အခန်း (၂၈၁)
Vol. 19 Ch. 281
"အိုင်ယား....ဟုတ်သားပဲ..."လင်းရီ ခုမှ သတိရချင်ယောင် ဆောင်လိုက်ပြီး "ကျုပ်ကလည်း အဲ့တာကို ဘယ်လိုလုပ်ပြီး မေ့သွားပါလိမ့်..."
"ရတယ် ရတယ် ..ဟိုလို အရေးကြီးတာလည်း မဟုတ်ပဲနဲ့...."
"ခင်များပြောတာမှန်တယ် ..အရေးကြီး ကိစ္စလည်း မဟုတ်ဘူးဆိုတော့ နောက်မှ ပြောကြတာပေါ့..ကျုပ်ခု လုပ်စရာလေးရှိသေးလို့ သွားတော့မယ်..."
အမ်..
လင်းရီ ထွက်ခွာသွားသည်ကိုမြင်တော့ ၀မ်ဖန်းနှင့်ချိန်ရုံရှင်းတို့ စိုးရိမ်သောက ရောက်သွားကြသည်။
'ခုနေ လွတ်သွားရင် ခင်များကို ဒီတစ်သက် ဖမ်းလို့မိမှာ မဟုတ်တော့ဘူးလေ..'
"ဆရာလင်း..ရှင်ကအလုပ်များတဲ့သူဆိုတော့ နောက်လည်း အားမှာ မဟုတ်ဘူးလေ..ဒီတော့ လူစုံတုန်းလေး ဒီနေ့ကိစ္စကို အပြီးသတ်လိုက်ကြရင် မကောင်းဘူးလားလို့..."
"ပြီးတာပဲလေ.."လင်းရီ ပြောလိုက်ပြီး "ခင်များမှာ ဘောပင်နဲ့ စာရွက် ရှိလား..."
"ဟုတ် ဟုတ် ရှိပါတယ်...."
လင်းရီ အဘယ်ကြောင့် ထိုစာရေးကိရိယာများ လိုချင်နေသည်ကို နားမလည်သော်လည်း ၀မ်ဖန်း သူမ အိတ်ထဲမှ ထုတ်၍ လင်းရီထံ ကမ်းပေးလိုက်၏။
"ခင်များ ကျုပ်ကို ပေးစရာ မလိုဘူး..အဲ့စာရွက်ပေါ်မှာ ခံ၀န်ကတိ လက်မှတ် ထိုးလိုက်..."
"ခံ၀န်ကတိ ထိုးရမယ်..."
"အင်း..."လင်းရီ ခေါင်းညိမ့်လိုက်ပြီး အချက်လက်ကျကျဖြင့် "ခင်များတို့ပဲ ကျုပ်နားက ယွမ်နှစ်သိန်းချေးချင်တယ်လို့ ပြောထားတယ်မဟုတ်လား..အဲ့လိုဆိုမှတော့ ခံ၀န်ကတိ ရေးထိုးရမယ်လေ..ဒီလောက်လေးတောင် နားမလည်ဘူးလို့တော့ လာမပြောနဲ့..."
"ဒါ...."
၀မ်ဖန်းနှင့် ချိန်ရုံရှင်းတို့ အံ့အားသင့်သွားခဲ့ကြ၏။
ချေးငှားသည်ဟု ဆိုသော်လည်း သူမတို့ သားအမိမှာ ပြန်ဆပ်ရန် အစီအစဉ်မရှိချေ။
နင်က အရမ်းချမ်းသာပြီးနေပြီလေ..ဒီယွမ်နှစ်သိန်းလောက်ကို ဂရုမစိုက်ဘူး မဟုတ်လား...
"ဆရာလင်း..ရှင်က မိသားစုကြီးကဆိုတော့ ယွမ်နှစ်သိန်းဆိုတာ ရှင့်အတွက် သားရည်စာမုန့်ဖိုးလေးတောင် မရှိဘူး မဟုတ်လား.."၀မ်ဖန်း ပြောလိုက်ပြီး "နောက်ပြီး ကျွန်မက ရန်လေးရဲ့ အဒေါ်လေ..သူ့ကို လည်း ငယ်ကတည်းကနေ ကြီးပြင်လာအောင် ကျွန်မကပဲ စောင့်ရှောက်ပေးခဲ့တာ..ဆရာလင်းက ကျွန်မတို့ရဲ့ ကိုယ်ကျင့်စရိုက်ကို မယုံကြည်တာလား... "
"ယုံကြည်တယ် မယုံကြည်တယ် ဆိုတာထက် ငွေကြေးနဲ့ ပတ်သက်လာရင်တော့ သူ့စည်းသူ့ကမ်းနဲ့သူပဲ သွားသင့်တယ်လေ...,.."လင်းရီ ပြောလိုက်ပြီး ကျိုးကြောင်းဆက်စပ်၍ "ဒီတော့..ခင်များတို့ IOU စာချုပ် ရေးပြီးရင် ပြန်လာပြီး ကျုပ်ဆီ ပိုက်ဆံ လာချေးလှည့်..."
လင်းရီ၏ တည်တံ့သော မျက်နှာထားကို မြင်တော့ ၀မ်ဖန်းတို့ သားအမိ မျက်မှောင်ကုပ်သွားကြသည်။
လင်းရီ သူမတို့ကို စနောက်နေခြင်း မဟုတ်ပေ။ သူမတို့ ဒုတိယအစ်ကိုကို မောင်းထုတ်ရန် များစွာအားစိုက်ထုတ်လိုက်ရသော်လည်း အကြွေးစာချုပ်ဖြင့် ချေးငှားရမည်ဆိုပါက တခြားသူထံမှ ချေးငှားရသည်နှင့် အဘယ်အရာများ ကွာခြားသွားလိမ့်မည်နည်း။
"အမေ..."
ချိန်ရုံရှင်း ၀မ်ဖန်းကို ဘေးတစ်နေသို့ ဆွဲခေါ်သွားလိုက်ပြီး တီးတိုးပြောလိုက်၏။ "IOU စာချုပ် ရေးပေးလိုက်..."
"နင်ဘာ သောက်အဓိပ္ပာယ် မရှိတာတွေ လာပြောနေတာလဲ..."၀မ်ဖန်း ပြောလိုက်ပြီး "အမေတို့သာ အကြွေးစာချုပ် ရေးပေးလိုက်ရင် သေချာပေါက် ပိုက်ဆံ ပြန်ပေးရတော့မှာပေါ့ဟဲ့..."
"သားတို့ အကြွေးစာချုပ် ရေးပေးလိုက်တာနဲ့ ပိုက်ဆံ ပြန်ပေးရမယ်လို့ ဘယ်သူပြောလဲ.."ချိန်ရုံရှင်း ပြောလိုက်ပြီး "သားတို့သာ ဒုတိယဦးလေးကို အကြွေးယူတဲ့သူ နေရာမှာ ရေးလိုက်မယ်ဆိုရင် ပိုက်ဆံလည်း ပြန်ဆပ်စရာ မလိုတော့ဘူး မဟုတ်လား...သူ့ဘက်ကကော သားတို့ကို ဘာများ လုပ်နိုင်မှာမို့လို့လဲ..."
"ဟုတ်သားပဲနော်..."
၀မ်ဖန်း ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရပြီး လင်းရီဘက်သို့ လှည့်ကာ "လင်းရီ ငါတို့ ခုချက်ချင်း အကြွေးစာချုပ်ရေးပေးမယ်..."
"ရေးလေ..."
ဆယ်မိနစ်ကြာပြီးနောက် ၀မ်ဖန်း အကြွေးစာချုပ် ရေးသားပြီးသွားပြီး သူမ နာမည်ကို လက်မှတ်ထိုး၍ လင်းရီထံ ကမ်းပေးလိုက်၏။
"အာမခံပစ္စည်း အနေနဲ့ အိမ်ဂရံ ယူလာခဲ့.....အဲ့တာဆို ကျုပ် ခင်များတို့ဆီ ပိုက်ဆံ လွှဲပေးမယ်..."
လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် မပူနဲ့ ခင်များတို့က ၀မ်ရန်ရဲ့ ဆွေမျိုးတွေဆိုတော့ အတိုးတော့ များများစားစား မတောင်းပါဘူး..ဘဏ်အတိုးနှုန်း အတိုင်းပဲယူမယ်....မျှတတယ်နော်..ဟုတ်တယ်ဟုတ်..."
"ဘာပြောလိုက်တယ်...နင်က ငါတို့အိမ်ကို အပေါင်အဖြစ် ယူမယ်..."
"ခင်များက ဘယ်လိုထင်လို့လဲ...ကျုပ်က အာမခံ မယူဘဲနဲ့ အလကား ချေးပေးမယ်လို့ ထင်နေတာလား...ခင်များဦးနှောက်က ကျပ်မပြည့်ဘူးလားဟ.."
"ဆရာလင်း..ခင်များ မလွန်လာနဲ့နော်..."ချိန်ရုံရှင်း လက်သီးကျစ်ကျစ်ပါအောင် ဆုပ်၍ ပြောလိုက်သည်။
"လွန်တယ်...ငါက ဘယ်နား လွန်နေလို့လဲ..."လင်းရီ မေးငေါ့၍ ပြောလိုက်ပြီး "မင်းတို့က အပေါင်ပစ္စည်းမထားဘဲနဲ့ ငွေချေးချင်နေတယ်ပေါ့လေ....အိပ်မက်မက်နေလိုက်...."
"ခင်များ...."
"မချေးချင်ရင်လည်း လစ်လိုက်တော့ ဒီမှာလာပြီး အပုပ်နံတွေ လာလွင့်မနေနဲ့..."
၀မ်ဖန်းနှင့် ချိန်ရုံရှင်းတို့ အမျက်ချောင်းချောင်း ထွက်နေသော်လည်း တစ်ခွန်းမျှ ပြန်ပြောဝံ့ခြင်းတော့မရှိ။
လင်းရီမှာ သူတိူ့ သွားရှုပ်လို့ရသည့် လူစားမျိုး မဟုတ်ချေ။ ထို့ကြောင့် သားအမိနှစ်ယောက် ဒေါသကို ကြိတ်မှိတ် မျိုချကာ လူနာဆောင်ထဲမှ ထွက်ခွာသွားရတော့၏။
"ဟူး...."
၀မ်ရန် သက်ပြင်းတစ်ချက် ချလိုက်ပြီး " နောက်ဆုံးတော့လည်း ဒီသားအမိတွေ ထွက်သွားကြပြီပေါ့..."
လင်းရီ အပြုံးလေးဖြင့် ခေါင်းညိမ့်လိုက်ပြီး "ငါမင်းအစား မောင်းထုတ်ပေးလိုက်တာနော်..ဒီတော့ အန်တီ့ကိုသာ ကောင်းကောင်းလေး ဂရုစိုက်လိုက်..."
"ဟုတ်ကဲ့ တီချယ် ကျေးဇူးပါနော်..."၀မ်ရန် ကျက်သရေရှိစွာ ပြုံးလိုက်ပြီး "တီချယ်ကြောင့်သာ မဟုတ်ရင် သမီးဖြင့် ဘာလုပ်လို့ လုပ်ရမှန်းတောင် မသိတော့ဘူး..."
"ဒီအကြောင်းတွေ စိုးရိမ်မနေနဲ့"လင်းရီ ပြောလိုက်ပြီး "ခု မင်းလုပ်ရမှာက အန်တီနဲ့ အဘွားကို သေချာလေး ပြုစုပေးဖို့ပဲ..ကျန်တဲ့သူတွေ သေသာရှင်တာ မင်းနဲ့ မဆိုင်ဘူး..ငါပြောတာ နားလည်တယ်နော်..."
"ဟုတ် တီချယ် နားလည်ပါတယ်ရှင့်..."
"အာ့ဆိုဒါပဲ..သွားတော့မယ်..."
လင်းရီ ထွက်သွားသည့် ပုံရိပ်ကို ငေးမောရင်း ၀မ်ရန့်ရင်ထဲ၌ ထူးဆန်းသည့် ခံစားချက်များ ပေါက်ဖွားလာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူမ၏ ဖခင်မှာလည်း လင်းရီနည်းတူ ထိုစကားများကို သူမထံ ပြောခဲ့ဖူးသောကြောင့်ပင်။
....
လင်းရီ ဆေးရုံမှ ထွက်လာခဲ့ပြီးနောက် ၀မ်ကျန်းဆိပ်ကမ်းသို့ ဦးတည်လာခဲ့လိုက်၏။ အရင်ဦးဆုံး ဆောက်လုပ်ရေးဆိုဒ် အခြေနေကို တစ်ချက် အကဲခတ်ပြီးနောက် လှေတစ်စင်းယူ၍ ငါးထိုင်မျှားနေလိုက်၏။ ညနေ ၆ နာရီ မထိုးခင် အချိန်အထိ လုံး၀ အိမ် မပြန်ပေ။
နောက်တစ်နေ့ နံနက် ၇ နာရီထိုးသည့် အချိန်တွင်တော့ သူ၏ ဖုန်းသံမြည်လာခဲ့ပြီး လင်းရီ အိပ်စုံမှုန်မွှားဖြင့် ဖုန်းကိုင်လိုက်သည်။
အစက ကျီချင်းရန် ဖြစ်မည်ဟု ထင်ထားသော်လည်း နာမည်ကြည့်လိုက်သောအခါမှ ဟော်ယွမ်ယွမ် ဖြစ်နေလေသည်။
"ဘာလို့ မနက်အစောကြီး ခေါ်လိုက်တာလဲကွ..အိပ်ကောင်းချင်းကို မအိပ်ရဘူး..."
"ဘော့စ်..ရှင်မေ့နေပြီလား..ရှင့်ကို တရားရုံးက ဆင့်ခေါ်ထားတယ်လေ..တရားခွင်ကို ကိုးနာရီ အရောက်သွားရမှာ..."
"အဲ့လိုလည်း ရှိသေးတာလားဟ..သေစမ်း..ငါလုံး၀ကို မေ့နေခဲ့တာ" လင်းရီ ပြောလိုက်ပြီး "မင်းတို့ သွားနှင့်ကြကွာ..ငါ ငါးမိနစ်လောက် ဆက်အိပ်ပြီးရင် ထွက်လာခဲ့မယ်..."
"ဘော့စ်..ကျွန်မတို့ သွားရမှာက တရားရုံးနော်..အပျော်ခရီးမဟုတ်ဘူး.."ဟော်ယွမ်ယွမ် လေးနက်သည့် အသံဖြင့် ပြောလိုက်ပြီး "ကျွန်မတို့ ကုမ္ပဏီ စထောင်ကတည်းက ပထမဆုံး ရင်ဆိုင်ရတဲ့ အမှုဆိုတော့ လေးနက်စမ်းပါ ရှင်ရယ်..."
"ဒီတိုင်း ငစနူလေးတွေကိုများကွာ..ဘာမှ အလေးနက် ထားနေစရာ မလိုဘူး.."
ထိုသို့ ပြောပြီးနောက် ဖုန်းချကာ အိပ်ရာထဲသို့ ဘုန်းကနဲ လှဲချ၍ ဆက်အိပ်နေလိုက်၏။
မကြာမီ အိပ်ရာထ၍ မနက်စာ၀ယ်စားကာ တရာရုံးအမှတ်(၂) သို့ ထွက်လာခဲ့လိုက်လေသည်။
လင်းရီ တရားရုံး၀င်ပေါက်သို့ ရောက်သောအခါ လူတစ်ဒါစင်ခန့် အ၀င်၀၌ မတ်တပ်ရပ်နေကြောင်း အံ့အားသင့်စွာ မြင်တွေ့လိုက်ရ၏။
ထိုသူများ အားလုံးမှာတော့ သူ့အား စောင့်ဆိုင်းနေကြသည့် သတင်းထောက်များ ဖြစ်ကြလေသည်။
လင်းရီရောက်လာသည်ကို မြင်တော့ ဟော်ယွမ်ယွမ်နှင့် ချီရန်းကျောက်တို့ အပြေးကလေး လာကြိုကြ၏။
"ဘော့စ်...ဒီနေ့တော့ ကိစ္စတွေ အများကြီး ဖြစ်တော့မှာနော်...ကျွန်မတို့ တွက်ထားတာနဲ့တော့ နဲနဲလေး လွဲနေတယ်..."
မူလကတော့ သူမတို့ ထင်မှတ်ထားသည်မှာ သီးသန့် တရားရင်ဆိုင်ကြမည်ဖြစ်ပြီး အပြင်လူများ ပါ၀င်ပတ်သက်ခွင့် ပြုလိမ့်မည် မဟုတ်ဟု ထင်မှတ်ထားကြ၏။
သို့သော်လည်း ယခုပုံစံအရဆိုလျင် သူမတို့၏ ပြိုင်ဘက်ကို အထင်သေးမိသွားပုံပင်။
'ဒီထျန်းဟုန် ဖောင်ဒေးရှင်းက လင်းယွမ်ဖောင်ဒေးရှင်းကို သုတ်သင်ဖို့ ကြိုးစားနေတာပဲ...'
ဒီလိုတွေတောင် လုပ်ရလောက်တဲ့ အထိဆိုတော့ သူတို့ကို ဘာလုပ်ထားလို့ အဲ့လောက်တောင်မှ မုန်းတီးနေပါလိမ့်...
မဟုတ်မှလွဲရော ဘော့စ်က သူများ ယောက်ျားကို သ-တ်ဖြတ်ပြီးတော့ ဇနီးမယားကို သိမ်းပိုက်လိုက်လို့များလား...
အခြေနေမှာ မပြင်းထန်သော်လည်း ထျန်းဟုန်ဖောင်ဒေးရှင်းမှ ဦးထုပ်စိမ်းဆောင်းခံရသောကြောင့်ပေါက်ကွဲနေသကဲ့သို့ ပြုမူနေလေသည်။
လင်းရီဘက်ကတော့ စိုးရိမ်ခြင်း အလျင်းမရှိ။ တည်တည်ငြိမ်ငြိမ်ပင်။ ၀ယ်ယူလာသည့် ပေါင်မုန့်ကို စားသောက်ရင်း ဟော်ယွမ်ယွမ်၏ ၀တ်စုံကို ဝေဖန် လေကန်နေလိုက်၏။
"ငါမင်းကို မိနီစကတ်နဲ့ စတော်ကင်အနက် ၀တ်ခဲ့လို့ ပြောထားတာကို ဘာလို့ ဂျင်းပန်ကြီး ၀တ်ခဲ့တာလဲဟ..."
"ကျွန်မက ၀တ်မှ ဖြစ်မှာလား.."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ခု ဘယ်အချိန်တောင်ရှိနေပြီလဲ..ရှင်က အဲ့တာကို အာရုံစိုက်ဖို့ အချိန်ရှိသေးတယ်ပေါ့လေ..."
"မဒီလေး...လူဆိုတာ အမြဲတမ်း လန်းဆန်းတက်ကြွနေရမယ်...ဘယ်တော့မှ အလှတရားကို ချီးမွမ်းဖို့ရာ မမေ့လျော့ရဘူး..."
ဟော်ယွမ်ယွမ် :"...."
"ရှင် ချီးကျုးချင်နေတယ်ဆိုရင်လည်း အစ်မကျီဆီ သွားပြီး ချီးကျုးနေလိုက်..."ဟော်ယွမ်ယွမ်မှ ကားတံခါး ပြန်ဖွင့်ပေးပြီး ကြွပါဟူသောအမူအရာ လုပ်ပြလိုက်သည်။
"မုန့်စားဦးမလား...အရမ်းစားကောင်းတာနော်..ငါတောင်မှ အကြာကြီး တန်းစီပြီး ၀ယ်ခဲ့ရတာ..."
"ခု ဘယ်ချိန် ရှိနေပြီလဲလို့..ရှင်က အဲ့တာတောင် မုန့်စားဖို့ အာရုံရနေသေးတယ်ပေါ့လေ..အလေးနက် ထားပါဦးတော်ရယ် ..တကယ်တည်းမှပဲ..."၀မ်ရန် သည်းမခံနိုင်တော့ပဲ အော်ဟစ်လိုက်၏။
"ဝှစ်..."
လင်းရီ ကားထဲမှ ထွက်လာသည်ကို မြင်တော့ သတင်းထောက် အုပ်ကြီးမှာ တဝီ၀ီမြည်သော ပျားများကဲ့သို့ လင်းရီ ထံ တစ်ဟုန်ထိုး ပြေး၀င်လာကြပြီး သူ့ကို ဝိုင်းရံထားလိုက်ကြသည်။
"မစ္စတာလင်း...ဒီရဲ့ တရားစွဲဆိုမှုကို မစ္စတာလင်းဘက်က ဘယ်လိုမြင်လဲဆိုတာ သိပါရစေခင်ဗျ...."
အမျိုးသား သတင်းထောက် တစ်ဦးမှ မေးမြန်းလိုက်၏။
"ငိုးမ ထျန်းဟုန်ဖောင်ဒေးရှင်း..တရားခွင်ကို အစောကြီး လုပ်ရတယ်လို့ကွာ..သူတို့ကြောင့်မို့ ကောင်းကောင်းတောင် မအိပ်ခဲ့ရဘူး.."