← Chapters

ကောင်းကင်သိုင်းချီ

Vol. 20 Ch. 272

ကောင်းကင်သိုင်းချီ

Vol. 20 Ch. 272

"ဒါက ဘာကြီးလဲ"

နတ်ဆိုးအဘိုးအိုသည် ပင်လယ်လိပ်ကြီး၏ အသွင်သဏ္ဍာန်ကို သေချာစွာမြင်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

ပင်လယ်လိပ်ကြီးက မီတာသုံးဆယ်ကျော်ရှည်လျားပြီး အလွန်ကြီးမားသည်။ ၎င်းက အလင်းများဖြင့် ဖွဲ့စည်းထားပုံပေါ်သောကြောင့် သာမန်လိပ်များနှင့် ကွဲပြားခြားနေသည်။ ၎င်းကရုပ်ခန္ဓာမရှိဘဲ ဝိညာဥ်တစ်ကောင်နှင့် တူညီနေသော်လည်း သာမန်ဝိညာဥ်များနှင့်မတူပေ။ ခန္ဓာကိုယ်တစ်ခုလုံး နို့နှစ်ရောင်အဖြူအလင်းများ တောက်ပနေပြီး ပတ်ဝန်းကျင်ကို ထွန်းလင်းစေသည်။ လိပ်ကြီးက စူးရှသောအကြည့်ဖြင့် အစားအစာကို လိုက်လံရှာဖွေနေခဲ့သည်။

ပင်လယ်လိပ်ကြီး ကူးခတ်သွားသော နေရာတိုင်းတွင် ရေများက ပွက်ပွက်ဆူနေကြသည်။ ကြီးကျယ်ခမ်းနားသော အသက်အားတစ်ခုက လိပ်ကြီး၏ကိုယ်အတွင်း လှည့်လည်နေပြီး ရှေးဟောင်းအရှိန်အဝါတစ်ခုကို ဖော်ဆောင်ထားသည်။

"ဒါက ကောင်းကင်သိုင်းချီကွ။ ငါ ဘာလို့ဒီလောက်ကံဆိုးနေရတာလဲ"

နတ်ဆိုး၏မျက်နှာက ရှုံ့မဲ့သွားခဲ့သည်။ သူက မွေးစမှစတင်၍ ယနေ့အချိန်ထိ ကံဆိုးမှုများသာ ကြုံတွေ့ခဲ့ရသည်။ ဘဝတလျှောက်လုံး အမျိုးမျိုးသောကံဆိုးမှုများနှင့် ကြောက်မက်ဖွယ်အဖြစ်များ တွေ့ဆုံခဲ့ရသည်။ သူက ပင်လယ်အတွင်းရှိ ချောက်နက်တစ်ခုအတွင်း ရောက်နေသော်လည်း နှစ်တစ်ထောင်မှ တစ်ခါထွက်ပေါ်လာတတ်သော ကောင်းကင်သိုင်းချီနှင့် တွေ့နေရသောကြောင့် အလွန်ကံဆိုးနေခြင်းပင်။

"ကောင်းကင်သိုင်းချီက ဘာကြီးလဲ"

ရှောင်ရိက စပ်စုလိုက်သည်။ သူက နီးကပ်လာနေသော အန္တရာယ်ကို လုံးဝနားမလည်ချေ။

ဝူစီသည် လက်တံလေးများကို စိုးရိမ်တကြီးယမ်းပြီး ရှောင်ရိကို ဆက်တိုက်သတိပေးနေခဲ့သည်။ သူက ပင်လယ်သားရဲများကို အမိန့်ပေးနိုင်သော်လည်း သန်မာသောခုခံနိုင်စွမ်းနှင့် အဆိပ်မှလွဲလျှင် တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိချေ။ ပင်လယ်လိပ်ကြီး ထွက်ပေါ်လာသောအခါ ဝူစီက ကြောက်စိတ်ကြောင့် တုန်ယင်နေသည်။

"ဝူစီ မင်း ကြောက်နေတာလား။ ဒါဆိုရင် အရင်ဆုံး​ပြေးတော့"

ရှောင်ရိ၏စကားသံက ဝိညာဥ်ပုလဲအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ဝူစီက စကားအဆုံးတွင် လျှပ်ပြက်လိုက်သကဲ့သို့ လျင်မြန်စွာပျောက်ကွယ်သွားသည်။

"ဆရာ ငါ့ကို ကောင်းကင်သိုင်းချီအကြောင်း ရှင်းပြပါဦး"

"ငါ မင်းကို ဒီအကြောင်းပြောပြမယ်။ ရှောင်ရိ ဆရာက ဘဝတလျှောက် ရန်သူတွေကြောင့် ကံဆိုးမှုတွေအများကြီး ကြုံခဲ့ရတယ်။ ဒါပေမယ့် ငါ့ကိုအန္တရာယ်ပေးချင်တဲ့သူတွေ၊ ကံဆိုးမှုတွေကြားကနေ အသက်ရှင်သန်နိုင်ခဲ့တယ်။ ငါက လူတိုင်းထက် ပိုပြီးအသက်ရှည်ရှည်နေနိုင်ခဲ့တဲ့ အကြောင်းအရင်းကို မင်း သိလား"

နတ်ဆိုးအဘိုးအိုက ချဥ်းကပ်လာသော ပင်လယ်လိပ်ကြီးကို သတိထားနေရင်း မေးလိုက်သည်။

"ဘာကြောင့်လဲ"

ရှောင်ရိက မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်၍ မေးလိုက်သည်။

"ငါ မင်းကို ရေခဲငရဲအကြောင်း မသင်ပေးခင် ပိုအရေးကြီးတဲ့ ဘဝသင်ခန်းစာတစ်ခုကို သင်ပေးမယ်။ ဒါက နှစ်ပေါင်းများစွာအတွေ့အကြုံတွေက ရလာတာဖြစ်လို့ မင်းအသက်ကို ကယ်ပေးနိုင်တယ်"

အဘိုးအို၏စကားအဆုံးတွင် ပင်လယ်လိပ်ကြီးက ဝိညာဥ်ပုလဲကို တွေ့မြင်သွားခဲ့သည်။ ထိုအချိန်တွင် ၎င်းက လှစ်ခနဲထွက်ပြေးသွားပြီး အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပျောက်ကွယ်သွားခဲ့သည်။

ဧရာမပင်လယ်လိပ်ကြီးက ဝိညာဥ်ပုလဲကို မြင်ချိန်တွင် ၎င်းက မီတာရာချီအဝေးသို့ ရောက်နေပြီဖြစ်သည်။ ဒေါသမျက်လုံးများနှင့် ပင်လယ်လိပ်ကြီးသည် ခြေလက်များကိုလှုပ်ရှားလိုက်သောအခါ ဝုန်းခနဲမြည်သံနှင့်အတူ အလင်းတန်းပမာ ပြေးထွက်သွားခဲ့သည်။ ၎င်းက ရေထဲတွင် လေဟုန်စီးနေသည့်ပမာ ပျံသန်းနိုင်နေသည်။

ပင်လယ်လိပ်ကြီးက အလွန်မြန်ဆန်သောကြောင့် ခဏအတွင်း ဝိညာဥ်ပုလဲကို လိုက်မီသွားခဲ့သည်။ ၎င်းက ပါးစပ်ကြီးကိုဟ၍ လှမ်းဟပ်လိုက်သည်။

ဤအဖြစ်ကြောင့် ဝိညာဥ်ပုလဲအတွင်းရှိ အဘိုးအိုက ကြောက်လွန်းသဖြင့် တစ်ကိုယ်လုံးရှိအမွေးများ ထောင်ထကုန်သည်။ အကယ်၍ လိပ်ကြီးသာ ဝိညာဥ်ပုလဲကို ဝါးမျိုသွားလျှင် ၎င်းက ကောင်းကင်ချီများကြောင့် ချက်ချင်း အစာချေဖျက်ခံရပေလိမ့်မည်။

ဝိညာဥ်ပုလဲက အောက်သို့စိုက်ဆင်းသွားသဖြင့် ပင်လယ်လိပ်ကြီးက လွဲချော်သွားခဲ့သည်။ ၎င်းကလည်း ခေါင်းမာစွာဖြင့် ဝိညာဥ်ပုလဲနောက်သို့ လိုက်ပါလာ၏။ အဘိုးအိုသည် ဝိညာဥ်ပုလဲ၏ဦးတည်ရာကို ဆက်တိုက်ရွှေ့ပြောင်းနေပြီး အလွန်လျင်မြန်သောလိပ်ကြီးကို ရှောင်တိမ်းနေသည်။

"ဆရာ ခင်ဗျား လုပ်နိုင်တယ်။ မဟုတ်ရင် ငါတို့အစားခံရလိမ့်မယ်။ မြန်မြန်ပြေး"

ရှောင်ရိကလည်း စိတ်ပူနေသဖြင့် အော်ဟစ်အားပေးလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်းပါကွာ"

အဘိုးအို၏ကိုယ်တွင်းမှ အနက်ရောင်စွမ်းအင်များ ထွက်ပေါ်လာပြီး ဝိညာဥ်ပုလဲ၏အရှိန်ကို တင်ပေးလိုက်သည်။

ဝိညာဥ်ပုလဲရော ပင်လယ်လိပ်ကြီးပါ မယုံကြည်နိုင်လောက်သော အမြန်နှုန်းဖြင့် ပြေးလွှားနေကြသည်။

တစ်ချိန်တည်းမှာပင် ကျွန်းပေါ်ရှိယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် ပင်လယ်ရေအောက်သို့ စစ်ဆေးလိုက်သည်။ သို့သော် ပင်လယ်ရေအောက်တွင် ဖြစ်ပျက်သမျှကို ခပ်ဝါးဝါးသာ မြင်တွေ့နေရ၏။ သူ၏မြင်ကွင်းတွင် အဖြူရောင်အလင်းတစ်ခု တောက်ပနေသဖြင့် ပင်လယ်ရေအောက်တွင် နေတစ်စင်းရောက်နေသည့်ပမာ ထင်မှတ်ရလေသည်။

"ဘာတွေဖြစ်နေတာလဲ"

ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ ရှောင်ရိရောဝူစီပါ ပင်လယ်ရေအောက်တွင်ရှိနေသဖြင့် သူက အလွန်စိုးရိမ်သွားခဲ့သည်။

ယဲ့ချန်၏ရှေ့တွင် တည်ငြိမ်နေခဲ့သော ပင်လယ်ရေမျက်နှာပြင်က ချက်ချင်းလှိုင်းထန်လာသည်။ ဆယ်မီတာကျော်မြင့်သော ဧရာမလှိုင်းလုံးကြီးများ ဖြစ်ပေါ်လာကာ တစ်ခုက ကျွန်းထံ ဝင်ဆောင့်လာခဲ့၏။

"ပျက်စီးစမ်း"

ယဲ့ချန်က ဝင်ရောက်လာသော လှိုင်းလုံးကြီးကိုရင်ဆိုင်ရန် ဝိညာဥ်စစ်သည်တော်ကို ထုတ်ဖော်လိုက်၏။ ၎င်းက လေထဲတွင်မတ်တပ်ရပ်ပြီး လှိုင်းလုံးကြီးကို ဓားဖြင့်ခုတ်ချလိုက်သည်။ ၎င်းက ယဲ့ချန်၏ဘေးမှ နှစ်ပိုင်းပြတ်ထွက်သွား၍ ကျွန်းပေါ်သို့ ရိုက်ခတ်သွားပေသည်။

ယဲ့ချန်၏မြင်ကွင်းတွင် ပင်လယ်ရေအောက်မှ ကောင်းကင်ပေါ်သို့ထိုးတက်လာသော အနက်ရောင်အလင်းတစ်ခု ဝင်ရောက်လာခဲ့သည်။ ဤအလင်းက ဝိညာဥ်ပုလဲဖြစ်သည်။

ယဲ့ချန်က အဖြစ်အပျက်ကိုစုံစမ်းရန် ပြင်လိုက်စဥ် ဧရာမအဖြူရောင်လိပ်ကြီးတစ်ကောင်ကလည်း ရေအောက်မှထိုးတက်လာ၍ ဝိညာဥ်ပုလဲနောက်သို့ လိုက်ပါသွားခဲ့သည်။ ပင်လယ်လိပ်ကြီးက ဝိညာဥ်များကဲ့သို့တောက်ပနေပြီး ဝိညာဥ်ပုလဲကို အစာအမှတ်ဖြင့် လိုက်နေခြင်းဖြစ်သည်။

ယဲ့ချန်သည် ဝိညာဥ်ပုလဲကို မီခါနီးဖြစ်နေသော လိပ်ကြီးကိုတားမြစ်ရန် ဝိညာဥ်စစ်သည်တော်ကို စေလွှတ်လိုက်သည်။ ရှောင်ရိက ဝိညာဥ်ပုလဲအတွင်းရှိနေသဖြင့် သူက လိပ်ကြီးကို စားခွင့်ပြုမည်မဟုတ်ပေ။

"ဘုန်း"

ဝိညာဥ်စစ်သည်တော်က ဝင်ရောက်တားမြစ်လိုက်သဖြင့် လိပ်ကြီးက ခဏတာ ရပ်တန့်သွားခဲ့သည်။ ဝိညာဥ်ပုလဲက ၎င်း၏ပါးစပ်ဖျားမှ ပွတ်ကာသီကာ လွတ်မြောက်သွားလေသည်။

"ဒါကအစ်ကိုကြီးဗျ။ ဆရာ အစ်ကိုကြီးက ငါတို့ကိုကယ်ဖို့ ရောက်လာပြီ"

ရှောင်ရိက ပျော်ရွှင်စွာဖြင့် ခုန်ပေါက်နေပြီး ဝိညာဥ်စစ်သည်တော်ကို လက်ညှိုးထိုးပြလိုက်သည်။

"မင်း ဒီလူကို သိတယ်လား"

နတ်ဆိုးအဘိုးအိုက အစွမ်းထက်ပုံရသော ဝိညာဥ်စစ်သည်တော်ကို တစ်ချက်ကြည့်ကာ ပုလဲကို ယဲ့ချန်ထံ ပျံသန်းသွားစေလိုက်သည်။

ပြင်းထန်သော အသက်အားများက ပင်လယ်လိပ်ကြီး၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။ ၎င်းက လေထဲတွင်ပျံသန်းနေသော်လည်း ပင်လယ်အတွင်း ရေကူးနေခြင်းနှင့်မခြားပေ။ ဝိညာဥ်စစ်သည်တော်၏တိုက်ကွက်ကြောင့် ရပ်တန့်သွားရသဖြင့် ဒေါသတကြီးနေဖြစ်သော လိပ်ကြီးက ၎င်းထံ တဟုန်ထိုးဝင်ရောက်လာခဲ့၏။

"မီးဓားသိုင်း မီးနဂါးနေကိုသတ်"

ခရမ်းရောင်မီးတောက်များ စွဲလောင်နေသောဓားကြီးက လိပ်ကြီး၏ကျောပေါ်သို့ ကျရောက်သွားခဲ့သည်။ မီးပွားများက ကောင်းကင်ထက်မှ ကျဆင်းလာသည်။ ယဲ့ချန်၏မီးဓားသိုင်းကြောင့် လိပ်ကြီးမှာ အလွန်ဒေါသထွက်သွားပြီး ပါးစပ်ထဲမှ ရေတန်းကြီးတစ်ခု မှုတ်ထုတ်လိုက်သည်။ လိပ်ကြီး၏အောက်ရှိ ပင်လယ်မှာ ဧရာမလှိုင်းကြီးများဖြစ်ပေါ်လာ၍ ဝိညာဥ်စစ်သည်တော်ထံ တဟုန်ထိုးဝင်ရောက်လာသည်။

"ဘုန်း"

ရေလုံးကြီးက ဝင်ဆောင့်လိုက်သောအခါ ဝိညာဥ်စစ်သည်တော်က မီတာရာချီအဝေးအထိ လွင့်ထွက်သွားခဲ့သည်။ ခရမ်းရောင်မီးတောက်များက ရေချီများနှင့် တွေ့ဆုံသွားသောကြောင့် ရေနွေးငွေ့များစွာ ထွက်ပေါ်လာ၏။

ယဲ့ချန်၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။ သူက ဝိညာဥ်စစ်သည်တော်ကို ချက်ချင်းပြန်ရုတ်သိမ်း၍ ကောင်းကင်ချီများကို လည်ပတ်လိုက်ရသည်။

ပင်လယ်လိပ်ကြီးက အလွန်အစွမ်းထက်ပေသည်။

လိပ်ကြီးသည် ဝိညာဥ်စစ်သည်တော်ကို လွင့်ထွက်သွားစေပြီးနောက် လျစ်လျူရှုလိုက်သည်။ ၎င်း၏အကြည့်က ဝိညာဥ်ပုလဲထံ ကျရောက်နေပြီး တဟုန်ထိုးလိုက်သွားပြန်သည်။

"ခြင်္သေ့ကြီး ဒီလိပ်က ဘာကြီးလဲ"

ယဲ့ချန်သည် ခရမ်းမီးတောက်ကြယ်ခြင်္သေ့ထံ အကျိုးအကြောင်းပြောပြ၍ မေးလိုက်သည်။ လိပ်၏ခန္ဓာကိုယ်က အလင်းဖြင့်ဖွဲ့စည်းထားပြီး ဒြပ်ရှိသော အသွင်မဟုတ်ပေ။ ၎င်းက အစွမ်းထက်လွန်းနေပြီး အမှောင်ဝိညာဥ်များကဲ့သို့ မိစ္ဆာများနှင့်ကွာခြားကာ ပြင်းထန်သောအသက်အားကို ပိုင်ဆိုင်ထား၏။ ပင်လယ်လိပ်ကြီးက လောကစိတ်ဝိညာဥ်သတ္တဝါတစ်မျိုး ဖြစ်နိုင်သည်။

"ငါသာမမှားရင် ဒီလိပ်က ကောင်းကင်သိုင်းချီဖြစ်လိမ့်မယ်"

ခြင်္သေ့ကြီးက ခဏတာစဥ်းစားပြီးနောက် အဖြေပေးလိုက်သည်။

"ကောင်းကင်သိုင်းချီ ဟုတ်လား"

ယဲ့ချန်က စိတ်ရှုပ်သွားခဲ့သည်။ လိပ်ကြီးကို ကောင်းကင်သိုင်းချီဟုခေါ်တွင်သော အကြောင်းအရင်းကို သူ မသိပေ။ ထို့အပြင် ကောင်းကင်သိုင်းချီသည် ကောင်းကင်ချီအမျိုးအစားတစ်ခု ဖြစ်နိုင်မဖြစ်နိုင်ဟု စဥ်းစားစရာ ဖြစ်နေခဲ့သည်။

"လောကမှာ ချီအမျိုးအစား များစွာရှိတယ်။ သူတို့က လောကကောင်းကင်ချီအဆီအနှစ်နဲ့ ပေါင်းစပ်သွားရင် ကိုယ်ပိုင်ပုံစံတွေ ဖြစ်လာတတ်တယ်။ လောကမှာ ကောင်းကင်သိုင်းချီ၊ ကောင်းကင်အဝါရောင်ချီ၊ ရှေးဦးခရမ်းရောင်ချီဆိုပြီး အများကြီးရှိတယ်။ ဒီချီတွေက လောကဝိညာဥ်တွေဖြစ်တယ်။ မင်းရဲ့လက်ရှိအဆင့်နဲ့ ကောင်းကင်သိုင်းချီကို ယှဥ်နိုင်မှာမဟုတ်ဘူး။ မင်းမှာထွက်ပြေးဖို့ အချိန်ရှိသေးရင် မြန်မြန်ပြေးပေတော့"

ခြင်္သေ့ကြီးက ရှင်းပြလိုက်သည်။

"ဒါပေမယ့် လိပ်ကြီးက ဝိညာဥ်ပုလဲကို စားချင်နေတယ်။ ဝိညာဥ်ပုလဲအတွင်းမှာ ရှောင်ရိ ရှိနေတယ်"

ယဲ့ချန်က စောဒကတက်လိုက်သည်။ သူက ရှောင်ရိကိုထားခဲ့ပြီး တစ်ကိုယ်ကောင်းဆန်စွာ ထွက်မ​ပြေးလိုပေ။

"ဒီကောင်းကင်သိုင်းချီက ဝိညာဥ်ပုလဲကိုတင် စားမှာမဟုတ်ဘူး။ ဝိညာဥ်လက်နက်တိုင်းကို စားသောက်လိမ့်မယ်။ ဝိညာဥ်လက်နက်က ဒီကောင်စားတာခံလိုက်ရရင် ကောင်းကင်သိုင်းချီအဖြစ် ပြောင်းလဲခံရလိမ့်မယ်။ တကယ်လို့ ကောင်းကင်ကြယ်တာရာတံဆိပ်ကိုသာ သတိပြုမိသွားရင် ငါတောင် အသက်ရှင်နိုင်မယ်မထင်ဘူး"

ခြင်္သေ့ကြီး၏အသံက လေးလံစွာ ထွက်ပေါ်နေသည်။

"အရင်တစ်ခေါက်က ရှောင်ရိကို ငါ မကယ်တင်နိုင်ခဲ့ဘူး။ ဒီတစ်ခေါက် လုံးဝပစ်မထားနိုင်ခဲ့ဘူး"

ယဲ့ချန်က ဆုံးဖြတ်ချက်ပြတ်သားစွာ ပြောလိုက်သည်။ သူက ရှောင်ရိကို ညီအရင်းတစ်ယောက်ပမာ သတ်မှတ်ထားသည်။ အစ်ကိုတစ်ယောက်အနေဖြင့် ဒုက္ခရောက်နေသော ညီကိုပစ်ထားပြီး ကိုယ်လွတ်မရုန်းနိုင်ချေ။

"ကြည့်ရတာ ငါလည်း မင်းနဲ့ ကံပါလာတယ်ထင်တယ်။ ဘာကြောင့် မင်းရဲ့ကိုယ်ပေါ်မှာ ငါက ချိတ်ပိတ်ခံထားရတာလဲ။ မင်းရှုံးရင် ငါ့အသက်ပါ ပေးရလိမ့်မယ်။ အစွမ်းကုန်ထုတ်သုံးပေတော့"

ခြင်္သေ့ကြီးက ယဲ့ချန်ကို ကန့်ကွက်ရမည့်အစား သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်သည်။

"ခင်ဗျားကိုဆွဲထည့်မိတဲ့အတွက် တောင်းပန်ပါတယ် ခြင်္သေ့ကြီး။ တကယ်လို့ ကျုပ်ရှုံးနိမ့်သွားရင် မသေခင်မှာ ကောင်းကင်ဓားပျံနဲ့ တံဆိပ်ကိုဖျက်ဆီးပေးပါမယ်။ အနည်းဆုံး ခင်ဗျား လွတ်မြောက်နိုင်မှာပါ"

ယဲ့ချန်က ခဏတာတိတ်ဆိတ်သွားပြီးနောက် ကတိပေးလိုက်သည်။ ခြင်္သေ့ကြီးနှင့် ပိုမိုရင်းနှီးလာပြီးနောက် ၎င်းကိုလွှတ်ပေးရန် ပြဿနာမရှိကြောင်း နားလည်လာခဲ့သည်။

"ထားလိုက်ပါကွာ။ ငါက ဒီအထဲမှာ ချုပ်နှောင်ခံထားရတာ နှစ်ပေါင်းထောင်ချီကြာနေပြီ။ တကယ်လို့လွတ်မြောက်သွားရင်တောင် ငါက ဘယ်ကိုသွားရမလဲ မသိဘူး။ နောက်ထပ်ဆယ်နှစ်လောက် ထပ်နေရလည်း ပြဿနာမရှိပါဘူး။ ငါ ဒီနေ့ မင်းကို ကမ်းလှမ်းချက်တစ်ခုပေးမယ်။ မင်းက ဒီနေ့မှာအသက်ဆက်ရှင်ပြီး ငါ တံဆိပ်ထဲကမလွတ်နိုင်ခင်မှာ ငါ့ကိုအနိုင်ယူနိုင်ရင် ကာကွယ်ရေးသားရဲ လုပ်ပေးမယ်။ မင်းက ငါ့ကိုမနိုင်ရင် မင်းကိုနှုတ်ဆက်ပြီး ထွက်သွားရမှာပေါ့ကွာ"

ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်က အချိန်တစ်ခုကြာ တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် ခြင်္သေ့ကြီး၏စကားသံက ညှင်သာစွာ ထွက်ပေါ်လာသည်။

"ကောင်းပြီဗျာ။ ဒါဆိုရင် ခင်ဗျားနဲ့ အလောင်းအစားလုပ်ကြတာပေါ့။ ကျုပ်က ခင်ဗျားကိုအနိုင်ယူဖို့ ဒီနေ့ ကောင်းကင်သိုင်းချီကို ရှုံးလို့မရဘူး။ ကိုင်း ဘယ်သူနိုင်မလဲ ကြည့်ကြသေးတာပေါ့"

ခြင်္သေ့ကြီး၏သဘောထားကြောင့် ယဲ့ချန်က ရုတ်တရက် စိတ်ခွန်အားတက်ကြွလာသည်။

***

All Chapters