အခန်း (၂၇၁)
Vol. 19 Ch. 271
ချင်းဟန် လင်းရီကို မြင်သောအခါ ကားသော့ကို ကမ်းပေးလိုက်သည်။
တံခါးနား ရပ်နေသည့်သူ တစ်ဦးတည်းကသာလျင် သူနားကြား မမှားကြောင်း သေချာပေသည်။
ဘုရားရေ....ကျိုးဟိုင်ရဲ့ အင်ပါယာချင်းဟန်ကတကယ်ကြီး ဒီလူရဲ့ ကားကို ငှားမောင်းရတယ်ပေါ့...
"ငါမင်းကို ပေးမယ်ပြောတာကိုကွာ..မလိုချင်မှတော့ ငါပဲ ပြန်မောင်းရတာပေ့ါ..."
ဖူး....
တံခါးပေါက်၀၌ ရပ်နေသည့် အမျိုးသားအမျိုးသမီးတို့မှာ သူတို့ မျက်လုံးများ ပြူးကျယ်သွားကြပြီး အံ့ဩလွန်း၍ မေးရိုးပင် ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့ကြသည်။
သန်း၆၀ ကျော်တန်ကြေးရှိတဲ့ ကားကြီးကို အလကား ပေးပစ်နေမယ်ဆိုပဲ...
ပြီးတော့ ပေးခံရတဲ့ကောင်ကလည်း နယ်နယ်ရရတော့ မဟုတ်ဘူး..ကျိုးဟိုင်ရဲ့ အင်ပါယာ ချင်းဟန်...
ဂလု...
ဒီကောင် ဘယ်လောက်တောင် ချမ်းသာနေတာလဲဟ...
"တော်ပါပြီကွာ..မင်းပစ္စည်းကလည်း ငါ့ပစ္စည်းပဲ..ငါ့ပစ္စည်းကလည်း မင်းဟာပဲ..ငါမောင်းချင်တဲ့အချိန်ကျရင် ပြန်လာယူမယ်ကွာ..."
ချင်းဟန် ပြောလိုက်၏။
"ကောင်းပြီလေ..အဲ့တာဆိုလည်း ငါသွားနှင့်ပြီ.."လင်းရီ ကားသော့ကို ယူလိုက်ပြီး "လျိုကြီးက လူကောင်းပဲ..ငါအချိန်ရရင် မင်းကောင်တွေကို တစ်ဝိုင်းလောက် ပြင်ပေးဦးမယ်..."
"အချင်းချင်းတွေကိုပဲကွာ..အဲ့တာတွေ မလိုပါဘူးဟ..."ချင်းဟန် ပြောလိုက်ပြီး "မင်းရဲ့ လွိုင်ကန်ကြီးသာ မောင်းပြီး ဒိုးလိုက်တော့..ရှာရီကိုတော့ နောက်မှ ကျိုကျုံးဗီလာဆီ ပို့ခိုင်းလိုက်မယ်..."
အမှန်တကယ်တော့ လင်းရီ လွိင်ကန်ကို လူကြုံဖြင့် ဗီလာအရောက် ပို့ပေး၍ ရသည်။ သို့သော်လည်း လင်းရီနှင့် မသောက်ဖြစ်သည်မှာ ကြာညောင်းလှပြီဖြစ်သောကြောင့် ကားပြန်ပေးရန် အကြောင်းပြ၍ တမင် ဖိတ်ခေါ်လိုက်ခြင်းပင်။
"အိုကေ..."
ဟစ်....
ကျိုကျုံးဗီလာ ဟူသော စကားသံကို ကြားပြန်သည့်အခါတွင်လည်း လူတိုင်းတစ်ဖန် ရှော့ခ်ရသွားပြီး လေအေးကြီးတစ်ရှိုက် ရှူသွင်းမိလိုက်ကြသည်။
ကျိုးဟိုင်တစ်မြို့လုံးတွင် နံပါတ်တစ်ဗီလာဆိုသည့် ဂုဏ်ဒြပ်ကို မောင်ပိုင်စီးထားသူ။ ထိုနေရာရှိ ကျပမ်း ဗီလာတစ်လူံးကပင် ယွမ် ၁ ဘီလီယမ်ခန့် တန်ကြေးရှိ၏။ ယင်းက သူတို့ကို ကြားရုံမျှတင် သွေးတက်သွားစေနိုင်သည်။
ဒီလောက် ကျိကျိတက် ချမ်းသာပြီး ချင်းဟန်နဲ့ သူငယ်ချင်း ဖြစ်နေတာတောင်မှ လခွမ်းမို့လို့ ရှာရီ အစုတ်ကြီး မောင်းနေသေးတာလားကွ..
ချင်းဟန်နှင့် တခဏမျှ စကားပြောပြီးနောက် လင်းရီ ၀မ်ရန်နှင့်အတူ ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။
၀မ်ရန်ကတော့ ကားထဲသို့ ထိုင်ရန် မဝံ့မရဲ ဖြစ်နေလေသည်။ သူမ ထိုင်နေသည့် ကားမှာ သန်း၆၀ ကျော်သည့် လွိုင်ကန်ကြီးဖြစ်၏။ အစင်းရာလေးသာ ထင်သွားပါက သူမကိုယ်သူမ ပေးဆပ်၍အကြွေးဆပ်လျင်တောင် ကြေနိုင်လိမ့်မည် မဟုတ်ချေ။
"ဘာလို့ ပါးစပ်ကြီး အုပ်ထားတာ..."
"အန်...အန်ထွက်မှာ ကြောက်လို့ပါ..."
လင်းရီ တစ်ခွန်းမျှ မဆိုပဲ ပန်နီဆူလာဟိုတယ်သို့ မောင်းသွားလိုက်သည်။
တီချယ်လင်းက ဒေါသထွက်နေတဲ့ အချိန်တို အရမ်းကြောက်ဖို့ ကောင်းတာပဲ...
"တီ..တီချယ်..ဒီနေရာက ဘယ်လိုနေရာကြီးလဲဟင်...."
၀မ်ရန် ကြောင်အစွာဖြင့် မေးမြန်းလိုက်၏။
"ဘာလဲ..မင်းက မူးပြီး တ-ရုတ်စကားလုံးတွေကိုတောင် မဖတ်တတ်တော့ဘူးလို့ ငါ့ကိုလာမပြောနဲ့.."
၀မ်ရန် ရင်တစ်ချက်တုန်သွားသည်။ သူမ အမြင်မမှားပါက ရေးထားသည့် စာလုံးများမှာ 'ပန်နီဆူလာဟိုတယ်' ဟုပင်။
တီ...တီချယ်လင်းက ငါ့ကို ဟိုဝှာ ပြုမလို့တော့ မဟုတ်လောက်ပါဘူးနော...
"ဘော့စ်လင်း ကြိုဆိုပါတယ်ခင်ဗျ..."
"ဘော့စ်လင်း ကြိုဆိုပါတယ်ရှင့်..."
လင်းရီ ဟိုတယ်ထဲသို့ ၀င်ရယလာခဲ့သည့် အချိန်တွင်တော့ လူတိုင်း လင်းရီကို တလေးတစားဖြင့် ဂါ၀ရ ပြုကြလေသည်။
အကြောင်းပြချက်ကတော့ ထျန်းလုံ ဤနေရာ၌ ရှိမနေသောကြောင့်ပင်။
အကယ်၍ ထျန်းလုံသာ ဤနေရာ၌ ရှိပါက သူ့လူများကို လင်းရီ မည်သူဖြစ်ကြောင်း ထုတ်ဖော်ခိုင်းလိမ့်မည် မဟုတ်ချေ။
လင်းရီ ခေါင်းညိမ့်လိုက်ပြီး ဓာတ်လှေကားမှတစ်ဆင့် သူ၏ ဥက္ကဌနားနေခန်းထဲသို့ ၀မ်ရန်ကို ခေါ်သွားလိုက်သည်။
"အာ...တီချယ်...သူတို့က တီချယ့်ကို ဘာလို့..."
"ဒီဟိုတယ်က ငါ့ဟာလေ..."လင်းရီ ဖျော့တော့စွာ ပြန်ပြောလိုက်၏။
နဂိုကတည်းက ကြောင်တောင်တောင် ဖြစ်နေသည့် ၀မ်ရန်မှာ ယခု ပိုလို့ပင် ဇဝေဇဝါသွားခဲ့သည်။
တီချယ်လင်းက ဘာအလုပ်တွေလုပ်လို့ ဒီလောက်တောင် ချမ်းသာနေတာလဲဟ....
"အာ့...."
အခန်းထဲသို့ ရောက်သောအခါ ၀မ်ရန် သူ့၀မ်းထဲရှိ တောက်လောင်နေသည့် ဒဏ်ကို ဆက်လက်တောင့်မခံနိုင်တော့ပဲ သန့်စင်ခန်းထဲသို့ ပြေး၍ ထိုးအန်လေတော့သည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် ၀မ်ရန် သန့်စင်ခန်းထဲမှ တွန့်ဆုတ်စွာဖြင့် ထွက်လာခဲ့ပြီး "ချယ်...တီချယ်...သမီးတောင်းပန်ပါတယ်...."
"ဘာအတွက်လဲ..."
"သမီး မလုပ်သင့်တဲ့ ကိစ္စကို လုပ်ခဲ့မိလို့လေ..."၀မ်ရန် သန့်စင်ခန်း တံခါး၀၌ ရပ်၍ သူမ အင်္ကျီ၏ အနားသားလေးများကို ဆုပ်ချေကာ လင်းရီထံသို့ မသွားရဲ ဖြစ်နေလေသည်။
"ဒီတိုင်း ကလပ်လို နေရာမျိုးလေးပါပဲကွာ..မင်းက အသက်လည်း ပြည့်ပြီးသားပဲ..ဘာဥပဒေမှလည်း မချိုးဖောက်ထားဘူး...ငါက မင်းရဲ့ဆရာ ဆိုပေမယ့် မင်းရဲ့ လွတ်လပ်ပိုင်ခွင့်ကို ဘာမှပြောပိုင်ခွင့်မရှိဘူး..."
လင်းရီ ပကတိ တည်ငြိမ်သည့် လေသံဖြင့် ပြောလိုက်သည်။
"အိုး ဟုတ်သားပဲ..ငါမင်းကို ပြောဖို့ မေ့နေတာ...မင်းရဲ့ အတန်းပိုင်ဆရာမက ပညာသင်ထောက်ပံ့ကြေး ဖျက်သိမ်းဖို့ ကျောင်းကို တင်ပြထားတယ် .ဒီတော့ စိတ်ပိုင်းဆိုင်ရာ ကြိုပြင်ဆင်ထားပေါ့ကွာ..."
"သ..သမီးရဲ့ ထောက်ပံ့ကြေး ဖျက်သိမ်းခံရမယ်..."
"အင်း..."လင်းရီ ခေါင်းညိမ့်လိုက်ပြီး "တက္ကသိုလ်ဌာနမှူးက အဲ့လိုပြောတာပဲ..ပြီးတော့ ကျောင်းကော်မတီကလည်း ခွင့်ပြုပေးလိုက်ပြီး ..ဒီတစ်ရက်နှစ်ရက်အတွင်း ကြေညာချက် ထုတ်ပြန်လိမ့်မယ်."
"ဝါး....ဝါး...ဝါး..."
၀မ်ရန် စိတ်ထဲတွင် မိုးပြိုသကဲ့သို့ ခံစားသွားရပြီး သူမ၏ မျက်ရည်များမှာ မြစ်အသွင် စီးဆင်းလာတော့၏။
"ဘာလို့ အဲ့လောက် ငိုနေတာလဲဟ...မင်းလုပ်ထားတာလဲ မင်းမသိဘူးလား..အဲ့တော့ ထောက်ပံ့ကြေး ရပ်ဆိုင်းလိုက်တယ်ဆိုတာက သာမန်ပဲလေ..."
"သမီး အဲ့ငွေတွေ လိုလို့ပါ..."
"ဟမ်....မင်း ချင်းဟန်ဆီကနေ ယွမ် ၄သောင်း ရခဲ့ပြီးပြီလေကွာ..အဲ့တာတောင် မလောက်သေးဘူးလား..."
"သမီး အမေက နှလုံးရောဂါရှိတယ်..ပြီးတော့ ဒေါက်တာကလည်း အမေ့ကို မြန်နိုင်သမျှ မြန်မြန် ခွဲစိတ်ပေးရမယ်တဲ့..အဖေ့ရဲ့ အသက်အာမခံ လျော်ကြေးငွေတွေကလည်း သုံးလို့ကုန်သွားပြီတကယ်လို့ သမီးတာ တစ်ဖက်တစ်လမ်းကနေ ပိုက်ဆံမရှာနိုင်ရင် သ..သမီး အမေတော့....."
၀မ်ရန် လက်နှစ်ဖက်ကို မျက်နှာသို့အပ်၍ ကျယ်လောင်စွာ ငွေကြွေးနေပြီး ကျောင်းအလှလေးဟူသော သူမ၏ ပုံရိပ်နှင့်ပင် မကိုက်ညီတော့ချေ။
"ဘယ်လို လျော်ကြေးငွေလဲ..."
"သမီး အဖေက မိုင်းတွင်း အလုပ်သမား..ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်၀က်လောက်က မိုင်းတွင်းမှာ မတော်တဆ ဖြစ်ပြီး ဆုံးသွားခဲ့တာ...ကုမ္ပဏီက လျော်ကြေးအနေနဲ့ ငွေ သုံးသောင်းပေးတယ်..အဲ့တာလေးနဲ့ပဲ မိသားစုတတွေ လောက်ငှအောင် စားနေကြရတာ....ဒါေပမယ့် အဖေဆုံးပြီးနောက်ပိုင်း အမေ့ရဲ့ နှလုံးရောဂါ အခံကလည်း ဆိုးပြီးရင်း ဆိုးလာခဲ့တယ်...ငွေကြေးအခြေအနေကြောင့် နှစ်၀က်လောက် ဆေးရုံမပြဘဲ နေပေမယ့် ခုတော့.....ခုထပ်စောင့်လို့ မရတော့ဘူး..."
"အဲ့တာကြောင့်မို့ မင်းက မက်တရိုပိုလစ်မှာ အလုပ်လုပ် နေတယ်ပေါ့..."
"အွန်း...ဒါပေမယ့် သူတို့ဘက်က အရင်စလာခေါ်တာ...."၀မ်ရန် သူမ မျက်ရည်များကို သုတ်လိုက်ပြီး "အဲ့ဒီက မန်နေဂျာက သမီးကို ချောလို့ဆိုပြီးတော့ သူတို့ဆီမှာ ဝိုင်လာရောင်းပေးရင် တစ်လ တစ်သောင်းပေးမယ်တဲ့...အဲ့တာကြောင့်မို့ သမီးလည်း သွားခဲ့တာ..."
"မငိုနဲ့....ငိုတာက ငါ့ကို စိတ်ရှုပ်အောင် လုပ်နေသလိုပဲ..."
၀မ်ရန် အလွန်အမင်း ကြောက်ရွံ့သွားခဲ့ပြီး ကျတော့မည့် မျက်ရည်များက်ု ပြန်ထိန်းလိုက်ရ၏။
"ခွဲစိတ်ခက ဘယ်လောက်လဲ..."
၀မ်ရန် တစ်ခွန်းမျှ ပြန်မပြော။ မျက်ရည်မကျအောင် ထိန်းရင်းသာ နေရာ၌ ကျောက်ရုပ်ကြီးလို ရပ်နေလေသည်။
"ငါမင်းကို မေးနေတယ်လေ..."
"သမီး တီချယ်လင်းရဲ့ ပိုက်ဆံကို လက်မခံနိုင်ဘူး..."၀မ်ရန် ပြောလိုက်ပြီး "မီး အဘွားနဲ့ တိုင်ပင်ပြီးသွားပြီ..ဒီအချိန်မှာ အိမ်ကို ရောင်းလိုက်မယ်ဆိုရင် အမေ့ခွဲစိတ်ဖို့အတွက်တော့ လုံလောက်မှာပါ..."
"အိမ်ရောင်းလိုက်မယ်ဆိုရင် မင်းတို့ မိသားစုက ဘယ်မှာ သွားနေကြမှာ..."
"အိမ်ငှားနေမှာပေါ့..."၀မ်ရန် မျက်ရည်များကို ဆက်သုတ်ရင်း "မကြာခင်မှာ သမီးကလည်း စီနီယာကျောင်းသား ဖြစ်တော့မှာလေ..အဲ့ခါကျ အလုပ်သင်ဆင်းရင်း ရတဲ့လစာလေးနဲ့ မိသားစုကို ကောင်းကောင်းထောက်ပံ့ပေးနိုင်မှာပါ..."
"အိမ်ရောင်းမယ်ဆို ပိုက်ဆံက ဘယ်လောက်ရမှာ..."လင်းရီ စဉ်းစားရင်း မေးမြန်းလိုက်ပြီး "ပြီးတော့ မင်းရဲ့ အမေကကော အိမ်ရောင်းပြီးတဲ့အထိ စောင့်နိုင်မှာလားတဲ့.."
၀မ်ရန် စိတ်မှာ ဗလာကျင်းသွားခဲ့သည်။ သူမ လင်းရီပြောသည့် အကြောင်းကို ယခင်က စဉ်းစားခဲ့ဖူးလေသည်။ သို့သော်လည်း သူမ တတ်နိုင်တာ ဘာမျှ မရှိချေ။
ငွေဆင်းရဲသည့် သာမန်လူတစ်ယောက်အတွက် လောကကြီးမှာ ဘယ်တုန်းကမျှ ပျော်ရွှင်ဖွယ် မကောင်းခဲ့သော်လည်း ခါးသီးမှုများ ခံစားရချိန်တွင်တော့ ကံကြမ္မာမှာ တသီတတန်းကြီး လက်ဆောင်
ထည့်ပေးတတ်၏။
"မက်ထရိုပိုလစ်က မန်နေဂျာပြောတာတော့ သမီးသာ ဖောက်သည်တွေနဲ့ အရက်အတူ သောက်ပေးရင် ပိုက်ဆံ ပိုရနိုင်မယ်တဲ့..."
"ဟမ့်...ဝိုင်လေး လေးခွက်သောက်ပြီး ဒီလိုတွေ ပြောဖို့ ဘယ်သူက သတ္တိပေးလိုက်တာ.."လင်းရီ ပြောလိုက်ပြီး
"မင်းထင်နေတာ လူတိုင်းကို ချင်းဟန်လိုများ မှတ်နေတာလား..ဝိုင်လေးတစ်ခွက် သောက်တာနဲ့ ယွမ်တစ်သောင်းပေးမယ်များ မှတ်နေလား..."
"အဲ့တာဆိုလည်း သူများနဲ့ လိုက်အိပ်မယ်..."၀မ်ရန် အံကြိတ်၍ ပြောချလိုက်ပြီး "ပိုက်ဆံ ရနေသရွေ့ကတော့ သမီး ဘာကိုမှ ဂရုမစိုက်ဘူး .."
ဟမ်..
လင်းရီ သူ့နားကိုတောင် ယုံနိုင်ခဲသွား၏။
အမျိုးသမီးတို့မည်သည် သူမတို့ ရဲရင့်သည့် အချန်တွင်တော့ လွန်စွာ အကြောက်ရွံ့ကင်းလွန်းလှသည်။
"အိုကေ...အဲ့တာဆို အဆင်ပြေပြီ..."
လင်းရီ ဖုန်းထုတ်၍ ထျန်းလုံ၏ နံပါတ်ကို ခေါ်ဆိုလိုက်သည်။
"ဘော့စ်လင်း..ဘာလိုလို့ပါလဲခင်ဗျ..."
ထျန်းလုံ၏ အသံမှာ လွန်စွာ ကျယ်လောင်နေသည်။ သိသာစွာပင် သူရောက်သည့်နေရာ၌ လွန်စွာ ဆူညံနေကြောင်း သတိထားမိနိုင်သည်။
"တာ၀န်ကျနေတဲ့ မန်နေဂျာကို ယွမ် ၅သိန်း ငွေသားနဲ့ ငါ့အခန်းဆီ လာပို့ပေးဖို့ ပြောလိုက် .."
"နားလည်ပါပြီဘော့စ်..ကျုပ်အခုပဲ ဆောက်ရွက်လိုက်ပါ့မယ်..."
ဆယ်မိနစ်ခန့်ကြာသော် တံခါးခေါက်သံ မြည်လာခဲ့ပြီး လင်းရီ ခေါင်းမော့ကာ "တံခါးသွားဖွင့်ချည်...."
"ဟုတ်ကဲ့ရှင့်..."
၀မ်ရန် တံခါးသွားဖွင့်သည့် အချိန်တွင်တော့ အပြင်ဘက်၌ အမျိုးသမီးတစ်ဦး ရပ်နေသည်ကို မြင်လိုက်ရသည်။ ရောက်လာသူမှာတော့ ထျန်းလုံ၏ လက်ထောက်ဖြစ်ပြီး ဟိုတယ်တွင် သူ၏ ညာလက်ရုံးဟူ၍လည်း ပြော၍ရပေသည်။
"သူဌေး..ကျွန်မ ပိုက်ဆံ ယူလာပါပြီရှင့်.."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ကောင်းပြီ...မင်း သွားလို့ရပြီ...."
တံခါးမှာ ပြန်ပိတ်သွားပြီး လင်းရီ ပိုက်ဆံထည့်ထားသည့် လက်ဆွဲသေတ္တာကို ဖွင့်လိုက်၏။ အထဲတွင်တော့ ငွေအထပ်လိုက်ရှိနေပြီး ၀မ်ရန်၏ နှလုံခုန်နှုန်းကို ကဆုန်ဆိုင်းသွားစေသည်။
"ချွတ်လိုက်...မနက်ရောက်ရင် ဒီငွေတွေက မင်းအပိုင်ပဲ...."