← Chapters

အခန်း (၂၇၃)

Vol. 19 Ch. 273

အခန်း (၂၇၃)

Vol. 19 Ch. 273

၀မ်ရန် တစ်ခဏမျှ ကြက်သေသေသွားခဲ့၏။ အမှန်အတိုင်း ပြောရမည်ဆိုပါက သူမ မယုံကြည့်နိုင် ဖြစ်နေသည်ဟု ပြောလျင် ပိုမှန်ပေမည်။

သူမ နဂိုက တွေးထင်ထားသည်မှာ သူမ အမေကို လာကြည့်ခြင်း ဖြစ်မည်ဟု ထင်မှတ်ထား၏။ သို့သော်လည်း အကြွေးလာတောင်းခြင်း ဖြစ်နေလိမ့်မည်လို့တော့ ထင်မှတ်မထားခဲ့ချေ။

"မင်း အဒေါ်ရဲ့ ၅ထောင်တင် မကသေးဘူး..ငါ့ရဲ့၄ ထောင်ကောပဲနော်.."၀မ်တဟိုင်မှ အပြုံးလေးဖြင့် ပြောလာ၏။

"ဟင် ...၄ ထောင်..."

၀မ်ရန် ကြောင်အသွားပြီး "သမီး အမေ ဆေးရုံတင်ရတုန်းက ချေးခဲ့တာ ၃ထောင်တည်းလေ..ဘယ်လိုလုပ်ပြီး တစ်ထောင်တိုးသွားခဲ့တာ.."

"မင်းက ငယ်ပါသေးတယ်..ဘယ်လိုလုပ် လူကြီးတွေ ကိစ္စကို နားလည်မှာ..အဲ့တုန်းကတော့ မင်းချေးခဲ့တာ ၃ ထောင်တည်းဆိုပေမယ့် ဆေးရုံတက်တုန်းက ဒေါက်တာတွေကို ထမင်းကျွေးသေးတယ်လေ..အဲ့တာ တစ်ထောင်ကျော်လောက်ကျွတ်သွားတယ်...ဒါပေမယ့် တူမလေးဆိုတဲ့ မျက်နှာကြောင့် အစွန်းထွက်တွေကိုတော့ ထည့်တွက်မနေတော့ဘူး...င့ါကို ၄ထောင်ပဲ ပေးလိုက်ရင် အဆင်ပြေပြီ..."

"ဦးလေး..လာလိမ်မနေနဲ့..ထမင်းကျွေးတုန်းက သမီးလည်း အဲ့မှာ ရှိတယ်..ဘေလ်မှာ ရေးထားတာက ယွမ် ၅၀၀တည်း..."၀မ်ရန် မျက်တောင့် နီနီဖြင့် ပြောလိုက်၏။

၀မ်တဟိုင် ဘေးကျပ်နံကြပ်ဖြစ်သွားခဲ့၏။ ၀မ်ရန်မှ ဘေလ်ကို မြင်သွားလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

"မင်း ထင်နေသလို မဟုတ်ဘူး..အစားသောက်ဖိုးက ၅၀၀ တည်းဆိုပေမယ့် စားပွဲထိုးတွေကို ဟုန်ပေါင်း ပေးလိုက်တာက ၅၀၀လေ....အဲ့တာတွေကော ထည့်တွက်လိုက်ဦး....."

"ရှင်....ရှင်တို့တွေ တော်တော် တရားလွန်လာပြီနော်..."

၀မ်ရန် ဒေါသထွက်လွန်း၍ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ခါနေပြီး မျက်ရည်များမှာ ပါးပြင်ထက်သို့ စီးကျလာခဲ့သည်။ သူမ၏ ဆွေမျိုးသားချင်းများထံမှ ယခုလို သူစိမ်းဆန်သည့် စကားလုံးများ ပြောထွက်လာလိမ့်မည်လို့ ထင်ကို ထင်မထားခဲ့ချေ။

"တူမလေး..မငိုပါနဲ့ကွာ...ဦးလေးတို့လည်း ပြောချင်လို့ ပြောတာမှ မဟုတ်တာ..."ပြောလိုက်သူကတော့ ၀မ်ရန်၏ ဒုတိယ ဦးလေး ၀မ်တရှန်းပင်။

"ဒုတိယဦးလေး..ရှင်ကကော ဘာ၀င်ပါတာ..ကျွန်မ ရှင့်နား ချေးထားတာ ဘယ်နှစ်ပြား ရှိလို့လဲ..."

"ရှိတာကတော့ မရှိဘူး..ဒါပေမယ့် မင်းအမေ ဆေးရုံတင်တုန်းက မင်းရဲ့ ဒုတိယအဒေါ်က မင်းကို ‌အဖော်မလုပ်ပေးဘူးလား..အဲ့တာ ရေဖိုး ထမင်းဖိုး စုပေါင်းစပ်ကပေါင်း ၅၀၀ လောက် ကုန်သွားတယ်..ဒါပေမယ့် နင့်အခြေနေတွေကြောင့် မတောင်းဖြစ်ခဲ့တာ ခု နင့်မှာ ပိုက်ဆံရှိပြီဆိုတော့ ၅၀၀ လောက်လေးကို အရင်မပေးသင့်ဘူးလား..."

၀မ်ရန်၏ လစာမှာ ၈ ထောင်မျှပင်။ သို့သော်လည်း သူတို့အပေါ် အကြွေးတင်ထားသည်ကတော့ ကိုးထောင်ကျော်လောက်ရှိ၏။ ထို့ကြောင့် သူမ တခြားသူများကို အရင်ပေးလိုက်ပါက သူ့ ပိုက်ဆံ ပြန်ရလိမ့်မည် မဟုတ်ချေ။

ယခု ၀မ်ရန်အမေ၏ အခြေနေမှာ အတော်‌လေးဆိုးရွားနေ၏။ သူတို့သာ ယခုချိန် မတောင်းထားပါက အနာဂတ်‌တွင် တောင်း၍ ရတော့မည် မဟုတ်ပေ။

"ရှင်တို့..."

"တော်လောက်ပြီ..."

လင်းရီ ပြောလိုက်ပြီး "မင်းမှာ ပိုက်ဆံရှိတယ် မဟုတ်ဘူးလား..သူတို့ကို ပေးပြီး မြန်မြန်ပြန်ခိုင်းလိုက်တော့လေကွာ..ဘာတွေ စောင့်နေတာ..."

"ဟုတ်တယ် ဟုတ်တယ်..ပိုက်ဆံ အရင်ပေး..."

"ငါ့ ၄ထောင်က မင်းအဒေါ်လောက် မများဘူး..ပြီးတော့ မင်းအမေဆေးရုံမှာတုန်းကလည်း ဆေးရုံကိစ္စတွေကို ငါပဲ ဒိုင်ခံ လုပ်ပေးခဲ့တာနော်..ခြေထောက်တွေဆို လမ်းလျှောက်ရလွန်းလို့ အရည်ကြည်ဖုတောင်ထတယ်...မင်းရဲ့ ဒုတိယ ဦးလေးကို အရင်ပေးလိုက်တာက ပိုမကောင်းဘူးလား..."

"ဟိုကောင် နင်ဘာတွေ လာပြောနေတာ..."၀မ်ဖန်းမှ နှာခေါင်းရှုံ့လိုက်ပြီး "ငါက ရန်လေးကို ၅ထောင် လုံးခနဲ ပေးလိုက်တာ..နင့်လို ဖဲ့ပေးတယ်များ မှတ်နေလား...သူသာ ပေးမယ်ဆို အရင်ရသင့်တဲ့သူက ငါပဲ ဖြစ်ရမှာမဟုတ်လား..."

မောင်နှမသုံးယောက်လုံးမှာ အကြံတူဉာဏ်တူဖြစ်နေလေသည်။

မည်သူမဆို အရင် ရချင်နေကြသည်။

၀မ်ရန် စိတ်ထဲလွန်စွာ ဝမ်းနည်းသွားပြီး မျက်ရည်များ သုတ်ကာ "အဒေါ်..ဦးလေး..ဒုတိယဦးလေး..ကျွန်မ ရှင်တို့ကို အကြွေးတင်ထားတယ်ဆိုပေမယ့် ခုချိန်က ကျွန်မအမေ အသည်းအသန် ဖြစ်နေတဲ့ အချိန်ကြီး လေ...နောက်ကျ ရှင်တို့ မတောင်းလည်း ပေးမှာပါ....ဒါ‌ပေမယ့် ရှင်တို့ ဘာလို့ ဒီလိုအချိန်ကြီးကျမှ လာတောင်းရက်ကြတာလဲ ..."

"ငါတို့လည်း မတောင်းချင်ပါဘူးဟယ်..ဒါပေမယ့် အရေးတကြီး ငွေလိုနေလို့..မဟုတ်ရင် တောင်းခိုင်းရင်တောင် မတောင်းဘူး.."၀မ်ဖန်း ပြောလိုက်၏။

"ဟမ့်....ရှင်တို့ အကြံကို မသိဘူးများ မှတ်မနေနဲ့..အမေ့ကို ဆေးရုံတင်လိုက်ရင် ကျွန်မနား ပိုက်ဆံ ပြန်တောင်းလို့ မရမှာ ဆိုးလို့ မဟုတ်လား.."

"အဲ့လိူ မဟုတ်ပါဘူး..ဒါပေမယ့် နင်က အဲ့လိုထင်နေတယ်ဆိုရင် ငါတို့လည်း ဘာမှ မတတ်နိုင်ဘူး..ပိုက်ဆံသာ ပေးလိုက်..ငါတို့ နောက် လာလည်းမလာတော့ဘူး"၀မ်တဟိုင်မှ ပြောလိုက်သည်။

"ဒါပေမယ့် ရှင်းအောင် ပြောထားမယ်နော်..မင်းငါ့ကို အရင်ပေးရမယ်..မဟုတ်ရင် ဆေးရုံထိ ပိုက်ဆံ လိုက်တောင်းမှာ..."

၀မ်ရန် ကျဆင်းနေသည့် မျက်ရည်များကို လက်ဖြင့် ပြန်သပ်လိုက်ပြီး လက်ဆွဲသေတ္တာကို ဖွင့်လိုက်သည်။

"ဒါ...."

အထဲတွင် ရှိနေသော ယွမ်ငွေ အထပ်လိုက်ကိုလည်း မြင်တော့ ၀မ်ဖန်းတို့တစ်တွေ အံ့အားသင့်သွားခဲ့ကြ၏။

သူတို့ တစ်ဘ၀လုံး ယခုလောက် များပြားသည့် ငွေပမာဏကို မြင်ရန်ဝေးစွ စိတ်ပင် မကူးဖူးကြ‌ ချေ။

"ရန်..ရန်လေး နင်ဒီငွေတွေ ဘယ်ကနေ ရခဲ့တာ..."

"ဒါ ကျွန်မကိစ္စလေ ..ရှင့်အပူပါလို့လား.."

၀မ်ရန် အထဲမှ ယွမ်တစ်ရာတန် တစ်အုပ်ကို ထုတ်လိုက်ပြီး အကြွေ ငါးရာကို ထုတ်လိုက်လေသည်။ "ရော့ ဒီမှာ ရှင်တို့ရဲ့ငွေ ၉,၅၀၀ ..ကိုယ့်ဘာကိုယ်ပဲ ခွဲယူလိုက်ကြ..ခုကစပြီး ကျွန်မ‌တို့အားလုံး သူစိမ်းတွေ ဖြစ်သွားပြီ...ကျွန်မရဲ့ အိမ်ရိပ်ကိုတောင် လာမနင်းနဲ့တော့ .."

ပိုက်ဆံ ရပြီးနောက် ၀မ်ဖန်းနှင့် ကျန်သူများမှာ ခွဲဝေရန် စိတ်ကူးမရှိကြသေးပဲ ပိုက်ဆံ သေတ္တာ၌သာ စိတ်ရောက်နေကြသည်။

"ရန်လေးကလည်း..ဘာလို့ အဲ့လောက် သူစိမ်းဆန်တဲ့ စကားတွေ ပြောနေတာတုန်း..သမီးအမေတွက် အရေးတကြီး လိုတယ်ဆိုရင်လည်း ယူထားလိုက်လေ..အန်တီတို့က နားမလည်ပေးတတ်တဲ့ သူတွေကျနေတာပဲ..."

ထိုသို့ ပြောလိုက်သော်လည်း သူမလက်ထဲမှ ပိုက်ဆံကိုတော့ ကျစ်ကျစ်ပါအောင်ဆုပ်ထား၏။ သူမ ကြားကောင်းရုံသာ ပြောလိုက်ခြင်းဖြစ်သည်။

"ရှင်တို့ရဲ့ မသထာတဲ့ ငွေတွေကို လိုလည်း မလိုချင်ဘူး..ခုချက်ချင်း ကျွန်မအိမ်ပေါ်ကနေ ဆင်းသွားလိုက်တော့..."

သုံးယောက်လုံး အရှက်ရသွားကြပြီး ပိုက်ဆံကိုယ်စီကိုင်ကာ အိမ်ပေါ်မှ ဆင်းသွားကြ၏။

သိူ့သော်လည်း မထွက်ခွာမီ သူတို့ မျက်လုံးများက ပိုက်ဆံသေတ္တာကြီးကို တစ်ခဏမျှ စိုက်ကြည့်နေလိုက်သေး၏။ ထားခဲ့ရမှာကို အတော်လေး နှမြောနေဟန်ပင်။

ရွှေမျိုးများ ထွက်ခွာသွားပြီးနောက် အိမ်မှာ တိတ်ဆိတ် ငြိမ်သက်သွားပြီး ၀မ်ရန်အဘွားမှာ တုတ်ကောက်လေးနှင် သူမထံ ရောက်လာလေသည်။

"ရန်ရန် ..ဒီပိုက်ဆံတွေက ဘယ်ကနေ ရခဲ့တာလဲ..သန့်ကော သန့်ရဲ့လားအေ..မြေးက ငယ်ငယ်လေး ရှိသေးတာ..မကောင်းတာ‌တွေ မလုပ်ရဘူးနော်.."

"အဘွားကလည်း သမီး တီချယ်လင်းနားကနေ ခဏချေးထားတာပါ..နောက်ကျ သူ့ကုမ္ပဏီမှာ အလုပ်ပြန်ဆင်းပြီး ဖြေးဖြေးချင်း ပြန်ပေးရမှာ..."

"အိုး...အဲ့လိုလား..."

"ရန်ရန်..."

၀မ်ရန်၏ မိခင် လေသံတိုးတိုးလေးဖြင့် ခေါ်လိုက်သည်။

"အမေ ..လှဲနေလေ..ထမလာနဲ့.."၀မ်ရန် ပြောလိုက်၏။

"မြန်မြန်..သမီးရဲ့ ဆရာကို ကျေးဇူးတင်လိုက်လေ.."

"သမီး တီချယ့်ကို ကျေးဇူးတင်ပြီးပါပြီ အမေရဲ့..."

"ရပါတယ် အန်တီ.."လင်းရီ အပြုံးလေးဖြင့် လျှောက်လာခဲ့ပြီး "ဒီငွေတွေက သန့်ရှင်းပါတယ်..ရန်ရန်က ခဏချေးတာပါ...နောက်ကျ သူကျွန်တော့်နား အလုပ်ပြန်ဆင်းပြီးတော့ ပြန်ဆပ်ရမှာ ဆိုတော့ စိတ်ချလက်ချသာ သုံးပြီးတော့ ဆေးကုလိုက်ပါဗျ..."

"ကျေးဇူးပါကွယ် ဆရာလေးရယ်..ကျေးဇူးပါ..."၀မ်ရန် မိခင်မှာ ပီတိ မျက်ရည်များ စီးကျလာခဲ့တော့၏။

သူမ၏ သမီးဖြစ်သူမှာ နောက်ကျ ပြန်ဆပ်မည်ဟု ဆိုသော်လည်း နှစ်ဦးမှာ ဆွေမျိုးတော်စပ်ခြင်းမရှိ။ သို့တိုင်အောင် ထိုမျှ များပြားသည့် ငွေကို ချေးပေးလိုက်ခြင်းမှာ အကူညီ အကြီးစားကြီး ပေးလိုက်ခြင်းပင်။

မကြာမီ ဆေးရုံကား ရောက်လာခဲ့ပြီး ၀မ်ရန်၏ မိခင်ကို ခေါ်တင်သွားတော့၏။

ငွေ၏ အစွမ်းသတ္တိဖြင့် အရာရာမှာ ချောချောမွေ့မွေ့ ဖြစ်သွားပြီး မနက်ဖြန် ဆိုလျင် ခွဲစိတ်ခန်း ၀င်လို့ ‌ရချေပြီ။

၀မ်ရန်မှာ သူ၏ ကျောင်းသူဖြစ်နေသောကြောင့် လင်းရီလည်း ဆေးရုံးကူစောင့်ပေးလိုက်၏။ မဟုတ်ပါက ထို ငတူံးမလေးမှာ ဘာတစ်ခုမျှ လုပ်တတ်လိမ့်မည် မဟုတ်ချေ။

ယနေ့ လွတ်သွားသည့် အတန်းများ အတွက်ကတော့ လင်းရီ မနက်ဖြန်မှ အစားထိုး ပြန်၀င်လည်း ရသည်။

တက္ကသိုလ်၌ ထိုသို့ ပြုလုပ်ရန် အ‌ခွင့်ရေးရရှိထားသူမှာ လင်းရီ တစ်ဦးတည်းသာ ရှိ၏။ ကျန်သူများ ဤသို့ လုပ်ပါက အထုပ်ပြင်၍ တစ်ခါတည်း ဂျောင်းရပေမည်။

ညနေ ၆ နာရီ ထိုး၊ နောက်ဆုံးရလဒ် ထွက်လာသည့် အချိန်မှသာ ၀န်ရန်လည်း သက်ပြင်းချနိုင်တော့သည်။ အခြေနေမှာက လုံး၀ အဆိုးကြီး မဟုတ်သေးချေ။

သူမတို့ မနက်ဖြန် ခွဲစိတ်မှုအတွက် ဆုတောင်းရုံသာ ကျန်တော့သည်။

"ဥက္ကဌလင်း..."

လင်းရီ ဆေးရုံးစောင့်နေတုန်း ထျန်းလုံနှင့် ဟိုတယ်မှ တာ၀န်ရှိသူများ သစ်သီးခြင်း ကိုယ်စီကိုင်ကာ ရောက်လာခဲ့ကြ၏။

"မင်းတို့က ဒီဘာလာလုပ်ကြတာ.."

၀မ်ထျန်းလုံ ရယ်မောလိုက်ပြီး "ကျွန်တော်တို့လား...ကူညီနိုင်တာ ရှိမလား လာကြည့်ရင်းနဲ့ လာခဲ့တာလေ.."

လင်းရီ ငိုရအခက် ရယ်ရအခက် ဖြစ်သွားခဲ့သည်။

ထျန်းလုံ၏ ဖော်လေးဖား စွမ်းရည်မှာတော့ လုံး၀ကို ဩချရလောက်၏ ။သူပင် ထိုကောင့်ထံမှ ပြန်သင်ရမလို ဖြစ်နေလေသည်။

"အစ်ကို၀မ် ကျေးဇူးပါရှင့်.."

၀မ်ရန်မှ ထ၍ ကျေးဇူးတင်လိုက်၏။

"ရပါတယ်...အချင်းချင်းတွေပဲလေ..." ၀မ်ထျန်းလုံ အပြုံးလေးဖြင့် ပြောလိုက်လေသည်။

လင်းရီ နှုတ်ခမ်းများ ကွေးညွှတ်သွား၏။

ဒီကောင်ကတော့ တွေ့သမျှ ကောင်မလေးတိုင်း ငါ့အပိုင်မှတ်နေလား မသိပါဘူး...

"ကောင်းပြီ..မင်းတို့ ပစ္စည်းတွေ ထားပြီးရင်လည်း ပြန်ကြတော့ ..လူနာက အိပ်မောကျနေတာ..မနှောင့်ယှက်ကြနဲ့..."

"ဟုတ်ကဲ့ဘော့စ်....အဲ့တာဆို ကျွန်တော်တို့ အရင်သွားတော့မယ်ဗျ..."

၀မ်ထျန်းလုံနှင့် ကျန်သူများ ထွက်သွားကြပြီးနောက် လင်းရီနှင့် ၀မ်ရန်တို့လည်း ဆေးရုံထဲမှ ထွက်လာခဲ့ကြ၏။

ညချမ်းအခါတွင်တော့ ကောင်းကင်တွင် ကြယ်များ စုံလင်နေပြီး ဆေးရုံမှာလည်း ငြိမ်သက်တိတ်ဆိတ်နေလေသည်။

"တီချယ်လင်း..သမီးကို အများကြီး ကူညီပေးတဲ့အတွက် ကျေးဇူးပါနော်.."၀မ်ရန် ပြောလိုက်ပြီး "တစ်နေ့လုံး ကူညီပေးထားတော့ ထမင်းတောင် မစားရသေးဘူးမလား..သမီး တီချယ့်ကို တစ်ခုခု ၀ယ်ကျွေးမယ်လေ..."

"အင်း..ဟိုလိုကြီး သိပ်မဆာပါဘူးကွာ.."လင်းရီ အလှမ်းသိပ်မဝေးသော မေရာ၌ ရပ်ထားသည့် လမ်းဘေးဆိုင်လေးတစ်ဆိုင်ကို ညွှန်ပြလိုက်ပြီး "ပန်ကိတ်တစ်ခုလောက်ဆို လုံလောက်ပြီ..."

သူတို့ အပြင်ထွက်ပြီး ၀ယ်စားနေပါက အချိန်အကြာကြီး ကုန်သွားလိမ့်မည်။ အချိန်ပြည့် အနီးကပ် စောင့်‌ရှောက်မည့် သူနာပြုများ ရှိနေသော်လည်း ၀မ်ရန် သူမအမေကို စိတ်မချ ဖြစ်နေလေသည်။ ထို့ကြောင့် လင်းရီလည်း နားလည်စွာဖြင့် စားသောက်ဆိုင်သို့ သွားစားရန် ပြောမနေတော့။

"ဟုတ်..ခဏစောင့်ဦးနော်..သမီးခုပဲ သွား၀ယ်ပေးမယ်..,"

၀မ်ရန် ပြောလိုက်ပြီး ပန်ကိတ်ဆိုင်လေးသို့ ပြေးသွားခဲ့၏။ သူမမျက်စိထဲတွင်တော့ ထိုပန်ကိတ် ရရှိရေးကိုသာ ဦးစားပေးနေပြီး တစ်ကမ္ဘာလုံးကို ခေတ္တမျှ မေ့လျော့သွားတော့သည်။

ထို့နောက် သူမ သစ်သီးပန်ကိတ် နှစ်ခုနှင့် ရေသန့်တစ်ဘူး ၀ယ်ခဲ့လိုက်၏။

နှစ်ယောက်သား လှေကားထစ်‌များပေါ်တွင် ထိုင်ချလိုက်ကြပြီး ၀မ်ရန်ကတော့ ပန်ကိတ်ကို ဖြည်းဖြည်းချင်း ကိုက်စားနေလေသည်။ သို့သော်လည်း လင်းရီကတော့ ဘာမျှ ဟန်ဆောင်ပန်ဆောင် လုပ်မတော့ပဲ ပါးစပ်ကျယ်ကျယ်ဟ၍ တစ်လုတ်တည်း အပြီး သွပ်လိုက်တော့၏။

၀မ်ရန် နှလုံးသားလေးကတော့ ကဆုန်ပေါက်နေလေသည်။ လင်းရီ၏ လုပ်ဖော်ကိုင်ဖက်များမှလွဲ၍ ‌သူမမှာ တီချယ်လင်းနှင့် ညစာအတူစားဖူးသည့် ပထမဆုံး ကျောင်းသူ ဖြစ်ရပေမည်။

"တီချယ်..သမီးအဖေကလွဲရင် တီချယ်က သမီးအပေါ် အကောင်းဆုံး လူတစ်ယောက်ပဲသိလား..."၀မ်ရန် အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။

"အမ်...အဲ့တော့ ဘာဖြစ်လို့လဲ...ပြောင်းခေါ်ချင်လို့လား..."

All Chapters