← Chapters

မင်စုတ်တံ

Vol. 18 Ch. 245

မင်စုတ်တံ

Vol. 18 Ch. 245

အံ့ဖွယ်နေမင်းကိုယ်ရံတော်များသည် အမတ်ချုပ်ကြီးဝမ်၏ တိုက်ရိုက်အမိန့်အောက်တွင် ရှိကြသည်။

အလယ်ပိုင်းကုန်းမြေတစ်ခုလုံးတွင် သိန်းချီသော အံ့ဖွယ်နေမင်းကိုယ်ရံတော်များ ရှိကြသည်။

အံ့ဖွယ်နေမင်းကိုယ်ရံတော်တိုင်းသည် ကျွမ်းကျင်သူများ ဖြစ်ကြသည်။

အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့၏ ယာယီခေါင်းဆောင်များသည် အမတ်ချုပ်ကြီးဝမ်၏ လက်ထဲရှိဓားများ ဖြစ်ကြပြီး အလယ်ပိုင်းကုန်းမြေ၏ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ထိုလူမျိုးသည်သာ ခုန်းမိသားစုအတွက် လက်စားချေရန် အခွင့်အရေး ပေးနိုင်လိမ့်မည်။

ခုန်းချောင်တိ တစ်ကိုယ်လုံး တုန်ခါနေသည်။ သူ့အသက်ရှုနှုန်းက လျင်မြန်လာပြီး ထရပ်ရန် ကြိုးစားသော်လည်း မတတ်နိုင်ပါ။

“တကယ်လား”

“မင်းက အမှန်အတိုင်းပြောနေတာလား”

“ကျုပ်ကို မညာနဲ့”

ခုန်းချောင်တိက ဟန်မူယဲ့၏ မျက်လုံးကို စိုက်ကြည့်လျှက် ထပ်ကာတလဲလဲပြောသည်။

အမှန်အတိုင်းပြောရလျှင် ထိုအရာက အမှန်ဖြစ်ကြောင်း သူ သံသယဝင်စရာမလိုပေ။

အပြင်လူများက အံ့ဖွယ်နေမင်းကိုယ်ရံတော်များ၏ ပြိုင်ပွဲကို မသိပေ။

ဟန်မူယဲ့က မည်သည့်စကားမှ မပြောတော့ဘဲ ခုန်းချောင်တိကို ကြည့်နေသည်။

ခုန်းချောင်တိက စိတ်ငြိမ်သွားပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ဦးညွှတ်သည်။ “ခုန်းချောင်တိက သခင်ကိုနှုတ်ဆက်ပါတယ်”

ဟန်မူယဲ့က ခေါင်းညိတ်ပြီး ကျောက်စိမ်းရောင်သန်းနေသောဆေးတစ်လုံးကို ထုတ်ပေးသည်။ “ဒီဆေးလုံးက ခင်ဗျားရဲ့ဒဏ်ရာတွေကိုကုသဖို့ လုံလောက်တယ်”

“ခင်ဗျားဒဏ်ရာတွေသက်သာသွားရင် ခင်ဗျားအတွက် တာဝန်ချပေးမယ်”

ထို့နောက် သူက လှည့်ထွက်သွားသည်။

တစ်ချိန်လုံးတိတ်ဆိတ်နေသော လျှိုဟုန်ကလည်း ဟန်မူယဲ့၏ နောက်သို့ လိုက်ပါသွားသည်။

သူတို့နှစ်ယောက် အပြင်သို့ ထွက်လာသောအခါတွင် အပြင်ဘက်မှာ ရစ်သိရစ်သီလုပ်နေသော ကျန်းစုံထူက အထဲသို့ ပြေးဝင်သွားသည်။

“တာအိုရောင်းရင်းခုန်း သူတို့က မင်းကို ခက်ခဲအောင် လုပ်သွားသေးလား”

ကျန်းစုံထူက ရှက်ရွံ့နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“အဲဒီဓားက ဒီလိုပြဿနာတွေ သယ်လာမယ်ဆိုတာကို သိခဲ့ရင် မရောင်းပါဘူး”

သူ့စကားများကို ကြားလိုက်ရသောအခါတွင် ခုန်းချောင်တိက ပြုံးလိုက်ပြီး လက်ကိုဝှေ့ယမ်းသည်။

“ညီအစ်ကိုကျန်း၊ ဒါက ပြဿနာမဟုတ်ပါဘူး။ အခွင့်အရေးတစ်ခုပဲ”

သူက ခေါင်းငုံ့လိုက်ပြီး လက်ထဲတွင်ရှိသော ဆေးလုံးကို ငုံ့ကြည့်သည်။ သူ့မျက်လုံးများက တောက်ပနေသည်။

“ဝိညာဉ်ဆေးလုံး။ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ရှိတဲ့လူတစ်ယောက်က အင်မော်တယ်အဆင့်ဝိညာဉ်ဆေးလုံးကို ဖော်စပ်နိုင်တယ်”

“ဒီအရည်အသွေးမျိုးရှိနေတဲ့ သတ္တမတန်းစားကုသဆေးဟာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သန်းကျော်တန်တယ်”

သူက ဆေးလုံးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ သူ့ တကိုယ်လုံးအား ဝိညာဉ်အလင်းတစ်ခု ဖြတ်ပြေးသွားသည်။

“ဒီဝိညာဉ်ကျောက်တုံးတစ်သန်းအတွက် ငါ့ကိုယ်ငါ ရောင်းစားနိုင်တယ်”

“ပြီးတော့ မင်းက အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့ရဲ့ ယာယီခေါင်းဆောင်တစ်ယောက်လေ”

ဆေးစွမ်းအားများသည် ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေသည်။ ခုန်းချောင်တိသည် ဝှီးချဲပေါ်မှ ဖြည်းဖြည်းချင်း ထရပ်လာပြီး ကျန်းစုံထူကို ကြည့်လိုက်သည်။

“ညီအစ်ကိုကျန်း၊ မင်းက အင်မော်တယ်ဟန်အတွက် ငါနဲ့အတူတူအလုပ်လုပ်ဖို့ စိတ်ကူးရှိလား”

“အင်မော်တယ်ဟန်၊ အံ့ဖွယ်ကိုးပါးတောင်က တစ်ယောက်လား”

ကျန်းစုံထူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

ခုန်းချောင်တိက ခေါင်းညိတ်လိုက်ပြီး ပြုံးသည်။

“အနောက်ဘက်နယ်စပ်ကုန်းမြေမှာ နောက်ထပ်တစ်ယောက်ရှိသေးလို့လား”

နောက်ထပ် ဓားအင်မော်တယ်တစ်ယောက် မရှိနိုင်ပေ။

ကျန်းစုံထူ၏ မျက်နှာက နီရဲသွားပြီး တက်ကြွစွာ ခေါင်းညိတ်သည်။

ထိုအရာက ကံကြမ္မာပင်ဖြစ်သည်။

ခုန်းချောင်တိက ရယ်မောလျှက် ပတ်ဝန်းကျင်ကို ကြည့်သည်။

“ညီအစ်ကိုကျန်း၊ ပစ္စည်းတွေသိမ်းထားတော့။ ငါတို့က သိပ်မကြာခင်မှာ ဒီခြံဝိုင်းလေးကနေ ထွက်သွားရလိမ့်မယ်”

....

ဟန်မူယဲ့နှင့် လျှိုဟုန်တို့သည် တောင်အိုမြို့မှ ထွက်လာပြီးနောက် သင်္ဘောပျံကို စီးနင်းလျက် အံ့ဖွယ်ကိုးပါးတောင်သို့ ပြန်လာကြ၏။

“သမာဓိစွမ်းအားနဲ့ ပျိုးထောင်ပေးခံထားရတဲ့အတွက် ဒီဓားက ထူးဆန်းတယ်လို့ ခံစားရတာ”

အခန်းထဲတွင် ဟန်မူယဲ့က ဓားကို စားပွဲပေါ်မှာ တင်ထားပြီး ညင်သာစွာ ပြောသည်။

သမာဓိစွမ်းအားကို လျှိုဟုန်မသိသောကြောင့် ဟန်မူယဲ့က ဆက်ရှင်းပြလိုက်သည်။

“အလယ်ပိုင်းကုန်းမြေမှာ ကွန်ဖျူးရှပ်တာအိုဟာ လူသားလောကကို လွှမ်းမိုးထားတယ်။ အဲဒါက ထူးခြားတဲ့ကျင့်ကြံခြင်းလမ်းစဉ်တစ်ခုပဲ”

“ကွန်ဖျူးရှပ်တာအိုက သမာဓိစွမ်းအားကို ကျင့်ကြံတယ်”

“ကဗျာရွတ်ပြီး ပန်းချီဆွဲနေတဲ့လူတွေကို ပြောတာလား”

လျှိုဟုန်က တွေးကြည့်လိုက်ပြီး ထူးဆန်းသော မျက်နှာထားဖြင့် ပြောသည်။

“ကွန်ဖျူးရှပ်တာအိုရဲ့ သမာဓိစွမ်းအားက ဘာကို အသုံးပြုပြီး တိုက်ခိုက်တာလဲ”

ဓားကျင့်ကြံသူများတွင် သတ်ဖြတ်ရန်အတွက် ဓားဆန္ဒနှင့် ဓားချီ ရှိသည်။

တာအိုကျင့်ကြံသူများမှာ တာအိုနည်းစနစ်ရှိသည်။ ထိုနည်းစနစ်များက အဆုံးမရှိသောစွမ်းအားနဲ့ မိုးနဲ့လေကို ဆင့်ခေါ်နိုင်သည်။

ရုပ်ခန္ဓာကျင့်ကြံသူများမှာ တောင်ကိုရွှေ့နိုင်သော နည်းစနစ်များ ရှိသည်။

‘ကွန်ဖျူးရှပ်တာအိုပညာရှင်တွေမှာ ဘာစွမ်းရည်ရှိလဲ’ လျှိုဟုန်က တွေးနေမိသည်။

‘တစ်ယောက်ယောက်ကိုသတ်ဖို့ စာရေးမှာလား’

လျှိုဟုန်၏ စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ခေါင်းခါပြီး ရယ်လိုက်သည်။

သူက ရှုချီဒေသအုပ်ချုပ်သူ၏စွမ်းရည်ကို မြင်ဖူး၏။

တောင်တန်းတာအိုဓား၏ မှတ်ဉာဏ်ထဲတွင် အမတ်ချုပ်ကြီးဝမ်မော့ရှန်၏ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းရည်ကြောင့် လောကကြီးတစ်ခုလုံးမှာ လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံဖြင့် သူ့အမိန့်ကို နာခံရသည်။

အလယ်ပိုင်းကုန်းမြေ၏ကျောင်းတော်သားများသည် ကဗျာရွတ်၊ စာရေးပြီး ပန်းချီဆွဲရန်သာ နားလည်ကြသည်။

ဓားစံအိမ်သို့ ပြန်ရောက်လာသောအခါတွင် ဟန်မူယဲ့က ကျန်းမင်ကို ဆင့်ခေါ်လိုက်သည်။

သူက အလယ်ပိုင်းကုန်းမြေ၏ ခုန်းချောင်တိအား သိမ်းသွင်းခဲ့ကြောင်း အကျဉ်းချုပ်ပြောလိုက်သည်။

ကျန်းမင်သည် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူက ဟန်မူယဲ့၏ စကားကို ကြားလိုက်ရသောအခါတွင် တီးတိုးပြောသည်။

“စီနီယာအစ်ကိုဟန်က ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖွင့်ပြီး ဂိုဏ်းနဲ့ ဆိုင်ရှင်ပိုင်ဆီကနေ ခွဲထွက်ချင်တာမဟုတ်လား”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

“ရှန့်ယန်မိစ္ဆာဂိုဏ်းက အင်အားတိုးလာပြီ။ လီမူပိုင်က ပိုင်စုကျန်းကို ပြန်ခေါ်လိမ့်မယ်။ ငါက ကြိုပြီး အစီအစဉ်ချထားဖို့လိုတယ်”

သူ့မျက်လုံးများက နက်ရှိုင်းနေသည်။

“ဝိညာဉ်ဆေးပင်နဲ့ ဆေးလုံးထောက်ပံ့မှု ရပ်သွားလို့မဖြစ်ဘူးလေ”

အံ့ဖွယ်ကိုးပါးတောင်မှ ပိုင်စုကျန်းထွက်သွားလျှင် ဟန်မူယဲ့က ဆေးလုံးရောင်းချရန် ခက်ခဲသွားပေလိမ့်မည်။

ထို့အပြင် ဝိညာဉ်ဆေးပင်အများအပြား ရှာနိုင်တော့မည် မဟုတ်ပေ။

သူက ထန်ယွမ်‌ဟောင်ကို ပန်းပွင့်ရွက်ကြွေခန်းဆောင်သို့ ပြန်သွားစေ၏။ သူ့ကို လွှတ်ထား၍ မဖြစ်ပေ။

ဟန်မူယဲ့၏ထောက်ပံ့မှုမရှိလျှင် ထန်ယွမ်ဟောင်သည် ပန်းပွင့်ရွက်ကြွေခန်းဆောင်ကို ထိန်းချုပ်ရန် မဖြစ်နိုင်ပေ။

ကျန်းမင်ကို ခုန်းချောင်တိနှင့် ဆက်သွယ်စေပြီး အနာဂတ်တွင် ဆေးလုံးနှင့် ဝိညာဉ်ဆေးပင်အမျိုးမျိုးကို ရောင်းချရန်အတွက် တာဝန်ယူခိုင်းလိုက်သည်။ ထို့နောက် ကျန်းမင်က ဦးညွှတ်ပြီး ထွက်သွားသည်။

ကျန်းမင်သည် အဆင့်နိမ့်ဆေးလုံးများကို ဖော်စပ်နိုင်၏။

အဆင့်မြင့်ဆေးလုံးများအတွက်သာ ဟန်မူယဲ့က ကူညီပေးရမည်။

ထို့အပြင် ဟန်မူယဲ့သည် စပါးစိမ်းတောင်ကုန်း၏ မူကျင်းနှင့် ဆက်သွယ်ပြီး ဝိညာဉ်ဆေးပင်များ ရောင်းဝယ်ရန် လမ်းဖောက်ရဦးမည်။

သူက စပါးစိမ်းတောင်ကုန်း၏စွမ်းအားကို အသုံးချပြီး အလယ်ပိုင်းကုန်းမြေနှင့် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ကြိုတင်တည်ဆောက်ထားနိုင်လျှင် ပိုကောင်းပေလိမ့်မည်။

ထိုကိစ္စများကို စီစဉ်ပြီးသောအခါတွင် ဟန်မူယဲ့ အပေါ်ထပ်သို့ ပြန်တက်သွားသည်။

သူသည် ဓားစံအိမ်၏ တတိယထပ်တွင် တင်ပျဉ်ခွေထိုင်နေပြီး ကျက်သရေတော်ဓားကို ကြည့်နေသည်။

ကျက်သရေတော်ဓားသည် တိုက်ခိုက်ရသောဓားမျိုးမဟုတ်သော်လည်း သမာဓိစွမ်းအားကို သန့်စင်နိုင်သည်။

သူက ဓားပေါ်တွင် လက်တင်ထားပြီး ကွန်ဖျူးရှပ်တာအိုအား ကျင့်ကြံနေသော ခုန်းချောင်တိ၏ ပုံရိပ်ကို မြင်လိုက်ရသည်။

သူက ကွန်ဖျူးရှပ်ကျင့်ကြံခြင်းနည်းစနစ်ဖြစ်သော စကားပြေအတတ်ကို နားလည်လိုက်၏။

သူက ကွန်ဖျူးရှပ် ကျင့်ကြံခြင်းနည်းစနစ်ဖြစ်သော စာလုံးဖွဲ့အတတ်ကို နားလည်လိုက်၏။

သူက အဆင့်နိမ့် ကွန်ဖျူးရှပ်တာအို နတ်ဘုရားစွမ်းအား ကဗျာဖွဲ့ခြင်းအတတ်ကို နားလည်လိုက်၏။

ကွန်ဖျူးရှပ်ကျင့်ကြံခြင်းနည်းစနစ်နှစ်ခုနှင့် နတ်ဘုရားစွမ်းအားတစ်ခု…။

ထိုအရာများသည် အလယ်ပိုင်းကုန်းမြေကျင့်ကြံသူများ၏ ကျင့်ကြံခြင်းနည်းစနစ်ဖြစ်သည်။

စာပေနှင့် အနုပညာမှာ အခြေခံ ဖြစ်သည်။ စာဖတ်ပြီး သင်ယူခြင်းအားဖြင့် သမာဓိစွမ်းအားကို စုစည်းနိုင်သည်။

စုတ်တံကို မြှောက်ပြီး ကဗျာတစ်ပုဒ်ရေးလိုက်ခြင်းသည် သမာဓိစွမ်းအား၏ အခြေခံအကျဆုံး အသုံးပြုပုံ ဖြစ်သည်။

ထိုနည်းလမ်းသည် စွမ်းအင်အများအပြားကုန်ဆုံးပြီး ရေးသားလိုက်သောကဗျာ၏ အဆင့်အတန်းအရ အစွမ်းအမျိုးမျိုး ပြသနိုင်သည်။

ဗဟုသုတမပြည့်စုံသော ကျင့်ကြံသူအများစုအတွက် စုတ်တံဖြင့် ကဗျာရေးသော နတ်ဘုရားစွမ်းရည်မှာ အသုံးမဝင်ပေ။

“ဟမ် ....”

ကျက်သရေတော်ဓား၏ သမာဓိစွမ်းအားသည် ဟန်မူယဲ့၏ ဝိညာဉ်သွေးကြောထဲသို့ ဝင်လာသည်။

ထိုသမာဓိစွမ်းအားသည် သူ့ဒန်ထျန်ထဲသို့ မဝင်သွားဘဲ ချီပင်လယ်ထဲသို့ ရောက်သွားပြီး ရှေးဟောင်းမင်စုတ်တံအဖြစ် ပြောင်းလဲသွားသည်။

ထိုမင်စုတ်တံသည် ဓားဆန္ဒများနှင့် မယှဉ်နိုင်ကြောင်း သိနေသည့်အလား ချီပင်လယ်၏ ထောင့်တစ်နေရာမှာပဲ တိတ်ဆိတ်စွာ နေရာယူသည်။

ကွန်ဖျူးရှပ်တာအို၏ ကျင့်ကြံခြင်းသည် ဓားလမ်းစဉ်နှင့်မတူဘဲ ငြိမ်းချမ်းရေးကို ဦးစားပေးသည်။

ဟန်မူယဲ့က စာရွက်တစ်ရွတ် ထုတ်ယူလိုက်ပြီး မင်ရည်ထဲတွင် စုတ်တံကို နှစ်လိုက်သည်။ သူက တစ်ခဏမျှ စဉ်းစားနေပြီး စတင်ရေးသားလိုက်သည်။

“နွေဦးလမင်း၊ စစ်တပ်စခန်းရဲ့နေမင်း၊ အမှောင်ထဲက ဂျင်ဆင်းပင်၊ အဆုံးမှာတော့ အမြစ် ....”

စုတ်တံသည် မင်ရည်များဖြင့် စိုရွှဲနေသည်။ စုတ်တံ၏ ထိပ်ဖျားတွင် သမာဓိစွမ်းအားတချို့ ရှိနေသည်။

သမာဓိစွမ်းအားသည် ဟန်မူယဲ့၏ ချီပင်လယ်ထဲသို့ ပြန်လည်စီးဝင်လာသည်။

ထိုအချိန်တွင် သူ့အငွေ့အသက်က ဖြည်းဖြည်းချင်းပြောင်းလဲသွားသည်။ သူသည် ဖြောင့်မတ်စွာ ထိုင်နေသော ကျောင်းတော်သားလူအိုကြီးတစ်ယောက်နှင့် တူနေသည်။

ဓားနည်းစနစ်နှင့် ရုပ်ခန္ဓာနည်းစနစ်ကို ကျင့်ကြံခြင်းမှဖြစ်ပေါ်လာသော စိတ်မြန်လက်မြန်ဆောင်ရွက်တတ်ခြင်းနှင့် အာဏာရှင်ဆန်ခြင်းတို့က ဖြည်းဖြည်းချင်း လျော့ပါးသွားကြောင်း ဟန်မူယဲ့ခံစားလိုက်ရသည်။

ကွန်ဖျူးရှပ်ကျင့်ကြံခြင်းသည် လူတစ်ယောက်၏ စိတ်နှလုံးကို လေ့ကျင့်ပေးနိုင်သည်။

သူ့စိတ်နယ်ပယ်ထဲတွင် လူသားလောကမန္တန်သည် ရွှေရောင်အလင်းကိုထုတ်ပေးပြီး ချီပင်လယ်ထဲရှိ စုတ်တံကို အရောင်လက်နေစေသည်။

ဓားတာအို၊ ဓားလမ်းစဉ်၊ တာအိုလမ်းစဉ်…။

ဤတစ်ကြိမ်မှာ ဟန်မူယဲ့သည် ဆယ်ရက်မျှ ကျင့်ကြံနေ၏။

သူ အောက်သို့ဆင်းသွားသောအခါတွင် လျှိုဟုန်၊ ယန်မင်ရွှမ်နှင့် တခြားလူများက သူ့ကို ထူးဆန်းစွာ ကြည့်နေကြသည်။

“စီနီယာအစ်ကိုဟန်က မတူညီတဲ့လူတစ်ယောက်အဖြစ် ပြောင်းသွားသလိုပဲ”

လျှိုဟုန်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။

“ကျွန်တော်မှတ်မိပြီ။ စီနီယာအစ်ကိုက တောင်ခြေမှာရှိတဲ့ စားသောက်ဆိုင်မှာ ပုံပြင်တွေ ပြောပြနေတဲ့ လူအိုကြီးနဲ့တူနေတာပဲ”

ဟန်မူယဲ့က သူ့ကို တစ်ချက်ကြည့်လျှက် တည်ငြိမ်စွာ ပြောသည်။

“မင်း အခုတစ်လော တောင်အောက်ကိုဆင်းနေပြန်ပြီလား”

လျှိုဟုန် တစ်ကိုယ်လုံးတုန်ခါသွားသည်။ သူ့မျက်လုံးများက ရှေ့ကိုတည့်တည့်ကြည့်နေပြီး‌ ရေရွတ်လိုက်သည်။

“ကျွန်တော်က ညလုံးပေါက်မနေခဲ့ပါဘူး။ အနီလေး၊ အဖြူလေးနဲ့ အစိမ်းလေးကိုခေါပြီး စကားပြောနေတာပါ။ အဝတ်တွေတောင်မရှိ ....”

သူက စကားပြော၍ မပြီးသေးခင်မှာပဲ ရုတ်တရက် ရပ်တန့်လိုက်ပြီး ရှက်ရွံ့မှုကြောင့် မျက်နှာတစ်ခုလုံး နီရဲသွားသည်။

ယန်မင်ရွှမ်က ပြောစရာစကားကင်းမဲ့နေပြီး ဟန်မူယဲ့ကို အံ့အားသင့်စွာကြည့်လိုက်သည်။

သူ့အကြည့်တစ်ချက်ကြောင့် လျှိုဟုန်သည် လျှို့ဝှက်ချက်များအားလုံးကို ထုတ်ပြောလိုက်ရ၏။

‘စီနီယာအစ်ကိုဟန်မှာ ဒီလိုကြောက်စရာကောင်းတဲ့နည်းလမ်းမျိုး ဘယ်အချိန်တုန်းကရှိလာတာလဲ’

ဟန်မူယဲ့က ‌ခေါင်းခါသည်။ ထိုအရာက သမာဓိစွမ်းအား၏ အရိုးရှင်းဆုံးအသုံးချမှုဖြစ်သည်။

သမာဓိစွမ်းအားသည် လောကကြီးမှာ ရှိသော မကောင်းမှုအားလုံးကို ဖိနှိပ်နိုင်သည်။

စိတ်ထားမြင့်မြတ်မှ သမာဓိစွမ်းအား၏ ဖိနှိပ်မှုကို ရှောင်ရှားနိုင်လိမ့်မည်။

သူက စံအိမ်သို့ ရောက်လာသောဓားများနှင့် မှတ်တမ်းကို ကြည့်သည်။

လွန်သောရက်အနည်းငယ်ခန့်တွင် ကောင်းမိသားစုက အရည်အသွေးကောင်းသောဓားများကို ပို့လိုက်ပြန်သည်။

All Chapters