← Chapters

တွေ့ဆုံရန် ကံပါလာသော ရန်သူများ

Vol. 20 Ch. 269

တွေ့ဆုံရန် ကံပါလာသော ရန်သူများ

Vol. 20 Ch. 269

ယဲ့ချန်သည် ကျွန်းပေါ်တွင် တစ်လကျော်ကျင့်ကြံနေပြီး တိုင်းပြည်နှစ်ခု၏အခြေအနေကြောင်းကို လုံးဝမသိခဲ့ပေ။ ကောင်းကင်ချီကျင့်ကြံမှုနှင့် ဝိညာဥ်စစ်သည်တော်က တိုးတက်မှုများ ကြုံတွေ့လာရသည်။ အထူးသဖြင့် ခရမ်းမီးတောက်ကြယ်ခြင်္သေ့နှင့် လေ့ကျင့်နေသော ဝိညာဥ်စစ်သည်တော်က လျင်မြန်စွာတိုးတက်လာ၏။ ထို့အပြင် နဂါးလက်ဝါးသိုင်းအပေါ် နားလည်မှုများလည်း တိုးတက်လာကာ မီးဒေါသလက်သီးဟူသော ဝိညာဥ်သိုင်းကွက်အသစ်တစ်ခုကိုပင် ထုတ်ဖော်နိုင်လုနီးပါး ဖြစ်လာသည်။

ယဲ့ချန်သည် ဖြစ်ရိုးဖြစ်စဥ်အတိုင်း ဝိညာဥ်စစ်သည်တော်နှင့် တိုက်ခိုက်နေသော်လည်း ခြင်္သေ့ကြီး၏လက်ချက်နှင့် အပိုင်းပိုင်း အစစပေါက်ကွဲနေကျဖြစ်သည်။

"မင်းရဲ့ကျင့်ကြံဆင့်က အစွမ်းထက်လာပေမယ့် အားနည်းနေတယ်"

ခြင်္သေ့ကြီးက ရှေ့သို့ခုန်ထွက်၍ ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်ကို ရိုက်ချလိုက်သည်။ ခြင်္သေ့ကြီးလှုပ်ရှားလိုက်တိုင်း ၎င်းက မမြင်ရသော စွမ်းအားတစ်ရပ်ဖြင့် ချုပ်နှောင်ခံထားရသည်။ ခြင်္သေ့ကြီး၏တိုက်ကွက်တိုင်းက သာမန်ဆန်သော်လည်း ရှောင်လွှဲမရသောကြောင့် အလွန်အမင်းအစွမ်းထက်လေသည်။

ခြင်္သေ့ကြီးက လှောင်ပြုံးပြုံးလိုက်ပြီး ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်က အက်ကွဲနေပြီဖြစ်သည်။ မည်မျှကြိုးစားပါစေ ယဲ့ချန်သည် ခြင်္သေ့ကြီး၏ရိုက်ချက်ကို မရှောင်နိုင်ခဲ့ပေ။ ထို့ကြောင့် ၎င်းက ထပ်ကာထပ်ကာ ဖျက်ဆီးခံနေရသည်။

ယဲ့ချန်သည် သူ၏ဝိညာဥ်စစ်သည်တော်ကို မမြင်ရသော သံကြိုးများနှင့် ချုပ်နှောင်ထားသကဲ့သို့ ခံစားနေရပြီး ရွေ့ပင်မရွေ့နိုင်ချေ။

ခြင်္သေ့ကြီးက အစွမ်းထက်လွန်းနေသည်။ အတိတ်တွင် သူက သိုင်းပညာများကို ယဲ့ချန်အား မသင်ပေးလိုသဖြင့် ခွန်အားဆယ်ပုံတစ်ပုံနှင့်သာ ဖုံးကွယ်တိုက်တိုက်ခိုက်ခဲ့သည်။ လက်ရှိတွင် ယဲ့ချန်မှ ခြင်္သေ့မများရှာပေးမည်ဟူသော ကတိကြောင့် ခွန်အား၏ဆယ်ပုံလေးပုံကို ထုတ်သုံးပေးလိုက်သည်။ ထို့အပြင် ခရမ်းမီးတောက်ကြယ်ခြင်္သေ့မျိုးနွယ်၏ သိုင်းပညာများကိုလည်း ယဲ့ချန်ဆင်ခြင်နိုင်စေရန် သရုပ်ပြပေးခဲ့သည်။

ယဲ့ချန်သည် ဤတိုက်ပွဲများမှ အကျိုးအမြတ်ရခဲ့သော်လည်း ခြင်္သေ့ကြီးနှင့် သုံးကွက်ထက်ပို၍ လက်ရည်မဖလှယ်နိုင်ခဲ့ပေ။

သူက အားနည်းလွန်းသဖြင့် စိတ်ထဲတွင် ခါးသက်သက်ခံစားလိုက်ရသည်။ လက်ရှိတွင် ခြင်္သေ့ကြီးမှာ ဆန်းကျယ်ဝိဇ္ဇာအဆင့် ခွန်အားသာ ပိုင်ဆိုင်ထား၏။ အကယ်၍ သူက ခြင်္သေ့ကြီးကိုပင်မယှဥ်နိုင်လျှင် အပြင်ကမ္ဘာမှ အစွမ်းထက်ကျင့်ကြံသူများကို မည်ကဲ့သို့ ယှဥ်ပြိုင်တိုက်ခိုက်ရပါမည်နည်း။

"ငါ ဒါကို လက်မခံနိုင်ဘူးကွ"

ယဲ့ချန်၏မျက်လုံးများ လင်းလက်လာကာ စိတ်ထဲမှဓားပျံကို အသက်သွင်းလိုက်သည်။ ၎င်းက တစ်ချက်တုန်ခါသွားပြီး ဆန်းကျယ်သောစွမ်းအင်များကို ဝိညာဥ်စစ်သည်တော်ထံ စေလွှတ်လာသည်။ ဝိညာဥ်စစ်သည်တော်က ချက်ချင်း လေပေါ်သို့မြင့်တက်သွားကာ ဘန်းခနဲမြည်သံနှင့်အတူ အချုပ်အနှောင်မှ လွတ်မြောက်သွားခဲ့သည်။

ခြင်္သေ့ကြီးက ရှေ့တက်လာပြီး ဝိညာဥ်စစ်သည်တော်ကို ရိုက်လိုက်ချိန်တွင် ၎င်းက လေပေါ်သို့ မြင့်တက်သွားခဲ့သည်။ ထို့ကြောင့် သူ၏လက်ဝါးက လွဲချော်သွားကာ ကြမ်းပြင်ကို ထိမှန်သွားခဲ့သည်။ ခြင်္သေ့ကြီးသည် ယဲ့ချန်က သူ၏တိုက်ကွက်ကို ရှောင်လွှဲနိုင်ခဲ့သောကြောင့် အလွန်အံ့သြသွားခဲ့သည်။

"ဒါကို မြည်းကြည့်စမ်း"

ယဲ့ချန်၏အော်သံနှင့်အတူ ဝိညာဥ်စစ်သည်တော်၏လက်ထဲမှ ဓားက ဖြတ်ခနဲပျောက်ကွယ်သွားသည်။ ထို့နောက် ၎င်းက လက်ဝါးများကိုမြှောက်ကာ ခြင်္သေ့ကြီးထံ ချိန်ရွယ်လိုက်သည်။ ထို့နောက် ဝိညာဥ်စစ်သည်တော်သည် နဂါးငွေ့တန်းလက်ဝါးသိုင်းကို ထုတ်ဖော်လိုက်သောအခါ ခရမ်းရောင်အလင်းတန်းများက ခရမ်းမီးတောက်ခြင်္သေ့ကြီးထံ ဘက်ပေါင်းစုံမှ ဝင်ရောက်သွားခဲ့သည်။

ထိုအလင်းတန်းများက နဂါးငွေ့တန်း ကြယ်အစုအဝေးကြီးနှင့် တူညီနေသည်။

နှစ်ယောက်ကြားတွင် အကွာအဝေးက မီတာသုံးဆယ်ကျော်ရှိသော်လည်း ယဲ့ချန်က ဤလက်ဝါးသိုင်း၏အစွမ်းကို ခံစားနေရသည်။

ခြင်္သေ့ကြီးသည် ယဲ့ချန်က နဂါးငွေ့တန်းလက်ဝါးသိုင်းကို ဝိညာဥ်စစ်သည်တော်နှင့် ဤမျှလျင်လျင်မြန်မြန် ထုတ်ဖော်နိုင်မည်ဟု ထင်မထားခဲ့ပေ။ ထို့အပြင် ဝိညာဥ်စစ်သည်တော်သည် ယဲ့ချန်၏ခန္ဓာကိုယ် အစစ်မဟုတ်သောအခါ သိုင်းပညာထုတ်သုံးရမည့် အခက်အခဲက လေးငါးဆခန့်မြင့်တက်နေသည်။

"နောက်ဆုံးတော့ မင်း နားလည်သွားပြီပေါ့။ ဒီသိုင်းပညာနဲ့ဆိုရင် ဆန်းကျယ်ဝိဇ္ဇာအများစုကို မင်း အနိုင်ယူနိုင်ပြီ"

ခြင်္သေ့ကြီးက ချီးကျူးလိုက်ပြီး ခရမ်းရောင်မီးတောက်များကို အကာအကွယ်အဖြစ် ဖန်တီးလိုက်၏။

ဝိညာဥ်စစ်သည်တော်၏လက်ဝါးချက်က ခြင်္သေ့ကြီး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။ ဘန်းခနဲမြည်သံနှင့်အတူ ပတ်ဝန်းကျင်သို့ ခရမ်းရောင်မီးတောက်များ ပျံ့နှံ့သွားလေသည်။

"ကောင်လေး ငါ မင်းကို အထင်သေးမိသွားတယ်။ မင်းရဲ့ပါရမီနဲ့ဆိုရင် ဒီလိုမျိုးထူးချွန်နေတာ မဆန်းတော့ဘူး။ နောက်တစ်ခေါက် တိုက်ကြမယ်"

ခြင်္သေ့ကြီးက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်ရသည်။ သို့သော် သူက ယဲ့ချန်ကို ချက်ချင်းချီးကျူးလိုက်သည်။ နောက်ဆုံးတွင် ခြင်္သေ့ကြီးသည် ယဲ့ချန်အပေါ် စတင်သဘောကျလာခဲ့သည်။ သူက ပါးစပ်ကြီးကိုဟ၍ ခရမ်းရောင်မီးအလင်းတန်းများကို မှုတ်ထုတ်လိုက်သည်။

"ဘန်း ဘန်း ဘန်း"

ယဲ့ချန်သည် ဝိညာဥ်စစ်သည်တော်ကို အသုံးချပြီး ခြင်္သေ့ကြီးနှင့် ရှစ်ကွက်အထိ ယှဥ်ပြိုင်တိုက်ခိုက်နိုင်ခဲ့သည်။ နောက်ဆုံးတွင် ဝိညာဥ်စစ်သည်တော်က ဖျက်ဆီးခံလိုက်ရပြန်သည်။

ဝိညာဥ်စစ်သည်တော် ပျက်စီးသွားချိန်တွင် ယဲ့ချန်က အသက်ရှူရပ်မတတ် ဖြစ်သွားသည်။ ဤတိုက်ပွဲကြောင့် သူ၏ခွန်အား ရာနှုန်းပြည့်ကုန်ခမ်းသွား၍ မောပန်းနေသည်။ သူ၏စိတ်ခွန်အားကြောင့်သာ ဆက်လက်တောင့်ခံနိုင်ခြင်းဖြစ်သည်။ နောက်ဆုံးတွင် သူက ဝိညာဥ်စစ်သည်တော်ကို ထိန်းချုပ်ရာ၌ အသားကျလာပြီဖြစ်ကြောင်း ခံစားလာရ၏။

"ကျုပ် ပင်ပန်းသွားပြီ။ အနားယူပြီးမှ ဆက်တိုက်ခိုက်ကြတာပေါ့"

ယဲ့ချန်က ပြောလိုက်သည်။ သူက နေရာတွင် တင်ပျဥ်ခွေထိုင်ချလိုက်ပြီး ကောင်းကင်ချီများကို လည်ပတ်လိုက်၏။

ခြင်္သေ့ကြီးက ယဲ့ချန်ကို တစ်ချက်ကြည့်၍ ပျင်းရိစွာထိုင်ချလိုက်သည်။ သူ၏မျက်လုံးများက အတွေးနက်နေပုံပေါ်ပြီး ထုံးစံအတိုင်း ဂရုမစိုက်သောအကြည့်မျိုး မဟုတ်ပေ။

"ဒီကောင်စုတ်က နဂါးငွေ့တန်းလက်ဝါးသိုင်းကို ဒီလောက်မြန်မြန်တတ်သွားမယ်လို့ ဘယ်သူထင်မှာလဲ။ သူ ဘယ်လောက်အစွမ်းထက်နိုင်မလဲ ငါ သိချင်သွားပြီ"

ခြင်္သေ့ကြီးက ခပ်တိုးတိုးရေရွတ်လိုက်သည်။

ယဲ့ချန်၏ဒန်တန်အတွင်း ကြယ်အမြုတေများ လည်ပတ်နေကာ ကောင်းကင်ချီများကို ဓားပျံထံမှ စုပ်ယူနေကြသည်။ သူ၏ဒန်တန်အတွင်း ကောင်းကင်ချီများ ပိုမိုသိပ်သည်းလာခဲ့သည်။ လက်ရှိတွင် ယဲ့ချန်၏ကောင်းကင်ချီပမာဏက သူ၏ကျင့်ကြံဆင့်ဖြစ်သော ကောင်းကင်ဝိဇ္ဇာစဦးအဆင့်ထက်ပိုသော ကောင်းကင်ဝိဇ္ဇာအလယ်အဆင့်နှင့်ပင် ယှဥ်နိုင်လောက်အောင် များပြားနေခဲ့သည်။

နာရီဝက်အကြာတွင် ယဲ့ချန်၏ခွန်အားများက အကောင်းဆုံးအခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။ သူက ခြင်္သေ့ကြီးနှင့် လက်ရည်ဖလှယ်ရန် ပြင်ဆင်လိုက်စဥ် နေလင်းယုန်၏အော်သံကို ခံစားလိုက်ရသည်။ သူက ဝိညာဥ်အသိစိတ်ဖြင့် ကောင်းကင်ကြယ်တာရာတံဆိပ်အပြင်ကို ထောက်လှမ်းလိုက်သည်။ ကျွန်းပေါ်တွင် နေလင်းယုန်ကို လေးဖြင့်ပစ်ချခဲ့သော ဆန်းကျယ်ဝိဇ္ဇာ ရောက်ရှိနေခဲ့သည်။

ထိုလူက ပင်လယ်အတွင်းမှ ရေကူးလာရပုံပေါ်သည်။ တစ်ကိုယ်လုံးရေစိုနေပြီး ဆံပင်များတွင် ရေညှိများကပ်တွယ်နေကာ ရှုပ်ပွနေ၏။ သူက မြက်ခင်းပြင်တွင်ဝပ်ကာ နေလင်းယုန်၏အမြင်အာရုံမှ ပုန်းကွယ်ရန် ကြိုးစားနေလေသည်။

"ကျုပ် အပြင်ခဏ ထွက်လိုက်ဦးမယ်"

ယဲ့ချန်က ဝိညာဥ်စစ်သည်တော်ကို ရုတ်သိမ်းပြီး ခြင်္သေ့ကြီးကိုနှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။

လက်ရှိတွင် လင်ချိုးသည် အလွန်စိတ်ညစ်နေခဲ့သည်။ လွန်ခဲ့သောရက်များက သူ၏ဘဝတွင် မေ့မရနိုင်သော အတွေ့အကြုံဆိုးများ ဖြစ်ခဲ့သည်။

ပင်လယ်အတွင်း ရေကူးနေသော လင်ချိုးနောက်သို့ ရေဘဝဲခြောက်ကောင် လိုက်ပါလာသည်။ ရေကူးရင်းတိုက်ခိုက်ရခြင်းက သူ၏ခွန်အားများကို ကုန်ခမ်းစေသည်။ သူက ဒဏ်ရာများရရှိခဲ့သော်လည်း ကံကောင်းစွာဖြင့် အသက်ရှင်နိုင်ခဲ့သည်။ ကမ်းမမြင်လမ်းမမြင်ပင်လယ်အတွင်း ကျွန်းတစ်ခုကို တွေ့လိုက်ရသဖြင့် ဝမ်းမြောက်စွာနှင့် အားကုန်ကူးခတ်လိုက်သည်။ ထို့နောက် ကျွန်းအနီးသို့ရောက်သောအခါတွင်မှ နေလင်းယုန်နှင့်တွေ့ခဲ့ရသော ကျွန်းဖြစ်ကြောင်း သိလိုက်ရသည်။ ပင်လယ်သားရဲများကို တိုက်ခိုက်ရန် အမိန့်ပေးသူနှင့် နေလင်းယုန်၏သခင်မှာ တစ်ယောက်တည်းဖြစ်ကြောင်း သူ၏စိတ်ထဲတွင် အလွန်သေချာနေခဲ့သည်။

လင်ချိုးသည် ကျွန်းပေါ်သို့ မတက်လိုသော်လည်း ရေဘဝဲများ၏အန္တရာယ်ကြောင့် ရွေးစရာမရှိချေ။ သူက ကျွန်းပေါ်သို့ရောက်ပြီးနောက် မြက်ခင်းပြင်အတွင်း၌ ပုန်းအောင်းလိုက်သည်။ သူက ရေဘဝဲများ ထွက်ခွာသွားချိန်အထိ ကျွန်းပေါ်တွင် ပုန်းအောင်းပြီးနောက်တွင်မှ ထွက်ပြေးရန် ကြံစည်ထားသည်။ သို့သော် ကံမကောင်းစွာဖြင့် ကျွန်းပေါ်သို့ရောက်ပြီး ခဏအကြာတွင် နေလင်းယုန်က လင်ချိုးကို တွေ့ရှိသွားခဲ့သည်။

နေလင်းယုန်သည် ကျောက်တုံးကြီးတစ်ခုပေါ်တွင်ရပ်၍ သူ့ကို စူးစူးရဲရဲစိုက်ကြည့်နေခဲ့သည်။ ထိုအချိန်တွင် လင်ချိုးအတွက် သားရဲကိုပစ်သတ်ရန် မြင်ကွင်းရှင်းနေသည်။ သို့သော် နေလင်းယုန်၏သခင်ကို ကြောက်သောကြောင့် သူက မလုပ်ရဲချေ။ လင်ချိုး၏အတိတ်မှ လုပ်ရပ်က ညှိုနှိုင်းနိုင်ချေရှိသော်လည်း နေလင်းယုန်ကိုသတ်ပစ်လိုက်လျှင် ထိုအစွမ်းထက်ကောင်းကင်သားရဲကို ရှင်းပြနိုင်မည် မဟုတ်တော့​ပေ။

လင်ချိုးသည် အဆင့်လေးဝိညာဥ်လက်နက်ဖြစ်သော ဓားတစ်လက်ကို ဂရုတစိုက်ထုတ်ယူလိုက်သည်။ နေလင်းယုန်က သူ့ကို တွေ့ရှိသွားပြီဖြစ်ရာ တစ်ဖက်လူက အချိန်မရွေးထွက်ပေါ်လာနိုင်သည်။ သူက တံတွေးတစ်ချက် မျိုချလိုက်မိသည်။ လွန်ခဲ့သောရက်များအတွင်း သူ၏ကောင်းကင်ချီများစွာ ကုန်ခမ်းခဲ့ရသဖြင့် လင်ချိုးမှာ အခြေအနေမကောင်းပေ။ အကယ်၍ သူက အစွမ်းထက်ရန်သူတစ်ယောက်နှင့် ထပ်မံတိုက်ခိုက်လျှင် ရင်ဆိုင်နိုင်မည့် ခွန်အားမျိုးမရှိချေ။ ထို့ကြောင့် သိုလှောင်အိတ်အတွင်းမှ မြေအဆီအနှစ်ဆေးတစ်လုံးကို သောက်သုံးပြီး ပတ်ဝန်းကျင်အား ဂရုတစိုက်စစ်ဆေးနေခဲ့သည်။

သမာဓိကောင်စီတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သောကြောင့် လင်ချိုးတွင် အတွေ့အကြုံများစွာရှိသည်။ ကောင်းကင်သားရဲများက လူသားများထက် ပို၍ရင်ဆိုင်ရခက်ကြောင်း သူ သိထားသည်။ လူသားများက ကျင့်စဥ်နှင့်သိုင်းပညာတွင် ထူးချွန်သော်လည်း သားရဲများက ချုံခိုတိုက်ခိုက်ခြင်းနှင့် လုပ်ကြံခြင်းတွင် ပို၍ထူးချွန်သည်။

ကောင်းကင်ချီလှုပ်ရှားမှုတစ်ခုနှင့်အတူ ယဲ့ချန်သည် နေလင်းယုန်၏ဘေးတွင် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

လင်ချိုး၏စိတ်က ချက်ချင်းလေးလံသွားခဲ့သည်။ ယဲ့ချန် ရုတ်တရက်ပေါ်လာသော အကြောင်းအရင်းကို သူကမသိပေ။ ယဲ့ချန်က ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ဖြစ်နေသော်လည်း မှော်သားရဲများစွာကို အမိန့်ပေးနိုင်သော ကောင်းကင်သားရဲတစ်ကောင်ဖြစ်ကြောင်း လင်ချိုးက ယူဆထားသည်။

လင်ချိုးသည် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိရသော ယဲ့ချန်၏လှည့်ကွက်များကို မသိပေ။ ထို့အပြင် အစွမ်းထက်ပင်လယ်သားရဲများကို အမိန့်ပေးနိုင်သောကြောင့် လင်ချိုး၏စိတ်ထဲတွင် ယဲ့ချန်က အလွန်အစွမ်းထက်နေခဲ့သည်။

ယဲ့ချန်သည် ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်းမှ ထွက်ပြီးနောက် ခရမ်းရောင်မီးတောက်နေသော အကြည့်နှင့် လင်ချိုးကို စိုက်ကြည့်လိုက်သည်။

"ဒီက ကောင်းကင်သားရဲမိတ်ဆွေ ငါက သမာဓိကောင်စီရဲ့ အရာရှိတစ်ယောက်ပါ။ မင်းကို ဘယ်လိုခေါ်ရမလဲ"

လင်ချိုးက အလွန်ကြောက်လန့်နေသဖြင့် နောက်ခံကို ထုတ်ဖော်လိုက်သည်။ အပြင်ကမ္ဘာတွင် သမာဓိကောင်စီ၏ အရာရှိတစ်ယောက်ကို အစွမ်းထက်မျိုးနွယ်ခေါင်းဆောင်များနှင့် ဂိုဏ်းချုပ်များပင် မလေးမစားမလုပ်ရဲချေ။ လက်ရှိအချိန်အထိ သမာဓိကောင်စီ၏အာဏာကို စိန်ခေါ်ရဲသူမရှိဟု ဆိုနိုင်သည်။

စကားပြောပြီးမှ လင်ချိုးသည် သူ့ကိုယ်သူ ပိတ်ရိုက်ချင်စိတ်ပေါက်သွားခဲ့သည်။ ဤကောင်းကင်သားရဲသည် သမာဓိရွှေဓားအလံကို မြင်ခဲ့သော်လည်း ပင်လယ်သားရဲများအား တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။ သူ၏သရုပ်မှန် ထွက်ပေါ်သွားသောအခါ နှုတ်ပိတ်ခံရနိုင်ချေများသည်။

လင်ချိုးက ကြော​က်စိတ်ကြောင့် ထွက်ပြေးရန် လမ်းရှာလိုက်သော်လည်း ကျယ်ပြောလှသောပင်လယ်ကြီးက ကြိုဆိုနေသည်။ ပင်လယ်အတွင်း၌ ယဲ့ချန်၏ပင်လယ်သားရဲများရှိနေသဖြင့် သူက ဘေးကျပ်နံကျပ်ဖြစ်နေခဲ့သည်။ သူက ကောင်းကင်ချီများကိုလည်ပတ်၍ တိုက်ပွဲအတွက် ပြင်ဆင်လိုက်ရ၏။

"သမာဓိကောင်စီ ဟုတ်လား"

ယဲ့ချန်၏မျက်လုံးများတွင် ဒေါသမီးများ တောက်လောင်လာသည်။ ကန့်သတ်ဒေသသည် သမာဓိကောင်စီ၏ပိုင်နက်ဖြစ်ပြီး အမွေးပွလေးနှင့်ရှောင်ရိ အသက်အန္တရာယ်ဖြစ်ခဲ့ရခြင်း၏ တရားခံဖြစ်သည်။

လင်ချိုးသည် ယဲ့ချန်၏ဒေါသကို ရိပ်စားမိသောအခါ ငိုချင်စိတ်ပေါက်သွားခဲ့သည်။ ဤသားရဲက သမာဓိကောင်စီကို ကြောက်လန့်ပုံမရချေ။ သူက ယဲ့ချန်၏စွမ်းအားကို မသိသောအခါ ကြောက်စိတ်များ ကြီးမားစွာဖြစ်ပေါ်လာခဲ့သည်။

"ငါက အရှင်သားရဲကို စော်ကားလိုစိတ်မရှိပါဘူး။ အရှင်ရဲ့နေလင်းယုန်ကို ပစ်ခတ်မိတာက အထက်အရာရှိရဲ့ ဖိအားပေးတာကို မလွန်ဆန်နိုင်လို့ပါ။ အဲ့လူက အကြီးအကဲတစ်ယောက်ရဲ့သားဖြစ်နေတော့ ငါက သူ့အမိန့်ကို နာခံရပါတယ်"

လင်ချိုးက ချီနန်အပေါ်သို့ ချက်ချင်းအပြစ်ပုံချလိုက်လေသည်။

***

All Chapters