← Chapters

စစ်ပွဲစတင်ပြီ

Vol. 21 Ch. 285

စစ်ပွဲစတင်ပြီ

Vol. 21 Ch. 285

ယဲ့ချန်က အချိန်များစွာ မအိပ်စက်ခဲ့ရသောကြောင့် နှစ်ခြိုက်စွာအိပ်မောကျနေသည်။ သူက လှပသော အိပ်မက်လေးအတွင်း အမွေးပွလေးနှင့် တွေ့ဆုံနေခဲ့သည်။ အမွေးပွလေး၏အပြောအရ သူမသည် ဒဏ်ရာရထားသဖြင့် ပုံရိပ်ယောင်ပုလဲအတွင်းကျင့်ကြံကာ ကုသနေကြောင်း သိလိုက်ရသည်။ သူမအနေဖြင့် ဒဏ်ရာများ ပျောက်ကင်းသွားလျှင် ထွက်လာကာ ယဲ့ချန်နှင့် ပြန်ဆုံမည်ဖြစ်သည်။

အမွေးပွလေးက လူအသွင်ပြောင်းထားသဖြင့် နတ်သမီးရှုံးရလောက်အောင် လှပနေခဲ့သည်။ သူမက လှည့်ထွက်မည်ပြုစဥ် ယဲ့ချန်က လျင်မြန်စွာလှမ်းဆွဲလိုက်သည်။

"အမွေးပွလေး မသွားပါနဲ့"

ယဲ့ချန်က ခပ်တိုးတိုးပြောလိုက်သည်။ အမွေးပွလေးက သွယ်လျသော လက်ချောင်းလေးများနှင့် ယဲ့ချန်၏မျက်နှာကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူမက ယဲ့ချန်ရင်ဘတ်ပေါ်သို့ ခေါင်းကလေးကို မှီချလိုက်သည်။

"မရူးမိုက်ပါနဲ့ အစ်ကိုကြီးရယ်။ ငါက ထာဝရထွက်သွားမှာ မဟုတ်ပါဘူးနော်"

ယဲ့ချန်သည် အမွေးလေးပျောက်ကွယ်သွားမည်ကို စိုးရိမ်သဖြင့် တင်းကျပ်စွာ ဖက်ထားလိုက်သည်။ အပျိုစင်မိန်းကလေးတစ်ယောက်၏ ကိုယ်သင်းရနံ့က သူ၏စိတ်အတွင်းထိ ဝင်ရောက်လာခဲ့သည်။ အမွေးပွလေး၏ကျောပြင်ကို ဖက်ထားသော သူ၏လက်မှ နူးညံ့သည့်အထိအတွေ့က ယဲ့ချန်ကို အစစ်အမှန်နှင့်အိပ်မက်ကြား ရောထွေးသွားစေသည်။

ယဲ့ချန်သည် စိတ်၏လှုံ့ဆော်မှုအရ သူ၏လက်များကို အမွေးပွလေး၏ သေးကျဥ်သောခါးထံ ပို့ဆောင်လိုက်သည်။ ထို့နောက် ခါးစည်းကြိုးကို ဖြည်ချလိုက်သောအခါ အဖြူရောင်ဝတ်ရုံလေးက ကြမ်းပြင်တွင် ပုံကျသွားခဲ့သည်။ သူမ၏ ကြီးမားဖွံ့ထွားသော ရင်အစုံထွက်ပေါ်လာသဖြင့် လက်နှင့် ကပျာကယာဖုံးကွယ်လိုက်သော်လည်း အပြည့်အဝမဖုံးနိုင်ခဲ့ချေ။ အမွေးပွလေးမှာ ရှက်လွန်းသဖြင့် ပါးပြင်နှစ်ဖက်တွင် နှင်းဆီရောင်ရှက်သွေးလေးများ သန်းလာခဲ့သည်။

ယဲ့ချန်၏လက်က အမွေးပွလေး၏ရင်သားအစုံပေါ် ကျရောက်သွားကာ ညှင်သာစွာဖိညှစ်လိုက်သည်။ အမွေးပွလေးမှာ ညည်းသံတစ်ချက်နှင့်အတူ ယဲ့ချန်၏ရင်ခွင်အတွင်း ပြိုလဲကျလာသည်။ သူမ၏ခန္ဓာကိုယ်က ငှက်မွေးလေးပမာ ပေါ့ပါးနေခဲ့သည်။

မြေခွေးမျိုးနွယ်၏ မိန်းကလေးများမှာ မွေးရာပါညှို့ငင်အားတစ်ခုကို ပိုင်ဆိုင်ထားသည့်အပြင် သူမတူသော အာရုံခံစားနိုင်စွမ်းလည်း ရှိကြသည်။

ယဲ့ချန်က အမွေးပွလေး၏ နှင်းဆီရောင်နှုတ်ခမ်းကို ငုံ့နမ်းလိုက်ချိန်တွင် ဝမ်းဗိုက်အောက်မှ ရမ္မက်မီးများ တောက်လောင်လာခဲ့သည်။ ချစ်သူနှစ်ဦးအတွင်း ခံစားချက်တစ်ခု ပေါက်ဖွားလာသည်။ ရင်သားများကိုကိုင်တွယ်နေသော ယဲ့ချန်၏လက်က အမွေးပွလေး၏ခါးအောက်ပိုင်းသို့ ညှင်သာစွာ ဆင်းသက်သွားခဲ့၏။

ယဲ့ချန်၏ရမ္မက်စိတ်များက ရေကာတာကျိုးသကဲ့သို့ တဟုန်ထိုးထွက်ပေါ်လာသည်။ သူက အမွေးပွလေးကို ချစ်ရမ္မက်ပြင်းစွာနှင့်နမ်းရှိုက်နေပြီး သူမကလည်း ပြန်လည်တုံ့ပြန်လာခဲ့သည်။ သူမ၏ဖြူဖွေးလှပသော ကျောပြင်တွင် ချွေးသီးအချို့ပင် ထွက်ပေါ်လာခဲ့၏။ ရှက်သွေးဖြာနေသော အမူအရာနှင့် ပြိုင်ဘက်ကင်းအလှတို့ ပေါင်းစပ်လိုက်သောအခါ အမွေးပွလေးကို မည်သည့်အလှပဂေးမှ မယှဥ်နိုင်တော့ပေ။

"အမွေးပွလေး မင်း အရမ်းလှတယ်"

ယဲ့ချန်က အိပ်မက်အတွင်းမှ ရုတ်တရက်လန့်နိုးလာခဲ့သည်။ သူက ချက်ချင်းကုန်းရုန်းထလိုက်ပြီး ပတ်ဝန်းကျင်တွင် အမွေးပွလေးကို လိုက်ရှာမိသည်။

အရာအားလုံးက လှပသောအိပ်မက်တစ်ခု ဖြစ်ပုံရသောကြောင့် ယဲ့ချန်က စိတ်ဓာတ်ကျသွားခဲ့သည်။ သို့သော် သူ၏ရင်ဘတ်ကို စမ်းလိုက်မိသောအခါ ပုံရိပ်ယောင်ပုလဲကို မတွေ့ရသဖြင့် တစ်ခုခုမှားနေကြောင်း ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်တွင် ရှာဖွေလိုက်သောအခါ ၎င်းက သူ၏ခေါင်းအုံးဘေးတွင် တိတ်တဆိတ်တည်ရှိနေခဲ့သည်။ ယဲ့ချန်သည် မအိပ်ခင်က ပုံရိပ်ယောင်ပုလဲကို ရင်ဘတ်အတွင်းရှိအိတ်ကပ်တွင် သေချာပေါက်သိမ်းဆည်းခဲ့ကြောင်း သေချာသည်။ အပြင်သို့ရောက်ရှိနေခြင်းက မူမမှန်ပေ။

"အမွေးပွလေး တကယ်မင်းပဲလား"

ယဲ့ချန်က အိပ်မက်ကို ပြန်လည်တွေးတောနေခဲ့သည်။ အကယ်၍ အိပ်မက်သာဆိုလျှင် ယဲ့ချန်အနေဖြင့် အမွေးပွလေး၏ကိုယ်သင်းနံ့ကိုရနေခြင်း၊ လက်နှစ်ဖက်လုံးတွင် ပူနွေးသောခံစားချက်ကို ရနေခြင်း စသည့်အချက်များ ရှိနေမည်မဟုတ်ပေ။ ယဲ့ချန်က ပုံရိပ်ယောင်ပုလဲကို ကောက်ယူ၍ သေချာစွာသိမ်းဆည်းထားလိုက်သည်။ မြေခွေးမျိုးနွယ်တွင် လူတစ်ယောက်၏အိပ်မက်အတွင်း ဝင်ရောက်နိုင်သော လျှို့ဝှက်နည်းစနစ်များ ရှိနေပုံပေါ်လေသည်။

ဤအိပ်မက်က အလွန်လှပသော အိပ်မက်တစ်ခုဖြစ်ရာ ယဲ့ချန်အနေဖြင့် နောက်ထပ်မိနစ်နှစ်ဆယ်ခန့်ရရန် ဆုတောင်းမိလိုက်သည်။

ယဲ့ချန်က ညှင်သာစွာ ပြုံးလိုက်သည်။ သူ၏စိတ်ထဲတွင် အမွေးပွလေးအသက်ရှင်နေသည်ဟူသော အချက်က ပို၍သေချာလာခဲ့သည်။ သူမက ပုံရိပ်ယောင်ပုလဲအတွင်း နေထိုင်နေသောကြောင့် ယဲ့ချန်က စိုးရိမ်စိတ်များ လွင့်ပါးပျောက်ကွယ်သွားခဲ့ပြီး စိတ်အေးသွားပေသည်။

ယဲ့ချန်က သူ၏ရင်ဘတ်အတွင်းရှိနေသော ပုံရိပ်ယောင်ပုလဲကို ကိုင်လိုက်မိချိန်တွင် အမွေးပွလေးအနားမှာရှိနေသည်ဟု ခံစားလိုက်ရသဖြင့် ကျေနပ်စွာပြုံးလိုက်မိသည်။

"အမွေးပွလေး မင်း ငါ့ကို အချိန်ကောင်းလေးရစေခဲ့တာပဲ"

ယဲ့ချန်က ခပ်တိုးတိုးရေရွတ်၍ ပြတင်းပေါက်ဖွင့်ပြီး အပြင်သို့ လှမ်းကြည့်လိုက်၏။ ပြတင်းပေါက်အပြင်ရှိ မြင်ကွင်းတွင် မီးရောင်များ ခပ်ဖျော့ဖျော့လင်းလက်နေသည်။ မီတာလေးငါးထောင်အကွာရှိ အဆောက်အအုံများကို မီးများစွဲလောင်နေသည်။

"တောင်ဝင်နန်းတော် မီးလောင်နေတာလား"

ယဲ့ချန်က စိတ်ရှုပ်ထွေးသွားသည်။ နန်းဆောင်များကို သစ်သားဖြင့်ဆောက်လုပ်ထားခြင်းဖြစ်၍ မတော်တဆမီးလောင်နေခြင်း ဖြစ်နိုင်သည်။ ယဲ့ချန်က အိပ်ရာမှထ၍ မီးငြှိမ်းသတ်ပေးရန် ကူညီမည်ပြုစဥ် ဓားချင်းခုတ်သံများက နားအတွင်း ဝင်ရောက်လာကြသည်။ ယဲ့ချန်မှာ အိပ်ချင်စိတ်များပျောက်ကွယ်သွားပြီး အိပ်ရာအတွင်းမှ ချက်ချင်းခုန်ထလိုက်သည်။

"ဒါက မတော်တဆမဟုတ်ဘူး။ တိုက်ခိုက်ခံနေရတာ။ နန်မန်တိုင်းပြည်ကကောင်တွေ တော်ဝင်နန်းတော်ကို ကျူးကျော်လာပြီလား"

ယဲ့ချန်က အခန်းအပြင်သို့ လျင်မြန်စွာထွက်လိုက်သည်။ သူ၏ဘေးအခန်းတွင်ရှိနေသော ရှောင်ရိကလည်း ဝူစီကိုပိုက်ပြီး ထွက်လာခဲ့သည်။ သူက မျက်လုံးကို လက်ဖြင့်ပွတ်သပ်၍ အိပ်ချင်စိတ်ပြေအောင် လုပ်နေပုံပေါ်သည်။

"အစ်ကိုကြီး ဘာတွေဖြစ်နေတာလဲ။ ဘာလို့ဒီလောက်ဆူညံနေတာလဲ"

သူက ယဲ့ချန်ကိုမော့ကြည့်၍ မေးလိုက်သည်။

"ရှောင်ရိ နန်မန်တိုင်းပြည်ကရန်သူတွေ ရောက်လာကြပြီထင်တယ်။ သွားကြစို့"

စကားအဆုံးတွင် ယဲ့ချန်က မီးလောင်နေသော အရပ်မျက်နှာထံ ဦးတည်ပျံသန်းလိုက်သည်။ သို့သော် မီတာရာချီခန့်သွားပြီးနောက် အတွေးတစ်ခုပေါ်လာသဖြင့် လေထဲတွင် သူက တန့်သွားရသည်။ နန်မန်တိုင်းပြည်၏အဓိကပစ်မှတ်မှာ ရှီဝူအင်ပါယာ၏ဧကရာဇ် မင်ဝူဖြစ်ပြီး မင်ဝူက လက်ရှိတွင် တော်ဝင်စာကြည့်ခန်းအတွင်း ရှိနေပေလိမ့်မည်။ ဤမီးက လမ်းလွှဲခြင်းဖြစ်သောကြောင့် ယဲ့ချန်က စာကြည့်ခန်းထံ ချက်ချင်းဦးတည်ချက်ပြောင်းလိုက်သည်။

စာကြည့်ခန်းသို့ သွားရာလမ်းတလျှောက်တွင် ဖရိုဖရဲဖြစ်နေခဲ့သည်။ သံချင်းထိခတ်သံများက ပတ်ဝန်းကျင်တစ်ခွင်လုံးသို့ တချွင်ချွင်မြည်သံများ ထွက်ပေါ်နေသည်။ မြေပြင်တွင် အလောင်းများပြည့်နှက်နေပြီး နန်မန်တိုင်းပြည်၏စစ်သည်တော်များက စာကြည့်ခန်းထံ သွေးလမ်းခင်းချီတက်နေကြသည်။ အချို့ပုံရိပ်များက ရင်ဘတ်တွင် မီးတောက်တစ်ခုပုံ ရေးထွင်းထားသော ဝတ်ရုံများကို ဝတ်ဆင်ထားသည်။ သူတို့က မင်ဝူရှိသောနေရာထံ လျင်မြန်စွာနီးကပ်လာနေသည်။

"ဒါက ရှီဝူအင်ပါယာရဲ့ဧကရာဇ်လား။ နိမ့်ကျတဲ့ ကောင်းကင်ဝိဇ္ဇာလေးတစ်ယောက်ကိုသတ်ရမှာ ပျင်းဖို့ကောင်းလွန်းတယ်။ ငါက အစွမ်းထက်ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ရမယ်လို့ ထင်နေတာ"

သက်လတ်ပိုင်းအရွယ် လူသန်ကြီးတစ်ယောက်က ပြောလိုက်ခြင်းဖြစ်သည်။ သူ၏ဆံပင်များက အနီရောင်ဖြစ်၍ ထူထဲသောမျက်ခုံးမွေးများ ပိုင်ဆိုင်ထား၏။ သူ၏မျက်လုံးများက စိမ်းပြာရောင်တောက်နေသ​ဖြင့် သန္ဓေပြောင်းလူသားတစ်ယောက် ဖြစ်သည်။ သူက ဓားပြား ကြီးတစ်လက်ကို ကိုင်ဆောင်ထားပြီး မိစ္ဆာတစ်ကောင်နှင့် အသွင်ချင်းဆင်တူနေသည်။

"ကြည့်ရတာ ရှီဝူအင်ပါယာမှာ အစွမ်းထက်တဲ့လူမရှိလောက်ဘူး။ ဒီကောင့်ကိုသတ်ပြီးရင် ဂိုဏ်းကို ပြန်ကြတာပေါ့"

နောက်ထပ်လူသန်ကြီးတစ်ယောက်က ပြောလိုက်သည်။ သူက ပထမလူသန်ကြီးနှင့် ရုပ်သွင်ချင်းထပ်တူကျနေပြီး ဧရာမဓားကြီးတစ်လက်ကိုလည်း ကိုင်ဆောင်ထားသည်။ သူတို့၏အသွင်က သာမန်လူများကို ရှိသမျှအမွေးများ ထောင်သွားသည်အထိ ကြောက်လန့်သွားစေနိုင်သည်။

ဤလူနှစ်ယောက်က မီးနတ်ဘုရားဂိုဏ်းမှဖြစ်သည်။ ဓားပြားကြီးကို ကိုင်ဆောင်ထားသူ၏အမည်က ရှဲ့တောက်ဖြစ်၍ နောက်ထပ်တစ်ယောက်၏အမည်က ရှဲ့ကျန်ဖြစ်သည်။ သူတို့နှစ်ယောက်က နန်မန်တိုင်းပြည်၏ဂိုဏ်းခွဲသို့ စေလွှတ်ခံရသူများဖြစ်သည်။ ထို့ပါဟုန်ယဲ့၏ ဖိတ်ကြားချက်အရ ရှီဝူအင်ပါယာကို သိမ်းပိုက်ရာတွင် ကူညီရန်ရောက်ရှိလာခြင်း ဖြစ်လေသည်။

"အကြီးအကဲတို့ မုတ်ဆိတ်ဖြူနဲ့အဘိုးကြီးက ဆေးဆရာရွှမ်းယီလို့ ခေါ်ပါတယ်။ သူ့ကို အရှင်က အသက်ရှင်လျက်လိုချင်ပါတယ်တဲ့။ ရွှမ်းယီကလွဲရင် လူတိုင်းကို သတ်နိုင်ပါတယ်"

နန်မန်တိုင်းပြည်၏သံချပ်ကာကို ဝတ်ဆင်ထားသော မြေဝိဇ္ဇာတစ်ယောက်က မီးနတ်ဘုရားဂိုဏ်းသားနှစ်ယောက်ကို ရိုသေစွာတင်လျှောက်လိုက်သည်။

"ဘန်း"

ရှဲ့တောက်က မျက်မှောင်ကြုတ်၍ ဓားဖြင့် ခုတ်ချလိုက်သည်။ ထို့နောက် နန်မန်တိုင်းပြည်၏မြေဝိဇ္ဇာမှာ အလယ်မှ နှစ်ခြမ်းပိုင်းခံလိုက်ရပြီး လွင့်ထွက်သွားလေသည်။

"မင်းတို့အရှင်ပြောတာက ငါနဲ့ဘာဆိုင်လဲ။ ငါ့တာဝန်က မင်ဝူကို သတ်ဖို့ဖြစ်တယ်။ ကျန်တဲ့အသေးစိတ်တွေကို ဂရုစိုက်မနေနိုင်ဘူး"

ရှဲ့တောက်၏ စိမ်းပြာရောင်မျက်လုံးများက နန်မန်တိုင်းပြည်၏စစ်သည်တော်အုပ်စုထံ ဝေ့ကြည့်လိုက်သည်။ နန်မန်စစ်သည်များမှာ ကြောက်စိတ်ကြောင့် အေးခဲသွားကြသည်။ ရှဲ့တောက်နှင့်ရှဲ့ကျန်တို့ ဒေါသထွက်လာလျှင် သူတို့အားလုံး သေဆုံးနိုင်သောကြောင့် သွားမရှုပ်သည်က အကောင်းဆုံးဖြစ်ပေလိမ့်မည်။

"အစ်ကို ဒီအဘိုးကြီးက ဒဏ္ဍာရီလာဆေးဆရာ ရွှမ်းယီဖြစ်နိုင်တယ်။ သူက နိမ့်ကျတဲ့တိုင်းပြည်လေးမှာ လာနေထိုင်ပေမယ့် ဆေးပညာမှာ ပြိုင်ဘက်ကင်းတယ်။ တကယ်လို့ ငါတို့သာ သူ့ကို ဂိုဏ်းဆီဖမ်းခေါ်သွားနိုင်ရင် ကောင်းကောင်းဆုချခံရနိုင်တယ်"

ရှဲ့ကျန်က အေးစက်စက်ပြုံး၍ အကြံပေးလိုက်သည်။ သူ့အနေဖြင့် မဟာအရှေ့ပိုင်းတိုက်ကြီး၏ ထိပ်တန်းဆေးဆရာဆယ်ယောက်အနက်မှ တစ်ယောက်ကို လာတွေ့ရမည်ဟု ထင်မထားခဲ့ပေ။ သူက ရွှမ်းယီကို မိန်းမလှလေးအား တွေ့လိုက်သော တဏှာရူးတစ်ကောင်ပမာ စိုက်ကြည့်နေခဲ့သည်။

ရှဲ့ကျန်နှင့်ရှဲ့တောက်က သူ့ကို သက်မဲ့ပစ္စည်းပမာ ဖမ်းဆီးရန်တိုင်ပင်နေကြသဖြင့် ရွှမ်းယီမှာ ဒေါသထွက်သွားခဲ့သည်။ သူက ဒေါသထွက်လွန်းသဖြင့် မုတ်ဆိတ်ဖြူကြီးပင် ယမ်းခါနေသည်။ ဆရာသခင်အဆင့် ဆေးဆရာဟူသော အဆင့်အတန်းအရ ရွှမ်းယီသည် အစွမ်းထက်ကျင့်ကြံသူများစွာကိုရင်းနှီးပြီး ဆန်းကျယ်ဝိဇ္ဇာအသိများပင် မရှားချေ။ အကယ်၍ ထိုလူများအတွင်းမှ တစ်ယောက်သာရှိလျှင် ရွှမ်းယီအနေဖြင့် ရှဲ့ကျန်နှင့်ရှဲ့တောက်ကိုကြောက်နေရန် မလိုချေ။ သို့သော်လည်း အများစုက အလယ်အင်ပါယာတွင် ရှိနေသောကြောင့် ဤလူနှစ်ယောက်ကိုဖြေရှင်းရန် နည်းလမ်းမရှိချေ။

မင်ဝူသည် နန်မန်တိုင်းပြည်ရောက်လာမည်ကို ကြိုတင်မှန်းဆထားသဖြင့် နန်းတော်အတွင်း ထောင်ချောက်များ ခင်းကျင်းထားခဲ့သည်။ ဤထောင်ချောက်များက ကောင်းကင်ဝိဇ္ဇာအချို့ကိုပင် အနိုင်ယူနိုင်သော်လည်း ထို့ပါဟုန်ယဲ့က ဆန်းကျယ်ဝိဇ္ဇာနှစ်ယောက်ကို ဖိတ်ခေါ်နိုင်ခဲ့သည်။ နန်မန်တိုင်းပြည်၏ မြေဝိဇ္ဇာအချို့သာ ထောင်ချောက်များကြောင့် သေဆုံးသွားရပြီး ၎င်းတို့က ဖျက်ဆီးခံလိုက်ရပေသည်။

ရှဲ့တောက်နှင့်ရှဲ့ကျန်မှာ နှစ်ယောက်လုံးက ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့် ဖြစ်ကြသည်။ သူတို့၏ဝတ်စုံများကြောင့် မီးနတ်ဘုရားဂိုဏ်းမှဖြစ်ကြောင်း သိသာထင်ရှားနေခဲ့သည်။ ထို့ပါဟုန်ယဲ့သည် မီးနတ်ဘုရားဂိုဏ်းမှ စစ်ကူတောင်းခံနိုင်ခဲ့လေသည်။

"ဒါက ရှီဝူအင်ပါယာရဲ့ အဆုံးသတ်လား"

ဧကရာဇ်မင်ဝူသည် အဆိုးဆုံးအခြေအနေကို မျှော်လင့်ထားသော်လည်း စိတ်ဓာတ်ကျသွားခဲ့သည်။ သူမျှော်လင့်နိုင်သည့် တစ်ခုတည်းသော မျှော်လင့်ချက်က ရှီဝူအင်ပါယာအပြင်သို့ပို့ဆောင်လိုက်သော လူငယ်များက တော်ဝင်မျိုးနွယ်၏မျိုးဆက်သွေးကို ပြန်လည်ထူထောင်နိုင်ရန်ဖြစ်၏။

သေရန်အသင့်ပြင်ထားသော မင်ဝူက သက်ပြင်းတစ်ချက်ချလိုက်သည်။ ထိုအချိန်တွင် သူ၏အစစ်အမှန်သိုင်းလမ်းစဥ်၌ ဉာဏ်အလင်းပွင့်မှုတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာသည်။

လောကတွင် ဝမ်းနည်းစရာအကောင်းဆုံးမှာ မိမိကိုယ်တိုင်ပြုစုယုယလာသော အရာတစ်ခုကို အခြားသူများ လုယူသွားခြင်းဖြစ်သည်။ မင်ဝူသည် ရှီဝူအင်ပါယာကို နှစ်ပေါင်းများစွာအုပ်ချုပ်၍ ငြိမ်းချမ်းစေခဲ့သည်။ တိုင်းပြည်၏အရေးကို ရှေးရှူလွန်း၍ အညှာအတာကင်းမဲ့ရက်စက်သူဟူသော အမည်ကိုပင်ရခဲ့သည်။

မင်ဝူ၏အတွေးတွင် သေဆုံးချိန်၌ပင် မင်းနေပြည်တော်သို့ မျက်လုံးဖွင့်ကြည့်နေခဲ့သော ယင်းမုန့်ထန်း၏ပုံရိပ် ဝင်ရောက်လာခဲ့သည်။ ဤကား ယင်းတော်ဝင်မျိုးနွယ်၏ သတ္တိစိတ်အစစ်အမှန် ဖြစ်ပေသည်။

"ငါက ဦးရီးတော်ယင်းလိုမျိုး သေမယ်။ ငါသေသွားရင်တောင် သာမန်လူတွေလှောင်ပြောင်တာ မခံနိုင်ဘူး။ ငါ့ကို ပုံပြင်တွေမှာ မင်းကောင်းမင်းမြတ်အဖြစ် မဖော်ပြရင်တောင် ငါ မင်ဝူ ရှီဝူအင်ပါယာအတွက် အသက်စွန့်ရတာ နောင်တမရဘူး"

မင်ဝူ၏မျက်လုံးများက ငွေရောင် ဖြတ်ခနဲလက်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်တွင်းမှ စွမ်းအင်နှင့်အရှိန်အဝါများ ဝုန်းခနဲထိုးတက်သွားခဲ့သည်။ ကပ်ဘေးကျရောက်လာချိန်တွင် နှစ်ပေါင်းများစွာပိတ်ဆို့နေခဲ့သော ကျင့်ကြံဆင့်အတားအဆီးက ပျက်စီးသွားကာ မင်ဝူသည် ဆန်းကျယ်ဝိဇ္ဇာအဆင့်သို့ ရောက်ရှိသွား၏။ အစွမ်းထက်ကောင်းကင်ချီလှိုင်းများက မင်ဝူ၏ကိုယ်ကို ဗဟိုပြု ပြန့်ထွက်လာခဲ့ပေသည်။

"ဟမ်"

ရှဲ့တောက်က တစ်ခုခုကို အာရုံခံမိဟန်ဖြင့် ရွှေရောင်သံချပ်ကာကို ဝတ်စုံပြည့်ဝတ်ဆင်ထားသော မင်ဝူထံ အကြည့်ရောက်လာခဲ့သည်။

"ဒီလိုအချိန်မှာ မင်းက အဆင့်တက်သွားနိုင်တယ်ပေါ့။ ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့် ကိစ္စတွေက ပိုပြီးစိတ်ဝင်စားစရာကောင်းလာပြီ"

ရှဲ့တောက်က ပြောပြောဆိုဆိုနှင့် ဓားပြားကြီးကို တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။ ထို့နောက် သူက ကြမ်းပြင်ကို ခြေတစ်ဖက်ဆောင့်၍ ခုန်ထွက်လိုက်သောအခါ ဘန်းခနဲမြည်ဟီးသွားခဲ့သည်။ သူ၏ခြေထောက်ဆောင့်ချက်ကြောင့် ထိုနေရာတွင် ခြေရာနက်နက်တစ်ခု ထင်သွားသည်။ သူက ဓားပြားကိုမြှောက်၍ မင်ဝူအား ခပ်ကြမ်းကြမ်းခုတ်ချလိုက်သည်။

"တော်ဝင်ဓားသိုင်း စစ်တပ်ဖြိုခွဲ"

မင်ဝူကလည်း သူ၏ဓားရှည်ဖြင့် ပြန်လည်ရင်ဆိုင်လိုက်သည်။

ဓားပြားကြီးတွင် အနက်ရောင်မီးများစွဲလောင်နေသကဲ့သို့ ရွှေရောင်ကောင်းကင်ချီများကလည်း စစ်မြင်းကြီးများပမာ ထွက်ပေါ်နေသည်။ ဆန်းကျယ်ဝိဇ္ဇာနှစ်ယောက်၏ ထိပ်တိုက်ရင်ဆိုင်ခြင်းမှ ထွက်ပေါ်လာသော တန်ပြန်အားက ပတ်ဝန်းကျင်ရှိလူတိုင်းကို နောက်တစ်လှမ်းဆုတ်သွားစေသည်။ ထိုနေရာတွင်ရှိနေသော မြေဝိဇ္ဇာများအပြင် နင်ချင်းယွင်တို့ကဲ့သို့ အစွမ်းထက်ကျင့်ကြံသူများပင် ကောင်းကင်ချီများနှင့်ထိခိုက်မည်ကို စိုးရိမ်သောကြောင့် နောက်ဆုတ်သွားကြလေသည်။

***

All Chapters