← Chapters

အခန်း(၂၇၄)

Vol. 19 Ch. 274

အခန်း(၂၇၄)

Vol. 19 Ch. 274

"မ..မဟုတ်ပါဘူးနော်.."

၀မ်ရန် ရှက်သွေး ဖြန်းသွားပြီး သူမ စားတော့မည့် ၀က်အူချောင်းလေး မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

"ငါ့ကို လန့်အောင်လုပ်နေတာပဲ..တကယ်လို့ အဲ့လိုအတွေးမျိုး ရှိနေတယ် ဆိုရင်တော့ နှစ်သစ်ကူးကျ ဟုန်ပေါင်း ပေးရတော့မယ်..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး

"ဒါကေမယ့် မင်းက ကျောင်းရဲ့ အလှလေး မဟုတ်ဘူးလား...သေချာပေါက် လိုက်ကြိုက်တဲ့သူ‌ တွေ ရှိမှာပေါ့..."

၀မ်ရန် အနည်းငယ် ရှက်ရွံ့သွားခဲ့ပြီး "သမီး မိသားစုက ဆင်းရဲတော့ ဘယ်သူကမှ လိုက်မကြိုက်ကြဘူးလေ..."

"ပုံမှန်ပါပဲ.."လင်းရီ ပြောလိုက်ပြီး "ခေတ်ကြီးက မိန်းကလေးကယောက်ျားလေးရဲ့ အခြေနေ ဘယ်လိုရှိလဲဆိုတာ ကြည့်တဲ့ခေတ် မဟုတ်တော့ဘူး..ပြောင်းပြန် ဖြစ်သွားပြီ..."

"ဒါပေမယ့် တီချယ်ကတော့ သမီးကို မဖယ်ကြဥ်ဘူးမလား..."

"ဘာဆိုင်လို့ ဖယ်ကြဉ်ရမှာ..."

"ဟီးဟီး အဲ့တာကြောင့်ပဲ တီချယ့်ကို လေးစား‌နေရတာလေ..."၀မ်ရန် ပြောလိူက်ပြီး "မပူနဲ့ တီချယ်..သမီး နောက်ကျရင် အလုပ်ကြိုးစားမယ်..အပျင်းမတစ်နေဘူး..."

"အေးပါ..အဲ့လိုလေးပြောတာကိုပဲ ၀မ်းသာလှပါပြီ..."

ထို့နောက် လင်းရီ ပါးစပ်အပြည့် ရေတစ်ငုံသောက်လိုက်သည်။ ထို့နောက် တင်ပါးကို ဖုန်ခါခပ်ပြီး ထွက်ခွာရန် ပြင်လိုက်လေသည်။

"ကဲ..ငါ အရင်သွားတော့မယ်..မင်းကတော့ ဒီမှာပဲ နေခဲ့လိုက်ပေါ့..."လင်းရီ ပြောလိုက်ပြီး "ကျောင်းကို ခွင့်တိုင်ထားပေးမယ်..မနက်ဖြန် အန်တီ ခွဲစ်တ်ပြီးသွားရင် ပြန်ပြောဦး.."

"ဟုတ်ကဲ့ပါ..ကျေးဇူးပါရှင့် တီချယ်..."

၀မ်ရန် လင်းရီကို လေးနက်စွာ ဂါ၀ရ ပြုလိုက်လေသည်။

"ကောင်းပြီ ပြန်တော့..ဒီတစ်နေ့လုံး မင်းနားကနေ ကျေးဇူးတင်စကား ကြားနေရတာ ပင်ပန်းသလိုတောင် ဖြစ်လာပြီ..."

"ဟုတ်..."

လင်းရီ လက် တာ့တာပြ၍ ထွက်သွားတော့မည့် အချိန်တွင် ၀မ်ရန် နောက်မှနေ၍ သူ့ကို ရပ်တန့်လိုက်ပြီး "တီ..တီချယ့်ကို တစ်ခုလောက် မေးချင်လို့..."၀မ်ရန် မဝံ့မရဲလေး ပြောလိုက်၏။

"ဘာလဲမေးမှာ..."

"သမီး မက်ထရိုပိုလစ်မှာ အလုပ်လုပ်တုန်းကလေ ဧည့်သည်တွေ အများကြီးနဲ့ တွေ့ခဲ့တယ်..သူတိူ့က ဘေးနားက မမတွေ သူတို့ကို ဒယ်ဒီလို့ ခေါ်ရင် အရမ်း သဘောကျတာပဲကော်... "

"အဲ့တော့..."

"တကယ်လို့ တီချယ် သဘောကျတယ်ဆိုရင် သမီးလည်း အဲ့လို ခေါ်ပေးမယ်လေ..တီချယ် ပျော်ရင်ကို ကျေနပ်ပါပြီ..."

လင်းရီ :"....."

မဟုတ်မှလွဲရော မိန်းကလေးတိုင်းရဲ့ အတွင်းစိတ်က လွှမ်းမိုးခံချင်နေတာများလားဟ..

"ငါ့မှာ မင်းလို သမီးလေး မရှိဘူး..."

ထိုသို့ ပြောပိးနောက် လင်းရီ ကားမောင်း ထွက်သွားတော့၏။

"ဟွန့်..သူများကဖြင့် ၂၀ ပြည့်နေပြီကို ဘာငယ်တာလဲ.."

သို့သော်လည်း မကြာမီပင် လင်းရီ သူမ၏ အသက်ကို ပြောသွားတာ မဟုတ်ကြောင်း သတိထားမိသွား၏။

သူမ ရင်ဘက်ကို စမ်းကြည့်၍...

B- cup က အနေတော်လောက်ပဲ မဟုတ်လား...

........

လင်းရီ ဆေးရုံမှ မောင်းထွက်လာပြီးနောက် အိမ်သို့ တန်းမပြန်ခဲ့ပေ။ ထိုအစား ဟွာချင်းရေကန်သို့ ဦးတည်လိုက်သည်။

သူ အင်ပါယာကတ် ပြုလုပ်ထားသောကြောင့် ထိုကတ်ကြီးကို ဘာမျှ မသုံးပဲ ထားပါက ဖြုန်းတီးရာ ကျလွန်းလှ၏။

လင်းရီ သက်တောင့်သက်သာ ဖြစ်စွာ ရေချိုးနေပြီး နောက်တွင်တော့ အကိတ်မလေး တစ်ဦးမှ သူ့ခြေထောက်နှင့် ကျောကို နှိပ်နယ်ပေးနေလေသည်။ တစ်ချိန်တည်းတွင် သူမ မျက်နှာ၌ maskလည်း ကပ်ထားပေးသေး၏။ ၀န်တောင်မှုကတော့ အပြည့်ပင်။

ကလင် ကလင် ကလင်

ထိုအချိန်တွင် လင်းရီ ဖုန်းသံ မြည်လာခဲ့ပြီး လုရင်းမှ ခေါ်လာခဲ့ခြင်းပင်။

"မစ္စတာလင်း..အိပ်နေတာလား.."တစ်ဖက်မှ လုရင်း၏ ချိုမြိန်သောအသံမှာ နားထဲသို့ ၀င်ရောက်လာလေသည်။

"အိပ်တာလား မအိပ်တာ‌လား မေးမနေနဲ့..ဖုန်းဆက်လိုက်တဲ့ ကိစ္စကို အရင်ပြော..."

"ကိစ္စကတော့ ဒီလိုပါ..ကျွန်မနဲ့ အစ်ကိုစွန်းတို့ ခု ဝါရှင်တန်လေဆိပ်မှာ..မနက်ဖြန်လောက် ကျိုးဟိုင်ကို ပြန်ရောက်ပြီလို့ သတင်းပို့တာပါရှင့်..."

"လောစရာ မလိုဘူး..မင်းတို့လည်း လေယာဉ်စီးခဲ့တော့ ပင်ပမ်းနေရောပေါ့...အိမ်မှာ လေးငါးရက်လောက် အနားယူလိုက်ကွာ..."

"တော်ပြီ..မစ္စတာလင်းနဲ့ ယှဉ်ရင် ကျွန်မတို့ ပင်ပမ်းဒါက ဘာမှ မပြောပလောက်ပါဘူး..."

"ငါလား..ဘယ်နားက အလုပ်ကြိုးစားနေလို့လဲ..ခု‌ လေးတင် မျက်နှာ ပေါင်းတင်ရင်းနဲ့ ခြေထောက်အနှိပ်ခံနေတာ...."

လုရင်း :"...."

"တကယ်တမ်းကျတော့ မျက်နှာ ပေါင်းတင်ပြီး ဖုန်းပြောရတာကလည်း အရမ်း ခက်ခဲတဲ့ အလုပ်ပဲလေ..."

လုရင်း ထိုသို့ ပြော၍ သူမကိုယ်သူမ ဖြေသိမ့်လိုက်ရသည်။

"ဒီလိုဆိုရင်ကော..မင်းတို့ လေယာဉ်ဆင်းတာနဲ့ တစ်ယောက်ယောက်ကို လာကြိုခိုင်းလိုက်မယ်..အိမ်မှာ ခဏလောက် နားပြီးတော့မှ အပမ်းဖြေဖို့ တစ်နေရာ ခေါ်သွားပေမယ်လေ...အသေးစိတ်ကိုတော့ နောက်မှ ပြောကြတာပေါ့..."

"အွန်း..အဲ့အကြံလေး မဆိုးဘူး..."

လုရင်း ဖိုတိုလီတိုဂရပ်ဖီစက် ပရောဂျက်နှက့် ပတ်သက်၍ စိုးရိမ်နေသော်လည်း အရမ်းကြီး အလောသုံးဆယ် လုပ်၍ မဖြစ်ချေ။ ပြင်ဆင်ခြင်းမှာလည်း ပုဆိန်တွေးခြင်း တစ်မျိုးဖြစ်သောကြောင့် ထင်းခုတ်သည့် အချိန်၌ မကြန့်ကြာမှာ ဖြစ်သည်။

အချိန်တိုလေးအတွင်း တစ်ကမ္ဘာလုံးအနှံ့ လျှောက်သွားရသည်မှာ အမှန်ပင် စိန်ခေါ်မှုကြီးမားသည့် ကိစ္စတစ်ရပ်ဖြစ်၏။

နောက်တစ်နေ့ နံနက်တွင်တော့ လင်းရီ ကျောင်းသိူ့ မောင်းသွားလိုက်၏။

မစ်ရှင် ပြီးမြောက်နှုန်း ပြသည့် ဇယားတွင်တော့ (၁၇/၂၀)ဖြစ်နေပြီး မနေ့က လွတ်သွားသည့် နှစ်ချိန်ကို ပေါင်းထည့်ပါက (၁၉/၂၀)ဖြစ်သွားပေလိမ့်မည်။

မနက်ဖြန်တွင် အတန်းတစ်ချိန် ၀င်စရာ ကျန်သေး၏။ အကယ်၍ ပလန်အတိုင်းသာ ဖြစ်သွားမည်ဆိုပါက မနက်ဖြန်တွင် ကျောင်းဆရာအလုပ်၏ အန္တိမ မစ်ရှင်မှာ ပြီးမြောက်သွားပေလိမ့်မည်။ ထိုအကြောင်း စဉ်းစားလိုက်သည်နှင့် လင်းရီ အတော်လေး စိတ်လှုပ်ရှားနေတော့သည်။

အတန်းပြီးနောက် လင်းရီ ရှောင်ထျန်နှင့် ဂိမ်းအတူဆော့ပေးလိုက်ပြီး သူမကို စိန်အဆင့်သို့ ရောက်အောင် ကယ်ရီပေးလိုက်လေသည်။

‌နေ့လည်ခင်းတွင်တော့ ၀မ်ရန် ဝီချက် မှတစ်ဆင့် ဆက်သွယ်လာပြီး သူမ အမေ၏ ခွဲစိတ်မှုမှာ အောင်မြင်သွားပြီဖြစ်ကြောင်းနှင့် သူ့ကိုလည်း ကျေးဇူးတင်ကြောင်း ပို့လာခဲ့သည်။

ရိုးရှင်းစွာ တုန့်ပြန်ပြီးနောက် လင်းရီဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။

ထို့နောက် လင်းရီ လုရင်းနှင့် စွန်းဖုယွီတို့ကို သွားကြိုလိုက်လေသည်။

နှစ်ယောက်မှာ ယခုလို ထွက်လာဖို့ အတွက် အတော်လေး အားစိုက်ထုတ်ထားကြောင်း ပေါ်လွင်နေပေသည်။အထူးသဖြင့်‌တော့ လုရင်းပင်။ သူမ ဒူးလောက်ရှည်သည့် ဂျင်းစကက်ကို ၀တ်ဆင်ထားပြီး အဝါဖျော့ဖျော့ ဘလောက်စ်အင်္ကျီပေါ်တွင် နေကာ မျက်မှန် အမည်းကို ချိတ်ဆွဲထား၏။ မည်သူကမျှ သူမကို သိပ္ပံနှင့် သုတေသန နယ်ပယ်မှ အမျိုးသမီးတစ်ကြောင်း ပြောနိုင်လိမ့်မည် မဟုတ်ချေ။

စွန်းဖုယွီကတော့ ထုံးစံအတိုင်း သူ၏ ဖက်ရှင်ဟောင်းကြီးကိုသာ ၀တ်ဆင်ထားလေသည်။

"နိုင်ငံကနေ ထွက်ပြီးတော့ အတော်လေး အမြင်ကျယ်လာကြပုံပဲ..ဒီဇိုင်းတွေ ဘာတွေ ပြောင်းထားကြတယ်ဆိုတော့..."

စွန်းဖုယွီ ရယ်မောလိုက်ပြီး "ဒါပေါ့ဗျ...ဒါတွေ အားလုံးက လေဆိပ်ကနေ ၀ယ်ခဲ့တာနော်..နာမည်ကြီးတဲ့ ဘရန်းတွေကြီးပဲ..."

"ဘရန်ူအကြီးစားကြီးတွေက သက်တံ အင်္ကျီဒီဇိုင်းထုတ်မှန်း ငါမသိပါလားကွ.."

ကြည့်ရသလောက်တော့ နိုင်ငံတွင်းရှိ သုတေသနပညာရှင်များသာမက ပြည်ပနိုင်ငံရှိ ပညာရှင်များကပါ ထို သက်တံအင်္ကျီကို သဘောတွေ့ကြပုံပင်။

"အာ..ဘော့စ်ကလည်း ကျွန်တော့် ဒီဇိုင်းကို မကြည့်နဲ့လေ..လုရင်းရဲ့ ၀တ်စုံကိုပဲ ကြည့်လိုက်..မလန်းဘူးလား...."

စွန်းဖုယွီ ပြောလိုက်၏။

"အင်း မဆိုးပါဘူး..ဒါပေမယ့် ခဏနေကျ ချွတ်ရမှာ ဆိုတော့ အလကားပါပဲ.."

"အာ...."

လုရင်း မျက်နှာ ရှက်သွေးဖြန်းသွားခဲ့သည်။

မစ္စတာလင်းက ဘာတွေ ပြောနေတာလဲတဲ့...

"‌ဘော့စ်..ကျွန်တော်ရှောင်ပေးရဦးမလား..."

"မလိုဘူး..မင်းက ဘေးကနေ ရပ်ကြည့်နေ..."လင်းရီ ပြောလိုက်၏။

"ကျုပ်က လက်ထပ်ပြီးသားလေဗျာ...ချွေးမလည်း မလိုတော့ဘူး..ဘာလို့ ရပ်ကြည့်ရမှာတုန်းဗျ..."

"ရပ်ကြည့်ရတာ ပိုပြီး စိတ်လှုပ်ရှားဖို့ မကောင်းဘူးလား...."

စွန်းဖုယွီ တံတွေးမျိုချလိုက်၏။

ဘော့စ်အတွက်တင် စိတ်လှုပ်ရှားဖို့ ကောင်းတာ မဟုတ်ဘူး..နားထောင်ရတဲ့ ကျွန်တော်တောင် ရင်တလှပ်လှပ် ဖြစ်လာပြီ...

လင်းရှ သူတို့နှစ်ယောက်ကို တင်ဆောင်၍ ဟွာချင်းရေကန်သို့ ခေါ်သွားလိုက်လေသည်။

စွန်းဖုယွီ ကြည့်လိုက်ပြီး "ဘော့စ်..ကျွန်တော်ထင်သာ မှန်မယ်ဆိုရင် ဒါက ကျိုးဟိုင်မှာ အကြီးဆုံး ရေချိုးတဲ့ နေရာကြီးမလာ..."

"အက်လယ့် ဘယ်ဆိုးလို့..ဒါတွေလည်း သိတာပဲလားဟ.."

စွန်းဖုယွီ ရယ်မောလိုက်ပြီး "ဘယ်နားကသာဗျာ..ကျွန်တော်လည်း သူများနား ကြားဖူးတာပါ..၀န်တောင်ခက ဈေးကြီးလွန်းတယ်..ကျွန်တော်တော့ မတတ်နိုင်ဘူး..."

"ဖက်ခ်..."လင်းရီ အားမလို အားမရ ဖြစ်သွားခဲ့ပြီး "ဘာ သဘောလဲကွ...ငါမင်းကို ရေချိုးဖို့ တစ်လ ယွမ်နှစ်သောင်း ထုတ်ပေးမယ်...လုံရှင်းစင်တာရဲ့ ဒါရိုက်တာက အပမ်းဖြေဖိုးလောက်လေးတောင် မတတ်နိုင်ဘူးဆိုရင် မဟုတ်သေးဘူးလေကွာ....ဒါငါ့မျက်နှာ ဖြတ်ရိုက်လိုက်တာ ပဲ မဟုတ်လားကွ."

လုရင်း "....."

ရေချိုးစရိတ်ဆိုပဲ...

ဒဏ္ဍာရီထဲက အာမခံငါးခုနဲ့ ရွှေနှစ်ချောင်းဆိုတာ ဒါကိုပြောတာလား.

လင်းရီ လုရင်းကို တစ်ချက်ကြည့်လိုက်ပြီး "မင်းကော အနှိပ်ခံလေ့ရှိလား..ရှိရင် မင်းကိုလည်း ဘတ်ဂျက် ချပေူမာ်လေ..."

"ဟင့်အင်း..ကျွန်မက ပုံမှန်ဆို အိမ်မှာပဲ ချိုးတာ..ဒီလို နေရာတွေ လာလေ့မရှိဘူး..."

သူမမှာ သိပ္ပံနှင့် သုတေသန နယ်ပယ်မှ မိန်းကလေးဖြစ်သောကြောင့် ယောက်ျားလေးများနှင့် ထိတွေ့ဆက်ဆံနေကျဖြစ်သော်လည်း ယခုလို ကိစ္စမျိုးနှင့် စပ်လျဉ်း၍ကတော့ ဆတ်ဆတ်ထိမခံ ဖြစ်နေချေသေးသည်။

"ဟူး...နှမြောစရာပဲ..ငါအချိန်ရမှ မင်းကို ဒီမှာ ဇိမ်ခံရတဲ့ အရသာ ဘယ်လောက်ကောင်းလဲဆိုတာ သိအောင် လုပ်ပေးရမယ်..အဲ့တာမှ အချိန်တိုင်း ဒီလာချင်နေတော့မှာ..."

"ဘော့စ်..အထီးကျန်ပြီး မအောင့်အီးနိုင်တော့တဲ့ ညတွေကျမှ ဒီအကြောင်းတွေ စဉ်းစားတာ ပိုမကောင်းဘူးလား...စွန်းဖုယွီ မျက်မှောင်ကုပ်၍ ပြောလိုက်သည်။

"မင်းတစ်ခုခု လုပ်တော့မယ်ဆို ရေအရင် ချိုးရတယ် မဟုတ်လား..."

All Chapters