အခန်း (၂၈၀)
Vol. 19 Ch. 280
"မင်းတို့ မိသားစုက ယူမယ်ဆိုတာက ဘာသဘောလဲကွ.."၀မ်တဟိုင် လက်မခံလိုဘဲ" မင်းမိသားစုက လိုအပ်နေတာဟုတ်တယ်..ဒါပေမယ့် ငါတို့မိသားစုကလည်း လိုအပ်နေတယ်လေ..ငါတို့ အကျိုးသင့်အကြောင်းသင့် ဆုံးဖြတ်မှ ရမယ် မဟုတ်လား..."
"ဟမ့် ဒီတိုင်း ဘာမှ သောက်သုံးမကျတဲ့ အလုပ်လေးကိုများကွာ..ရသွားတော့ကော လစာက တစ်လ သုံးလေးထောင်ကနေ ပိုမှာတဲ့လား..ခင်များတို့ လာဘ်ထိုးထားတဲ့ငွေကို ပြန်ရဖို့ ဘယ်နှစ်နှစ်လောက် အငတ်ခံပြီး စုရမယ်လို့ ထင်လဲ...ဒီတိုင်း အလဟဿ ဖြစ်မယ့်အတူတူ ကျုပ် မင်္ဂလာဆောင်အတွက် အသုံးပြုလိုက်တာက ပိုပြီး အကျိုးရှိဦးမယ်.."
"မရဘူး..."၀မ်ထုန် ချိန်ရုံရှင်း၏ နှာခေါင်းကို လက်ညိုးထိုးလိုက်ပြီး "နင်က လူရည်လည်လို့ ဆိုပြီး နင့်ကို ကြောက်မယ်များ မှတ်မနေနဲ့....အဲ့ဒီငွေတွေကို နင်လည်း ရဖို့ စိတ်တောင်မကူးနဲ့..."
"သောက်ကလေးမ...အကြီးကို အကြီးလို ရိုသေလိုက်စမ်း..မင်းဘယ်သူ့ကို လာပြီး လက်ညိုးလာထိုးနေတယ်လို့ ထင်လဲ..တယ်လေ..ငါဖြတ်-ရိုက်လိုက်ရ..."
"နင့်ကို ထိုးတယ်ဟာ..ဘာဖြစ်လဲ ထိုးတယ်..ထိုးတော့ ဘာဖြစ်လဲ..."
ဖြောင်း...
ချိန်ရုန်ရှင်း ၀မ်ထုန်၏ မျက်နှာကို ဖြတ်ရိုက်လိုက်ပြီး "ငါမင်းကိုပြောလိုက်မယ်...ငါစိတ်ကောင်း ၀င်နေတဲ့ အချိန်ဆိုရင်တော့ မင်းကို ၀မ်းကွဲလို့ ခေါ်ရင် ခေါ်လိုက်မယ်..အေ ငါစိတ်ရိုင်း၀င်နေတဲ့ အချိန်ကြရင်တော့ မင်းက ချီးထုပ်မထက် မပိုဘူးဆိုတာ မှတ်ထား..ဒီတော့ ငါနဲ့ လာမငြင်းနဲ့ ..နောက်တစ်ခေါက် ပါးဖြတ်ရိုက်လိုက်လို့ သွားတွေ အံကနေ ကျွတ်ထွက်သွားမယ်..လစ်လိုက်တော့..."
"ခွေးမသား...မင်းငါ့သမီးကို ဘယ်လိုတောင် ရိုက်ရဲတာလဲကွ..."
၀မ်တဟိုင် အံတင်းတင်းကြိတ်၍ ချိန်ရုံရှင်းနဲ့ အသေအကြေချရန် တဟုန်ထိုး ပြေးသွားလိုက်သည်။ သို့သော်လည်း ချိန်ရုံရှင်းကတော့ တုတ်တုတ်မျှမလှုပ်။ထိုအစား အေးစက်စွာဖြင့် "အန်ကယ်..ဝါစဉ်အရဆိုရင် ခင်များက ကျုပ်ထက်ကြီးတယ်...အကြီးနဲ့ ပြိုင်ပြီး ရန်မဖြစ်ချင်ဘူး..ကိုယ့်အသက်ကို ကြည့်ပြီးမှ စကားပြောတာ ကောင်းမယ်..."
"မင်း...မျိုးမစစ်လေး...မင်းက ငါ့သမီးကို ရိုက်လိုက်သေးတယ်..ပြီးတော့ ငါ့ကိုလည်း ကိုယ့်အကြောင်းကိုသိဖို့ လာပြောနေတယ်ပေါ့လေ......မင်းတော်တော် လူပါး၀ပါလားကွ"
"ဒုတိယအစ်ကို..ရှင်ဘာတွေ လာပြောနေတာ..ကျွန်မ အရင်တုန်းက ရှင့်ကို ဘယ်လို ဆက်ဆံပေးခဲ့လဲဆိုတာ နောက်ပြန်လှည့်ကြည့်လိုက်ဦး..ခု ကျွန်မသား အိမ်ထောင်ရေးအတွက် အဲ့ဒီပိုက်ဆံကို အသည်း အသန်လိုနေတယ် လေ...အဲ့တာကိုတောင်မှ ရှင်က ကျွန်မကို အလျှော့မပေးဘူးဆိုရင် ရှင် တော်တော် လောဘကြီးတဲ့လူပဲ...ပြီးတော့ လူလို သိတတ်တဲ့စိတ် မရှိတဲ့လူကြီးပဲ..."
သူမသား အနိုင်ကျင့်ခံရတော့မည်ကို မြင်တော့ ၀မ်ဖန်း ရှေ့ထွက်လာပြီး ၀မ်တဟိုင်ကို လမ်းတွင် တားဆီးလိုက်သည်။
"ရှင်...မျောက်အိုမကြီး ကျွန်မအဖေကို မထိနဲ့..."
ပါးရိုက်ခံရ၍ မြေပြင်၌ လဲကျသွားသည့် ၀မ်ထုန်မှာ တစ်ဖန်ပြန်လည် မတ်တပ်ရပ်လာပြီး အော်ဟစ်ကာမိသားစုနှစ်ခု ၀ရံတာ၌ လက်သီးနှင့် ထိုးသူကထိုး၊ ဆံပင်ဆွဲသူကဆွဲနှင့် ၀ရုန်းသုန်းကား ဖြစ်နေကြတော့၏။
"အန်ကယ်...ကျုပ်ခင်များကို အကြီးမို့လို့ မထိုးချင်ဘူးနော်...ကိုယ့်ကိုယ်ကို နားလည်တာကောင်းမယ်...ကျုပ်ဘာမှ မလုပ်တိုင်း ကြောက်တယ်လို့များ ထင်မနေနဲ့..."
"မင်း မျိုးမစစ်လေး..မင်းကများ ပြောရတယ်ရှိသေး...နွားပျိုသန်လှ နွားအိုပေါင်ကျိုးတဲ့...ထိရဲရင် ထိကြည့်လိုက်စမ်း..."
"ငိုးပဲ..ကျုပ်ကို သောက်ရမ်း သဘောကောင်းတဲ့ ကောင်များ မှတ်နေတာလား.."
ချိန်ရုံရှင်း အပိုစာသားများ ရွတ်မနေတော့ပဲ ၀မ်တဟိုင်၏ ခန္ဓာကိုယ်ကို ခြေထောက်ဖြင့် ကန်လိုက်သည်။
အရိုးအိုကြီး ၀မ်တဟိုင်မှာတော့ ထိုခြေကန်ချက်ကို မည်သို့ တားဆီးနိုင်လိမ့်မည်နည်း။ သို့နှင့် မီတာတော်တော်များများအထိ လွင့်ထွက်သွားတော့၏။
"အဖေ...!"
၀မ်ထုန် အလျင်စလိုဖြင့် သူမအဖေကို ပြေးထူလိုက်သည်။
"ရတယ် သမီး..အဖေ အဆင်ပြေတယ်..."
၀မ်တဟိုင် လက်မောင်းကွေး၍ စက်ဝိုင်းပုံစံ လှည့်လိုက်ပြီး အင်္ကျီလက်ပင့်ကာ ချိန်ရုန်ရှင်းထံသို့ ပြေးပြီး ခုန်အုပ်လိုက်သည်။
ဤတစ်ကြိမ်တွင်တော့ ချိန်ရုံရှင်း ညှာတာ မနေတော့ပဲ ဒူး၊တံတောင်၊လက်ဝါး၊ ခြေကန်ချက် အစုံတို့ဖြင့် ဆော်ပလော်တီးလိုက်တော့သည်။
"မျိုးမစစ်လေး..မျက်နှာကို မထိုးရဘူးဆိုတာ မင်းအဖေက မသင်ပေးထားဘူးလားကွ.."
"ကျုပ်ဆံပင်ကို လခွမ်းမို့ လာဆွဲနေတာလားဟ..."
"ငါလဲချ...."
၀မ်တဟိုင် လက်ဝါးဖြင့် သူ၏ လည်ပင်းကို လှီးဖြတ်၍ ရက်စက်တော့မည့်ပုံစံ ပြုလုပ်လိုက်ပြီး "ငါ့မျက်နှာကို ထိုးရဲတယ်ပေါ့လေ...မင်းအမေကို ပြန်သွားထိုးမယ်ကွ..."
၀မ်တဟိုင် ကျိန်ဆဲ၍ ၀မ်ဖန်းထံ တဟုန်ထိုး ပြေး၀င်သွားတော့၏။
"ငိုးမသားကြီး သေချင်လို့ ကျုပ်အမေကို ထိတာလားကွ...."
ချိန်ရုံရှင်း ဒေါသူပုန်ထကာ ကျိန်ဆဲလိုက်ပြီး ၀မ်တဟိုင်၏ ချုပ်ကွက်မှ ရုန်းကာ ၀မ်ထုန်းထံ တန်းမတ်နေအောင် ပြေး၀င်သွားတော့သည်။
နောက်က ပြေး၀င်လာသည့် ရန်သူကို သတိမထားမိသည့် အနှီမိန်းကလေးမှာတော့ တုံ့ပြန်ချိန်တောင် မရလိုက်ပဲ နောက်မှ ချိန်ရုံရှင်း၏ အားပါးတရ ဆောင့်ကန်ခြင်းကို ခံလိုက်ရ၏။
အာ့...
ဆိုးရွားစွာ အကန်ခံလိုက်ရသည့် ၀မ်ထုန်းမှာ နာကျင်စွာ အော်သစ်မြည်တမ်း၍ ကြမ်းပြင်ပေါ်သို့ လဲကျကာ အသိစိတ် ကင်းမဲ့သွားတော့၏။ သူမ မည်မျှပင် ကြိုးစားစေကာမူ ပြန်မထနိုင်တော့ချေ။
"ငိုး...ငိုး ငိုးပဲကွာ...ငါမင်းကို သေအောင် သတ်မယ်..."
၀မ်တဟိုင် ချိန်ရုံရှင်းထံ ရူးသွပ်စွာ ပြေး၀င်သွားတော့၏။ သို့သော်လည်း ထိုအချိန်တွင်ပဲ အော်သံတစ်သံကို ကြားလိုက်ကြရသည်။
"ရှင်တို့ ဒါ ဘာလုပ်နေကြတာလဲ..."
သူနာပြုမလေးနှစ်ယောက်မှ အလျင်စလို ပြေးလာခဲ့ပြီး နှစ်ယောက်ကို လူစု ခွဲလိုက်ကြ၏။ သူမတို့ အထူးကြပ်မတ်ဆောင်ရှေ့၌ အော်ဟစ်ရန်ဖြစ်နေကြသည်ကို ပထမဆုံးအကြိမ် မြင်ဖူးသွားကြလေသည်။
သူနာပြုမလေးနှစ်ဦး၏ ဖြန်ဖြေမှုဖြင့် မိသားစုနှစ်ခုမှာ လူစုခွဲလိုက်ကြ၏။ သို့သော်လည်း ချိန်ရုံရှင်း၏ မျက်နှာထက်ရှိ အမူအရာကတော့ အစိမ်းလိုက် ဝါး-စားတော့မည့် အသွင် ဖြစ်နေလေသည်။ သူ ၀မ်တဟိုင်၏ နှာခေါင်းကို လက်ညှိုးထိုးလိုက်ပြီး "ခင်များ ဒီကနေ ဒိုးလိုက်တော့....အိုနာကျိုးကန်းကြီးကများ ကျုပ်ရမယ့် ငွေတွေကို လာလုရဲတယ်ပေါ့လေ ...ကျုပ်ခင်များကို လူငှားပြီး သတ်ခိုင်းလိုက်လို့ရတယ်ဆိုတာ ယုံလား..."
၀မ်တဟိုင်၏ မျက်နှာမှာတော့ ၀က်ခေါင်းကဲ့သို့ ယောင်ကိုင်းနေကာ ခန္ဓာကိုယ်မှာတော့ ဒေါသကြောင့် တဆတ်ဆတ် တုန်ခါနေ၏။
အကယ်၍ သူတို့နှစ်ဦးသာ တစ်ယောက်ချင်း တိုက်ခိုက်မည်ဆိုပါက ၀မ်တဟိုင် ခေတ္တမျှ ထိန်းထားနိုင်ဦးမည် ဖြစ်သော်လည်း ချိန်ရုံရှင်း၊ ထို တဏှာရူးကျပ်မပြည့်ကသာ တစ်ယောက်ယောက်ခေါ်လိုက်ပါက အထောင်းခံရမည့်သူမှာ သူသာလျင်ဖြစ်သွားပေလိမ့်မည်။
"ခင်များ သောက်နားက လေးနေတာလား..ထွက်သွားလိုက်တော့လို့..."
"ငါလည်း ရှင်းအောင် ပြောလိုက်မယ်..ခုကစပြီးတော့ ငါတို့ မိသားစု နှစ်ခုက သေတမ်းပြတ်ပြီ..ငါသေရင်လည်း မင်းတို့ သားအမိတွေ လာစရာမလိုဘူး..."
"ဟမ့်..ကျုပ်တို့ကကော ခင်များတို့လို သောက်ငမွဲတွေနဲ့ ဆွေမျိုးတော်ချင်တယ်လို့ ထင်နေတာလား...ခုကစပြီးတော့ ကျုပ်မျက်လုံးထဲမှာ ရန်လေးပဲ ရှိတော့တယ်...ခင်များတို့ကောင်တွေက ဘာမှ မသက်ဆိုင်တော့ဘူး... "
"ငွေကြောင့်မို့နဲ့ ကျွေးတဲ့လက်ကို ပြန်ကိုက်တဲ့ သားအမိတွေ....ဆွေမျိုးမတော်ရတော့လည်း ယီးမှ ဖြစ်မသွားဘူး..."
ကျိန်ဆဲပြီးနောက် ၀မ်တဟိုင် သူ၏ သမီးကိုတွဲ၍ ဆေးရုံထဲမှ ထွက်ခဲ့လိုက်သည်။
"ခင်များကော ဘာကြည့်နေတာ..ပိုက်ဆံ လိုချင်သေးလို့လား.."ချိန်ရုံရှင်း ၀မ်တရှန်းကို ဘုကြည့်ကြည့်၍ မေးလိုက်သည်။
"မ မဟုတ်ပါဘူး ငါ့တူရယ်..ဦးတို့ မိသားစုက ထွေထူး လိုနေတာတွေမှ မရှိတာ...၀င်မပါတော့ပါဘူး.."၀မ်တရှန်း အပြုံးလေးဖြင့် ပြောလိုက်ပြီး "ငါ့တူတို့ လုပ်စရာရှိတာ ဆက်လုပ်နော်..ဦးလေးတို့ ကိစ္စလေးရှိလို့ အရင်ပြန်နှင့်ပြီ..."
ချိန်ရုန်ရှင်း ဘာမျှ မဆိုပဲ အင်္ကျီကို တင်းရင်းသန့်ပြန့်အောင် ပြုကာ ၀မ်ဖန်းကို ကြည့်လိုက်ပြီး "အမေ..အထဲ၀င်ကြရအောင်ဗျာ..ခုပိုက်ဆံက သားတို့ဟာပဲ..."
၀မ်ဖန်း ခေါင်းတဆတ်ဆတ်ညိမ့်လိုက်ပြီး "ကြိုပြောထားမယ်နော်...အမေတို့ ခဏနေ အထဲ၀င်စွားတဲ့ အချိန်ကျ မင်း ဆရာလင်းကို ရိုသေရုံတင်မကသေးဘူး..ရန်လေးကိုပါ အပြစ်ပြုမိလို့ မဖြစ်ဘူးနော်..."
"ဟာဗျာ..အမေကလည်း အဲ့ကောင်မကို ဘာဆိုင်လို့ အပြစ်မပြုရမှာ..ပိုက်ဆံက ဆရာလင်းဟာလေ..."
"ကလေး..အမေက မင်းကို မွေးထားတာနော်..မင်းထက်ပိုသိတယ်..လျှာမရှည်နဲ့ ပြောတဲ့အတိုင်း လုပ်ဆိုလုပ်လိုက်.. "၀မ်ဖန်း ပြောလိုက်ပြီး "ဆရာလင်းနဲ့ ၀မ်ရန်က ဆရာတပည့်တွေ ဆိုပေမယ့် ရန်လေးက အရမ်းလှတယ်လေ..လင်းရီက သူ့ကို တော်မကောက်ဘူးလို့ ပြောနိုင်လို့လား..မဟုတ်ရင် ဘယ်သူက ဒီလောက် ပိုက်ဆံတွေ အများကြီး ကူညီပေးမှာလဲတဲ့...,"
၀မ်ဖန်း ဘေးဘီဝဲယာကို တစ်ချက်ကြည့်လိုက်ပြီး ရည်ရွယ်ချက်ရှိရှိ အသံတိုးတိုးလေးဖြင့် "၀မ်ရန်က ဆရာလင်းရဲ့ အမျိုးသမီး ဖြစ်လာပြီဆိုရင် သေချာပေါက် ပိုက်ဆံတွေ အများကြီး ရမှာပဲလေ..အဲ့လိုဆို သူက အမေတို့ရဲ့ နို့စားနွားမ ဖြစ်မသွားဘူးလား..."
ချိန်ရုံရှင်း မျက်လုံး အရောင် တောက်ပလာခဲ့ပြီး "အမှန်ပဲ..အဲ့လိုဆိုရင်တော့ သူ့ကို ယဉ်ယဉ်ကျေးကျေးလေး ဆက်ဆံမှ ရတော့မှာ..."
"အင်း..မင်း သေချာပေါက် ယဉ်ကျေးရမယ်နော်..."
သားအမိနှစ်ယောက် ဆွေးနွေးတိုင်ပင်ပြီးနောက် ကြည့်ကောင်းစေရန် အ၀တ်စားများက်ု သေသပ်ပြုပြင်ကာ လူနာဆောင်ထဲသို့ ၀င်သွားကြလေသည်။
အခန်းထဲတွင်တော့ ၀မ်ရန်မှ သူမအမေကို စွပ်ပြုတ် မှုတ်ကျွေးနေလေသည်။
"တီချယ်..သူတို့ အပြင်မှာ ရန်ဖြစ်နေကြပြီ တူတယ်နော...."
"ငါ့ကို သွားပြီး ဖြန်ဖြေပေးပါလို့တော့ ပြောမယ် မကြံနဲ့နော်..ငါက ကြက်ဖမ်းဖို့တောင် အားရှိတာ မဟုတ်ဘူးဗျ...သူတို့ကို ဖြန်ဖြေပေးဖို့ ဆိုရင်တော့ ဝေးပြီပေါ့..."
၀မ်ရန် နှာကစ်လိုက်သည်။ ပြည်ပကျောင်းသား ခြောက်ယောက်ကို ချွေးတစ်စက်မထွက်ပဲ အမှောက်သိပ်လိုက်သည့်သူက ကြက်ဖမ်းဖို့ပင် အားမရှိဟုဆိုနေလေသည်။
၎င်းကိုမည်သူက ယုံနိုင်ပါမည်နည်း။
ထိုပချိန်တွင် ၀မ်ဖန်းတို့ သားအမိတစ်တွေ ရောက်ချလာကြပြီး သူတို့၏ မျက်နှာထက်တွင်တော့ ဟန်ဆောင်အပြုံးများ ဆင်မြန်းထားကာ အင်္ကျီတို့ကတော့ ဖုန်များဖြင့် ညစ်ပတ်ပေရေနေသည်။
"ရန်လေး..သမီးသွားနားတော့လေ..အန်တီကပဲ သမီးအမေကို စွပ်ပြုတ် ဆက်ကျွေးလိုက်မယ်..."
၀မ်ဖန်း အပြုံးလေးဖြင့် ပြောလိုက်၏။
"ရတယ်....ကုန်တော့မှာ ...ကျွန်မပဲ ဆက်ကျွေးလိုက်မယ်.."
"အဲ့တာဆိုလည်း ပြီးတာပါပဲကွယ်..."
၀မ်ရန် သူမ အမေကို စွပ်ပြုတ်ဆက်ကျွေးနေပြီး လင်းရီလည်း စကားတစ်ခွန်းမျှမဆိုပဲ ထိုင်နေလေသည်။ လူနာဆောင်အတွင်းရှိ လေထုကတော့ အနည်းငယ် ကိုးရို့ကားယား နိုင်နေတော့၏။
၀မ်ဖန်းကတော့ လင်းရီကို အချိန်တိုင်းရှိုးနေပြီး အနည်းငယ် သောကရောက်နေသည်။
ငါက ငါ့အစ်ကိုကိုတောင်မှ မောင်းထုတ်လိုက်ပြီးပြီလေ..ဘာလို့ ပိုက်ဆံအကြောင်း တစ်ခွန်းမှ မဟသေးတာလဲလို့...
"အန်တီကလည်း အတော်လေး နာလန်ထူလာပြီဆိုတော့ ကျွန်တော် အရင် ပြန်နှင့်တော့မယ်နော..."လင်းရီ အပြုံးလေးဖြင့် နှုတ်ဆက်ရင်း ပြောလိုက်သည်။
"အဲ့တာဆို သမီး တီချယ့်ကို လိုက်ပို့ပေးမယ်လေ..."
၀မ်ရန် စွပ်ပြုတ်ပန်ူကန်ကို အောက်သို့ချ၍ လင်းရီကို လိုက်ပို့ပေးရန် ဟန်ပြင်လိုက်၏။
"ရတယ်..ငါ့ဘာငါပဲ သွားလိုက်မယ်..."
"ဆရာလင်း..."
၀မ်ဖန်း လင်းရီကို အနောက်မှ လှမ်းခေါ်လိုက်သည်။
"ဘာကိစ်စလဲ..."
"ဟိုဟာလေ...."
၀မ်ဖန်း တစ်ခုခုပြောချင်နေသော်လည်း ဘယ်ကစပြောရမှန်းမသိ ဖြစ်နေကာ "ဆရာလင်းပဲ ခုနတုန်းက ကျွန်မတို့ကို ယွမ်နှစ်သိန်း ချေးပေးမယ် ပြောထားသလားလို့...."