← Chapters

အဝေးက မိတ်ဆွေ

Vol. 29 Ch. 403

အဝေးက မိတ်ဆွေ

Vol. 29 Ch. 403

“ရှင်းအန်း” ချင်မူက စဉ်းစားနေသောအမူအရာဖြင့် လူငယ်ကို ကြည့်နေပြီးနောက် လင်ယွိရှို့တို့အား မေးလိုက်သည်။ “ရှင်းအန်းဆိုတဲ့ နာမည် ကြားဖူးလား”

မိန်းကလေးများ ခေါင်းခါကာ ပြန်ဖြေကြသည်။ “မကြားဖူးဘူး။ ရှင်းဆိုတဲ့ မျိုးရိုးကလည်း ရှားတယ်မဟုတ်လား”

“နွားကျောင်းသား၊ သူ ဘယ်နတ်ဆေးသမားတော်ချင်ကို ရှာနေလဲ မေးကြည့်ပါ့လား။ ကျွန်မတို့ သိရင်သိမှာပေါ့” စစ်ယွင်ရှန်းက ပြောလိုက်သည်။

ချင်မူ ခေါင်းညိတ်၍ ရှင်းအန်ကို ပြောလိုက်သည်။ “ကျွန်‌တော့်ညီမလေးက ‌နောင်တော် ဘယ်နတ်ဆေးသမားတော်ချင်ကို ရှာနေတာလဲတဲ့”

ရှင်းအန်းက ပြုံးလိုက်ပြီး ပြော၏။ “သူက အတော်လေး နာမည်ကြီးပါတယ်။ နန်းစိုက်မြို့တော်မှာဆို အကျော်ကြားဆုံး လူငယ်သမားတော်ပဲ။ သူ့နာမည်က ချင်မူတဲ့။ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်လည်း ဟုတ်ပေမယ့် နတ်ဆေးသမားတော်ချင်လို့လည်း ထင်ရှားတယ်”

“ငါ့ဆေးပညာကလည်း သာမန်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုကိုယ် နှစ်ပေါင်းများစွာ ကုသနေခဲ့ပေမယ့် တစ်ခုခုလွဲနေသလို အမြဲ ခံစားနေလို့ပါ။ ကုလေလေ၊ လွဲလေလေ ဖြစ်နေသလိုပဲ။ အဲဒီ‌နောက်ပိုင်း ခန္ဓာကိုယ်အစိတ်အပိုင်းတွေက တစ်ခုကိုတစ်ခု ဆန့်ကျင်စပြုလာတယ်။ အချင်းချင်း ဆက်ထားဖို့ ခက်လာတယ်။ ကံကောင်းပြီး တလောကပဲ ငါ့ရဲ့ မိတ်ဆွေဟောင်းကြီးဖြစ်တဲ့ လိုလန်ရွှေနန်းတော် ဆရာသခင်နဲ့ တွေ့ခဲ့တယ်လေ။ သူက နတ်ဆေးသမားတော်ရဲ့ ဆေးပညာက အဆင့်မြင့်တယ် သွားရှာကြည့်ပါလားဆိုလို့ ထွက်လာတာ”

ချင်မူ စိတ်တိုသွားသည်။ “လာပြန်ပြီ ခွေးသူတောင်းစား ပန်ကုန်းစုန်လက်ချက်ပဲ။ သူ ငါ့ကို ဒုက္ခပေးတာများနေပြီ။ ဧကရာဇ်အတိုင်ပင်ခံ လိုလန်ရွှေနန်းတော်ကို သိမ်းတုန်းက သူ့ မသတ်လိုက်ဘူးလား။ လွတ်သွားတာများလား”

“‌‌‌ဪ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကိုး” ချင်မူ သဘောပေါက်သွားသံဖြင့် ပြောလိုက်သည်။ “သူ့နာမည်ကို ကြားဖူးပါတယ်။ သူက တော်တော်လေး ထူးချွန်တဲ့လူလေ”

ရှင်းအန်းက ပြုံးနေသည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို ကူညီပြီး လေသင်္ဘော၊ စစ်သင်္ဘောတွေ တည်ဆောက်ပေးလိုက်လို့ မြက်ခင်းလွင်ပြင်ကို တစ်ခါတည်း သိမ်းပြီး ခန်တွေကို နှိမ်နင်းနိုင်ခဲ့တယ်လို့ ကြားလိုက်ရပါတယ်။ ဧကရာဇ်ယန်ဖုန်းအတွက်တောင် ကောင်းကင်အမြှောက်တစ်လက် သွန်းလုပ်ပေးပြီး အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားကို ပစ်ချနိုင်ခဲ့သေးတယ်မဟုတ်လား။ အမှန်တကယ် အံ့ဩစရာကောင်းလှပါတယ်။ သူ့ကို တွေ့ရမှာ အန္တရာယ်များပေမယ့် ကျောက်စိမ်းမျက်နှာဘုရင်က သူ့ထက် ပိုအန္တရာယ်များလို့ သူနဲ့ တွေ့ရုံအပြင် ရွေးချယ်စရာမရှိပါဘူး”

အတန်ကြာသော် သူက ဆက်ပြောလိုက်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ရဲ့ သိုင်းအဆင့်က အရပ်ခြောက်မျက်နှာအဆင့်ပဲ ရှိသေးတာဆိုတော့ ထိန်းချုပ်ရလွယ်ပါတယ်။ ဒါပေမဲ့ ကျောက်စိမ်းမျက်နှာဘုရင်က ရက်စက်တယ်။ ထိန်းချုပ်ရလည်း အင်မတန် ခက်တယ်။ ဟုတ်သားက မင်းနာမည်က နွားကျောင်းသားလား”

ချင်မူ တမုဟုတ်ချင်း ပြုံးလိုက်ပြီး ပြောလိုက်၏။ “မဟုတ်ပါဘူး။ ကျွန်တော်က နွားကျောင်းတဲ့လူလေ၊ အဲ့ဒါကြောင့် ကျွန်တော့်အစ်မတွေ၊ ညီမတွေက နွားကျောင်းသားလို့ ခေါ်ကြတာ”

“အဲဒီလိုကိုး” ရှင်းအန်းက ဘေးဘီဝဲယာကို ကြည့်ကာ ပြောလိုက်သည်။ “နတ်ဘုရား အသတ်ခံလိုက်ရတဲ့ တိုက်ပွဲတုန်းက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ဒီနေရာမှာ ပေါ်လာတယ်ဆိုလို့ ငါလည်း သူ့ကို လာရှာတာ။ မင်းရဲ့ သစ်သီးတွေကို စားလိုက်တာဆိုတော့ ပြန်မပေးဘဲ မပြန်နိုင်ပါဘူး။ နိုးထ”

သူ လက်ညှိုးထိုးလိုက်သည့်အခါ စောစောက မြေကြီးထဲ၌ မြုပ်ထားသော သစ်သီးအစေ့က လျင်မြန်စွာ ကြီးထွားလာကာ သစ်သီးများ ဝေဆာနေသည့် သစ်ပင်ကြီးတစ်ပင် ဖြစ်လာသည်။

“ဖန်ဆင်းပညာ” စစ်ယွင်ရှန်း လွှတ်ခနဲ ပြောလိုက်မိသည်။

ရှင်းအန်းက သူမကို တစ်ချက်လှမ်းကြည့်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ သစ်သီးအားလုံး မြေကြီးပေါ် ကြွေကျကာ လိမ့်ဆင်းသွားကြသည်။ ထို့နောက် အမြစ်များ ပေါက်လာကြပြီး မကြာခင် တောင်တစ်တောင်လုံး သစ်သီးပင်များ ဖုံးလွှမ်းသွား၏။ ပန်းများ ပွင့်လာပြီး ညှိုးနွမ်းသွားသည်။ အစိမ်းရောင်သစ်သီးများ လျင်မြန်စွာ သီးလာပြီး ရင့်မှည့်လာကြသည်။

“စားကြည့်ပါလား အရသာတူရဲ့လား သိရအောင်” ရှင်းအန်းက ပြုံးလိုက်သည်။

ယန်ကျင့်ကျင့် သစ်သီးတစ်လုံး ခူး၍ စားကြည့်တော့မည့်အချိန် ချင်မူက ခေါင်းယမ်းလိုက်သည်။ “မိန်းကလေးကျင့်၊ မခူးနဲ့။ စားလို့ကောင်းမှာ မဟုတ်ဘူး”

ယန်ကျင့်ကျင့်က သစ်သီးကို လွှတ်လိုက်ပြီး သေသေချာချာ ကြည့်လိုက်သော်လည်း သစ်သီးက သူတို့ ခူးထားသည့် သစ်သီးများနှင့် အတူတူပင်။ ထူးထူးခြားခြားမရှိပေ။

“နွားကျောင်းသားက သာမန်မဟုတ်ဘူးပဲ။ ထိုးဖောက်မြင်နိုင်တယ်” ရှင်းအန်းက ပြုံးရယ်လျက် ပြောလိုက်သည်။ “ဖန်ဆင်းပညာက သစ်ပင်ရဲ့ ကြီးထွားနှုန်းနဲ့ အရသာကို ပြောင်းလဲပေးနိုင်တယ်။ အဆိပ်ပင် ဖြစ်လာအောင် ဖန်ဆင်းနိုင်တဲ့အပြင် ဗီဇအမျိုးအစားကိုလည်း ပြောင်းပစ်နိုင်တယ်။ သစ်ပင်နဲ့ တခြားသူတွေကို ထိန်းချုပ်လို့တောင် ရနိုင်တယ်”

သူ အနီရောင်သစ်သီးတစ်လုံးကို လှမ်းခူးလိုက်သည့်အခါ သစ်သီး၏ခန္ဓာကိုယ်က အနီရောင်မြွေသေးသေးလေးတစ်ကောင် ဖြစ်လာကာ သူ၏လက်ကောက်ဝတ်အား ရစ်ပတ်သွားသည်။ မြွေ၏ ခေါင်းက သူ့လက်ဝါးကို အုပ်မိုးလျက် ရှိပြီး မြွေက သူတို့ဘက် လှည့်၍ လျှာနှစ်ခွထုတ်ကာ ရွှီးခနဲ တွန်သံပြုသည်။

အကုန်လုံး တအံ့တဩ ထခုန်မိလိုက်ကြသည်။ ထိုအချိန်တွင် တရွှီးရွှီး မြွေတွန်သံများ ထွက်လာသည်။ သစ်သီးပင်များအပေါ်မှ သစ်သီးများက တောင်ကို ဝိုင်းထား၏။ သူတို့က ကိုယ်ကို ဆန့်၍ မြွေနီသေးသေးလေးများအသွင် ပြောင်းကာ သစ်ပင်များမှ တွဲလောင်းကျနေကြသည်။

“ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဖန်ဆင်းပညာက မဆိုးဘူးမလား” ရှင်းအန်း ပြုံးလိုက်ပြီး ပြောလိုက်သည်။ “ဒါကို လိုလန်ရွှေနန်းတော်ရဲ့ မှော်ဆရာသခင်ဆီက သင်လာတာလေ။ မှော်ဆရာသခင်ကိုယ်တိုင်တောင်မှ ဖန်ဆင်းပညာရဲ့ အနှစ်သာရကို မတွေးနိုင်ခဲ့လို့ ငါ စိတ်ပျက်မိခဲ့သေးတယ်။ ဒါပေမဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းကတော့ ပိုလို့တောင် စိတ်ပျက်စရာကောင်းတယ်။ တစ်ယောက်မှ ဒီကျင့်စဉ်ရဲ့ ဆန်းကြယ်နက်နဲတဲ့ သဘောတရားတွေကို မစဉ်းစားတတ်ကြဘူး။ ဒါပေမဲ့ ဒီမိန်းကလေးတော့ မဆိုးဘူး။ ကျင့်စဉ်ကို တန်းသိတယ်။ ဂိုဏ်းသခင်ချင်လည်း မဆိုးပါဘူး။ ငါ ဘယ်လိုပြောင်းလဲထားလဲ မြင်နိုင်တယ်”

“ရှင် ကျွန်မတို့ကို သိတယ်ပေါ့” စစ်ယွန်ရှန်း အော်လိုက်မိသည်။

ရှင်းအန်က ပြုံး၍ ပြောလိုက်၏။ “မိန်းကလေးတို့ကိုတော့ မသိပါဘူး။ ဒါပေမဲ့ မှော်ဆရာသခင်က လူမှားမှာစိုးလို့ ဂိုဏ်းသခင်ချင်ရဲ့ ပုံတူ ဆွဲပေးလိုက်တယ်လေ”

ချင်မူ တစ်တောင်လုံး ပြည့်နေသော မြွေနီများကို ကြည့်ကာ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ ဖန်ဆင်းပညာရပ်က ထူးခြားကြောင်း သူ သိထားသည့်အပြင် ကမ္ဘာမြေမှုန်ဖန်ဆင်းပညာဖြင့် သစ်ပင်တစ်ပင် ဖန်ဆင်းပြီး အဝါရောင်သစ်တော်သီးများ သီးအောင် လုပ်ခဲ့ဖူး၏။ သို့သော် ရှင်းအန်း ဖန်ဆင်းပညာအပေါ် နားလည်ထားသည့်အတိုင်းအတာကို သူ လိုက်မှီနိုင်မည်မဟုတ်ပေ။

“လူငယ်ဂိုဏ်းချုပ်လည်း ဖန်ဆင်းပညာ ကျင့်ခဲ့တာ။ သူ ဒီအဆင့်အထိ ရောက်ခဲ့လားမသိဘူး’

ချင်မူ၏ မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ လူငယ်ဂိုဏ်းချုပ်သည် အလွန်သန်မာအားကောင်းသော်လည်း ဤစွမ်းရည်မျိုး ရှိလောက်မည်မဟုတ်ပေ။ ရှင်းအန်းက မည်သည့်အရာကိုမဆို လုပ်နိုင်သော နတ်ဘုရားတစ်ပါးသာ ဖြစ်သည်။

သစ်ပင်တစ်ပင် စိုက်၍ သစ်သီး သီးလာစေပြီး အဆိပ်မြွေအသွင် ပြောင်းလဲသွားစေခြင်းအား နတ်ဘုရားသာ လုပ်နိုင်လိမ့်မည်။

မြွေနီများက သံစဉ်နှင့်အတူ ကနေသကဲ့သို့ တြိဂံပုံသဏ္ဍာန်ခေါင်းပြားပြားကို လှုပ်ယမ်းနေကြသည်။ သူတို့၏လှုပ်ရှားမှုက ညီနေ၏။

သစ်သီးတစ်လုံးဖြင့် လူတစ်ယောက်ကို ထိန်းချုပ်နိုင်သည်ဟု ရှင်းအန်း ပြောခဲ့သည်။ ယင်းက အပြောသက်သက်သာ မဟုတ်ပေ။

ချင်မူ ကျောထဲ စိမ့်သွားသည်။ သူ အသက်ပြင်းပြင်း ရှူသွင်းကာ အလေးအနက် ပြောလိုက်၏။ “နောင်တော်ရှင်းအန်းက ဘာကြောင့် ကျွန်တော့်ကို ရှာနေတာလဲ။ ကူညီခိုင်းဖို့လား”

ရှင်းအန်းက သက်ပြင်းချပြီး သူ့လက်ကို မြှောက်ကာ ကြည့်နေသည်။ “ဒီခန္ဓာကိုယ်က တစ်ခါတလေ ငါ့စကား နားမထောင်တဲ့အပြင် ဆန့်ကျင်နေတယ်။ မင်းဘေးမှာ သိုင်းပညာရှင်တွေ အများကြီးရှိတာ ငါ သိတယ်လေ။ ဥပမာ ဓားနတ်ဘုရားလို မိတ်ဆွေဟောင်းကြီးတွေပေါ့။ သူက အန္တရာယ်တော့ သိပ်မများပေမယ့် သူ့အစွမ်းအစတွေက မသေးဘူး။ ကံကောင်းလို့ မဟာမိုးခြိမ်းသံကျောင်းတော်ဆီ ထွက်သွားလို့ပေါ့”

ချင်မူ ရင်လေးသွားသည်။ ရှင်းအန်းသည် သူ ထင်ထားသည်ထက် ကိုင်တွယ်ရခက်၏။ သူ၏ ရည်ရွယ်ချက်က ကျားများကို မျှားထုတ်ရန်သာ ဖြစ်ခဲ့သည်။ ထို့ကြောင့် အဘိုးကြီးမာကို  တည်ကြက်အဖြစ်ထားတာ ရွာလူကြီးတို့အား မဟာမိုးခြိမ်းသံကျောင်းတော်သို့ သွားစေခဲ့သည်။

အဘိုးကြီးမာ၏ လက်မောင်းအား သူ မလိုပေ။ သူ့တွင် နတ်ဘုရားလို လက်မောင်းများ ရှိထားသည့်ဟူသည်။

သူ့တွင် ပန်းတိုင်တစ်ခုသာ ရှိပြီး ယင်းက ချင်မူပင် ဖြစ်သည်။

“လူခန္ဓာကိုယ်က အရေခွံလဲနိုင်တယ်၊ အရိုးတွေ၊ ဆံပင်တွေ၊ အသားတွေနဲ့ သွေးတွေလည်း သဘာဝအလျောက် ပြောင်းလဲသွားတတ်တယ်။ ခုနစ်နှစ်အတွင်းနဲ့ ကိုယ်ထဲက အစိတ်အပိုင်းအားလုံး ပြောင်းလဲသွားနိုင်ပါတယ်”

ရှင်းအန်၏အကြည့်က ထူးခြားပြီး သူ၏သူငယ်အိမ်များမှ ဆန်းကြယ်သောအလင်းတန်းများ ထွက်လာသည်။ သူ၏မျက်လုံးထဲတွင် သင်္ကေတများ တည်ဆောက်၍ ကောင်းကင်ကိုးဆင့် ဖွဲ့တည်လာ၏။

မျက်ကန်း၏ ကောင်းကင်မျက်လုံးများ

“လွန်ခဲ့တဲ့ ခုနစ်နှစ်က ခင်ဗျားနဲ့ အခု ခင်ဗျားက လုံးဝမတူတော့တဲ့ လူတွေ ဖြစ်သွားပြီလို့ ဆိုလိုတယ်။ လွန်ခဲ့တဲ့ ခုနစ်နှစ်နဲ့ ယှဉ်ရင် ခင်ဗျားရဲ့ အတွေးအခေါ်တွေရော ပြောင်းလဲသွားပြီလား။ ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား ခင်ဗျားဖြစ်နေသေးတယ် ထင်ပေမယ့် အဲဒီခုနစ်နှစ်အတွင်း ခင်ဗျားမဟုတ်တော့တာ သတိထားမိလား”

ရှင်းအန်းက ပြုံးလိုက်သည်။ “အဲ့ဒါဆို ခန္ဓာကိုယ် ပြောင်းလဲမှာကို စောင့်မယ့်အစား ကိုယ့်ဘာသာ ပြောင်းလဲလိုက်လို့ မရဘူးလား။ တခြားလူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို ကိုယ့်ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ ဆက်လိုက်တာမျိုးပေါ့။ အားနည်းတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အဆင့်မြင့်သိုင်းပညာရှင်တွေရဲ့ သန်မာအားကောင်းတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ လဲလိုက်တာနဲ့ ... ခုနစ်နှစ်ကြာတိုင်း သဘာဝအလျောက် ပြောင်းလဲတာနဲ့ ဘာကွာလို့လဲ။ ဒါကြောင့် ငါ နတ်ဘုရားအဖြစ် ပြောင်းလဲဖို့ ကြိုးစားခဲ့တာ”

သူ၏ကောင်းကင်မျက်လုံးများတွင် စိတ်ကူးယဉ်အိမ်မက်များ ပြည့်နှက်လာသကဲ့သို့ စိတ်အားထက်သန်နေသော အရိပ်အယောင် ပေါ်လွင်လာသည်။ “ငါ ခန္ဓာကိုယ်ပြောင်းလဲလို့ရတဲ့ ကျင့်စဉ်တစ်ခုကို စတင်လေ့လာခဲ့ပြီး မကြာခင်မှာပဲ အောင်မြင်ခဲ့တယ်။ အဲဒီတုန်းက ငါ့ဆရာက ထိပ်တန်းသိုင်းပညာရှင်တစ်ယောက်ပဲ။ ငါ သူ သတိလက်လွတ်ဖြစ်နေတဲ့အချိန် သူ့ခေါင်းကို ဖြတ်ပြီး ငါ့ခေါင်းနေရာမှာ အစားထိုးလိုက်တယ်။ အောင်မြင်သွားတယ်လေ။ ဒါပေမဲ့ ငါ့ဆရာက အားနည်းလွန်းတော့ ငါ မကျေနပ်ခဲ့ဘူး။ အဲဒီအချိန်ကစပြီး ငါ အတော်ဆုံးသိုင်းပညာရှင်တွေကို လိုက်ရှာခဲ့တယ်။ နှစ်ပေါင်းများစွာကြာတဲ့အခါမှာတော့...”

သူ ကျောပေါ်တွင် ထမ်းလာသည့် သေတ္တာကြီးကို ချကာ ဖွင့်လိုက်သည်။ ချင်မူ၊ ယန်ကျင့်ကျင့်၊ လင်ယွိရှို့နှင့် ကျန်ရှိသူများအားလုံး အထဲ၌ မည်သည့်အရာများ ရှိနေသည်ကို သိသော်လည်း မနေနိုင်ဘဲ ကြည့်မိလိုက်ကြသည်။

မိန်းကလေးများ ရုတ်ခြည်း မျက်နှာဖြူဆုပ်သွားပြီး လှည့်အန်မိကြသည်။ သစ်ပင်ပေါ်၌ ပုန်း၍ ကြည့်နေသော ဟူလင်းအာလည်း တဝေါ့ဝေါ့ အန်နေသည်။

သေတ္တာကို ထောင်ကျယ်သားရဲအရိုးဖြင့် သွန်းလုပ်ထားပြီး အပြင်မှ ထောင်ကျယ်သားရဲ အရေပြားဖြင့် ရစ်ပတ်ထားသည့်အတွက် အတွင်းနေရာမှာ အလွန်ကြီးမားကျယ်ဝန်း၏။ အလျား ကိုက်သုံးရာ၊ အနံ ကိုက်သုံးရာရှိသည်။ အထဲ၌ စင်များ ရှိပြီး အကုန်လုံးတွင် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြည့်နေသည်။

လက်မောင်းများတင် ဆယ်ခုကျော်သည်။

အသည်းနှလုံး၊ မျက်လုံး၊ အရိုး၊ ခြေ‌ထောက်နှင့် ခေါင်းများပင် ရှိသည်။

ထို့အပြင် သွေးအမျိုးမျိုး၊ လူ့အရေပြားအမျိုးမျိုးနှင့် ပြန့်ကြဲနေသော ကလီစာအမျိုးမျိုးလည်း ရှိနေသည်။ ဆံပင်များပင် တွေ့မြင်ရ၏။

ရှင်းအန်းက သေတ္တာကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ “ခန္ဓာကိုယ်အစိတ်အပိုင်းတွေကြားမှာ မကိုက်ညီမှုတွေ ရှိတယ်။ ကြာလာတော့ တစ်ခုကိုတစ်ခု ဆန့်ကျင်လာတယ်။ ငါ့ဆေးပညာနဲ့လည်း မဖြေရှင်းနိုင်တော့ဘူး။ ဓားနတ်ဘုရားက ငါ့ပစ်မှတ်က တထာဂတရဲ့ ကောင်းကင်လက်သီးတွေလို့ ထင်တယ်။ ဒါပေမဲ့ ငါ မလိုတော့တာ သူ မသိဘူး။ အဲ့ဒါကြောင့် ငါ တထာဂတကို ရှာနေတဲ့အကြောင်း တမင်သတင်းလွှင့်လိုက်တာပဲ”

သူက သေတ္တာကို ပြန်ပိတ်၍ ကျော‌ပေါ် ပြန်တင်လိုက်သည်။ ထို့နောက် သူက လှည့်၍ တောင်အောက်ငုံ့ကြည့်ကာ ပြုံးလိုက်သည်။ “လူသားခန္ဓာကိုယ်က ခုနစ်နှစ်ကြာတိုင်း ပြောင်းလဲတယ်။ လူတစ်ယောက်ရဲ့ အတွေးနဲ့ ခံစားချက်ကလည်း ပြောင်းလဲလာတတ်တယ်။ ဆိုတော့ လှံနတ်ဘုရား မင်း ဘာကြောင့် ကောင်းကင်မျက်လုံးတွေကိုပဲ တောင့်တနေတာလဲ”

ချင်မူ ထိုဘက်သို့ လှမ်းကြည့်လိုက်သည့်အခါ မျက်ကန်းကို မြင်လိုက်ရသည်။ အနက်ရောင်အရိုးနဂါးတစ်ကောင်က မျက်ကန့်ကို လှည့်ပတ်ရစ်သိုင်းလျက် ခပ်ဩဩ တွန်နေ၏။

“ငါ့အတွက် အရေးကြီးလို့” မျက်ကန်းက အေးအေးလူလူ ပြောလိုက်သည်။ “မိတ်ဆွေက အဝေးကလာတာ ဆိုပေမယ့် သတ်ကို သတ်ရလိမ့်မယ်။ ရှင်းအန်း ငါ မင်းကို မျှော်နေတာ ကြာပြီ”

ရှင်းအန်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် တောင်အောက်သို့ လျှောက်သွားသည်။ “ဂိုဏ်းသခင်ချင်၊ ခဏလောက် စောင့်ပေးပါဦး။ မိတ်ဆွေဟောင်းကြီးနဲ့ တွေ့လိုက်ဦးမယ်”

ချင်မူ့အကြည့်များ လှုပ်ခတ်သွားပြီး သူ လင်ယွိရှို့တို့ကို ကြည့်ကာ လိုက်သွားရန် မျက်နှာရိပ်မျက်နှာကဲ ပြလိုက်သည်။ သူ လျှို့ဝှက်နဂါးနည်း တီးမှုတ်လျက် ရေနဂါးများကို ဆင့်ခေါ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ခန်းမထဲ၌ အနားယူနေသော နားကန်းက အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ စာရွက်အလွတ်များ ဖြန့်ကာ စုတ်တံမြှောက်၍ ပန်းချီစဆွဲတော့သည်။

အနားရှိ ခန်းမထဲတွင် ထော့ကျိုးက လက်များဖြင့် ဘီးတပ်ကုလားထိုင်ကို တွန်းနေသည်။ တခြားအခန်းထဲ၌ အဘွားစစ်က အေးစက်တင်းမာသောအမူအရာဖြင့် ပြောလိုက်သည်။ “လင်တော်မောင်တို့၊ လှုပ်ရှားဖို့ အချိန်ကျပြီ”

သိုင်းပညာရှင်များ လေးနက်သောအမူအရာများဖြင့် ခန်းမများထဲမှ ထွက်လာကြသည်။

ရုတ်တရက် ဩဇာအပြည့်ရှိသော အသံတစ်သံ ဟိန်းထွက်လာ၏။ “ဝန်မင်းချင်၊ ကိုယ်တော် ရောက်ပြီ။ သမီးတော်လေး ဘယ်မှာလဲ။ ဝန်မင်းချင် အခုချက်ချင်း ထွက်လာခဲ့စမ်း။ ကိုယ်တော် မောင်မင်းကို ခေါင်းဖြတ်မယ်”

All Chapters