← Chapters

အခန်း (၂၇၇)

Vol. 19 Ch. 277

အခန်း (၂၇၇)

Vol. 19 Ch. 277

ဟော်ယွမ်ယွမ်မှ လက်ညိုးနှင့် လက်မကို ထိစပ်၍ အိုကေ လက်ဟန် လုပ်ပြလိုက်သည်။

"ပြဿနာ မရှိဘူး..ကျွန်မ မနေ့တုန်းက အသစ်တွေ ၀ယ်လာခဲ့တာ မနည်းဘူး..."

ချီရှန်းကျောက် :"...."

တကယ်လို့ CEO နဲ့ CFO သာ ဒီလိုတွေ ဖြစ်နေမယ်ဆိုရင် ကုမ္ပဏီက မကြာခင် ဇောက်ထိုးမိုးမျှော်တွေ ဖြစ်တော့မှာပဲဟ...

"အိုး..ဟုတ်သား..ငါမင်းကို ပြောမလို့နဲ့ မေ့နေတာ..."လင်းရီ ပြောလိုက်ပြီး "မင်းအရင်တုန်းက မင်းဘယ်လောက်တော်ကြောင်း ကြွားထားတယ်နော်...ငါ့ကို ကူပြီး တစ်ယောက်လောက် စုံစမ်းပေးစမ်းပါကွာ.."

"ဘယ်သူ့ကိုလဲ..."

"မိုက်ခရိုဆော့ဖ်ရဲ့ ဒုတိယဥက္ကဌ ရှန်းထျန်းကျိုး...မြန်လေ ကောင်းလေပဲ..."

"ဝေါင်း..ဒါ ငါးအကြီးစားကြီးပဲ..."ဟော်ယွမ်ယွမ် အာမေဋိတ်သံ ပြုမိလိုက်ပြီး "ဘယ်လောက် နက်တဲ့အထိ စုံစမ်း ပေးစေချင်လဲ.."

"သူ့မိန်းမ ဘယ်အချိန် အန်တီလာလဲ ဆိုတဲ့ အထိ စုံစမ်းပေးကွာ..."

"အိုကေ..."ဟော်ယွမ်ယွမ် သူမရင်ဘက်ကို တဘုန်းဘုန်းပုတ်၍ အာမခံလိုက်ပြီး "ကျွန်မ တာ၀န်ထားလိုက်...."

ချီရှန်းကျောက် :".????"

ဒီထက် ကြောက်ဖို့ကောင်းတာ မရှိတော့ဘူးလား..ဘာလို့ အဲ့တာကြီးကိုမှ သိချင်နေတာလဲ ဘော့စ်ရယ်...

"ကောင်းပြီ..မင်းတို့လည်း လုပ်စရာရှိတာတွေ လုပ်ကြဦး.."လင်းရီ ပြောကြပြီး "ငါအရင် သွားကြည့်လိုက်ဦးမယ်...."

"ဘော့စ်လင်း...သွားစုံစမ်းမလို့လား..."

"မစုံစမ်းပါဘူး..ငါက ဆရာကြီးလည်း မဟုတ်ဘူးဘေ..ဒီတိုင်း လျှောက်ပတ်ကြည့်ရုံလေးတင်ပါပဲ..."

ဖောင်ဒေးရှင်းမှာ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီး ဖြစ်၏။ ဘာဖြစ်နေလဲဆိုတာ သူဌေးတစ်ယောက်အနေနှင့် သူသွားပြီးတော့ ကြည့်ကြည့်သင့်လေသည်။

"ကျွန်မလည်း ရှင်နဲ့ သွားမယ်..."

"မလိုဘူး..မင်းတို့ကောင်တွေသာ ငါနဲ့ လိုက်ခဲ့မယ်ဆိုရင် ငါက ဘယ်လိုလုပ်ပြီး မိမိုက်...အဲ..သိုသိုသိပ်သိပ် နေလို့‌ရတော့မှာလဲဟ..."

"ဘော့စ်...ရှင်က မိမိုက်ချင်သလို လုပ်‌ချင်နေတာ မဟုတ်လား..."

"ဟားဟား..."လင်းရီ အေးစက်စွာ ရယ်မောလိုက်ပြီး လက်ကို နောက်သို့ ပစ်ကာ တံခါး၀သို့ လျှောက်သွားလိုက်၏။ "မင်း ဒီလ ရမယ့်ငွေတွေ ပလုံပြီလို့သာ မှတ်လိုက်တော့..."

"ဟမ်..."ဟော်ယွမ်ယွမ် ခဏရပ်တန့်၍ "ပုံမှန်ဆို ဘော့စ်တွေက ဘောနပ်စ်ပဲ လျှော့တာ မဟုတ်လား..ရှင်အလှည့်ကျမှ ဘာလို့ လစာကို လာလျှော့နေရတာလဲလို့..."

ချီရှန်းကျောက် ဟော်ယွမ်ယွမ်၏ ပခုံးကို ပုတ်လိုက်ပြီး "ဘာလို့လဲ ဆိုတော့ ငါတို့လစာက အသေကြီးလေကွာ....ဘောနပ်စ်မရှိဘူး..."

"သပပဲ..."

ဟော်ယွမ်ယွမ် သူမဖုန်းကို ကောက်ကိုင်လိုက်ပြီး "သူ ဟွာချင်းရေကန်မှာ အင်ပါယာမန်ဘာကတ် သွားလုပ်ထားတာ တိုင်ပြောပစ်မယ်..ဟွန့် ငါ့ကိုများ ဘာမှတ်နေလဲ...."

ကုမ္ပဏီထဲမှ ထွက်လာပြီးနောက် လင်းရီ သူ၏ ကားထံသို့ လမ်းလျှောက်လာခဲ့လိုက်သည်။

အချိန်ကို တစ်ချက်ကြည့်လိုက်သောအခါ ၁၀ နာရီကျော်နေပြီဖြစ်သောကြောင့် ရှောင်ထျန်ထံ အရေးတကြီးဖြင့် ဖုန်းခေါ်လိုက်၏။

"ရှောင်ထျန် မင်း အားရင် ငါ့ကို တိုက်ကွမ်ဒိုကလပ် ကူ၀င်ပေးပါလား..."

"အမ်..နင်မှ ကြိုမပြောတာ.."ရှောင်ထျန် ပြောလိုက်ပြီး "ငါ ဆရာချိန်ကို ၀င်ခိုင်းလိုက်ပြီ...ဘာလဲဖြစ်လို့.."

"အဆင်ပြေပါတယ်.."လင်းရီ ပြောလိုက်ပြီး "ငါ မနက်ပိုင်း လုပ်စရာလေးရှိလို့ ဘတ်စကက်ဘောအချိန်ကို နေ့လည်ပိုင်း ရွေ့ပေးဦး.."

"အဲ့တော့ ငါက ဘာပြန်ရမှာ.."ရှောင်ထျန် မျက်နှာပေါ်တွင် လှပစွာပြုံးလျက် မေးလိုက်၏။

"မစ်အောရယ်လ် တစ်ဖာပေးမယ်လေ..မင်းအတွက်က အဲ့တာ အကောင်းဆုံးပဲ.."

"လစ်လိုက်တော့..."

"မင်း ရန့်ဆက်တက်ချင်တယ်မလား..."

"ငါမှားသွားပါတယ်နော်..."

"ဒီလိုမှပေါ့..."

ဖုန်းချပြီးနောက် လင်းရီ အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့သည်။

သူ၏ အတန်းကို သူများမှ ယူသွားပြီ ဖြစ်သောကြောင့်ယနေ့အတွက်တော့ လင်းရီ မစ်ရှင်ပြီးမြောက်အောင် လုပ်ဆောင်ရန် မဖြစ်နိုင်တော့ချေ။

ဘာလို့ သောက်လုပ်တွေကလည်း အန္တိမ မစ်ရှင် ပြီးခါနီးမှ တစ်မျိုးပြီးတစ်မျိုး ပေါ်နေရတာလဲကွာ...

ဟင်း...နောက်တစ်နေ့ပေါ့...

ရှောင်ထျန်နှင့် ဖုန်းပြောပြီးနောက် လင်းရီ အချိန်မဖြုန်းပဲ ‌ကျီချင်းရန်ဆီသိူ့ ဆက်သွယ်လိုက်၏။

သိူ့သော်လည်း

"လူကြီးမင်း ခေါ်ဆိုနေသော ဖုန်းမှာ မအားသေးပါရှင်...ကျေးဇူးပြုပြီး နောက်တစ်ကြိမ် ကြိုးစား၍ ....."

"အလုပ်များနေတာလားဟ..."လင်းရီ ရေရွတ်လိုက်ပြီး သိပ်အာရုံထားမနေဘဲ တစ်မိနစ်ခန့် စောင့်ဆိုင်း၍ နောက်တစ်ကြိမ် ခေါ်ဆိုလိုက်လေသည်။

"လူကြီးမင်း ခေါ်ဆိုနေသော ဖုန်းမှာ မအားသေးပါရှင်..ကျေးဇူးပြုပြီး နောက်တစ်ကြိမ်...."

'ဟမ်...လိုင်းမအားသေးဘူး ပြောနေတုန်းလားဟ"

လင်းရီ တစ်ခုခု ထူးဆန်းနေသလို ခံစားသွားရသည်။

တစ်ခုခုတော့ မူမမှန်ဘူး....

လင်းရီ ဖုန်းကို ဘေးသို့ ပစ်ထားလိုက်ပြီး ချင်းရန်ကို ထပ်‌မခေါ်တော့ပေ။

အကယ်၍ သူထင်သာတာ မှန်မည်ဆိုပါက ချင်းရန်ဘက်မှ ခေါ်ဆိုလာခဲ့ပေမည်။

ထိုအတွေးဖြင့် လင်းရီ ဆေးရုံသို့ မောင်းလာခဲ့လိုက်၏။

အတန်းလည်း မရှိတော့သောကြောင့် လင်းရီ အားလပ်နေပြီး ၀မ်ရန်၏ မိခင်ကို တစ်ချက်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ကလင် ကလင် ကလင်

မောင်းပြီး တခဏမျှ ကြာသောအခါ ကျီချင်းရန် ဖုန်း၀င်လာခဲ့၏။

"ဘာတွေ အဲ့လောက် အလုပ်ရှုပ်နေတာ..ငါမင်းကို တစ်ချိန်လုံး ဖုန်းဆက်နေတာကော် ..."

ကျီချင်းရန်ဘက်မှ စကားပြောလာသည်ကို မစောင့်ပဲ လင်းရီ ကြိုဦး၍ ပြောလိုက်၏။

"နင်က ဘာလုပ်မလို့လဲ.."‌ကျီချင်းရန်၏ လေသံမှာ မသိမသာ မာထန်နေပြီး သာမန်လို ရွှင်မြူးနေခြင်း မရှိချေ။

"မင်းပဲ ခုတလော အရမ်း စိတ်ဖိစီးနေတယ်လို့ ပြော‌နေတာမဟုတ်လား..အဲ့တာနဲ့ ငါလည်း ငါ့သူငယ်ချင်းကို မေးကြည့်လိုက်တော့ သူ အရမ်း ကောင်းတဲ့ တရုတ် ရိုးရာနှိပ်နယ်နည်းနဲ့ ကုပေးတတ်တဲ့ ဆရာ၀န်နဲ့ သိတယ်တဲ့...အဲ့တာ မင်းကို ခေါ်သွားပြီးတော့ စိတ်ဖိစီးတာတွေ ဖြေလျော့ရင် ကောင်းမလားလို့.. စဉ်းစားနေတာ...မင်းတို့လို တစ်ချိန်လုံး ထိုင်နေတဲ့ သူတွေက ကြာရင် ကျီးပေါင်းတွေ ဘာတွေ ဖြစ်လာနိုင်တယ်လေ...ဂရုစိုက်မှပေါ့ "

"နင်က ငါနဲ့ ပတ်သက်ပြီး အရမ်းအလေးနက်ထားတာပဲနော်.....ငါက ဒီတိုင်းလေးပဲ ပြောလိုက်တာကို..."

လင်းရီ၏ စကားများကို ကြားပြီးနောက် ကျီချင်းရန်၏ လေသံမှာ အနည်းငယ် ညင်သာသွားခဲ့လေသည်။

"မင်းကသာ ဒီတိုင်း သာမန်ကာလျှံကာလေး ပြောလိုက်တယ်ဆိုပေမယ့် ကိုယ့်အတွက်တော့ ကိစ္စကြီးပဲလေ..."

"အဟိ...လူညာကြီး..စကားအတော်တတ်နေတယ်ပေါ့ ..မယုံပေါင်"ကျီချင်းရန် ရွှင်မြူးစွာဖြင့် ပြောလိုက်ပြီး

"တရုတ်ရိုးရာ နှိပ်နယ်တာတွေ ထားလိုက်တော့..ငါ အင်တာနက်ပေါ်မှာ အဲ့လိုနယ်ပယ်က လူလိမ်တွေ များတယ်လို့ ဖတ်ဖူးတယ်..ပြီးတော့ သူစိမ်းတွေ ငါ့ခန္ဓာကိုယ်ကို ထိတာလဲ မကြိုက်ဘူး.."

"မင်းအဲ့လိုပြောမယ်သိလို့ ကိုယ်က ဒုတိယအစီအစဉ် ကြိုလုပ်ထားပြီးသား..."

"ဒုတိယတစ်ခုက ဘာကြီးလဲ.."

"အဲ့ဆရာ၀န်ရဲ့ သမီးက ဟွာချင်းရေကန်မှာ ဗဟိဒ္ဓကုထုံး(အပူနဲ့ နှိပ်နယ်) ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းလုပ်တာလေ..."လင်းရီ ပြောလိုက်ပြီး "အဲ့ အစ်မကြီးကလည်း အရမ်းကို သဘောကောင်းတာနော်...ငါမင်းအတွက် အင်ပါယာကတ် လုပ်ထားပေးတယ်...မင်းအားရင် တစ်ချက်လောက် သွားပြီး စမ်းကြည့်ကြည့်ပေါ့...ငွေရှာတာက အရေးကြီးတယ်ဆိုပေမယ့် ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့ကလည်း အရေးကြီးသေးတယ်လေ..."

လင်းရီမှသူမအတွက် စဉ်းစားပေးပြီး အင်ပါယာကတ် လုပ်ထားပေးသည်ကို ကြားတော့ကျီချင်းရန် ရင်ထဲ ခံစားသွားခဲ့ရပြီး ဟော်ယွမ်ယွမ်ကိုတော့ တိတ်တဆိတ် ကျိန်ဆဲနေတော့၏။

ဟွန့်....သူက လင်းရီနောက်မှာ ဘယ်လိုတောင် မကောင်းပြောရဲတာလဲ..

ကတ်က သေချာပေါက် သူမအတွက် လုပ်ပေးတာပဲကို...

ဘယ်လိုတောင် ကုန်းတိုက်တတ်တဲ့ကောင်မလေးလဲ...

"တော်ပါ....အဲ့နေရာလည်း မသွားတော့ဘူး..ငါနင့်ကို ပြောပြီးပြီလေ..သူစိမ်းတွေ ငါ့ကိုယ်ကို ထိတာ မကြိုက်ပါဘူးလို့.."

"အာ ....ဆိုးတာပဲ.."လင်းရီမှ ၀မ်းနည်းသွားဟန်ဖြင့် သက်ပြင်း ချပြလိုက်၏။

တစ်ချိန်တည်းတွင် သူအနည်းငယ် နောင်တရနေလေသည်။ အကယ်၍ ကြိုသိပါက သူမနှင့် ဗွီဒီယိုကော ပြောလိုက်ပေမည်။ ထိုအခါမှ သူမည်မျှ ခံစားနေရကြောင်း သူမ မြင်သာပေလိမ့်မည်။

"အဲ့လောက်ကြီးလည်း စိတ်မကောင်းဖြစ်မနေနဲ့..နင်ငါ့ကို ကူညီပေးချင်တယ်ဆို ကူညီပေးလို့ရတယ်နော်..."ကျီချင်းရန် ‌ရွှင်မြူးနေသည့် လေသံဖြင့် ပြောလိုက်ပြီး "နင်ပဲ အမြဲတမ်း နှိပ်တာ ဘယ်လောက်တော်ကြောင်း ကြွားဝါနေတာ မဟုတ်လား..ငါ့ကို နှိပ်ပေးရင်ကော.....ငါလည်း ခုတလော အကြောတွေ အရမ်းတင်းနေတာ..."

လင်းရီ :"???"

ဟားဟား .....ဂွင်ပဲလေ

"အာ...မကောင်းဘူးထင်တယ်နော..."လင်းရီ အခက်တွေ့နေဟန် ဆောင်လိုက်ပြီး "မင်းပဲ သူစိမ်းတွေ မင်းရဲ့ ခန္ဓာကိုယ်ကို ထိတွေတာ မကြိုက်ဘူးဆို...."

"ခစ်ခစ်..."ကျီချင်းရန် တခစ်ခစ် ရယ်မောနေသံမှာ ဖုန်းထဲမှ ထွက်ပေါ်လာခဲ့ပြီး "နင့်ကို အထူးအခွင့်ရေးပေးလိုက်မယ်လေ...နင်က သူစိမ်းမှ မဟုတ်တာ..."

"အဟမ်း...အဲ့လိုဆိုလည်း ကိုယ့်ချင်းရန်ကို ၀မ်းပန်းတသာနဲ့ နှိပ်ပေးရမှာပေါ..."

"ကောင်းပြီ ဖုန်းချလိုက်တော့မယ်နော်..ငါအလုပ်လုပ်ရဦးမှာ..."

"နေဦး ..မချသေးနဲ့ဦး..."

"ဘာလို့လဲ..တခြားကိစ္စ ရှိသေးတာလား.."ကျီချင်းရန် ဖုန်းချကာနီးစဲစဲမှ နားအနားကပ်၍ ပြန်မေးလိုက်ပြီး

"နင်ဒီည လာနှိပ်ပေးလို့မရဘူးနော် ငါ့မိဘတွေ ဒီကနေ့ အိမ်လာမှာ...တော်ကြာ မပြောမဆိုနဲ့ ရောက်ချလာမှာဆိုးလို့..."

"ငါလည်း မလာသေးပါဘူးကွာ..ခုပြောမှာက တခြားကိစ္စ .."လင်းရီ အတည်ပေါက်လေသံကြီးဖြင့် ပြောလိုက်ပြီး "မင်းလည်း ခုတလော အလုပ်တွေ တအား ရှုပ်ထားတာဆိုတော့ ပင်ပမ်းနေလောက်ရောပေါ့ အနား‌လေးဘာလေး မယူချင်ဘူးလား..."

"အနားယူရမယ်..."ကျီချင်းရန် ကြက်သေသေသွားခဲ့ပြီး "ငါတို့ စောနကတင် နှိပ်ပေးဖို့ သဘောတူထားကြတာ မဟုတ်လား..အဲ့တာလည်း နားတာပဲလေ.."

"အဲ့တာကတော့ အဲ့တာ....ဒါပေမယ့် ငါစဉ်းစားထားတာက ခု‌တလော ငါလည်း ဘာမှ လုပ်စရာ မရှိဘူးဆိုတော့ မင်းကို အမေရိက ခေါ်ပြီး သွားလည်ရင် ကောင်းမလား စဉ်းစားနေတာ...ငါကြားထားတာတော့ အဲ့မှာ ကမ္ဘာ့အကြီးဆုံး Disneylandရှိတယ်ဆိုပဲ...ဘယ်လိုလဲ သွားချင်လား..."

"အမ်...တကယ်ကြီးလား...ငါလည်း အဲ့နေရာကို အရမ်း ရောက်ဖူးချင်နေတာ..."

သူမ လေသံကို နားထောင်ရသလောက်ကတော့ ကျီချင်းရန်၏ စိတ်လှုပ်ရှားမှုမှာ အထွတ်အထိပ်သို့ ရောက်နေကြောင်း ခံစားသိနိုင်လေသည်။

Disney ရဲ့ ဆွဲဆောင်မှုက ခုထိ မသေးပါလားဟ...

"ဒါပေါ့ကွ..ငါက မင်းကို ညာပါ့မလား..."

"ငါ့ အလုပ်တွေက ဘေးချိတ်ထားလို့ရတယ်..ဒါပေမယ့် နင်က ကျောင်းဆရာဆိုတော့ လွယ်လွယ်နဲ့ ခွင့်ယူလို့ရပါ့မလားဟယ်"

ကျီချင်းရန် စိတ်ပူစွာဖြင့် မေးလိုက်၏။

"ဒါမှမဟုတ် ငါတို့ ကျိုးဟိုင်က Disneyland ကိုပဲ သွားကြရင်ကော..ကျိုးဟိုင်မှာလည်း Disneylandရှိတယ်လေ..ငါ့ကို အဲ့ပဲ ခေါ်သွားလိုက်..."

"အာ...။"

ကျိုးဟိုင်က Disneylandကိုသွားရင် ငါက ဘာသွားလုပ်ရတော့မှာ...

"ကျိုးဟိုင်မှာက အမြဲတမ်းနေနေတာကြီးကို..ဒီက Disneyland သွားပြီးတော့ ဘာလုပ်မှာ ပျင်းစရာကြီး..."လင်းရီ ပြောလိုက်ပြီး "ဘာပဲဖြစ်ဖြစ် ဒါက မင်းကို ပထမအကြိမ် အပြင်ခေါ်ထွက်တာလေ..ဒီတော့ နိုင်ငံ အပြင်ထိပါ ခေါ်ထုတ်သွားပေးမယ်...ကျောင်းကိစ္စကတော့ အေးဆေး..ငါ့ဘာငါ ကြည့်စီစဉ်လိုက်လို့ရတယ်..."

"တကယ်ကြီးလား...နင်အမေရိကား သွားမယ်ဆိုရင် အတန်းတွေ နှောင့်နှေးကုန်မှာ မဟုတ်လား..."

"ဘယ်နားကသာ...အတန်းချိန်တွေက ငါ့စိတ်ကြိုက် စီစဉ်လို့ရတယ်...မင်းဘက်ကသာ သေချာစီစဉ်ထားလိုက်..."

"အွန်း..အဲ့တာဆို ငါ စီစဉ်စရာရှိတာတွေ စီစဉ်ပြီးသွားတာနဲ့ လေယာဉ်လက်မှတ် ကြိုဖြတ်ထားလိုက်တော့မယ်နော်...."

"သဘော သဘော..."

"ဟီးဟီး..နင်က အရမ်းသဘောကောင်းတာပဲ...ရော့..ဆုပေးမယ်နော်..."ကျီချင်းရန် အူမြူးလျက် ပြောလိုက်ပြီး

"မွ..."

All Chapters