခြံဝိုင်းထဲသို့ဝင်လာသည်။ သက်လတ်ပိုင်းအရွယ်လူကြီးက မျက်လုံးဖွင့်ကြည့်လျှက် ဟန်မူယဲ့၏ လက်ထဲတွင် ကိုင်ထားသောဓားကို မြင်လိုက်ရသည်။ သူ့မျက်နှာထားက ပြောင်းလဲခြင်းမရှိပေ။
“တာအိုရောင်းရင်းခုန်း၊ သူတို့နှစ်ယောက်က မင်းနဲ့တွေ့ချင်နေတယ်”
ကျန်းစုံထူက သက်လတ်ပိုင်းအရွယ်လူကြီးကို ပြောလိုက်သည်။ ထို့နောက် နောက်ဆုတ်ပြီး ခြံဝိုင်းထဲမှ တိတ်ဆိတ်စွာ ထွက်သွားသည်။
ဟန်မူယဲ့၏ အကြည့်က သက်လတ်ပိုင်းအရွယ်လူကြီး၏ ပေါင်ပေါ်သို့ ရောက်သွားသည်။
“ဟားဟား…၊ တာအိုရောင်းရင်းတို့ ငါက လှုပ်ရှားဖို့အဆင်မပြေဘူး။ ရိုင်းပြမိတဲ့အတွက် ခွင့်လွှတ်ပါ”
သက်လတ်ပိုင်းအရွယ်လူကြီးက လက်သီးဆုပ်လိုက်ပြီး ပြောသည်။
ဟန်မူယဲ့က ခေါင်းညိတ်ပြီး မျက်နှာဖုံးကို ချွတ်လိုက်သည်။
လျှိုဟုန်ကလည်း မျက်နှာဖုံးချွတ်သည်။
သက်လတ်ပိုင်းအရွယ်လူကြီးက သူတို့၏ ငယ်ရွယ်သောမျက်နှာများကြောင့် အံ့အားသင့်သွားသည်။
ဟန်မူယဲ့က သက်လတ်ပိုင်းအရွယ်လူကြီးနှင့် သိပ်မဝေးသောနေရာမှာ ရှိသည့် ကျောက်တုံးထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး ဓားကို စားပွဲပေါ်၌ တင်လိုက်သည်။ သူက သက်လတ်ပိုင်းအရွယ်လူကြီးကို ကြည့်လျှက် ပြောသည်။
“ခင်ဗျားက ဒီဓားကို အလယ်ပိုင်းကုန်းမြေကနေ အနောက်ဘက်နယ်စပ်ကုန်းမြေဆီသို့ ဘယ်လို ရယူလာခဲ့သလဲဆိုတာ ကျွန်တော်သိချင်တယ်”
သူက ဓားရိုးကို ညင်သာစွာဆုပ်ကိုင်လိုက်လျှင် ဓားချီများ ဖြည်းဖြည်းချင်း လှည့်ပတ်လာသည်။
သူက ဓားကိုဝယ်ခဲ့သောကြောင့် ဓားက သူ့အပိုင်ဖြစ်သွားသည်။
သူက ဓား၏ မှတ်ဉာဏ်များကို မြင်နိုင်၏။
ကွန်ဖျူးရှပ်ကျင့်ကြံသူများသည် သန့်စင်သောနှလုံးသားရှိသည်ဟု ဆိုစမှတ်ရှိသည်။ သူ့ရှေ့တွင် ရှိနေသောလူက အမှန်ကို ပြောမည်လား လိမ်မည်လား သူ သိလို၏။
ဟန်မူယဲ့၏ စကားကို ကြားလိုက်ရသောအခါတွင် သက်လတ်ပိုင်းအရွယ်လူကြီး၏ အမူအရာက ပြောင်းလဲသွားသည်။ သူက ဟန်မူယဲ့ကိုစိုက်ကြည့်လျှက် တစ်ခဏမျှ စဉ်းစားသည်။ ထို့နောက် တီးတိုးပြောသည်။
“အနောက်ဘက်နယ်စပ်ကုန်းမြေမှာ သမာဓိစွမ်းအားကို မှတ်မိတဲ့လူရှိနေမယ်လို့ ကျုပ် ထင်မထားမိဘူး”
ဟန်မူယဲ့က ပြုံးလိုက်သည်။
“ကျုပ်က ခုန်းချောင်တိပါ။ အလယ်ပိုင်းကုန်းမြေကပဲ”
“ကျုပ်ဟာ နမ်ယွမ်ဒေသကြီးရဲ့ ဟယ်ကျီးဒေသတာဝန်ခံပဲ။ ကျုပ်က ကွန်ဖျူးရှပ်တာအိုကို နှစ်ပေါင်းသုံးဆယ်ကြာအောင် ကျင့်ကြံခဲ့တယ်”
သက်လတ်ပိုင်းအရွယ်လူကြီး၏ အငွေ့အသက်က စကားပြောနေစဉ်မှာ ဖြည်းဖြည်းချင်းပြောင်းလဲလာသည်။
ဟန်မူယဲ့၏ နောက်တွင် ရှိနေသောလျှိုဟုန်သည် ထိုလူကြီးဆီမှ ထွက်ပေါ်လာသော အာဏာစွမ်းအားကို ခံစားလိုက်ရသည်။
သူက နှလုံးသားထဲမှာ ရှိနေသော မကောင်းစိတ်များကို ဖုံးကွယ်မထားနိုင်တော့သလို ခံစားလာရသည်။ တောင်ခြေမှာ ညတချို့ကုန်ဆုံးခဲ့ကြောင်း ဟန်မူယဲ့ကို ဝန်ခံရတော့မည့်ပုံ ပေါ်သည်။
“အဟမ်း”
ဟန်မူယဲ့က အသာအယာချောင်းဆိုးလိုက်သောကြောင့် လျှိုဟုန်က တုန်ခါသွားသည်။
သူ့မျက်နှာက ရှက်ရွံ့မှုကြောင့်နီရဲသွားပြီး လျင်မြန်စွာအောက်ငုံ့ကြည့်သည်။
ဟန်မူယဲ့၏ အသံက ပေါ်ထွက်လာသည်။
“အလယ်ပိုင်းကုန်းမြေရဲ့ကွန်ဖျူးရှပ်တာအိုက မှန်ကန်ပြီး မြင့်မြတ်တယ်။ ကွန်ဖျူးရှပ်တာအိုကို ကျင့်ကြံနိုင်တဲ့လူတိုင်းက လူကြီးလူကောင်းတွေပဲ”
သူက ရှေ့တွင် ရှိနေသောဓားအပေါ်မှာ လက်တင်ထားပြီး ညင်သာစွာ ပြောသည်။
“ဒီကျက်သရေတော်ဓားကို ဘာဖြစ်လို့ရောင်းခဲ့တာလဲ ကျွန်တော်သိချင်မိတယ်”
ကျက်သရေတော်ဓား…။
သမာဓိစွမ်းအားဖြင့် ပျိုးထောင်ထားသောကြောင့် ဓားချီမှာ သမာဓိစွမ်းအားဖြစ်နေသည်။
လူများက ဓားကို ကွန်ဖျူးရှပ်အသိပညာဖြင့် ပျိုးထောင်ပြီး ဓားသည် လူများကို လူကြီးလူကောင်းဆန်သောဆန္ဒဖြင့် ပြန်လည်ထောက်ပံ့ပေးသည်။
ထိုဓားကို ကွန်ဖျူးရှပ်ရတနာတစ်ခုအဖြစ် ယူဆနိုင်သည်။
သို့ပေမဲ့ အတော်လေးအဆင့်နိမ့်သည်။
ဟန်မူယဲ့၏ စကားများကို ကြားလိုက်ရသောအခါတွင် ခုန်းချောင်တိက ခေါင်းယမ်းလျှက် သက်ပြင်းချသည်။
“ကျုပ်က အကြာကြိးမနေရတော့ဘူး။ ကျုပ်အသက်ကိုကယ်ပေးတဲ့အတွက် တာအိုရောင်းရင်းကျန်းကို ပြန်ကျေးဇူးဆပ်ဖို့ ခက်ခဲနေတယ်။ ဒီဓားကပဲ ဝိညာဉ်ကျောက်တုံးတချို့ရအောင် လုပ်ပေးနိုင်လိမ့်မယ်”
သူ့စကားများကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ရယ်သည်။ သူက ဓားကို လက်လွှတ်လိုက်ပြီး မတ်တပ်ရပ်သည်။
“ခုန်းချောင်တိ၊ ခင်ဗျား အမှန်အတိုင်းမပြောရင် ကျွန်တော်က ခင်ဗျားကို မကူညီနိုင်ဘူး”
“သမာဓိစွမ်းအားကို မသိတဲ့လူတွေအတွက် ဒီဓားကို ဝိညာဉ်ကျောက်တုံးတစ်တုံးနဲ့ရောင်းရင်တောင် ဈေးကြီးတယ်လို့ထင်လိမ့်မယ်”
“ခင်ဗျားက ဒီဓားကိုရောင်းပြီး ဒီဓားကိုနားလည်တဲ့လူနဲ့ တွေ့ချင်နေတာ”
ဟန်မူယဲ့၏ စကားများကြောင့် ခုန်းချောင်တိက ခါးမတ်သွားသည်။ သူ့မျက်နှာထားက လေးနက်နေသည်။
သူက လက်သီးဆုပ်ထားပြီး တီးတိုးပြောသည်။
“တာအိုရောင်းရင်း၊ မင်းက သမာဓိစွမ်းအားကို နားလည်တဲ့အတွက် အလယ်ပိုင်းကုန်းမြေနဲ့ဆက်သွယ်ဖို့ နည်းလမ်းရှိလိမ့်မယ်”
“ကျုပ်ကို ကူညီပြီး အံ့ဖွယ်နေမင်းကိုယ်ရံတော်တွေကို သတင်းပို့ပေးပါ။ တောင်ပိုင်းမြို့စောင့်တပ်ခေါင်းဆောင် ချင်းရီပင်က အရင်းအမြစ်တွေကို ကိုယ်ကျိုးအတွက် သုံးနေတယ်။ အပေါ်ယံမှာ သူက တောင်ပိုင်းကုန်းမြေကို တိုက်ခိုက်နေပေမဲ့ တကယ်တန်းတော့ မိစ္ဆာတစ်သောင်းအံ့ဖွယ်ဘုံကို သိမ်းယူဖို့ပြင်နေတယ်”
‘နောက်ဆုံးတော့ သူပြောလိုက်ပြီ’ ဟန်မူယဲ့က တွေးသည်။
သူက ထိုအကြောင်းကို ဓား၏ မှတ်ဉာဏ်မှတစ်ဆင့် မြင်တွေ့၏။
ခုန်းချောင်တိသည် ဟယ်ကျီးဒေသ၏ တာဝန်ခံဖြစ်ပြီး မီးတောက်နီစစ်တပ်နှင့် အံ့ဖွယ်နေမင်းကိုယ်ရံတော်အဖွဲ့အတွက် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးကို တာဝန်ယူထားသောကြောင့် ချင်းရီမင်ကို သိ၏။
ချင်းရီမင်သည် မိစ္ဆာတစ်သောင်းအံ့ဖွယ်ဘုံအတွက် တောင်ပိုင်းနယ်မြေကို သိမ်းပိုက်နေကြောင်း သူက မထင်မှတ်ဘဲ သိလာရသည်။
သို့ပေမဲ့ ခုန်းချောင်တိက ထိုအကြောင်းများကို သတင်းမပို့နိုင်ခင်မှာ ချင်းရီမင်၏ ငယ်သားများက လိုက်ဖမ်းခြင်းအား ခံရ၏။
ကံကောင်းစွာဖြင့် ဟယ်ကျီးဒေသသည် အင်အားအတန်အသင့်ရှိသော မိသားစုတစ်စု ဖြစ်ပြီး နန်းမြို့တော်နှင့် အဆက်အသွယ်ရှိသည်။
သူ့မိသားစုဝင်များ၏ အကူအညီဖြင့် ခုန်းချောင်တိ ထွက်ပြေးလွတ်မြောက်လာ၏။
သို့ပေမဲ့ ချင်းရီမင်သည် အလွန်ရက်စက်ပြီး အလယ်ပိုင်းကုန်းမြေကို မိစ္ဆာများတိုက်ခိုက်လာသကဲ့သို့ ဖန်တီး၏။ သူက ခုန်းမိသားစုဝင်များအားလုံးကို သတ်ဖြတ်ပြီး နန်းမြို့တော်သို့သွားမည့် ခုန်းချောင်တိ၏ လမ်းကြောင်းကိုလည်း ဖြတ်တောက်သည်။ ထို့ကြောင့် သူက ရွေးချယ်စရာမရှိဘဲ တောင်ပိုင်းနယ်မြေသို့ ပြန်ပြေးလာရသည်။
ခုန်းချောင်တိသည် မီးတောက်နီစစ်တပ်မှ မရေမတွက်နိုင်လောက်သော ကျွမ်းကျင်သူများ၏ လိုက်ဖမ်းခြင်းကိုခံရပြီး အလယ်ပိုင်းကုန်းမြေကို ဖြတ်သန်းပြေးလာနိုင်သည်။ သူ့ကို နောက်ယောင်ခံနေသော မိစ္ဆာသားရဲများရှိခဲ့သော်လည်း သူသည် တိမ်မြုံကမ်းပါးတိုက်ပွဲအပြီး အနောက်ဘက်နယ်စပ်ကုန်းမြေသို့ ဝင်ရောက်လာနိုင်သည်။
သို့ပေမဲ့ တိမ်မြုံကမ်းပါးတွင် ဒဏ်ရာအကြီးအကျယ်ရသွားသည်။
“တာအိုရောင်းရင်း၊ ချင်းရီမင်က မိစ္ဆာတစ်သောင်းအံ့ဖွယ်ဘုံရဲ့ လျှို့ဝှက်ချက်တချို့ကို သိထားတယ်လို့ ပြောပေးပါ”
“အဲဒီအကြောင်းနဲ့ပတ်သတ်ပြီး အသေးစိတ်ကိုတော့ ကျုပ် မသိခဲ့ရဘူး”
ခုန်းချောင်တိက လက်သီးဆုပ်ထားပြီး ကျောက်စိမ်းပေလွှာတစ်ခုကို ပေးလိုက်သည်။
ဟန်မူယဲ့က ကျောက်စိမ်းပေလွှာကို ကြည့်လျှက် ခေါင်းခါသည်။
“တာအိုရောင်းရင်းခုန်း၊ ဒီကိစ္စနဲ့ပတ်သတ်ပြီး မကူညီပေးနိုင်ဘူး”
“သားသတ်သမားလုနဲ့ ချင်းရီမင်က သဘောတူညီချက်တစ်ခုလုပ်ထားတယ်။ နှစ်တစ်ရာအတွင်းမှာ အမတ်ချုပ်ကြီးဝမ်က သူတို့ကိစ္စကို ကြားဝင်ပြီး ဖြေရှင်းပေးမှာမဟုတ်ဘူး”
‘အမတ်ချုပ်ကြီးဝမ်က ကြားဝင်ဖြေရှင်းမှာမဟုတ်ဘူး’
ခုန်းချောင်တိက ပါးစပ်အဟောင်းသားနှင့် မျက်လုံးပြူးသွားသည်။ သူ့မျက်နှာထားက အသက်မဲ့နေပြီး အဆုံးမရှိသောဝမ်းနည်းမှုများဖြင့် ပြည့်နေသည်။
“အဲဒီလိုဆိုရင် ငါ့ခုန်းမိသားစုအတွက် လက်စားမချေနိုင်တော့ဘူးလား”
ဟန်မူယဲ့က ခေါင်းညိတ်သည်။ ထို့နောက် ခေါင်းယမ်းလျှက် ညင်သာစွာရှေ့တိုးလာသည်။
“ခင်ဗျားကောင်းကောင်းအသက်ရှင်နေရင် အခွင့်အရေးကို စောင့်နိုင်မှာပေါ့”
“ကျွန်တော်က ဒေသရဲ့အရင်းအမြစ်တွေကို ခွဲဝေအသုံးချပြီး တပ်သားသုံးသောင်းအတွက် ကုန်ပစ္စည်းပို့ဆောင်ပေးနိုင်တဲ့ ခင်ဗျားရဲ့ပါရမီကို စိတ်ဝင်စားတယ်”
ခုန်းချောင်တိက ဟန်မူယဲ့ကိုမော့ကြည့်သည်။
“မင်း .... မင်းက ဘယ်သူလဲ”
ဟန်မူယဲ့က အလယ်ပိုင်းကုန်းမြေနှင့် ပတ်သတ်နေပြီး စာပို့ပေးလိမ့်မည်ဟု ခုန်းချောင်တိ တွေးထင်နေသည်။
သူ့အမြင်တွင် အနောက်ဘက်နယ်စပ်ကုန်းမြေက လူများသည် အလယ်ပိုင်းကုန်းမြေနှင့် ပတ်သတ်နေလျှင်ပင် အရေးပါသောလူများ မဟုတ်ပေ။
သဘာဝစွမ်းအင်များဖြင့် ပြည့်နေသော အလယ်ပိုင်းကုန်းမြေနှင့် ယှဉ်လျှင် အနောက်ဘက်နယ်စပ်ကုန်းမြေမှာ စွန့်ပစ်မြေသဖွယ်ဖြစ်သည်။
အလယ်ပိုင်းကုန်းမြေနှင့် ဆက်ဆံရေးကောင်းမွန်သောလူများက အလယ်ပိုင်းကုန်းမြေသို့ ထွက်သွားကြလိမ့်မည်။
သို့ပေမဲ့ ဟန်မူယဲ့၏ စကားများကြောင့် ခုန်းချောင်တိက အံ့အားသင့်သွား၏။
ဟန်မူယဲ့က ဓားကိုဆွဲထုတ်ရန် စိတ်ကူးမရှိသောကြောင့်မဟုတ်လျှင် ချင်းရီမင်၏ လူဖြစ်သည်ဟု သူ ထင်မိပေလိမ့်မည်။
သူ့မှာ ဒေသတစ်ခု၏ အရင်းအမြစ်များကို ခွဲဝေနိုင်သောစွမ်းရည်ရှိကြောင်း ထိုလူငယ်က မည်သို့ သိသနည်း။
ခုန်းချောင်တိ၏ အမူအရာကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က စိတ်ကျေနပ်စွာ ပြုံးမိသည်။
သူက ဓားဆီမှ အများအပြားမြင်တွေ့ခဲ့ရသည်။
ခုန်းချောင်တိသည် မိသားစုကြီးတစ်ခုမှာ မွေးဖွားလာခဲ့ပြီး ပါရမီထူးကဲသူလည်း ဖြစ်သည်။ သူသည် ဒေသတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပြီး စစ်တပ်၏ အထောက်အပံ့များကို စီမံရန် တာဝန်ယူထားသည်။
ခုန်းချောင်တိသည် တပ်သားသုံးသောင်းရှိသော စစ်တပ်အတွက် အထောက်အပံ့ပစ္စည်းများ သယ်ယူပို့ဆောင်ရန် စီစဉ်ပေးရသည်။
မှတ်ဉာဏ်မြင်ကွင်းထဲမှာ ခုန်းချောင်တိသည် ဟယ်ကျီးဒေသတရားသူကြီး၏ မြှောက်စားခြင်းကို ခံရသည်။
ထို့ကြောင့် သူသည် ချင်းရီမင်၏ လက်အောက်ငယ်သားများလက်မှ လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဒေသတရားသူကြီး၏ ကာကွယ်မှုမရှိလျှင် သူ မလွတ်မြောက်နိုင်ပေ။
ဟန်မူယဲ့က ခုန်းချောင်တိ၏ စွမ်းရည်ကြောင့် လာတွေ့ခြင်း ဖြစ်သည်။
ယခုအချိန်အထိ ဟန်မူယဲ့တွင် အသေးစားကိစ္စရပ်များအား ကိုင်တွယ်ပေးမည့်လူမရှိပေ။
လျှိုဟုန်နှင့် ကျန်းမင်တို့သည် ပါရမီကောင်းသော်လည်း ကိစ္စရပ်များကို မဖြေရှင်းနိုင်ပေ။
ယန်မင်ရွှမ်မှာ ကျင့်ကြံခြင်း၌သာ အာရုံစိုက်ထားပြီး လူမှုရေးရာကို နားမလည်ပေ။
လုကော၏ ခွန်အားနှင့် သစ္စာတရားကို သံသယဝင်စရာမလိုပေ။ သို့ပေမဲ့ သူ့နောက်ခံက နိမ့်ကျပြီး အမြင်ကျယ်ရန် လိုအပ်နေသေးသည်။
လေ့ကျင့်ရေးမှူးလင်း၏ တိုက်ခိုက်နိုင်စွမ်းနှင့် ကျင့်ကြံခြင်းက ပိုမိုတိုးတက်လာသည်။ သူက အသေးအမွှားကိစ္စများကို ဖြေရှင်းရန်အတွက် မသင့်တော်တော့ပေ။
တစ်ဖက်တွင် ခုန်းချောင်တိသည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် မရှိသော ကွန်ဖျူးရှပ်တာအို ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူသည် လူသားလောကထဲသို့ ဝင်ရောက်ပြီး ကျင့်ကြံရမည် ဖြစ်သည်။
သူသည် ဟယ်ကျီးဒေသတွင် စစ်သားသုံးသောင်းရှိသော စစ်တပ်အတွက် အရင်းအမြစ်များခွဲဝေပေးရန် တာဝန်ယူရ၏။
ထိုအစွမ်းအစမျိုးကို ဟန်မူယဲ့က လိုအပ်နေသည်။
“ကျွန်တော့်နာမည်က ဟန်မူယဲ့ပါ။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဓားစံအိမ်ကို တာဝန်ယူထားတယ်”
ဟန်မူယဲ့က ခေါင်းငုံ့ပြီး တီတိုးပြောသည်။
“တခြားနာမည်လည်းရှိသေးတယ်။ ဓားအင်မော်တယ်…”
“မင်းပဲ”
ဟန်မူယဲ့စကားပြောပြီးသွားသောအခါတွင် ခုန်းချောင်တိက မျက်လုံးပြူးသွားပြီး အော်ဟစ်မိသည်။
သူက ဟန်မူယဲ့ကို တိမ်မြုံကမ်းပါးတွင် မြင်ဖူး၏။
ထိုအချိန်တွင် သူက ရှုံးနိမ့်သွားသောမိစ္ဆာများ၏ ဝိုင်းရံမှုကိုခံထားရပြီး ဓားချီများ ဝိုင်းရံနေသောဟန်မူယဲ့ကို အဝေးမှတစ်ဆင့် မြင်ခဲ့ရသည်။ သူက ဟန်မူယဲ့၏ ပုံစံကို ဂရုမစိုက်မိပေ။
ကျန်းစုံထူ၏ ကယ်တင်မှုကို ခံရပြီး တောင်အိုမြို့သို့ သူရောက်လာသည်။ သူက ဓားအင်မော်တယ်၏ သတင်းများကို နေ့တိုင်းကြားနေရသည်။
ထူစွန်းရှစ်အပြီး အထူးချွန်ဆုံးသော လူငယ်ဓားသမား…။
အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အသန်မာဆုံးမျိုးဆက်သစ်…။
သတင်းအမျိုးမျိုးကြောင့် သူက နားယဉ်လာသည်။
ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ခုန်းချောင်တိ၏ အမူအရာက ခံစားချက်များဖြင့် ရှုပ်ထွေးနေသည်။
‘အဲဒီတော့ ဘာဖြစ်လဲ’ သူတွေးမိသည်။
‘သူက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ သာမန်လက်ရွေးစင်တစ်ယောက်ပဲလေ’
‘ဒီလိုလူမျိုးတွေက အလယ်ပိုင်းကုန်းမြေမှာ အပြည့်ရှိနေတယ်’
‘အလယ်ပိုင်းကုန်းမြေသို့ မရောက်ဘူးသောလူများက အလယ်ပိုင်းကုန်းမြေ၏ တိုးတက်နေသော ကျင့်ကြံခြင်းကို မသိနိုင်ပေ’
“သခင်လေးဟန်က အလယ်ပိုင်းကုန်းမြေကို သွားမှာလား” ခုန်းချောင်တိက တီးတိုးပြောသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဟန်မူယဲ့နှင့် အတူတူရှိနေခြင်းက ကောင်းမွန်သောရွေးချယ်မှုဖြစ်သည်။
သို့ပေမဲ့ သူက အလယ်ပိုင်းကုန်းမြေသို့ သွားရန် စိတ်ကူးမရှိပါက ခုန်းချောင်တိသည် သူ့လက်အောက်သို့ ဝင်ရောက်မည် မဟုတ်ပေ။
သူက ခုန်းမိသားစုအတွက် လက်စားချေပေးရမည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
“နှစ်သုံးဆယ်အတွင်းမှာ ကျွန်တော်က ယာယီခေါင်းဆောင်အနေနဲ့ ခေါင်းဆောင်အသစ်ရာထူးအတွက် ယှဉ်ပြိုင်ရလိမ့်မယ်
ခေါင်းဆောင်အသစ်ပြိုင်ပွဲ…။
အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်…။
ခုန်းချောင်တိ၏ မျက်လုံးက ပြူးကျယ်သွားသည်။ ဟန်မူယဲ့က ထိုကိစ္စမျိုးကို ထုတ်ပြောလာလိမ့်မည်ဟု သူ ထင်မထားမိပေ။
ဟန်မူယဲ့သည် အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့၏ ယာယီခေါင်းဆောင်ဖြစ်သည်။