← Chapters

အခန်း (၂၇၉)

Vol. 19 Ch. 279

အခန်း (၂၇၉)

Vol. 19 Ch. 279

ဖူး...

လင်းရီ၏ စကားလုံးများကို ကြားတော့ ချိန်ရုံရှင်းနှင့် ၀မ်ထုန်တို့ သွေးအန်လုနီူပါး ဖြစ်သွားခဲ့သည်။

"ခင်..ခင်များရဲ့ ကုမ္ပဏီက စင်ကျူရီ ရိပ်သာလမ်းက လင်းယွမ်အုပ်စု..."

"ဟုတ်တယ်..အဲ့ဒီ လင်ယွမ် အုပ်စုပဲ ."လင်းရီ သက်ပြင်ူချလိုက်ပြီး "ရိုးရိုးသားသား ၀န်ခံရရင် ငါတို့ ကုမ္ပဏီက သောက်ရမ်းသေးတော့ လေးငါးဘီလီယမ်တန် ပရောဂျက် အသေးစားလေးတွေပဲ လုပ်နိုင်တာ...နေ့တိုင်း အလုပ်သာ ရှုပ်နေတာ... ၀င်ငွေကလည်း သိပ်မများပါဘူးကွာ..ငါ့ဆံပင်တွေတောင် ဖြူချင်သလိုလို ဖြစ်လာပြီ....ဟင်း..."

လင်းရီ၏ စကားလုံးများက အခန်းထဲရှိ လူတိုင်း၏ နားထဲသို့ မိုးကြိုးပစ်ခွင်းသံကဲ့သို့ မြည်ဟီးသွားခဲ့သည်။

လေးငါးဘီလီယမ်လောက် တန်တဲ့ ပရောဂျက်ကို သေးတယ်လို့ ပြောနေတယ်တဲ့လား...

အဲ့တာဆို ဘယ်လောက် တန်မှပဲ ခင်များမျက်လုံးက ကြီးတယ်လို့ မြင်မှာလဲ.

"ရုန်ရှင်း..လင်းယွမ်အုပ်စုက အရမ်းကြီးတာလား..အမေတို့ ဘာလို့ မကြားဖူးပါလိမ့်..."၀မ်ဖန်း ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

သူမတို့၏ အသက်အရွယ်ကြောင့် ၀မ်ဖန်းနှင့် ကျန်သူများမှာ လင်းယွမ် အုပ်စုအကြောင်း ဘာမျှ မသိကြပေ။

"အမေတို့ လင်းယွမ် အုပ်စုအကြောင်း မကြားဖူးပေမယ့် အမြွှာမျှော်စင်ကိုတော့ သိတယ်မလား.."

"အင်းလေ...သိတာပေါ့ ဆောက်ပြီးတုန်းကဆို TV မှာတောင် လာလိုက်သေးတယ်မလား..ကျိုးဟိုင်က အမြင့်ဆုံး အတောက်အအုံကြီးဆိုတာလေ.."

"ဟုတ်တယ် ..အဲ့ဒိ အမြွှာမျှော်စင်က ကျိုးဟိုင်ရဲ့ အထင်ကရ အဆောက်အအုံ အသစ်ကြီးပဲ... အဆောက်အအုံနှစ်ခုရဲ့ တန်ကြေးက ၁၄ ဘီလီယမ်လောက် တန်ကြေးရှိတယ်..."

"အမြွှာမျှော်စင်နဲ့ လင်းယွမ် အုပ်စုက ဘာဆိုင်လို့လဲ..."

"သား အစ်ကိုကြီးရဲ့ ပြောသံကြားတာတော့ အမြွှာမျှော်စင် တည်ဆောက်ပြီးလို့ မကြာသေးခင် လျှို့ဝှက်ဆန်းကြယ်တဲ့ သူဌေးကြီးတစ်ဦးက အမြွာမျှော်စင်ကို ၀ယ်သွားတယ်လို့ ပြောတာပဲ..နောက်ကျတော့ အဲ့ဒီရဲ့ အမြွှာမျှော်စင်က လင်းယွမ်အုပ်စုရဲ့ ရူံးချုပ်ဖြစ်လာခဲ့တာ..."

ဟစ်...

ချိန်ရုံရှင်း ရှင်းပြသည်ကို နားထောင်ပြီးနောက် ‌လူတိုင်း အဆုတ်ထဲသို့ လေအေးများ ရှုသွင်းလိုက်ကြရသည်။

ဆောက်တုန်းကတောင်မှ ၁၄ ဘီလီယမ် ကုန်ကျတယ်ဆိုတော့ ရောင်းရင် အဲ့ထက် ဈေးမြင့်ပြီးရောင်းမှာပဲလေ...

နောက်ပြီး ဒီလို အဆောက်အအုံမျိုးတွေ ၀ယ်မယ်ဆို အရစ်ကျတို့ဘာဆို့နဲ့ ချေလို့တော့ မရလောက်ဘူး...ဟုတ်တယ်မလား..

ထိုအချိန်တွင်တော့ အခန်းထဲရှိ လူတိုင်း လင်းရီကို မတိုင်ပင်ဘဲ ပြိုင်တူ ကြည့်မိလိုက်ကြသည်။

သူတို့၏ မျက်လုံးထဲတွင်တော့ လင်းရီမှာ သာမန်လူတစ်ယောက်မဟုတ်တော့ပဲ ရွှေစင်အတိပြီးသည့် လူသားရုပ်ထုကြီးအလား မြင်ယောင်လာကြတော့၏။ ထို့ပြင် သူ၏ ‌ကျောနောက်၌ တလက်လက်တောက်ပနေသော အရောင်အဝါများ လင်းလက်လာပြီး မျက်စိများပင် ကျိန်းစပ်လာသကဲ့သို့ ခံစားလိုက်ကြရသည်။

လင်းရီ၏ လက်ရှိ ကြွယ်၀မှုနှင့် ဆိုပါက သူမတို့ကို အရေးစိုက်ရန်ပင် မလိုအပ်ချေ။ သူ့အတွက် အရေးမပါ၍ စွန့်ကြဲလိုက်သော ငွေကြေးအနည်းငယ်ကပင်လျင် သူမတို့ တစ်သက်လုံး အသုံးပြုရန် လုံလောက်ပေလိမ့်မည်။

"အိုး..မင်းငါ့ကုမ္ပဏီအကြောင်း အဲ့လောက်သိမယ်လို့တောင် ထင်မထားဘူး..အတော်ပဲ ဖြစ်သွားတာပေါ့.."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "မင်းရဲ့ အစ်ကိုကြီးကို ငါးဘီလီယမ်တန် ပရောဂျက်လေးတစ်ခုလောက်ဖြစ်ဖြစ် ပြောပေးလို့မရဘူးလားကွာ....ဆယ်ဘီလီယမ်ဆိုရင်တောင်မှ ပြဿနာ မရှိဘူးနော်..ငါတို့ ကုမ္ပဏီက အေးဆေးကိုင်တွယ်နိုင်တယ်.. သေချာပြီးဆို ကျေးဇူး ကြိုတင်ထားလိုက်တော့မယ်နော...."

"ဆ..ဆရာလင်းကတော့ အတော်နောက်တာပဲဗျာ....ကျွန်တော့် အစ်ကိုကြီးက ဘယ်လောက် အံ့ဩဖို့ကောင်းတယ်ပြောပြော.. အဲ့လောက်ကြီးတဲ့ ပရောဂျက်တော့ ဘယ်ဖန်နိုင်မှာလဲဗျ..."ချိန်ရုံရှင်း မျက်နှာ ပူစပ်ပူလောင်ဖြစ်လျက် ပြောလိုက်လေသည်။

"အာ....ဒါဆို မင်းက ဒီတိုင်း လေလုံးထွားနေတာပေါ့...ဟင်း..ငါက အတည်ကြီးထင်ပြီး ပျော်နေတာကိုကွာ..."

ဤတစ်ကြိမ်တွင်တော့ ချန်ရုံရှင်း စိတ်မတိုသွားပဲ သူ၏ မျက်နှာထက်တွင် ခယသည့် အမူအရာက အစားထိုးလာခဲ့သည်။

၀မ်ထုန်လည်း ထို့အတူပင်။ လင်းရီ သူမကို အနိုင်ကျင့်သောကြောင့် ဒေါသထွက်ခဲ့သော်လည်း ယခုတော့ ဒေါသထွက်ရန် ဝေးစွ ကျေပင်ကျေနပ်လို့နေသည်။ ယ

ဟွန့် စူပါ‌သူဌေးကြီးက အနိုင်ကျင့်တယ်ဆိုတာ ခံရခဲတယ်..ကြိုက်သလိုက် အနိုင်ကျင့်လိုက်စမ်းပါ....

"ဆရာလင်း....ကျွန်တော့် အဒေါ်က ခုလေးတင် ခွဲစိတ်ပြီးတာဆိုတော့ နားဖို့ လိုသေးတယ်...ကျုပ်တို့ အပြင်မှာ ပြောကြရင်ကော..."ချိန်ရုံရှင်း မဝံ့မရဲလေး မေးလိုက်သည်။

"အင်း...အားလုံး အပြင်ထွက်ကြတာပေါ့..လူနာ အနားယူတာကို နှောင့်ယှက်တာ မကောင်းဘူး..."

လူအုပ်ကြီးမှာ အပြင်သို့ ထွက်လာခဲ့ကြပြီး ကော်ရစ်ဒါ၌ ရပ်တန့်လိုက်ကြသည်။

ချိန်ရုန်ရှင်း အရေးတကြီးဖြင့် အိတ်ကပ်ထဲမှ စီးကရက်နှင့် မီးခြစ်ထုတ်ကာ လင်းရီထံ ကမ်းပေးလိုက်၏။

"ဆရာလင်း..တစ်လိပ်လောက် ချဦးမလားဗျ..."

"တော်ပြီ..ငါနားထားတာကြာပြီ..."

ချိန်ရုံရှင်း ရိူရို့ကားယား ပြုံးလိုက်ပြီး "ဆရာလင်း..ရန်လေးမှာ ခင်များလို ဆရာကောင်းတစ်ယောက်ရှိတာ သေချာပေါက် ဂုဏ်ယူရမှာပဲဗျ...ကျုပ်ကလည်း ဆရာလင်းနဲ့ ခုလို သိကျွမ်းခွင့်ရတာကို ၀မ်းသာနေတာ...."

"ဟုတ်လား....အဲ့တာဆို ငါက ဘာလို့ ၀န်ထုပ်၀န်ပိုး ဖြစ်တယ်လို့ ခံစားနေရတာပါလိမ့် ...."

"ဆရာလင်းကလည်း လူတစ်ဖက်သား စိတ်ထိခိုက်အောင် အဲ့လိုကြီး မပြောနဲ့လေ...."၀မ်ဖန်း ထိုသို့ ပြောလိုက်သော်လည်း ဒေါသ တစိုးတစိမျှ ထွက်ခြင်းမရှိ။

"တီချယ်လင်း..ခုက စပြီး ရန်လေးကို သွန်သင် ဆုံးမပေးပါဦးဗျာ..တကယ်လို့ သူစကားနားမထောင်သာ ရှိရင် ပြောနော်..ကျွန်တော်တို့ ကူဆူံးမပေးမယ်..."၀မ်တရှန်းမှ အပြုံးလေးဖြင့် ပြောလိုက်သည်။

"အိုက်ယား...သွန်သင်တယ်ဆိုတဲ့ အသံကြားမှပဲ ငါလည်း ခုမှ သတိရတော့တယ်..ရန်လေးကို အကူညီတောင်းရဦးမှာ...."၀မ်တဟိုင်မှ သက်ပြင်းချလျက် ပြောလိုက်၏။

"ကျွန်မက ကူညီပေးရမယ်...ဘာကိုလဲ.."၀မ်ရန် သိချင်စိတ်အပြည့်ဖြင့် မေးလိုက်၏။

"စောနလေးတင် ပြောထားတယ် မလား..ဦးလေးရဲ့ သမီးက အစိုးရ၀မ်ထမ်းဘွဲ့ ရထားတာလေ..."၀မ်တဟိုင် ပြောလိုက်ပြီး "သူအခု အလုပ်လျှောက်ထားတာ ရေးဖြေမှာ အောင်ထားပြီးပြီး...နောက် လေးငါးရက်နေရင် လက်တွေ့ အင်တာဗျူး ဖြေရတော့မှာ...ဒါပေမယ့် တကယ်လို့ ဦးလေးကသာ အင်တာဗျူးမေးတဲ့သူကို လက်ဆောင်မပေးဘူးဆိုရင် မင်းအစ်မကအလုပ်ရတော့မှာ မဟုတ်ဘူး...ဒီတော့ ဦးလေးကို ကူညီမယ်မလား.."

"ဘယ်လိုကူညီရမှာ..ကျွန်မမှာ ပိုက်ဆံက ရှိတာလည်း မဟုတ်ပဲနဲ့..."

"ဒါ...."

၀မ်တဟိုင်၏ အမူအရာမှာ အနည်းငယ် ချီတုံချတုံ ဖြစ်နေပြီး "တူမလေးရဲ့ အမေ ခွဲစိတ်ခန်း ၀င်ပြီးတော့ ယွမ်နှစ်သိန်း ကျန်သေးတယ်မဟုတ်လား..အဲ့ငွေတွေကို ဦး အရေးပေါ်လိုလို့ ချေးပေးလို့ မရဘူးလား..."

၀မ်ရန် တခဏမျှ ကြက်သေသေသွားခဲ့သည်။ သူမ ဦးလေးမှာ ထိုငွေကို မျက်စောင်းထိုးနေလိမ့်မည်လို့ ထင်မထားခဲ့။

"ဒုတိယအစ်ကို ရှင်ဘာတွေ လာပြောနေတာ..."၀မ်ဖန်း ပြောလိုက်ပြီး "ကျွန်မရဲ့ ရုန်ရှင်းလေးကလည်း အိမ်၀ယ်ထားတာ သိပ်မကြာသေးဘူး..အကြွေး နှစ်သိန်း ပေးဖို့ လိုနေသေးတယ်....ရှင် အဲ့ငွေကို ချေးဖို့ယောင်လို့တောင် စိတ်မကူးနဲ့..."

"စိတ်မကူးနဲ့နဲ့ ဆိုတာက ဘာသဘောလဲကွ.."၀မ်တဟိုင် လက်မခံချင် ဖြစ်သွားခဲ့ပြီး "ဒါက ငါတို့ တစ်မိသားစုလုံးကို ကယ်တင်မယ့် ငွေကြေးနော်..တကယ်လို့ သူမသာ အင်တာဗျူး မအောင်ဘူးဆိုရင် ထုန်ထုန်ရဲ့ ဘ၀တစ်ခုလုံးက သူများတွေထက် နောက်ကျကျန်နေရစ်တော့မှာ..."

"ဖေဖေ ပြောတာမှန်တယ်..သမီးသာ အင်တာဗျူးတဲ့သူကို လက်ဆောင်ပေးလိုက်ရင် သေချာပေါက် အလုပ်ရတော့မှာ..."၀မ်ထုန်လည်း သူမအဖေဘက်မှနေ၍ ထောက်ခံပြောဆိုလိုက်သည်။

"နင်တို့ မိသားစုကပဲ အရေးကြီးပြီးတော့ ငါ့ရဲ့ မိသားစုကကျ အရေးမကြီးတော့ဘူးပေါ့လေ...."၀မ်ဖန်း မေးမြန်းလိုက်ပြီး သီအိုရီကျကျဖြင့် "မိန်းကလေးရှင်ဘက်က တောင် အဲ့ဒီလက်ကျန်ငွေ သွင်းပြီးရင် လက်ထပ်မယ်လို့ သဘောတူပြီးသွားပြီ...တကယ်လို့ အဲ့ဒီ ယွမ် ၂ သိန်းကြောင့် ရုန်ရှင်းလေး လက်မထပ်လိုက်ရရင် နင်တို့ပြန်လျော်ပေးမှာလားပြော...."

"ပိုက်ဆံ မရှိရင် မိန်းမ မယူနဲ့ပေါ့ကွ..ငါ့ တစ်သက်နဲ့တစ်ကိုယ် ပိုက်ဆံချေးပြီး မင်္ဂလာဆောင်တယ်ဆိုတာ ခုမှ ကြားဖူးတယ်..."၀မ်တဟိုင် အသံမြင့်လိုက်ပြီး အကြောမခံစွာ ပြန်ပြောလိုက်လေသည်။

"အန်ကယ်. ခင်များစကားကို ဆင်ခြင်ပြီးပြောတာ ကောင်းမယ်နော...."

ချိန်ရုံရှင်းမှ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"ဘာကို ဆင်ခြင်ရမှာ..."၀မ်ထုန်အော်ဟစ်လိုက်ပြီး "ငါ့အဖေပြောတ အကုန်အမှန်တွေ ကြီးပဲ.."

"ရှင်တို့ တော်လိုက်ကြတော့နော်.....ဒါက ဆေးရုံ...ရှင်တို့တွေ ရန်ဖြစ်ချင်တိုင်း ဖြစ်လို့ရတဲ့ နေရာမဟုတ်ဘူး..."

၀မ်ရန် သည်းမခံနိုင်တော့ပဲ အော်သစ်လိုက်တော့၏။ အဘယ်ကြောင့် သူမ ဆွေမျိုးများမှာ ပိုက်ဆံ အတွက်နှင့် စကားများနေကြလဲဆိုတာကို နားမလည်နိုင်‌ဖြစ်နေလေသည်။

ဝမ်ရန်မှ ဒေါသထွက်နေသည်ကို မြင်တော့ ၀မ်တဟိုင်တို့လည်း ငြင်းခုန်နေတာ ရပ်လိုက်ကြသည်။

သူမကို ရှိန်သောကြောင့်တော့ မဟုတ်ဘဲ လင်းရီ ရှိနေသောကြောင့်ပင်။သိူ့သော်လည်း တစ်ယောက်ကို တစ်ယောက် မကျေမနပ်တော့ ကြည့်နေကြသေး၏။

"ရှင်တို့အဲ့ ပိုက်ဆံတွေကို ထိဖို့ စိတ်တောင်မကူးနဲ့"၀မ်ရန် ပြောလိုက်ပြီး "ကျွန်မ နဂိုကတည်းကရင် ပိုတဲ့ပိုက်ဆံတွေကို ဆရာလင်းဆီ ပြန်အပ်မယ်လို့ စဉ်းစားထားပြီးထား..ဒီတော့ ရှင်တို့ ငြင်းခုန်နေကြလည်း အလကားပဲ..."

"ဒါက....."

၀မ်ရန်မှာ သူမတို့ မျက်စိအောက်တွင် ကြီးပြင်လာသူဖြစ်၏။ သူမ အားနည်းလျင် အားနည်းပေလိမ့်မည်။ သိူ့သော်လည်း သူမ၏ ခေါင်းမာ သည့် စိတ်ဓာတ်ကတော့ ဘယ်လိုမျှ ဖြောင့်ဖြ၍မရသည်ကို နားလည်ထားကြ၏။

လင်းရီလည်း ၎င်းကို နားလည်ပေသည်။

မျှော်လင့်ချက်တို့ ပြည့်နှက်နေသည့် ၀မ်မိသားစု၏ အကြည့်များက လင်းရီထံ ကျရောက်သွားခဲ့၏။

သူက စူပါသူဌေးကြီးလေ..ဒီလောက်ငွေလေးကိုတော့ ဂရုမစိုက်လောက်ဘူးမလား...

"အဟမျး အဟမျး.."

လင်းရီ ပေါ့ပါးစွာ ချောင်းဟန့်လိုက်ပြီး "ကျုပ်ကုမ္ပဏီက အကြီးစားဆိုပေမယ့် အားလုံးက ရင်းနှီးမြုပ်နှံတဲ့ထဲ ရောက်နေတာ..ဒီတော့ လက်ထဲ ငွေသားက သိပ်မရှိဘူး..ဘာပဲပြောပြော ခင်များတို့တွေကလည်း ဒုက္ခရောက်နေကြတယ်ဆိုတော့ ကူညီပေးရမှာပေါ့.."

၀မ်မိသားစု၏ မျက်လုံးအရောင်များ လင်းလက်သွားခဲ့ကြသည်။ လူတစ်ချို့၏ မျက်လုံးထဲတွင် ယွမ်နှစ်သိန်းမှာ နှစ်ယွမ်မျှသာ တန်ကြေးရှိကောင်း ရှိပေလိမ့်မည်။ သို့သော်လည်း သူမတို့အတွက်တော့ ထိုပမာဏမှာ မစားရက်မသောက်ရက် နှစ်အတော်အတန်ကြာ ကုပ်ခြစ်စုကာမှ ရရှိမည့် ငွေပမာဏပင်။

"ကျုပ်မှာရှိတဲ့ ငွေကလည်း အကန့်အသတ်နဲ့ဆိုတော့ အညီအမျှ ခွဲဝေကြရင်ကော..ဘာပဲဆိုဆို ဒီနှစ်သိန်းလောက်လေးနဲ့တော့ လူတိုင်းအတွက် မလောက်ငှနိုင်ဘူးလေ..ခင်များတို့ထဲက တစ်ယောက်ပဲ ယူဖို့ အဆင်ပြေမယ်.."လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် အဲ့တာက ခင်များတို့ မိသားစုကိစ္စပါ..ကျုပ် ဘယ်သူ့ကို ပိုက်ဆံချေးရမလဲဆိုတာကတော့ခင်များတို့ ဆုံးဖြတ်ကြပေါ့...အားလုံးဆွေးနွေးပြီးလို့ ကျုပ်ဆီလာပြော... "

ထို့နောက် ၀မ်ရန်၏ ပခုံးကိုပုတ်ကာ "သွားစို့...သူတို့ဒီမှာ အေးဆေး ဆွေးနွေးကြပ‌လေ့စေ..."

"အွန်း..."

နှစ်ယောက်သား အထဲသို့ ၀င်သွားခဲ့ကြပြီး ၀မ်မိသားစုကို အပြင်၌ ချန်ရစ်ထားခဲ့ကြ၏။

သို့သော်လည်း သူတို့‌တစ်ယောက်ချင်းစီ၏ မျက်လုံးများထဲ၌ သိုဝှက်သောအကြည့်များ ဖြတ်ပြေးနေကြသည်။ ကျန်ရှိသော ယွမ် နှစ်သိန်းကို တစ်ဦးတည်းကသာလျင် ပိုင်ဆိုင်နိုင်ခွင့်ရှိ၏။ ထိုအတွက် သူမတို့ တိုက်ခိုက်ရပေမည်။

၀မ်မိသားစု၏ မျက်၀န်းထဲရှိ ရန်လိုမှု မီးတောက်များက တစထက်တစ ပူပြင်းလာပြီး ပေါက်ကွဲတော့မတတ် ဖြစ်လာခဲ့၏။

"ကျုပ်တို့ မိသားစုက အဲ့ဒီပိုက်ဆံကို ယူမယ်...လက်ဆောင်ပေးဖို့ ပိုက်ဆံကတော့ ခင်များတို့ဘာသာ ကြည့်စီစဉ်ကြ...ကျုပ်စိတ်မ၀င်စားဘူး.."ချိန်ရုန်ရှင်းမှ ဂရုမစိုက်သည့်အထာဖြင့် ပြောလိုက်လေသည်။

All Chapters