← Chapters

အခန်း (၂၈၂)

Vol. 19 Ch. 282

အခန်း (၂၈၂)

Vol. 19 Ch. 282

မေးမြန်းလိုက်သည့် သတင်းထောက်မှာတော့ ကြက်သေသေသွား၏။

သောက်ကျိုးနည်းကြီး..

ခင်များဘယ်လိုတွေ အဖြေပေးနေတာလဲဟ...

"မစ္စတာလင်းဘက်က ထျန်းဟုန်ဖောင်ဒေးရှင်းရဲ့ စွပ်စွဲချက်တွေကို လက်ခံလားလို့ သိပါရစေခင်ဗျ..."သတင်းထောက်မှ မေးခွန်းနောက်တစ်ခု ဆက်မေးလိုက်သည်။

"ဒါပေါ့ ၀န်ခံပါတယ်..."

"ကျုပ်တို့ဘက်က ဘယ်လိုတွေ ကူညီပေးလဲဆိုတာ ပြည်သူတွေ သိအောင် မချပြထားဘူးဆို‌တော့ မ၀န်ခံလို့လဲ မရဘူးလေ... "

"အဲ့တာဆို မစ္စတာလင်းက စွပ်စွဲချက်ကို ဆန့်ကျင်ဖို့ ဆန္ဒမရှိဘူးပေါ့..."အမျိုးသမီး သတင်းထောက်မှ မေးမြန်းလိုက်သည်။

"အဲ့လိုတော့ ဘယ်လုပ်လို့ရမှာလဲဗျ....ကျုပ်တို့ဘက်က ပိုပြီး သဘာ၀ကျအောင် ရုန်းကန်ပြီးတော့မှ ငြင်းရဦးမယ်လေ..မဟုတ်ရင် ဘယ်လိုလုပ် မျက်နှာပန်းလှ‌တော့မှာ...."

"မစ္စတာလင်း ..စောနတုန်းက ခင်များမောင်းလာတဲ့ကားက အကန့်အသတ်နဲ့ထုတ်တဲ့ လွုင်ကန် ၇ ကြီးနော်...ချိုင်းနားမှာဆို ရောင်းတဲ့ဈေးက ၆၆ မီလီယမ်တောင်ကျော်တယ်..အဲ့ကားကကော ဖောင်ဒေးရှင်းက ငွေ‌ တွေနဲ့ ၀ယ်ထားတာလားဆိုတာ သိခွင့်ရှိမလားဗျ...."တောင်မရောက် မြောက်မရောက် သတင်းထောက်တစ်ဦးမှ မေးမြန်းလိုက်၏။

"ဒါပေါ့ဗျ...မဟုတ်ရင် ကျုပ် ဘယ်နားက အဲ့လောက် ပိုက်ဆံ အများကြီး ရမှာလဲတဲ့..."

သတင်းထောက်များ :"......"

သတင်းထောက် အားလုံး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

သူမတို့အားလုံး ဘာဆက်မေးရမလဲ မသိ ဖြစ်‌နေကြ၏။

ခင်များ ဖြေလိုက်တာတွေကတော့ ကျုပ်တို့ လို့ချင်နေတဲ့ အဖြေတွေကြီးပါပဲ..ဒါပေမယ့် အဲ့လို တည့်တိုးကြီး ဖြေလိုက်တော့ ကျုပ်တို့က ဘာ ဆက်မေးရတော့မှာ...

ခင်များက ကျုပ်တို့ကို ပရော်ဖက်ရှင်နယ် မဆန်ဘူးလို့ အပြောခံ‌ရအောင် လုပ်နေတာပဲဗျ...

ထိုအချိန်တွင်တော့ ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်တို့မှာ သေချင်စော် နံနေကြသည်။

"ဘော့စ်က ဘာပေါက်တတ်ကရတွေ လျှောက်ပြောနေတာလဲတဲ့..ငါရမ်းစိတ်ဆိုးတယ်...."

"ယွမ်ယွမ်..ငါတို့ ကုမ္ပဏီက ဒေဝါလီခံရတော့မယ်လို့ ထင်လား.."

ချီရှန်းကျောက်လို လူမျိုးမှ ယခုလို မေးခွန်းမျိုး မေးလာပြီဆိုလျင်တော့ သူ့ဘက်မှ အမှန်တကယ် စိုးရိမ်နေသောကြောင့်ပင်။

"ဟက်..ဒေဝါလီခံရရင်တောင်မှ ညှာတာပေးတာ ဖြစ်နေဦးမယ်..."

လူတိုင်း၏ အကြည့်များအောက်တွင် လင်းရီ တရားရုံးထဲသို့ ၀င်သွားခဲ့၏။

ပထမဆုံးအကြိမ် ယခုလိုနေရာမျိုး ရောက်ဖူးသောကြောင့် သူ့ ရင်ထဲတွင် အနည်းငယ် ထူးဆန်းသလို ခံစားနေရလေသည်။

သို့သော်လည်း ယင်းက သူ၏ မြောက်ကြွမြောက်ကြွ ဖြစ်နေသည့် အမူအရာကိုတော့ လုံး၀ အကျိုးသက်ရောက်ခြင်းမရှိချေ။

ရုံးရောက်အမှတ်တရဟူ၍ ဆယ်လ်ဖီပင် ဆွဲလိုက်ပြီး ဝီချက်ပေါ် တင်လိုက်၏။

ကပ်ပရှင်မှာတော့ " ငါဒီနေ့ တရားရုံး ရောက်ဖူးပြီကွ....ဟက်ပီး.."

"ဘော့စ်..ရှင် စိတ်မလှုပ်ရှားဘူးလား"

ဟော်ယွမ်ယွမ်မှ အသံနိမ့်၍ မေးမြန်းလိုက်သည်။

"ဘာဆိုင်လို့ စိတ်လှုပ်ရှားရမှာ...."လင်းရီ ပြောလိုက်ပြီး

"ဟိုနားက စာရေးမလေးကို ကြည့်လိုက်စမ်း...မျက်နှာဝိုင်းဝိုင်းလေးနဲ့ ချစ်စရာမကောင်းဘူးလား..ငါ့နား အတွင်းရေးမှူး ခေါ်ထားမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ...သွားပြီးတော့ စုံစမ်းပေးစမ်းပါ..."

"ကျွန်မ ဖင်ကြီးကိုပဲ စုံစမ်းလိုက်လေ..တည်တည်တံ့တံ့နေပါဆို...ဟွန့်"ဟော်ယွမ်ယွမ် စောဒက တက်လိုက်ပြီး "ကျွန်မ အစ်မကျီကို ရှင်အပြင်မှာ ကောင်မလေးတွေ လျှောက်ကြူနေတာလို့ တိုင်ပြောမှာနော်..."

"အာ...ငါက စတာကိုကွာ..."

ထိုအချိန်တွင်တော့ ကျောက်ကျိန်းရန်နှင့် ချွီနန်တို့မှာ တရားရုံး၏ ကန့်လန့်ကာနောက်ကွယ်၌ ရေနွေးကြမ်း ထိုင်သောက်နေကြ၏။

သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအရ တရားလိုနှင့် တရားပြိုင်တို့မှာ ဤနေရာသို့ လာရောက်ရန် အခွင့်အရေးမရှိသော်လည်း ယခုတရားရုံး၌ ရင်ဆိုင်သည့် အမှု‌တိုင်း ရှုံ့နိမ့်သည့် ရာဇ၀င် မရှိဖူးသေး‌သောကြောင့် တရားခွင်မှာ သူတို့၏ ‌အိမ်ရှေ့နှင့် နောက်ဖေးကဲ့သို့ ဖြစ်နေပြီး ၀င်ချက်တိုင်း၀င် ထွက်ချင်းတိုင်းထွက်၍ ရနေလေသည်။

ယင်းအချင်းအရာထက် မျက်စိဖမ်းစားနေသည့်အရာမှာတော့ ခေါင်းတုံးပြောင်ပြောင်နှင့် နိုင်ငံခြားသားကြီးဖြစ်ပြီး ထိုသူမှာ အရပ်အမောင်း လွန်စွာမြင့်မားလှကာခန္ဓာကိုယ်မှာ‌လည်း တုတ်ခိုင် သန်စွန်းလှ၏။ ထိုသူကတော့ ကျောက်ကျိန်းရန်၏ ကိုယ်ရံတော်တစ်ဦးပင်။

ကျောက်ကျိန်းရန်နှင့် မျက်နှာချင်းဆိုင်တွင်တော့ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိုင်နေကြပြီး နှစ်ယောက်စလုံးမှာ အသက်လေးဆယ် အရွယ်လောက်ဟု ထင်မှတ်ရ၏။

သို့သော်လည်း ၎င်းတို့၏ အ၀တ်စားများကတော့ ကျောက်ကျိန်းရန်နှင့် ကမ္ဘာခြင်း ခြားသကဲ့သို့ မြင်သာနေလေသည်။

၀တ်စားထားသည်မှာ လွန်စွာ သာမန်ဆန်လှပြီး သူတို့ရောက်ရှိနေသည့် နေရာ၏ အဆင့်အတန်းနှင့်ပင် လျော်ကန်ခြင်း မရှိချေ။။

အမျိုးသား၏ အမည်မှာတော့ ကော်ယွင်ထောင်ဟု ခေါ်တွင်ပြီး ကျိုးဟိုင် မျှော်လင့်ခြင်း မိဘမဲ့ဂေဟာ၏ ဒါရိုက်တာတစ်ဦးပင်။

သူ့ဘေးနား ကပ်လျက်ထိုင်နေသည့် အမျိုးသမီးကတော့ လီစုလန်ဟု အမည်တွင်ပြီး ရန်ချိန်၊ ဟုန်ဟွား မိဘမဲ့ဂေဟာ၏ ဒါရိုက်တာ တစ်ဦး ဖြစ်လေသည်။

ထိုဂေဟာ နှစ်ခုမှာ လင်းရီ၏ လင်းယွမ်ဖောင်‌ဒေးရှင်းမှ ကူညီပေးထားသည့် မိဘမဲ့ဂေဟာများဖြစ်ပြီး ယခုတော့ ကျောက်ကျိန်းရန်ထံ ရောက်ရှိလို့နေ၏။

"ဘာမှ စိတ်ပူစရာ မလိုဘူး..ကျုပ်စေခိုင်းတဲ့တိုင်း အတိအကျ ပြောလိုက်ရင် အဆင်ပြေပြီ..."

"မစ္စတာကျောက်..ခင်များ စကားတော့ ပြန်မရုတ်သိမ်းဘူးမလား.."ကော်ယွင်ထောင် စိုးထိတ်စွာဖြင့် မေးမြန်းလိုက်၏။

"ခင်များတို့သာ ‌ကျုပ်ပြောထားတဲ့အတိုင်း ပြောပေးမယ်ဆိုရင် ယွမ် ၅သိန်းက ခင်များတို့အတွက်ပဲ..ငွေသားနဲ့နော်..."

ပြောပြီးသည်နှင့် ကျောက်ကျိန်းရန် လက်ဝှေ့ရမ်းပြလိုက်၏။ ထိုအခါ ချွီနန်မှ စားပွဲအောက်ရှိ လက်ဆွဲသေတ္တာနှစ်ခုကို စားပွဲပေါ်သို့ တင်ကာ ဖွင့်ပြလိုက်သည်။

သေတ္တာထဲတွင်တော့ ယွမ်ငွေ အထပ်လိုက်ဖြင့် ပြည့်ကျပ်သိပ်နေလေသည်။

ကော်ယွင်ထောင်နှင့် လီစုလန်တို့ မျက်လုံးများ ပြူးကျယ်သွားကြတော့၏။

သူတို့နှစ်ဦး မိဘမဲ့ဂေဟာကို ဦးစီးလာခဲ့သည်မှာ သက်တမ်းရှည်ကြာလှပြီ ဖြစ်သော်လည်း ယခုကဲ့သို့ ပိုက်ဆံ အမြောက်အများကိုတော့ တစ်ခါမျှ မမြင်ဖူးကြပေ။ လှူဒါန်းမှု အများအပြား လက်ခံရရှိသော်လည်း အများစုမှာ ပစ္စည်းကိရိယာများဖြစ်ပြီး ငွေကြေးကတော့ အနည်းငယ်မျှသာ လက်ခံရရှိကြ၏။

ကော်ယွင်ထောင်တို့ အံ့အားသင့်နေသည့် အမူအရာကို မြင်တော့ ကျောက်ကျိန်းရန် အားရကျေနပ် ဖြစ်သွားခဲ့ပြီး ခြေတင်ချိတ်ကာ " ဘယ်လိုလဲ...ခင်များတို့သာ ကျုပ်ပြောတဲ့အတိုင်း လိုက်နာရင် ဒီငွေတွေက ခင်များတို့ အပိုင်ပဲနော်..ပြီးတော့ ငွေတွေကလည်း ခင်များတို့ ဆီကို တိုက်ရိုက်သွားမှာ..ဂေဟာထဲကို မဟုတ်ဘူး..."ကျောက်ကျိန်းရန် သွေးဆောင်သည့် လေသံဖြင့် ပြောလိုက်၏။

"ကောင်း ကောင်းပြီလေ..ကျုပ်တို့ ပူးပေါင်းပေးမယ်..."

ကျောက်ကျိန်းရန် ကျေနပ်မှုအပြည့်ဖြင့် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။ သူ လင်းရီ တရားခွင်၌ ရှုံးနိမ့်သည့် မြင်ကွင်းကိုပင် စိတ်ထဲ၌ မြင်ယောင်လာမိတော့၏။

ဟမ့်..ငါ့ကို ရိုက်စားလုပ်ရဲတယ်ပေါ့လေ..မင်းကို ကုန်းကောက်စရာ မရှိအောင် လုပ်ပြမယ်ကွ....

‌ထိုအချိန်တွင် ကျိုးကျိန်းရန်၏ အတွင်းရေးမှူးမလေးမှာ အပြင်မှ ၀င်ရောက်လာပြီး "ဒါရိုက်တာကျောက် ကျွန်မတို့ အပြင်ဘက်က မြေပြင်အခြေနေကို စစ်ဆေးပြီးသွားပါပြီ..လင်းရီက သု့အပေါ်ငြင်းဆိုထားတဲ့ စွပ်ဆွဲချက်တွေကို ဆန့်ကျင်ဖို့ ဆန္ဒမရှိတဲ့ပုံပါပဲရှင့်..."

"သူက အဲ့လို လွယ်လွယ်နဲ့ လက်ခံလိုက်တာလားဟ..."ကျောက်ကျိန်းရန် ကြောင်အသွားခဲ့ပြီး မေးမြန်းလိုက်၏။

ဘာလားဟ ဒီကောင်က..ဘာဖြစ်တယ် ညာဖြစ်တယ် ပြောပြီး ငြင်းရမှာလေကွာ..ဇာတ်ညွှန်းအတိုင်း လုပ်မှပေါ့ကွ...

"ဟုတ်ပါတယ်ရှင့်...အပြင်မှာ သတင်းထောက်တွေ မေးတော့ သူအဲ့လိုပဲ ပြောခဲ့တာပါ.."

"ပြီးတော့ သူဒီနေ့ မောင်းလာတဲ့ လွိုင်ကန် ၇ ကလည်း ပြည်သူတွေရဲ့ လှူဒါန်းငွေတွေနဲ့ ၀ယ်ထားတယ်ဆိုပြီး ပြောထားပါသေးတယ်ရှင့် ....အခုဆို ကျွန်မတို့ဘက်မှာ မျက်မြင်သက်သေတွေကလည်း ရှိထားပြီးပြီ..ပြီးတော့ သူ့ရဲ့ လုပ်ပုံတွေအရဆိုရင် အမှုရှုံးရုံတင်မကသေးဘူး..ထောင်ဒဏ်ပါ ချမှတ်ခံရလောက်ပါတယ်ရှင့်..."

"ဟားဟား...."

ကျောက်ကျိန်းရန် ရယ်သွမ်းလိုက်ပြီး "ငါလိုချင်နေတာလည်း အဲ့တာပဲလေ..အဲ့ကောင် မွဲပြာကျသွားရုံတင်မကသေးဘူး...ထောင်နန်းပါ စံခိုင်းစေချင်တာ..ပြီးမှ ငါသူ့ရဲ့ ချင်းရန်ကို ဘယ်လိုကစားမလဲဆိုတာ ကြည့်ခိုင်းပစ်ဦးမှာကွ...ဟားဟား..."

"ဒါက ပြဿနာရှိမယ်လို့တော့ မထင်ဘူးဗျ....ခု အားလုံးက ကျွန်တော်တို့ လက်ခုပ်ထဲက ရေတွေပဲလေ...ပြီးတော့ဂျူရီ တရားသူကြီးတွေကလည်း ကျုပ်တို့ဘက်ကပဲ...သူ့ကို သံတိုင်တွေနောက်မှာ အကြာကြီး အေးဆေးနေခိုင်းလိုက်လို့ ရတယ်..."ချွီနန်မှ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ကျုပ်တစ်သက်နဲ့ တစ်ကိုယ် သူများပိုက်ဆံကို ပေါ်တင်ကြီး အိတ်ကပ်ထဲ ထည့်ဖို့ သတ္တိရှိတဲ့သူကို မမြင်ဖူးသေးဘူး..."

ကျောက်ကျိန်းရန် ပြုံး၍ စီးကရက်တစ်လိပ်ကို မီးညှိလိုက်၏။

သူယနေ့ အမှုရင်ဆိုင်ရာ၌ အတော်လေး အားစိုက်ထုတ်ရမည်ဟု တွေးထင်ထားသော်လည်း ယခုလို ချောချောမွေ့မွေ့ ဖြစ်လာလိမ့်မည်လို့တော့ ထင်မှတ်မထားချေ။

"ငါကြံရင် ခံနိုင်ရိုးလားကွ......"

"ဟုတ်ပါ့ဗျာ ..လင်းရီလို့ခေါ်တဲ့ သူက ဒီလိုမျိုး အဆုံးသတ်သွားလိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး.."ချွီနန် ရယ်မောရင်း ကျောက်ကျိတ်းရန် အကြိုက် ဖော်လံဖားလိုက်သည်။

"ဟမ့်...သူ့အဆင့်အတန်းနဲ့ ကျွန်မတို့ ဒါရိုက်တာကျောက်ရဲ့ မိန်းကလေးကို ဖြတ်ခုတ်ရုံတင် မကသေးဘူး..ပိုက်ဆံပါ လိမ်သွားလိုက်သေးတယ်.. ကျိုးဟိုင်မှာ ဒီလိုမျိုးလုပ်ရဲ့တဲ့သူဆိုလို့ သူတစ်ယောက်ပဲ ရှိမယ်... "ကျောက်ကျိန်းရန်၏ အတွင်းရေးမှူးမှ ၀င်ပြောလိုက်သည်။

ထိုအချိန်တွင် ယူနီဖောင်း ၀တ်ထားသည့် ၀န်ထမ်းတစ်ဦးမှ အပြုံးလေးဖြင့် လျှောက်လာခဲ့ပြီး "ဘော့စ်ကျောက် တရားခွင်အချိန်အခါ ကျရောက်လို့လာပါပြီခင်ဗျ...အပြင်ကို ကြွခဲ့ဖို့ အခေါ်လွှတ်လိုက်လို့ပါ..."

"ကောင်းပြီ ..လမ်းပြ..."

ကျောက်ကျိန်းရန် ခေါင်းညိမ့်ပြီးနောက် သူ့လူများနှင့်အတူ တရားခွင်သို့ ၀င်ရောက်လာခဲ့လေသည်။

ကျောက်ကျိန်းရန် လမ်းလျှောက်လာသည်ကို မြင်တော့ ထိုင်နေကြသည့် သတင်းထောက်များမှ ဓာတ်ပုံ တဖျတ်ဖျတ် ရိုက်လိုက်ကြပြီး ဌာနအသီးသီးသို့ ပြန်ယူသွားရန် သတင်းအချက်အလက်များ စုဆောင်းကြတော့၏။

စုဆောင်းသည်ဟုသာ ဆိုရသော်လည်း ယခု တရားခွင်၏ ရလဒ်မှာ ထင်ရှားမြင်သာနေပြီး‌ ထွေထူးမျှော်လင့်ထားခြင်းတော့ မရှိကြချေ။

ပထမဦးစွာ တရားပြိုင်ဘက်မှ ပြည်သူများ ထောက်ပံ့သည့် ငွေကြေးကို မည်သည့် နေရာ၌ အသုံးပြုထားကြောင်း ချပြခြင်းမရှိဟု ၀န်ခံထား၏။

ဒုတိယအနေနှင့် တရားပြိုင်မှ လှူဒါန်းငွေများကို အသုံးပြု၍ သန်း၆၀ကျော် တန်ကြေးရှိသည့် ပြိုင်ကား ကို ၀ယ်လိုက်သည်ဟုလည်း နှုတ်မှကိုယ်တိုင် ဖွင့်ဟ ၀န်ခံထားသည်။ ယင်းအပြုအမူမှာ တရားခွင်၌ သေဒဏ်ချမှတ်နိုင်လောက်သည်အထိ ပြင်းထန်လွန်းလှပြီး သူ့အတွက် လွတ်လမ်းပင် ရှိလိမ့်မည် မဟုတ်ချေ။

ထို့ပြင် အမှတ်(၂) တရားရုံးမှာလည်း ကျောက်မိသားစု၏ ကိုယ်ပိုင် စစ်တလင်းပင်။ ဂျူရီ‌တရားသူကြီး၏ နောက်ဆုံးဆုံးဖြတ်ချက်မှာလည်း ကျောက်ကျိန်းရန်၏ နှုတ်အမိန့်အပေါ်တွင် မူတည်နေလေသည်။

ထို့ကြောင့် သတင်းထောက်များမှ အမှုပြီးဆုံးသည်ကို စောင့်မနေတော့ပဲ လင်းယွမ် ဖောင်ဒေးရှင်းကို ပစ်တင်ရှုတ်ချသည့် သတင်းစာပိုဒ်အတိုလေးများ စတင်ရေးသားထားကြတော့၏။

ဟဲဟဲ ဘာကြည့်တာလဲ.. မိုက်တယ်မလား....အီးဇီးမန်းနီးလေ....

"မစ္စတာလင်း ကျုပ်တို့ ဒီလိုနေရာမျိးမှာ ပြန်ဆုံတွေ့ရမယ်လို့ ထင်တောင်မထင်ထားဘူးဗျာ...ဘယ်လောက်တောင် ၀မ်းနည်းဖို့ကောင်းလိုက်လဲ... " ကျောက်ကျိန်းရန် အပြုံးလေးဖြင့် ပြောလိုက်၏။

All Chapters