← Chapters

အခန်း (၂၈၄)

Vol. 19 Ch. 284

အခန်း (၂၈၄)

Vol. 19 Ch. 284

ဒုန်း ဒုန်း ဒုန်း

ဖူယွီချန်း သူ၏ တူအသေးစားကို တဒုန်းဒုန်း ထုလိုက်ပြီး "တရားခံ စကားပြောတာကို ဆင်ခြင်ပြီး ပြောပါ..."

"အဟမ်း..ဆောတီး..ဒီတိုင်း ပေါ်ပင်စကားလုံးလေးပါဗျ.."လင်းရီ ပြုံးလိုက်ပြီး "ခင်များပြောသွားတဲ့ စည်းမျဉ်းစည်းကမ်းတွေဆိုလား ဘာလားပဲ..အဲ့တာတွေ ကျုပ်မသိဘူး..ဖတ်လည်း မဖတ်ကြည့်ဘူး..ဒါပေမယ့် ဖောင်ဒေးရှင်းက လက်ခံရရှိတဲ့ လှူဒါန်းငွေတွေကိုတော့ အများပြည်သူတွေဆီ ချပြရမယ် ဆိုတာ နားလည်တယ်... "

"ဒါပေမယ့် မိဘမဲ့ဂေဟာတွေကို ပေးလိုက်တဲ့ ငွေတွေကလည်း ကျုပ်ရဲ့ ကိုယ်ပိုင် ပိုက်ဆံတွေပဲ..ပြီးတော့ ဖောင်ဒေးရှင်းကလည်း ကျုပ်ကိုယ်တိုင် တစ်ဦးတည်း သဘောဆန္ဒအတိုင်း တည်ထောင်ထားတာ...ကျုပ် သူများတွေဆီကနေ တစ်ပြားတစ်ချပ်လေးတောင် မတောင်းခဲ့ဖူးဘူး..ဒီတော့ ကျုပ်ငွေနဲ့ ကျုပ်စိတ်ကြိုက် လှူဒါန်းနေတာကို ဘာဆိုင်လို့ အများသိအောင် ကြေညာပေးရမှာလဲ..ငါယိုးမသား တစ်ချို့ကပဲ ကျပ်မပြည့်တာလားတော့မသိဘူး..ဆောတီး..‌ဆဲမိပြန်ပြီ... "

"ဘာ...ဘာပြောလိုက်တယ်..ဂေဟာတွေဆီ လှူဒါန်းလိုက်တဲ့ ပိုက်ဆံတွေက သူရှာထားတဲ့ ပိုက်ဆံတွေ .."

ဟစ်....

လူတိုင်း အံ့အားသင့်သွားကြပြီး လင်းရီကို မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် အကြောင်သား ငေးကြည့်လိုက်ကြသည်။

"အမှန်ပဲ...ပိုက်ဆံ တစ်ကျပ်လေးက အစ ကျုပ်ရှာထားတာ...."

ထိုအချိန်တွင်တော့ လင်းရီ ပြောသည့် စကားလုံးများမှာ ပိဿာ တစ်သောင်းခန့် အလေးချိန်စီးသွားပြီး သူတို့အပေါ် ပိကျလာသကဲ့သို့ ခံစားလိုက်ရ၏။

မည်သူကမျှ လင်းရီ သူ၏ ကိုယ်ပိုင်ပိုက်ဆံဖြင့် ပရဟိတ ပြုလိမ့်မည်လို့ ထင်မှတ်ထားကြချေ။

ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်တို့ပင်လျင် အံ့ဩနေကြ၏။

လင်းရီ ပရဟိတ ရန်ပုံငွေအတွက် ပိုက်ဆံများကို ခွဲတမ်းချပေးနေသော်လည်း သူ၏ ကိုယ်ပိုင်ပိုက်ဆံ ဖြစ်နေလိမ့်မည်လို့ သူမတို့ ထင်မှတ်မထားခဲ့ကြချေ။

ဒီလောက် ငွေတွေ အများကြီး ပေးပစ်ဖို့ဆို ဘယ်လောက်တောင် နှလုံးသား ကြီးမြတ်ဖို့ လိုလိုက်မလဲ....

"တရားခံ..မင်း ပြောတဲ့ စကားတိုင်းက အမှန်တွေပဲလား..."ဖူယွီချန်း မေးမြန်းလိုက်၏။

"အမှန်ပါပဲ..အားလုံးက ကျုပ်ကိုယ်ပိုင် ပိုက်ဆံတွေ..ခင်များ မယုံသင်္ကာဖြစ်နေတယ်ဆိုရင် ကိုယ်တိုင် စစ်ဆေးကြည့်လို့ရတယ်..တကယ်လို့ ကျုပ်ပိုင်တဲ့‌ ငွေငွေ မဟုတ်တာ တစ်ပြားတစ်ချပ်လေးတောင် ပါခဲ့ရင် ကျုပ်ဘ၀တစ်လျှောက်လုံး အခွန်မဆောင်ရ ဆိုပြီးတော့ ပြင်းပြင်းထန်ထန် အပြစ်ပေးလို့ရတယ်နော်... "

လူတိုင်း :"....."

အဲ့လောက်ကြီး အရှက်မမဲ့‌နဲ့လေကွာ..

"အပြန်အလှန်အနေနဲ့ ကျုပ်လည်း ဖောင်ဒေးရှင်းတစ်ချို့က ပိုက်ဆံ မရှိဘူးဆိုရင် ပရဟိတ မလုပ်သင့်ဘူးလို့ ထင်တယ်....ဘာဆိုင်လို့ လေလံပွဲတွေလုပ် ၊ သောက်ရေးမပါတာတွေ ရောင်း ၊ ပြီးတော့ အများလက်ဖက်နဲ့ နာမည်ကောင်း သွားယူကြတယ်ပေါ့ ..."လင်းရီ မသိမသာ ရွှဲ့စောင်း၍ ပြောလိုက်၏။

သို့သော်လည်း တရားခွင်သို့ ရောက်ရှိနေကြသည့် လူတိုင်းမှာ မတုံးအကြပေ။ လူတိုင်း လင်းရီ ဆိုလိုချင်နေသည့် ဖောင်ဒေးရှင်းမှာ ထျန်းဟုန် ဖောင်ဒေးရှင်းဖြစ်ကြောင်း နားလည်ပေသည်။

"ကောင်းပြီ..ကျုပ်ဘက်ကတော့ အတတ်နိုင်ဆုံး ရုန်းကန်လှုပ်ရှားပြီးသွားပြီ..ဘယ်လိုလုပ်မလဲဆိုတာကတော့ ခင်များတို့ဘာသာ ဆုံးဖြတ်ကြတော့..."

စင်အောက်တွင် ပြည့်ကျပ်နေသော လူအုပ်ကြီးမှ ၎င်းတို့၏ ပစ္စည်းကိရိယာများကို ထုတ်၍ လင်းရီဘက်သို့ ချိန်သည့် အသံများ ဆူညံလာလေတော့သည်။ လူတိုင်း မမျှော်လင့်ထားသည့် အခြေနေတွင် လင်းရီမှ စားပွဲလှန်ပြသွားလိမ့်မည်လို့ ထင်မှတ်မထားကြချေ။

ပွဲကတော့ အတော်လေးမြိုင်နေပြီ....

"ဒါ...."

ဖူယွီချန်း ကြက်သေသေသွားခဲ့သည်။

သူက ဒါကို ဘယ်လိုသွားပြီး စီရင်ချက် ချရမှာလဲတဲ့...

သူက သူ့ပိုက်ဆံနဲ့သူ ပရိဟိတ လုပ်နေတာလေ..

ပြစ်ဒဏ်ချမှတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာ...

ဖူယွီချန်း စဉ်းစားရကျပ်နေစဉ် မသိစိတ်၏ စေ့ဆော်မှုအရ ကျောက်ကျိန်းရန်ထံ ကြည့်မိလိုက်၏။

ကျောက်ကျိန်းရန်မှာတော့ သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် ဖြူ‌ဖျော့သော မျက်နှာထားဖြင့် ဖြစ်နေလေသည်။

အိပ်မက်ထဲတွင်တောင်မှ လင်းရီ သူ၏ ကိုယ်ပိုင်ပိုက်ဆံဖြင့် ပရဟိတ ပြုလိမ့်မည်လို့ ထည့် မမက်ဖူးချေ။

ဒီကောင်က သုံးစရာနေရာတွေ တအား ရှားနေလို့လားကွ...

စက္ကန့်အနည်းငယ်ကြာပြီးနောက် ကျောက်ကျိန်းရန် မျက်လုံး စုံမှိတ်လိုက်ပြီး မည်သည့် အမူအရာမျှ ဖော်ပြနေခြင်း မရှိတော့။

သို့သော်လည်း ထိုအချိန်တွင် တရားသူကြီးမှ စီရင်ချက် ချမှတ်ပြီး ဖြစ်၏။

"ဂျူရီ လူကြီးမင်းများ၏ သုံးသပ်မှုများအရ... တရားခံလင်းရီမှာ ဖောင်ဒေးရှင်း စည်းမျဉ်းစည်းကမ်းများကို ဆန့်ကျင်ခြင်းမရှိသောကြောင့် ဤအမှုမှ တရားသေ လွတ်စေဟု အမိန့်ချမှတ်လိုက်သည်။ "

တရားသူကြီး အမိန့်ချသည်ကို နားထောင်ပြီးနောက် စင်အောက်ရှိ လူတိုင်းမှာ ရှော့ခ်ရနေကြပြီး အမူရာ အမျိုးမျိုးဖြင့် ဖြစ်ပျက်နေကြ၏။

ကျောက်မိသားစုမှ ယခုခုံရုံးတွင် အမှုမရှုံးခဲ့တာ မည်မျှပင် ကြာညောင်းသွားခဲ့ပြီလဲမသိ။ သိူ့သော်လည်း ယနေ့တွင်တော့ ကျောက်မိသားစု၏ ရှုံးပွဲမရှိ စံချိန်ကို လင်းရီမှ ရိုက်ချိုးသွားခဲ့လေပြီ။

သောက်ရမ်း မိုက်တယ်ကွာ..ဒီလိုပွဲမျိုး ကြည့်ရတာ ရှားမှရှားပဲ..

လင်းရီ အပျင်းကြောဆန့်လိုက်ပြီး ကျောက်ကျိန်းရန်ကို မထိတထိ ပြုံးပြကာ "ဝေ့ ညီကို...မင်းရဲ့ နည်းလမ်းက မကောင်းပေမယ့် ကူညီပေးတဲ့အတွက် ကျေးဇူးပဲကွာ... "

"ကူညီပေးတယ်..?."ကျောက်ကျိန်းရန် အေးစက်စွာဖြင့် မေးမြန်းလိုက်၏။

"မင်းပေးတဲ့ ငွေလေး ၅သောင်းကို သုံးပြီး ငါနဲ့ချင်းရန် ‌ဖယောင်းတိုင်မီးနဲ့ ညစာစားခဲ့ကြတယ်လေ...ပြီးတော့ ဥက္ကဌ နားနေခန်းထဲမှာ တစ်ညလုံး ဘ၀ရှေ့ရေး‌တောင်မှ ဆွေးနွေးခဲ့ရသေးတယ်...ဟဲဟဲ..ဒီတိုင်း ရိုးရိုးသားသားပဲ စကားပြောကြတာနော်..မင်းထင်နေတာတွေ တစ်ခုမှ မလုပ်ဘူး..ပိုတဲ့ ပိုက်ဆံကိုတော့ ကွန်ဒူံးတစ်ဖာလောက် ၀ယ်ပြီး သုံးပစ်လိုက်တယ်..မနက်ရောက်တော့ တစ်ခုလေးတောင် မကျန်တော့ဘူး....."

လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ပြောကြည့်လေ ငါမင်းကို ဘာလို့ ကျေးဇူးတင်သင့်လဲလို့..မင်းကူညီ ပေးတဲ့ ငွေ ငါးသောင်းကြောင့်သာ မဟူတ်ရင် ငါ ဥက္ကဌ နားနေခန်းတောင် ငှားနိုင်မှာ မဟုတ်ပါဘူးကွာ....၀ရန်တာမှာပဲ လေတဖြူးဖြူး ခံစားရင်း ဘ၀အကြောင်းတွေ ‌ဆွေးနွေးရတော့မှာ‌လေ....ဟဲဟဲ ကျေး‌ဇူး ကမ္ဘာပါ.."

ဟဲဟဲ..ယီး ဟဲဟဲ ..

ကွန်ဒုံး တစ်ဖာ၀ယ်ပြီးတော့ လူယုတ်မာ လေသံကြီးနဲ့ ဘာမှ မလုပ်ဘူး ပြောနေတယ်ပေါ့လေ ..ငိုးပဲ မင်းငါ့ကို သောက်ပိန်းများ မှတ်နေလားကွ...

ဖူး

ကျောက်ကျိန်းရန် သွေးအန်သွားခဲ့၏။

သတင်းထောက်များကတော့ မနေနိုင်ဘဲ ရယ်မောမိလိုက်ကြသည်။

ကျောက်မိသားစုရဲ့ အကြီးဆုံး သခင်လေးကတော့ ပေါ်တင်ကြီး ဦးထုပ်စိမ်း ဆောင်းခံလိုက်ရပြိ...

"ကဲ ကျုပ်အရင် သွားလိုက်ဦးမယ်..အချိန်ရရင် စကားလေးဘာလေးပြောကြတာပေါ့ ညီကိုကျောက်"

လင်းရီ အပေါက်၀သို့ လျှောက်သွားလိုက်ပြီး ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်တို့ကတော့ လင်းရီနှင့်အတူ တစ်ပေအကွာမှ ထပ်ကြပ်မကွာ လိုက်ခဲ့ကြလေသည်။

နောက်တွင် ကျန်ရစ်ခဲ့သည့် သတင်းထောက်များကတော့ ထွက်ခွာသွားသည့် လင်းရီ၏ ပုံရိပ်ကို တစိမ့်စိမ့်ကြည့်ရင်း..

ဒီလူက လုံး၀ မရိုးရှင်းဘူး...

"ချွီနန်..."

"ရှိပါတယ်ခင်ဗျ..."

"တစ်ယောက်ယောက် စေလွှတ်ပြီးတော့ သတင်းထောက်တွေရဲ့ ကင်မရာကို ဖျက်ဆီးခိုင်းလိုက်ကွာ...ဒီကနေ့ ဖြစ်ခဲ့သမျှတွေ အကုန်လုံး အပြင်ကို ပျံ့သွားတာ ငါမလိုချင်ဘူး...ကြားလား..."

ကျောက်ကျိန်းရန် မျက်လုံးများ ကျဉ်းမြောင်း၍ အမိန့်ပေးလိုက်သည်။ သူ၏ မျက်နှာ ထက်တွင်တော့ လူသတ်ချင် နေသည့် အငွေ့အသက်များက ရစ်သိုင်းနေလေ၏။

"နားလည်ပါပြီခင်ဗျ..ခုပဲ တစ်ယောက်ယောက်ကို စေလွှတ်လိုက်ပါ့မယ်..."

ထိုသို့ ပြောပြီးနောက် ချွီနန် ထွက်ခွာသွားသည့် လင်းရီ၏ နောက်ကျောကိုကြည့်ကာ "ဒါရိုက်တာကျောက်..ဒီလင်းရီဆိုတဲ့ ငနဲက တော်တော်လေးထောင့်မကျိုးဘူးပဲဗျ..ကျုပ်တစ်ယောက် ယောက်လွှတ်ပြီးတော့ သင်ခန်းစား ပေးခိုင်းလိုက်ရမလား..."

"မလိုဘူး..ငါ့ဘာငါ ကိုင်တွယ်လိုက်မယ်..."

ကျောက်ကျိန်းရန် လွန်စွာ ဒေါသထွက်နေပြီး သူ၏ ဆက်ခြင်တုံတရားပင် ပျောက်ဆုံးလုနီးနီး ဖြစ်နေလေသည်။

ယခုချိန် ဒေါသကို ဖွင့်ထုတ်လိုက်မည်ဆိုပါက ခုံရုံးတစ်ခုလုံး စုတ်ပြတ်သပ်သွားနိုင်၏။ သို့သော်လည်း မလိုလားအပ်ပဲ ခေါင်းစား မခံချင်သောကြောင့် ဒေါသကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ရသည်။

"ဘော့စ်..ရှင်က အရမ်း လွှမ်းမိုးနိုင်တာပဲနော်...ကျွန်မနဲ့ အစ်ကိုချီ ထင်ထားတာ အဲ့ပိုက်ဆံတွေက သူများ လှူထားတဲ့ ငွေတွေလားပေါ့..ဒါပေမယ့် ဘော့စ်ရဲ့ ကိုယ်ပိုင် ပိုက်ဆံတွေ ဖြစ်နေလိမ့်မယ်လို့တောင် ထင်မထားဘူး.."

"ငါတို့ ဖောင်ဒေးရှင်း စ‌တည်ထောင်ကတည်းကရင် ကျောက်ကျိန်းရန်လို လူမျိုးနဲ့ တွေ့မှာ စိုးရိမ်နေခဲ့တာ...အဲ့တာကြောင့်မလို့ ငါနဲ့ မင်းရဲ့ အစ်မကျီ နှစ်ယောက်သား ဆွေးနွေးတိုင်ပင်ပြီး ရန်ပုံငွေတွေကို ဒီလိုနည်းလမ်းနဲ့လုပ်ဖို့ စီစဉ်လိုက်တာလေ..."လင်းရီ ပြောလိုက်ပြီး

"ဒါကြောင့်မို့လည်း မင်းရဲ့ အစ်မကျီက ငါ့ကို မြင်းရှေ့ လှည်းမရောက်ဖို့ကို အတန်တန် သတိပေးနေတာပေါ့..."

"အစ်မကျီက အရမ်းကြိုမြင်တတ်တာပဲနော်..ကျွန်မတော့ လေးစားမိသွားပြီ..."

"ငါ့ကျတော့ကော..."

ဟော်ယွမ်ယွမ် တခစ်ခစ် ရယ်သွမ်းလိုက်ပြီး "ရှင်က အရမ်း အံ့ဩဖို့ကောင်းတယ်လေ...ဒါပေမယ့် ၀မ်းနည်းဖို့ ကောင်းတာက ကျွန်မမှာ အစ်မကျီလိုမျိုး နှလုံးသားမကြီးသလို ရှေ့ရေးလည်း ကြိုမမြင်တာပဲ..."

"ပရဟိတ လုပ်တာက ငါ့အတွက် အရေးကြီးတယ်ဆိုပေမယ့် ကျောက်ကျိန်းရန်လို သောက်ရူးတွေကလည်း တစ်မှောက်ဆိုတော့ ငါလည်း ကိုယ်ပိုင် နည်းလမ်းနဲ့ပဲ ကူညီနိင်တော့တယ်..."လင်းရီ ပေါ့ပါးစွာ ပြောလိုက်သည်။

"ဘော့စ်လင်း ..ကျုပ်မှာ မျှော်လင့်ခြင်း ဂေဟာနဲ့ ဟုန်ဟွား ဂေဟာနှစ်ခု ကိစ္စအတွက် တာ၀န်ရှိပါတယ်.."ချီရှန်းကျောက်မှ ခေါင်းငုံ့ အရိုအသေပေး၍ ပြောလိုက်ပြီး "ကျုပ် ကုမ္ပဏီက ပေးတဲ့ ဘယ်လို အပြစ်ပေးမှုမျိုးမဆို လက်ခံဖို့ အသင့်ပါပဲဗျ...နောက်ဆို ဒီလိုမဖြစ်အောင် သေချာလေးဂရုစိုက်ပါ့မယ်.."

"ဘာလို့ မင်းတစ်ယောက်တည်း တာ၀န်ယူမှာ..ဟော်ယွမ်ယွမ်လည်း တာ၀န်ရှိတယ်လေကွာ.."

"ဟိတ် ဟိတ် ဟိတ် ..ရှင်ကလည်း ဘာလို့အစ်ကိုချီကို ယောက်ျားပီသခွင့် မပေးလိုက်တာလဲ..."

ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "အစ်ကိုချီက တာ၀န်ခံဖို့ ပြောနေတဲ့ အချိန်ဆို အရမ်းခန့်မနေဘူးလား ဟီးဟီး..."

"ငါ့ဖင်ကြီးကိုပဲ ခန့်ညားနေလိုက်လေ...ငါသာဆိုလို့ကတော့ မင်းကို ချက်ချင်း ရောင်းစားပစ်လိုက်မှာ... "

ဟော်ယွမ်ယွမ် သူမ နှုတ်ခမ်း ကိုက်လိုက်ပြီး "ကျွန်မလည်း တာ၀န်ယူမှာပါနော်..ထွက်မပြေးပါဘူး.."

"ဟင်း..တကယ်ဆို ဒီကိစ္စက မင်းတို့နဲ့ ဘာမှ မဆိုင်ဘူး..ဒီတော့ ကိုယ့်ကိုယ်ကို အပြစ်တင်မနေကြနဲ့..."လင်းရီ ပြောလိုက်ပြီး "တရားခံကတော့ ဟိုကောင် သောက်ရူးကျပ်မပြည့် ကျောက်ကျိန်းရန်ပဲ ဖြစ်ရမယ်....အဲ့ကောင် ငွေအများကြီးနဲ့ ကမ်းလှမ်းလိုက်လို့ ဒီလိုတွေ ဖြစ်လာတာ..ဒါပေမယ့်လည်း သူတို့ကို အပြစ်ပြောလို့တော့ မရပါဘူးလေ..ဘာလို့ဆို အဲ့လောက် ငွေအများကြီးနဲ့ သွေးဆောင်နေမှတော့ တောင့်ခံနိုင်ရိုးလား..."

"အွန်း..ဖြစ်နိုင်တယ်..."

ဟော်ယွမ်ယွမ် ပြောလိုက်သည်။

"ဒါကြောင့်မို့ မင်းတို့တွေ နောက်ကျ သေချာလေး ကြပ်မတ်ရင်တောင်မှ ဒီလိုကိစ္စမျိုးတွေနဲ့ ကြုံလာခဲ့ရင် တားလို့ရမှာ မဟုတ်ဘူ..ဘာလို့လဲဆိုတော့ ဒါကိုက လူသဘာ၀မို့လေ..မင်းတို့ ငါတို့ စွမ်းသာတဲ့အရာ မဟုတ်ဘူး.. ဒီတော့ လွှတ်သာ ထားလိုက်..ဘာမှ မဖြစ်ဘူး..."

လင်းရီပြောလိုက်ပြီး " နားလည်လွယ်အောင် ပြောရမယ်ဆိုရင် တကယ်တော့ လူသားတွေရဲ့ နှလုံးစိတ်ထားက မင်းအစ်မကျီရဲ့ အတွင်းခံလိုမျိုးပဲကွာ...သူ ဒီနေ့ ဘာအရောင် ၀တ်လာမလဲဆိုတာ ခန့်မှန်းလို့ မရဘူး..."

All Chapters