← Chapters

အခန်း (၂၇၈)

Vol. 19 Ch. 278

အခန်း (၂၇၈)

Vol. 19 Ch. 278

အမေရိကားသို့ သွားရန် စီစဉ်ပြီးနောက် လင်းရီ မေးစေ့ပွတ်လိုက်ပြီး

"ဟဲဟဲ ငါက ဖိုးဉာဏ်ကောင်းပဲကွ..."

လင်းရီ ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်ပြီးနောက် အသီးတစ်ချို့ ၀ယ်ယူကာ ဆေးရုံသို့ မောင်းထွက်လာခဲ့၏။

သူ အထူးကြပ်မတ်ဆောင် ၀င်ပေါက်သို့ ရောက်ခါရှိသေး အထဲရှိ စကားပြောသံများကို ကြားနေရလေသည်။ ထို့ပြင် အသံများမှာလည်း အနည်းငယ် ရင်းနှီးနေ၏။

လင်းရီ တံခါးဖွင့်ပြီး အထဲသို့ ၀င်သွားသောအခါ လူအချို့ မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရ၏။ ၀မ်ရန်နှင့် သူမ၏ မိခင်မှတစ်ပါး လင်းရီ လူသုံးယောက်ကိုသာ မြင်ဖူးလေသည်။

"တီချယ်လင်း...ရောက်လာပြီလားရှင့်.."

လင်းရီကို မြင်သောအခါမှ ၀မ်ရင်၏ တင်းကြုတ်နေသော မျက်မှောင်များမှာ ပြေလျှော့‌သွားပြီး ရွှင်မြူးစွာဖြင့် ကြိုဆိုလိုက်၏။

ကုတင်ပေါ်၌ လဲလျောင်းနေသော ၀မ်ရန်၏ မိခင်ပင်လျင် နှုတ်ဆက်စည့် အနေဖြင့် လင်းရီကို ပြုံး၍ ခေါင်းညိမ့်ပြလိုက်သည်။

"လူတွေ တယ်များနေပါလားဟ...ဒီလိုမှန်းသိရင် အစောကြီး လာပါတယ်ကွာ"လင်းရီ အပြုံးလေးဖြင့် ၀မ်ရန်ကို ပြောလိုက်သည်။

"ရို....တီချယ်လင်း ရောက်လာပြီလား...၀င်ခဲ့လေ ၀င်ခဲ့...."

ပထမတစ်ကြိမ်နှင့် မတူညီစွာ ၀မ်ရန်၏ အဒေါ်မှာ လင်းရီကို နွေးထွေးသောအပြုံးလေးဖြင့် ခရီးဦးကြို ပြုနေလေသည်။

"လာသား.... အမေ မင်းကို မိတ်ဆက်ပေးမယ်..."

၀မ်ဖန်း ကောင်လေး တစ်ယောက်ကို ဆွဲခေါ်လိုက်ပြီး

ဒါက ၀မ်ရန်ရဲ့ ဆရာ လင်းရီတဲ့...မင်းအဒေါ်ရဲ့ ခွဲစိတ်စရိန်တွေ အကုန်လုံးကို ဆရာလင်းကပဲ အကုန်ကျခံထားတာ..."

မိတ်ဆက်ပေးပြီးနောက် ၀မ်ဖန်း လင်းရီကို သူ့သားနှင့် မိတ်ဆက်ပေးလိုက်သည်။ "ဆရာလင်း..ဒါက ကျွန်မသား ချိန်ရုံရှင်းတဲ့ ..ပြီးတော့ ၀မ်ရန်ရဲ့ ၀မ်းကွဲလေ"

"ဆရာလင်း..ကျွန်တော်လည်း မိတ်ဆက်ပေးရဦးမယ်..."

၀မ်ရန်၏ ဦးလေး ၊တဟိုင်မှ ကောင်မလေးတစ်ယောက်ကို ဆွဲခေါ်လိုက်၏။

"ဆရာ ဒါ ကျွန်တော့်သမီး ၀မ်ထုန်လေ..အစိုးရတက္ကသိုလ်ကနေ ဘွဲ့ယူပြီးတာ မကြာသေးဘူး..ကျွန်တော့်သမီးက တကယ့်ကို ဗိုင်းကောင်းကျောက်ဖိလေးဗျ....ဒီနှစ်တွေအတွင်း ‌အထီးဆို ယင်ဖိုတောင် လှည့်ကြည့်တာ မဟုတ်ဘူး..."

၀မ်ထုန်၏ မျက်နှာထက်၀ယ် ရှက်ရွံ့သည့် အရိပ်အယောင် ရေးရေးလေး ပေါ်လာခဲ့ပြီး "ဖေဖေကလည်း...ဘာတွေ လျှောက်ပြောနေမှန်း မသိဘူး..."

"အာ...ဘာရှက်စရာရှိလို့လဲ သမီးရဲ့..အဖေက ဒီတိုင်း မိတ်ဆက်ပေးတာလေ..ဟိုလို ထွေထူးကြီး မဟုတ်ပါဘူးဟ..."

၀မ်ထုန် လင်းရီကို ရှက်ရွံ့စွာဖြင့် ကြည့်လိုက်ပြီး သူမ၏ နှလုံးမှာ တဒုတ်ဒုတ် မြည်နေပြီး လည်ချောင်း၀မှ ခုန်ထွက်လာတော့မည့် သယောင် ဖြစ်လာခဲ့လေသည်။

၀မ်ရန်ရဲ့ တီချယ်က အရမ်းချောတာပဲ....

၎င်းကိုမြင်တော့ တဟိုင် ရယ်မောလိုက်ပြီး လင်းရီကိုကြည့်ကာ "ဆရာ..ကျွန်တော့် သမီးကို ဘယ်လိုမြင်လဲ..."

"ဘာလို့လဲ..ခင်များသမီးက ပုံမှန်မဟုတ်လို့လား..."

"အာဟား...ဆရာလင်းကလည်း ဘာတွေ ပြောနေတာလဲဗျ..."တဟိုင် အနည်းငယ် ဒေါသထွက်သွားခဲ့သော်လည်း ဖော်ပြရဲခြင်းမရှိ။ ဖျစ်ညစ်၍သာ ပြုံးလိုက်ရသည်။

"ခင်များပဲပြောတော့ ခင်များသမီးက ဒီနှစ်တွေမှာ ယောက်ျားလေးဆို ယင်ဖိုကိုတောင် လှည့်မကြည့်ဘူးဆို...သေချာပေါက် တစ်ခုခု မှားနေလို့ပေါ့ဟ..."

"အာ...."

တဟိုင် ကိုးရို့ကားယား ဖြစ်သွားပြီး "မဟုတ်တာ ဆရာလင်းကလည်း..အထင်တွေလွဲနေပါပြီ..ကျွန်တော့်သမီးက လုံး၀ ကျန်းမာရေးကောင်းပါတယ်..."

"ခင်များသမီးက ကျန်းမာရေးလည်း ကောင်းရဲ့သားနဲ့ပိုးပန်းတဲ့သူ မရှိဘူးဆိုတော့ သူ့ရုပ်ကြီးကို ဘယ်သူကမှ မကြိုက်လို့နေမှာပေါ့..."

လင်းရီ မှတ်ချက်ပြုလိုက်ပြီး"အနာဂတ်အတွက် အထုပ်ကြီးကြီးပိုက်ထား...ခင်များ သမီးကို ဒီအရွယ်ထိ ပျိုးထောင်လာတာ ကြိုက်မယ့်သူ မရှိသေးဘူးဆိုတော့ ကျန်ရစ်ကြီးဘ၀နဲ့ အရိုးထုတ်ရတော့မှာပဲ..ဘယ်လိုတောင် ရှက်စရာကောင်းလိုက်လဲ..."

"ရှင်..."

၀မ်ထုန် ဒေါသတကြီးနှင့် ဖရုဿဝါစာများ ဆိုတော့မည့် အချိန်တွင် ၀မ်တဟိုင်မှ လက်ကာပြလိုက်၏။

အနှီလင်းရီမှာ ယွမ် ၅သိန်းကို လက်တစ်ချက်မရွံ့ဘဲ ထုတ်နိုင်သည့် အရည်အချင်းရှိသောကြောင့် သူ၏ နောက်ခံမှာလည်း သေးသိမ်လှမည် မဟုတ်ချေ။ ဤမျှလောက်နှင့်တော့ သူတိူ့ ဒေါသထွက်၍ မဖြစ်။ အောင့်အီးသည်းခံနိုင်ပါက ၎င်း၏ အသီးအပွင့်ကို ခံစားရပေလိမ့်မည်။

"သား...ဆရာလင်းကို နှုတ်ဆက်လိုက်လေ..."

ချိန်ရုံရှင်း ထူးမခြားနားစွာ ခေါင်းညိမ့်လိုက်ပြီး သူ၏ လက်ကို လင်းရီထံ ဆန့်တန်းလိုက်၏။

"ဆရာ နောက်ကျ ကျိုးဟိုင်မှာ မဖြေရှင်းနိုင်တာ ရှိရင် ကျုပ်ကို ခေါ်လိုက်..ကျုပ်အစ်ကိုကြီးက ဒီနယ်တစ်ဝိုက်ရဲ့ဘော့စ်ပဲ...သူက ဆရာ့ကို ဘာမဆို ကူညီပေးနိုင်တယ်..."

"အိုး...တကယ်ကြီးလား....မင်းရဲ့ အစ်ကိုကြီးက အဲ့လောက်တောင် အာဏာရှိတယ်ပေါ့..."

လင်းရီ ချိန်ရုံရှင်း၏ လက်ကို တင်းကြပ်စွာဖြင့် ဖျစ်ညစ်လိုက်ပြီး သူ၏ အမူအရာမှာတော့ စိတ်လှုပ်ရှားနေသည့် အသွင် ဖြစ်နေလေသည်။

"ကျုပ်က အဲ့လိုကိစ္စမျိုးကို ဘာလို့ လိမ်ရမှာ..."

"ကောင်းတာပေါ့..."လင်းရီ ချိန်ရုံရှင်း၏ လက်ကို ဆုပ်ကိုင်ထားရင်း "ငါ့ကို ခေါင်းစားအောင် လုပ်နေတဲ့ ကိစ္စတစ်ခု ရှိနေတာနဲ့ အတော်ပဲ..."

လင်းရီ ပြောလိုက်သည်။

"ဟုတ်လား...ပြောပါဦး..."ချိန်ရုံရှင်စ အပြုံးလေးဖြင့် ပြောလိုက်ပြီး

"ကျုပ်တစ်ယောက်တည်းနဲ့တင် ကိစ္စအများကြီးကို ကိုင်တွယ်ပေးနိုင်တယ်..မရတဲ့ အခါကျမှ ကျုပ်အစ်ကိုကြီးဆီ သွားကြတာပေါ့..."

"ဒီလိုကွာ..ငါ လွန်ခဲ့တဲ့ ရက်တုန်းက မတန်တဆ ငွေတိုးနဲ့ ချေးငွေ ၅ သိန်းထုတ်ပြီး ၀မ်ရန်ကို ပေးလိုက်ယ်...နောက်ရက်အနည်းငယ်လောက်ဆို အတိုးက တစ်သိန်း ဖြစ်သွားတော့မှာ.အဲ့ဒီတိုးရင်းပေါင်း ၆ သိန်းကို ပေးဖို့ ပြောပေးပါလားကွာ...."

ချိန်ရုံရှင်း၏ အမူအရာ ရုတ်ချည်း အေးခဲသွားပြီး

"ကျုပ်က ခင်များရဲ့ အကြွေးကိုဆပ်ပေးရမယ် ဟုတ်လား..."

"ဟုတ်တယ်လေ.."လင်းရီ ပြောလိုက်ပြီး "မင်းပဲပြောတော့ မင်းအစ်ကိုကြီးက ဘော့စ်ဆို..ယွမ် သိန်းဂဏန်လောက်လေးလည်း သူ့အတွက် ထမင်းစားရေသောက်လောက်ပဲ မဟုတ်လား..."

"ခင်များ....လာနောက်နေတာလား..."

"မနောက်ဘူး အတည်ပြောနေတာ..."

"ကဲ ကဲ တော်ကြတော့..."၀မ်ဖန်း ရှေ့ထွက်လာပြီး ဖြန်ဖြေပေးလိုက်၏။ အကယ်၍ သူတို့သာ အငြင်းအခုန် ဖြစ်ကြမည်ဆိုပါက အလကား အချိန်ပုပ်ရုံ သပ်သပ်သာ ဖြစ်ပေလိမ့်မည်။

လင်းရီ ကျန်သူများကို လျစ်လျူရှုလိုက်ပြီး ၀မ်ရန်ကို ကြည့်ကာ "အန်တီ့ အခြေနေ ဘယ်လိုရှိလဲ..ဘာပြဿနာ မရှိတော့ဘူးမလား..."

"အွန်း...ဒေါက်တာပြောတာကတော့ ခွဲစိတ်မှုက အောင်မြင်သွားပြီတဲ့..ဒါပေမယ့် တစ်ခုခု ဖြစ်မှာဆိုးလို့ ဆေးရုံမှာ တစ်ပတ်လောက်တော့ နေရဦးမယ်...ဆင်းပြီးရင်တောင်မှ အမေက ပင်ပန်းတဲ့ အလုပ်တွေလုပ်လို့မရတော့ဘူး... "

"နှလုံးရောဂါကတော့ အဲ့လိုပဲလေ..ဒေါသထွက်လို့လည်းမရဘူး..အမောဖောက်လို့လည်းမရဘူး..ဖြည်းဖြည်းချင်း အားပြန်ယူရမှာ..."

"ဒေါက်တာကလည်း အဲ့လိုပြောသွားတာပဲ....သမီးတော့ အမေ ဆေးရုံဆင်းတဲ့ အချိန်ကျရင် သေချာလေး ဂရုစိုက်ပေးရတော့မှာ.."

"အင်း...ဒါနဲ့ ငါပေးထားတဲ့ ငွေတွေက လောက်ကော လောက်ရဲ့လား..."

" လောက်တာပေါ့ တီချယ်ရဲ့ နောက်ထပ် ယွမ် နှစ်သိန်းတောင် ကျန်နေသေးတယ်..."၀မ်ရန် ပြောလိုက်ပြီး "အမေ ဆေးရုံဆင်းပြီးတာနဲ့ တီချယ်ကို ကျန်တဲ့ ပိုက်ဆံ ပြန်ပေးမယ်နော်..."

"အိုက်ယိုး..ရန်လေးရယ်...ညဉ်းဘာတွေ ပြောနေတာလဲဟဲ့...."

၀မ်ဖန်း စကားဖြတ်ပြောလိုက်ပြီး "ငါ့ညီမက ဆေးရုံဆင်းပြီးရင်တောင် သူ့ဆေးဖိုးဝါးခက ရှိသေးတယ်လေ..ညဉ်းမှာက ၀င်ငွေလည်း ရှိတာ မဟုတ်ဘူး..ဒီတော့ ကျန်တဲ့ ငွေကို စုထားလိုက်ပေါ့..."

"တော်ပါပြီ..အမေ ပြန်သက်သာလာတဲ့ အချိန်ကျရင် အဲ့လောက် ငွေအများကြီး မလိုတော့ဘူး..ကျွန်မ အချိန်ပိုင်း အလုပ်လုပ်လို့ရတဲ့ ငွေနဲ့ အမေ့ဆေးဖိုး ရအောင်လုပ်ပေးမှာ ..ပြီးတော့ စီနီယာနှစ်ရောက်တဲ့ အချိန်ကျရင်လည်း တီချယ်လင်းရဲ့ ကုမ္ပဏီမှာ အလုပ်သင်ဆင်းတော့မှာ...အဲ့တာလုပ်ရင်းနဲ့ မိသားစုကို ပြန်ထောက်ပံ့ပေးလို့ရတယ်..."

"သူ...သူက ကုမ္ပဏီ ထောင်ထားတယ်ပေါ့..."

၀မ်ဖန်းနှင့် ကျန်သူများ အံ့အားသင့်သွားခဲ့ကြသည်။

လင်းရီက ကျောင်းဆရာလေးပဲ မဟုတ်လား...ဘာလို့ ကုမ္ပဏီကြီး ထောင်ထားတာလဲတဲ့...

ဖြစ်နိုင်တာက ဆွေစဉ်မျိုးဆက် ဆက်ခံလာတဲ့ ကုမ္ပဏီ လုပ်ငန်းများလား...

အဲ့လိုဆိုရင်တော့ သူက သေချာပေါက် ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေးပဲ....

"ဆရာလင်းရဲ့ ကုမ္ပဏီ နာမည်က ဘာလဲ ဆိုတာ သိခွင့်ရှိမလား..."

၀မ်ဖန်း စပ်စပ်စုစု မေးလိုက်၏။

"ဒါကြီးက မမေးသင့်တဲ့ မေးခွန်းကြီးနော..အဲ့တာက ကျုပ်ကိုယ်ရေးကိုယ်တာ ဖြစ်သွားပြီ..."

၀မ်ဖန်း အနည်းငယ် ရှက်ကိုးရှက်ကမ်း ဖြစ်သွားခဲ့ပြီး "ဆရာလင်းက ရန်လေးရဲ့ ဆရာဆိုတော့ ကျွန်မက အပြင်လူ မဟုတ်ဘူးဆိုပြီးတော့ တွေးလိုက်မိလို့ပါ..."

"ဒီတိုင်း ကုမ္ပဏီ အသေးစားလေးပါ...ဘာမှ ပြောပြရလောက်တဲ့အထိလည်း မထိုက်တန်ပါဘူး..."

"ဟားဟား...ကုမ္ပဏီ အသေးလေး ဆိုရင်တောင် နာမည်တော့ ရှိသင့်တယ် မဟုတ်လား.."ချိန်ရုံရှင်း အိတ်ကပ်ထဲ လက်နှိုက်လျက် လုပ်သံကြီးဖြင့် ရယ်မောပြောဆိုလိုက်သည်။

သူယခုလေးတင် လင်းရီ၏ ဆော့ကစားခြင်းကို ခံလိုက်ရသောကြောင့် ထိုဒေါသကို ဖြေမဆည်နိုင်သေစချေ။

"အဲ့တော့ ဘာဖြစ်လဲ...မင်းပြောနေတဲ့ လေသံက ငါကပဲ ၀င့်ကြွားနေသလိုနဲ့.."

"ခင်များက ချမ်းသာတယ် ဆိုပေမယ့် ကျုပ် ရဲ့ အဆက်အသွယ်တွေကလည်း အားမနည်းဘူး..ခင်များကိုက အတွေးလွန်နေတာ ဆရာလင်း..."

"အမှန်ပဲ..."၀မ်ထုန် ပြောလိုက်ပြီး "ရှင်က အရမ်းကိုကိုယ်ရည်သွေးလွန်းတယ် ဆရာလင်း.."

"နာမည်ပြောလိုက်စမ်းပါ..ကျုပ်သိရင် သိမှာပေါ့..."ချိန်ရုံရှင်း ပြောလိုက်ပြီး "ပြီးတော့ ကျုပ်ရဲ့ အစ်ကိုကြီးက ဆောက်လုပ်ရေး အင်ဂျင်နီယာ...ကျုပ် ပြန်ရောက်ရင် သူနဲ့ စကားပြောပြီးတော့ ပရောဂျက်တစ်ချို့ ပေးဖို့ စကားပြောပေးလို့ရတယ်.."

"စင်ကျူရီ ရိပ်သာလမ်းက လင်းယွမ် အုပ်စု....ကုမ္ပဏီ အရွယ်အစားကတော့ မဖြစ်စလောက်လေးပါကွာ...ပြီး‌တော့ အဆောက်အအုံက နှစ်ခုလေးပဲ ရှိတာ..အဲ့လိုမျိုးကြီးဆိုတော့ စီမံရတာ အရမ်းဒုက္ခရောက်တယ်..."

All Chapters