← Chapters

မင်းနဲ့ ကစားပေးမယ်

Vol. 91 Ch. 1262

မင်းနဲ့ ကစားပေးမယ်

Vol. 91 Ch. 1262

လက်ရှိတွင် သူတော်စင်တောင်တစ်ဝိုက်၌ စည်ကားနေသည်။

မြောက်ဘက်ဧကရာဇ်က လူသားမျိုးနွယ်မှ တပ်သား သန်းလေးဆယ်ကျော်ကို စုစည်းထားသည်။ သို့သော် အရှေ့မှ တိုက်ပွဲများကြောင့် တပ်သားဆယ်သန်းလောက် ကျဆုံးသွားခဲ့ပြီဖြစ်၍ တပ်သားသန်းသုံးဆယ်လောက်သာ ကျန်တော့သည်။

ထိုတပ်သားသန်းသုံးဆယ်သည် သူ‌တော်စင်တောင်၏ တောင်ဘက်ရှိ နှင်းလွင်ပြင်တစ်ခွင်လုံး၌ စခန်းချထားကြသည်။ ရွက်ဖျင်တဲများက ကီလိုမီတာရာချီ၍ စီတန်း တည်ရှိနေသည်။ အဆုံးမရှိသကဲ့သို့ပင်။ တောင်ပတ်ပတ်လည်တွင်လည်း ထောက်လှမ်းရေးများနှင့် ကင်းလှည့်တပ်သားများရှိပေသည်။ လူများကလည်း နေရာအနှံ့တွင် ပျံ့ကျဲနေကြသည်။

ဗုဒ္ဓအင်ပါယာတို့၏ လျှို့ဝှက်သတင်းပို့မှုက အလွန်အကျိုးသက်ရောက်မှု ရှိခဲ့သည်။ လျှို့ဝှက်ဂိုဏ်းကြီးများမှ ဂိုဏ်းချုပ်များနှင့် ရှေးဟောင်းမျိုးနွယ်များမှ မျိုးနွယ်ခေါင်းဆောင်များသည် သတင်းရလိုက်သောအခါ အလွန်အံ့အားသင့်သွားခဲ့ကြသည်။ သို့သော် ထိုသတင်းတွင် သက်သေများ ရှိ၍ သူတို့ တဖြည်းဖြည်း ယုံကြည်လာကြသည်။ ထို့ကြောင့် သူတို့သည် ဗုဒ္ဓဧကရာဇ်တို့ ရောက်လာမည်ကို စောင့်ဆိုင်းနေကြလေသည်။

ကြိုးကိုင်သူများမှာ မြောက်ဘက်ဧကရာဇ်နှင့် ကောင်းကင်တမလွန်ဂိုဏ်းဖြစ်သည်။ သူတို့ ထိုသတင်းကို အလွယ်တကူ ယုံကြည်နိုင်ခဲ့ခြင်းမှာ ထိုကိစ္စတစ်ခုလုံးမှနေ၍ အကျိုးအမြတ် အများဆုံး ရမည့်သူက အမှန်ပင် မြောက်ဘက်ဧကရာဇ် ဖြစ်နေ၍ပင်။ အကယ်၍ ဗုဒ္ဓဧကရာဇ်တို့က တစ်လ၊ နှစ်လ နောက်ကျပြီးမှ ပြန်ရောက်လာခဲ့လျှင် သို့မဟုတ် မည်သည့်အခါတွင်မှ ပြန်မလာတော့လျှင် ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခွင်လုံးက ဝူမျိုးရိုးကို ခံယူရပေလိမ့်မည်။

မည်သည့်အကြံအစည်တွင်မဆို ကြိုးကိုင်သူအား သိလိုက နောက်ဆုံးတွင် မည်သူက အကျိုးအမြတ်အများဆုံး ရသနည်းကို ကြည့်ရပေမည်။ လက်ရှိတွင် အရာအားလုံးက ဝူရှန်းအတွက် အကျိုးအမြတ် ဖြစ်စေကြောင်း ထင်ရှားနေသည်။ သူ၏ ရည်ရွယ်ချက်က အလွန်ရှင်းသည်။ သူသည် တစ်လောကလုံးကို သိမ်းပိုက်၍ ဒုတိယ ဆန်းကြယ်ဧကရာဇ် ဖြစ်လိုခြင်းပင်။

ထို့ပြင်...

အရေးအကြီးဆုံးမှာ ယခုတစ်ခေါက်၌ မြောက်ဘက်ဧကရာဇ်က သူ၏အမှောင်ခြမ်းကို အကြိမ်ကြိမ် ထုတ်ပြခဲ့ခြင်းပင်။ သူက အာဏာရှင် ဖြစ်လာပြီး သူ့ကို ထောက်ခံသူများက လက်ထောက်ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ထို့ကြောင့် လူများစွာသည် သူ့အပေါ် သံသယဝင်လာခဲ့ကြသည်။ သူ၏ အာဏာရှင်ဆန်မှုက နှင်းဒေသမှ တိုက်ပွဲများတွင် ပိုဆိုးလာခဲ့သည်။ စစ်တပ်က နှင်းဒေသမှ မျိုးနွယ်များ၊ ဂိုဏ်းများနှင့် ရင်ဆိုင်ရတိုင်း မြောက်ဘက်ဧကရာဇ်သည် လျှို့ဝှက်ဂိုဏ်းများနှင့် ရှေးဟောင်းမျိုးနွယ်များမှ တပ်သားများကိုသာ သွားတိုက်စေခဲ့သည်။ သူက သူတို့ကို စစ်ပန်းအောင် လုပ်နေကြောင်း ထင်ရှားပေသည်။ ထို့ကြောင့် ယခုတွင် မည်သူမဆို မြောက်ဘက်ဧကရာဇ်အပေါ် သံသယဝင်ကြမည်သာ။

သို့သော် ဤတစ်ရက်၊ နှစ်ရက်အတွင်း မြောက်ဘက်ဧကရာဇ်၊ ရှင်းမုန့်ဝမ်၊ ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့၏ လုပ်ရပ်များက အလွန်နားလည်ရခက်နေသည်။ သူတို့က အလွန်တိတ်ဆိတ်ကာ တည်ငြိမ်နေကြသည်။ သူတို့သည် တစ်နေကုန် သူတို့၏ ကောင်းကင်ကံကြမ္မာသင်္ဘောထဲတွင် ထိုင်ကာ လက်ဖက်ရည်သောက်ရင်း စကားပြောနေကြသည်။ အရာအားလုံးက သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပုံပင်။ စိုးရိမ်ပူပန်သည့် အရိပ်အယောင် တစ်ခုပင် မရှိချေ။ သူတို့က ဗုဒ္ဓဧကရာဇ်တို့ လာနေသည်ကို မသိဟုပင် ထင်ရသည်။

“တင်ပြပါတယ်...”

အဝေးမှနေ၍ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ထောက်လှမ်းရေးက တမင် ကျယ်လောင်စွာ အော်ပြောပုံပင်။ သူ့အသံကို ကြားလိုက်သောအခါ တပ်သားများ၊ မျိုးနွယ်ခေါင်းဆောင်များနှင့် ဂိုဏ်းချုပ်များက ခေါင်းထောင်ကြည့်လိုက်ကြသည်။ ထောက်လှမ်းရေးသည် မြောက်ဘက်ဧကရာဇ်ရှိသည့် ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်သို့ တက်သွားသည်။ ကုန်းပတ်ပေါ်သို့ ရောက်သောအခါ ဒူးတစ်ဘက်ထောက်၍ အော်ပြောလိုက်သည်။

“ခေါင်းဆောင်ကို တင်ပြပါတယ်... ကျန်းရီ၊ ဗုဒ္ဓဧကရာဇ်၊ ရွှမ်ဧကရာဇ်၊ ညဧကရီ၊ ယဉ်ဧကရာဇ်နဲ့ ထန်ရှန်းကျိတို့က လူတစ်စုကို ဦးဆောင်ပြီး ဒီဘက်ကို လာနေပါတယ်။ သူတို့ နေ့ဝက်အတွင်း ဒီကို ရောက်လာတော့မှာပါ”

“ဝိုး...”

အားလုံး အံ့အားသင့်သွားသည်။ အထူးသဖြင့် လျှို့ဝှက်ဂိုဏ်းချုပ်များနှင့် ရှေးဟောင်းမျိုးနွယ်ခေါင်း‌ဆောင်များက ပို၍ပင် အံ့အားသင့်သွားကြသည်။ မြောက်ဘက်ဧကရာဇ်က ထိုထောက်လှမ်းရေးကို တမင် အော်၍တင်ပြရန် ခိုင်းထားခြင်းဖြစ်ကြောင်း ထင်ရှားသည်။ မဟုတ်လျှင် ထောက်လှမ်းရေးသည် ထိုသို့သော အရေးကြီးသတင်းကို အော်ကြီးဟစ်ကျယ် တင်ပြမည် မဟုတ်ပေ။ မြောက်ဘက်ဧကရာဇ်က သူတို့ကို ဘာပြောရန် ကြိုးစားနေခြင်းနည်း။

တပ်သားများသည် ဗုဒ္ဓဧကရာဇ်တို့က သေခဲ့ပြီဟု သိထားကြသည်။ သို့သော် ယခုတွင် ဗုဒ္ဓဧကရာဇ်တို့က ကျန်းရီနှင့်အတူ ရှိနေကြသည်။ ထိုသတင်းကို ကြားလိုက်ရုံဖြင့် တပ်သားများ စိတ်ထွေပြားသွားကြမည်ဖြစ်သည်။ မြောက်ဘက်ဧကရာဇ်က ရူးနေခြင်း မဟုတ်လျှင် အဘယ်ကြောင့် တပ်သားများကို ထိုအကြောင်း အသိခံရမည်နည်း။ စစ်တပ်က သူ့အား ပြန်ဆန့်ကျင်မည်ကို မစိုးရိမ်သည်လော။ သို့မဟုတ် သူက ကျန်းရီ၊ ဗုဒ္ဓဧကရာဇ်နှင့် အခြားဧကရာဇ်များ အပါအဝင် ထိုနေရာရှိ သိုင်းသမားအားလုံးကို တစ်ယောက်တည်း အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်မှု ရှိနေခြင်းလော။

“သွားပြီး ထပ်စုံစမ်းလိုက်”

မြောက်ဘက်ဧကရာဇ်က သင်္ဘောကုန်းပတ်ပေါ်တွင် ရှင်းမုန့်ဝမ်၊ ဝူနီ၊ ဓားဧကရာဇ်၊ သားရဲဧကရာဇ်တို့နှင့် ထိုင်နေသည်။ သူတို့သည် လက်ဖက်ရည်သောက်ရင်း အလွန်အေးအေးဆေးဆေး ရှိနေကြသည်။ သူတို့၏ပုံစံက ဝူရဲတိုက်ဝန်း၏ အနောက်ပန်းခြံ၌ ထိုင်နေသကဲ့သို့ပင်။

လူများသည် ခေတ္တမျှ ရုတ်ရုတ်သဲသဲ ဖြစ်နေပြီးနောက် မြောက်ဘက်ဧကရာဇ်၏ တည်ငြိမ်သော မျက်နှာထားကို ကြည့်၍ ပြန်ငြိမ်သွားကြသည်။ သန်းဆယ်ချီသော မျက်လုံးများက လေထဲရှိ ကောင်းကင်ကံကြမ္မာသင်္ဘောနှင့် သင်္ဘောကုန်းပတ်ပေါ်ရှိ လူအချို့ပေါ်သို့ ကျရောက်နေသည်။ သူတို့ ရင်ခုန်မြန်နေကြသည်။ ထိုမြင်ကွင်းက အလွန်စိတ်လှုပ်ရှားဖွယ်ပင်။

“မိုအဘိုးကြီး... ကျုပ် မျက်ခုံးတွေ လှုပ်နေတယ်။ ဘာလို့ တစ်ခုခုမှားနေပြီလို့ ကျုပ် ခံစားနေရတာလဲမသိဘူး”

ရှန်မျိုးနွယ်ခေါင်းဆောင်က မိုမျိုးနွယ်ခေါင်းဆောင်ထံ အသံပို့လွှတ်လိုက်သည်။ မိုမျိုးနွယ်ခေါင်းဆောင်ကလည်း မျက်ခုံးလှုပ်နေပေသည်။ သူသည် မြောက်ဘက်ဧကရာဇ်တို့ကို မော့ကြည့်၍ ခေါင်းခါကာ အသံပြန်ပို့လွှတ်လိုက်သည်။

“ကျုပ်လည်း တစ်ခုခု မှားနေပြီလို့ ခံစားနေရတယ်။ ဒါပေမဲ့ ဘာမှားနေတာလဲတော့ မပြောနိုင်ဘူး။ ဒီနေ့မှာ ကိစ္စကြီးတစ်ခု ဖြစ်တော့မဲ့ပုံပဲ။ အခြေအနေတွေ ဆိုးလာရင် ကျုပ်တို့ပါ သေသွားလောက်တယ်...”

မကြာခင်တွင် ဗုဒ္ဓဧကရာဇ်တို့ ရောက်လာတော့ပေမည်။ နှင်းဒေသ၏ သူတော်စင်ဧကရီက စစ်တပ် စုစည်းထားပြီး အချိန်မရွေး တိုက်ခိုက်တော့မည်ဖြစ်သည်။ လူသားမဟာမိတ် စစ်တပ်ကလည်း မကြာခင်တွင် မြောက်ဘက်ဧကရာဇ်ကို ဆန့်ကျင်လာနိုင်သည်။ သို့ပင်လျှင် မြောက်ဘက်ဧကရာဇ်တို့က အဘယ်သို့ လက်ဖက်ရည်ထိုင်သောက်နေနိုင်ပါသေးသနည်း။

ထိုထူးဆန်းသော မြင်ကွင်းက လူများစွာကို ကြက်သီးထသွားစေသည်။ ရှန်မျိုးနွယ်ခေါင်းဆောင်နှင့် မိုမျိုးနွယ်ခေါင်းဆောင်တို့သာ မဟုတ် အခြားမျိုးနွယ်ခေါင်းဆောင်များသည်လည်း စိတ်ထင့်နေကြသည်။ ယခုတွင် ထူးထူးဆန်းဆန်း ထပြုမူလျှင် သေချာပေါက် ကွပ်မျက်ခံရပေလိမ့်မည်။ မြောက်ဘက်ဧကရာဇ်ဘေးရှိ နတ်ဘုရားတစ်ပိုင်းက မြောက်ဘက်ဧကရာဇ်၏ နတ်ဘုရားဓားကို ကိုင်ထားသည်။

ထိုသို့ဖြင့် အချိန်က တဖြည်းဖြည်း ကုန်လာလေသည်။

ယနေ့၏ ရာသီဥတုက အတော်လေး ကောင်းသည်။ လေပြင်းများ တိုက်ခတ်မနေ။ ကောင်းကင်ကလည်း ကြည်လင်နေသဖြင့် နွေးထွေးသော နေရောင်ခြည်တန်းလေးများက လူများ၏ ကျောပေါ်သို့ ဖြာကျနေသည်။ ထို့ကြောင့် နှင်းဒေသတွင် ထူးထူးခြားခြား နွေးထွေးသောနေ့တစ်နေ့ဟု ဆိုရပေမည်။ သို့သော် လူများသည် ကျောစိမ့်နေကြပေသည်။

“သတင်းပို့ပါတယ်... ကျန်းရီတို့က ကီလိုမီတာငါးသိန်းအကွာကို ရောက်လာပါပြီ”

“သတင်းပို့ပါတယ်... ကျန်းရီတို့က ကီလိုမီတာသုံးသိန်းအကွာကို ရောက်လာပါပြီ”

“သတင်းပို့ပါတယ်... ကျန်းရီတို့က ကီလိုမီတာတစ်သိန်းအကွာကို ရောက်လာပါပြီ”

ထောက်လှမ်းရေးက မြောက်ဘက်ဧကရာဇ်ထံသို့ မကြာမကြာ သတင်းလာပို့သည်။ သူသည် အကြိမ်တိုင်း အတွင်းအားဖြင့် အသံကိုမြှင့်၍ စစ်တပ်တစ်တပ်လုံး ကြားနိုင်အောင် အော်ပြောခဲ့သည်။ ပတ်ဝန်းကျင် အငွေ့အသက်က ပိုလေးလံလာပေပြီ။ အားလုံး အသက်ပင် ကျယ်ကျယ်မရှူဝံ့ကြချေ။ သူတို့၏ အကြည့်များက ကျန်းရီတို့ ရောက်လာမည့် တောင်ဘက်တွင်သာ သံမှိုဆွဲထားကြသည်။

တစ်နာရီနီးပါး ကုန်ဆုံးသွားပြီးနောက် ဧရာမ ကောင်းကင်ကံကြမ္မာသင်္ဘောကြီးတစ်စင်းက ကောင်းကင်ကို ဖြတ်၍ သူတို့ထံသို့ ချဉ်းကပ်လာသည်။ သင်္ဘောသည် စစ်တပ်နှင့် ကီလိုမီတာငါးဆယ်အကွာသို့ ရောက်သောအခါ အရှိန်နှေးလာသည်။ နတ်ဘုရားတစ်ပိုင်းများသည် ကောင်းကင်စိတ်အာရုံများ ထုတ်လွှတ်၍ သင်္ဘောကို အာရုံခံလိုက်ကြပြီး ကိစ္စများစွာကို အတည်ပြုလိုက်လေသည်။ ယခု သူတို့ ရင်ခုန်ရပ်သွားကြသည်။

ထိုကောင်းကင်ကံကြမ္မာသင်္ဘောက ထန်မျိုးနွယ်မှ သင်္ဘောပင်။ သင်္ဘောပေါ်တွင် လူများစွာ မရှိပေ။ သို့သော် သင်္ဘောပေါ်မှ အယောက်တိုင်းက အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံး၌ ကျော်ကြားသူများ ဖြစ်ကြသည်။

ဧကရာဇ်‌လေးပါး၊ ထန်ရှန်းကျိ၊ ကျန်းရီ၊ ကျန်း‌ရှောင်နူနှင့် လူ့ဘီလူးကြီးတစ်ကောင်၏ ဖိနင်းမှုကို ခံထားရသော မြောက်ဘက်အင်ပါယာ...

ဗုဒ္ဓဧကရာဇ်တို့၏ မျက်ဝန်းများက ကြည်လင်နေသည်။ ထို့ကြောင့် သူတို့က အခြားတစ်ယောက်၏ ထိန်းချုပ်မှုကို ခံထားရခြင်း မဟုတ်ကြောင်း ထင်ရှားပေသည်။ ထန်ရှန်းကျိကလည်း မဟာမိတ်စစ်တပ်၏ လက်ထောက်ခေါင်းဆောင်ဟောင်းတစ်ယောက် ဖြစ်ပြီး လောကအတွင်းရှိ အကြွယ်ဝဆုံး မျိုးနွယ်၏ မျိုးနွယ်‌ခေါင်းဆောင်လည်းဖြစ်သည်။ ရွှမ်ဧကရာဇ်၊ ယဉ်ဧကရာဇ်၊ ညဧကရီ၊ ဗုဒ္ဓအင်ပါယာ၊ ယဉ်အင်ပါယာ၊ ညအင်ပါယာနှင့် ရွှမ်အင်ပါယာတို့ကလည်း အရှေ့ဘက် တော်ဝင်နယ်မြေတွင် ဂုဏ်သတင်းကြီးသူများဖြစ်ကြသည်။ ယခုတွင် သူတို့က ကျန်းရီနှင့်အတူ ရောက်လာရာ အမှန်တရားကို သက်သေပြလိုက်သလို ဖြစ်သွားသည်။

ဝူရှန်းက မလှုပ်ရှားသေးပေ။ ကောင်းကင်ကံကြမ္မာသင်္ဘောက တဖြည်းဖြည်း နီးကပ်လာသော်လည်း ရှင်းမုန့်ဝမ်နှင့် ဝူနီပင် မလှုပ်ရှားကြချေ။ ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်သာ အတန်ငယ် ခေါင်းမော့၍ တောင်ဘက်သို့ ကြည့်လိုက်ကြသည်။

မိုရှန်းနှင့် စုလောရွှယ်တို့ကလည်း သူတို့၏ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်တွင် ဖြစ်သည်။ မိုရှန်းက အပြင်းအထန် ဒဏ်ရာရထားကြောင်း သိသာသည်။ စုလောရွှယ်ကမူ သတိမေ့နေဆဲပင်။ သူတို့နှစ်ယောက်ကို နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်စီက ဖမ်းချုပ်ထားကြသည်။ မြောက်ဘက်ဧကရာဇ်၏ နတ်ဘုရားဓားကြီးက ‌တောက်ပနေပြီး အေးစက်စက် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ ထိုမြင်ကွင်းက အလွန်ထူးဆန်းပေသည်။

ဝှစ်...

ကျန်းရီတို့၏ ကောင်းကင်ကံကြမ္မာသင်္ဘောက လူသားမျိုးနွယ် မဟာမိတ်စစ်တပ်နှင့် ငါးကီလိုမီတာအကွာတွင် ရပ်တန့်သွားသည်။ ဗုဒ္ဓဧကရာဇ်တို့က အဝေးရှိ ကောင်းကင်ကံကြမ္မာသင်္ဘောကို လှမ်းကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာထားက တည်နေပေသည်။ ယ‌နေ့ အခြေအနေက အလွန်ထူးဆန်းသဖြင့် သူတို့သည်ပင် အတန်ငယ် စိတ်လှုပ်ရှားနေကြပေသည်။ သို့သော် ဤနေရာသို့ ရောက်လာခဲ့ပြီဖြစ်၍ သူသေကိုယ်သေ တိုက်ခိုက်ရပေတော့မည်။

ရွှီး...

ထိုအခိုက်တွင် သူတော်စင်တောင်ပေါ်ရှိ တည်နေရာပြောင်းရွှေ့အစီအရင်က လင်းလက်လာပြီး အစီအရင်အတွင်းမှနေ၍ သောင်းချီသော လူများ အဆက်မပြတ် ထွက်လာလေသည်။ သူတော်စင်ဧကရီက ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ စွမ်းအားကြီး သိုင်းသမားအားလုံးနှင့် နှင်းဒေသရှိ ရှင်ကျန်ခဲ့သော သိုင်းသမားများကို ဦး‌ဆောင်၍ ထွက်လာခဲ့ခြင်းပင်။

ကျန်ဝူရွှမ်း၊ ဟွမ်ဖူထောင်ထျန်းနှင့် အခြားသူများလည်း ထွက်လာကြသည်။ သူတို့အားလုံးသည် တောင်ပေါ်တွင် မလှုပ်မယှက် ရပ်နေကြသည်။ သူတို့သည် ကျန်းရီကို လှမ်းမြင်လိုက်သောအခါ မျက်လုံးများ အရောင်လက်သွားကြသည်။ သူတို့၏သစ္စာက ကျန်းရီအပေါ်တွင်သာ ဖြစ်ကြောင်း ထင်ရှားပေသည်။ သူတို့သည် ကျန်းရီ၏ အမိန့်များကို စောင့်ဆိုင်းနေကြခြင်းပင်။ ထိုစဉ် ကျန်းရီက အရှေ့သို့ တိုး၍ အော်ပြောလိုက်သည်။

“ဝူရှန်း.. ဒီနေ့ ခင်ဗျားက ဘယ်လို ကစားချင်တာလဲ။ စည်းမျဉ်းကို ရှင်းရှင်းလင်းလင်း လုပ်လိုက်”

“ဟင်းဟင်း...”

မြောက်ဘက်ဧကရာဇ် ဝူရှန်းက မည်သို့မှ ပြန်မပြောဘဲ ခေါင်းငုံ့ထားသည်။ သူ့ဘေးရှိ ဝူနီကသာ ရုတ်တရက် ပြုံးလိုက်ပြီး ကျန်းရီကို လှမ်းကြည့်၍ ခေါင်းခါလိုက်သည်။

“ကျန်းရီ... ဒီနေ့ မင်းနဲ့ကစားမှာ ဝူရှန်းမဟုတ်ဘူး.. ငါပဲ။ မင်း ဒီနေ့ အများကြီးပျော်ရစေမယ်လို့ ငါ ကတိပေးပါတယ်”

“မိုအဘိုးကြီး”

ဗုဒ္ဓဧကရာဇ်နှင့် ရွှမ်ဧကရာဇ်တို့၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ရှင်းမိုက အခြားတစ်ယောက်၏ ခန္ဓာကိုယ်ကို အောင်အောင်မြင်မြင် ပူးကပ်နိုင်လိုက်ပေပြီ။ ခန္ဓာကိုယ်ပိုင်ရှင်မှာကား ဝူနီပင်။

***

All Chapters