← Chapters

အခန်း (၂၈၃)

Vol. 19 Ch. 283

အခန်း (၂၈၃)

Vol. 19 Ch. 283

"ဟေ့ကောင်..ဘာတွေ လာပြောနေတာလဲကွ.."လင်းရီ မေးမြန်းလိုက်ပြီး "မင်း ကောင်မလေးတစ်‌ယောက်ကို ချစ်ရေးဆိုမယ်လို့ပြောဖူးတာ မှတ်မိပါသေးတယ်..မင်းအနေအထားကြီးနဲ့ဆို အောင်မြင်လောက်ရောပေါ့...ဟုတ်တယ်မလား...ဂုဏ်ယူပါတယ်ကွာ..."

ကျောက်ကျိန်းရန် ထိုနေ့ညက ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းကို ပြန်‌မြင်ယောင်မိသောအခါ သွေးများဆူပွက်လာပြီး နားရွက်ကြီးနီရဲလာကာ ဒေါသထွက်လာတော့၏။ သိူ့သော်လည်း အသိတစ်ချက်ထိန်း၍ ဒေါသကို ပြန်လည် ထိန်းချုပ်လိုက်သည်။

"ဟားဟား...ဒီအခြေနေရောက်နေတာတောင်မှ ပေါက်တတ်ကရတွေ ပြောထွက်သေးတယ် ဆိုတော့ ကိုယ့်အခြေနေကိုယ် မရိပ်မိသေးဘူးနဲ့ တူတယ်..."

"ဟမ့် မင်းမြင်တဲ့အတိုင်းပဲ.. ငါက အကောင်းကြီး ရှိသေးတယ်..ဒီတော့ အပင်ပန်းခံပြီး ငါ့အတွက် စိတ်ပူပေးမနေနဲ့....."

"မင်းသိမှာတော့ မဟုတ်ဘူး..ဒီနေရာက ငါ့ရဲ့ ပိုင်နက်နော်..ဒီတရားရူံမှာ စီရင်တဲ့ အမှုမှန်သမျှ ငါ့ဘက်က ရှုံးတယ်ရယ်လို့ကို မရှိဘူး...။ခု သက်သေအထောက်အထားတွေ အကုန်လူံကလည်း ငါ့လက်ထဲမှာ...မင်းက ဘာကို ‌သုံးပြီးတော့ ငါ့ကို ဆန့်ကျင်မှာတဲ့တဲ့လဲ..."

"မင်းနားက ရတဲ့ ငွေ ၅သောင်း သုံးပြီး ဆန့်ကျင်မှာလေ..."

"ငိုးပဲ...."

‌ကျောက်ကျိန်းရန် ကျိန်ဆဲပြီး လင်းရီကို ပြေးထိုးရန် ကြံလိုက်သော်လည်း ၀န်ထမ်းများမှ သူ့ကို ဝိုင်းဆွဲထားသောကြောင့် ပွဲမှာ မဖြစ်လိုက်ပေ။

ကျောက်ကျိန်းရန် သူ့နေရာသို့ သွားထိုင်လိုက်ပြီး စိတ်တိုစွာဖြင့် ထိုင်ခုံကို ဝုန်းခနဲ့ ဆွဲယူလိုက်သည်။

"ဟမ့်...တော်တော် ဇောင်းကြွနေတယ်ပေါ့လေ...မင်းကို တစ်ကျွန်းကျအောင် လုပ်ပစ်မယ်ကွ....."

"ဥက္ကဌကျောက် မပူပါနဲ့ဗျ...ကျုပ်သူ့ကို ‌လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး..."

တရားခွင် စတင်ချိန်တွင်တော့ လင်းရီ တရားခံထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး လက်ကိုမေးထောက်၍ ပျင်းတိပျင်းရွဲပုံစံ လုပ်နေ၏။

တရားသူကြီး ထိုင်ခုံပေါ်တွင် ထိုင်နေသည့် ဖူယွီချန်းမှာတော့ လင်းရီ၏ စိတ်အေးလက်အေး အမူအရာကို မြင်တော့ ဒေါသူပုန်ထသွားခဲ့သည်။

ဒီအချိန် ရောက်နေတာတောင်မှ ‌ပူပင်ကြောင့်ကျမဲ့နေတုန်းပေါ့လေ...တစ်စက်လေးတောင် စိုးရိမ်နေတဲ့ပုံ မပြဘူးပေါ့..ဒီကောင်က ကိုယ့်အခြေနေကိုယ် မသိတာပဲလားကွ...

"တရားလိုဘက်မှ အမှုကို လျှောက်လွှဲစေ..."

ကျောက်ကျိန်းရန် သူ၏ ရှေ့နေကို အကြည့်တစ်ချက်ပေးလိုက်သောအခါ ရှေ့နေမှာ ချက်ချင်းထလာပြီး ရှေ့သို့ ထွက်၍ "လေးစားရပါသော ဂျူရီတရားသူကြီးမင်းခင်ဗျာ....ဦးစွာပထမအနေနဲ့ ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေ အရ လင်းယွမ်ဖောင်ဒေးရှင်းမှာ ရန်ပုံငွေ အသုံးပြုမှုများအတွက် အများပြည်သူထံ တစ်စုံတစ်ရာ ချပြခြင်း မရှိသိလို ထောက်ပံ့မှုပြေစာ အ၀၀ကိုလည်း ပြသခြင်း မရှိပါဘူး...ဒါဟာ ဖောင်ဒေးရှင်း အဖွဲ့အစည်းရဲ့ တရား၀င် စည်းမျဉ်းစည်းကမ်းတွေကို ပြင်းထန်စွာ ဆန့်ကျင်နေပါတယ်... "

"ဒုတိယအနေနဲ့ ကျွန်တော်တို့ဘက်မှ တရားခံ၏ မောင်းသည့်ကားမှာ သူ၏ ကိုယ်‌ပိုင်ငွေကြေးဖြင့် ၀ယ်ယူထားခြင်းမျိုးမဟုတ်ဘဲ ဖောင်ဒေးရှင်းရန်ပုံငွေများကို အသုံးပြု၍ ၀ယ်ယူထားတယ်လို့လည်း သက်သေအခိုင်အမာ ရရှိထားပါတယ်...ဒါဟာ ဘာကို ဖော်ပြနေသလဲဆိုရင် အများပြည်သူ၏ ငွေကြေးဥစ္စာကို လျော်ကန်စွာ အသုံးပြုခြင်းမရှိဘဲ သူ၏ ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေကြောင်း ပြစ်မှုထင်ရှားနေပါတယ်.....ဒီလိုကိစ္စမျိုးက ကျွန်တော်တို့ ဖောင်ဒေးရှင်း အဖွဲ့အစည်းတွေအတွက် သည်းမခံနိုင်တဲ့ ကိစ္စမျိုးပါ.. "

"ထို့အတွက်ကြောင့် လေးစားရပါသော တရားသူကြီးမင်းအနေဖြင့် ဤဖြစ်ရပ်ကို ပြစ်တင်ရှုတ်ချပြီးတော့ ဤတရားခံကို ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်ပေးဖို့ရာ လျှောက်တင်ချင်ပါတယ်ခင်ဗျ..."

"တရားစွဲမယ်ဆိုလည်း တရားပဲစွဲလေ..ဘာလို့ ကိုယ့်ကိုယ်ကို ယေရှုလိုလို ကယ်တင်ရှင်ကြီးလိုလို ပြောနေတာလဲကွ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

"မင်းဘက်က ၀န်မခံချင်ဘူးဆိုတာ သိပြီးသား...ဒါပေမယ့် ပြောပြလိုက်မယ်..ငါတို့ဘက်မှာက အထောက် အထားတွေ၊ မျက်မြင်‌သက်သေတွေ အခိုင်အမာ ရှိပြီးသားကွ...မင်း ပြန်လည် ချေပဖို့တောင် နည်းလမ်း ရှိမှာ မဟုတ်ဘူး..."

ကျောက်ကျိန်းရန်၏ ရှေ့နေမှ ပြောလိုက်သည်။

"မင်းမှာ အထောက်အထာ‌ေးတွ ရှိတယ်လို့ ပြောတုန်းက ငါ ဖျစ်ညစ်ပြီး ယုံပေးလိုက်လို့ရသေးတယ်..ဒါပေမယ့် မင်းက ဘယ်နားကမျက်မြင်သက်သေတွေ အကြောင်း လာပြောနေတာ...ငါသိချင်စမ်းပါဘိ..."လင်းရီ အပြုံးလေး‌ဖြင့် ပြောလိုက်သည်။

"ဟမ့်...ကိုယ်လုပ်ထားတာ ကိုယ်မသိဘူးပေါ့..."

ကျောက်ကျိန်းရန်၏ ရှေ့နေမှ ပခုံးတစ်ချက်တွန့်လိုက်ပြီး "ဒါပေမယ့် ရပါတယ်..ကိစ္စမရှိဘူး...ငါ မျက်မြင်သက်သေတွေကို ခေါ်ပေးလိုက်မယ်..အဲ့ခါကျ မင်းလည်း ကျေနပ်လောက်ဪောပေါ့..."

လင်းရီဘက်မှ အသိအမှတ်ပြုသည့် လက်ဟန်ပြုလိုက်ပြီး "ကျေးဇူးပြုပြီး ခင်များရဲ့ ရှိုးပွဲလေး လုပ်ပါဦး..."

ရှေ့နေမှ တရားသူကြီးထံ အကြည့်ဖြင့် ခွင့်တောင်းလိုက်ပြီး "မျက်မြင်သက်သေများ သက်သေထွက်ဆိုသည့်နေရာသို့ ရောက်လာစေ..."

ထို့နောက် ၀န်ထမ်းတစ်ဦးမှနေ၍ ကောင်းယွင်ထောင်နှင့် လီစုလန်တို့ကို ခေ့်ဆောင်လာခဲ့လေသည်။

လင်းရီ ထိုသူနှစ်ဦးကို တစ်ချက် အကဲခတ်ကြည့်လိုက်သောအခါ တစ်စုံတစ်ရာ ထူးဆန်းနေခြင်းလဲမရှိ။ သူတို့ကို မြင်လည်း မမြင်ဖူးချေ။

"သူတို့ပဲ..."

လင်းရီ ဟော်ယွမ်ယွမ်၏ အာမေဋိတ်သံကို ကြား၍ လှည့်ကြည့်လိုက်ပြီး "မင်းသူတိ့နဲ့ ရင်းနှီးတာလား..."

"အမျိုးသားရဲ့ နာမည်ကကျတော့ ဟော်ယွင်ထောင်၊ သူက ကျိးဟိုင် မျှော်လင့်ခြင်း မိဘမဲ့ဂေဟာက ဒါရိုက်တာလေ..သူ့ဘေးက အမျိုးသမီးကကျတော့ လီစုလန်..သူကျ ရန်ချိန် ဟုန်ဟွား မိဘမဲ့ဂေဟာရဲ့ ဒါရိုက်တာ...သူတို့ ဂေဟာနှစ်ခုက ကျွန်မတို့ဆီကနေ ယွမ် ၈၀၀,၀၀၀ နဲ့ ၁.၁ မီလီယမ် အသီးသီး ရရှိထားတဲ့ဂေဟာတွေ..."

ဖောင်ဒေးရှင်းမှာ တည်ထောင်ကာစ ဖြစ်သောကြောင့် ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်တို့မှ ကနေဦး၌ လှူဒါန်းမှုများကို သူမတို့ကိုယ်တိုင် ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့် သူမတို့နှင့် တွေ့ဆုံခဲ့ဖူးသူများကိုတော့ မှတ်မိနေသည်မှာ သဘာ၀ပင်။

"လက်စသတ်တော့ ဒီလိုကိုး..."လင်းရီ နားလည်သွားခဲ့သည်။။

သို့သော်လည်း ထိုသူတို့ကို ကြည့်ရသလောက်တော့ သူ့ဘက်မှ ရပ်တည်ပေးရန် ရောက်လာကြသည့်ပုံ မပေါ်ချေ။

"မစ်ဟော်..ကျေးဇူးပြုပြီး မဟုတ်တမ်းလျားတွေ လျှောက်မပြောပါနဲ့.." ကောင်းယွင်ထောင် ပြောလိုက်ပြီး "ကျုပ်တို့ကဖြင့် ထောက်ပံ့ကြေးငွေ ၅ သောင်းပဲ ရတာနော်..ပြီးတော့ ဒီ ငွေ ၅သောင်းတောင်မှ ရှစ်ခါခွဲပြီး ပေးမယ်လို့ ပြောတာ မဟုတ်လား..မစ်ဟော် ပြောသလို ၈သိန်းလည်း မဟုတ်ပါလား‌ဗျ..."

"ကျွန်မဆီကိုလည်း အတူတူပါပဲရှင်.."လီစုလန်မှ ပြောလိုက်ပြီး "ကျွန်မတို့ ကို ၆သောင်း ပေးတယ်ဆိုပေမယ့်၁၀ခါ ခွဲပြီး ပေးမယ်လို့ ပြောတယ်...ပြီးတော့ သူများမေးရင် ကျွန်မတို့ဘက်က ၁.၁ မီလီယမ် လက်ခံရရှိတယ်လို့ ပြောပေးရမယ်တဲ့ မပြောရင် ငွေ ၆ သောင်းတောင် မပေးဘူးဆိုပြီးတော့ ခြိမ်းခြောက်ပါတယ်....ကျွန်မတို့လည်း အဲ့တာကြောင့်မို့ သူမ ပြောခိုင်းတဲ့အတိုင်း ပြောရတာပါ..မဟုတ်ရင် ကျွန်မတို့ရဲ့ ချို့တဲ့ ဂေဟာလေးက အဲ့ငွေ ၆သောင်းလေးတောင် ရတော့မှာ မဟုတ်ပါဘူးရှင်...."

"ကျွန်မတို့လို အများသူငှာ ထောက်ပံ့ပေးမှ ရပ်တည်နေရတဲ့ ဂေဟာလေးတွေဆိုတာ တစ်ပြားနှစ်ပြားကအစ အရမ်းတန်ဖိုး ရှိပါတယ်ရှင်..ဒါပေမယ့် သူမရဲ့ လုပ်ရပ်က အရမ်းကို အထင်သေးဖို့ ကောင်းလွန်းပါတယ်.။ဒါကြောင့်မို့လည်း ယခုလို တရားခွက်မှာ လာရောက်ပြီးတော့ သက်သေထွက်ဆိုချက် ပေးရတာပါ..."

"သောက်ရေးမပါတာတွေ..ကျွန်မ ရှင့်ကို ပေးလိုက်တာက ၁.၉ မီလီယမ်နော်...ပြီးတော့ လုံးကနဲ ပေးတာ...ဘာ မဟုတ်တာတွေ လာလျှောက်ပြောနေတာလဲ..."

ဟော်ယွမ်ယွမ်၏ ရင်ဘက်မှာတော့ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။ အကယ်၍ တရားခွင် ရောက်နေသောကြောင့်သာ မဟုတ်ပါက သူမ အရှေ့သို့ ထွက်သွားပြီး နားရင်းပါးရင်း ဆင့်ရိုက်မိပေတော့မည်။

မထမဦးစွာ သူမ ထိုငွေများကို ရိုက်စား မလုပ်ခဲ့ပေ။ထိုနှစ်ယောက် ထွက်ဆိုသည့် သက်သေများမှာလည်း လုပ်ကြံ၍ လျှောက်ပြောနေခြင်းသာ။ ထို့ပြင် သူမနှင့် လင်းရီမှာ သူငယ်ချင်းပေါင်း ပေါင်းနေသော်လည်း သူ့အကန့်နှင့်သူ ဖြစ်၏။ အကယ်၍ လင်းရီသာ သူမကို ငွေအလွဲသုံးစား လုပ်သည်ဟု သံသယ ရှိသွားပါက သူမ လင်းယွမ်အုပ်စု၌ အလုပ်ဆက်လုပ်နိုင်လိမ့်မည်တောင် မဟုတ်ချေ။

"စိတ်လျှော့ပါဦးဟ...အဲ့လောက် ဒေါသထွက်နေရင် စောစီး သွေးဆုံးနေဦးမယ်..."

လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

လင်းရီ ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်တို့၏ အကျင့်စရိုက်ကို အကြွင်းမဲ့ ယုံကြည်ပြီးဖြစ်၏။

သို့သော်လည်း ကျောက်ကျိန်းရန် ထိုအချက်ကို သတိမမူမိခဲ့ချေ။

"ကြွရောက်လာသူ အပေါင်းတို့..ခင်များတို့ မြင်တဲ့ အတိုင်းပါပဲ..ကျုပ်ရဲ့ မျက်မြင်‌သက်သေက အမှန်တွေ ဖွင့်ဟ ပြောဆိုနေတာကိုတောင်မှ တရားပြိုင်ဘက်က ပေါ်တင်ကြီး ခြိမ်းခြောက်နေပါတယ်..ဒီလောက်ဆို ပြဿနာရဲ့ သရုပ်သဏ္ဌာန်ကို မဖော်ပြလဲ အားလုံး မြင်ယောင်မိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ..."

"ထားလိုက်တော့ ယွမ်ယွမ်..ခုက ငါတို့ ပြောရမယ့် အလှည့် မဟုတ်သေးဘူး..မင်းသာ စိတ်လိုက်မာန်ပါလုပ်လိုက်မယ်ဆိုရင် အားလုံး တလွဲတွေ ဖြစ်ကုန်လိမ့်မယ်နော..."ချီရှန်းကျောက်မှ ဖြောင်းဖြလိုက်၏။

"ဒီနှစ်ကောင်က ကျေးစွပ်တဲ့ကောင်တွေ..ငါတို့က ဖြူစင်တဲ့ စိတ်အခံနဲ့ သူတို့ ဂေဟာကို ကူညီပေးခဲ့တာတောင်မှ ဒီလိုလာကိုက်မယ်လို့ ထင်တောင် မထင်ထားဘူး...ထွီး..ရွံဖို့ကောင်းလိုက်တာကွာ..."

ဒုန်း ဒုန်း ဒုန်း...

ဖူယွီချန်း တူအသေးစားလေးကို တဒုန်းဒုန်းထု၍ "တိတ်စမ်း..."

ပေါက်ကွဲလုနီးနီးဖြစ်နေသည့် ဟော်ယွမ်ယွမ်မှာ ‌ထိုင်ခုံပေါ်သို့ ဒေါသထွက်စွာဖြင့် ထိုင်လိုက်ရလေသည်။

တရားခွင် တိတ်ဆိတ်သွားပြီးနောက် ဖူယွီချန်း လင်းရီထံသို့ ကြည့်ကာ "တရားခံ..မင်းဘက်က ဘာပြောချင်သေးလဲ..."

လင်းရီ ပခုံးတွန့်လိုက်ပြီး "ပြောစရာလား...ဘာမှများများစားစားတော့ မရှိပါဘူး.."

"တရားခံက လုပ်ခဲ့တယ်လို့ ၀န်ခံနေမှတော့ ဂျူရီလူကြီးတွေက အမှုကို ဆွေးနွေးလိုက်ဦးမယ်..."ဖူယွီချန်းမှ ပြောလိုက်သည်။

"နေဦး..မလောပါနဲ့ဦးဟ..ကျုပ် နည်းနည်းလောက် ရုန်းကန်တဲ့ပုံစံ လုပ်ရဦးမယ်လေ"လင်းရီ ပြောလိုက်၏။

ကျောက်ကျိန်းရန်၏ နှုတ်ခမ်းများမှာ ကွေးညွှတ်သွားပြီး လှောင်ပြုံးလေး ပြုံးကာ 'ငါ ကျောက်ကျိန်းရန်ရှေ့မှာ ရုန်းကန်နေလည်း အလကားပဲကွ..'

ကျန်သူများ၏ အတွေးထဲတွင်တော့

'ဒီကောင်က တော်တော်လေးတော့ မောက်မာသားပဲ'

"တရားခံဘက်က ပြောစရာရှိတယ်ဆိုရင်လည်း အခုပြောလို့ရတယ်.."ဖူယွီချန်း ပြောလိုက်သည်။

"တကယ်တမ်းကျတော့ ထျန်းဟုန်ဖောင်ဒေးရှင်းက လင်းယွမ်ဖောင်ဒေးရှင်းကို တရားစွဲဆိုရတဲ့ ရည်ရွယ်ချက်က လှူဒါန်းငွေတွေ ဘယ်လောက်၀င်ပြီး ဘယ်ကို ကူညီပေးလိုက်တယ်ဆိုတာ အတိအလင်း မဖော်ပြလို့..ဟုတ်တယ်နော်..."

"အမှန်ပဲ.."ကျောက်ကျိန်းရန်၏ ရှေ့နေ့မှ ပြောလိုက်ပြီး

"ရန်ပုံငွေ စီမံခန့်ခွဲမှုနဲ့ စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် ဖောင်ဒေးရှင်းကငွေ တစ်ကျပ်လေး သုံးလိုက်တယ်ဆိုရင်တောင်မှ ဘာကြောင့်သုံးတယ်ဆိုတာ အတိအလင်း ဖော်ပြပေးရတယ်..ဒါပေမယ့် မင်းက အဲ့ဒီငွေတွေကို ကိုယ့်အိတ်ကပ်ထဲကို ထည့်လိုက်တယ်လေ..ဘယ်သူကမှ ဒီအကြောင်းတွေ ရှာမတွေ့ဘူးလို့ မင်းက ထင်နေတာလားကွ.....ကောင်းကင်ကြီးက တရားမျှတတယ် ရာဇ၀တ်ဘေးက ပြေးမလွှတ်ဘူး...ဒီတော့ လူတိုင်းက မင်းတို့ကို သံသယရှိမှာ သဘာ၀ပဲလေ... မင်းဘာပြောချင်သေးလဲ"

ထိုအချိန်တွင်တော့ တရားခွင်သို့ ရောက်ရှိနေကြသည့် လူတိုင်း လင်းရီ ဘယ်လို ပြန်ရှင်းပြမလဲဆိုတာ နားစွင့်နေကြ၏။

"ကောင်းကင်ကြီးက တရားမျှတတယ် ဟုတ်လား..အဲ့တော့ ဖင်ခံလိုက်လို့..."လင်းရီ ပြောလိုက်သည်။

All Chapters