အခန်း(၂၇၂)
Vol. 19 Ch. 272
"တီ တီချယ်..သမီး တီချယ့်ကို အရမ်းလေးစားတာနော်...."
၀မ်ရန် ငိုသံလေးဖြင့် ပြောလိုက်ပြီး "သမီးကို အဲ့လိုကြီးတော့ မစော်ကားပါနဲ့..."
"မင်းကို စော်ကားတယ်.."လင်းရီ ခဏရပ်၍ "ငါက ဘယ်လိုလုပ်ပြီး မင်းကို စော်ကားသလို ဖြစ်သွားတာ...တခြားသူတွေကျတော့ မင်းနဲ့ အတူ အိပ်လို့ရပြီး ငါကျတော့ မင်းနဲ့ အတူ အိပ်လို့မရဘူးဆိုတဲ့ သဘောလား...ဘယ်လိုလောဂျစ်ကြီးလဲဟ "
"ဒါ..ဒါပေမယ့် တီချယ်နဲ့ တပည့်ဆိုတော့...မကောင်းဘူးလေ..သမီးက တီချယ့်ကို အရမ်းလေးစားတာ..."
"ငါ့ကို လေးစားလို့ ဘာရမှာ..မင်းအမေရဲ့ ရောဂါက ပျောက်သွားမှာလား.."လင်းရီ မေးမြန်းလိုက်၏။
လင်းရီ ၀မ်ရန်ကို စူးစိုက်ကြည့်၍ မေးလိုက်ပြီး "ဘာလဲ ငါက ရုပ်ချောပြီး ကျောင်းဆရာဆိုလို့ လူကောင်းထင်နေတာလား..."
"တကယ်လို့ ငါ့ကြောင့်သာ မဟုတ်ရင် မင်းကို ဒီကနေ့ သူများတွေ အမူးတိုက်ပြီး ဟိုတယ်ခေါ်ခံရတော့မှာ...မင်းထင်နေတာက သူများနဲ့ အိပ်ရင် ပိုက်ဆံ အများကြီး ရမယ်လို့ ထင်နေတာလား..."လင်းရီ မေးခွန်း ထုတ်လိုက်၏။
"ဟမ့်....အဲ့လို ထင်နေရင်တော့ ဘယ်လို သေသွားမှန်းတောင် မသိလိုက်ဖြစ်သွားမယ်..."
"အဲ့လိုဆိုလည်း ကိစ္စမရှိဘူး..."၀မ်ရန် အံတင်းတင်း ကြိတ်လိုက်ပြီး "တီချယ်လင်းက လူဆိုးကြီး ဖြစ် နေရင်တောင် သမီး တီချယ်လင်းကို လေးစားနေဦးမှာပဲ..."
လင်းရီ သက်ပြင်းချမိလိုက်သည်။ သူဌေးကြီးများ ကောလိပ်ကျောင်းသူများနှင့် ကစားရသည်ကို အဘယ်ကြောင့် နှစ်သက်မှန်း သူယခုမှသာ နားလည်သွားတော့၏။ အဖြူထည်လေး ဖြစ်နေသည်ကတစ်ကြောင်း ၊ အဓိကကတော့ အယုံသွင်းလို့ ကောင်းသောကြောင့်ပင်။
"အဲ့တာဆိုလည်း ဆက်ပြီးတော့ လေးစားနေလိုက်ကွာ..."လင်းရီ လက်တစ်ဖက်ကို ခေါင်းနောက်သို့ ထား၍ အမှီသဟဲပြုလိုက်ပြီး "ခု ပိုက်ဆံက မင်းရှေ့ရောက်နေပြီ..ယူမယ် မယူဘူး ဆိုတာကတော့ မင်းဆုံးဖြတ်...."
တိတ်ဆိတ်မှုမှာ အခန်းထဲ၌ မင်းမူနေလေသည်။ ၀မ်ရန် သူမ၏ ရင်ခုန်သံ တဒုတ်ဒုတ်ကိုပင် ပြန်ကြားနေရ၏။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ၀မ်ရန် သူမ စကတ်၏ ထောင့်စွန်းရှိ ချိတ်ကို ဆွဲဖြုတ်လိုက်ပြီး အတွင်းပိုင်း အလှတရားကို လင်းရီရှေ့ လှစ်ဟပြလိုက်သည်။
"တီချယ်က လူကောင်းဆိုတာ သမီးသိပါတယ်..ဒီလိုတွေ လုပ်ပြီးလို့ သမီးအပေါ် အထင်မသေးပါနဲ့နော်..."၀မ်ရန် ချီတုံချတုံဖြင့် ပြောလိုက်သည်။
"ဒါပေမယ့် သမီးက အဲ့မှာ ဝိုင်ပဲရောင်းတာ..ခန္ဓာကိုယ်ကို မရောင်းဘူး...အနည်းဆုံးတော့ ခုထိ သန့်ရှင်းနေတုန်းပဲ...တီချယ်သာ စိတ်မရှိဘူးဆိုရင် တီချယ်နဲ့ တစ်ညတာ အတူကုန်ဆုံးချင်တယ်...ဒါပေမယ့် ငွေတော့ မလိုချင်ဘူး...သမီးကို ကူညီပေးခဲ့တဲ့အတွက် ပြန်ပေးဆပ်တာလို့ပဲ မှတ်လိုက်ပါ..."
"ငါနဲ့ အတူ အိပ်ပေးမယ်ဆိုတော့ ဘာပြန်လိုချင်လဲ..."
"ဟင့်အင်း ဘာမှ မလိုချင်ဘူး...သမီးက အဲ့လောက် ပိုက်ဆံ အများကြီးလည်း မတန်ပါဘူး...."
"ဖက်ခ်ပဲကွာ....""
လင်းရီ ကျိန်ဆဲပြီးနောက်အခန်းထဲမှ ထွက်လာခဲ့လိုက်၏။ "သောက်ရမ်း ဆွံ့အ မိတယ်..အဲ့လောက် ခေါင်းမာနေတာကြီးကျတော့လည်း ဘယ်လိုကူညီပေးရတော့မှာ..."
လင်းရီ နောက်တစ်ခန်းသိူ့ ၀င်ကြည့်ကာ လူမရှိသည်ကို မြင်တော့ ထိုအခန်းထဲ၌ ထိုးအိပ်လိုက်လေသည်။
နေက်တစ်နေ့ နံနက်တွင်တော့ သူ၏ အတန်းချိန်မှာ ပထမအချိန် ဖြစ်သောကြောင့် စောစောထ၍ နံနက်စာစားကာ အတန်းအတွက် ပြင်ဆင်နေလိုက်သည်။
၀မ်ရန်၏ ကိစ္စနှင့် စပ်လျဉ်း၍ကတော့ လင်းရီလည်း ခေါင်းရှုပ်ခံမနေတော့။ သူ ငွေလည်း ပေးထားပြီးဖြစ်၏။ ယူတာ မယူတာကတော့ သူမသဘောပင်။
သူထွက်လာသည့်အချိန်တွင်တော့ ၀မ်ရန် ပိုက်ဆံလက်ဆွဲသေတ္တာကို ကိုင်လျက် သူ့ကားဘေး၌ ကုပ်ချောင်းကုပ်ချောင်း လုပ်နေသည်ကို မြင်လိုက်ရ၏။
"ဘာလို့ ခုထိ မသွားသေးတာလဲ..."လင်းရီ နောက်မှ ရောက်လာပြီးမေးမြန်းလိုက်သည်။
"သမီး ပိုက်ဆံ ပြန်လာပေးတာပါ.."၀မ်ရန် သူမ အသံကို အနည်းငယ် နိမ့်လိုက်ပြီး "သမီး ပိုက်ဆံ တစ်ကျပ်လေးတောင် မယူထားပါဘူးနော်..တီချယ် စစ်ကြည့်လိုက်ပါဦး.."
"ဒီထဲမှာ ရှိနေတာက ၅သိန်းလေ..ငါက ဘယ်လို သွားစစ်ရမှာ..ငါစစ်ပြီးတဲ့ အချိန်ကျရင် နေတောင် ၀င်နေလောက်ပြီ.."
၀မ်ရန် ရှက်သွေးဖြန်းသွားပြီး "သမီး တွက်တတ်တယ်..တီချယ့်ကို ကူပြီးတော့ စစ်ပေးမယ်..."
"တော်ပြီ ငွေကို ယူလိုက်တော့..ငါ့ကိုလည်း ဆက်ပြီး မနှောင့်ယှက်နဲ့တော့..."
"တီချယ်က သမီးကို စိတ်တိုနေတုန်းလား..."
၀မ်ရန် မျက်ရည်လေး ဝဲလျက် ညိုးငယ်စွာဖြင့် ပြောလိုက်ပြီး "သမီးမှာ ရွေးချယ်စရာ မရှိတော့လို့ မက်ထရိုပိုလစ်မှာ အလုပ်လုပ်ရတာပါ..ဒါပေမယ့် သမီး ဒီငွေတွေကိုတော့ လက်မခံပါရစေနဲ့..သမီး တီချယ့်ကို လေးစားတယ်ဆိုတာက ငွေတွေကြောင့်မို့ မဟုတ်ပါဘူး...."
"အဲ့တာဆို ငါရုပ်ချောလို့လား..."
၀မ်ရန် ဘာမျှ ပြန်မဖြေပေ။ သူမ လင်းရီ၏ ရုပ်ရည်ရူပကာကို စွဲလမ်းနှစ်သက်နေသည်မှာ အမှန်ပင်ဖြစ်သည်။
ထို့ပြင် လင်းရီ ပြည်ပကျောင်းသားများက်ု နှိပ်ကွန်လိုက်ပြီး သူမကို မကောင်းသည့်သူများထံမှ ကာကွယ်ပေးခဲ့သည်ကလည်း သူမ ရင်ထဲရှိခံစားချက်များကို လှိုင်းထသွားစေခဲ့၏။
ဘာမှ ပြန်မပြောဘူးဆိုတော့ ငါပြောတာ မှန်တယ်ပေါ့...
ငါလခွမ်းတဲ့မှ...
"ငါ့မှာ နောက်ထပ် ကုမ္ပဏီတစ်ခုလည်း ရှိသေးတယ်..မင်းခု လေ့လာနေတာက စီးပွားရေး စီမံခန့်ခွဲမှုမလား....စီနီယာနှစ်ရောက်ရင် ငါ့ကုမ္ပဏီမှာ အလုပ်သင် လာဆင်းလှည့်..ဒိငွေတွေကိုတော့ ကြိုပေးထားတယ်လို့ပဲ မှတ်လိုက်ပေါ့ကွာ..."
"တကယ်ကြီးလား..."၀မ်ရန် လင်းရီကို မျက်လုံးရွဲကြီးများဖြင့် ကြည့်လိုက်၏။ မျက်ရည်များကြောင့် သူမ၏ မျက်လုံးအစုံမှာတော့ ကြည့်လဲ့နေလေသည်။
"လျှောက်ပြောနေတာ..."
လင်းရီ ၀မ်ရန်ကို မျက်လုံးလှန်လိုက်ပြီးနောက် ကားထဲသို့ ၀င်ကာ အတန်းသွားရန် ဟန်ပြင်လိုက်၏။
"ချယ်...စောင့်ပါဦး..."
"ဘာလဲ...ပြန်ပို့ပေးရဦးမှာလား..."
"မဟုတ်ပါဘူး.."၀မ်ရန် မျက်နှာလေးရဲလျက် သူမ အိတ်ကပ်ထဲရှိ ချက်ခ်လက်မှတ်လေးကို ထုတ်ကာ "တီချယ် ဒီပိုက်ဆံကိုကျ ဘယ်လို ထုတ်ရမှာလဲတဲ့..သမီး ဆေးရုံကို ဒီတိုင်း ပေးလိုက်လို့ ရလား မသိဘူးနော် ..."
လင်းရီ ဆွံ့အသွားခဲ့သည်။
ဒါလေးတောင် မသိဘူးလားဟ
"ကားထဲ၀င်..ငါမင်းကို လိုက်ထုတ်ပေးမယ်..."
"ကျေး..ကျေးဇူးပါရှင့်..."၀မ်ရန် ပြောလိုက်၏။
ကားထဲသို့ ၀င်ပြီးနောက် လင်းရီ ရှောင်ထျန်ဆီသို့ ဖုန်းခေါ်လိုက်သည်။ ယခု အခြေနေအရဆိုပါက သူပထမအချိန် ၀င်ရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ချေ။
ထို့ကြောင့် သူ့အတန်းကို အစားထိုး ၀င်ပေးရန် တောင်းဆိုလိုက်၏။
လင်းရီ ၀မ်ရန်ကို ဘဏ်သို့ ခေါ်သွားပြီး ချက်ခ်ကို ငွေသားလေးသောင်းဖြင့် လဲပေးလိုက်၏။
ဘဏ်မှ ထွက်လာခဲ့ပြီးနောက် သူကျောင်းသို့ တန်းမသွားခဲ့ချေ။ ထိုအစား ၀မ်ရန်ကို အိမ်သို့ ပြန်ပို့ပေးလိုက်၏။
"တီချယ်..သမီးဘာသမီး သွားလိုက်မယ်လေ..တော်ကြာ တီချယ် အလုပ်နောက်ကျနေပါဦးမယ်..."
"ငါက ရတယ်..မင်းဘာမင်း သွားချင်တယ်ဆို ငါလိုက်ပို့ပေးပြီးမှ ဘတ်စ်ကားနဲ့ ပြန်သွားပေါ့..."
"အာ....."
၀မ်ရန် ရှက်ရမ်းရမ်း သွားခဲ့ပြီး "တီချယ်က ဘာလို့ အကုန်လုံး သိနေရတာလဲတဲ့..."
"ငါလည်း ရမ်းပြောတာပေါ့ဟ...ဘယ်လိုလုပ် အကုန်လုံး သိနေမှာ..."
မိနစ်လေးဆယ်ခန့် မောင်းလာပြီးနောက် လင်းရီ ရှူကွမ်းခရိုင်သို့ ရောက်လာခဲ့လေသည်။
လမ်းတွင်တော့ လင်းရီ ထျန်းလုံကို ဖုန်းဆက်၍ ၀မ်ရန်၏ မိခင်ကို ဆေးရုံသို့ ပို့ရန် ကြိုပြောထားလိုက်သည်။
ဒုတိယအကြိမ်ဖြစ်သောကြောင့် လင်းရီ မောင်းနေသည်မှာ ချောချောမွေ့မွေ့ပင်။
သူတို့ကားကို မြင်သည့်လူတိုင်း ငါးမီတာခန့် ရှောင်ပေးကြပြီး မည်သူမျှ သူတို့ကားနား ကပ်မလာရဲကြပေ။
"တီချယ် သမီးအိမ်က တဲစုတ်လေးနော်....ဖြစ်ပါ့မလား..."၀မ်ရန် မရဲတရဲလေး မေးလိုက်၏။
"ငါ့အိမ်ဟောင်းတောင် မင်းတို့အိမ်လောက် မကောင်းဘူး...ဒါနဲ့ မင်းအ၀တ်တွေ ချွတ်တုန်းကတော့ အတော်လေး မြန်တယ်နော်..မင်းဒီလောက် အရှက်သည်းနေတာ တစ်ခါမှကို မမြင်ဖူးသေးတာ..."
"တီချယ်ကလည်း ဘာလို့ အဲ့တာတွေ ပြောနေတာ...မနေ့ညက သောက်ထားတယ်ဆိုတော့ သေချယ မစဉ်းစားမိလိုက်လို့ပါနော်။ "
၀မ်ရန် မျက်နှာလေး ရဲလျက် ပြန်ပြောလိုက်၏။
အိမ်သို့ ရောက်သည့်အချိန်တွင်တော့ လင်းရီ အပေါ်ထပ်ကို တစ်ချက် မော့ကြည့်လိုက်ပြီး "အပေါ်တက်ပြီး သွားကြည့်ရအောင် ..ဆေးရုံက ဆက်သွယ်လာပြီးပြီး..ကျန်တာ သူတို့ဘာသူတို့ ဆက်လုပ်ပေးလိမ့်မယ်..."
"ဟုတ်ကဲ့..ကျေးဇူးနော် တီချယ်..."
နှစ်ယောက်သား မသိလိုက် မသိစွာဖြင့် သွက်သွက်လျှောက်မိလိုက်ကြပြီး မကြာမီ တံခါးဝသို့ ရောက်သွားခဲ့သည်။ ၀မ်ရန် တံခါးဖွင့်လိုက်သည့် အချိန်တွင်တော့ အထဲ၌ လူတစ်ချို့ ရှိနေကြောင်း တွေ့လိုက်ရသည်။
လင်းရီ ထိုသူများကို တစ်ချက် အကဲခတ်ကြည့်လိုက်ပြီး သူတို့၏ အမူအရာများမှာ အတော်လေး စိတ်၀င်စားဖို့ ကောင်းနေကြောင်းတွေ့လိုက်ရ၏။
ထူးဆန်းသည်မှာတော့ မည်သူတစ်ဦး တစ်ယောက်ကမျှ လူနာလာကြည့်သူများနှင့် တူမနေချေ။
သိူ့သော်လည်း အိမ်၌ ရှိနေမှတော့ ၀မ်ရန်၏ ဆွေမျိုးသားချင်းများသာ ဖြစ်ပေလိမ့်မည်ဟုသာမှတ်ယူလိုက်သည်။
လင်းရီ ကျန်သူများကို အာရုံထားမနေတော့ပဲ အခန်းတစ်ဝိုက်ကို စူးစမ်းကြည့်လိုက်သောအခါ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ကုတင်ပေါ်၌ လဲလျောင်းနေကြောင်း တွေ့လိုက်ရ၏။ သူမ၏ အသားအရေမှာ ဖြူဖပ်ဖြုလျော်ဖြစ်နေပြီး ၀မ်ရန်နှင့် အတော်လေး ရုပ်ချင်းဆင်တူ လှသည်။
မှန်၏။ ၀မ်ရန်၏ မိခင်ပင်။
ထို့ပြင် ဧည့်ခန်းထဲ၌ တုတ်ကောက်တစ်ချောင်းနှင့် လမ်းလျှောက်မေသည့် အမယ်အို တစ်ဦးလည်း ရှိသေး၏။ ဇရာကြောင့် တစ်ခေါင်းလုံး ဖွေးဖွေးဖြူနေသော်လည်း ကြည်လဲ့နေသည့် မျက်လုံးများမှာ ပျိုမြစ်စဉ်အခါက အလှလေးတစ်ဦးဖြစ်ကြောင်း ပြောပြနေလေသည်။ ထိုအမယ်အိုကြီးကတော့ ၀မ်ရန်၏ အဘွားဖြစ်သူပင်။
လင်းရီ ၀မ်ရန်၏ အိမ်အနေအထားကို ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်လိုက်၏။ အကျယ်အ၀န်းမှာတော့ လေးဆယ် စတုရန်း မီတာပင် မပြည့်သောကြောင့် အတော်လေး ကျဉ်းကြုတ်သည်ဟု ဆိုရပေမည်။
"ရို...ရန်လေးတောင် ပြန်ရောက်လာပြီလား...သူက သမီးကောင် လေးလား..မဆိုးပါဘူး..ခပ်ချောချောလေးပဲ.."
ပြောလိုက်သူမှာတော့ ဆံပင်ကောက်ကောက်နှင့်သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီး တစ်ဦးဖြစ်ပြီး ဈေးထဲမှ အတင်းတုပ်တတ်သည့် အန်တီကြီးများ၏ အရှိန်အဝါကို ပိုင်ဆိုင်ထားလေသည်။
"သူက သမီးရဲ့ ဆရာလေ..အဒေါ်ကလည်း အထင်မလွဲပါနဲ့..."
ထို့နောက် ၀မ်ရန် လင်းရီကို သူမ မိသားစု၀င်များနှင့် မိတ်ဆက်ပေးလိုက်လေသည်။
"တီချယ် ဒါကကျတော့ သမီးရဲ့ အန်တီ ၀မ်ဖန်းတဲ့..ဟိုး ဘေးနားက ထိုင်နေတဲ့သူကျတော့ ၀မ်တုန်းဟိုင် ...သမီး ဦးလေးလေ..သူ့ဘေးကကျတော့ ၀မ်တရှန်း...ဘေးကလည်း သမီးဦးလေးပဲ"
"အန်တီကလည်း လာမယ်ဆိုကြိုပေပြာရောပေါ့ရှင်..သမီး တစ်ခုခု လုပ်ထားပေးမှာပေါ့..."၀မ်ရန် ချိုသာယဉ်ကျေးစွာ ပြောလိုက်လေသည်။
"အို...နေပါ...အပြင်လူတွေမှ မဟုတ်ပဲကို ..အဲ့လောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး.."
"ရန်လေး..အန်တီ ကြားထားတာတော့ နင် အလုပ်သစ် ရနေပြီဆို..အတော်လေး လစာ ကောင်းရောပေါ့..."
"အွန်း...ဒါပေမယ့် မဖြစ်စလောက်လေးပါ ဒေါ်ဒေါ်ရယ်...."
၀မ်ရန် အမှန်အတိုင်း ပြောပြလိုက်၏။
"ဘယ်လိုမဖြစ်စလောက်လေးလဲ.."၀မ်ဖန်း၏ မျက်လုံး အရောင် လက်လာခဲ့သည်။
"၈ ထောင်လောက်ပေါ့..."
၀မ်ရန်၏ လစာမှာ တစ်သောင်း ဖြစ်သော်လည်း ကွန်ပလိန်းများနှင့် ဟိုကာကွဲ ၊ ဒီဟာကျများ ထပ်ပေါင်းလိုက်သောကြောင့် ရှစ်ထောင်ခန့်သာ ကျန်ချေသည်။
"ကောင်းတာပဲ....အဲ့တာဆိုလည်း ဝေ့ဝိုက်မနေတော့ဘူး..."၀မ်ဖန်း ပြောလိုက်ပြီး "နင် အရင်တုန်းက ငါ့နားကနေ ၅ထောင် ချေးခဲ့သေးတယ်မလား..ခု နင့်မှာ ပိုက်ဆံရှိလာပြီဆိုတော့ ပြန်ပေးတော့လေ..."